Monday, March 1, 2010

လမ်းပေါ်က ဘာမှမဟုတ်တဲ့ ကဗျာ

လမ်းပေါ်က ဘာမှမဟုတ်တဲ့ ကဗျာ

လက်ဖြောင့်သေနတ်သမားရဲ့
ကြယ်တွေကိုချိန်တွယ်ပစ်ခတ်မှုတိုင်းကို
(ရူးရူးမိုက်မိုက်.ဗျာ)
အဲ့ဒီတုန်းက
တေလေလူငယ်လေး တယောက်က
လှောင်ပြောင်ရယ်မောခဲ့တာပါ။
ဘာမှမဟုတ်ပါဘူး။

ခင်ဗျားပြောတဲ့
လူကြီးလူကောင်းတွေက
ညစာကို တခန်းတနားစားတယ်
ယဉ်ယဉ်ကျေးကျေးစကားဆိုတယ်
ကျောသပ်ပြီးပြုံးတတ်တယ်
အကျိုးအမြတ်တခုတွက်
အရာရာလုပ်ရဲတယ်
မေ့လွယ်ပျောက်လွယ်ရှိတယ်
ကျောကသားနဲ့ ရင်ကသားခွဲချစ်တတ်တယ်။

ကျနော်က
အနှစ်သုံးဆယ်လောက်က
ဘ၀မှာမဆိုဖြစ်လိုက်တဲ့
ခေတ်ဟောင်းသီချင်းတပုဒ်ကို
အခုပြန်ဆိုချင်တယ်
“ကြိုက်တာရမယ် သူ့တန်ရာတန်ကြေး
ဘရာသာရေဇေပါတယ် ငွေသာအရင်မစပါ” *
ဒါဏ်ရာအနာတရပေါ်တိုင်း မဆိုဖြစ်ခဲ့ပါဘူး။

ခင်ဗျားကိုလား
ခင်ဗျားကို ဘာမှပြန်ပြောစရာလဲ မရှိပါဘူး
ခင်ဗျားလဲ ခင်ဗျားတောနဲ့ ခင်ဗျားရာသီ
ကျနော်လဲ ကျနော့်တလင်းနဲ့ ကျနော်ကွင်းနဲ့
ကျနော်မြက်ခင်းနဲ့
ထိုးခန်းကြိတ်ခန်းတွေပါတဲ့ရုပ်ရှင် ကျနော်လဲ မကြိုက်ပါဘူး
ခင်ဗျားကြိုက်တဲ့ ရာသီစာအပြုံးလှလှတွေလဲ မပြုံးတတ်ပါဘူး
ဒါနဲ့များ
တနွေစာ အလွမ်းတွေ ခူးလာခဲ့သေးတယ် ခင်ဗျားပြောသေးတယ်။

ကဲ..
သွေးရိုးသားရိုးပဲ
ကျနော်တို့ဝေးကြရအောင်။

ခင်ဗျားကို ကျနော်ပြောသားပဲ
အဲ့ဒီတုန်းက
တေလေလူငယ်လေးတယောက် ရယ်မောခဲ့တာပါ
ဘာမှမဟုတ်ပါဘူးလို့။

မိုးစဲနေ
* ဆရာစိုင်းခမ်းလိတ် ပလက်ဖေါင်းမင်းသား မှ စာသား









Type the rest of your post here.

9 comments:

kiki March 1, 2010 at 4:07 AM  

လူကြီးလူကောင်းတွေက
ညစာကို တခန်းတနားစားတယ်........
ကျောကသားနဲ့ ရင်ကသားခွဲချစ်တတ်တယ်။

ကျောကသားက နောက်ကျော ဒါးနဲ့ ထိုးမှ ဒီလူကြီးလူကောင်း ဆိုတာတွေ အသိတရား ရကြမယ် ထင်ပါရဲ့  ..lothnes

Sein Lyan Tun March 1, 2010 at 4:17 AM  

“ခင်ဗျားကိုလား
ခင်ဗျားကို ဘာမှပြန်ပြောစရာလဲ မရှိပါဘူး
ခင်ဗျားလဲ ခင်ဗျားတောနဲ့ ခင်ဗျားရာသီ
ကျနော်လဲ ကျနော့်တလင်းနဲ့ ကျနော်ကွင်းနဲ့
ကျနော်မြက်ခင်းနဲ့
ထိုးခန်းကြိတ်ခန်းတွေပါတဲ့ရုပ်ရှင် ကျနော်လဲ မကြိုက်ပါဘူး
ခင်ဗျားကြိုက်တဲ့ ရာသီစာအပြုံးလှလှတွေလဲ မပြုံးတတ်ပါဘူး
ဒါနဲ့များ
တနွေစာ အလွမ်းတွေ ခူးလာခဲ့သေးတယ် ခင်ဗျားပြောသေးတယ်။”


ဟုတ်တယ်နော်..


လူတိုင်းက ကိုယ့်တောနဲ့ ကိုယ့်ရာသီ ပါပဲ

တနွေစာ အလွမ်းတွေ ခူးမိတာကသာ ကျနော်တို့ အပြစ်...

လိုင် March 1, 2010 at 7:39 AM  

လူကြီးလူကောင်းတွေက
ညစာကို တခန်းတနားစားတယ်
ယဉ်ယဉ်ကျေးကျေးစကားဆိုတယ်
ကျောသပ်ပြီးပြုံးတတ်တယ်
အကျိုးအမြတ်တခုတွက်
အရာရာလုပ်ရဲတယ်
မေ့လွယ်ပျောက်လွယ်ရှိတယ်
ကျောကသားနဲ့ ရင်ကသားခွဲချစ်တတ်တယ်။

အရမ်းကောင်းတယ်

Unknown March 1, 2010 at 8:35 AM  

ကျနော်က
အနှစ်သုံးဆယ်လောက်က
ဘ၀မှာမဆိုဖြစ်လိုက်တဲ့
ခေတ်ဟောင်းသီချင်းတပုဒ်ကို
အခုပြန်ဆိုချင်တယ်
“ကြိုက်တာရမယ် သူ့တန်ရာတန်ကြေး
ဘရာသာရေဇေပါတယ် ငွေသာအရင်မစပါ” *
ဒါဏ်ရာအနာတရပေါ်တိုင်း မဆိုဖြစ်ခဲ့ပါဘူး။

ဆရာမိုးစဲနေ ကဗျာတွေကောင်းတယ်

ကဗျာဦး March 1, 2010 at 9:56 AM  

ခင်ဗျားပြောတဲ့
လူကြီးလူကောင်းတွေက
ညစာကို တခန်းတနားစားတယ်
ယဉ်ယဉ်ကျေးကျေးစကားဆိုတယ်
ကျောသပ်ပြီးပြုံးတတ်တယ်
အကျိုးအမြတ်တခုတွက်
အရာရာလုပ်ရဲတယ်
မေ့လွယ်ပျောက်လွယ်ရှိတယ်
ကျောကသားနဲ့ ရင်ကသားခွဲချစ်တတ်တယ်။

အစ်ကိုချစ်ဖေ
ရေရေ လည်လည် မိုက်တယ်

Ko Toe Gyi ( Multiply Boo Boo Gyi ) March 1, 2010 at 11:52 AM  

ခင်ဗှားက ခင်ဗျားတလင်းမှာ မင်းသား
ကျတော်က ကျတော့်ကွင်းမှာ လူကြမ်း
ခင်ဗှားကတော့
ညစာကို တခမ်းတနား စားလို့-----
ကျတော်ကတော့
သောကတောမှာ
ဘ၀အမောတွေနဲ့ 
မျက်နှာဖုန်းတွေ လည်း ထူထူ လာနေတယ်ဗှာ

ရွှေရတုမှတ်တမ်း March 1, 2010 at 9:54 PM  

ကဲ..တေလေလေး..ငွေကိုအရင်မစဖို့ပြောပြီးပြီလား

ချစ်ကြည်အေး March 2, 2010 at 3:33 AM  

သွေးရိုးသားရိုးပဲ
ကျနော်တို့ဝေးကြရအောင်။

ဘယ်လို ဝေးပုံလေးပါလိမ့်နော်...:)

ကိုရင်နော်ခင်လေးငယ် March 3, 2010 at 7:28 AM  

ရင်ထဲက မှန်မှန်အတိုင်း ပြောရရင်
ကဗျာလေး အရမ်းမိုက်တယ်ဗျာ..

စာတွေကဗျာတွေ အမြဲလာဖတ်ဖြစ်တယ် အစ်ကိုကြီးရေ.. ကော်နက်ရှင် သိပ်မဂွတ်တော့ ဘာမှ မရေးသွားဖြစ်ဘူးဗျ..

ကျနော့်စာလေး လာဖတ်ပေးသွားလို့လည်း ဇူးတယ်ဗျာ.. တကယ်..း)

ခင်မင်လေးစားချစ်ခြင်းအားဖြင့်
ကိုရင်နော်

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP