Tuesday, April 13, 2010

ကိုယ်ရေးကိုယ်တာ

ကိုယ်ရေးကိုယ်တာ

ဘာမှမရှိဘူး
လွင်တီးခေါင်သက်သက်
သွားလမ်းသာလို့ ပြန်လမ်းမဖြောင့်ဘူး
ကိုယ့်ကိုကိုယ် ပစ်စလက်ခတ် တိုက်ပိတ်ထားတယ်
ကျွန်းချထားတယ်
အဲ့ဒီနေ့များ ခင်တန်းလဲမရှိ ပန်းလဲမပွင့်
မျက်ရည်နဲ့ကြိုတာတော့မရှိ
တောသင်္ဘောဆိပ်မြို့လေးမရှိ
ဘာမှမရှိဘူး
ဘာမှမရှိရင်တောင်မှ
ကျကျနနအရှုံးတွေတော့ရှိတယ်
အရှုံးကို အရှုံးနဲ့နမ်းရှိုက်
အရှုံးကို အရှုံးနဲ့ပစ်ပေါက်
အရှုံးကို အရှုံးလိုသိမ်းခေါက်
ဘာပဲဖြစ်ဖြစ် ဖြစ်ချင်သလိုသာဖြစ်
အဲ့ဒီမြေမှာ ကျနော်အောင်လံစိုက်ခဲ့တယ်မေမေ။

မိုးစဲနေ

Read more...

Thursday, March 25, 2010

ခရီး

ခရီး

ဝပ်ကျင်းလေးရဲ့ခေါင်မိုးပေါ်
လောကဓံ မိုးတွေ တဗြုံးဗြုံးရွာချချိန်
ကမ်းကပ်ခွင့်မရတဲ့လှေကလေးပါ။

မေမေရေ..
ရှည်ရှည်လျားလျားနေ့တွေထဲ
အနွေးထည်အဟောင်းလေးနဲ့
သား..
ခရီး..ဆက်ခဲ့ပြီ။ ။

မိုးစဲနေ

Read more...

Tuesday, March 9, 2010

ဗိုလ်ပြူး နဲ့ ကိုချစ်ဖေ

ဗိုလ်ပြူး နဲ့ ကိုချစ်ဖေ

မေ၀တ်ရည်သောင်းနဲ့ ထက်ဝေယံကို ကိုချစ်ဖေအွန်လိုင်းမှာ စပြီးသိလာတာလေ မေ၀တ်
ရည်သောင်းလေးက ကိုချစ်ဖေတို့နဲ့ တမြို့ထဲသား သူ့ချစ်သူလေး ထက်ဝေယံကလဲ ကိုချစ်ဖေ
တို့ မြစ်ဝကျွန်းပေါ်သားလေ ဒါကြောင့် အဝေးမှာ အင်တာနက်ကြီးပေါ်မှာ တွေ့တော့သူများ
တွေထက်ခင်တာပေါ့ဗျာ နာမည်တွေလား ဘယ်နာမည်အရင်းဟုတ်ပါ့မလဲ ကောင်မလေးက
အေးဝတ်ရည်သောင်းတို့ နှင်းဝတ်ရည်သောင်းတို့ရဲ့ ညီမလေးလားမှတ်ရတယ် ဒါ့ကြောင့် သူ့
ကို မေ၀တ်ရည်သောင်းလို့ခေါ်တယ် သူ့ချစ်သူကောင်လေး ထက်ဝေယံကိုတော့ ရုပ်ရှင်မင်း
သား ရီဝေယံနဲ့ ခပ်ဆင်ဆင် ဆိုတော့ ထက်ဝေယံလို့ပဲခေါ်လိုက်တယ်ဆိုပါတော့။ တကယ်
တော့ သူတို့ နှစ်ယောက်စလုံးက သူတို့ပင်ကိုယ်ရုပ်ရည်ချောမော တင့်တယ်သူတွေပါ အနီး
စပ်ဆုံး တူတဲ့သူတွေနဲ့ သရုပ်ဖေါ်လိုက်တာပါ သူတို့ကိုယ်တိုင်သာ ရုပ်ရှင်လောကနဲ့ နီးစပ်လို့
ရုပ်ရှင် ဗွီဒီယို ရိုက်ရရင် ဟိုမင်းသားမင်းသမီးတွေထက်တောင်ကျော်နိုင်သေး။

ထက်ဝေယံက ကိုချစ်ဖေကို “အကို အကိုနဲ့ ဗိုလ်ပြူးနဲ့ ဘယ်လိုလုပ်သိသွားတာလဲတဲ့ ကျနော်
တို့မြို့မှာ ဗိုလ်ပြူးဆိုအားလုံးသိတယ် တပြူးထဲရှိတယ်လေ အကိုလဲ ဒါမျိုးတွေ ၀ါသနာပါလို့
လားတဲ့” ကိုချစ်ဖေလဲ အဲ့ဒီတော့မှ ကမန်းကတမ်းရှင်းရတာပေါ့ “မဟုတ်ပါဘူး ထက်ဝေယံ အ
ကို ဒါမျိုးတွေ ၀ါသနာမပါ ပါဘူး ဗိုလ်ပြူးနဲ့ လူချင်းကိုခင်မင်လို့ပါ” ဆိုလေ ထက်ဝေယံက ရယ်
လေပဲ “အကိုကလဲ ၀ါသနာမပါဘူးသာဆိုတယ် ဗိုလ်ပြူးနဲ့သူငယ်ချင်း လူချင်းခင်မင်လို့ဆို
တော့ ကျနော်နားမလည်တော့ဘူး” တဲ့ အဲ့ဒါနဲ့ ထက်ဝေယံကို ရှင်းပြရတာပေါ့ ဒို့အရေးပြီးကာ
စ ဗိုလ်ပြူးနဲ့ ကိုချစ်ဖေနဲ့က ဘ၀တက္ကသိုလ်ကြီးမှာ မတက်ချင်တက်ချင်နဲ့ မတက်မနေရ တက်
လာခဲ့ရသူတွေလေ ဒီတော့ သိတာပါ အပြင်မှာတော့ တခါမှ သူ့အိမ်မရောက်ခဲ့ပါဘူးပေါ့။

ကိုချစ်ဖေ ကျောင်းထဲမှာရှိတုန်းက ဗိုလ်ပြူးတို့ ကျသစ်တွေ ရောက်လာတယ် ထောင်ပုံစံသင်
နေတုန်းပါ ဗိုလ်ပြူးကို တဖုန်းဖုန်းနဲ့ ရိုက်နေတော့ ဘာဖြစ်တာလဲလို့ ကိုချစ်ဖေလဲ ကြည့်မိတာ အဲ့ဒီတုန်းကတော့ ဗိုလ်ပြူးမှန်းဘယ်သိဦးမလဲ ပုံစံသင်တဲ့သူက တော်တော်ကို စိတ်မရှည်ဖြစ်
နေပြီ “ခင်ဗျားကို ဘယ်နှစ်ခါ သင်ပေးရဦးမလဲ ထောင်ထဲမှာ အဲ့ဒီလိုပဲ သုံးရတယ် သေသေချာ
ချာလိုက်ဆို မရရင် နာမယ် ဘာမှုဖြစ်လဲဆို…တရွာထဲနေ မိန်းကလေးသုံးဦးအား ပြည့်တန်ဆာ
ခေါင်းလုပ်မှု..လို့ ဖြေရမယ် တရွာထဲနေ မိန်းကလေးသုံးဦးအား -ါ ခေါင်းလုပ်မှုလို့ မဖြေရဘူး
ဒါရုံးမှာဖြေရမှာ” တဲ့ သင်တဲ့သူက သင်ပေမဲ့ ဗိုလ်ပြူးကလဲ သူအလုပ်ကို သူစိတ်စွဲနေလို့ထင်ပါ
တယ် နောက်ကြောက်တာလဲပါမှာပေါ့ သူဖြေတိုင်း “ တရွာထဲနေ မိန်းကလေးသုံးဦးအား -ါ
ခေါင်းလုပ်မှု” လို့ပဲဖြေဖြေနေတယ် ပြည့်တန်ဆာလို့ အစားထိုးဖြေရမှာကို မှားနေတာ
တော်တော်အရိုက်ခံရပြီးမှ မှန်သွားတယ်။

နောက် ဗိုလ်ပြူးက စီမံချက်နဲ့ ထောင်သုံးနှစ်ကျပြီး ကိုချစ်ဖေတို့ အခန်းကိုရောက်လာတယ် လူ
ပုံပမ်းက ဖြူဖြူသေးသေး ကွမ်းစားတယ် ပြုံးပြုံး ပြုံးပြုံး တွံတေးသိန်းတန် ဟင်္သတထွန်းရင်တို့ရဲ့
သီချင်းတွေ တန်းပိတ်ရင် အမြဲဆိုတယ် ကျန်တဲ့အချိန်မှာလဲ သူက သီချင်းလေးတအေးအေးနဲ့
ဆိုတော့ ကိုချစ်ဖေတို့လဲခင်တာပေါ့။ ညဖက်ဆိုတန်းပိတ်ချိန် ကိုချစ်ဖေတို့ ၀ိုင်းကိုလဲ စကား
လာလာပြောတတ်တယ် သူပြောပြတာက “ကိုချစ်ဖေရယ် တကယ်ကကျနော်ခုလိုဒီကိုရောက်
လာတာ ရောက်ချင်လို့ကို ရောက်လာတာပါ ကျနော့်ကို ဒီတခါတော့ စီမံချက် လိုင်းကြေးပေး
လို့ကို မရတော့ဘူး ခင်ဗျားနာမည်က တိုင်းအထိပေါက်နေပြီး ကျနော်တို့လဲ ကာလို့မရတော့
ဘူး ဒီတော့ခင်ဗျားကို ဖမ်းရလိမ့်မယ် လို့ နယ်ထိမ်းကိုယ်တိုင်က လာပြောတာပါဗျာ ကျနော်တို့
လဲ လိုင်းကြေးမှန်မှန်ပေးပါတယ်” တဲ့။

သူ့ကိုသူများတွေက ဗိုလ်ပြူးလို့ခေါ်တာ ဘာဖြစ်လို့ ခေါ်တာလဲ လို့မေးကြည့်တော့“သိဘာဘူး
ဗျာ အဲ့ဒီလိုခေါ်ကြတာပဲ ခင်လို့ပဲ နေမှာပေါ့တဲ့ဒါ့ကြောင့် ကျနော်လဲ ဒီနာမည်ကြိုက်တယ် ” တဲ့
အဲ့ဒီတော့မှပဲ သူငယ်ချင်းတွေကို ပြန်သတိယလာတယ် တိုက်တိုက်ဆိုင်ဆိုင် ပဲခူးက ကျနော့်
သူငယ်ချင်းသုံးလေးယောက်က ကျနော့် ကို ဗိုလ်ချစ် ဗိုလ်ချစ်ခေါ်တယ် ကျောင်းတွေပိတ် ခါနီး
တော့ လိပ်စာတွေအပြန်အလှန်ပေးကြရင်း ကျနော့်စာအုပ်ထဲမှာ ဗိုလ်ချစ်ဘာညာရေးကြတယ်
ဗျာ အပြင်မှာလဲ အဲ့ဒီလိုပဲခေါ်တာပါပဲ ဖြစ်ချင်တော့ ကိုခင်ညွန့်တို့ ထမင်းစားဖိတ်တော့ အဲ့ဒီစာ
အုပ်ကိုသိမ်းသွားတယ် စစ်ကြောရေးထဲမှာ မင်းကို သူများတွေက ဘာလို့ ဗိုလ်ချစ်လို့ခေါ်တာ
လဲ ဘယ်တုန်းကခေါ်တာလဲဆိုပြီး ထုနေလို့ဗျာ မနည်းရှင်းရတယ် အဲ့ဒီလိုနဲ့လဲ ဗိုလ်တွေနဲ့ ရေ
စက်မှာ ဆုံတယ်ဗျာ။

ဗိုလ်ပြူးနဲ့တော့ တော်တော်ကိုခင်ပါတယ် ကျနော်တို့က “ခင်ဗျားကို ခု အဲ့ဒီအမှုနဲ့ ဖမ်းလာပြီဆို
တော့ ခင်ဗျားအလုပ်ကိုရပ်ထားရတယ်ပေါ့” လို့မေးတော့ “ဘယ်ကလာရပ်ရမှာလဲဗျာ ကျနော့်
မိန်းမကဆက်ပြီးလုပ်နေလို့ ထောင်ဝင်စာလေးမှန်နေတာပေါ့ ခုအဖမ်းခံရတဲ့ကောင်မလေးတွေ
ကလဲဖြစ်ချင်တော့ ဝေးဝေးကိုမပြေးလို့ကို ရဲကဖမ်းမိသွားတာ ဒီတော့ ကျနော်ကိုသက်သေခံပ
စ္စည်းနဲ့ကကွ မိတယ်ဆိုတာမျိုးလုပ်တာပေါ့ ခုလဲ လိုင်းကြေးပေးပြီးဆက်လုပ်နေတာပါပဲဗျာ” တဲ့ ဗိုလ်ပြူးက သီချင်းလေးညည်းညည်းနေတတ် သီချင်းဆို ၀ါသနာပါတော့ ကျနော်တို့က သူသီချင်းဆိုနေတာတွေ့တိုင်း ကွမ်းယာကို ခါးကြားထဲထည့်ထားပြီး သူ့ရှေ့မှာ ထုတ် “ ရော့…
ဗိုလ်ပြူး ဒီကွမ်းယာကိုစား ပြီးရင် နားထဲသာထွေးချလိုက်” လို့စတိုင်း သူသီချင်းဆိုတာရပ်ပြီး တဟားဟားနဲ့ကို အော်ရယ်တာ။

နောက်ကျနော်တို့ရှေ့မှာဆို ဘယ်တော့မှသီချင်းမဆိုတော့ဘူး ဒါပေမဲ့လဲ တခါတော့ လက်
ဖက် ရေနွေးကြမ်းပါ အဆောင်ထဲရှာဖွေလုပ်ထားတယ် အဆောင်ပိတ်တော့ တယောက်က
မျက်နှာသေလေးနဲ့ ဗိုလ်ပြူးကိုသွားဖိတ်တယ် “ဗိုလ်ပြူး လက်ဖက် ရေနွေးကွမ်း ဆေးလိပ်အကုန်
ရှိတယ် ထောင်ဝင်စာလာထားတယ် ကျနော်တို့နဲ့ စကားလာပြောပါဦးဆိုပြီး သီးသန့်သွားဖိတ်
တယ်။ဗိုလ်ပြူးကလဲ လိုက်လာတာပါပဲ ကျနော်တို့နဲ့ ဟိုပြောဒီပြောပေါ့ “အသစ်ကလေးဆိုတာ ကိုယ့်ဆီကို ခုမှရောက်တာဆို အသစ်ကလေးပဲဗျ ဘယ်လောက်ဒီအလုပ် လုပ်ခဲ့လုပ်ခဲ့ ခင်ဗျား
တို့ ဘယ်တော့မှ မယုံနဲ့” “ကျနော်တို့က တကယ်တော့ ကြားကပွဲစားပါဗျာ”ဘာညာဆိုတာမျိုးပေါ့ ။

ကျနော်တို့ကလဲ သူသီချင်းဆိုတာ နားထောင်လို့ကောင်းကြောင်း အိမ်မှာရော ဒီလိုပဲ အမြဲဆို
နေတာပဲလား ဆိုပါဦး ဆိုတော့ မဆိုတော့ဘူး ကျနော်တို့ သူသီချင်းဆိုတိုင်း ကွမ်းယာနဲ့ နောက်နေကြဆိုတော့ မဆိုတော့ဘူး ကျနော်တို့ အားလုံးကလဲ အလကားစတာပါ ဗိုလ်ပြူးရယ်တကယ်ကောင်းတာပါ ခင်ဗျားကဟင်္သာတ
နားမှာ နေလို့လားမသိဘူး ဟင်္သာတထွန်းရင် သီချင်းဆိုရင် ပိုတူတယ် ဘာညာ လျှောက်ပြော
ရတာပေါ့ အဲ့ဒီလို အားလုံးက အတည်ပေါက်နဲ့ တကယ်ပြောနေတော့ သူယုံတာပေါ့ သူက
“ဒါဆိုလဲ ကျနော်ဆိုမယ်ဗျာ” ဆိုပြီးဆိုတော့တာပါပဲ သူတကယ်သီချင်းအပေါ်မျာ ဈာဉ်ဝင်တဲ့အချိန်ကြမှ အသင့်ယာပြီး
ခါးကြားထဲဖွက်ထားတဲ့ ကွမ်းယာထုတ်လေးကို သူ့ရှေ့ထိုးပေး ခေါင်းကိုလဲ စောင်းပေးစားပြီး
နားထဲကိုသာ ကွမ်းတံတွေး ထွေးထည့်ပေတော့လို့ အမူအယာနဲ့ လုပ်ပြတယ်ဆို တဟားဟား
ရယ် တာမဆုံးတော့ဘူး “ခင်ဗျားတို့ကို သတိထားနေရက်နဲ့ ခံရပြန်ပြီ” လို့လဲပြောသေး။

နောက် သူရဲဘက်စခန်း ပါသွားခါနီး သူမသေလို့ သူ့မြို့လေးကို ပြန်ရောက်တဲ့အခါ ဘူတာမှာ
ထဲက သူ့နာမည် ဗိုလ်ပြူးကိုပြောပြီးမေးလိုက်ပါ ကြိုက်တဲ့ဆိုက်ကားသမားကို ပို့ခိုင်းလို့ရပါ
တယ် ဆိုက်ကားခပါ ဆီးပေးမယ်ဗျာ ခင်ဗျားတို့သာလာမယ်ဆိုရင် ကြိုက်သလောက်နေ ဧည့်
စာရင်းပါ တိုင်စရာမလိုဘူး ကျနော်ဆီမှာ အမြဲ ကောင်မလေးတွေ ၁၀ ယောက်အထက်ရှိတယ်

ရ၀တလဲ ကျနော်ပိုင်တယ် နယ်ထိမ်းလဲ ကျနော်ပိုင်တယ် ကျနော့်တော့ ဧည့်ခံစရာ ဒါပဲရှိတယ်
တဲ့ကျနော်တို့ကလဲ ဗဟုသုတအလို့ငှါမေးမြန်းတာပါ နောက် ထောင်ကျခြင်း ဘ၀တူခြင်း ချစ်
ချစ်ခင်ခင်နေတာပါ ဗိုလ်ပြူးဆီကိုတော့ တခါမှ မရောက်ခဲ့ပါဘူး သူ့ရှိတဲ့ တောမြို့လေးရဲ့ဘူတာ
ကိုတော့ ခဏဖြတ်သွားရင်းရပ်ခဲ့သေးတယ်။

သူအိမ်ကိုပြန်ရောက်မရောက်တော့ မသိတော့ပါဘူး နောက် ထက်ဝေယံနဲ့ တွေ့တော့ မေး
ကြည့်တော့ ဗိုလ်ပြူးက ခုထိရှိတုန်းပဲတဲ့ သူကတော့မရောက်ပါဘူးတဲ့ ကျနော်ကလဲ သတိယ
လို့သာ တကယ်က အဝေးမှာ နောက်ပြန်တွေ့ရင် ကျနော့်ကို မှတ်မိမယ်တော့ ထင်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဗိုလ်ပြူးအသက်ရှင်လျှက် ရှိနေသေးတယ်ဆိုတော့ ၀မ်းသာရပါတယ် လေး
လုံးရောဂါတွေကလဲများနေတော့ ကျမ်းတော့ကျမ်းမာပါ့မလား မသိ။



Read more...

Thursday, March 4, 2010

ဝေးခဲ့ရင်

“ဟားဟား..ဟားဟား..
ဟေ့ကောင်..ကျော်ဌေး..မင်း မင်္ဂလာဦးညက တယ်မိုက်ပါလားကွာ..
ခုနတန်းပိတ်ပြီးတော့ ဟိုကောင်တွေအုပ်စုက ဆိုနေတဲ့သီချင်းက မင်းမင်္ဂလာဆောင်ကဖွင့်
နေတာကိုး..
တော်တော်ရယ်ရတဲ့ကောင်ကွာ
ကိုယ်ကိုယ်တိုင်တောင် ကျရက်မသိသေးတဲ့ကောင်က ရုံးထွက်ရင်း တရားရုံးမှာ လက်မှတ်ထိုး
ပြီးမိန်းမယူလာရတယ်လို့…
ဟိုကောင်မလေးကကော..လွတ်ပြီးမှ ထောင်ဝင်စာလိုက်
တွေ့ ချင်နေတယ်ထင်တယ်..ဟင်း..
မရှိလို့ ခိုးဝှက်စားနေရတဲ့ ကောင်မကများ အမှုသေးလို့ လွတ်ရက်နီးတာနဲ့ လင်ယူချင်ရသေး..”



“ဆရာ..ကျနော့်ကို ပြောချင်ပြောပါဆရာရယ်..
ကျနော့်ကောင်မလေးကိုတော့ မပြောပါနဲ့ သူလဲစားစရာမရှိလို့ ခိုးတယ် တခါခိုး တခါမိတယ်.
ကျနော့်ကသာ ငယ်ငယ်ထဲက ခဏခဏ ခိုး မှုနဲ့ဝင်နေတာပါ..ကျနော့်ကိုပြောပါဆရာ..
ကျနော်တို့ ခုလို ရုံးထွက်ရင်း လက်မှတ်ထိုးယူလိုက်တာ ခုအတူမနေရပေမဲ့ ..သူနဲ့ကျနော်
လွတ်လာတဲ့အခါ အတူနေကြရမှာပဲ ဆရာ..”

“ဟား..ဟား..တော်တော်ရူးတဲ့ကောင်ကွာ..ထောင်ထဲရောက်လို့ ဒုက္ခရောက်နေလို့ ချစ်တာ
ကြိုက်တာတွေ မေ့ထားတယ်မှတ်တယ် အံ့ရောကွာ..မင်းကရော ဘယ်တော့လွတ်မှာလဲ..
ခိုးမှုက ၄ မှု ဖေါက်ထွင်းမှုက ၂ မှု လေ..”

“ဆရာ..ကျနော်တရားရုံးမှာ ၀န်ခံပြီးပြီဆရာ အမြန်ထောင်ချမှာပါ။ ကျမှာမထူးတော့ မြန်မြန်ကျ
မြန်မြန်လျှော့ရက်ရ မြန်မြန်လွတ်အောင်ပေါ့ဆရာ..ကျနော်ရဲဘက်ပါသွားလဲ ကောင်မလေးလိုက်လာတွေ့လို့ ရတယ်လေဆရာ..”

“အေးအေး..ကျော်ဌေး မင်းစိတ်ကူးနဲ့မင်းတော့ ဟုတ်နေတာပဲ..ရဲဘက်မှာ ဂိပြီး မသေရင်တော့
ပေါင်းရမှာပေါ့ကွာ မသေအောင်ကြည့်နေပေါ့ကွာ..ငါတော့ ဒါပဲလက်ဖွဲ့နိုင်တယ်..မင်းကလဲ ဘာမှ မကျွေးတာပဲကွာ..”

“ဆရာ..ကျနော်တို့ မနက်က အချူပ်ခန်းထဲက ချူပ်သစ် ကျသစ်တွေအားလုံး လက်ဖက်ရည်တိုက်ပါတယ်ဆရာ ကျနော်တို့ လက်မှတ်ထိုးတဲ့ရုံးက ၀န်ထမ်းတွေလဲ လက်ဖက်ရည်တိုက်ပါတယ်ဆရာ..ဟဲဟဲ..ကျနော်လဲ ပိုက်ဆံအကုန်ပါပဲ..”

“အေးကွာ..မင်းစိတ်ချမ်းသာရင်ပြီးရော..စာခိုးရေးတဲ့ကောင်တွေ သတိထား နိုင်ငံရေးတွေ တိုင်စာတွေ မိလို့ကတော့ ချီးထွက်သွားအောင်ရိုက်ပစ်မယ်..ရည်းစားစာလဲ မရေးကြနဲ့ အရူးမထကြနဲ့…သိလား..”

“ဟုတ်ကဲ့ပါ..ဆရာ..”

သူခိုးကျော်ဌေး(အခြားကျော်ဌေးများလဲရှိ၍ အများကထိုသို့ ခွဲခေါ်ခြင်းသာဖြစ်ပါသည်)နဲ့ ထောင်မှုးတယောက် ကျော်ဌေးတို့ ချစ်သူနှစ်ဦး တရားရုံးမှာ လက်မှတ်ထိုးပြီးသောညမှာ ထောင်မှုးက ကင်းလှည့်လာရင်း ကျော်ဌေးသတင်းကြား၍ အပြန်အလှန်ပြောနေကြခြင်း ဖြစ်သည်။ ကျော်ဌေးက အမှု ၆ မှု တချို့ထောင်ကျပြီး တချို့ကျန်နေသေး၍ရုံးဆက်ထွက်နေရ
သည်။

အသားညိုညို ထောင်ထောင်မောင်းမောင်း ထောင်ထဲကို ငယ်ငယ်ထဲက ၀င်လိုက်
ထွက်လိုက် ထောင်ကပြန်ထွက်တာနဲ့ ပြန် ခိုး ပြန် ခါးပိုက်နှိုက် သံသရာလည်နေခဲ့ရင်း အရွယ်
ရောက်လာသူ ရုံးထွက်ရင်း မိန်းကလေးထောင်က ခိုးမှုအချူပ်ကျကောင်မလေးနဲ့ မျက်လုံးချင်း
ဆုံ ရင်ခုန်ခဲ့ကြသည်တဲ့ သူကလဲ စာကိုဖတ်တတ်ရုံ ကောင်မလေးက မဖတ်တတ် အချူပ်ကား
တကားထဲ ရှေ့နောက်သံတိုင်ခြားစီးကြရင်း ချစ်သွားကြသည် အပြန်အလှန်စာပေးစာယူခဲ့ကြ
သည်။ ရုံးချိန်းအတူကျအောင် တရားသူကြီးကိုတောင်းပန်ခဲ့ကြသည်။

မိန်းမထောင် ထမင်းပုံးထမ်းသူငယ်ချင်းများဆီက ရင်ခုန်စရာ လက်ရေးလှလှလေးများ
နှင့်ပြန်စာတွေရခဲ့သည်။ ကျော်ဌေးက ကျနော်နဲ့ခင်သည် ကျနော်က ကျော်ဌေးရဲ့ ရုန်းကန်နေ
ထိုင်ရမှုကို စိတ်ဝင်စားသည် ကျနော့်ဆေးလိတ်လေးကို ဖဲ့တိုက်ရင်း ရင်းနှီးခဲ့ကြသည်။ ရင်းနှီး
၍လဲ ကျနော့်ကို သူ့အချစ်ဇာတ်လမ်းကို ရင်ဖွင့်သည်။ စာကောင်းမွန်စွာမတတ်ကြသူခြင်း ဘယ်လိုစာပေးစာယူဖြစ်သွားကြသည်လဲ ဆိုတော့ စာရေးပေးတဲ့သူကရေးပေးသည်။ စာဖတ်
ပြီးပြန်စာရေးပေးသူက ပေးသည် စာတစောင်နှင့်တစောင် လက်ရေးမတူတတ် နီးရာလူကို အ
ကူအညီတောင်းပြီး စာရေးကြသည်။ စာပြန်ကြရသည်။ မဖတ်တတ်တဲ့စာလေးကို ခဏခဏ
ထုတ်ကြည့်ရင်း အလွမ်းဖြေကြရသည်။ ရရာစာရွက်ပေါ်မှာ အဆင်ပြေသလိုရေးရတော့ စာ
ရွက်က မျိုးစုံသည် ဆေးလိတ်ထုတ်တံဆိပ်နောက်ကျော စီးကရက်ဗူးခွံ ဗမာပြည်လုပ် အိမ်
သာသုံး စက္ကူထူ စာအကုန်လက်ရေးစုံ သိမ်းထားသည်။ နောက်သူတို့လက်ထပ်ရန် တသက်လုံး မခွဲအတူနေကြရန် သဘောတူ လိုက်ကြသည်။

လက်ဖက်ရည်တိုက်ဖို့ ထောင်ထဲမှာပဲငွေရှာ အမှုအကုန် ထောင်မြန်မြန်ကျ ရဲဘက်မြန်မြန်ပါရင် ရဲဘက်မှာ ချစ်သူနှင့် အတူနေထိုင်ခွင့်ကို ရင်ခုန်နေရသည် ကောင်မလေးက အသားဖြူဖြူတစ်
တစ်ရစ်ရစ် နှာတံပေါ်ပေါ် ရောဂါသည်အဖေနှင့် မောင်နှမများကို ရပ်ကွက်ထဲ အ၀တ်လျှော်ရေ
ခပ် အမှိုက်ရှင်း လိုရာလုပ်ပေးရင်းရှာကျွေးမွေး နောက်ခိုးမှုနှင့်ထောင်ထဲရောက်လာသူ ရုံးချိန်း
ထွက်ရင်း ကျော်ဌေးနှင့် ချစ်သွားသည်။ ကျော်ဌေးက ခိုးမှုသမား ခါးပိုက်နှိုက်ပေမဲ့ အချူပ်ခန်း
ထဲမှာ ရိုက်ရဲ ချင်းရဲ ခွာရဲ ချွတ်ရဲသည်။ ထိုနည်းနှင့်ထောင်ထဲမှာ ပိုက်ဆံရှာသည်။ကောင်မ
လေးက ထောင်ထဲမှာ ၃(ခ)အမှုသည်များနှင့်တွေ့ရင်း ထောင်ကအလွတ်မှာ လိုင်းထဲကို ရောက် သွားနိုင်လို့ ကျော်ဌေးက လက်ထပ်လိုက်ရတာဟု ပြောသည်။ ဘာပဲဖြစ်ဖြစ် ကျနော်
တို့အားလုံးအတွက်ထူးခြားနေသည် ကျော်ဌေးက သူဖွက်ယူလာသော စီးကရက်ဗူးထဲက စီးက
ရက်ကို ထုတ်ပေးရင်း သူတို့ တနေ့ပြန်ဆုံမှာလို့ ကျနော့်ကိုပြောပြနေသေးသည်။

အသက် ၂၀ အရွယ် ကောင်မလေး စာမတတ် အရှေ့အနောက်ရယ်လို့ သူမသိ ကျော်ဌေးပါ
သွားမည့် ရဲဘက်စခန်းကို လိုက်တွေ့ဖို့ ငွေကြေးမပြည့်စုံ ရုပ်ရည်သနားကမားနှင့် ထိုကောင်မ
လေး ကျော်ဌေးကို လိုက်ကောတွေ့နိုင်ခဲ့သည်လား ခိုးမှုနှင့်ထောင်ကလွတ်လာသော ထိုကောင်မလေးကို ရပ်ကွက်ထဲကကော အလုပ်ပေးကြပါဦးမည်လား။ ကျနော်မသိတော့ ကျနော်ထောင်ထဲမှာ ရှိနေတုန်း ကောင်မလေး ထောင်ကမလွတ်မီ ကျော်ဌေး ရဲဘက်ပါသွား
သည်။ ကောင်မလေးနှင့် အတွင်းထောင်ဝင်စာတွေ့ခွင့်ခဏရသွားသည်။ ကျော်ဌေးရဲဘက်မှာ သေဆုံးထွက်ပြေးစာရင်းသံကို ကျနော်နားစွင့်ထားမိသည်။ သူ့ထောင်ကျနှစ် ၄ နှစ်ခွဲ အပြီး သူ့မြို့လေးကို ပြန်ရောက်ရင် စက်ဘီးပြင်ဆိုင်လေးဖွင့်မည် သူစက်ဘီးပြင်တတ်သည် ဟုဆိုသည် ရပ်ကွက်ထဲ အေးအေးဆေးဆေးလုပ်ကိုင်စားတော့မည်လို့တော့ ပြောသွားသည်။

ထိုသို့ပြောသွားရင်း ပြန်ရောက်လာသူတွေလဲ မနည်းတော့ ကျနော်လွတ်လာခဲ့ပြီး အချိန်ထိ
ကျော်ဌေးသေဆုံးစာရင်း ထွက်ပြေးစာရင်းထဲမပါပါစေနဲ့လို့ ဆုတောင်းပေးခဲ့သည်။ ကျနော့်ဆုတောင်းကော ပြည့်နိုင်ပါ့မလား ထိုစာရင်းဇယားကို ကျနော့်ကိုကော ဘယ်သူက ရှာပေးမှာလဲ ရဲဘက်ပြေးများပြန်ရောက်လာသူများကို စမ်းတ၀ါးဝါးမေးကြည့်ရုံသာ။

အစစ အရာရာ အဆင်ပြေ ချောမွေ့ခဲ့သူများရဲ့ တက္ကသိုလ်အချစ်ဇာတ်လမ်းတွေက အားကြ
ဖွယ်ရာပါ ကြည်နူးဖွယ်ရာပါ အဆင်မပြေခဲ့ရသူတွေကကော လူသားတွေပဲမို့ ထောင်ထဲမို့လို့
မချစ်ကြရတော့ဘူးလား ။

ကျော်ဌေးတို့လဲ လူသားတွေပဲနော။




Read more...

Monday, March 1, 2010

လမ်းပေါ်က ဘာမှမဟုတ်တဲ့ ကဗျာ

လမ်းပေါ်က ဘာမှမဟုတ်တဲ့ ကဗျာ

လက်ဖြောင့်သေနတ်သမားရဲ့
ကြယ်တွေကိုချိန်တွယ်ပစ်ခတ်မှုတိုင်းကို
(ရူးရူးမိုက်မိုက်.ဗျာ)
အဲ့ဒီတုန်းက
တေလေလူငယ်လေး တယောက်က
လှောင်ပြောင်ရယ်မောခဲ့တာပါ။
ဘာမှမဟုတ်ပါဘူး။

ခင်ဗျားပြောတဲ့
လူကြီးလူကောင်းတွေက
ညစာကို တခန်းတနားစားတယ်
ယဉ်ယဉ်ကျေးကျေးစကားဆိုတယ်
ကျောသပ်ပြီးပြုံးတတ်တယ်
အကျိုးအမြတ်တခုတွက်
အရာရာလုပ်ရဲတယ်
မေ့လွယ်ပျောက်လွယ်ရှိတယ်
ကျောကသားနဲ့ ရင်ကသားခွဲချစ်တတ်တယ်။

ကျနော်က
အနှစ်သုံးဆယ်လောက်က
ဘ၀မှာမဆိုဖြစ်လိုက်တဲ့
ခေတ်ဟောင်းသီချင်းတပုဒ်ကို
အခုပြန်ဆိုချင်တယ်
“ကြိုက်တာရမယ် သူ့တန်ရာတန်ကြေး
ဘရာသာရေဇေပါတယ် ငွေသာအရင်မစပါ” *
ဒါဏ်ရာအနာတရပေါ်တိုင်း မဆိုဖြစ်ခဲ့ပါဘူး။

ခင်ဗျားကိုလား
ခင်ဗျားကို ဘာမှပြန်ပြောစရာလဲ မရှိပါဘူး
ခင်ဗျားလဲ ခင်ဗျားတောနဲ့ ခင်ဗျားရာသီ
ကျနော်လဲ ကျနော့်တလင်းနဲ့ ကျနော်ကွင်းနဲ့
ကျနော်မြက်ခင်းနဲ့
ထိုးခန်းကြိတ်ခန်းတွေပါတဲ့ရုပ်ရှင် ကျနော်လဲ မကြိုက်ပါဘူး
ခင်ဗျားကြိုက်တဲ့ ရာသီစာအပြုံးလှလှတွေလဲ မပြုံးတတ်ပါဘူး
ဒါနဲ့များ
တနွေစာ အလွမ်းတွေ ခူးလာခဲ့သေးတယ် ခင်ဗျားပြောသေးတယ်။

ကဲ..
သွေးရိုးသားရိုးပဲ
ကျနော်တို့ဝေးကြရအောင်။

ခင်ဗျားကို ကျနော်ပြောသားပဲ
အဲ့ဒီတုန်းက
တေလေလူငယ်လေးတယောက် ရယ်မောခဲ့တာပါ
ဘာမှမဟုတ်ပါဘူးလို့။

မိုးစဲနေ
* ဆရာစိုင်းခမ်းလိတ် ပလက်ဖေါင်းမင်းသား မှ စာသား









Type the rest of your post here.

Read more...

Tuesday, February 23, 2010

ကိုချစ်ဖေ တပ်ကြပ်ကြီး

ကိုချစ်ဖေ တပ်ကြပ်ကြီး

ကိုချစ်ဖေလည်း မြန်မာနိုင်ငံသား ကျောင်းသားဘ၀ ရှစ်လေးလုံးအရေးတော်ပုံကြီးကို မှီလိုက်
တော့ ဘယ်မပါပဲနေမလဲ ရပ်ကွက်ကလေးမီးလောင်နေတာ ငါတို့အိမ်နဲ့ဝေးတာပဲဆိုပြီး မီးငြိမ်း
တဲ့သူတွေ မီးငြိမ်းဖို့ကြိုးစားသူတွေကို မကူပဲ ကြားနေတယ်တော့ ဘယ်လုပ်နိုင်ပါ့မလဲဗျာ။ အဲ့ဒီ
တော့ပါတာပေါ့ ပါတယ်ဆိုလဲ ထုံးစံအတိုင်းပဲ လက်နက်ကိုင်တော်လှန်ရေးထဲ ရောက်ရင်
ရောက် မရောက်ရင် ထောင်ထဲရောက်ပေါ့ဗျာ ခေတ်မီသူတိုင်း ထောင်ကျကြသည်လို့တောင်
အဲ့ဒီတုန်းက ဖြစ်နေတာ။


အဲ့ဒီတုန်းက ကိုချစ်ဖေလဲ အများသူငါလို ထောင်(၇)နှစ်ကျသွားပါတယ် အဲ့ဒီတုန်းကမို့ပေါ့ အ
ရေးအခင်း အရှိန်ကြီးကလဲရှိ နယ်စပ်က ကိုယ့်ကျောင်းသားတွေကလဲ တပ်မတော်ကြီးဖွဲ့လို့ အ
မေရိကန်နိုင်ငံကပဲ တိုက်လေယဉ်ပျံတွေပေးမလို့ သင်တန်းပဲတက်နေကြပီလိုလို။ ဆိုတော့ ကို
ချစ်ဖေတို့လဲ သက်သာသပေါ့..ဈေးချိုတာပေါ့ ခုလိုမျိုး ကြံဖွတ်ထဲမ၀င်မိလို့ ဖားလဲမဖားတတ်
တဲ့သူတို့ဖြစ်ပြီး နိုင်ငံရေးအသိုင်းအ၀ိုင်းနဲ့လဲ နီးစပ်သူဖြစ်လို့ဆိုပြီး အုန်းသီးတလုံး ပန်းသီး
နှစ်လုံးဝယ်ပြီးဈေးကအပြန် အမြင်ကပ်ပုဒ်မနဲ့ လက်ပစ်ဗုံးနှစ်လုံး မိုင်းတလုံးလက်ဝယ်တွေ့ရှိလို့
ထောင် အနှစ်နှစ်ဆယ်ချလိုက်တယ်ဆိုတဲ့ ပုဒ်မမျိုးအတတ်မခံရလို့သာပေါ့။

ဒါပေမဲ့လဲ မှီရာပုဒ်မနဲ့(၅)ည ၁၇(၁)ပုဒ်မ နှစ်ခုနဲ့ ထောင်ကျပါတယ် ထောင်ကျတော့လဲကျပေါ့
ပြန်လွတ်တဲ့တနေ့လဲ ဒီခေတ်ကြီးထဲမှာ ဒီလိုပုဒ်မမျိုးနဲ့ထောင်ကျခဲ့တယ်ဆိုတာ ဂုဏ်ယူစရာ
ပေါ့ဗျာ ဘာဖြစ်လဲ ကျမ်းမာရေးကောင်းအောင်နေမယ် ဘ၀တူအကျဉ်းသားတွေနဲ့ ထပ်တူ
ကိုယ်ချင်းစာနာမှုနဲ့နေမယ် သူတို့ဘ၀အကြောင်းတွေ မေးမြန်းလေ့လာမယ်ပေါ့ ဘာဖြစ်လို့ဆို
တော့ စာဖတ်ခွင့်မရဖတ်စရာစာအုပ်မရှိတဲ့အပြင် တရားဝင်ထုတ်ဝေထားတဲ့စာအုပ် တအုပ်
အုပ်များ ခိုးဖတ်နေတုန်းမိလို့ကတော့ မူလကိုယ်ကျလာတဲ့ ပြစ်မှုထက်အပြစ်ကြီးတဲ့အမှုလိုဝိုင်း
ရိုက်ပြီး တိုက်ပိတ်ခံရဦးမှာ စာဖတ်ရှု့ခွင့်မရှိ စာအုပ်စာတန်းဆိုတာ အကျဉ်းသားများဖတ်လို့အ
သိပညာတိုးသွားရင် နောင်ပြစ်မှုမကျူးလွန်တော့ဘူး မခိုးတော့ဘူး မတိုက်တော့ဘူးဆိုရင်
ထောင်ကျမဲ့သူတွေမရှိတော့ သူတို့ထောင်ဝန်ထမ်းတွေ အလုပ်ပြုတ်သွားနိုင်တယ်လို့ရယ်များ တွေးမိလို့လားတော့မသိပါဘူးဗျာ။ စာဖတ်ခွင့်မရဘူးပေါ့။

ကိုချစ်ဖေကတော့ မတရားအသင်း ၁၇(၁) သောင်းကျန်းသူအဖွဲ့အစည်းများနှင့်ဆက်သွယ်ခြင်း
ဆက်ကြေးကောက်ခံခြင်း အစည်းအဝေးတက်ခြင်း လူသစ်စုဆောင်းပေးခြင်းတွေ ပြုလုပ်
ကြောင်း သက်သေအထောက်အထားခိုင်လုံသဖြင့် (တကယ်ကတော့ ဘာသက်သေမှမရှိ) အ
လုပ်ကြမ်းနှင့် ထောင်ဒါဏ်(၂)နှစ်ချမှတ်လိုက်သည် (တကယ်က တရားသူကြီးကဖတ်ပြတာ စာအိပ်ပိတ်ပြီးသားလာတာ-ဒါကိုခင်ညွန့်တို့ ဥာဏ်ပေါ့) ဆိုတဲ့ပုဒ်မ ပါလို့တဲ့ နိုင်ငံရေးသမားပုဒ်
မ(၅)ညသမားကြီးများနှင့် ရောနှောမထားရဆိုပဲ။ ရောထားရင် ကိုချစ်ဖေတို့လို သူပုန်ကျောရိုး
သမားတွေကို (၅)ည နိုင်ငံရေးသမားကြီးများက နိုင်ငံရေးအတွေးအခေါ်တွေ တပ်ဆင်ပေး
လိုက်မှာစိုးသတဲ့ ကိုချစ်ဖေတို့လိုသူတွေကလဲ နိုင်ငံရေးသမားကြီးများကို တော်လှန်ရေး လက်
နက်ကိုင်အဖွဲ့အစည်းများနဲ့ အဆက်အသွယ်လုပ်ပေးလိုက်မှာ စိုးလို့ဆိုပဲဗျ။

ဒီတော့ကိုချစ်ဖေက မျက်နှာငယ်ပါတယ်ဗျာ ရိုးရိုးရာဇ၀တ်အကျဉ်းသားများနဲ့ ဒိုးတူဘောင်ဖက်
စားအတူ အိပ်အတူ ရေချိုးအတူ ထမင်းဆွဲအတူ တန်းစီအတူ ပုံစံထိုင် ပုံစံရပ် ပုံစံသွား အလုပ်
လုပ်အတူဖြစ်သွားတာပေါ့ဗျာ ဖြစ်လဲဖြစ်ပေါ့ ဒါဒို့ပြည်ပဲ ဒို့နိုင်ငံသားတွေပဲ စစ်အာဏာရှင်ခေတ်
ကြီးရဲ့ လွဲမှားမှုတွေ မတရားမှုတွေကြောင့် ဓါးစာခံဖြစ်လာကြရသူတွေ ငါတို့နဲ့ ဘ၀တူတွေ ရဲ
ဘော်ရဲဖက်တွေလို့ပဲ သဘောထားပါတယ်။ ထောင်အာဏာပိုင်တွေနဲ့ပေါင်းပြီး တန်းစီးလဲမ
လုပ်ပါဘူး ဘုတ်ကိုင်လဲမလုပ်ပါဘူး။ ချင်းခွာချွတ် ရိုက်စားလဲမလုပ်ပါဘူး။ ဒါပေမဲ့ ကိုချစ်ဖေလဲ
သူငယ်ချင်းတွေ မြှောက်ပေးတာနဲ့ ဗိုလ်ကြီးဖြစ်တဲ့အခါဖြစ် တပ်ကြပ်ကြီးဖြစ်တဲ့အခါဖြစ် ဖြစ်
ရပြန်တယ်။

တကယ်တော့ ကိုချစ်ဖေတို့က အဲ့ဒီတုန်းက အသက်နှစ်ဆယ်ကျော်လူငယ်တွေ တိုင်းပြည်အ
တွက်ဆို “မခင်တွယ် မကြင်တယ် ချစ်သူစွန့်လို့ရယ် တိုက်ပွဲကိုပင်တွေ့အောင်ရှာတော့မယ်”
စိတ်ဓါတ်မျိုးတွေ (စွန့်စရာ ရည်းစားလဲမရှိပါဘူး.) ငါတို့မှ ၀င်မလုပ်ရင် ဒီမိုကရေစီတော့ရ
တော့မယ်မဟုတ်ဘူးလို့ ထင်ထားနေချိန်မျိုး ဖတ်စရာစာအုပ်ကလဲ မရှိတော့ သတင်းအဆက်
အသွယ်ကလဲ မရှိ ထောင်ဝင်စာပြန်လာတဲ့သူတွေကိုမေးမေးကြည့်ရ ထမင်းဟင်းထုတ်လာတဲ့
သတင်းစာ ဆီစွန်းလေး အပေလေးက သတင်းကို မှားမှားမှန်မှန်ဖတ်ရ(နာရေးသာရေးသတင်း
ကတော့ မှန်မှာပဲလေ) အခြေအနေ ဒီတော့ ထောင်ကျလာတဲ့ ထောင်ကျသစ်တွေ အချူပ်သစ်
တွေကိုပဲ သတင်းမေးရတာပေါ့ အပြင်လောကမှာ ဘာတွေထူးလဲ ဘာတွေဖြစ်နေလဲ ဘာတွေ
ဖြစ်လာနိုင်လဲ ဆိုတာမျိုးပေါ့။

ဒီတော့ကာ ကျနော်က နေရင်းနဲ့ စစ်တပ်က ဗိုလ်ကြီး တခါတလေတပ်ကြပ်ကြီး ဖြစ်လာရော
စစ်တပ်က ဖမ်းပို့တဲ့ စစ်ပြေးတွေဆို ရဲဘော်တွေများတယ်လေ သူတို့ကို မြန်မာတပ်မတော်
ကြီးကနေ ဘာဖြစ်လို့ထွက်ပြေးရတာလဲ ဘာလဲ မပြေးရင်မရဘူးလား ဆိုတာမျိုးကို သိချင်မေး
ချင်ကြတာပေါ့။ ညနေ ၅နာရီ ၆နာရီ လူစစ် အဆောင်တံခါးပိတ်ပြီး တဲ့အချိန်ကနေ ည ၉ နာ
ရီအထိက အကျဉ်းသားတွေရဲ့ အပျော်ဆုံးအချိန် နားချိန် စကားပြောချိန် သီချင်းဆိုချိန် ကိုယ်
ပိုင်အချိန်ပေါ့ အဲ့ဒိအချိန်မှာ သတင်းလဲရ အပျော်သဘောလဲဖြစ် ကျနော့်သူငယ်ချင်းတွေက
ကျနော်ဆီကို တပ်ပြေးမှုနဲ့ ထောင်ကျလာတဲ့ တပ်သား အကြပ် ရဲဘော်တွေကို ကိုချစ်ဖေဆီကို
ခေါ်ခေါ်လာပါတယ် သူတို့က စစ်သက်နဲ့ အခြေအနေကိုမေးပြီးမှ ကျနော့်ဆီကိုခေါ်လာတာပါ။

တပ်သားခပ်ငယ်ငယ်နဲ့တွေ့တဲ့အခါ ကျနော့်သူငယ်ချင်းတွေက ကိုချစ်ဖေကို “ ဗိုလ်ကြီး..ဒါ ခလရ (…..) မြန်အောင်က ရဲဘော်……ဘယ်သူပါ။ ဒါမှမဟုတ် ဆရာကြီး..ဒါ..ခမရ(…….)
ဘယ်လောက်က ဒုတပ်ကြပ် ဘယ်သူပါပေါ့..” ကိုချစ်ဖေက သူတို့ပေးတဲ့ ရာထူးအတိုင်းဆက်
ဟန်ဆောင်ရတယ် တပ်ကြပ်ကြီးလောက် တပ်ကြပ်လောက်ကို မှားခေါ်လာမိရင်တော့ သိပ်
ဟန်ဆောင်လို့မရဘူးလေ ဒါပေမဲ့လဲ ခပ်တည်တည်နဲ့တော့ ဆက်ပြောရတာပဲ ဒါပေမဲ့လဲ တပ်
ရင်းကလွဲနေတော့ယုံတယ် ကိုချစ်ဖေကလဲ အရင်ထဲက ရှုတင်းတင်း မာရေကြောရေနဲ့ ဆံပင်
ကလဲ တိုတိုပဲထားတတ်တော့ ယုံတာပေါ့ဗျာ သင်္ဘောဆိပ်တွေ ကားဂိတ်တွေမှာဆို စိတ်တိုမှ
တိုပဲ ကိုယ့်ကို မြန်မာတပ်မတော်သား တပ်ကြပ်ကြီးတွေနဲ့ လာလာမှားကြတာ ကိုချစ်ဖေ ဥပဓိ
ရုပ်ကလဲ စစ်တပ်က တပ်ကြပ်ကြီးတယောက်နဲ့တူတယ်ဆိုတော့ မှန်းကြည့်ကြပေါ့နော..။ သူ
တို့ကို အင်တာဗျူးချင်တော့ကြားဖူးနားဝနဲ့ မှန်းတုတ်ရတာပေါ့ဗျာ လူသစ်တွေဆိုတော့လဲ ကြောက်ကြတယ်မဟုတ်လား နောက်ကိုယ်ဘာကောင်ဆိုတာလဲ မသိသေးတော့ ဖိန့်လို့ရ
တယ်လေ။

ရဲဘော်လေးတွေဆို ကိုယ်က “ ကဲ..ပြောပါဦးကွာ..ဘာဖြစ်လို့ မင်းတို့က ဒို့တပ်မတော်က ထွက်ပြေးရတာလဲ” လို့မေးရင် သူက “ဗိုလ်ကြီးရယ်ကျနော်တို့လဲ အစထဲက တပ်ထဲလိုက်ချင်
လို့မဟုတ်ပါဘူး ရွာကိုခွင့်ပြန်လာတဲ့ကောင်က ကောင်းတယ်ဆိုလို့ ၀င်မိတာပါ နောက်တော့
ဗိုလ်ကြီးတို့သိတဲ့အတိုင်း ပြန်ထွက်လို့လဲမရတော့ ထွက်ပြေးပြီးထောင်ကျခံလိုက်တာပါ ဗိုလ်
ကြီးရယ်” တဲ့ ကိုယ်က ဒါဆိုသိပြီ သူဘယ်တပ်ကလဲ ကိုယ်က ဘယ်တပ် ကိုယ့်ကိုယ်ပိုင်နံပါတ်
က ဘယ်လောက် အပါတ်စဉ်ဘယ်လောက်က ဆင်းလာတာ မင်းတို့တပ်က ဗိုလ်ကြီးဘယ်သူ
(အမှန်ရှေ့ကမေးပြီးသား အသေမှတ်ထားရတာ) နဲ့ငါနဲ့ အပါတ်စဉ်တခုထဲ အရမ်းခင်တာ ဒါဆို
သူကပြောပြီ “(ဟာ…ဟုတ်လားဗိုလ်ကြီး ခုဗိုလ်ကြီးဘယ်သူက ဘယ်ကိုပြောင်းသွားပြီး ကျ
နော့်တို့ တပ်ခွဲမှုးဗိုလ်ကြီးက ဘယ်သူလေ” ဆို ကိုယ်က “အော.ဟုတ်လား ဒီလူနဲ့က ကိုယ်က
အပါတ်စဉ်တပါတ်စောမယ် သူက ဂျူနီယာ” လေဆို တပ်ထဲက သိချင်တာတွေ မေးလို့ရပြီ။

ကိုယ်က ရှေ့ကနေ “ ဒို့တပ်မတော်ကြီးလဲ အရင်လိုမဟုတ်တော့ပါဘူးကွာ ရဲဘော်ရဲဖက်စိတ်
ရယ် မရှိကြတော့ဘူး အထက်ဖားအောက်ဖိပဲ ဖားနိုင်မှ ရာထူးတက်တာ ငါတို့ကလဲ ဖားတာဆို
သိပ်အမြင်ကပ်တာ” ဆိုသူက တော်တော်ပြောရဲသွားပြီ “ ဟာ..ဟုတ်တယ်ဗိုလ်ကြီး ဘယ်လို
ဖြစ်နေတာဆိုပြီး ပြောတော့တာပဲ ကိုချစ်ဖေတို့ အရပ်သားတွေက သိချင်လို့အောက်ကျခံမေး
ရင်မပြောချင်ကြဘူးဗျ နောက် တိုက်ပွဲအကြောင်းတွေမေးရင် ပိုဆိုးသေး အပိုတွေပါထည့်ပြော
တော့တာလေ။ ဒီတော့ ကိုချစ်ဖေတို့လဲ အကြံအဖန်လုပ်ပြီးမေးရတာပေါ့ဗျာ။ နယ်စပ်မှာ
ကျောင်းသားတွေနဲ့ တိုက်တုန်းက ကိုယ်က ဘယ်လိုခံခဲ့လို့ ပြေးခဲ့ရတာဆိုရင် သူကလဲ အား
ကြမခံ ဘယ်တုန်းက ဘယ်လိုခံရတဲ့အကြောင်းတွေကိုပြောပါလေရော။


တပ်ကပြေးတယ်ဆိုမှတော့ မကြိုက်လို့ပေါ့ တပ်မကောင်းကြောင်းကို နည်းနည်းပြောတယ်ဆို
ထဲက သူကပြောရဲသွားပြီ ကျနော်တို့ ရဲဘော်တွေဘ၀က ဘယ်လို အရာရှိတောင်မှ တပ်ရေး
ဗိုလ်ကြီးက ဘယ်လို သက်သာကိုင်တဲ့ တပ်ကြပ်ကြီးက ဘယ်လို ရှေ့တန်းမလိုက်ချင်ရင် လိုင်း
ကြေးက ဘယ်ပုံ ပြောပြီ ကိုယ်ကလဲ ကိုယ်သိချင်တာတွေ မေးလို့ရပြီ “မင်းတို့တပ်က ခုကရင်
ပြည်နယ်ကို ပြန်ထိုးနေတာလား” ဆို “မဟုတ်ဘူးလေဗိုလ်ကြီး ကချင်မှာပဲ” ဆို ကိုယ်ကမှတ်
ထားပေါ့ စိတ်ထဲက အလွတ်ကျက်ထားပေါ့ နောက်ပြန်ရွှီးပေါ့။

ကိုချစ်ဖေက ကိုယ်ချစ်ဖေတို့နဲ့ ရွယ်တူ တပ်ကြပ်ကြီးတယောက်ရဲ့ ကိုယ်ပိုင်နံပါတ်ကို အလွတ်
ကျက်ထားသေးတယ် ကိုယ့်ကိုစစ်ကြောရေးလုပ်တုန်းက ဗိုလ်ကြီးရဲ့ကိုယ်ပိုင်နံပါတ်နဲ့ အပါတ်
စဉ်ကိုလဲ သိထားသေးတော့ မယုံသင်္ကာဖြစ်နေရင် ကိုယ်အလွတ်ကျက်ထားတဲ့ ကိုယ်ပိုင်နံ
ပါတ်ကို ဒေါက်ဒေါက်ဒေါက်နဲ့ ရွတ်ပြလိုက်ရင် တအားကိုယုံသွားတော့တာပဲဗျ ကိုယ်စုထားတဲ့
ရှေ့က အင်တာဗျူးထားတဲ့ အကြောင်းတွေ အဖြစ်တွေကလဲ အထောက်အကူပြုသပေါ့ဗျာ။

ကိုချစ်ဖေက မဆလခေတ်ကနေ ခုအချိန်ထိ သေနတ်ဆို လေသေနတ်က လွဲလို့ ဘာသေနတ်
မှ မပစ်ဘူးပါဘူးဗျာ သေနတ်ပြောင်းကြီး ကိုယ့်ဖက်လှည့်လာရင်တောင် မတော်တဆပေါက်
သွားရင် ဆိုတာမျိုးတွေးမိနေတာ။ သူတို့နဲ့တွေ့တော့မှလဲ ကိုချစ်ဖေလဲ နေရင်းထိုင်ရင်းရာထူး
တွေတိုးတော့တာပဲဗျာ.အဲ့ဒီတုန်းက ၁၉၈၉-၉၄ ကာလဆိုတော့ ခုချိန်ဆို ကိုချစ်ဖေလဲ စစ်
သက်တွေတော်တော်ရနေပြီ။ ကိုချစ်ဖေ အင်တာဗျူးခဲ့တဲ့ ရဲဘော်လေးတွေ အကြပ်တွေက
တော့တပ်မတော်ခေါင်းဆောင်ကြီးတွေရဲ့ သဘောထားအမှန်ကို သေသေချာချာသိသွားကြ
တယ်ဗျ။ ရဲဘက်စခန်းတွေမှာ မသေခဲ့ရင်တော့ အိမ်တော့ပြန်ရောက်ကြမယ် ထင်ရတာပဲဗျာ။

တကယ်တော့ ကိုချစ်ဖေလဲ အပြစ်မရှိ သူတို့လဲ မရှိ ခေတ်ကြီးကကို သွေးဆိုးနေတာ မူးယစ်
ရမ်းကားနေတာ သေနတ်ထောင်ဖေါက် မိုက်ကြေးခွဲနေတာ လူတစုက လူအများကြီးကို ဗိုလ်
(ချူပ်)ကြနေတာ လူအများကြီးဆင်းရဲတွင်းနက် စားဝတ်နေရေးအတွက် ပူပန်နေရချိန်မှာ ဗိုလ်
ကြနေတဲ့ လူတစုကစိတ်ထင်တိုင်း သုံးဖြုံးနေနိုင်တာ။ အဲ့ဒီအခြေအနေကြီးမှာ ကိုယ်က ဗိုလ်
ကြအနိုင်ကျင့်သူတွေဘက် နေမလား ဗိုလ်ကြအနိုင်ကျင့်ခံရတဲ့သူတွေဘက်ကနေမလား စဉ်း
စားဖို့တော့လိုမယ်ထင်ပါတယ် မစဉ်းစားကြသေးရင်လဲနေပါ ရပ်ကွက်လေး ရွာလေးကတော့
မီးတော်တော်လောင်နေပါပြီး ကိုယ့်အိမ်လေးမီးမလောင်သေးဘူး တော့မထင်ပါနဲ့ မီးကလောင်
လာတော့မှာပါ ဟိုလူကြီး ကိုခင်ညွန့်တို့ အသိုင်းအ၀ိုင်းတောင် မီးလောင်သွားသေးတာပဲ မ
ဟုတ်လား။

















Read more...

Friday, February 19, 2010

ရှိခဲ့ခြင်းများ

ဝမ်းနည်းကြေကွဲမှုတွေနဲ့
လာလမ်းလေး အတိုင်းပြန်ခဲ့ပါတယ်
မြက်ခင်းတွေအားလုံး ကြည်စင်ပြာလဲ့သွားမှတော့
မိုးကောင်းကင်ကိုလည်း စိမ်းလန်းစေရတော့မယ်
ပင်လယ်ကြီးကို အဖေါ်ခေါ်လို့။ ။

မိုးစဲနေ


Type the rest of your post here.

Read more...

Wednesday, February 17, 2010

အချစ်ရေး

အချစ်ရေး

ရွှေပြည်တော်မျှော်တိုင်းဝေးခဲ့တယ် ညနေခင်းများနဲ့
မချစ်မနှစ်သက်သူတို့နှင့် ထမင်းလက်ဆုံစားရင်း
တုံးအောက်ကဖား ပြားတဲ့ဖားကပြား ဖေါင်းတဲ့ဖားကဖေါင်းခဲ့တယ်
အသားနက်မ အောင်လံကြီးထူခဲ့တယ်…
နူရာဝဲစွဲခဲ့တယ်။

အားအားလျားလျား လမ်းသလားနေတဲ့
မြွေတွေမသေပဲ
ဒုတ်တွေကျိုးခဲ့တယ်..
ခေတ်ကြီးကိုက ရေနွေးငွေ့သုံးမီးရထားကြီးလို
ရွှေ့ပြောင်းတောင်ယာတွေတင်ပြီး ထွက်ခွာသွားတယ်..။

အဲ့ဒါအရေးမကြီးဘူးပဲ ထားပါတော့..
ဂျူးဂျူးဆိုတဲ့ကောင်မလေးကို ကျနော်ရှာလို့မတွေ့တော့ဘူး
(သူ့မှာ နာမည်တွေ အများကြီးရှိတယ်တဲ့).
ကျနော့်မှာတော့ နေထိုင်ခွင့်လက်မှတ်မရှိဘူး။

ခင်ဗျားကိုပြောပြဖို့ ကျနော့်ဒုက္ခသုက္ခတွေ
ကျနော်ပျိုးထားခဲ့တာပါ
ခင်ဗျားကိုမှ ကျနော့်ဒုက္ခသုက္ခကိုပြောမပြရရင်
ဘယ်သူ့ကိုပြောပြရမှာလဲ
အိပ်မက်ကတော့ အိပ်မက်လိုပဲမချိုခဲ့တာပါပဲ
လေထဲကိုပျံဝဲဖို့ဆိုတာ တောင်ပံတစုံတော့ရင်းနှီးရတာပဲမဟုတ်လား။

ကြီးကြီးကျယ်ကျယ် ဘ၀ကကော ဘာဖြစ်လို့
ပယင်းရောင်ရုပ်ရှင်ထဲက ယင်းထနေတဲ့
တယောပြားလေးမဖြစ်ခဲ့တာလဲ..။

ဒါပါပဲ..ဗျာ

မိုးစဲနေ
(၁၇.၂.၂၀၁၀)




Type the rest of your post here.

Read more...

Sunday, February 14, 2010

ချစ်သူများနေ့က ချစ်သူများနေ့ခဲ့တယ်

ချစ်သူများနေ့က ချစ်သူများနေ့ခဲ့တယ်

ခဏနေပါဦး
ခင်ဗျားကဗျာက လန်းလှချည့်လား..
ဟို..အရိုင်းအစိုင်းကောင်တွေနဲ့ပေါင်းတော့မလား..
ပေါင်းလဲ ဆီနဲ့ရေ
ကွဲချင်တိုင်းကွဲသလိုနေမှာပ..
ခင်ဗျားက ဆီ..

ခဏနေပါဦး..
သစ်ချင်သလိုသာသစ်တော့ဗျာ မျက်နှာတောင် ခဏခဏ သစ်ရသေးတာပဲ..
ကျနော်ကတော့ ခင်ဗျားနဲ့ ဒေသတူမွေးဖွားခဲ့လေတော့
ဒီဘ၀မှာ
ကမ္ဘာမကြေဘူး သီချင်းတပုဒ်ပဲ..အလွတ်ရခဲ့တယ်.

ခဏနေပါဦး..
ကမ္ဘာကြီးလည်ဖို့ မကျေနပ်စရာတွေနဲ့ မီးထိုးခဲ့ကြတာတော့မဟုတ်ပါဘူး..
နောက်ဆုံး
ခင်ဗျား..ချစ်တဲ့..သူကိုသာ နမ်းလိုက်ပါဗျာ..
ဆည်းဆာလေးပိုလှလာအောင်..

ချစ်သူများနေ့က ချစ်သူများနေ့ခဲ့တာပေါ့ဗျာ

ကျနော့်အကြောင်းပြောပြရရင်လဲ ဇာတ်ကနာဦးမယ်
၄၅နှစ်လုံးလုံး
လက်ဆောင်ထုတ်လေးကိုင်ပြီး
သူများအချစ်တွေအားကြခဲ့ရတာ.
ဒီတနွေလဲ ကျနော်ချစ်ချင်ရာရာတွေ ချစ်ဦးမယ်ဗျာ

ခင်ဗျားနဲ့စကားပြောရတာလဲ ကောင်းပါတယ်
လူကြီးလူကောင်းတွေနဲ့ ၀ိုင်သောက်ရသလိုပါပဲ
ဒါပေမဲ့လဲ.. ပန်းဆိုးတန်းက အစိုးရဘီအီးဆိုင်လေးမှာ
သောက်ရသလိုနွေးထွေးပါရဲ့ဗျာ
အခုတော့ အရက်တွေလဲ မစစ်တော့ဘူး
အချစ်ကတော့စစ်နေသေးတာပဲ

ကျနော်
ခင်ဗျားတို့ရဲ့ ဗာလင်တိုင်း ဒေး နေ့မှာ ဂုဏ်ယူလိုက်ပါတယ်ဗျာ..
နောက်တခါဆုံတဲ့အခါ..
ခင်ဗျားဘာပြောမလဲဆိုတာတော့ ကျနော်သိနေပြီးသားမို့
ဘာဆိုဘာမှ မပြောပါနဲ့တော့ဗျာ..

ကျနော်ရေးတဲ့ထဲမှာတော့ ညစ်ညမ်းတာဆိုလို့
တမင်တကာ မပါအောင်ရေးခဲ့ရတယ် ဆိုတာ
ခင်ဗျားမယုံဘူး..မဟုတ်လား..
ဒါဆို ဒီတနွေ..
ကျနော်
ချမ်းမြေ့တော့မှာပါ..
အဲ့ဒီဗာလင်တိုင်းနေ့ကြီးကကော ဘာဖြစ်လို့
နွေဦးကို ကြိုခဲ့တာလဲ..
ခင်ဗျားပဲ ရှင်းပြလိုက်ပါတော့ဗျာ..

တောလူသစ်..




Type the rest of your post here.

Read more...

Friday, February 12, 2010

သူပုန်

သူပုန်

သူပုန် တဲ့
ရင်ခုန်စရာ
ပြည်သူပေးတဲ့နာမည်။

ရေဆန်လမ်းမှာ
မင်းဆိုးမင်းညစ်
ဖြစ်ရာလက်နက်
စွဲကိုင်တော်လှန်
အမှန်တရား
ဓါးသွားထက် ထက်ခဲ့တယ်။

အနာဂါတ်များစွာ
ယုံကြည်မွှေးမြ
ရိုးမ တောစပယ်
သံလွင် နှင်းဆီ
သောင်ရင်း
ခေတ်ကိုဆန်ရင်း

အမေ…
အမေတွေ အားလုံးအတွက်
သားတို့ဘ၀တွေ ဆီမီးလိုထွန်းပြီးပူဇော်ခဲ့ပါတယ်။ ။

မိုးစဲနေ
(ကျဆုံးသွားသော ရဲဘော်အပေါင်းအားဦးညွတ်ရင်း
ကြေကွဲရင်း)



Type the rest of your post here.

Read more...

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP