Tuesday, April 13, 2010

ကိုယ်ရေးကိုယ်တာ

ကိုယ်ရေးကိုယ်တာ

ဘာမှမရှိဘူး
လွင်တီးခေါင်သက်သက်
သွားလမ်းသာလို့ ပြန်လမ်းမဖြောင့်ဘူး
ကိုယ့်ကိုကိုယ် ပစ်စလက်ခတ် တိုက်ပိတ်ထားတယ်
ကျွန်းချထားတယ်
အဲ့ဒီနေ့များ ခင်တန်းလဲမရှိ ပန်းလဲမပွင့်
မျက်ရည်နဲ့ကြိုတာတော့မရှိ
တောသင်္ဘောဆိပ်မြို့လေးမရှိ
ဘာမှမရှိဘူး
ဘာမှမရှိရင်တောင်မှ
ကျကျနနအရှုံးတွေတော့ရှိတယ်
အရှုံးကို အရှုံးနဲ့နမ်းရှိုက်
အရှုံးကို အရှုံးနဲ့ပစ်ပေါက်
အရှုံးကို အရှုံးလိုသိမ်းခေါက်
ဘာပဲဖြစ်ဖြစ် ဖြစ်ချင်သလိုသာဖြစ်
အဲ့ဒီမြေမှာ ကျနော်အောင်လံစိုက်ခဲ့တယ်မေမေ။

မိုးစဲနေ

7 comments:

kiki April 13, 2010 at 3:40 AM  

ကိုချစ်ဖေ ရဲ့  ကိုယ်ရေးကိုယ်တာ ဆိုတော့ကာ..
အင်းးး ဘာမှ ဝင်မစွက်တာပဲ ကောင်းလိမ့်မယ် ..

အရှုံးထဲက အမြတ်ထုတ်ရရင် ကောင်းမလား ..

နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ ပါစေရှင့် ။
ခင်မင်စွာဖြင့်
ဒေါ်ကိ ။

ရီမိုးပြည့်  April 13, 2010 at 3:44 AM  

ကိုယ့်ကိုကိုယ်တော့ နောင်တမရဘူမလား.... စာလာမဖတ်တာကြာပြီဆိုတော့ မေ့များနေမလားမသိဘူး...

ဆောင်းယွန်းလ April 13, 2010 at 12:48 PM  

ခံစားချက်တူသူတွေဆိုတော့ ကိုချစ်ဖေရဲ့ အရှုံးကို ကျနော်လည်းမျှယူပြီး အောင်လံစိုက်ရတာပေါ့ဗျာ..

ချစ်ကြည်အေး April 14, 2010 at 6:41 AM  

အဲဒါ အရှုံးမဟုတ်ပါဘူး အကိုချစ်ဖေရေ....အောင်လံတလွင့်လွင့် နဲ့ပဲဟာ...
မင်္ဂလာရှိသော နှစ်သစ်သင်္ကြန် ဖြစ်ပါစေ အကိုရေ...:)

Nge Naing April 16, 2010 at 6:15 PM  

ကိုချစ်ဖေ မင်္ဂလာပါ။ နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ။

ကိုလူထွေး April 21, 2010 at 10:04 AM  

အောင်လံ မဆိုက်ခင် ပြည် အရင် ဝင်ခဲ့ရမှာပေါ့ဗျ...

းဝ)

လင်းဒီပ May 2, 2010 at 7:41 AM  

ဘဝ ကန်ကျယ်ကြီးကို အရှုံးနဲ့ ဖို့ပြီးမှ အတွေ့အကြုံမြေသားမာမာပေါ် အောင်လံစိုက်ခဲ့ပြီ ။

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP