Thursday, March 25, 2010

ခရီး

ခရီး

ဝပ်ကျင်းလေးရဲ့ခေါင်မိုးပေါ်
လောကဓံ မိုးတွေ တဗြုံးဗြုံးရွာချချိန်
ကမ်းကပ်ခွင့်မရတဲ့လှေကလေးပါ။

မေမေရေ..
ရှည်ရှည်လျားလျားနေ့တွေထဲ
အနွေးထည်အဟောင်းလေးနဲ့
သား..
ခရီး..ဆက်ခဲ့ပြီ။ ။

မိုးစဲနေ

11 comments:

ကိုအောင် March 25, 2010 at 4:35 PM  

ကဗျာက တိုတိုနဲ့ ကောင်းတယ် အကိုကြီး၊ နေကောင်း
လား၊ အရာရာအဆင်ပြေပါစေ။

ရွှေရတုမှတ်တမ်း March 25, 2010 at 4:40 PM  

အသစ်လေးကစောင့်နေတယ်တဲ့..အနွေးထည်ကိုပြောတာ

တောင်ပေါ်သား March 25, 2010 at 5:33 PM  

ကဗျာက တိုတိုလေး ဒါပေမဲ့ ရင်ထဲထိ ထိတယ်း(
အမေ့ကို လွမ်းတယ်


လေးစားလျက်
တောင်ပေါ်သား

kiki March 25, 2010 at 6:18 PM  

လူ့ ဘဝ ကြီးမှာ လူသားအားလုံး မသေမချင်း လျှောက်နေကြရတာ ဒီခရီးရှည်ကြီးပါပဲလေ ။

တချို့ တလေများ၊ လျှောက်ရတာတော့ သက်တောင့်သက်သာ ရှိလှတယ် ။
တချို့ ကျတော့ ပင်ပန်းခက်ခဲလွန်းလှတယ် ကိုချစ်ဖေရေ ။
ဆက်သာလျှောက်ကြစို့  ။

မယ့်ကိုး March 26, 2010 at 8:18 AM  

ကဗျာလေး ကြိုက်လိုက်တာ

လင်းဒီပ March 26, 2010 at 9:11 AM  

ခရီးကတော့ ဆက်နေရဦးမှာ လမ်းတွေ မဟောင်းသေးသရွေ့...။

Ko Toe Gyi ( Multiply Boo Boo Gyi ) March 27, 2010 at 2:58 AM  

မေမေရယ်
သားဘ၀မှာတော့
အထီးကျန်ဆန်လွန်းလိုက်တာ
ခရီးရှည်ချီတက်ပွဲအတွက်
အဖော်အဖြစ်အားကိုးခဲ့တဲ့
အနွေးထည်အဟောင်းလေးတောင်မှ
သူ
စွန့် ခွာသွားခဲ့ပြီမေမေ
သားကတော့
ရေထန် လေဆန်မှာ
ရှုးတုန်း မိုက်တုန်းပါ မေမေရယ် ။

Crystal March 28, 2010 at 11:20 PM  

ခရီး!
အင်း..... သံသရာခရီးသွားတွေပါ။

ကိုပိန် March 30, 2010 at 10:12 AM  

ကိုချစ်ဖေ ရေ
ဘုရားသခင် ကျီစားတယ်ကိုသိပ်ကြိုတ်သွားတယ်
ကျီစားတာမဟုတ်ဘူးနော်ဗျ
လင့်ချိတ်ထားလိုက်မယ်။

Crystal April 5, 2010 at 8:32 PM  

ကိုချစ်ဖေကြီး ငြိမ်လှချည်လား။

ကိုပိန် April 6, 2010 at 8:03 AM  

ကိုချစ်ဖေကြီး လုပ်ပါအုံးဗျ ဘုရားသခင်ကျီစားသန်ခဲ့ တယ်က ဒီပို့စ် ထဲမှာ မတွေ့ဘူးဖြစ်နေတယ် အာမခံပေးပါအုံး ကျီစားနေတာမဟုတ်ဘူးနော် Mr.Boxဆိုတဲ့ ဘလော့ဂ်မှာ တွေထားလို့ မေးကြည့်တာပါ၊ စိတ်မဆိုးကြေးနော်

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP