ဘကြီးသာဒွန်းဇံ
ဘကြီးသာဒွန်းဇံ
ကိုချစ်ဖေတို့ရွာ အနီးအနားရွာတွေမှာ ဘကြီးသာဒွန်းဇံဆို မသိတဲ့သူမရှိ ဘကြီးသာဒွန်းဇံဆိုလို့
ရခိုင်လူမျိုးတော့ မဟုတ်ပါဘူး ဘကြီးသာဒွန်းဇံရဲ့ အမေ အဘွားက ရခိုင်လူမျိုးတွေပေးတဲ့ နာ
မည်မျိုးကို ကြိုက်လို့တဲ့ ဘကြီးသာဒွန်းဇံကို ကိုချစ်ဖေစသိတော့ ဘကြီးသာဒွန်းဇံက အသက်
၅၀ ကျော်ပြီ ဘကြီးသာဒွန်းဇံဇနီး အရီးဒေါ်စိန်ချုံနဲ့ ဘကြီးသာဒွန်းဇံနဲ့က ရွယ်တူ မတိမ်း မ
ယိမ်း။
၁၉၈၄ ခုနှစ်နွေရာသီမှာ ကိုချစ်ဖေက ဘကြီးသာဒွန်းဇံတို့ ရွာမှာရှိတဲ့ ဆန်စက်မှာအလုပ်သွား
လုပ်ရင်း ဘကြီးသာဒွန်းဇံနဲ့ ခင်မင်ရင်းနှီးခဲ့ရတာပါ။ ဘကြီးရဲ့ လူပုံပမ်းက အသားညိုညို အရပ်
က ၆ပေခန့် ကိုယ်လုံးကိုယ်ထည်က ထောင်ထောင်မောင်းမောင်း အသံကြီးကလဲ အကျယ်ကြီး
အင်္ကျိင်္ကလဲ တခါမှမ၀တ် ကိုချစ်ဖေက ဘကြီးအင်္ကျိင်္ကသိပ်ကောင်းတာပဲ ကျွန့်တော့်ကို ခဏ
လောက်ငှါးပါလားလို့ အမြဲနောက်နေကြ။ ဘကြီးက ဆောင်းတွင်းဖက်လဲ စောင်သာခြုံရင် ခြုံ
မယ် အင်္ကျီဝတ်တာ တခါလားပဲ မြင်ဘူးပါတယ် ငယ်ငယ်ထဲက အဲ့ဒီလိုပဲ မ၀တ်ဘူး တဲ့ ဖျားလဲ
တခါမှ မဖျားဘူးတဲ့ အင်္ကျီတခါဝတ်တော့ ထူးဆန်းနေရသေးတယ်။ မီးဖိုနားမှာလဲ အမြဲတမ်း
ချွေးတလုံးလုံးနဲ့ ချက်ပြုတ်နေတတ်သူ ဘကြီးနဲ့ ဇနီးမှာ သားသမီး အရင်းက ၁၂ ယောက် မွေး
စားသားက ၂ ယောက် စုစုပေါင်း ၁၄ ယောက်။ အကြီးတွေက အိမ်ထောင်ကျလို့မြေးတွေ
တောင် အတော်ကြီးပြီ။
ဘကြီးရဲ့ အသက်မွေးဝမ်းကြောင်းက ဆန်စက်ကို စပါးလာကြိတ်ခွဲတဲ့ သူတွေကို အစားအ
သောက်ချက်ပြုတ်ရောင်းချတာနဲ့ မိဘလုပ်ငုတ်လယ်လုပ်ငန်းပါ။ ကိုချစ်ဖေတို့ရဲ့ မြစ်ဝကျွန်းပေါ်
ကလဲ သားငါးပုဇွန်ကလဲပေါ အစားအသောက်ကလဲ မရှားတော့ သားသမီးတွေကို အများကြီး
မွေးထားနိုင်တဲ့အပြင် ရွာထဲက မိဘမရှိတော့တဲ့ ယောက်ကျားလေး ၂ ယောက်ကိုလဲ ခေါ်မွေး
ထားသေး၊ ဘကြီးက အဲ့ဒီလို သူ့သားသမီးတွေ အများကြီးနဲ့ တန်းတူ သား ၂ ယောက်ကို မွေး
ထား ကျွေးထားနိုင်တာကိုလဲ ဂုဏ်ယူပါတယ်။ “ငါ့သားကြီးဘယ်သူ ခု အောက်အရပ်သွားရင်း
အိမ်ထောင်ကျနေတာလေ ငါသွားလို့ကတော့ကွာ ပင်လယ်ငါးခူကို ကိုယ်တိုင်ထောင် ငါးဆုပ်
လုပ်ပြီး မကျည်းရည်နဲ့ ချည်ရည်ဟင်းချက် ပုဇွန်တုတ်နဲ့ တ၀စားလာခဲ့တာပဲကွာ” ဆိုတာမျိုး အစားအသောက်နဲ့ ပတ်သက်လို့ ပြောတတ်ပြီး ကိုယ်တိုင်လဲ စားသလို အခြားသူများကိုလဲ စားစေချင် သောက်စေချင်တဲ့ စေတနာရှိသူပါ။ တရွာလုံးကလဲ ဘကြီးသာဒွန်းဇံ အမျိုးတွေလို
လိုချည်းပါပဲ။ ဘကြီးက သားသမီး ၁၄ ယောက်။ ဘကြီးရဲ့ ညီမအလတ် ဒေါ်ခင်သန်းရွှေက က
သားသမီး ၈ ယောက်။ အငယ်ဆုံး ဒေါ်လှသက်နှင်းက ရ ယောက်။ သားသမီးတွေ မြေးတွေနဲ့
ဆိုတော့ တရွာလုံးက အမျိုးလိုလိုချည်းပေါ့ဗျာ။
ဘကြီးသာဒွန်းဇံ ရွာထိပ်က ဆန်စက်ကို အိမ်ကနေ ထွက်လာပြီဆိုကတည်းက ဓါတ်တိုင် နှစ်
တိုင် အကွာလောက် ကတည်းက အသံစကြားရပါတယ်။ အသံကလဲ ကျယ် အသံသြဇာလဲရှိ
ဆိုသလိုပါ။ လူကောင်ကလည်းကြီး အစားအသောက်ကလဲ ၀က်သားအမဲသား တခါချက်ရင် သုံးပိဿာ လေးပိဿာဆိုတာ အနည်းဆုံး။ ချက်ရင်းနဲ့ မြည်းတာက ငါးဆယ်သားလောက်
ကုန်တာပါ သူကိုယ်တိုင်လဲ မြည်းသလို လမ်းသွားလမ်းလာ ဖြတ်သွားသူတွေကို “ဟေ့..ကို
ဘယ်သူ..မဘယ်ဝါ ဘယ်က ပြန်လာကြတာတုန်း ဘယ်သွားမလိုတုန်း ဟင်းကျက်ခါနီးပြီ ထမင်းစားပြီးမှ ဆက်သွားပါလား” ဆိုတာမျိုးပြောတတ်သူပါ ပြောရုံတင်မက ခု “ ကျနော်
ချက်ထားတဲ့ ဟင်းလေးတော့ နည်းနည်းမြည်းသွားဦး” ဆိုပြီး ဟင်းကို အတင်းကျွေးတတ်
ပါသေးတယ်။ ဒါကြောင့် သူဟင်းချက်ရင် ငါးဆယ်သားက အမြည်းအတွက် ထည့်ချက်ထား
တယ် တဲ့။
ကိုချစ်ဖေနဲ့လဲ သိခါစ သူ့အိမ်မှာ လယ်ထဲက ရတဲ့ လင်းမြွေကို စွပ်ပြုတ်လုပ် အသားကို ပြန်
သုတ်စားဖို့ စွပ်ပြုတ်ပြုတ်ထားချိန် ကိုချစ်ဖေကလဲ သူ့အိမ်ရှေ့က ဖြတ်အလျှောက် အတင်းကို ခေါ်ပြီး လင်းမြွေသားကို မြည်းခိုင်းတော့တာပါပဲ ကိုချစ်ဖေက သူ့စေတနာကို သိနေတော့ အား
လဲနာတယ် ခင်လဲခင်တယ် ဆိုပါတော့ မြွေသားကလဲ တခါမှ မစားဘူးတော့ ကြောက်လဲ
ကြောက်တာပေါ့ဗျာ လင်းမြွေသားက ကြက်သားနဲ့ မလဲနိုင်ဘူးလဲ ကြားထားတော့ စားလဲ စားကြည့်ချင်ပေါ့ဗျာ ဒါနဲ့ကြောက်ကြောက်နဲ့ စွပ်ပြုတ်ကော အသုတ်ကော ဗိုက်ကားအောင်
စားခဲ့တာပေါ့ဗျာ မစားခင်ကသာ ကြောက်နေတာဗျ စားမိတော့ သူတို့လယ်ထဲက ယူလာတုန်း
ကမြင်ခဲ့တဲ့ လင်းမြွေကြီးကိုတောင် မျက်စေ့ထဲ မမြင်တော့ဘူး။ နောက်မြွေတွေ့တိုင်း လင်းမြွေ
များလားဆိုတာမျိုးကို ဖြစ်ကရောဗျာ။
ဘကြီးသာဒွန်းဇံကတော့ ပြုံးနေတာပဲဗျာ မြို့ကနေစက်ကို အလုပ်လာလုပ်တဲ့ ကောင်လေးလေ
လင်းမြွေသားကျွေးနေတာ သူလဲ စားတယ်ဗျ ဆိုပြီး အိမ်လာတဲ့ ဧည့်သည်တွေကိုပြောပြနေပြီး
ကျေနပ်နေတာ။ ဘကြီးရဲ့အိမ်က ဒါကြောင့်လဲ လူမပြတ်တာ ဧည့်သည်က အမြဲတမ်း ၀င်ထွက်
စားသောက်နေတာပါ။ ဘကြီးတို့ ဇနီးမောင်နှံကလိုက်ဖက်ညီတယ် အရီးဒေါ်စိန်ချုံကလဲ အ
စားအသောက် အချက်အပြုတ် ဆို မညည်းညူစတမ်းပါပဲ။ ဘကြီးလိုပဲ ကျွေးချင်မွေးချင်သူပါ။
ဘကြီးသာဒွန်းဇံငယ်ငယ် လွတ်လပ်ရေးရပြီးကာစ ပြည်တွင်းစစ်ဖြစ်တော့ ဘကြီးသာဒွန်းဇံက လူပျိုပေါက် အသက် ၁၅၊ ၁၆ နှစ်လောက်ရှိပြီဆိုပဲ။ လယ်သိမ်းပြီးချိန်ဆို သူသေသေချာချာမွေး
ထားတဲ့ နွားထီးလေးစီးပြီး တရွာဝင်တရွာထွက် နွားနဲ့ လျှောက်လည်နေတာ မိုးကျမှပဲ လယ်ထဲ
ဝင်ခါနီးမှ အိမ်ပြန်ကပ်တော့တယ်ဆိုပဲဗျာ။ ပျော်စရာလဲ တော်တော်ကောင်းတယ်ဆိုပဲ။ လူတွေ
က ဆင်းရဲပေမဲ့ လယ်လုပ်ငန်းနဲ့ စားနိုင်သောက်နိုင်ကျသေးတယ်လေ အစားအစာကလဲ ထ
မင်း စားခါနီး ဟင်းရံမရှိလို့ ချောင်းထဲဆင်း ကမ်းဘေးမှာ စမ်းလိုက်တာနဲ့ စားဖို့ ပုဇွန်က လေး
ငါးဆယ်ကောင်ရလာတာ တခါတလေ ပုဇွန်ထုတ်တောင်ရသေး။ အဲ့ဒီအချိန်ကနေ ၁၉၈၄-၈၅ ၀န်းကျင်ထိ ပေါများနေသေးတာပါ။
ဘကြီးက ရွာရိုးကိုးပေါက် လယ်ပြီးချိန်လျှောက်သွားနေတာဆိုတော့ ရွာတော်တော်များများမှာ ကသူ့သူငယ်ချင်းတွေက ရှိသကိုး ဒီတော့ ပြည်တွင်းစစ်ကြီးရယ်ဖြစ်လာတော့ ကွန်မြူနစ်သူပုန်
ထဲမှာရော ကော်သူးလေထဲမှာကော ရဲဘော်ဖြူ အလံနီ ထဲမှာကော အစုံသူငယ်ချင်းတွေရှိတာ
ပါ။ အဲ့ဒီခေတ်တခေတ်လုံး ဘကြီးသာဒွန်းဇံက ဘယ်ထဲမှာမှ မပါဘူးလား ဆိုတော့ မပါပါဘူး
တဲ့ ဘာဖြစ်လို့လဲဆိုတော့ အစိုးရဖက်ကကော သူပုန်ဖက်ကကော လူတွေတော်တော် များများ
ကလဲ သူ့ သူငယ်ချင်းတွေ မကင်းရာမကင်းကြောင်းတွေ ဖြစ်နေလို့တဲ့ သူကတော့ အဲ့ဒီတိုက်
ပွဲတွေကို မဖြစ်စေချင်ဘူးတဲ့။
တိုက်ပွဲတွေရှိနေတော့ သူသွားချင်ရာ စားချင်ရာ ရှာချင်ရာ ရှာလို့မရလို့တဲ့။ နောက် အားလုံး
ကိုယ့်အချင်းချင်းတွေဖြစ်နေလို့ပါတဲ့။ လူမျိုးခြားနဲ့ဆိုရင်တော့ တမျိုးပေါ့ကွာတဲ့ သူပြောပြတဲ့အ
တိုင်းဆို “တခါတုန်းက သူ့ရွာနဲ့ အနားက ရွာမှာ ကရင်ရိုးရာ နတ်စားပွဲရှိလို့ သူငယ်ချင်းတွေ လာခေါ်တာနဲ့ သူလဲ ဘာရယ်မဟုတ်ဘူး လိုက်သွားမိတယ်တဲ့ လာခေါ်တဲ့သူငယ်ချင်းတွေက
ကော်သူးလေက သူငယ်ချင်းတွေ သောက်ဖေါ်စားဖက်တွေ အဲ့ဒီတုန်းက ဘကြီးက အရက်
ကလဲသောက်သေးတယ်တယ်တဲ့ အဲ့ဒါ လမ်းမှာ ကွန်မြူနစ်တွေက စောင့်ပြီးပစ်တာတဲ့ ကံ
ကောင်းလို့ မသေတယ်တဲ့ ရေကလဲ ရေကျချိန် ချောင်းတဖက်ကမ်းက နေပစ်တာတဲ့ သူတို့လဲ လမ်းသွားရင်းနဲ့ တိုးလို့ပစ်တာ ဒီတုန်းက ကရင်နဲ့ ကွန်မြူနစ်နဲ့က မတည့်ဘူးတဲ့ အဲ့ဒါ ပစ်လဲ
ပစ်ကြရော။
အစိုးရတပ်မဟုတ်မှန်းလဲသိတာနဲ့ သူက ထအော်တာပဲတဲ့ “ဟေ့ကောင်တွေ..ငါသာဒွန်းဇံပါ ငါ
ပါလာတယ် မပစ်ကြနဲ့ မပစ်ကြပါနဲ့” အော်တာနဲ့ တိုက်ပွဲက ရပ်သွားတယ်တဲ့ ပြီးတော့မှ သူတို့
က “ယောက်ဖ..မင်းဘယ်သွားမလို့လဲ နတ်စားတဲ့ဆီလား” တဲ့ ဘကြီးက အစားအသောက်နဲ့
ပတ်သက်ရင် နေရောညပါ မရှောင်သွားတာ ဘကြီးအသံကြီးကို မှတ်မိနေတာ ဒီတုန်းက သူ
က ကွန်မြူနစ်တွေလား ရဲဘော်ဖြူလား အလံနီလား မသိပါဘူးတဲ့ ညကလဲမှောင်နေတော့ သူ့
သံကြီးကိုတော့ အကုန်လုံးက မှတ်မိကြပါတယ်။ အဲ့ဒီပစ်ခံရခံနီးမှာ သူက လယ်စပ်က ခြုံထဲမှာ
ခဏ အလေးဝင်သွားနေတော့ ဘကြီးအသံက တိတ်နေလို့ ဘကြီးပါလာမှန်းမသိလို့ ပစ်တာပါ
တဲ့။ သူက ပစ်သံကြားတော့မှ လှမ်းအော်ရတာ။
ဒါတင်ဘယ်ကမလဲ ဟိုဖက်နေ ယောက်ဖ မင်းတို့မှာ ဆေးလိပ်အပိုပါသေးလား ငါတို့ဆေးလိပ်
ကုန်သွားလို့ကွာဆိုလို့ ချောင်းထဲဆင်း တဖက်ကမ်းကို ကူးပြီးသွားပေးသေးတယ် စကားတွေ
တဖေါင်ဖေါင်ပြောနေသေးတယ်။ ပြီးတော့မှ ပြန်ကူးလာပြီး နတ်စားတဲ့ဆီကို ဆက်သွားကြတာ
ဆိုပဲဗျ။ အစိုးရတပ်တွေလာလဲ ငါ့အိမ်မှာပဲ ချက်ပြုတ်စား ဖဲရိုက်ကြ ဘော်လီဘောပုတ်ကြနဲ့ နေကြတာပဲတဲ့။ ငါလဲ ကြားထဲက ပြေလည်ရာပြေလည်ကြောင်းပြောတာပြတာပါပဲကွာတဲ့ ။ ချက်ပြုတ်ကျွေးမွေးတာပါပဲတဲ့။ ဘာဖြစ်လို့ ဘယ်လိုဖြစ်လို့ ချနေကြလဲတော့လဲ ငါလဲမသိပါဘူး
တဲ့ အားလုံးကတော့ ငါ့သူငယ်ချင်း ဆွေနီးမျိုးစပ်တော်ကြတဲ့သူတွေချည်းပဲ အစိုးရတပ်က လာ
တဲ့ ရဲဘော်တွေကလဲ ငါနဲ့ရွယ်တူ သက်တူတွေ တိုက်ပွဲတွေဖြစ်ကြတော့ ငါတို့ ရွာသားတွေပဲ နာတာပေါ့ကွာ။ ဘယ်လိုလုပ်မလဲ။ ငါလဲ စိတ်မကောင်းရုံပေါ့ကွာ အေးအေးဆေးဆေးဖြစ်စေ
ချင်ပါတယ် တဲ့။
ခုမြစ်ဝကျွန်းပေါ်မှာ ပိတ်ဆို့ရေး ဖြတ်လေးဖြတ်တွေလုပ်ပြီးကတည်းက သူပုန်ရယ်တော့ မရှိ
တော့ဘူးပေါ့ကွာ ဒါပေမဲ့လဲ ငါတို့အားလုံးက သူ့ရွာ ငါ့ရွာရယ်မဟုတ်ဘူး ကရင်ရယ်ဗမာရယ်က
ရွာခြင်းကပ် ချောင်းဖျားမှာ ကရင်ဆို ချောင်းဝမှာ ဗမာ ဒီလိုနေကြတာလေ။ သူပုန်ရယ်သာမရှိ
တာ အချိန်မရွေး ပြန်သူပုန်ဖြစ်နိုင်တဲ့ သူတွေချည်းပဲကွ။ ကရင်တွေမှာ ရိုးရာလိုဖြစ်နေတဲ့ စ
ကားတောင်ရှိသေးတယ် “ဒို့ကရင်က နားကပ်မ၀ယ်ဘူး သေနတ်ပဲဝယ်မယ်” သေနတ်တချို့လဲ လက်ကျန်ရှိကောင်းရှိမယ်ကွ ဒီတော့ တကယ်အေးသွားတာမဟုတ်ဘူး ငြိမ်သွားတာလေ အား
လုံး ညှိနှိုင်းပြီးလုပ်မှ တကယ်အေးမှာပေါ့ကွာ ခုလဲ စစ်ပွဲသာမရှိတာ လူတွေက စီးပွားရေးကြပ်
လာတော့ စစ်ပွဲတွေရှိတုန်းကထက်တောင် ဆိုးပါသေးတယ်ကွာ ငါလဲ နိုင်ငံရေးတွေဘာတွေ
နားမလည်ပါဘူးကွာ တဲ့။
ဘကြီးသာဒွန်းဇံရော အရီးဒေါ်စိန်ချုံကော ခုတော့ မရှိတော့ပါ။ အင်္ကျီတခါမှမ၀တ်တဲ့ နှာစေး
ချောင်းဆိုးတောင်မဖြစ်တဲ့ ဘကြီးသာဒွန်းဇံ တခါပဲ နေမကောင်းဖြစ်ပါတယ် တခါပဲဆေးရုံ
တက်ရပါတယ် တခါပဲ ကွယ်လွန်ဆိုတာမျိုးပါပဲ။ ခုတော့ ဘကြီးရဲ့ သားသမီးမြေးမြစ်တွေလဲ
လယ်လုပ်ငန်းနဲ့ မစားလောက်ကြတော့ ရေကြည်ရာ မြက်နုရာကို ပြောင်းရွေ့ကြနဲ့ရွာမှာလဲ
သိပ်မကျန်တော့ပါ။ ကိုယ့်ဇာတိရွာလေးမှာတော့ ဆွေမျိုးသားခြင်း ညီအကို မောင်နှမတွေနဲ့
တည့်တည့်မတည့်တည့် မတည့်လဲခဏ အတူနေချင်ကြမှာပေါ့ဗျာ ကိုယ်ချင်းလဲ စာနာပါတယ်
ကိုချစ်ဖေကိုယ်တိုင်လဲ ရွာပြန်ရတယ် အိပ်မက်ခဏခဏ မက်မက်နေတာကိုး နော။