Wednesday, February 17, 2010

အချစ်ရေး

အချစ်ရေး

ရွှေပြည်တော်မျှော်တိုင်းဝေးခဲ့တယ် ညနေခင်းများနဲ့
မချစ်မနှစ်သက်သူတို့နှင့် ထမင်းလက်ဆုံစားရင်း
တုံးအောက်ကဖား ပြားတဲ့ဖားကပြား ဖေါင်းတဲ့ဖားကဖေါင်းခဲ့တယ်
အသားနက်မ အောင်လံကြီးထူခဲ့တယ်…
နူရာဝဲစွဲခဲ့တယ်။

အားအားလျားလျား လမ်းသလားနေတဲ့
မြွေတွေမသေပဲ
ဒုတ်တွေကျိုးခဲ့တယ်..
ခေတ်ကြီးကိုက ရေနွေးငွေ့သုံးမီးရထားကြီးလို
ရွှေ့ပြောင်းတောင်ယာတွေတင်ပြီး ထွက်ခွာသွားတယ်..။

အဲ့ဒါအရေးမကြီးဘူးပဲ ထားပါတော့..
ဂျူးဂျူးဆိုတဲ့ကောင်မလေးကို ကျနော်ရှာလို့မတွေ့တော့ဘူး
(သူ့မှာ နာမည်တွေ အများကြီးရှိတယ်တဲ့).
ကျနော့်မှာတော့ နေထိုင်ခွင့်လက်မှတ်မရှိဘူး။

ခင်ဗျားကိုပြောပြဖို့ ကျနော့်ဒုက္ခသုက္ခတွေ
ကျနော်ပျိုးထားခဲ့တာပါ
ခင်ဗျားကိုမှ ကျနော့်ဒုက္ခသုက္ခကိုပြောမပြရရင်
ဘယ်သူ့ကိုပြောပြရမှာလဲ
အိပ်မက်ကတော့ အိပ်မက်လိုပဲမချိုခဲ့တာပါပဲ
လေထဲကိုပျံဝဲဖို့ဆိုတာ တောင်ပံတစုံတော့ရင်းနှီးရတာပဲမဟုတ်လား။

ကြီးကြီးကျယ်ကျယ် ဘ၀ကကော ဘာဖြစ်လို့
ပယင်းရောင်ရုပ်ရှင်ထဲက ယင်းထနေတဲ့
တယောပြားလေးမဖြစ်ခဲ့တာလဲ..။

ဒါပါပဲ..ဗျာ

မိုးစဲနေ
(၁၇.၂.၂၀၁၀)




Type the rest of your post here.

6 comments:

ရီမိုးပြည့်  February 18, 2010 at 12:16 AM  

လေထဲမှာ ပျံဝဲဖို့  တောင်ပံတစ်စုံတော့ ရင်းနှီးရတာပဲမလား ဆိုတဲ့ စာသားလေးကိုကြိုက်တယ်.. တစ်ချို့ အရာတွေမှာ အရင်းအနှီး ကြီးကြီးတွေပေးရတယ်နော်... လောကကြီးကတော့ ဟင်း.....

ရွှေရတုမှတ်တမ်း February 18, 2010 at 6:26 PM  

ဩ..ကိုချစ်ဖေကြီးရဲ့ အချစ်ရေးက ပြားတဲ့ဟာကပြား..
ဖေါင်းတဲ့ဟာကဖေါင်းနေတာကိုး...

kiki February 18, 2010 at 8:51 PM  

မော်ဒန်ကဗျာတွေ သိပ်မခံစားတတ်တော့
ကိုချစ်ဖေ အချစ်ရေးက ဘယ်လိုလည်းတော့ သိပ်မသိလိုက်ဖူး ။
မြွေသေပြီး ဒုတ်မကျိုးအောင်
လုပ်လို့ တော့ရပါတယ်။
“သံဒုတ်” သာ သုံးပြီး နာနာရိုက်ပေရော့ ။း)

ပယင်းရောင်ဇာတ်ကားထဲက တယောပြားလေးတော့ သိပ်မမှတ်မိဘူး ။ ကောလိပ်ဂျင်နေဝင်းကြီးကိုတော့ လွမ်းသားဗျ .. သိပ်တော်တဲ့ သရုပ်ဆောင် သဘာဝမင်းသားကြီးလေ ...

စကားမစပ် “မိုးစဲနေ” နဲ့ “ကိုချစ်ဖေ” ဘာတော်တာလဲဟင် ..ပြန်ဖြေပါ ။။ ဟဲ ဟဲ

ကိုချစ်ဖေ February 18, 2010 at 10:12 PM  

ကိုချစ်ဖေနဲ့ မိုးစဲနေ က ညီအကိုလေ..ဟဲဟဲ.

ဆောင်းယွန်းလ February 19, 2010 at 9:28 PM  

ဂျူးဂျူးဆိုတဲ့ကောင်မလေးမှာ နာမည်တွေအများကြီးရှိသလို
ကဗျာဆရာမှာလည်း ဖဲ့ခြွေလို့မကုန်ခမ်းနိုင်တဲ့ အချစ်တွေရှိနိုင်ပါစေဗျာ။

ကိုလူထွေး February 20, 2010 at 1:25 AM  

ညီအကိုလေ... ဟဲဟဲ .. ဆိုတော့

းဝ)

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP