Thursday, May 20, 2010

ကိုချစ်ဖေအတွေး

ကိုချစ်ဖေအတွေး

ကိုချစ်ဖေခုတလောမှ စဉ်းစားမိနေတာပါ ကိုယ်က တောသားဆိုတော့ တောသားလိုတွေးမိ
နေတာလဲ ဖြစ်ရင်ဖြစ်မှာပေါ့ဗျာ သဘောချင်းမကိုက်ရင် မကိုက်တာရှိမှာပေါ့ ဒီလိုပါ ကိုချစ်
ဖေ တို့ မွေးထဲက မဆလ စစ်အစိုးရခေတ်မှာ မွေးလာခဲ့တော့ စစ်အစိုးရရဲ့ မတရားမှုမမျှတမှု့
တွေကို တဆင့်ကြားရော မျက်မြင်ရောနဲ့ စုံနေအောင်တွေ့တာပေါ့ဗျာ ဒါပေမဲ့လဲ အဲ့ဒီတုန်းက
အပူက သိပ်မပူသေးပေမဲ့ အေးရာကနေပူလာတာဆိုတော့ ပူသပေါ့ဗျာ စစ်အစိုးရတွေ မ
ကောင်းကြောင်းပြောကြတာဆိုကြတာ အိမ်မှာ ရပ်ကွက်ထဲမှာ ကြုံရင်ကြုံသလို လူကြီးတွေ
ပြောတာကြားနေရတာပေါ့။ အဲ့ဒီတုန်းက ပူကြောင်းပြောနိုင်ကြသေးတယ်ဗျ ခုတော့ ပြောဖို့နေ
နေသာသာဗျာ အားလုံးက အပူဆိုတာရိုးရာထုံးစံလို ကျနော်တို့ မြန်မာနိုင်ငံသားတွေက ဖြစ်
လို့။

အားလုံးက တညီတညွတ်ထဲ တအိမ်တယောက်ထွက် သူများနိုင်ငံမှာ သူများခိုင်းရာမျက်နှာ
ငယ်လေးနဲ့သွားလုပ်ကြရတာကိုပဲ ဂုဏ်လေးတခုလိုဖြစ်နေသလားလို့လဲ တွေးမိပါတယ်။ ဘာ
ဖြစ်လို့လဲတော့ ကိုချစ်ဖေလဲမသိ ကျိန်းသေတာကတော့ အရပ်ဒေသကို စွန့်ခွာကြရသူတွေ
သန်းနဲ့ချီရှိလာတာပါ နည်းနည်းနောနောလူအုပ်ကြီးမှတ်လို့ အဲ့ဒီလူအုပ်ကြီးထဲ ကိုချစ်ဖေလဲပါ
လာခဲ့တာပေါ့.ဒီတော့ဗျာ အများနည်းတူ အိမ်ကိုလွမ်းတာ မြို့လေးကိုလွမ်းတာ ရွာကိုလွမ်းတာ
ဘာညာသာဓကာတွေလဲ ရှိလာရတာပေါ့ဗျာ။ တနေ့တနေ့ သန်းနဲ့ချီတဲ့ လူအုပ်ကြီးက ကိုယ့်
ဇာတိမြေကို သတိရနေကြတယ်(ချွင်းချက် တချို့ကတော့ အဝေးမှာပိုကောင်းတဲ့နေရာမှာပျော်
ပါတယ် အစထဲကလဲ ဇာတိမြေရဲ့ တန်ဘိုးကို နားမလည်ကြလို့ပဲ သဘောထားပါတယ် ဒါမှမ
ဟုတ် ကိုချစ်ဖေ တုံးတာအတာလဲ ဖြစ်ရင်ဖြစ်မှာပေါ့ဗျာ) ဆိုရင် အဲ့ဒီအလွမ်းဟာ အကြီးကြီးပါ။

အိမ်ကနေ သားရှိရာ သမီးရှိရာကို ချို့ချို့ငဲ့ငဲ့နဲ့ လွမ်းနေကြတဲ့ မိဘတွေကလဲ သိန်းချီနေမှာပါပဲ
လူဆိုတာ တန်ဘိုးရှိရှိမရှိရှိ ကိုယ်တန်ဘိုးထားရာဟာ ကိုယ့်အတွက် အရေးပါတာ အရေးကြီး
တာပါပဲ။ ကိုချစ်ဖေ ရွာမှာတုန်းက မိုးတွင်းညနေဖက် ရွက်လှေလေးနဲ့မြစ်ရိုးမှာ လှိုင်းစီးရင်း
တောအရက်လေးနဲ့ သူငယ်ချင်းတယောက် ၂ယောက်နဲ့ စကားစမြည်ပြော လတ်လတ်ဆပ်
ဆပ်အမြည်းလေးနဲ့ ဇိမ်ကိုကျနေတာဟာ ကိုချစ်ဖေအတွက် တန်ဘိုးကြီးတာပါပဲ။ အသွားရေ
စီးနဲ့မျှောချင်ရာမျှော အပြန်မုတ်သုန်လေနဲ့ ရွက်တိုက်ပြန် ရွာနားကဈေးမြို့လေးမှာ ဈေးဝယ်ပြန်
လို့ရသေးသပေါ့ဗျာ။

အော ဘယ်ရောက်သွားပါလိမ့် ဒီလိုပါ တပြည်လုံးက လူတွေ စီးပွားရေးမပြေလည်တော့ ပြေ
လည်ရာပြေလည်ကြောင်းရိုးရိုးပါပဲ နီးစပ်ရာ နိုင်ငံတွေမှာ ထွက်အလုပ်လုပ်ကြရတာကိုပြောပါ
တယ် တော်တော်များများကတော့ မသွားချင်ပဲသွားကြရတယ်ထင်ပါတယ်ဗျာ အဲ့ဒီလို ထွက်ခွါ
ရသူတွေ တနေ့ထက်တနေ့လဲ များများလာနေဆဲပါ။ အားလုံးသိကြတဲ့အတိုင်း စစ်အစိုးရအ
ဆက်ဆက်က ပြည်သူတွေကိုဒုက္ခပေးခဲ့တာကို ပြောတာပါ။

ကိုချစ်ဖေတို့ ငယ်ငယ်က ရှစ်လေးလုံးအရေးတော်ပုံကြီးနဲ့ မဆလ စစ်အစိုးရကို တခဲနက်တ
ပြည်လုံးကနေ ဆန့်ကျင်ကြတော့ အော်ကြတာပေါ့ဗျာ “ဒီမိုကရေစီရရှိရေး ဒို့အရေး ဒို့အရေး”
လို့ အားရပါးရကိုအော်ခဲ့ကြတာ မြို့တိုင်းမြို့တိုင်း တပြည်လုံးအုံးအုံးကျွက်ကျွက် ကိုဖြစ်လို့ လွတ်လွတ်လပ်လပ်မနေကြရသူတွေဆိုတော့ ဒီမိုကရေစီဆိုတာ လွတ်လပ်စွာ ပြောဆိုခွင့်
ရေးသားခွင့် စုရုံးခွင့် စီတန်းဆန္ဒပြခွင့် အစိုးရကိုလဲဝေဖန်ခွင့် (ကိုချစ်ဖေကတော့ ရပ်ကွက်လူ
ကြီးတွေကို ခံပြောနိုင်ခွင့်)ရှိတယ်ဆိုတော့ သဘောကျလို့အော်ခဲ့တာပါ အော်တာမှ ထောင်
တွေတန်းတွေပါကျလို့..။ အဲ့ဒီလွတ်လပ်ခွင့်တွေလဲ ကျနော်တို့ရွာမှာ မရခဲ့ပါဘူးဗျာ။ ဒါပေမဲ့လဲ
ရလိုရငြားတော့ တခါတခါထထတောင်းကျတာပဲဗျ ကိုချစ်ဖေလဲ အားပေးပါတယ် အားလဲရပါ
တယ်။ ဒါပေမဲ့လဲ အဲ့ဒီ ဒီမိုကရေစီကြီးက မရခဲ့ပါဘူးဗျာ။

အဲ့ဒီတော့ ကိုချစ်ဖေစဉ်းစားလာမိတာက ဒီမိုကရေစီဆိုတာ စာရွက်နဲ့ ကြေငြာချက်ထုတ်ပြီး
တောင်းတောင်း ပါးစပ်နဲ့ လူသိရှင်ကြားထွက်အော်တောင်းတောင်း ရပါ့မလားလို့ အဲ့ဒီလို
တောင်းတိုင်းပေးပါ့မလားလို့ စဉ်းစားမိတာပါ။ ဒီမိုကရေစီဆိုတာ တောင်းယူရတဲ့ ဟာမျိုးလား
ဘာညာစဉ်းစားမိတာပါ။ တချို့ကတော့ ကျင့်စဉ်တဲ့ ဘာညာတဲ့ပြောကြတာပဲဗျ။ အဲ့ဒါများဟုတ်
လေသလားလဲ စဉ်းစားပါတယ်။ နီးတော့နီးစပ်သား ဒီလိုဗျ ကိုချစ်ဖေ ဒီမိုကရေစီအတောင်း
လွန်သွားတော့ အိမ်ကို ၅ နှစ်ကြာမှပြန်ရောက်တယ်ဗျာ။ အိမ်ပြန်ရောက်တော့ အမျိုးတွေ သူ
ငယ်ချင်းတွေ ဆရာဆရာမတွေနဲ့ ကိုယ့်ရွာသူရွာသားတွေကို နှုတ်ဆက် တချို့ ကိုယ့်ထက်အ
သက်ဝါကြီးသူတွေ လိုက်တွေ့နှုတ်ဆက်တာပေါ့။ အဲ့ဒီမှာ ကိုချစ်ဖေရဲ့အမေဘက်က အမေ့အ
ကိုအကြီးဆုံး (ခုတော့ကွယ်လွန်သွားပါပြီ) က ငယ်ငယ်တုန်းက ကိုချစ်ဖေလိုပဲ စပ်စပ်စပ်စပ်
ဟိုပါဒီပါထင်ပါတယ် သူက တောတွေဘာတွေလဲခိုဘူးသဗျာ နောက်ဖဆပလအစိုးရက အရှင်
မိလို့ ထောင်ကျခဲ့သေး။

ဒါပေမဲ့ ဦးလေးက ဒီဖက် ခေတ်မှာ မဆလ န၀တခေတ်မှာ ဘယ်အဖွဲ့အစည်း ဘယ်နေရာမှမ
ပါတော့ဘူးဗျ သူတို့ခေတ်က တပ်ကနေတောခိုကြတာ ရဲဘော်သုံးကျိတ်ဝင် ဗိုလ်ဇေယျ (အခု
ကလေးတွေသိတဲ့ ရာဇာနေ၀င်းတို့ ဟေမာနေ၀င်းတို့ အိန္ဒြာကျော်ဇင်တို့ရဲ့ အဖိုး)တပ်နဲ့ပါသွား
တာ။ တောခိုမှန်းလဲမသိဘူးဆိုပဲ တောထဲရောက်မှ “ငါတို့တောခိုလာပီ အစိုးရကို လက်နက်
ကိုင်ပြန်တိုက်မယ် မင်းတို့နေချင်လဲနေနိုင်တယ် ပြန်ချင်ရင်လဲ ကိုယ့်သေနတ်နဲ့ကိုယ် ပြန်နိုင်
တယ်” ဆိုတော့ သူက သူခင်တဲ့လေးစားတဲ့ တပ်ရင်းမှုးဗိုလ်ဇေယျနဲ့ပဲ နေခဲ့တာဆိုပဲ။ သူနိုင်ငံ
ရေးတွေ ဘာတွေလဲမသိပါဘူးတဲ့ စစ်တပ်ဆိုတာပြည်သူတွေကို အကာအကွယ်ပေးတာ သေ
နတ်ကိုင်ရတာ သဘောကျလို့ တပ်ထဲဝင်ခဲ့တာတဲ့ သူချစ်ခင်တဲ့ တပ်ရင်းမှုးက အစိုးရက မ
ကောင်းဘူး ပြည်သူတွေအတွက်တိုက်ကြရမယ်ဆိုလို့ တိုက်ခဲ့တာပါပဲတဲ့ အဲ့ဒီတုန်းက တကယ်
တော့ စစ်တိုက်ချင်နေတာပဲသိတယ်ဆိုပဲ။

အဲ့ဒီဘကြီးပေါ့ဗျာ ကိုချစ်ဖေသွားနှုတ်ဆက်တာ သူက ကိုချစ်ဖေတို့ “ဒီမိုကရေစီကြီးဆိုတာ တော်တော်လိုချင်တယ်ဆိုတာ သူသိတယ်တဲ့ သူလဲလိုချင်တယ်တဲ့ အဲ့ဒီဒီမိုကရေစီကြီးကို မင်းအစိုးရဆီက မရပေမဲ့ ငါ့အိမ်မှာတော့ မင်းရတယ်ကွာ ငါပေးတယ် မင်းကြိုက်တာပြော ကြိုက်သလို လွတ်လွတ်လပ်လပ်နေ ရပ်ကွက်လူကြီးတွေကလဲ ငါ့ကိုမဖမ်းဘူး ဒီကောင်တွေ မင်းကိုလဲ မဖမ်းစေရဘူးကွာ” တဲ့ ။

သူအဲ့ဒီလိုပြောတုန်းကတော့ ပေါ့ပေါ့ပါးပါးပါပဲ ငါ့ဦးလေး ဘကြီးက ငါ့ကိုချစ်ရှာသားပဲလို့ပဲ တွေးမိတာပါ။ ခုပြန်စဉ်းစားမိတော့ ဟုတ်တာပဲ ငါဘကြီးပြောတဲ့ ဒီမိုကရေစီကို သူပေးတယ်
ဆိုတာ သူပေးနိုင်သားပဲ သူအိမ် သူ့သားကျနော်အကိုအိမ် အမကြီးတွေအိမ်မှာ သူပေးတယ်
တဲ့ သူပေးနိုင်တာပေါ့ အဲ့ဒီအိမ်တွေမှာ သူက အာဏာပိုင်ပဲ သူ့သဘောနဲ့သူ့သြဇာနဲ့ သူက ဒီမို
ကရေစီကို ထူထောင်ထားတာကိုး ဒီမိုကရေစီလွတ်မြောက်နယ်မြေလေးတွေဖြစ်နေတာကိုး အဲ့
ဒီလိုဖြစ်ဖို့တော့ ဘကြီးက ရွာမှာ အင်အားပြရတာ ဘာညာတော့ရှိမှာပေါ့ဗျာ။ ဒီတော့ ဒီမိုကရေ
စီဆိုတာကြီးကို အစိုးရတွေကပေးပေး မပေးပေး ကိုယ့်ရွာမှာ အိမ်မှာ ကိုယ့်ဘာသာထူထောင်
မယ်ဆိုဖြစ်တာပဲ။ တရားတွေ များလာရင် မတရားတာတွေ ချဲသွားမှာပေါ့။

စစ်အာဏာရှင်တွေကို တိုက်ရိုက်မဖယ်ရှားနိုင်သော်လဲ ကျောက်တောင်ကြီးဖြိုသလို တနေ့
နည်းနည်း အားလုံးဝိုင်းဖြိုနိုင်ရင် တနေ့ စစ်အာဏာရှင်တွေ ကျရှုံးမှာပဲ ကိုယ်လုပ်နိုင်တာသေး
သေးလေးဖြစ်ချင်လဲဖြစ်မယ်ဗျာ စစ်အာဏာရှင်တွေကို ထိခိုက်အောင် သူ့ကို အားပေးထောက်
ကူနေတဲ့ ကြံဖွတ်တို့ စွမ်းအားရှင်တို့ကို ဒုက္ခပေးရပ်သွားအောင် အနည်းဆုံး လုပ်နိုင်တာလေး
တွေကနေလုပ်မယ် ကိုယ့်ရပ်ဝန်းဒေသကို ပိုမိုလွတ်လပ်အောင်တိုးချဲ့သွားမယ်ဆိုတာမျိုးပေါ့
ဗျာ။သူ့ဖက်ကလို တပ်ကြီးမရှိပေမဲ့ သိတယ်မှလား။ ဒုက္ခပေးတဲ့သူတွေ တန့်သွားအောင်အဲ့ဒါ
ကို ကိုချစ်ဖေတွေးမိသွားတယ်။ နို့မို့ သူတို့ကချည်းပဲ နှိပ်စက်နေတာမဟုတ်လား ကိုယ်ကလဲ
ခုခံပိုင်ခွင့် တွန်းလှန်ပိုင်ခွင့်ရှိတာပေါ့ တွန်းလှန်သင့်တာပေါ့ဗျာ တွန်းလှန်မှုတွေများလာရင်
ကျောက်တောင်ကြီးပြိုသလိုပေါ့။ သူတို့ကမှ ကျောက်တောင်ကြီးမဟုတ်တာဗျာ။ မဟုတ်လား
ကိုချစ်ဖေစဉ်းစားမိတာပါ။ သဘောမညီရင်လဲ လွတ်လပ်စွာသဘောကွဲလွဲကြတာပေါ့။

3 comments:

Anonymous,  May 20, 2010 at 5:02 PM  

“ခေါင်ကိုမှ တက်ကိုင်ချင်တာ။ ပမွှားတွေတော့ စကားထဲတောင် ထည့်မပြောချင်ဘူး။” တဲ့။ မြင်နေကြားနေရတာ ပြောပါတယ်။

ကလူသစ်

ရွှေရတုမှတ်တမ်း May 20, 2010 at 7:05 PM  

ကဲ...ကျောက်တောင်ကြီး..တစစီဖဲ့ကြစို့လား..

kiki May 21, 2010 at 5:04 AM  

အဲ့ဒီ ကျောက်တောင်ကြီးက ခိုင်လိုက်သမှ ..
လှိုဏ်ခေါင်းတွေ နဲ့  ပိုပြီး ခိုင်မာနေလိုက်တာ လေ ။
ခါချဉ်ကောင်တွေလည်း ခါးကျိုးကုန်ကြပြီ ကိုချစ်ဖေရေ ...
ရွာပြန် လှေလှော် ပြီး ပျော်စရာ တလှေကြီး ပြန်ရဖို့  တောင့်ထား ။ အောင်မောင်း ရဲ့  ...အဲ့လေ ကိုချစ်ဖေ ရဲ့  .. ။

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP