Showing posts with label နှစ်သက်ရာ ၀ထ္ထု. Show all posts
Showing posts with label နှစ်သက်ရာ ၀ထ္ထု. Show all posts

Monday, November 2, 2009

ချစ်သူမီ

ချစ်သူမီ.

မီကိုကျနော်မဆုံတွေ့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ ထိုသိုဝေးကွာသွားစဉ်အတောအ
တွင်း မီကို နှစ်ကာလအတော်ကြာသည်အထိ ကျနော်မမေ့နိုင် သွားလေရာရာ နေရာတိုင်း၌
ကျနော်မီ့ကိုရှာခဲ့သည် တခါတလေမိုးသည်းတဲ့ညတွေမှာ မီတယောက် အိမ်တအိမ်ရဲ့ဝရံတာ
တာမှာ မိုးရေတွေစိုရွှဲပြီးထိုင်များနေမလား ကျနော်ရှာဖွေမိသည်။ စီးကရက်မီးခိုးငွေ့များကြားက
ရယ်သံလေးများကြားတိုင်း မီများဖြစ်နေမလား စီးကရက်မီးခိုးငွေ့များပြယ်လွင့်သည်အထိကျ
နော် စောင့်ကြည့်ရှာဖွေမိသည် သို့သော်မီမဟုတ်။

ထို ကျနော်စွဲလမ်းရပါသောမီကိုရှာဖွေရင်း ကျနော်ကိုယ်တိုင်ဆွတ်ပျံ့စွာ ခံစားတတ်လာခဲ့သည်
မီကတော့သိချင်မှသိပါလိမ့်မည်။ မီနှင့်ဝေးကွာသွားစဉ်ကာလအတွင်း မေ့မရသည်ကတော့အ
မှန်တကယ်ဖြစ်ခဲ့ပါသည်။ ကျနော်ကိုယ်တိုင် မီနှစ်သက်တတ်သော သီချင်းလေးများကိုသီဆို
ချိန် ကျနော်တယောပြားလေးနှင့် မီဆိုသောသီချင်းကို ကျနော်အထောက်အပံ့ပေးနိုင်ရန်ကျ
နော် တယောတလက်ဝယ်ထားခဲ့ပါသည်။အခြေခံမှအစသေချာစွာတတ်ကျွမ်းသည်အထိကျ
နော်ရူးသွပ်စွာသင်ကြားခဲ့ပါသည်။

မီကို ကျနော်ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းအတွင်း၌ စတင်သိကျွမ်းခဲ့ခြင်းလည်းဖြစ်ပါသည်။
မီ့ရယ်သံ မီ့အပြုံး မီ့လက်ချောင်းအိအိလေးများ ကျနော်စွဲလန်းခဲ့ရပါသည်။ သို့သော်တခုသော
ရုတ်တရက်ကျလာသော မုန်တိုင်းကြီးတခုကြောင့်မီနှင့်ကျနော်နှစ်ပေါင်းများစွာဝေးကွာသွားခဲ့ရ
ပါသည်။ ကျနော်သည်လည်းထိုမုန်တိုင်းကြီးနှင့်အတူ လူငယ်လေးတယောက်၏လုပ်သင့်သော
အလုပ်များကိုလုပ်ကိုင်နိုင်ရန်အတွက် ခရီးရှည်တခုကိုထွက်ခဲ့ရသည်။သို့သော်မီကိုကားမမေ့
မီနှင့်ပတ်သက်သည်လေးများကို ကျနော်မမေ့နိုင်ပါ မမေ့ဆိုသည်ထက် သတိယနေသည်ဆို
က ပို၍မှန်ပါမည်။

နှစ်ကာလများက ကျနော်ကိုပြုပြင်လာခဲ့သည် ကြာတော့ကျနော်မီကို အမြဲသတိမရနိုင်တော့
ခရီးကြမ်းကြီးထဲ၌ ကျနော်မီ့ကိုတသမနေနိုင်တော့ တချို့သောရေဆန်ခရီးတွေဖြတ်ရသည်။
ကျနော်ကြံ့ခိုင်မှု့မရှိသောအခါ ကျနော်လဲကျသွားနိုင်သည်။ ထို့ကြောင့်ကျနော်သန်မာလာ
အောင်လေ့ကျင့်နေရသည်။သို့သော်ထိုသို့ကျနော်နေသည်ကိုလည်း မီတွေ့လျှင်လှိုက်လှိုက်လှဲ
လှဲရယ်မောပါလိမ့်မည် သူ့ကိုမေးလျှင်အရင်တုန်းကလိုပဲ ဘာမှမဟုတ်ပါဘူး ရယ်လို့ပဲပြောပါ
လိမ့်ဦးမည်။

ကျနော်သည်လည်းအရင်တုန်းကကဲ့သို့ကျေနပ်နှစ်သိမ့်သွားဦးမည်လည်းဖြစ်သည်။ မီသည်
လည်း ကျနော်နှင့်ပြန်တွေ့ကြသောအခါကျနော့်အရင် သူ့ကိုချစ်ခဲ့သော စွဲလန်းခဲ့သောယောက်
ကျားများကို သူကြည့်နေကြအကြည့်လေးအတိုင်းပြုံး၍ကြည့်နေဦးမည်သာဖြစ်သည်။ကျနော်
သည်လည်း အရင်ကကဲ့သို့ မခံချိမခံသာခံစားနေရဦးမည်လည်းဖြစ်သည်။သို့သော်ကျနော်မီ့
ကို စွန့်ခွာမသွားနိုင်ပါ။ ဖြစ်နိုင်လျှင် မီ့ကိုကျနော်ရက်ရက်စက်စက် သတ်ပစ်လိုက်ချင်သည်။ထို
အခါ မီသည်လည်း ပြုံး၍အသေခံသွားမည် ဆိုတာကိုလည်းကျနော်သိနေသည်။မီကိုကျနော်
သတ်ပစ်လိုက်ခြင်းသည်။မီ့ကိုကူညီရာရောက်ပါတယ်လို့ နောက်ဆုံးအေးဆေးလှပစွာပြော
သွားပါဦးမည်။ မီသည်ထိုကဲ့သို့သောမီဖြစ်သည်။

မီကိုကျနော်မတွေ့ရတော့သောနှစ်ကာလများအတွင်း အခြားခြားသော ရုန်းကန်လှုပ်ရှားမှုများ
အတွင်းကျနော်မီကိုတော့မေ့မရနိုင်ခဲ့သည်ကတော့သေချာပါသည်။ ဆယ်စုနှစ်နှစ်ခုစွန်းသော
နှစ်ကာလများကို ကျနော်ဖြတ်သန်းလာခဲ့ပြီးနောက် ကျနော်သည်လည်းတိုက်ပွဲပေါင်းများစွာ
ဒါဏ်ရာဒါဏ်ချက်ပေါင်းများစွာဖြင့် အချို့သောကိစ္စများတွင် ကျနော်ရင်မခုန်တတ်တော့ပါ။ ကျ
နော့်ကိုကျနော်လည်း တိုက်ပွဲရည်ဝနေသော စည်သည်တော်တဦးကဲ့သို့ထင်လာပါသည်။ထိုကဲ့
သို့သောအချိန်တွင်မှ ကျနော်မီ့ကိုမမျှော်လင့်ပဲပြန်တွေ့ရသည်။

မီသည်အရင်တုန်းကကဲ့သို့ နူးညံ့ဆဲ စီးကရက်မီးခိုးငွေများကြားမှ ရီဝေ၍တောက်ပသောမျက်
ဝန်းတစုံရှိနေဆဲ မထေမဲ့မြင်လားသရော်သည်လားသို့မဟုတ် ပြုံးမြမြဖြစ်နေသည်လားမသိရ
သောနှုတ်ခမ်းတစုံဖူးပွင့်နေဆဲ။မီဘေး၌ မီ့အမိန့်ကိုနာခံသော မီကိုပျောက်ဆုံးသွားမှာစိုးရွံနေ
သော လုလင်ပျိုများ ယောက်ကျားရင့်မကြီးသည်လည်းအရင်ကလိုပင် ရှိနေဆဲ။ ကျနော်ချစ်
မြတ်နိုး၍ ကျနော်ကြောက်ရွံ့ခဲ့ရသောမီသည်အရင်ကလိုပင်မပြောင်းလဲ။

ကျနော်သည် မီကို ထိုသို့ပြန်တွေ့ရစဉ်အခိုက်အတံ့ ကျနော်မင်သက်သွားမိသည် နောက်
ကျနော်လဲကျသေဆုံးသွားမည်ဟုသာထင်လိုက်ရသည်။မီကတော့မပြောင်းလဲ ကုန်လွန်ခဲ့
သောနှစ်ပေါင်းများစွာတုန်းက ကဲ့သို့မီသည်လန်ဆန်းနေဆဲ မီ့မျက်ဝန်းများသည် ချစ်ခြင်းစိန်
ခေါ်ခြင်း သရော်ခြင်း သနားကြင်နာခြင်းတို့ငွေ့ရည်ဖွဲ့နေဆဲ။

ဘာပဲဖြစ်ဖြစ်ကျနော်မီ့ကို ချစ်ပါသည်။ဟိုအရင် လူငယ်လေးဘ၀ကစွဲလန်းးခဲ့ စိုးရွံခဲ့ရသောမီကို
ခုတိုင်လဲ ကျနော်စွဲလန်းဆဲ ချစ်မြတ်နိုးနေဆဲ။

ဆရာမဒေါ်ကြည်အေး၏ မီ ကို ကျနော် ၁၉၈၀ ခုနှစ်စွန်းပိုင်းများ၌ ကျနော်ဖတ်ခဲ့ရသည်။ထိုအ
ချိန်ကာလများတုန်းက ခံစားမှုနှင့်ချစ်ခြင်းကို ကျနော်စွဲစွဲလန်းယုံကြည်ခဲ့သည်။ထိုအချိန်ထိုကာ
လများက ဖတ်ခဲ့ရသော မီ ကို ကျနော်မမေ့ စာအုပ်ပေါင်းများစွာကို ကျနော်ဝါးစားသလိုကျ
နော်ဖတ်ခဲ့မိသည်။ ထိုစိတ်ကူးယဉ်ဆန်သော ချစ်ခြင်းကို ပြစ်ပယ်၍ လက်တွေ့ကျသော တိုက်
ပွဲများ ရုန်းကန်မှုကြားသို့ကျနော်ရောက်သွားသည်။ မီ့ကိုကျနော်မေ့လို့ရသွားပြီဟုကျနော်ထင်
ခဲ့သည်။

ခေတ်ကြီးမှ ကျနော်တို့ ပုခုံးပေါ်သို့ပြောင်းပေးခဲ့သော ဒီမိုကရေစီရေး ငြိမ်းချမ်းရေး အမျိုးသား
ပြန်ညီညွတ်ရေးအလံတော်ကို လွှင့်ထူရင်း ကျနော်တို့ တိုက်ပွဲဝင်ခဲ့ကြသည်။ ထိုကာလများအ
တွင်း၌ ကျနော်တို့ဘ၀ရည်မှန်းချက်များပြောင်းသွားခဲ့ကြသည်။ကျနော်တို့နှင့်ရွယ်တူကျနော်တို့
ထက်ငယ်ရွယ်သူ လူငယ်လေးများသည် မြတ်သောစိတ်ဖြင့်တိုက်ပွဲများထဲကျင်လည်ရင်းတချို့
ကျဆုံးခဲ့ကြ တချို့ဒါဏ်ရာရခဲ့ကြပြီ ခေတ်ကြီးတခေတ်လုံးကို ရင်ဖြင့်ရင်း၍ ချီတက်ခဲ့ကြသော
လူငယ်လေးများ၏ တိုက်ပွဲနှင့်စာလျှင် ကျနော့်၏ ပုဂ္ဂလိက ခံစားမှုဖြစ်သော မီ့ ကိုချစ်သောအ
ချစ်သည် စာမဖွဲ့လောက်ပါ။

သို့သော် ဆယ်စုနှစ်နှစ်စုစွန်းစွန်းကိုလွန်မြောက်ပြီးနောက် ကျနော်မီ့ကိုပြန်တွေ့သောအခါ အ
ရင်တုန်းကကဲ့သို့ ကျနော်ရင်တွေခုန်နေဆဲ ကျနော်မီ့ကိုကျမ်းမာရေးကောင်းမွန်ပြီး တည်ငြိမ်
ရင့်ကျက်သော မိခင်တယောက်အဖြစ် ကျနော့်စိတ်ကူးပုံရိပ်တို့ဖြင့်ပုံဖေါ်မိနေဆဲ။သို့သော် မီ့ကို
ကျနော်မလွန်ဆန်နိုင်။ ကျနော်ချစ်မြတ်နိုးခဲ့စိုးရွံခဲ့ဘူးသော မီ ကို စာဖတ်သူတို့အားမျှဝေပေးလို
ပါသည်။ကျနော်ချစ်သောမီနှင့် တွေ့ဆုံပေးလိုပါသည် မည်ကဲသို့ပင်ဖြစ်ပါစေကျနော့်၏ ချစ်ခြင်း
သည် ပုဂ္ဂလိကချစ်ခြင်းသာဖြစ်ကြောင်း။

ကြည်အေး၏ မီ ကိုမျှဝေလိုက်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ..

me kyiaye

Read more...

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP