Sunday, May 2, 2010

ရှင်ကွဲ

ရှင်ကွဲ

တောင်တန်းကြီးရဲ့ကျောပေါ်မှာ
တင်ထားတဲ့ ရထားသံလမ်းလေးဟာ
ဂီတာကြိုးဆိုရင်
ရထားဥသြသံလေးက ဂီတာသံပေါ့မေမေ။

စက္ကူစွန်တွေ တိမ်စားတဲ့ကစားပွဲမှာ
သားမပါခဲ့ဘူး။
(သားကိုသား လွှတ်တင်ဖို့ ကြိုးတချောင်းမရှိခဲ့တာလဲပါမှာပေါ့)

အဲ့ဒီည

အိမ်ခြေယာမဲ့တယောက်ရဲ့ ညမှာမှ
လှိုင်းတွေက
သားကိုလာလာစီးတယ်
သားကတော့ ပင်လယ်ကိုမေမေ့ရင်ခွင်လို
တိုးဝှေ့ခဲ့ပေါ့။

မိုးစဲနေ

7 comments:

ဆောင်းယွန်းလ May 2, 2010 at 7:29 AM  

သားကတော့ ပင်လယ်ကိုမေမေ့ရင်ခွင်လို
တိုးဝှေ့ခဲ့ပေါ့...

ဟုတ်တယ်အကိုရာ.ဒါပေမယ့် မေမေ့ရင်ခွင်ကို တိုးဝှေ့ဖို့ တခါတလေ ပျောက်နေတဲ့ကိုယ့်ခေါင်းကို ကိုယ်ပြန်ရှာနေရတယ်ဗျာ....

လင်းဒီပ May 2, 2010 at 7:38 AM  

ကိုချစ်ဖေ ဂွတ်တယ်ဗျာ...။
အမေနဲ့ဝေးနေတဲ့ဖီလင် အတိအကျ ရတယ် ။

ဒါနဲ့ ကိုချစ်ဖေနဲ့ မိုးစဲနေက တစ်ယောက်တည်းပဲလား ။

ကိုလူထွေး May 2, 2010 at 8:40 AM  

မှန်စာကြိုးလား...

မရှိတာကောင်းပါတယ်ဗျာ...

အကိုင်အတွယ်မတတ်ရင် ရှတတ်သေးလို့...

းဝ)

Nge Naing May 2, 2010 at 6:07 PM  

ကိုချစ်ဖေရေ
ကဗျာလာဖတ်သွားပါတယ်။ အဆင်ပြေပျော်ရွှင်ပါစေ။

kiki May 2, 2010 at 6:20 PM  

ဒီလို နဲ့ သေကွဲတွေ ရှင်ကွဲတွေ များလှပြီနော် ကိုချစ်ဖေရေ ။
နာဂစ် ၂ နှစ်မြောက် ခဲ့ပေမဲ့ ကွဲနေကြတဲ့ သူတို့ ဘဝလေးတွေ အခြေမကျ နိုင်ကြသေးဘူး ။
စွန်ကို ထိန်းတဲ့ ကြိုးတွေ မဲ့နေကြလို့ ပေါ့ ...

မယ့်ကိုး May 3, 2010 at 5:13 AM  

အပို ချီးမွမ်းတာ မဟုတ်ပါဘူး။ တကယ် ကြိုက်လို့ပါ။
ဆရာသုခမိန်လှိုင်ကဗျာလေး ဖတ်လိုက်ရသလို ခံစားမိပါတယ်။

ဂျူနီယာလွင်ဦး May 14, 2010 at 11:46 PM  

ဟုတ်တယ်။ ကောင်းလိုက်တဲ့ ကဗျာလေး။
ကျွန်မဘလော့ sidebar မှာ တင်ချင်လို့ ခွင့်ပြုပါ ဦးချစ်ဖေ။

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP