Friday, February 12, 2010

သူပုန်

သူပုန်

သူပုန် တဲ့
ရင်ခုန်စရာ
ပြည်သူပေးတဲ့နာမည်။

ရေဆန်လမ်းမှာ
မင်းဆိုးမင်းညစ်
ဖြစ်ရာလက်နက်
စွဲကိုင်တော်လှန်
အမှန်တရား
ဓါးသွားထက် ထက်ခဲ့တယ်။

အနာဂါတ်များစွာ
ယုံကြည်မွှေးမြ
ရိုးမ တောစပယ်
သံလွင် နှင်းဆီ
သောင်ရင်း
ခေတ်ကိုဆန်ရင်း

အမေ…
အမေတွေ အားလုံးအတွက်
သားတို့ဘ၀တွေ ဆီမီးလိုထွန်းပြီးပူဇော်ခဲ့ပါတယ်။ ။

မိုးစဲနေ
(ကျဆုံးသွားသော ရဲဘော်အပေါင်းအားဦးညွတ်ရင်း
ကြေကွဲရင်း)



Type the rest of your post here.

5 comments:

ရွှေရတုမှတ်တမ်း February 12, 2010 at 3:30 PM  

သူပုန်ဆိုလို့...လာကြည့်တာ ကိုချစ်ဖေကြီးရေ့

Nge Naing February 12, 2010 at 5:20 PM  

ကဗျာလေးကို လာခံစားသွားပါတယ် ကိုချစ်ဖေ။

ahphyulay February 12, 2010 at 9:52 PM  

အကိုကြီး ခင်ဗျား
ကျွန်တော်ထင်တာကတော့  သူပုန် ဆိုတာ သူတို့ ပဲ
ရှိတော့ တာလေ။ အများပြည်သူ့  သဘော တွေနဲ့ 
အညမဲ ဆန့် ကျင်နေတဲ့  သူတွေသာ သူပုန် လို့ 
ခေါ်ဝေါ် သမုတ်ကြတာမဟုတ်လားလို့ ။
ကျွန်တော် ထင်တာပြောတာနော်။ အင်း ..အားလုံးက
မျက်နှာဖုံးစွပ်တေါနဲ့ လေ၊သူခိုး။ဓါးပြ ဆိုလဲ ဟုတ် ။

kiki February 12, 2010 at 9:57 PM  

“သူပုန် တဲ့
ရင်ခုန်စရာ
ပြည်သူပေးတဲ့နာမည်။”

“သူပုန် ”ဆိုတာ ပြည်သူတွေက ပေးတဲ့ နာမည် လား...
အုပ်ချုပ်သူလို့ သူတို့ကိုယ် သူတို့ အမည်ပေးထားသူတွေက သူတို့ ကို တော်လှန်တဲ့သူတွေ အားလုံးကို ပေးထားတဲ့ နာမည် ဖြစ်မယ် ထင်ရဲ့  ကိုချစ်ဖေ ရေ...

ဘာပဲ ဖြစ်ဖြစ် “ သူပုန်” အမည်တပ်ခံရပြီး အများအကျိုးအတွက် အသက်မငဲ့ပဲ လုပ်နေကြသူများ အားလုံး ကို လေးစားမိပါတယ် ...

မောင်ဖိုးနမ်း February 12, 2010 at 10:26 PM  

သူပုန် တဲ့
ရင်ခုန်စရာ
ပြည်သူပေးတဲ့နာမည်။

သူပုန်ဆိုလို့လာချောင်းတာ အကြမ်းစားများလားလို့ အနုစားလေးဖြစ်နေတယ်အဟီး
ကဗျာတော့ကြိုက်တယ်ဗျာ
အမေ
အမေတွေအားလုံးအတွက်
သားတို့ဘ၀တွေ ဆီမီးလို့ထွန်းပြီး ပူဇော်ခဲပါတယ် တဲ့
ကျွန်တော်တို့ရင်ဘတ်ထဲက မီးတောက်တွေ စုပေါင်းမိလို့အားကောင်းလာရင်

ငှက်ဆိုးတွေကို မီးကင်စားပစ်မယ်

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP