Tuesday, March 9, 2010

ဗိုလ်ပြူး နဲ့ ကိုချစ်ဖေ

ဗိုလ်ပြူး နဲ့ ကိုချစ်ဖေ

မေ၀တ်ရည်သောင်းနဲ့ ထက်ဝေယံကို ကိုချစ်ဖေအွန်လိုင်းမှာ စပြီးသိလာတာလေ မေ၀တ်
ရည်သောင်းလေးက ကိုချစ်ဖေတို့နဲ့ တမြို့ထဲသား သူ့ချစ်သူလေး ထက်ဝေယံကလဲ ကိုချစ်ဖေ
တို့ မြစ်ဝကျွန်းပေါ်သားလေ ဒါကြောင့် အဝေးမှာ အင်တာနက်ကြီးပေါ်မှာ တွေ့တော့သူများ
တွေထက်ခင်တာပေါ့ဗျာ နာမည်တွေလား ဘယ်နာမည်အရင်းဟုတ်ပါ့မလဲ ကောင်မလေးက
အေးဝတ်ရည်သောင်းတို့ နှင်းဝတ်ရည်သောင်းတို့ရဲ့ ညီမလေးလားမှတ်ရတယ် ဒါ့ကြောင့် သူ့
ကို မေ၀တ်ရည်သောင်းလို့ခေါ်တယ် သူ့ချစ်သူကောင်လေး ထက်ဝေယံကိုတော့ ရုပ်ရှင်မင်း
သား ရီဝေယံနဲ့ ခပ်ဆင်ဆင် ဆိုတော့ ထက်ဝေယံလို့ပဲခေါ်လိုက်တယ်ဆိုပါတော့။ တကယ်
တော့ သူတို့ နှစ်ယောက်စလုံးက သူတို့ပင်ကိုယ်ရုပ်ရည်ချောမော တင့်တယ်သူတွေပါ အနီး
စပ်ဆုံး တူတဲ့သူတွေနဲ့ သရုပ်ဖေါ်လိုက်တာပါ သူတို့ကိုယ်တိုင်သာ ရုပ်ရှင်လောကနဲ့ နီးစပ်လို့
ရုပ်ရှင် ဗွီဒီယို ရိုက်ရရင် ဟိုမင်းသားမင်းသမီးတွေထက်တောင်ကျော်နိုင်သေး။

ထက်ဝေယံက ကိုချစ်ဖေကို “အကို အကိုနဲ့ ဗိုလ်ပြူးနဲ့ ဘယ်လိုလုပ်သိသွားတာလဲတဲ့ ကျနော်
တို့မြို့မှာ ဗိုလ်ပြူးဆိုအားလုံးသိတယ် တပြူးထဲရှိတယ်လေ အကိုလဲ ဒါမျိုးတွေ ၀ါသနာပါလို့
လားတဲ့” ကိုချစ်ဖေလဲ အဲ့ဒီတော့မှ ကမန်းကတမ်းရှင်းရတာပေါ့ “မဟုတ်ပါဘူး ထက်ဝေယံ အ
ကို ဒါမျိုးတွေ ၀ါသနာမပါ ပါဘူး ဗိုလ်ပြူးနဲ့ လူချင်းကိုခင်မင်လို့ပါ” ဆိုလေ ထက်ဝေယံက ရယ်
လေပဲ “အကိုကလဲ ၀ါသနာမပါဘူးသာဆိုတယ် ဗိုလ်ပြူးနဲ့သူငယ်ချင်း လူချင်းခင်မင်လို့ဆို
တော့ ကျနော်နားမလည်တော့ဘူး” တဲ့ အဲ့ဒါနဲ့ ထက်ဝေယံကို ရှင်းပြရတာပေါ့ ဒို့အရေးပြီးကာ
စ ဗိုလ်ပြူးနဲ့ ကိုချစ်ဖေနဲ့က ဘ၀တက္ကသိုလ်ကြီးမှာ မတက်ချင်တက်ချင်နဲ့ မတက်မနေရ တက်
လာခဲ့ရသူတွေလေ ဒီတော့ သိတာပါ အပြင်မှာတော့ တခါမှ သူ့အိမ်မရောက်ခဲ့ပါဘူးပေါ့။

ကိုချစ်ဖေ ကျောင်းထဲမှာရှိတုန်းက ဗိုလ်ပြူးတို့ ကျသစ်တွေ ရောက်လာတယ် ထောင်ပုံစံသင်
နေတုန်းပါ ဗိုလ်ပြူးကို တဖုန်းဖုန်းနဲ့ ရိုက်နေတော့ ဘာဖြစ်တာလဲလို့ ကိုချစ်ဖေလဲ ကြည့်မိတာ အဲ့ဒီတုန်းကတော့ ဗိုလ်ပြူးမှန်းဘယ်သိဦးမလဲ ပုံစံသင်တဲ့သူက တော်တော်ကို စိတ်မရှည်ဖြစ်
နေပြီ “ခင်ဗျားကို ဘယ်နှစ်ခါ သင်ပေးရဦးမလဲ ထောင်ထဲမှာ အဲ့ဒီလိုပဲ သုံးရတယ် သေသေချာ
ချာလိုက်ဆို မရရင် နာမယ် ဘာမှုဖြစ်လဲဆို…တရွာထဲနေ မိန်းကလေးသုံးဦးအား ပြည့်တန်ဆာ
ခေါင်းလုပ်မှု..လို့ ဖြေရမယ် တရွာထဲနေ မိန်းကလေးသုံးဦးအား -ါ ခေါင်းလုပ်မှုလို့ မဖြေရဘူး
ဒါရုံးမှာဖြေရမှာ” တဲ့ သင်တဲ့သူက သင်ပေမဲ့ ဗိုလ်ပြူးကလဲ သူအလုပ်ကို သူစိတ်စွဲနေလို့ထင်ပါ
တယ် နောက်ကြောက်တာလဲပါမှာပေါ့ သူဖြေတိုင်း “ တရွာထဲနေ မိန်းကလေးသုံးဦးအား -ါ
ခေါင်းလုပ်မှု” လို့ပဲဖြေဖြေနေတယ် ပြည့်တန်ဆာလို့ အစားထိုးဖြေရမှာကို မှားနေတာ
တော်တော်အရိုက်ခံရပြီးမှ မှန်သွားတယ်။

နောက် ဗိုလ်ပြူးက စီမံချက်နဲ့ ထောင်သုံးနှစ်ကျပြီး ကိုချစ်ဖေတို့ အခန်းကိုရောက်လာတယ် လူ
ပုံပမ်းက ဖြူဖြူသေးသေး ကွမ်းစားတယ် ပြုံးပြုံး ပြုံးပြုံး တွံတေးသိန်းတန် ဟင်္သတထွန်းရင်တို့ရဲ့
သီချင်းတွေ တန်းပိတ်ရင် အမြဲဆိုတယ် ကျန်တဲ့အချိန်မှာလဲ သူက သီချင်းလေးတအေးအေးနဲ့
ဆိုတော့ ကိုချစ်ဖေတို့လဲခင်တာပေါ့။ ညဖက်ဆိုတန်းပိတ်ချိန် ကိုချစ်ဖေတို့ ၀ိုင်းကိုလဲ စကား
လာလာပြောတတ်တယ် သူပြောပြတာက “ကိုချစ်ဖေရယ် တကယ်ကကျနော်ခုလိုဒီကိုရောက်
လာတာ ရောက်ချင်လို့ကို ရောက်လာတာပါ ကျနော့်ကို ဒီတခါတော့ စီမံချက် လိုင်းကြေးပေး
လို့ကို မရတော့ဘူး ခင်ဗျားနာမည်က တိုင်းအထိပေါက်နေပြီး ကျနော်တို့လဲ ကာလို့မရတော့
ဘူး ဒီတော့ခင်ဗျားကို ဖမ်းရလိမ့်မယ် လို့ နယ်ထိမ်းကိုယ်တိုင်က လာပြောတာပါဗျာ ကျနော်တို့
လဲ လိုင်းကြေးမှန်မှန်ပေးပါတယ်” တဲ့။

သူ့ကိုသူများတွေက ဗိုလ်ပြူးလို့ခေါ်တာ ဘာဖြစ်လို့ ခေါ်တာလဲ လို့မေးကြည့်တော့“သိဘာဘူး
ဗျာ အဲ့ဒီလိုခေါ်ကြတာပဲ ခင်လို့ပဲ နေမှာပေါ့တဲ့ဒါ့ကြောင့် ကျနော်လဲ ဒီနာမည်ကြိုက်တယ် ” တဲ့
အဲ့ဒီတော့မှပဲ သူငယ်ချင်းတွေကို ပြန်သတိယလာတယ် တိုက်တိုက်ဆိုင်ဆိုင် ပဲခူးက ကျနော့်
သူငယ်ချင်းသုံးလေးယောက်က ကျနော့် ကို ဗိုလ်ချစ် ဗိုလ်ချစ်ခေါ်တယ် ကျောင်းတွေပိတ် ခါနီး
တော့ လိပ်စာတွေအပြန်အလှန်ပေးကြရင်း ကျနော့်စာအုပ်ထဲမှာ ဗိုလ်ချစ်ဘာညာရေးကြတယ်
ဗျာ အပြင်မှာလဲ အဲ့ဒီလိုပဲခေါ်တာပါပဲ ဖြစ်ချင်တော့ ကိုခင်ညွန့်တို့ ထမင်းစားဖိတ်တော့ အဲ့ဒီစာ
အုပ်ကိုသိမ်းသွားတယ် စစ်ကြောရေးထဲမှာ မင်းကို သူများတွေက ဘာလို့ ဗိုလ်ချစ်လို့ခေါ်တာ
လဲ ဘယ်တုန်းကခေါ်တာလဲဆိုပြီး ထုနေလို့ဗျာ မနည်းရှင်းရတယ် အဲ့ဒီလိုနဲ့လဲ ဗိုလ်တွေနဲ့ ရေ
စက်မှာ ဆုံတယ်ဗျာ။

ဗိုလ်ပြူးနဲ့တော့ တော်တော်ကိုခင်ပါတယ် ကျနော်တို့က “ခင်ဗျားကို ခု အဲ့ဒီအမှုနဲ့ ဖမ်းလာပြီဆို
တော့ ခင်ဗျားအလုပ်ကိုရပ်ထားရတယ်ပေါ့” လို့မေးတော့ “ဘယ်ကလာရပ်ရမှာလဲဗျာ ကျနော့်
မိန်းမကဆက်ပြီးလုပ်နေလို့ ထောင်ဝင်စာလေးမှန်နေတာပေါ့ ခုအဖမ်းခံရတဲ့ကောင်မလေးတွေ
ကလဲဖြစ်ချင်တော့ ဝေးဝေးကိုမပြေးလို့ကို ရဲကဖမ်းမိသွားတာ ဒီတော့ ကျနော်ကိုသက်သေခံပ
စ္စည်းနဲ့ကကွ မိတယ်ဆိုတာမျိုးလုပ်တာပေါ့ ခုလဲ လိုင်းကြေးပေးပြီးဆက်လုပ်နေတာပါပဲဗျာ” တဲ့ ဗိုလ်ပြူးက သီချင်းလေးညည်းညည်းနေတတ် သီချင်းဆို ၀ါသနာပါတော့ ကျနော်တို့က သူသီချင်းဆိုနေတာတွေ့တိုင်း ကွမ်းယာကို ခါးကြားထဲထည့်ထားပြီး သူ့ရှေ့မှာ ထုတ် “ ရော့…
ဗိုလ်ပြူး ဒီကွမ်းယာကိုစား ပြီးရင် နားထဲသာထွေးချလိုက်” လို့စတိုင်း သူသီချင်းဆိုတာရပ်ပြီး တဟားဟားနဲ့ကို အော်ရယ်တာ။

နောက်ကျနော်တို့ရှေ့မှာဆို ဘယ်တော့မှသီချင်းမဆိုတော့ဘူး ဒါပေမဲ့လဲ တခါတော့ လက်
ဖက် ရေနွေးကြမ်းပါ အဆောင်ထဲရှာဖွေလုပ်ထားတယ် အဆောင်ပိတ်တော့ တယောက်က
မျက်နှာသေလေးနဲ့ ဗိုလ်ပြူးကိုသွားဖိတ်တယ် “ဗိုလ်ပြူး လက်ဖက် ရေနွေးကွမ်း ဆေးလိပ်အကုန်
ရှိတယ် ထောင်ဝင်စာလာထားတယ် ကျနော်တို့နဲ့ စကားလာပြောပါဦးဆိုပြီး သီးသန့်သွားဖိတ်
တယ်။ဗိုလ်ပြူးကလဲ လိုက်လာတာပါပဲ ကျနော်တို့နဲ့ ဟိုပြောဒီပြောပေါ့ “အသစ်ကလေးဆိုတာ ကိုယ့်ဆီကို ခုမှရောက်တာဆို အသစ်ကလေးပဲဗျ ဘယ်လောက်ဒီအလုပ် လုပ်ခဲ့လုပ်ခဲ့ ခင်ဗျား
တို့ ဘယ်တော့မှ မယုံနဲ့” “ကျနော်တို့က တကယ်တော့ ကြားကပွဲစားပါဗျာ”ဘာညာဆိုတာမျိုးပေါ့ ။

ကျနော်တို့ကလဲ သူသီချင်းဆိုတာ နားထောင်လို့ကောင်းကြောင်း အိမ်မှာရော ဒီလိုပဲ အမြဲဆို
နေတာပဲလား ဆိုပါဦး ဆိုတော့ မဆိုတော့ဘူး ကျနော်တို့ သူသီချင်းဆိုတိုင်း ကွမ်းယာနဲ့ နောက်နေကြဆိုတော့ မဆိုတော့ဘူး ကျနော်တို့ အားလုံးကလဲ အလကားစတာပါ ဗိုလ်ပြူးရယ်တကယ်ကောင်းတာပါ ခင်ဗျားကဟင်္သာတ
နားမှာ နေလို့လားမသိဘူး ဟင်္သာတထွန်းရင် သီချင်းဆိုရင် ပိုတူတယ် ဘာညာ လျှောက်ပြော
ရတာပေါ့ အဲ့ဒီလို အားလုံးက အတည်ပေါက်နဲ့ တကယ်ပြောနေတော့ သူယုံတာပေါ့ သူက
“ဒါဆိုလဲ ကျနော်ဆိုမယ်ဗျာ” ဆိုပြီးဆိုတော့တာပါပဲ သူတကယ်သီချင်းအပေါ်မျာ ဈာဉ်ဝင်တဲ့အချိန်ကြမှ အသင့်ယာပြီး
ခါးကြားထဲဖွက်ထားတဲ့ ကွမ်းယာထုတ်လေးကို သူ့ရှေ့ထိုးပေး ခေါင်းကိုလဲ စောင်းပေးစားပြီး
နားထဲကိုသာ ကွမ်းတံတွေး ထွေးထည့်ပေတော့လို့ အမူအယာနဲ့ လုပ်ပြတယ်ဆို တဟားဟား
ရယ် တာမဆုံးတော့ဘူး “ခင်ဗျားတို့ကို သတိထားနေရက်နဲ့ ခံရပြန်ပြီ” လို့လဲပြောသေး။

နောက် သူရဲဘက်စခန်း ပါသွားခါနီး သူမသေလို့ သူ့မြို့လေးကို ပြန်ရောက်တဲ့အခါ ဘူတာမှာ
ထဲက သူ့နာမည် ဗိုလ်ပြူးကိုပြောပြီးမေးလိုက်ပါ ကြိုက်တဲ့ဆိုက်ကားသမားကို ပို့ခိုင်းလို့ရပါ
တယ် ဆိုက်ကားခပါ ဆီးပေးမယ်ဗျာ ခင်ဗျားတို့သာလာမယ်ဆိုရင် ကြိုက်သလောက်နေ ဧည့်
စာရင်းပါ တိုင်စရာမလိုဘူး ကျနော်ဆီမှာ အမြဲ ကောင်မလေးတွေ ၁၀ ယောက်အထက်ရှိတယ်

ရ၀တလဲ ကျနော်ပိုင်တယ် နယ်ထိမ်းလဲ ကျနော်ပိုင်တယ် ကျနော့်တော့ ဧည့်ခံစရာ ဒါပဲရှိတယ်
တဲ့ကျနော်တို့ကလဲ ဗဟုသုတအလို့ငှါမေးမြန်းတာပါ နောက် ထောင်ကျခြင်း ဘ၀တူခြင်း ချစ်
ချစ်ခင်ခင်နေတာပါ ဗိုလ်ပြူးဆီကိုတော့ တခါမှ မရောက်ခဲ့ပါဘူး သူ့ရှိတဲ့ တောမြို့လေးရဲ့ဘူတာ
ကိုတော့ ခဏဖြတ်သွားရင်းရပ်ခဲ့သေးတယ်။

သူအိမ်ကိုပြန်ရောက်မရောက်တော့ မသိတော့ပါဘူး နောက် ထက်ဝေယံနဲ့ တွေ့တော့ မေး
ကြည့်တော့ ဗိုလ်ပြူးက ခုထိရှိတုန်းပဲတဲ့ သူကတော့မရောက်ပါဘူးတဲ့ ကျနော်ကလဲ သတိယ
လို့သာ တကယ်က အဝေးမှာ နောက်ပြန်တွေ့ရင် ကျနော့်ကို မှတ်မိမယ်တော့ ထင်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဗိုလ်ပြူးအသက်ရှင်လျှက် ရှိနေသေးတယ်ဆိုတော့ ၀မ်းသာရပါတယ် လေး
လုံးရောဂါတွေကလဲများနေတော့ ကျမ်းတော့ကျမ်းမာပါ့မလား မသိ။



9 comments:

Nge Naing March 9, 2010 at 6:44 PM  

ကိုချစ်ဖေ အထင်ခံရတာတောင် နညးသေးတာပေါ့။ အဲဒီလို လူမျိုးကိုတော့ ကျွန်မတော့ ဘယ်တော့မှ လွမ်းမှာမဟုတ်ပါဘူး။

ကိုကျောက်ပြူး March 9, 2010 at 9:38 PM  

အလည်လာပါအုန်းတဲ့...

ကိုအောင် March 9, 2010 at 11:38 PM  

ဘ၀အတွေ့အကြုံတွေဟာ အပြင်က အဖြစ်တွေထက်
တကယ့်ကို ဆန်းလှပါတယ်၊ အားပေးလျက်ပါ အကိုကြီး။

Crystal March 11, 2010 at 5:18 AM  

အားပေးပါတယ် နောက်လည်း ရေးအုံးနော်။ ဘာတွေများ ထူးခြားမလဲလို့ အစ အဆုံးဖတ်သွားပါတယ်။ အဟိ...။

Ko Toe Gyi ( Multiply Boo Boo Gyi ) March 11, 2010 at 9:33 AM  

ဗိုလ်ပြူးပြီးတော့ ဗိုသန်းရွှေ အလှည့်ပေါ့ ဘာတွေရေးမလည်းကြည့်မယ်လေဟဟဟဟ

ဂျူနို March 11, 2010 at 11:49 PM  

ထောင်တော့ မကျဘူး ဒါပေမယ့် ဗိုလ်ပြုးထက် ဆိုးတဲ့ မထသ ခေါင်းတွေ တပုံကြီးပါ။

မအယ်

ကလူသစ် March 13, 2010 at 3:53 AM  

တခေါက်လောက်တော့ အကြောင်းရှာပြီး သွားလည်သေးတယ်မဟုတ်လား။ မညာနဲ့နော် :)

ကိုလူထွေး March 21, 2010 at 2:19 PM  

ရောက်ခဲ့တယ်ဆို အတွေ့အကြုံလေးတွေ လုပ်ပါအုံး...

းဝ)

မဗေဒါ April 16, 2010 at 1:58 AM  

ဗိုလ်ချစ်

ပထမအကြိမ် ရောက်လာ၍ ဗိုလ်ပြူးကို ဖတ်သွားသည်..။ အင်း.. တက္ကသိုလ်ကျောင်းတော်ကြီးထဲ
ရောက်ဖူးတယ်ဆိုပဲ..။ ဟင်း ဟင်း ..။

အချိန်ရရင်ရှယ်ကြတာပေါ့ရှင်..။

မဗေဒါ

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP