Thursday, June 3, 2010

သရေလုံးပွဲ

သရေလုံးပွဲ

ညီလေး ကိုအောင်(ပျူနိုင်ငံ)က ကမ္ဘာ့ဖလားဘောလုံးပွဲနဲ့ပတ်သက်ပြီး ဘောလုံးစကားဝိုင်းထဲ
ခေါ်လာပါတယ် တကယ်တော့ ကိုအောင်က ကိုချစ်ဖေကို ကမ္ဘာ့ဖလားပွဲနဲ့ ပတ်သက်ပြီး ဒီနှစ်
မှာ ဘယ်နိုင်ငံ ဘယ်အသင်းကနေ ဗိုလ်စွဲမယ် ကန်ကြတဲ့အခါ ဘယ်အသင်းနဲ့ ဘယ်အသင်း
ဖက်ကဘယ်သူတွေပါတယ် ဒါ့ကြောင့် ဘယ်လိုအားသာတယ် ဘယ်လိုအားနည်းတယ် ဘာ
ညာပြောကြဖို့ ၀ိုင်းစကားပြောဖို့စလိုက်တာပါပဲ။

ကိုချစ်ဖေကို ဘောလုံးစကားဝိုင်းထဲခေါ်လိုက်တော့ ၀မ်းသာပါတယ်ညီလေးကိုအောင် တ
ကယ်ဆို အပြင်မှာ ဟိုစပ်စပ် ဒီစပ်စပ် နိုင်ငံရေးလိုလို ရပ်ရေးရွာရေးလိုလို ဟိုလိုလိုဒီလိုလိုနဲ့
တိတိကျကျမသိသော်လဲ ကိုချစ်ဖေစိတ်ဝင်စားရာကိုတော့ မှတ်မှတ်ထားပြီး ကလေးတွေဝိုင်း
မှာဆို အသံအော်ကျယ်အော်ကျယ်နဲ့ ကိုချစ်ဖေ တတ်သမျှမှတ်သမျှ ၀င်ဝင်ပြီးပြောနေကျ နိုင်
ငံရေးရာနဲ့ပတ်သက်လို့ အစ္စရေးနဲ့ ပါလက်စတိုင်းအရေးဆို အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဆီးရီး
ယားတို့ အီတလီတို့ တောင်အာဖရိကတို့ အီဂျစ်တို့ကလဲ ပါလက်စတိုင်းဘက်ကရှိတယ်လို့
ရောချတာမျိုးပေါ့ဗျာ။ နည်းပညာနဲ့ပတ်သက်ရင်လဲ ဂြိုလ်တုကနေ ရွာထဲက ဒိုးထိုးတာကို လှမ်း
ကြည့်ရင်တောင်မြင်ရတယ် အကုန်မဟုတ်တရုပ်တော့မလုပ်ကြနဲ့ ရွာနောက်ဖက်မှာ တောတိုး
တာ ကြည့်တိုးကြသင့်တယ် ဘာညာပေါ့ဗျာ။

ကျမ်းမာရေးနဲ့ပတ်သက်ရင်လဲ ငရုတ်သီထောင်းရင်း မျက်စေ့ထဲ ငရုတ်သီးဝင်ရင်ခြေမကို ရေ
လောင်းရင် မပျောက်သလော ငါးရိုးစူးရင် ရေတခွက်ကို ဥုံ ၃၇ ခါ ရွတ်ပြီး ဖနောင့်ဆောက်ပြီး
တိုက်ရင်မပျောက်သလော ဆိုတာမျိုးပေါ့ဗျာ။ အသံကျယ်ကျယ် အငြင်းသန်သန်နဲ့ဆိုတော့
တော်ရုံလူလဲ ကိုချစ်ဖေကို ပြိုင်မငြင်းပါဘူး။ ဒါလဲအခွင့်ကောင်းတခုဖြစ်နေတာပေါ့။ ဒါပေမဲ့ ကို
ချစ်ဖေရှေ့မှာ ဘောလုံးနဲ့ပတ်သက်ပြီးလာပြောဝိုင်းဖွဲ့ကြရင်တော့ ကိုချစ်ဖေလဲ မျက်စေ့သူငယ်
နားသူငယ်နဲ့ ဖြစ်နေရောဗျ ဘောလုံးဆို ကိုချစ်ဖေစိတ်ထဲမှာ သရေလုံးလေးတလုံးကို ဟိုဖက်
ကန်လိုက် ဒီဖက်ကန်လိုက် လူတွေက လိုက်လုလိုက် နဲ့ ကြည့်ရတာအရသာကို မပါတာဗျာ ဘောလုံးဝါသနာအိုးတွေနဲ့ တွေ့ရင် အသာလေးငြိမ်နေရတယ် ကိုချစ်ဖေက စိတ်မပါတဲ့အ
ကြောင်းကို ၀င်ပြောလို့မိတ်ပျက်တာတွေလဲ မနည်းပေါ့ဗျာ။

တကယ်ပါ တခါတုန်းက တွတ်ပီကာတွန်းထဲမှာ ပါတဲ့ဟာသလိုပါပဲ ဘောလုံးလေးတလုံးကို လိုက်လုမကန်ကြပဲ တယောက်တလုံးစီကန်နိုင်အောင် လုပ်ပေးသွားပါမယ် ဆိုတဲ့ဟာသလို
ပါပဲ ကိုချစ်ဖေစိတ်ထဲမှာ အဲ့လိုပဲဖြစ်ဖြစ်နေတယ် ဒေးဘစ်ဘက်ခမ်း နာမည်ကြီးတော့ နာမည်
သာမှတ်မိတာ ဘယ်အသင်းက ဘယ်နိုင်ငံကမှန်းမသိ ရုပ်ပုံမြင်တော့လဲ မမှတ်မိ။ အခြားနာ
မည်ကြီးတွေဆိုလဲ ဒီလိုပါပဲဗျာ။ တခါတခါတော့အထီးကျန်သား တကယ်ပဲ ယောက်ကျားလေး
အများစု အမျိုးသားအများစုက စိတ်ဝင်တစားနဲ့ ကိုယ်တိုင်မကန်ရင်တောင် ဘောလုံးပွဲသွား
ကြည့်ကြ အားပေးကြရှိကြတာမဟုတ်လား။

လူပြောသူပြောတွေသိပ်များတော့ ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလားပွဲ နောက်ဆုံးဖိုင်နယ်လ်ပွဲနေ့ပေါ့
ကိုချစ်ဖေတို့ရွာမှာက ခုလို ဂြိုလ်တုစလောင်းတွေဘာတွေက မရှိသေးတော့ ဂြိုလ်တုစလောင်း
ရှိတဲ့ ဈေးမြို့လေးကို စက်လှေနဲ့အပြည့် တစီးပြီးတစီးသွားသွားကြည့်ကြတာဗျာ။ ကိုချစ်ဖေလဲ
စဉ်းစားပါတယ် ဒီလောက်တရွာလုံးက ယောက်ကျားတွေနဲ့ မိန်းမတချို့တောင်အားပေးကြ
ကြည့်ကြသေးတာ ငါလဲသွားကြည့်ဦးမယ်ဆိုပြီး စက်လှေနဲ့တက်လိုက်သွားတာပေါ့ဗျာ သွားပြီ
ဆိုထဲက ဘယ် အေးအေးလူလူသွားကြမလဲ လူတိုင်းနီးပါး တောအရက်လေးရေသန့်ဘူးထဲ
ထည့်လာကြပြီး အာစွတ်ရုံသောက်သောက်နေတာလေ ဘောလုံးပွဲပြတဲ့ဗွီဒီယိုရုံလေးထဲဝင်
တော့ နေရာမရတော့ဘူး အခြားရုံတွေလဲပြည့်နေပြီဆိုတော့ တိုးတိုးခွေ့ခွေ့ပဲ ကြည့်ရတော့တာ
ပေါ့။

လူက သာမာန်ချိန်ထက်များတော့ ဗွီဒီယိုရုံလေးထဲလှောင်ပိတ်နေတာပေါ့ဗျာဘောလုံးပွဲစတဲ့အ
ထိတော့ သည်းခံပြီးကြည့်ပါသေးတယ် နောက်တော့လဲ ဘောလုံးလေးတလုံး ကိုဝိုင်းလုနေကြ
တာပဲ ကိုယ်အားပေးတဲ့ဘက်က ရသွားရင် ၀မ်းသာလိုက် မရရင်ဝိုင်းဆဲလိုက် အားမလိုအားမရ
ဖြစ်လိုက် အံ့အားသင့်သွားလိုက် ဒိုင်လူကြီးကိုဆဲလိုက်နဲ့ လူတွေအားလုံးက ရသအပြည့်နဲ့
ကြည့်ကြတာဗျ။ ကိုချစ်ဖေစိတ်ထဲမှာတော့ အဲ့ဒီလို သရေလုံးလေးကို လိုက်လုနေတာကိုပဲ မ
ကြိုက်တာဆိုတော့ ရုံကလဲအိုက်နေတော့ ပွဲစပြီး ၁၅ မီးနစ်ထက်ကို ပို မကြည့်နိုင်တော့ပါဘူး
ဗျာ။ ကိုချစ်ဖေလဲ ဗွီဒီယိုရုံထဲကနေထွက်လာခဲ့ရော တကယ်။

ကိုယ်ထိုင်နေကျ လက်ဖက်ရည်ဆိုင်လေးသွားထိုင်တော့လဲ အဖျော်ဆရာတောင် ဘောလုံးပွဲ
သွားကြည့်နေလို့ စားပွဲထိုးကောင်လေးကပဲ ကိုချစ်ဖေကိုဖျော်ပေးရသေး ပွဲမပြီးမချင်းထိုင်
စောင့်နေရတော့တာပေါ့ဗျာ။ စောင့်ပါတယ်ဆိုမှ ဘောလုံးပွဲကလဲ မပြီးနိုင်ဘူးဗျာ ကြာနေလိုက်
တာ။ ပြီးသွားလို့ပြန်လာကြတော့ မြို့က အရက်ဆိုင်လေးထဲ ဆက်ဝိုင်းကြ သောက်ကြ ဟိုအ
သင်း ဒီအသင်း ဟိုအသင်းက တကယ်ဆို နိုင်မှာ ဟိုအသင်းအချောင်နိုင်သွားတာ ဘာညာ
ဆက်ပြောကြတာပေါ့ဗျာ အဲ့ဒီလိုနေ့မျိုးဆို ကိုချစ်ဖေ ဘောသမားတွေကြားထဲမှာ ကလေး
လေးလိုဖြစ်နေတာပေါ့ဗျာ။ မေးရအောင် မေးခွန်းတောင်မထုတ်တတ် မေးမိပြန်ရင်လဲ ဒါလေး
တောင်မသိဘူးလား လို့ အားလုံးကပြောဦးမယ် ဟိုတုန်းက အငြင်းသန်သန်နဲ့ ငြင်းခဲ့တာတွေ
ကို အဲ့ဒီအချိန်မှာ ဂလဲ့စားဝိုင်းချေကြဦးမှာမို့ ငြိမ်ငြိမ်လေးထိုင်နေရတာပေါ့ဗျာ။

ကိုအောင်(ပျူနိုင်ငံ) က တော့ ကိုချစ်ဖေကြီးလဲ ဘောလုံးဝါသနာအိုးကြီးလားဆိုပြီး ဘောလုံး
စကားဝိုင်းထဲကို ခေါ်တာပါပဲ တကယ်တော့ ကိုချစ်ဖေက အားကစားဆို ကျားတိုးတာကလွဲလို့
ဘာမှ မကစားတတ်ပါဘူးဗျာ အခြားသူတွေ ဘောလုံးပွဲအကြောင်းပြောတာကိုပဲ မျက်စေ့သူ
ငယ်နဲ့ နားထောင်ရတာပေါ့ဗျာ။

Read more...

Wednesday, May 26, 2010

ကိုယ်ထူကိုယ်ထ

ကိုယ်ထူကိုယ်ထ
ကိုချစ်ဖေ ငယ်ငယ်ထဲက ကိုယ်ထူကိုယ်ထ ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုး အများစု
ပေါင်း စကားလုံးကို ကြားဖူးလာတာခဲ့တာပါ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ(စစ်တပ်ပါတီ)
ခေတ်မှာ မွေးလာခဲ့သကိုး အစိုးရက လုပ်ပေးရမဲ့အလုပ်တွေကို မလုပ်ပေးနိုင်တဲ့အခါ ကိုယ်
ပြည်သူပြည်သားတွေသာ စုပေါင်းပြီးအမြဲလုပ်ရသကိုးဗျာ။

ခုတော့ ကိုချစ်ဖေတို့လဲ ကိုယ်အားကိုယ်ကိုး စကားလုံးအဓိပါယ်ကို တော်တော်သဘော
ပေါက်နေကြပီလေ။ အဲ့ဒီတော့တွေးကြည့်မိတာပါ အစစကိုယ့်အားကိုယ်ကိုးနေကြရတဲ့
သူတွေဆိုတော့ အားလုံးကိုယ့်အားကိုယ်ကိုးကြရင်ဘယ်လိုနေမလဲလို့ပါ ကိုချစ်ဖေ ဥာဏ်
မှီသလောက်လေးနဲ့တွေးကြည့်တာပါ မြန်မာပြည်သူပြည်သားတွေအနေနဲ့ အလုပ်အကိုင် ခက်
ခဲလာတဲ့အခါ အလုပ်အကိုင်တည်ရှိရာကို ကိုယ်ထူကိုယ်ထပဲ သွားလုပ်ကြရတာပဲ လမ်းပမ်း
ဆက်သွယ်ရေးမကောင်းတဲ့အခါလဲ ကိုယ်ထူကိုယ်ထပဲ လမ်းဖေါက်ကြရတာပဲ စာသင်ကျောင်း
တွေမှာလဲ ကိုယ်ထူကိုယ်ထပဲ အစိုးရဆေးရုံတွေမှာလဲ ကိုယ့်ဆေးနဲ့ကိုယ်ပဲ ဆေးရုံဆရာ ဆ
ရာမတွေ ကိုယ်ထူကိုယ်ထ မလုပ်ရတာပဲကျေးဇူးတင်ရသေး။

ဟော ဟိုတလောက ပြည်ပရောက် အဝေးရောက်မြန်မာပြည်သားတွေက အများစုပေါင်းပြီး
ကိုယ်ထူကိုယ်ထ မြန်မာနိုင်ငံသားတွေကို အကူအညီပေးနေတဲ့သူတွေကို “ပြည်သူဂုဏ်ရည်”
ဆိုပြီး ဆုပေးကြ ဂုဏ်ပြုကြရသေး အစိုးရက အသိအမှတ်မှမပြုတာကိုး ဒီတော့လဲ မြန်မာပြည်
သားတွေထဲက စုပေါင်းပြီးအသိအမှတ်ပြု အားပေးကြရတာကိုးဗျာ။ ဒီတော့ အစစ အစိုးရနဲ့အ
ပြိုင်လုပ်ကြရတာမဟုတ်လား ဟို အဝေးရောက်ညွန့်ပေါင်းအစိုးရ ဆိုပြီး အစိုးရတောင် အပြိုင်
ရှိသေး အဝေးရောက်ညွန့်ပေါင်းအစိုးရက လဲ ကိုချစ်ဖေတို့ ပြည်သူပြည်သားတွေကို ဘာမှထိ
ထိရောက်ရောက် အကူအညီပေးနိုင်တာမျိုးမရှိတော့လဲ မထူးခြားလှပါဘူး မနေနိုင်တဲ့သူတွေ
က အစိုးရလုပ်ရမဲ့အလုပ်တွေကို လိုက်လုပ်ကြရတာပေါ့ဗျာ။

ဒီကြားထဲ မြို့ထဲမှာတမျိုး နယ်စပ်တွေမှာတသွယ် အမျိုးမျိုးနှိပ်စက်နေတဲ့ တပ်မတော်ဆိုတာ
ကြီးကိုလဲ အပြိုင်ကိုယ်ထူကိုယ်ထ စစ်တပ်တခုလုပ်ပြီး နှိပ်စက်မှုတွေလျှော့သွားအောင် နှိပ်
စက်မှုတွေရပ်သွားအောင် ကိုယ်ထူကိုယ်ထပဲ အံတုကြ လုပ်ကြရတော့မလိုပါပဲဗျာ (ပြောသာ
ပြောရတာကိုချစ်ဖေကိုလဲ ကိုယ်ထူကိုယ်ထအကြမ်းဖက်သမား စာရင်းသွင်းလိုက်ရင်ဒုက္ခ)
ကိုချစ်ဖေကတွေးကြည့်တာပါ ခုတော့ လက်ခံခံမခံခံ မြန်မာနိုင်ငံသားတွေအနေနဲ့ ကိုယ်ထူ
ကိုယ်ထပဲလုပ်နေကြရတာဆိုတော့ ဆက်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်ပဲ ကိုယ့်အားပဲကိုယ်ကိုး
ရတော့မှာပဲထင်ပါတယ် အစိုးရဆိုတာတွေကိုမှ အားကိုးလို့မရပဲနော။

ဒီတော့ အစိုးရမလုပ်နိုင်တာတွေကို ကိုယ့်ဘာသာ ကိုယ်ထူကိုယ်ထလုပ်ကြရတော့ ပြည်သူ
ပြည်သားတွေအနေနဲ့ အစိုးရဆိုတာကြီးတောင် တကယ်ဆိုသိပ်မလိုတော့သလိုပဲ သူတို့မလုပ်
ပေးရင်လဲ ကိုယ်ထူကိုယ်ထ ရဲတို့ မီးသတ်တို့ လုပ်ကြရတော့မဲ့ပုံပါပဲ ဘယ်တတ်နိုင်မလဲပေါ့
အားလုံးလုပ်နေကြရမှပဲ ခုတလော ရေရှားတော့လဲ မနေနိုင်တဲ့သူတွေကပဲ လုပ်ကြရတာပဲမ
ဟုတ်လား အသုဘစရိတ်စက ကြီးမားလာတော့လဲ ကိုကျော်သူတို့ပဲ ကိုယ်ထူကိုယ်ထ အလှု
ငွေတွေနဲ့ သင်္ဂြိုလ်ကြရတာပဲမဟုတ်လား။ တချို့ကတော့ ဒါတွေက လူမှုရေးလုပ်ငန်းတွေပါ ဘာညာပြောကြတာပဲ ပြည်ပမှာလဲ အလုပ်သမားအခွင့်အရေးအတွက် အခြင်းခြင်းကိုယ်ထူ
ကိုယ်ထရိုင်းပင်းကြတော့လဲ အဝေးရောက်အစိုးရမင်းများက ဘာများကူညီလို့လဲဗျာ အလုပ်
သမားဝန်ကြီးဆိုတာကြီးတော့ရှိတာပေါ့။

သြ.ကိုချစ်ဖေလဲ ပြောချင်တာတွေ ဘယ်ရောက်သွားပါလိမ့် ဒီလို အားလုံးကိုယ့်ဘာသာကိုယ်
လုပ်ကြရတဲ့အတူတူ ဟိုမျှော်ဒီမျှော်မမျှော်ပဲ အစစအရာရာ ကိုယ်အားကိုယ်ကိုးကြမှပဲ အောင်
မြင်တော့မယ်ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းထားတော့ ဒေါ်အောင်ဆန်းစုကြည်
လွတ်မြောက်ရေး ဒို့အရေး လုပ်ကြရပြန်ကော ဒေါ်အောင်ဆန်းစုကြည်မလွတ်သော်လဲ ဒေါ်
အောင်ဆန်းစုကြည်လုပ်သွားတဲ့ ဒေါ်အောင်ဆန်းစုကြည်နှစ်သက်တဲ့ အရာတွေ ဆက်လုပ်ကြ
ရင်ပိုကောင်းမလားလို့ပါ။ အဘဦးဝင်းတင်တို့လို ဆရာကြီးလူထုစိန်ဝင်းတို့လို လမ်းပြကြယ်ဦး
အေးမြင့်တို့လို ကိုမင်းကိုနိုင်တို့ ၈၈ကျောင်းသားတွေလို မစုစုနွေးလို မဖြူဖြူသင်းတို့လို ပြည်
တွင်းမှာလုပ်နိုင်သူတွေ များလာရင် ပိုကောင်းသွားမယ် တဖက်ကလဲ ကိုယ်ထူကိုယ်ထ တပ်မ
တော်တခုလဲတည်ထောင်ကြ မြန်မာပြည်သူတွေကို ဒုက္ခပေးတဲ့သူတွေကို ပညာပေးကြရင် တ
နေ့နေ့တော့ ကိုချစ်ဖေတို့ ပြည်သူပြည်သားတွေ အတွက် ပိုမိုကောင်းမွန်တဲ့ ပိုမိုလွတ်လပ်တဲ့
ပိုမိုတရားမျှတတဲ့ လူ့အဖွဲ့စည်းတခုတော့ဖြစ်လာမလားလို့ တွေးမိတာပါ။

ဒါနဲ့ ကိုချစ်ဖေလဲ သူငယ်ချင်းတယောက်ကို ပြောပြတော့ သူက အင်တာနက်ကြီးကိုကောတဲ့
မြန်မာမှာဘယ်လိုလုပ်မလဲတဲ့ ကိုယ်ထူကိုယ်ထ ဂြိုလ်တုတခုငှါးကြရမလား ဘာလား ကိုချစ်
ဖေလဲ လက်လှမ်းမမှီတော့ သိတဲ့သူတွေလဲ ပြောပြပါဦး တဖက်က နည်းပညာကို သူတို့တွေ
လဲ အကုန်မပိတ်နိုင်တော့ သတင်းတွေဘာတွေဆို ခုတော်တော်များများ မြန်မာပြည်သူတွေက
သိနိုင်လာကြတာတော့အမှန်ပါပဲ။ အဲ့ဒီလို သူတို့ အစိုးရမင်းများ မပိတ်ပင်နိုင်တဲ့ အံတုနိုင်တဲ့ အလုပ်တွေ သူတို့ အမိန့်နဲ့ အာဏာနဲ့ ဖိအားနဲ့ လုပ်လို့မရတဲ့အလုပ်တွေများလာရင်တော့ တ
နေ့နေ့မှာ သူတို့ထက်အားကောင်းတဲ့ ကိုယ်ထူကိုယ်ထ အစိုးရတခု ဖြစ်လာမလားပဲဗျာ။ တွေး
ကြည့်တာပါ။ ကိုချစ်ဖေဥာဏ်တထွာတမိုက်ကယ်ရယ်နဲ့ပေါ့ဗျာ။

Read more...

Thursday, May 20, 2010

ကိုချစ်ဖေအတွေး

ကိုချစ်ဖေအတွေး

ကိုချစ်ဖေခုတလောမှ စဉ်းစားမိနေတာပါ ကိုယ်က တောသားဆိုတော့ တောသားလိုတွေးမိ
နေတာလဲ ဖြစ်ရင်ဖြစ်မှာပေါ့ဗျာ သဘောချင်းမကိုက်ရင် မကိုက်တာရှိမှာပေါ့ ဒီလိုပါ ကိုချစ်
ဖေ တို့ မွေးထဲက မဆလ စစ်အစိုးရခေတ်မှာ မွေးလာခဲ့တော့ စစ်အစိုးရရဲ့ မတရားမှုမမျှတမှု့
တွေကို တဆင့်ကြားရော မျက်မြင်ရောနဲ့ စုံနေအောင်တွေ့တာပေါ့ဗျာ ဒါပေမဲ့လဲ အဲ့ဒီတုန်းက
အပူက သိပ်မပူသေးပေမဲ့ အေးရာကနေပူလာတာဆိုတော့ ပူသပေါ့ဗျာ စစ်အစိုးရတွေ မ
ကောင်းကြောင်းပြောကြတာဆိုကြတာ အိမ်မှာ ရပ်ကွက်ထဲမှာ ကြုံရင်ကြုံသလို လူကြီးတွေ
ပြောတာကြားနေရတာပေါ့။ အဲ့ဒီတုန်းက ပူကြောင်းပြောနိုင်ကြသေးတယ်ဗျ ခုတော့ ပြောဖို့နေ
နေသာသာဗျာ အားလုံးက အပူဆိုတာရိုးရာထုံးစံလို ကျနော်တို့ မြန်မာနိုင်ငံသားတွေက ဖြစ်
လို့။

အားလုံးက တညီတညွတ်ထဲ တအိမ်တယောက်ထွက် သူများနိုင်ငံမှာ သူများခိုင်းရာမျက်နှာ
ငယ်လေးနဲ့သွားလုပ်ကြရတာကိုပဲ ဂုဏ်လေးတခုလိုဖြစ်နေသလားလို့လဲ တွေးမိပါတယ်။ ဘာ
ဖြစ်လို့လဲတော့ ကိုချစ်ဖေလဲမသိ ကျိန်းသေတာကတော့ အရပ်ဒေသကို စွန့်ခွာကြရသူတွေ
သန်းနဲ့ချီရှိလာတာပါ နည်းနည်းနောနောလူအုပ်ကြီးမှတ်လို့ အဲ့ဒီလူအုပ်ကြီးထဲ ကိုချစ်ဖေလဲပါ
လာခဲ့တာပေါ့.ဒီတော့ဗျာ အများနည်းတူ အိမ်ကိုလွမ်းတာ မြို့လေးကိုလွမ်းတာ ရွာကိုလွမ်းတာ
ဘာညာသာဓကာတွေလဲ ရှိလာရတာပေါ့ဗျာ။ တနေ့တနေ့ သန်းနဲ့ချီတဲ့ လူအုပ်ကြီးက ကိုယ့်
ဇာတိမြေကို သတိရနေကြတယ်(ချွင်းချက် တချို့ကတော့ အဝေးမှာပိုကောင်းတဲ့နေရာမှာပျော်
ပါတယ် အစထဲကလဲ ဇာတိမြေရဲ့ တန်ဘိုးကို နားမလည်ကြလို့ပဲ သဘောထားပါတယ် ဒါမှမ
ဟုတ် ကိုချစ်ဖေ တုံးတာအတာလဲ ဖြစ်ရင်ဖြစ်မှာပေါ့ဗျာ) ဆိုရင် အဲ့ဒီအလွမ်းဟာ အကြီးကြီးပါ။

အိမ်ကနေ သားရှိရာ သမီးရှိရာကို ချို့ချို့ငဲ့ငဲ့နဲ့ လွမ်းနေကြတဲ့ မိဘတွေကလဲ သိန်းချီနေမှာပါပဲ
လူဆိုတာ တန်ဘိုးရှိရှိမရှိရှိ ကိုယ်တန်ဘိုးထားရာဟာ ကိုယ့်အတွက် အရေးပါတာ အရေးကြီး
တာပါပဲ။ ကိုချစ်ဖေ ရွာမှာတုန်းက မိုးတွင်းညနေဖက် ရွက်လှေလေးနဲ့မြစ်ရိုးမှာ လှိုင်းစီးရင်း
တောအရက်လေးနဲ့ သူငယ်ချင်းတယောက် ၂ယောက်နဲ့ စကားစမြည်ပြော လတ်လတ်ဆပ်
ဆပ်အမြည်းလေးနဲ့ ဇိမ်ကိုကျနေတာဟာ ကိုချစ်ဖေအတွက် တန်ဘိုးကြီးတာပါပဲ။ အသွားရေ
စီးနဲ့မျှောချင်ရာမျှော အပြန်မုတ်သုန်လေနဲ့ ရွက်တိုက်ပြန် ရွာနားကဈေးမြို့လေးမှာ ဈေးဝယ်ပြန်
လို့ရသေးသပေါ့ဗျာ။

အော ဘယ်ရောက်သွားပါလိမ့် ဒီလိုပါ တပြည်လုံးက လူတွေ စီးပွားရေးမပြေလည်တော့ ပြေ
လည်ရာပြေလည်ကြောင်းရိုးရိုးပါပဲ နီးစပ်ရာ နိုင်ငံတွေမှာ ထွက်အလုပ်လုပ်ကြရတာကိုပြောပါ
တယ် တော်တော်များများကတော့ မသွားချင်ပဲသွားကြရတယ်ထင်ပါတယ်ဗျာ အဲ့ဒီလို ထွက်ခွါ
ရသူတွေ တနေ့ထက်တနေ့လဲ များများလာနေဆဲပါ။ အားလုံးသိကြတဲ့အတိုင်း စစ်အစိုးရအ
ဆက်ဆက်က ပြည်သူတွေကိုဒုက္ခပေးခဲ့တာကို ပြောတာပါ။

ကိုချစ်ဖေတို့ ငယ်ငယ်က ရှစ်လေးလုံးအရေးတော်ပုံကြီးနဲ့ မဆလ စစ်အစိုးရကို တခဲနက်တ
ပြည်လုံးကနေ ဆန့်ကျင်ကြတော့ အော်ကြတာပေါ့ဗျာ “ဒီမိုကရေစီရရှိရေး ဒို့အရေး ဒို့အရေး”
လို့ အားရပါးရကိုအော်ခဲ့ကြတာ မြို့တိုင်းမြို့တိုင်း တပြည်လုံးအုံးအုံးကျွက်ကျွက် ကိုဖြစ်လို့ လွတ်လွတ်လပ်လပ်မနေကြရသူတွေဆိုတော့ ဒီမိုကရေစီဆိုတာ လွတ်လပ်စွာ ပြောဆိုခွင့်
ရေးသားခွင့် စုရုံးခွင့် စီတန်းဆန္ဒပြခွင့် အစိုးရကိုလဲဝေဖန်ခွင့် (ကိုချစ်ဖေကတော့ ရပ်ကွက်လူ
ကြီးတွေကို ခံပြောနိုင်ခွင့်)ရှိတယ်ဆိုတော့ သဘောကျလို့အော်ခဲ့တာပါ အော်တာမှ ထောင်
တွေတန်းတွေပါကျလို့..။ အဲ့ဒီလွတ်လပ်ခွင့်တွေလဲ ကျနော်တို့ရွာမှာ မရခဲ့ပါဘူးဗျာ။ ဒါပေမဲ့လဲ
ရလိုရငြားတော့ တခါတခါထထတောင်းကျတာပဲဗျ ကိုချစ်ဖေလဲ အားပေးပါတယ် အားလဲရပါ
တယ်။ ဒါပေမဲ့လဲ အဲ့ဒီ ဒီမိုကရေစီကြီးက မရခဲ့ပါဘူးဗျာ။

အဲ့ဒီတော့ ကိုချစ်ဖေစဉ်းစားလာမိတာက ဒီမိုကရေစီဆိုတာ စာရွက်နဲ့ ကြေငြာချက်ထုတ်ပြီး
တောင်းတောင်း ပါးစပ်နဲ့ လူသိရှင်ကြားထွက်အော်တောင်းတောင်း ရပါ့မလားလို့ အဲ့ဒီလို
တောင်းတိုင်းပေးပါ့မလားလို့ စဉ်းစားမိတာပါ။ ဒီမိုကရေစီဆိုတာ တောင်းယူရတဲ့ ဟာမျိုးလား
ဘာညာစဉ်းစားမိတာပါ။ တချို့ကတော့ ကျင့်စဉ်တဲ့ ဘာညာတဲ့ပြောကြတာပဲဗျ။ အဲ့ဒါများဟုတ်
လေသလားလဲ စဉ်းစားပါတယ်။ နီးတော့နီးစပ်သား ဒီလိုဗျ ကိုချစ်ဖေ ဒီမိုကရေစီအတောင်း
လွန်သွားတော့ အိမ်ကို ၅ နှစ်ကြာမှပြန်ရောက်တယ်ဗျာ။ အိမ်ပြန်ရောက်တော့ အမျိုးတွေ သူ
ငယ်ချင်းတွေ ဆရာဆရာမတွေနဲ့ ကိုယ့်ရွာသူရွာသားတွေကို နှုတ်ဆက် တချို့ ကိုယ့်ထက်အ
သက်ဝါကြီးသူတွေ လိုက်တွေ့နှုတ်ဆက်တာပေါ့။ အဲ့ဒီမှာ ကိုချစ်ဖေရဲ့အမေဘက်က အမေ့အ
ကိုအကြီးဆုံး (ခုတော့ကွယ်လွန်သွားပါပြီ) က ငယ်ငယ်တုန်းက ကိုချစ်ဖေလိုပဲ စပ်စပ်စပ်စပ်
ဟိုပါဒီပါထင်ပါတယ် သူက တောတွေဘာတွေလဲခိုဘူးသဗျာ နောက်ဖဆပလအစိုးရက အရှင်
မိလို့ ထောင်ကျခဲ့သေး။

ဒါပေမဲ့ ဦးလေးက ဒီဖက် ခေတ်မှာ မဆလ န၀တခေတ်မှာ ဘယ်အဖွဲ့အစည်း ဘယ်နေရာမှမ
ပါတော့ဘူးဗျ သူတို့ခေတ်က တပ်ကနေတောခိုကြတာ ရဲဘော်သုံးကျိတ်ဝင် ဗိုလ်ဇေယျ (အခု
ကလေးတွေသိတဲ့ ရာဇာနေ၀င်းတို့ ဟေမာနေ၀င်းတို့ အိန္ဒြာကျော်ဇင်တို့ရဲ့ အဖိုး)တပ်နဲ့ပါသွား
တာ။ တောခိုမှန်းလဲမသိဘူးဆိုပဲ တောထဲရောက်မှ “ငါတို့တောခိုလာပီ အစိုးရကို လက်နက်
ကိုင်ပြန်တိုက်မယ် မင်းတို့နေချင်လဲနေနိုင်တယ် ပြန်ချင်ရင်လဲ ကိုယ့်သေနတ်နဲ့ကိုယ် ပြန်နိုင်
တယ်” ဆိုတော့ သူက သူခင်တဲ့လေးစားတဲ့ တပ်ရင်းမှုးဗိုလ်ဇေယျနဲ့ပဲ နေခဲ့တာဆိုပဲ။ သူနိုင်ငံ
ရေးတွေ ဘာတွေလဲမသိပါဘူးတဲ့ စစ်တပ်ဆိုတာပြည်သူတွေကို အကာအကွယ်ပေးတာ သေ
နတ်ကိုင်ရတာ သဘောကျလို့ တပ်ထဲဝင်ခဲ့တာတဲ့ သူချစ်ခင်တဲ့ တပ်ရင်းမှုးက အစိုးရက မ
ကောင်းဘူး ပြည်သူတွေအတွက်တိုက်ကြရမယ်ဆိုလို့ တိုက်ခဲ့တာပါပဲတဲ့ အဲ့ဒီတုန်းက တကယ်
တော့ စစ်တိုက်ချင်နေတာပဲသိတယ်ဆိုပဲ။

အဲ့ဒီဘကြီးပေါ့ဗျာ ကိုချစ်ဖေသွားနှုတ်ဆက်တာ သူက ကိုချစ်ဖေတို့ “ဒီမိုကရေစီကြီးဆိုတာ တော်တော်လိုချင်တယ်ဆိုတာ သူသိတယ်တဲ့ သူလဲလိုချင်တယ်တဲ့ အဲ့ဒီဒီမိုကရေစီကြီးကို မင်းအစိုးရဆီက မရပေမဲ့ ငါ့အိမ်မှာတော့ မင်းရတယ်ကွာ ငါပေးတယ် မင်းကြိုက်တာပြော ကြိုက်သလို လွတ်လွတ်လပ်လပ်နေ ရပ်ကွက်လူကြီးတွေကလဲ ငါ့ကိုမဖမ်းဘူး ဒီကောင်တွေ မင်းကိုလဲ မဖမ်းစေရဘူးကွာ” တဲ့ ။

သူအဲ့ဒီလိုပြောတုန်းကတော့ ပေါ့ပေါ့ပါးပါးပါပဲ ငါ့ဦးလေး ဘကြီးက ငါ့ကိုချစ်ရှာသားပဲလို့ပဲ တွေးမိတာပါ။ ခုပြန်စဉ်းစားမိတော့ ဟုတ်တာပဲ ငါဘကြီးပြောတဲ့ ဒီမိုကရေစီကို သူပေးတယ်
ဆိုတာ သူပေးနိုင်သားပဲ သူအိမ် သူ့သားကျနော်အကိုအိမ် အမကြီးတွေအိမ်မှာ သူပေးတယ်
တဲ့ သူပေးနိုင်တာပေါ့ အဲ့ဒီအိမ်တွေမှာ သူက အာဏာပိုင်ပဲ သူ့သဘောနဲ့သူ့သြဇာနဲ့ သူက ဒီမို
ကရေစီကို ထူထောင်ထားတာကိုး ဒီမိုကရေစီလွတ်မြောက်နယ်မြေလေးတွေဖြစ်နေတာကိုး အဲ့
ဒီလိုဖြစ်ဖို့တော့ ဘကြီးက ရွာမှာ အင်အားပြရတာ ဘာညာတော့ရှိမှာပေါ့ဗျာ။ ဒီတော့ ဒီမိုကရေ
စီဆိုတာကြီးကို အစိုးရတွေကပေးပေး မပေးပေး ကိုယ့်ရွာမှာ အိမ်မှာ ကိုယ့်ဘာသာထူထောင်
မယ်ဆိုဖြစ်တာပဲ။ တရားတွေ များလာရင် မတရားတာတွေ ချဲသွားမှာပေါ့။

စစ်အာဏာရှင်တွေကို တိုက်ရိုက်မဖယ်ရှားနိုင်သော်လဲ ကျောက်တောင်ကြီးဖြိုသလို တနေ့
နည်းနည်း အားလုံးဝိုင်းဖြိုနိုင်ရင် တနေ့ စစ်အာဏာရှင်တွေ ကျရှုံးမှာပဲ ကိုယ်လုပ်နိုင်တာသေး
သေးလေးဖြစ်ချင်လဲဖြစ်မယ်ဗျာ စစ်အာဏာရှင်တွေကို ထိခိုက်အောင် သူ့ကို အားပေးထောက်
ကူနေတဲ့ ကြံဖွတ်တို့ စွမ်းအားရှင်တို့ကို ဒုက္ခပေးရပ်သွားအောင် အနည်းဆုံး လုပ်နိုင်တာလေး
တွေကနေလုပ်မယ် ကိုယ့်ရပ်ဝန်းဒေသကို ပိုမိုလွတ်လပ်အောင်တိုးချဲ့သွားမယ်ဆိုတာမျိုးပေါ့
ဗျာ။သူ့ဖက်ကလို တပ်ကြီးမရှိပေမဲ့ သိတယ်မှလား။ ဒုက္ခပေးတဲ့သူတွေ တန့်သွားအောင်အဲ့ဒါ
ကို ကိုချစ်ဖေတွေးမိသွားတယ်။ နို့မို့ သူတို့ကချည်းပဲ နှိပ်စက်နေတာမဟုတ်လား ကိုယ်ကလဲ
ခုခံပိုင်ခွင့် တွန်းလှန်ပိုင်ခွင့်ရှိတာပေါ့ တွန်းလှန်သင့်တာပေါ့ဗျာ တွန်းလှန်မှုတွေများလာရင်
ကျောက်တောင်ကြီးပြိုသလိုပေါ့။ သူတို့ကမှ ကျောက်တောင်ကြီးမဟုတ်တာဗျာ။ မဟုတ်လား
ကိုချစ်ဖေစဉ်းစားမိတာပါ။ သဘောမညီရင်လဲ လွတ်လပ်စွာသဘောကွဲလွဲကြတာပေါ့။

Read more...

Sunday, May 9, 2010

တကယ်ချစ်တာလား

တကယ်ချစ်တာလား

အဲဒီအချိန်တုန်းက စီးပွားရေးကြပ်တည်းမှုက ခုအချိန်ခုအနေလောက်မဆိုးသေး ခုအချိန်
လောက်မဆိုးသေးဆိုသော်လဲ တော်တော်ကြီးတော့ဆိုးဝါးနေပြီ မနက်မိုးလင်းနံနက်စာစားဖို့
လူအများစုက ကလေးတွေအဆာပြေစားနိုင်ဖို့ ထမင်းကြမ်းတောင်မထာားနိုင်ကြတော့ ဒါပေ
မဲ့လဲ ဗမာနည်းဗမာဟန်နဲ့တော့ ဇွဲရှိရှိ ချီတက်နေရတဲ့အချိန်ပါ။

အဲ့ဒီအချိန်မှာ ကိုချစ်ဖေရောက်လေ့ရောက်ထရှိတဲ့ ရွာကနေဈေးတက်ဝယ်လေ့ရှိတဲ့ မြို့လေး
မှာ ငယ်သူငယ်ချင်းတွေလို ရင်းနှီးလှတဲ့သူတွေ ဆရာသမားလိုချစ်ခင်ရတဲ့သူတွေနေတဲ့မြို့
ကိုချစ်ဖေရွာနဲ့ဆို ၉ မိုင် ၆ ဖါလုံ တခါတလေလိုင်းသင်္ဘော မမှီတဲ့အခါ လက်နှိပ်ဓါတ်မီးဆွဲပြီး
ကိုယ်ထူကိုယ်ထ ကားလမ်းတာကြီးအတိုင်းလမ်းလျှောက် ပြန်နေကြမြို့လဲဖြစ်တော့ အိမ်ဦး
နဲ့ကြမ်းပြင် တလတခေါက် ၂ခေါက် ၃ခေါက်ရောက်နေကြမြို့ မြို့ခံတွေကိုယ်တိုင်က ငယ်သူ
ချင်းတွေ လက်ဖက်ရည်ဆိုင်မှာ အချိန်အားကြတဲ့အခါ လူစုနေကြ သူ့အိမ်ကိုယ့်အိမ်ထမင်း
လိုက်စားနေကြတဲ့မြို့ သာရေးနာရေးရှိရင် ၀ိုင်းဝန်းကြတဲ့မြို့လေးလဲဖြစ် ရန်ကုန်ကအသစ်
ထွက်သမျှစာအုပ် မဂ္ဂဇင်းတော်တော်များများ ချက်ချင်းရောက်တဲ့မြို့ ဆိုတော့ ကိုယ်ချစ်ဖေ
လဲ ခဏခဏ အားတဲ့အခါ ဈေးတက်ဝယ်တဲ့အခါ လမ်းကြုံတဲ့အခါ သူငယ်ချင်းတွေရှိရာ ထို
မြို့လေးကို ရောက်ဖြစ်ပါတယ်။

အဲ့ဒီအချိန်ပိုင်းက ကိုချစ်ဖေလဲ မရောက်ဖြစ်တာ တလခွဲ နှစ်လလောက်ကြာသွားတော့ မြို့
လေးနဲ့အဆက်ပြတ်သွားတဲ့အချိန်မှာ ကိုချစ်ဖေရောက်သွားတော့ သူငယ်ချင်းတွေနဲ့လဲ ဆုံ
ဖြစ်တော့ သူငယ်ချင်းတွေက လက်ဖက်ရည်ဆိုင်မှာ ၀မ်းသာအားရ တိုးတိုး တိုးတိုးပြန်ပြော
ပြလို့သိရတာ ၀မ်းသာအားရအဖြစ်အပျက်ကို ဘာလို့ တိုးတိုး တိုးတိုးပြောရတာလဲဆိုတော့
ကိုချစ်ဖေမရောက်လာတဲ့ရက်မှာ ကိုချစ်ဖေဆရာ မြို့လေးရဲ့ ကျောင်းဆရာဟောင်း ကျူရှင်
ဆရာကြီးနဲ့ တပည့်တွေကနေစုပြီး လက်တလော ကိုယ်လုပ်နိုင်တာ လုပ်သင့်တာထဲကနေ
အလှုလုပ်ကြတာပါ။

ဆန်ရေစပါး သားငါးပုဇွန်ပေါတဲ့မြို့လေးမှာ ခုလိုမျိုးအလှုလုပ်ရတယ်ဆိုတော့ ရှေးရှေးတုန်းက
လူကြီးတွေသာ အသက်ပြန်ရှင်လာရင် မင်းတို့ကလဲကွာ ငါတို့မြို့လေးမှာ လူတွေစားနိုင်ပါသေး
တယ်ကွာ အခါကြီးရက်ကြီးကြမှ ကောင်းကောင်းလှုကြတန်းကြပါလားလို့ပြောကြမှာ ဒါပေမဲ့ မ
နေနိုင်တဲ့သူတွေ ကိုယ်ချင်းစာတရားရှိတဲ့သူတွေကတော့ လတ်တလောအခြေအနေမှာ ကိုယ်
လုပ်ပေးနိုင်တာလေးကနေစကြတာပါ။ ဘယ်လိုပဲဖြစ်ဖြစ်မင်္ဂလာလဲရှိပါတယ်။ ၀မ်းသာစရာလဲ
ကောင်းပါတယ် မျှဝေစာနာရာလဲရောက်ပါတယ်။

အဲ့ဒီအလှုကတော့ ကြီးကြီးကျယ်ကျယ်လုပ်နိုင်တာမျိုးတော့လဲမဟုတ်ပါဘူး ဒါပေမဲ့ စစ်အာ
ဏာရှင်တွေကတော့ မကြိုက်ဘူးဗျ လုပ်နိုင်သလောက်ရယ် လုပ်နိုင်တဲ့သူတွေရယ်စုပြီး လုပ်
တဲ့ ဆန်ပြုတ်အလှုပါ ပထမတော့ ကလေးတွေ တော်တော်များများ လာစားကြပါတယ် နောက်
တော့ တဖြေးဖြေး မိုးပြဲဒယ် ၆ လုံး ရလုံးလောက်လဲဖြစ်လာတယ် ဆန်ပြုတ်ကလဲစုံလာတယ်
ဘဲသား ကြက်သား နွားနို့ အုန်းနို့ နဲ့ အစုံချက်နိုင်လာတယ် လာစားတဲ့ လူစုလူဝေးနဲ့အလှုငွေ
ထည့်ဝင်တဲ့သူတွေကလဲရှိလာတယ် လုပ်အားအကူ ငွေအကူ အကြံဥာဏ်အကူအစုံနဲ့လုပ်နိုင်
လာတယ် ဆန်ပြုတ်ဆိုပေမဲ့ကောင်းကောင်းချက်တာပါ ဘုန်းကြီးကျောင်းဘေးကွက်လပ်မှာ
သေသေချာချာကောင်းကောင်းမွန်မွန် ကျွေးမွေးတာပါ အိမ်ကိုပါဆယ်သယ်ချင်တဲ့သူတွေကို
လဲ ထည့်ပေးပါတယ်။ စားနိုင်သောက်နိုင်လှုနိုင်တဲ့အလှုရှင်တွေကိုယ်တိုင်ကလဲ သွားစားသွား
ဝိုင်းကူလုပ်ပေးကြတော့ လာစားတဲ့သူတွေ ပါဆယ်ယူသွားဖို့ တန်းစီတဲ့သူတွေ များလာပါ
တယ်။

အဲ့ဒီတော့ ထုံးစံအတိုင်းပေါ့ဗျာ လူစုစုဖြစ်လာတာကို မြို့နယ်ဗိုလ်ခင်ညွန့်ထောက်လှမ်းရေးအ
ရာရှိတွေက ရွှေစိတ်တော်ညိုလာတာပေါ့ ညိုဆို ရှစ်လေးလုံးအရေးအခင်းကြီးတုန်းက တက်
တက်ကြွကြွပါဝင်ခဲ့တဲ့သူတွေ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ကအလံမလှဲတဲ့သူတွေက ဦး
ဆောင်တာကိုး ဘာပဲဖြစ်ဖြစ် ဘယ်သူပဲလှုလှု မရှိတဲ့သူတွေအဖို့တော့ အဆာတော့ပြေသွား
ရတာပေါ့ဗျာ ဒါပေမဲ့မရဘူးခင်ဗျ ဦးဆောင်တဲ့သူတွေကို ခေါ်ပြီး ခင်ဗျားတို့လှုတာရပ်မလား
ကျနော်တို့ အကြောင်းတခုခုနဲ့ဖမ်းရမလား ဆိုပြီးပြောတော့ ရပ်ပေးလိုက်ရပါတယ်။ အဲ့ဒီအ
လှုမှာ နိုင်ငံရေးနောက်ခံ မရှိတဲ့ ရိုးရိုးစီးပွားရေးသမားတွေ အများကြီးအကူအညီပေးပါတယ်။
တကယ်ဆို သူတို့မလုပ်နိုင်တဲ့အလုပ် ပြည်သူတွေအတွက်လဲ အကျိုးရှိတဲ့အလုပ်ပေမဲ့ သူတို့
အာဏာကို ထိပါးမယ်လို့ယူဆတယ်ဆို သည်းမခံပါဘူး။ ခုတော့ သည်းမခံတဲ့ အာဏာရှင်
ဒေါက်တိုင်တွေလဲ ထောင်နန်းစံရတော့ သဘောတော့ပေါက်တဲ့သူတွေလဲပေါက်ကြမှာပေါ့ဗျာ။

တချို့ကတော့ လူမှုရေးအလုပ်ဆိုတာ သေးသေးမွှားမွှားပါ နိုင်ငံရေးမှ နိုင်ငံရေးအာဏာရမှ အများကြီး ထိထိရောက်ရောက်လုပ်နိုင်မှာပါဆိုပြီး လူမှုရေးအလုပ်တွေကို သိပ်အထင်မကြီး
ကြဘူးဗျ လူမှုရေးဆိုတာ နိုင်ငံရေးရဲ့ လက်အောက်ခံပါ ဘာညာပြောကြသေး ဟုတ်ပါတယ်
နိုင်ငံရေးကတော့ခေါင်ပေါ့ဗျာ ဒါပေမဲ့လဲ နိုင်ငံရေးဆိုတာ လဲကိုယ့်ပြည်သူတွေအတွက်လုပ်
တာပဲမဟုတ်လား များများမလုပ်နိုင်ခင်မှာ နည်းနည်းလုပ်နိုင်သလောက်လုပ်တော့လဲ ကောင်း
တာပါပဲ ကန္တာရကြီးထဲက အိုအေစစ်လေးတွေ များလာရင်လဲ ကန္တာရကြီးဆိုတာ ဘယ်ရှိတော့
မလဲမဟုတ်လား။

နောက်နိုင်ငံရေးအဓိကလုပ်မယ်လို့ အော်နေတဲ့ နိုင်ငံရေးသမားရင့်မကြီးတွေကလဲ လူမှုရေး
အလုပ်သမားလယ်သမားရေးတွေကို သူတို့ဖြစ်ချင်တာဖြစ်ဖို့ လောက်သာစည်းရုံးတာ သူတို့
မဲရရေးအတွက်သာ စည်းရုံးတာဖြစ်ပြီး တကယ်စိတ်ပါဝင်စားပြီးကိုယ်တိုင်ကိုယ်ကြ ကူညီပါ
ဝင်သူတွေက နည်းပါတယ် ရွာမှာဆို အစိုးရပါတီ အတိုက်အခံပါတီ ဘယ်ပါတီပဲလာလာ အိမ်
ကကြက်လေးရိုက်သတ် မရှိရှိတာလေးချက်ကျွေး မစားရ၀ခမန်းနိုင်ငံရေးစကားတွေနားထောင်
ပြီးပြန်သွားကြ မြို့မှာတွေ့တော့ လက်ဖက်ရည်လေးတောင်ပြန်မတိုက်ချင်ကြတဲ့သူတွေများပါ
တယ်။

ကိုချစ်ဖေစဉ်းစားတာကတော့ အဲ့ဒီအလုပ်သမား လယ်သမား ခေါင်းရွက်ဗျတ်ထိုးဈေးသည် ဆိုက်ကားသမား ပွဲစား ကုန်သည် ၀န်ထမ်းအားလုံးက မိုးပေါ်ကကျလာကြတာမဟုတ်ပါဘူး
သူတို့ရဲ့အရေးကို လက်တွေ့ကျကျ ကူညီလုပ်ကိုင်ပေးမှ စည်းရုံးရေးလုပ်မှ သူတို့ကလဲ ကိုယ်နဲ့
အတူပူးပေါင်းပါဝင်လာမှာပါ။ ၁၀ တန်းအောင်ဖို့အဓိကဆိုပေမဲ့ သူငယ်တန်းကနေ စသင်ကြရ
တာပဲ မဟုတ်လား။ ခု စစ်အစိုးရရဲ့ အခြေခံဥပဒေကို သဘောမတူတဲ့ လက်မခံတဲ့ နိုင်ငံရေး
ပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ်ကြီးကနေ လူထုကိုမျက်နှာမူတဲ့ လူထုအကျိုးကို
ရှေးရှု့တဲ့ လူထုကို ကူညီတဲ့ လူထုနဲ့တသားထဲဖြစ်တဲ့ နိုင်ငံရေးကို ဆက်လုပ်ကြမယ် ပါတီရှိရှိ
မရှိရှိ နိုင်ငံရေးတော့ရှိတယ် ဆက်လုပ်နိုင်တာတွေ နက်ဝက်တွေဖွဲ့ စုစည်း ပေါင်းစပ်လုပ်ကြ
မယ်ဆိုတော့ ၀မ်းသာစရာဗျာ။

နို့မို့ နိုင်ငံရေးပါတီဆိုတာဗျာ စစ်အာဏာရှင်တွေ ခွင့်ပြုသလောက်လေးပဲ လုပ်ကြတာပါ ယူနီ
ဖေါင်းလေးဝတ်လမ်းသလား(ဒါတောင်ပြည်တွင်းမှာ မလွယ်ကူဘူးနော တော်ရုံသတ္တိဗျတ္တိနဲ့မ
လုပ်ရဲ) ပြည်ပမှာဆို လက်တော့လေးတွေရှေ့ချ လခရတဲ့သူတွေလဲရကြလို့နောက်လာနောက်
သားတွေက ထင်သွားရင်မခက်လား စစ်ကျွန်ဘ၀က သက်ဆိုးဆက်ရှည်နေရတော့မှာပေါ့။
ကိုချစ်ဖေဥာဏ်လေးနဲ့ ကိုချစ်ဖေထင်တာပြောတာပါ မှားရင်လဲမှားနေမှာပေါ့။

လူထုကို တကယ်ချစ်တဲ့ သူတွေလုပ်တဲ့အနစ်နာခံမှုမျိုးကိုတော့ သူတို့လိုက်မလုပ်နိုင်ကြပါဘူး
ကိုကျော်သူရဲ့ နာရေးကူညီမှုအသင်းလိုမျိုး ကို ကြံဖွံက အံတုလို့မှ မရပဲဗျာ။ လူထုကိုတကယ်
ချစ်တယ်ဆို လုပ်ကြပေါ့နော။ မဟော်သဓါသားတရားစီရင်ခန်းလို အမေအစစ်က ဘယ်သူလဲ
ပြည်သူတွေကိုတကယ်ချစ်တာလား မချစ်ဘူးလားဆိုတာဆိုတာ လက်တွေ့ကပဲ ပြည်သူတွေ
အတွက် အဆုံးအဖြတ်ပေးနိုင်မှာပါ။ ကိုယ့်လူရော သူ့လူရောပေါ့။

Read more...

Sunday, May 2, 2010

ရှင်ကွဲ

ရှင်ကွဲ

တောင်တန်းကြီးရဲ့ကျောပေါ်မှာ
တင်ထားတဲ့ ရထားသံလမ်းလေးဟာ
ဂီတာကြိုးဆိုရင်
ရထားဥသြသံလေးက ဂီတာသံပေါ့မေမေ။

စက္ကူစွန်တွေ တိမ်စားတဲ့ကစားပွဲမှာ
သားမပါခဲ့ဘူး။
(သားကိုသား လွှတ်တင်ဖို့ ကြိုးတချောင်းမရှိခဲ့တာလဲပါမှာပေါ့)

အဲ့ဒီည

အိမ်ခြေယာမဲ့တယောက်ရဲ့ ညမှာမှ
လှိုင်းတွေက
သားကိုလာလာစီးတယ်
သားကတော့ ပင်လယ်ကိုမေမေ့ရင်ခွင်လို
တိုးဝှေ့ခဲ့ပေါ့။

မိုးစဲနေ

Read more...

Tuesday, April 13, 2010

ကိုယ်ရေးကိုယ်တာ

ကိုယ်ရေးကိုယ်တာ

ဘာမှမရှိဘူး
လွင်တီးခေါင်သက်သက်
သွားလမ်းသာလို့ ပြန်လမ်းမဖြောင့်ဘူး
ကိုယ့်ကိုကိုယ် ပစ်စလက်ခတ် တိုက်ပိတ်ထားတယ်
ကျွန်းချထားတယ်
အဲ့ဒီနေ့များ ခင်တန်းလဲမရှိ ပန်းလဲမပွင့်
မျက်ရည်နဲ့ကြိုတာတော့မရှိ
တောသင်္ဘောဆိပ်မြို့လေးမရှိ
ဘာမှမရှိဘူး
ဘာမှမရှိရင်တောင်မှ
ကျကျနနအရှုံးတွေတော့ရှိတယ်
အရှုံးကို အရှုံးနဲ့နမ်းရှိုက်
အရှုံးကို အရှုံးနဲ့ပစ်ပေါက်
အရှုံးကို အရှုံးလိုသိမ်းခေါက်
ဘာပဲဖြစ်ဖြစ် ဖြစ်ချင်သလိုသာဖြစ်
အဲ့ဒီမြေမှာ ကျနော်အောင်လံစိုက်ခဲ့တယ်မေမေ။

မိုးစဲနေ

Read more...

Thursday, March 25, 2010

ခရီး

ခရီး

ဝပ်ကျင်းလေးရဲ့ခေါင်မိုးပေါ်
လောကဓံ မိုးတွေ တဗြုံးဗြုံးရွာချချိန်
ကမ်းကပ်ခွင့်မရတဲ့လှေကလေးပါ။

မေမေရေ..
ရှည်ရှည်လျားလျားနေ့တွေထဲ
အနွေးထည်အဟောင်းလေးနဲ့
သား..
ခရီး..ဆက်ခဲ့ပြီ။ ။

မိုးစဲနေ

Read more...

Tuesday, March 9, 2010

ဗိုလ်ပြူး နဲ့ ကိုချစ်ဖေ

ဗိုလ်ပြူး နဲ့ ကိုချစ်ဖေ

မေ၀တ်ရည်သောင်းနဲ့ ထက်ဝေယံကို ကိုချစ်ဖေအွန်လိုင်းမှာ စပြီးသိလာတာလေ မေ၀တ်
ရည်သောင်းလေးက ကိုချစ်ဖေတို့နဲ့ တမြို့ထဲသား သူ့ချစ်သူလေး ထက်ဝေယံကလဲ ကိုချစ်ဖေ
တို့ မြစ်ဝကျွန်းပေါ်သားလေ ဒါကြောင့် အဝေးမှာ အင်တာနက်ကြီးပေါ်မှာ တွေ့တော့သူများ
တွေထက်ခင်တာပေါ့ဗျာ နာမည်တွေလား ဘယ်နာမည်အရင်းဟုတ်ပါ့မလဲ ကောင်မလေးက
အေးဝတ်ရည်သောင်းတို့ နှင်းဝတ်ရည်သောင်းတို့ရဲ့ ညီမလေးလားမှတ်ရတယ် ဒါ့ကြောင့် သူ့
ကို မေ၀တ်ရည်သောင်းလို့ခေါ်တယ် သူ့ချစ်သူကောင်လေး ထက်ဝေယံကိုတော့ ရုပ်ရှင်မင်း
သား ရီဝေယံနဲ့ ခပ်ဆင်ဆင် ဆိုတော့ ထက်ဝေယံလို့ပဲခေါ်လိုက်တယ်ဆိုပါတော့။ တကယ်
တော့ သူတို့ နှစ်ယောက်စလုံးက သူတို့ပင်ကိုယ်ရုပ်ရည်ချောမော တင့်တယ်သူတွေပါ အနီး
စပ်ဆုံး တူတဲ့သူတွေနဲ့ သရုပ်ဖေါ်လိုက်တာပါ သူတို့ကိုယ်တိုင်သာ ရုပ်ရှင်လောကနဲ့ နီးစပ်လို့
ရုပ်ရှင် ဗွီဒီယို ရိုက်ရရင် ဟိုမင်းသားမင်းသမီးတွေထက်တောင်ကျော်နိုင်သေး။

ထက်ဝေယံက ကိုချစ်ဖေကို “အကို အကိုနဲ့ ဗိုလ်ပြူးနဲ့ ဘယ်လိုလုပ်သိသွားတာလဲတဲ့ ကျနော်
တို့မြို့မှာ ဗိုလ်ပြူးဆိုအားလုံးသိတယ် တပြူးထဲရှိတယ်လေ အကိုလဲ ဒါမျိုးတွေ ၀ါသနာပါလို့
လားတဲ့” ကိုချစ်ဖေလဲ အဲ့ဒီတော့မှ ကမန်းကတမ်းရှင်းရတာပေါ့ “မဟုတ်ပါဘူး ထက်ဝေယံ အ
ကို ဒါမျိုးတွေ ၀ါသနာမပါ ပါဘူး ဗိုလ်ပြူးနဲ့ လူချင်းကိုခင်မင်လို့ပါ” ဆိုလေ ထက်ဝေယံက ရယ်
လေပဲ “အကိုကလဲ ၀ါသနာမပါဘူးသာဆိုတယ် ဗိုလ်ပြူးနဲ့သူငယ်ချင်း လူချင်းခင်မင်လို့ဆို
တော့ ကျနော်နားမလည်တော့ဘူး” တဲ့ အဲ့ဒါနဲ့ ထက်ဝေယံကို ရှင်းပြရတာပေါ့ ဒို့အရေးပြီးကာ
စ ဗိုလ်ပြူးနဲ့ ကိုချစ်ဖေနဲ့က ဘ၀တက္ကသိုလ်ကြီးမှာ မတက်ချင်တက်ချင်နဲ့ မတက်မနေရ တက်
လာခဲ့ရသူတွေလေ ဒီတော့ သိတာပါ အပြင်မှာတော့ တခါမှ သူ့အိမ်မရောက်ခဲ့ပါဘူးပေါ့။

ကိုချစ်ဖေ ကျောင်းထဲမှာရှိတုန်းက ဗိုလ်ပြူးတို့ ကျသစ်တွေ ရောက်လာတယ် ထောင်ပုံစံသင်
နေတုန်းပါ ဗိုလ်ပြူးကို တဖုန်းဖုန်းနဲ့ ရိုက်နေတော့ ဘာဖြစ်တာလဲလို့ ကိုချစ်ဖေလဲ ကြည့်မိတာ အဲ့ဒီတုန်းကတော့ ဗိုလ်ပြူးမှန်းဘယ်သိဦးမလဲ ပုံစံသင်တဲ့သူက တော်တော်ကို စိတ်မရှည်ဖြစ်
နေပြီ “ခင်ဗျားကို ဘယ်နှစ်ခါ သင်ပေးရဦးမလဲ ထောင်ထဲမှာ အဲ့ဒီလိုပဲ သုံးရတယ် သေသေချာ
ချာလိုက်ဆို မရရင် နာမယ် ဘာမှုဖြစ်လဲဆို…တရွာထဲနေ မိန်းကလေးသုံးဦးအား ပြည့်တန်ဆာ
ခေါင်းလုပ်မှု..လို့ ဖြေရမယ် တရွာထဲနေ မိန်းကလေးသုံးဦးအား -ါ ခေါင်းလုပ်မှုလို့ မဖြေရဘူး
ဒါရုံးမှာဖြေရမှာ” တဲ့ သင်တဲ့သူက သင်ပေမဲ့ ဗိုလ်ပြူးကလဲ သူအလုပ်ကို သူစိတ်စွဲနေလို့ထင်ပါ
တယ် နောက်ကြောက်တာလဲပါမှာပေါ့ သူဖြေတိုင်း “ တရွာထဲနေ မိန်းကလေးသုံးဦးအား -ါ
ခေါင်းလုပ်မှု” လို့ပဲဖြေဖြေနေတယ် ပြည့်တန်ဆာလို့ အစားထိုးဖြေရမှာကို မှားနေတာ
တော်တော်အရိုက်ခံရပြီးမှ မှန်သွားတယ်။

နောက် ဗိုလ်ပြူးက စီမံချက်နဲ့ ထောင်သုံးနှစ်ကျပြီး ကိုချစ်ဖေတို့ အခန်းကိုရောက်လာတယ် လူ
ပုံပမ်းက ဖြူဖြူသေးသေး ကွမ်းစားတယ် ပြုံးပြုံး ပြုံးပြုံး တွံတေးသိန်းတန် ဟင်္သတထွန်းရင်တို့ရဲ့
သီချင်းတွေ တန်းပိတ်ရင် အမြဲဆိုတယ် ကျန်တဲ့အချိန်မှာလဲ သူက သီချင်းလေးတအေးအေးနဲ့
ဆိုတော့ ကိုချစ်ဖေတို့လဲခင်တာပေါ့။ ညဖက်ဆိုတန်းပိတ်ချိန် ကိုချစ်ဖေတို့ ၀ိုင်းကိုလဲ စကား
လာလာပြောတတ်တယ် သူပြောပြတာက “ကိုချစ်ဖေရယ် တကယ်ကကျနော်ခုလိုဒီကိုရောက်
လာတာ ရောက်ချင်လို့ကို ရောက်လာတာပါ ကျနော့်ကို ဒီတခါတော့ စီမံချက် လိုင်းကြေးပေး
လို့ကို မရတော့ဘူး ခင်ဗျားနာမည်က တိုင်းအထိပေါက်နေပြီး ကျနော်တို့လဲ ကာလို့မရတော့
ဘူး ဒီတော့ခင်ဗျားကို ဖမ်းရလိမ့်မယ် လို့ နယ်ထိမ်းကိုယ်တိုင်က လာပြောတာပါဗျာ ကျနော်တို့
လဲ လိုင်းကြေးမှန်မှန်ပေးပါတယ်” တဲ့။

သူ့ကိုသူများတွေက ဗိုလ်ပြူးလို့ခေါ်တာ ဘာဖြစ်လို့ ခေါ်တာလဲ လို့မေးကြည့်တော့“သိဘာဘူး
ဗျာ အဲ့ဒီလိုခေါ်ကြတာပဲ ခင်လို့ပဲ နေမှာပေါ့တဲ့ဒါ့ကြောင့် ကျနော်လဲ ဒီနာမည်ကြိုက်တယ် ” တဲ့
အဲ့ဒီတော့မှပဲ သူငယ်ချင်းတွေကို ပြန်သတိယလာတယ် တိုက်တိုက်ဆိုင်ဆိုင် ပဲခူးက ကျနော့်
သူငယ်ချင်းသုံးလေးယောက်က ကျနော့် ကို ဗိုလ်ချစ် ဗိုလ်ချစ်ခေါ်တယ် ကျောင်းတွေပိတ် ခါနီး
တော့ လိပ်စာတွေအပြန်အလှန်ပေးကြရင်း ကျနော့်စာအုပ်ထဲမှာ ဗိုလ်ချစ်ဘာညာရေးကြတယ်
ဗျာ အပြင်မှာလဲ အဲ့ဒီလိုပဲခေါ်တာပါပဲ ဖြစ်ချင်တော့ ကိုခင်ညွန့်တို့ ထမင်းစားဖိတ်တော့ အဲ့ဒီစာ
အုပ်ကိုသိမ်းသွားတယ် စစ်ကြောရေးထဲမှာ မင်းကို သူများတွေက ဘာလို့ ဗိုလ်ချစ်လို့ခေါ်တာ
လဲ ဘယ်တုန်းကခေါ်တာလဲဆိုပြီး ထုနေလို့ဗျာ မနည်းရှင်းရတယ် အဲ့ဒီလိုနဲ့လဲ ဗိုလ်တွေနဲ့ ရေ
စက်မှာ ဆုံတယ်ဗျာ။

ဗိုလ်ပြူးနဲ့တော့ တော်တော်ကိုခင်ပါတယ် ကျနော်တို့က “ခင်ဗျားကို ခု အဲ့ဒီအမှုနဲ့ ဖမ်းလာပြီဆို
တော့ ခင်ဗျားအလုပ်ကိုရပ်ထားရတယ်ပေါ့” လို့မေးတော့ “ဘယ်ကလာရပ်ရမှာလဲဗျာ ကျနော့်
မိန်းမကဆက်ပြီးလုပ်နေလို့ ထောင်ဝင်စာလေးမှန်နေတာပေါ့ ခုအဖမ်းခံရတဲ့ကောင်မလေးတွေ
ကလဲဖြစ်ချင်တော့ ဝေးဝေးကိုမပြေးလို့ကို ရဲကဖမ်းမိသွားတာ ဒီတော့ ကျနော်ကိုသက်သေခံပ
စ္စည်းနဲ့ကကွ မိတယ်ဆိုတာမျိုးလုပ်တာပေါ့ ခုလဲ လိုင်းကြေးပေးပြီးဆက်လုပ်နေတာပါပဲဗျာ” တဲ့ ဗိုလ်ပြူးက သီချင်းလေးညည်းညည်းနေတတ် သီချင်းဆို ၀ါသနာပါတော့ ကျနော်တို့က သူသီချင်းဆိုနေတာတွေ့တိုင်း ကွမ်းယာကို ခါးကြားထဲထည့်ထားပြီး သူ့ရှေ့မှာ ထုတ် “ ရော့…
ဗိုလ်ပြူး ဒီကွမ်းယာကိုစား ပြီးရင် နားထဲသာထွေးချလိုက်” လို့စတိုင်း သူသီချင်းဆိုတာရပ်ပြီး တဟားဟားနဲ့ကို အော်ရယ်တာ။

နောက်ကျနော်တို့ရှေ့မှာဆို ဘယ်တော့မှသီချင်းမဆိုတော့ဘူး ဒါပေမဲ့လဲ တခါတော့ လက်
ဖက် ရေနွေးကြမ်းပါ အဆောင်ထဲရှာဖွေလုပ်ထားတယ် အဆောင်ပိတ်တော့ တယောက်က
မျက်နှာသေလေးနဲ့ ဗိုလ်ပြူးကိုသွားဖိတ်တယ် “ဗိုလ်ပြူး လက်ဖက် ရေနွေးကွမ်း ဆေးလိပ်အကုန်
ရှိတယ် ထောင်ဝင်စာလာထားတယ် ကျနော်တို့နဲ့ စကားလာပြောပါဦးဆိုပြီး သီးသန့်သွားဖိတ်
တယ်။ဗိုလ်ပြူးကလဲ လိုက်လာတာပါပဲ ကျနော်တို့နဲ့ ဟိုပြောဒီပြောပေါ့ “အသစ်ကလေးဆိုတာ ကိုယ့်ဆီကို ခုမှရောက်တာဆို အသစ်ကလေးပဲဗျ ဘယ်လောက်ဒီအလုပ် လုပ်ခဲ့လုပ်ခဲ့ ခင်ဗျား
တို့ ဘယ်တော့မှ မယုံနဲ့” “ကျနော်တို့က တကယ်တော့ ကြားကပွဲစားပါဗျာ”ဘာညာဆိုတာမျိုးပေါ့ ။

ကျနော်တို့ကလဲ သူသီချင်းဆိုတာ နားထောင်လို့ကောင်းကြောင်း အိမ်မှာရော ဒီလိုပဲ အမြဲဆို
နေတာပဲလား ဆိုပါဦး ဆိုတော့ မဆိုတော့ဘူး ကျနော်တို့ သူသီချင်းဆိုတိုင်း ကွမ်းယာနဲ့ နောက်နေကြဆိုတော့ မဆိုတော့ဘူး ကျနော်တို့ အားလုံးကလဲ အလကားစတာပါ ဗိုလ်ပြူးရယ်တကယ်ကောင်းတာပါ ခင်ဗျားကဟင်္သာတ
နားမှာ နေလို့လားမသိဘူး ဟင်္သာတထွန်းရင် သီချင်းဆိုရင် ပိုတူတယ် ဘာညာ လျှောက်ပြော
ရတာပေါ့ အဲ့ဒီလို အားလုံးက အတည်ပေါက်နဲ့ တကယ်ပြောနေတော့ သူယုံတာပေါ့ သူက
“ဒါဆိုလဲ ကျနော်ဆိုမယ်ဗျာ” ဆိုပြီးဆိုတော့တာပါပဲ သူတကယ်သီချင်းအပေါ်မျာ ဈာဉ်ဝင်တဲ့အချိန်ကြမှ အသင့်ယာပြီး
ခါးကြားထဲဖွက်ထားတဲ့ ကွမ်းယာထုတ်လေးကို သူ့ရှေ့ထိုးပေး ခေါင်းကိုလဲ စောင်းပေးစားပြီး
နားထဲကိုသာ ကွမ်းတံတွေး ထွေးထည့်ပေတော့လို့ အမူအယာနဲ့ လုပ်ပြတယ်ဆို တဟားဟား
ရယ် တာမဆုံးတော့ဘူး “ခင်ဗျားတို့ကို သတိထားနေရက်နဲ့ ခံရပြန်ပြီ” လို့လဲပြောသေး။

နောက် သူရဲဘက်စခန်း ပါသွားခါနီး သူမသေလို့ သူ့မြို့လေးကို ပြန်ရောက်တဲ့အခါ ဘူတာမှာ
ထဲက သူ့နာမည် ဗိုလ်ပြူးကိုပြောပြီးမေးလိုက်ပါ ကြိုက်တဲ့ဆိုက်ကားသမားကို ပို့ခိုင်းလို့ရပါ
တယ် ဆိုက်ကားခပါ ဆီးပေးမယ်ဗျာ ခင်ဗျားတို့သာလာမယ်ဆိုရင် ကြိုက်သလောက်နေ ဧည့်
စာရင်းပါ တိုင်စရာမလိုဘူး ကျနော်ဆီမှာ အမြဲ ကောင်မလေးတွေ ၁၀ ယောက်အထက်ရှိတယ်

ရ၀တလဲ ကျနော်ပိုင်တယ် နယ်ထိမ်းလဲ ကျနော်ပိုင်တယ် ကျနော့်တော့ ဧည့်ခံစရာ ဒါပဲရှိတယ်
တဲ့ကျနော်တို့ကလဲ ဗဟုသုတအလို့ငှါမေးမြန်းတာပါ နောက် ထောင်ကျခြင်း ဘ၀တူခြင်း ချစ်
ချစ်ခင်ခင်နေတာပါ ဗိုလ်ပြူးဆီကိုတော့ တခါမှ မရောက်ခဲ့ပါဘူး သူ့ရှိတဲ့ တောမြို့လေးရဲ့ဘူတာ
ကိုတော့ ခဏဖြတ်သွားရင်းရပ်ခဲ့သေးတယ်။

သူအိမ်ကိုပြန်ရောက်မရောက်တော့ မသိတော့ပါဘူး နောက် ထက်ဝေယံနဲ့ တွေ့တော့ မေး
ကြည့်တော့ ဗိုလ်ပြူးက ခုထိရှိတုန်းပဲတဲ့ သူကတော့မရောက်ပါဘူးတဲ့ ကျနော်ကလဲ သတိယ
လို့သာ တကယ်က အဝေးမှာ နောက်ပြန်တွေ့ရင် ကျနော့်ကို မှတ်မိမယ်တော့ ထင်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဗိုလ်ပြူးအသက်ရှင်လျှက် ရှိနေသေးတယ်ဆိုတော့ ၀မ်းသာရပါတယ် လေး
လုံးရောဂါတွေကလဲများနေတော့ ကျမ်းတော့ကျမ်းမာပါ့မလား မသိ။



Read more...

Thursday, March 4, 2010

ဝေးခဲ့ရင်

“ဟားဟား..ဟားဟား..
ဟေ့ကောင်..ကျော်ဌေး..မင်း မင်္ဂလာဦးညက တယ်မိုက်ပါလားကွာ..
ခုနတန်းပိတ်ပြီးတော့ ဟိုကောင်တွေအုပ်စုက ဆိုနေတဲ့သီချင်းက မင်းမင်္ဂလာဆောင်ကဖွင့်
နေတာကိုး..
တော်တော်ရယ်ရတဲ့ကောင်ကွာ
ကိုယ်ကိုယ်တိုင်တောင် ကျရက်မသိသေးတဲ့ကောင်က ရုံးထွက်ရင်း တရားရုံးမှာ လက်မှတ်ထိုး
ပြီးမိန်းမယူလာရတယ်လို့…
ဟိုကောင်မလေးကကော..လွတ်ပြီးမှ ထောင်ဝင်စာလိုက်
တွေ့ ချင်နေတယ်ထင်တယ်..ဟင်း..
မရှိလို့ ခိုးဝှက်စားနေရတဲ့ ကောင်မကများ အမှုသေးလို့ လွတ်ရက်နီးတာနဲ့ လင်ယူချင်ရသေး..”



“ဆရာ..ကျနော့်ကို ပြောချင်ပြောပါဆရာရယ်..
ကျနော့်ကောင်မလေးကိုတော့ မပြောပါနဲ့ သူလဲစားစရာမရှိလို့ ခိုးတယ် တခါခိုး တခါမိတယ်.
ကျနော့်ကသာ ငယ်ငယ်ထဲက ခဏခဏ ခိုး မှုနဲ့ဝင်နေတာပါ..ကျနော့်ကိုပြောပါဆရာ..
ကျနော်တို့ ခုလို ရုံးထွက်ရင်း လက်မှတ်ထိုးယူလိုက်တာ ခုအတူမနေရပေမဲ့ ..သူနဲ့ကျနော်
လွတ်လာတဲ့အခါ အတူနေကြရမှာပဲ ဆရာ..”

“ဟား..ဟား..တော်တော်ရူးတဲ့ကောင်ကွာ..ထောင်ထဲရောက်လို့ ဒုက္ခရောက်နေလို့ ချစ်တာ
ကြိုက်တာတွေ မေ့ထားတယ်မှတ်တယ် အံ့ရောကွာ..မင်းကရော ဘယ်တော့လွတ်မှာလဲ..
ခိုးမှုက ၄ မှု ဖေါက်ထွင်းမှုက ၂ မှု လေ..”

“ဆရာ..ကျနော်တရားရုံးမှာ ၀န်ခံပြီးပြီဆရာ အမြန်ထောင်ချမှာပါ။ ကျမှာမထူးတော့ မြန်မြန်ကျ
မြန်မြန်လျှော့ရက်ရ မြန်မြန်လွတ်အောင်ပေါ့ဆရာ..ကျနော်ရဲဘက်ပါသွားလဲ ကောင်မလေးလိုက်လာတွေ့လို့ ရတယ်လေဆရာ..”

“အေးအေး..ကျော်ဌေး မင်းစိတ်ကူးနဲ့မင်းတော့ ဟုတ်နေတာပဲ..ရဲဘက်မှာ ဂိပြီး မသေရင်တော့
ပေါင်းရမှာပေါ့ကွာ မသေအောင်ကြည့်နေပေါ့ကွာ..ငါတော့ ဒါပဲလက်ဖွဲ့နိုင်တယ်..မင်းကလဲ ဘာမှ မကျွေးတာပဲကွာ..”

“ဆရာ..ကျနော်တို့ မနက်က အချူပ်ခန်းထဲက ချူပ်သစ် ကျသစ်တွေအားလုံး လက်ဖက်ရည်တိုက်ပါတယ်ဆရာ ကျနော်တို့ လက်မှတ်ထိုးတဲ့ရုံးက ၀န်ထမ်းတွေလဲ လက်ဖက်ရည်တိုက်ပါတယ်ဆရာ..ဟဲဟဲ..ကျနော်လဲ ပိုက်ဆံအကုန်ပါပဲ..”

“အေးကွာ..မင်းစိတ်ချမ်းသာရင်ပြီးရော..စာခိုးရေးတဲ့ကောင်တွေ သတိထား နိုင်ငံရေးတွေ တိုင်စာတွေ မိလို့ကတော့ ချီးထွက်သွားအောင်ရိုက်ပစ်မယ်..ရည်းစားစာလဲ မရေးကြနဲ့ အရူးမထကြနဲ့…သိလား..”

“ဟုတ်ကဲ့ပါ..ဆရာ..”

သူခိုးကျော်ဌေး(အခြားကျော်ဌေးများလဲရှိ၍ အများကထိုသို့ ခွဲခေါ်ခြင်းသာဖြစ်ပါသည်)နဲ့ ထောင်မှုးတယောက် ကျော်ဌေးတို့ ချစ်သူနှစ်ဦး တရားရုံးမှာ လက်မှတ်ထိုးပြီးသောညမှာ ထောင်မှုးက ကင်းလှည့်လာရင်း ကျော်ဌေးသတင်းကြား၍ အပြန်အလှန်ပြောနေကြခြင်း ဖြစ်သည်။ ကျော်ဌေးက အမှု ၆ မှု တချို့ထောင်ကျပြီး တချို့ကျန်နေသေး၍ရုံးဆက်ထွက်နေရ
သည်။

အသားညိုညို ထောင်ထောင်မောင်းမောင်း ထောင်ထဲကို ငယ်ငယ်ထဲက ၀င်လိုက်
ထွက်လိုက် ထောင်ကပြန်ထွက်တာနဲ့ ပြန် ခိုး ပြန် ခါးပိုက်နှိုက် သံသရာလည်နေခဲ့ရင်း အရွယ်
ရောက်လာသူ ရုံးထွက်ရင်း မိန်းကလေးထောင်က ခိုးမှုအချူပ်ကျကောင်မလေးနဲ့ မျက်လုံးချင်း
ဆုံ ရင်ခုန်ခဲ့ကြသည်တဲ့ သူကလဲ စာကိုဖတ်တတ်ရုံ ကောင်မလေးက မဖတ်တတ် အချူပ်ကား
တကားထဲ ရှေ့နောက်သံတိုင်ခြားစီးကြရင်း ချစ်သွားကြသည် အပြန်အလှန်စာပေးစာယူခဲ့ကြ
သည်။ ရုံးချိန်းအတူကျအောင် တရားသူကြီးကိုတောင်းပန်ခဲ့ကြသည်။

မိန်းမထောင် ထမင်းပုံးထမ်းသူငယ်ချင်းများဆီက ရင်ခုန်စရာ လက်ရေးလှလှလေးများ
နှင့်ပြန်စာတွေရခဲ့သည်။ ကျော်ဌေးက ကျနော်နဲ့ခင်သည် ကျနော်က ကျော်ဌေးရဲ့ ရုန်းကန်နေ
ထိုင်ရမှုကို စိတ်ဝင်စားသည် ကျနော့်ဆေးလိတ်လေးကို ဖဲ့တိုက်ရင်း ရင်းနှီးခဲ့ကြသည်။ ရင်းနှီး
၍လဲ ကျနော့်ကို သူ့အချစ်ဇာတ်လမ်းကို ရင်ဖွင့်သည်။ စာကောင်းမွန်စွာမတတ်ကြသူခြင်း ဘယ်လိုစာပေးစာယူဖြစ်သွားကြသည်လဲ ဆိုတော့ စာရေးပေးတဲ့သူကရေးပေးသည်။ စာဖတ်
ပြီးပြန်စာရေးပေးသူက ပေးသည် စာတစောင်နှင့်တစောင် လက်ရေးမတူတတ် နီးရာလူကို အ
ကူအညီတောင်းပြီး စာရေးကြသည်။ စာပြန်ကြရသည်။ မဖတ်တတ်တဲ့စာလေးကို ခဏခဏ
ထုတ်ကြည့်ရင်း အလွမ်းဖြေကြရသည်။ ရရာစာရွက်ပေါ်မှာ အဆင်ပြေသလိုရေးရတော့ စာ
ရွက်က မျိုးစုံသည် ဆေးလိတ်ထုတ်တံဆိပ်နောက်ကျော စီးကရက်ဗူးခွံ ဗမာပြည်လုပ် အိမ်
သာသုံး စက္ကူထူ စာအကုန်လက်ရေးစုံ သိမ်းထားသည်။ နောက်သူတို့လက်ထပ်ရန် တသက်လုံး မခွဲအတူနေကြရန် သဘောတူ လိုက်ကြသည်။

လက်ဖက်ရည်တိုက်ဖို့ ထောင်ထဲမှာပဲငွေရှာ အမှုအကုန် ထောင်မြန်မြန်ကျ ရဲဘက်မြန်မြန်ပါရင် ရဲဘက်မှာ ချစ်သူနှင့် အတူနေထိုင်ခွင့်ကို ရင်ခုန်နေရသည် ကောင်မလေးက အသားဖြူဖြူတစ်
တစ်ရစ်ရစ် နှာတံပေါ်ပေါ် ရောဂါသည်အဖေနှင့် မောင်နှမများကို ရပ်ကွက်ထဲ အ၀တ်လျှော်ရေ
ခပ် အမှိုက်ရှင်း လိုရာလုပ်ပေးရင်းရှာကျွေးမွေး နောက်ခိုးမှုနှင့်ထောင်ထဲရောက်လာသူ ရုံးချိန်း
ထွက်ရင်း ကျော်ဌေးနှင့် ချစ်သွားသည်။ ကျော်ဌေးက ခိုးမှုသမား ခါးပိုက်နှိုက်ပေမဲ့ အချူပ်ခန်း
ထဲမှာ ရိုက်ရဲ ချင်းရဲ ခွာရဲ ချွတ်ရဲသည်။ ထိုနည်းနှင့်ထောင်ထဲမှာ ပိုက်ဆံရှာသည်။ကောင်မ
လေးက ထောင်ထဲမှာ ၃(ခ)အမှုသည်များနှင့်တွေ့ရင်း ထောင်ကအလွတ်မှာ လိုင်းထဲကို ရောက် သွားနိုင်လို့ ကျော်ဌေးက လက်ထပ်လိုက်ရတာဟု ပြောသည်။ ဘာပဲဖြစ်ဖြစ် ကျနော်
တို့အားလုံးအတွက်ထူးခြားနေသည် ကျော်ဌေးက သူဖွက်ယူလာသော စီးကရက်ဗူးထဲက စီးက
ရက်ကို ထုတ်ပေးရင်း သူတို့ တနေ့ပြန်ဆုံမှာလို့ ကျနော့်ကိုပြောပြနေသေးသည်။

အသက် ၂၀ အရွယ် ကောင်မလေး စာမတတ် အရှေ့အနောက်ရယ်လို့ သူမသိ ကျော်ဌေးပါ
သွားမည့် ရဲဘက်စခန်းကို လိုက်တွေ့ဖို့ ငွေကြေးမပြည့်စုံ ရုပ်ရည်သနားကမားနှင့် ထိုကောင်မ
လေး ကျော်ဌေးကို လိုက်ကောတွေ့နိုင်ခဲ့သည်လား ခိုးမှုနှင့်ထောင်ကလွတ်လာသော ထိုကောင်မလေးကို ရပ်ကွက်ထဲကကော အလုပ်ပေးကြပါဦးမည်လား။ ကျနော်မသိတော့ ကျနော်ထောင်ထဲမှာ ရှိနေတုန်း ကောင်မလေး ထောင်ကမလွတ်မီ ကျော်ဌေး ရဲဘက်ပါသွား
သည်။ ကောင်မလေးနှင့် အတွင်းထောင်ဝင်စာတွေ့ခွင့်ခဏရသွားသည်။ ကျော်ဌေးရဲဘက်မှာ သေဆုံးထွက်ပြေးစာရင်းသံကို ကျနော်နားစွင့်ထားမိသည်။ သူ့ထောင်ကျနှစ် ၄ နှစ်ခွဲ အပြီး သူ့မြို့လေးကို ပြန်ရောက်ရင် စက်ဘီးပြင်ဆိုင်လေးဖွင့်မည် သူစက်ဘီးပြင်တတ်သည် ဟုဆိုသည် ရပ်ကွက်ထဲ အေးအေးဆေးဆေးလုပ်ကိုင်စားတော့မည်လို့တော့ ပြောသွားသည်။

ထိုသို့ပြောသွားရင်း ပြန်ရောက်လာသူတွေလဲ မနည်းတော့ ကျနော်လွတ်လာခဲ့ပြီး အချိန်ထိ
ကျော်ဌေးသေဆုံးစာရင်း ထွက်ပြေးစာရင်းထဲမပါပါစေနဲ့လို့ ဆုတောင်းပေးခဲ့သည်။ ကျနော့်ဆုတောင်းကော ပြည့်နိုင်ပါ့မလား ထိုစာရင်းဇယားကို ကျနော့်ကိုကော ဘယ်သူက ရှာပေးမှာလဲ ရဲဘက်ပြေးများပြန်ရောက်လာသူများကို စမ်းတ၀ါးဝါးမေးကြည့်ရုံသာ။

အစစ အရာရာ အဆင်ပြေ ချောမွေ့ခဲ့သူများရဲ့ တက္ကသိုလ်အချစ်ဇာတ်လမ်းတွေက အားကြ
ဖွယ်ရာပါ ကြည်နူးဖွယ်ရာပါ အဆင်မပြေခဲ့ရသူတွေကကော လူသားတွေပဲမို့ ထောင်ထဲမို့လို့
မချစ်ကြရတော့ဘူးလား ။

ကျော်ဌေးတို့လဲ လူသားတွေပဲနော။




Read more...

Monday, March 1, 2010

လမ်းပေါ်က ဘာမှမဟုတ်တဲ့ ကဗျာ

လမ်းပေါ်က ဘာမှမဟုတ်တဲ့ ကဗျာ

လက်ဖြောင့်သေနတ်သမားရဲ့
ကြယ်တွေကိုချိန်တွယ်ပစ်ခတ်မှုတိုင်းကို
(ရူးရူးမိုက်မိုက်.ဗျာ)
အဲ့ဒီတုန်းက
တေလေလူငယ်လေး တယောက်က
လှောင်ပြောင်ရယ်မောခဲ့တာပါ။
ဘာမှမဟုတ်ပါဘူး။

ခင်ဗျားပြောတဲ့
လူကြီးလူကောင်းတွေက
ညစာကို တခန်းတနားစားတယ်
ယဉ်ယဉ်ကျေးကျေးစကားဆိုတယ်
ကျောသပ်ပြီးပြုံးတတ်တယ်
အကျိုးအမြတ်တခုတွက်
အရာရာလုပ်ရဲတယ်
မေ့လွယ်ပျောက်လွယ်ရှိတယ်
ကျောကသားနဲ့ ရင်ကသားခွဲချစ်တတ်တယ်။

ကျနော်က
အနှစ်သုံးဆယ်လောက်က
ဘ၀မှာမဆိုဖြစ်လိုက်တဲ့
ခေတ်ဟောင်းသီချင်းတပုဒ်ကို
အခုပြန်ဆိုချင်တယ်
“ကြိုက်တာရမယ် သူ့တန်ရာတန်ကြေး
ဘရာသာရေဇေပါတယ် ငွေသာအရင်မစပါ” *
ဒါဏ်ရာအနာတရပေါ်တိုင်း မဆိုဖြစ်ခဲ့ပါဘူး။

ခင်ဗျားကိုလား
ခင်ဗျားကို ဘာမှပြန်ပြောစရာလဲ မရှိပါဘူး
ခင်ဗျားလဲ ခင်ဗျားတောနဲ့ ခင်ဗျားရာသီ
ကျနော်လဲ ကျနော့်တလင်းနဲ့ ကျနော်ကွင်းနဲ့
ကျနော်မြက်ခင်းနဲ့
ထိုးခန်းကြိတ်ခန်းတွေပါတဲ့ရုပ်ရှင် ကျနော်လဲ မကြိုက်ပါဘူး
ခင်ဗျားကြိုက်တဲ့ ရာသီစာအပြုံးလှလှတွေလဲ မပြုံးတတ်ပါဘူး
ဒါနဲ့များ
တနွေစာ အလွမ်းတွေ ခူးလာခဲ့သေးတယ် ခင်ဗျားပြောသေးတယ်။

ကဲ..
သွေးရိုးသားရိုးပဲ
ကျနော်တို့ဝေးကြရအောင်။

ခင်ဗျားကို ကျနော်ပြောသားပဲ
အဲ့ဒီတုန်းက
တေလေလူငယ်လေးတယောက် ရယ်မောခဲ့တာပါ
ဘာမှမဟုတ်ပါဘူးလို့။

မိုးစဲနေ
* ဆရာစိုင်းခမ်းလိတ် ပလက်ဖေါင်းမင်းသား မှ စာသား









Type the rest of your post here.

Read more...

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP