Thursday, March 4, 2010

ဝေးခဲ့ရင်

“ဟားဟား..ဟားဟား..
ဟေ့ကောင်..ကျော်ဌေး..မင်း မင်္ဂလာဦးညက တယ်မိုက်ပါလားကွာ..
ခုနတန်းပိတ်ပြီးတော့ ဟိုကောင်တွေအုပ်စုက ဆိုနေတဲ့သီချင်းက မင်းမင်္ဂလာဆောင်ကဖွင့်
နေတာကိုး..
တော်တော်ရယ်ရတဲ့ကောင်ကွာ
ကိုယ်ကိုယ်တိုင်တောင် ကျရက်မသိသေးတဲ့ကောင်က ရုံးထွက်ရင်း တရားရုံးမှာ လက်မှတ်ထိုး
ပြီးမိန်းမယူလာရတယ်လို့…
ဟိုကောင်မလေးကကော..လွတ်ပြီးမှ ထောင်ဝင်စာလိုက်
တွေ့ ချင်နေတယ်ထင်တယ်..ဟင်း..
မရှိလို့ ခိုးဝှက်စားနေရတဲ့ ကောင်မကများ အမှုသေးလို့ လွတ်ရက်နီးတာနဲ့ လင်ယူချင်ရသေး..”



“ဆရာ..ကျနော့်ကို ပြောချင်ပြောပါဆရာရယ်..
ကျနော့်ကောင်မလေးကိုတော့ မပြောပါနဲ့ သူလဲစားစရာမရှိလို့ ခိုးတယ် တခါခိုး တခါမိတယ်.
ကျနော့်ကသာ ငယ်ငယ်ထဲက ခဏခဏ ခိုး မှုနဲ့ဝင်နေတာပါ..ကျနော့်ကိုပြောပါဆရာ..
ကျနော်တို့ ခုလို ရုံးထွက်ရင်း လက်မှတ်ထိုးယူလိုက်တာ ခုအတူမနေရပေမဲ့ ..သူနဲ့ကျနော်
လွတ်လာတဲ့အခါ အတူနေကြရမှာပဲ ဆရာ..”

“ဟား..ဟား..တော်တော်ရူးတဲ့ကောင်ကွာ..ထောင်ထဲရောက်လို့ ဒုက္ခရောက်နေလို့ ချစ်တာ
ကြိုက်တာတွေ မေ့ထားတယ်မှတ်တယ် အံ့ရောကွာ..မင်းကရော ဘယ်တော့လွတ်မှာလဲ..
ခိုးမှုက ၄ မှု ဖေါက်ထွင်းမှုက ၂ မှု လေ..”

“ဆရာ..ကျနော်တရားရုံးမှာ ၀န်ခံပြီးပြီဆရာ အမြန်ထောင်ချမှာပါ။ ကျမှာမထူးတော့ မြန်မြန်ကျ
မြန်မြန်လျှော့ရက်ရ မြန်မြန်လွတ်အောင်ပေါ့ဆရာ..ကျနော်ရဲဘက်ပါသွားလဲ ကောင်မလေးလိုက်လာတွေ့လို့ ရတယ်လေဆရာ..”

“အေးအေး..ကျော်ဌေး မင်းစိတ်ကူးနဲ့မင်းတော့ ဟုတ်နေတာပဲ..ရဲဘက်မှာ ဂိပြီး မသေရင်တော့
ပေါင်းရမှာပေါ့ကွာ မသေအောင်ကြည့်နေပေါ့ကွာ..ငါတော့ ဒါပဲလက်ဖွဲ့နိုင်တယ်..မင်းကလဲ ဘာမှ မကျွေးတာပဲကွာ..”

“ဆရာ..ကျနော်တို့ မနက်က အချူပ်ခန်းထဲက ချူပ်သစ် ကျသစ်တွေအားလုံး လက်ဖက်ရည်တိုက်ပါတယ်ဆရာ ကျနော်တို့ လက်မှတ်ထိုးတဲ့ရုံးက ၀န်ထမ်းတွေလဲ လက်ဖက်ရည်တိုက်ပါတယ်ဆရာ..ဟဲဟဲ..ကျနော်လဲ ပိုက်ဆံအကုန်ပါပဲ..”

“အေးကွာ..မင်းစိတ်ချမ်းသာရင်ပြီးရော..စာခိုးရေးတဲ့ကောင်တွေ သတိထား နိုင်ငံရေးတွေ တိုင်စာတွေ မိလို့ကတော့ ချီးထွက်သွားအောင်ရိုက်ပစ်မယ်..ရည်းစားစာလဲ မရေးကြနဲ့ အရူးမထကြနဲ့…သိလား..”

“ဟုတ်ကဲ့ပါ..ဆရာ..”

သူခိုးကျော်ဌေး(အခြားကျော်ဌေးများလဲရှိ၍ အများကထိုသို့ ခွဲခေါ်ခြင်းသာဖြစ်ပါသည်)နဲ့ ထောင်မှုးတယောက် ကျော်ဌေးတို့ ချစ်သူနှစ်ဦး တရားရုံးမှာ လက်မှတ်ထိုးပြီးသောညမှာ ထောင်မှုးက ကင်းလှည့်လာရင်း ကျော်ဌေးသတင်းကြား၍ အပြန်အလှန်ပြောနေကြခြင်း ဖြစ်သည်။ ကျော်ဌေးက အမှု ၆ မှု တချို့ထောင်ကျပြီး တချို့ကျန်နေသေး၍ရုံးဆက်ထွက်နေရ
သည်။

အသားညိုညို ထောင်ထောင်မောင်းမောင်း ထောင်ထဲကို ငယ်ငယ်ထဲက ၀င်လိုက်
ထွက်လိုက် ထောင်ကပြန်ထွက်တာနဲ့ ပြန် ခိုး ပြန် ခါးပိုက်နှိုက် သံသရာလည်နေခဲ့ရင်း အရွယ်
ရောက်လာသူ ရုံးထွက်ရင်း မိန်းကလေးထောင်က ခိုးမှုအချူပ်ကျကောင်မလေးနဲ့ မျက်လုံးချင်း
ဆုံ ရင်ခုန်ခဲ့ကြသည်တဲ့ သူကလဲ စာကိုဖတ်တတ်ရုံ ကောင်မလေးက မဖတ်တတ် အချူပ်ကား
တကားထဲ ရှေ့နောက်သံတိုင်ခြားစီးကြရင်း ချစ်သွားကြသည် အပြန်အလှန်စာပေးစာယူခဲ့ကြ
သည်။ ရုံးချိန်းအတူကျအောင် တရားသူကြီးကိုတောင်းပန်ခဲ့ကြသည်။

မိန်းမထောင် ထမင်းပုံးထမ်းသူငယ်ချင်းများဆီက ရင်ခုန်စရာ လက်ရေးလှလှလေးများ
နှင့်ပြန်စာတွေရခဲ့သည်။ ကျော်ဌေးက ကျနော်နဲ့ခင်သည် ကျနော်က ကျော်ဌေးရဲ့ ရုန်းကန်နေ
ထိုင်ရမှုကို စိတ်ဝင်စားသည် ကျနော့်ဆေးလိတ်လေးကို ဖဲ့တိုက်ရင်း ရင်းနှီးခဲ့ကြသည်။ ရင်းနှီး
၍လဲ ကျနော့်ကို သူ့အချစ်ဇာတ်လမ်းကို ရင်ဖွင့်သည်။ စာကောင်းမွန်စွာမတတ်ကြသူခြင်း ဘယ်လိုစာပေးစာယူဖြစ်သွားကြသည်လဲ ဆိုတော့ စာရေးပေးတဲ့သူကရေးပေးသည်။ စာဖတ်
ပြီးပြန်စာရေးပေးသူက ပေးသည် စာတစောင်နှင့်တစောင် လက်ရေးမတူတတ် နီးရာလူကို အ
ကူအညီတောင်းပြီး စာရေးကြသည်။ စာပြန်ကြရသည်။ မဖတ်တတ်တဲ့စာလေးကို ခဏခဏ
ထုတ်ကြည့်ရင်း အလွမ်းဖြေကြရသည်။ ရရာစာရွက်ပေါ်မှာ အဆင်ပြေသလိုရေးရတော့ စာ
ရွက်က မျိုးစုံသည် ဆေးလိတ်ထုတ်တံဆိပ်နောက်ကျော စီးကရက်ဗူးခွံ ဗမာပြည်လုပ် အိမ်
သာသုံး စက္ကူထူ စာအကုန်လက်ရေးစုံ သိမ်းထားသည်။ နောက်သူတို့လက်ထပ်ရန် တသက်လုံး မခွဲအတူနေကြရန် သဘောတူ လိုက်ကြသည်။

လက်ဖက်ရည်တိုက်ဖို့ ထောင်ထဲမှာပဲငွေရှာ အမှုအကုန် ထောင်မြန်မြန်ကျ ရဲဘက်မြန်မြန်ပါရင် ရဲဘက်မှာ ချစ်သူနှင့် အတူနေထိုင်ခွင့်ကို ရင်ခုန်နေရသည် ကောင်မလေးက အသားဖြူဖြူတစ်
တစ်ရစ်ရစ် နှာတံပေါ်ပေါ် ရောဂါသည်အဖေနှင့် မောင်နှမများကို ရပ်ကွက်ထဲ အ၀တ်လျှော်ရေ
ခပ် အမှိုက်ရှင်း လိုရာလုပ်ပေးရင်းရှာကျွေးမွေး နောက်ခိုးမှုနှင့်ထောင်ထဲရောက်လာသူ ရုံးချိန်း
ထွက်ရင်း ကျော်ဌေးနှင့် ချစ်သွားသည်။ ကျော်ဌေးက ခိုးမှုသမား ခါးပိုက်နှိုက်ပေမဲ့ အချူပ်ခန်း
ထဲမှာ ရိုက်ရဲ ချင်းရဲ ခွာရဲ ချွတ်ရဲသည်။ ထိုနည်းနှင့်ထောင်ထဲမှာ ပိုက်ဆံရှာသည်။ကောင်မ
လေးက ထောင်ထဲမှာ ၃(ခ)အမှုသည်များနှင့်တွေ့ရင်း ထောင်ကအလွတ်မှာ လိုင်းထဲကို ရောက် သွားနိုင်လို့ ကျော်ဌေးက လက်ထပ်လိုက်ရတာဟု ပြောသည်။ ဘာပဲဖြစ်ဖြစ် ကျနော်
တို့အားလုံးအတွက်ထူးခြားနေသည် ကျော်ဌေးက သူဖွက်ယူလာသော စီးကရက်ဗူးထဲက စီးက
ရက်ကို ထုတ်ပေးရင်း သူတို့ တနေ့ပြန်ဆုံမှာလို့ ကျနော့်ကိုပြောပြနေသေးသည်။

အသက် ၂၀ အရွယ် ကောင်မလေး စာမတတ် အရှေ့အနောက်ရယ်လို့ သူမသိ ကျော်ဌေးပါ
သွားမည့် ရဲဘက်စခန်းကို လိုက်တွေ့ဖို့ ငွေကြေးမပြည့်စုံ ရုပ်ရည်သနားကမားနှင့် ထိုကောင်မ
လေး ကျော်ဌေးကို လိုက်ကောတွေ့နိုင်ခဲ့သည်လား ခိုးမှုနှင့်ထောင်ကလွတ်လာသော ထိုကောင်မလေးကို ရပ်ကွက်ထဲကကော အလုပ်ပေးကြပါဦးမည်လား။ ကျနော်မသိတော့ ကျနော်ထောင်ထဲမှာ ရှိနေတုန်း ကောင်မလေး ထောင်ကမလွတ်မီ ကျော်ဌေး ရဲဘက်ပါသွား
သည်။ ကောင်မလေးနှင့် အတွင်းထောင်ဝင်စာတွေ့ခွင့်ခဏရသွားသည်။ ကျော်ဌေးရဲဘက်မှာ သေဆုံးထွက်ပြေးစာရင်းသံကို ကျနော်နားစွင့်ထားမိသည်။ သူ့ထောင်ကျနှစ် ၄ နှစ်ခွဲ အပြီး သူ့မြို့လေးကို ပြန်ရောက်ရင် စက်ဘီးပြင်ဆိုင်လေးဖွင့်မည် သူစက်ဘီးပြင်တတ်သည် ဟုဆိုသည် ရပ်ကွက်ထဲ အေးအေးဆေးဆေးလုပ်ကိုင်စားတော့မည်လို့တော့ ပြောသွားသည်။

ထိုသို့ပြောသွားရင်း ပြန်ရောက်လာသူတွေလဲ မနည်းတော့ ကျနော်လွတ်လာခဲ့ပြီး အချိန်ထိ
ကျော်ဌေးသေဆုံးစာရင်း ထွက်ပြေးစာရင်းထဲမပါပါစေနဲ့လို့ ဆုတောင်းပေးခဲ့သည်။ ကျနော့်ဆုတောင်းကော ပြည့်နိုင်ပါ့မလား ထိုစာရင်းဇယားကို ကျနော့်ကိုကော ဘယ်သူက ရှာပေးမှာလဲ ရဲဘက်ပြေးများပြန်ရောက်လာသူများကို စမ်းတ၀ါးဝါးမေးကြည့်ရုံသာ။

အစစ အရာရာ အဆင်ပြေ ချောမွေ့ခဲ့သူများရဲ့ တက္ကသိုလ်အချစ်ဇာတ်လမ်းတွေက အားကြ
ဖွယ်ရာပါ ကြည်နူးဖွယ်ရာပါ အဆင်မပြေခဲ့ရသူတွေကကော လူသားတွေပဲမို့ ထောင်ထဲမို့လို့
မချစ်ကြရတော့ဘူးလား ။

ကျော်ဌေးတို့လဲ လူသားတွေပဲနော။




14 comments:

ရွှေရတုမှတ်တမ်း March 4, 2010 at 6:53 AM  

ကိုချစ်ဖေကြီးဆီမှာ ကုန်ကြမ်းတွေအများကြီးရှိတာပဲ၊..ထောင်ဇတ်လမ်းလေးတွေရေးပါဦး...

kiki March 4, 2010 at 7:49 AM  

အသည်းနှလုံးရှိသူတိုင်းချစ်တတ်ကြတာပါပဲလေ .
မြင် မြင်ခြင်းပဲ ချစ်မိတယ် ။ မြင်မြင်ခြင်းပဲကြိုက်မိတယ် ၊ ဆိုသလိုပေါ့ ။

သူခိုးလုပ်စားတာ အကျင့်ပါနေတဲ့  ကျော်ဌေးတယောက် ခွေးမြီးကောက် ကျည်တောက်စွပ်သလို မဖြစ်ပါစေနဲ့ လို့  မျှော်လင့်ရတာပဲ .. ဒါပေမဲ့  စဉ်းစားကြည့်လိုက်တော့လည်း ဘယ်သူက နဲနဲပါးပါးလေး နဲ့  ခိုးစားချင်ကြပါ့မလည်းနော်..

ခုခေတ်သူခိုး အကြီးစား ကြီးတွေကျ (လူကြီးလူကောင်း အရေခြုံပြီး) တော့ လွတ်လပ် ပျော်ပါး စည်းစိမ်တွေ ခံစား နေလိုက်ကြတာ ....

ကိုအောင် March 4, 2010 at 7:50 AM  

စာတွေ လာဖတ်ပါတယ် အကိုကြီး၊ အားပေးလျက်ပါ။

Anonymous,  March 4, 2010 at 11:13 AM  

ဇာတ်လမ်းလေးက သနားစရာလေးပါလား ကိုချစ်ဖေ။
သူခိုးကြီး မမိ သူခိုးလေး မိဆိုတာလေး သတိရမိတယ်။
မအယ်

Nge Naing March 5, 2010 at 12:14 AM  

စိတ်ဝင်စားစရာ ဇာတ်လမ်းလေးပဲ။ ကျော်ဌေးတို့အတွဲ ပြန်ဆုံပြီး ကောင်းမွန်တဲ့ ဘ၀တခုကို ထူထောင်နိုင်ပါစေလို့ ဆုတောင်းပါတယ်။

မယ့်ကိုး March 5, 2010 at 7:44 AM  

မမန့်အားသော်လဲ နားလည်စာနာပါကြောင်း ဆိုတဲ့ စာလေးကို အခုမှ ဖတ်မိတယ်။
စာအမြဲတမ်းလာဖတ်ပါတယ်။ တကယ်ပါ။ မမန့်ဖြစ်တာပါ။

ဒီလိုစာလေးတွေကို ဖတ်ရတဲ့အတွက် ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။

အားပေးလျက်ပါ

Sein Lyan Tun March 5, 2010 at 2:41 PM  

ဒါမျိုးဖတ်ရတာ အားရ ကျေနပ် ...

ချစ်ကြည်အေး March 5, 2010 at 7:27 PM  

သူတို့ လွတ်လပ် အနှောင်အဖွဲ့ ကင်းစွာ၊ ကျန်းမာစွာနဲ့ ပြန်ဆုံကြပါစေအကိုရေ....:)

Crystal March 5, 2010 at 10:52 PM  

တနေ့တော့ ဆုံကြမှာပါ။ တစ်နေ့နေ့ တစ်ချိန်ချိန် တနေရာရာမှာ။

ကိုလူထွေး March 6, 2010 at 4:08 AM  

ဟုတ်တယ် ကိုချစ်ဖေ...
လူမှုဘဝ ဖူလုံမှုရှိနေရင် ဘယ်ငနဲသားကရော ထောင်အကျခံပြီး ခိုးချင်ဝှက်ချင်မှာလဲ...
ကိုကျော်ဌေးမှာလည်း နှလုံးသားနဲ့...
စာနာပြီးမြင်တတ်တာကို ဂုဏ်ယူပါတယ်ဗျာ...

းဝ)

ကဗျာဦး March 7, 2010 at 5:38 AM  

အစ်ကိုချစ်ဖေ ဆီ မရောက်တာ စာမေးပွဲဖြေနေရလို့ပါ
လူသားတိုင်းအချစ်နဲ့မကင်းပါဘူး
ဇာတ်လမ်းကကြေကွဲစရာပါ
လေးစားလျက်

sosegado March 7, 2010 at 6:56 AM  

ချစ်သူတိုင်းပေါင်းရပါစေ၊ ရဲဘက်တိုင်းလဲ အသက်ရှည်ပါစေ၊

jr March 21, 2010 at 12:30 AM  

တကယ့် ကြည်နူးဖွယ် realism ဇာတ်လမ်းလေး..
ကျော်ဌေးက စက်ဘီးပြင်ဆိုင်လေးဖွင့်ပြီး ဘ၀ကို ရိုးရိုးသားသားဖြတ်သန်းသွားချင်တဲ့ စိတ်ကလေးကို နှစ်သက်မိတယ်။

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP