Wednesday, October 27, 2010

ဘကြီးသာဒွန်းဇံ

ဘကြီးသာဒွန်းဇံ

ကိုချစ်ဖေတို့ရွာ အနီးအနားရွာတွေမှာ ဘကြီးသာဒွန်းဇံဆို မသိတဲ့သူမရှိ ဘကြီးသာဒွန်းဇံဆိုလို့
ရခိုင်လူမျိုးတော့ မဟုတ်ပါဘူး ဘကြီးသာဒွန်းဇံရဲ့ အမေ အဘွားက ရခိုင်လူမျိုးတွေပေးတဲ့ နာ
မည်မျိုးကို ကြိုက်လို့တဲ့ ဘကြီးသာဒွန်းဇံကို ကိုချစ်ဖေစသိတော့ ဘကြီးသာဒွန်းဇံက အသက်
၅၀ ကျော်ပြီ ဘကြီးသာဒွန်းဇံဇနီး အရီးဒေါ်စိန်ချုံနဲ့ ဘကြီးသာဒွန်းဇံနဲ့က ရွယ်တူ မတိမ်း မ
ယိမ်း။

၁၉၈၄ ခုနှစ်နွေရာသီမှာ ကိုချစ်ဖေက ဘကြီးသာဒွန်းဇံတို့ ရွာမှာရှိတဲ့ ဆန်စက်မှာအလုပ်သွား
လုပ်ရင်း ဘကြီးသာဒွန်းဇံနဲ့ ခင်မင်ရင်းနှီးခဲ့ရတာပါ။ ဘကြီးရဲ့ လူပုံပမ်းက အသားညိုညို အရပ်
က ၆ပေခန့် ကိုယ်လုံးကိုယ်ထည်က ထောင်ထောင်မောင်းမောင်း အသံကြီးကလဲ အကျယ်ကြီး
အင်္ကျိင်္ကလဲ တခါမှမ၀တ် ကိုချစ်ဖေက ဘကြီးအင်္ကျိင်္ကသိပ်ကောင်းတာပဲ ကျွန့်တော့်ကို ခဏ
လောက်ငှါးပါလားလို့ အမြဲနောက်နေကြ။ ဘကြီးက ဆောင်းတွင်းဖက်လဲ စောင်သာခြုံရင် ခြုံ
မယ် အင်္ကျီဝတ်တာ တခါလားပဲ မြင်ဘူးပါတယ် ငယ်ငယ်ထဲက အဲ့ဒီလိုပဲ မ၀တ်ဘူး တဲ့ ဖျားလဲ
တခါမှ မဖျားဘူးတဲ့ အင်္ကျီတခါဝတ်တော့ ထူးဆန်းနေရသေးတယ်။ မီးဖိုနားမှာလဲ အမြဲတမ်း
ချွေးတလုံးလုံးနဲ့ ချက်ပြုတ်နေတတ်သူ ဘကြီးနဲ့ ဇနီးမှာ သားသမီး အရင်းက ၁၂ ယောက် မွေး
စားသားက ၂ ယောက် စုစုပေါင်း ၁၄ ယောက်။ အကြီးတွေက အိမ်ထောင်ကျလို့မြေးတွေ
တောင် အတော်ကြီးပြီ။

ဘကြီးရဲ့ အသက်မွေးဝမ်းကြောင်းက ဆန်စက်ကို စပါးလာကြိတ်ခွဲတဲ့ သူတွေကို အစားအ
သောက်ချက်ပြုတ်ရောင်းချတာနဲ့ မိဘလုပ်ငုတ်လယ်လုပ်ငန်းပါ။ ကိုချစ်ဖေတို့ရဲ့ မြစ်ဝကျွန်းပေါ်
ကလဲ သားငါးပုဇွန်ကလဲပေါ အစားအသောက်ကလဲ မရှားတော့ သားသမီးတွေကို အများကြီး
မွေးထားနိုင်တဲ့အပြင် ရွာထဲက မိဘမရှိတော့တဲ့ ယောက်ကျားလေး ၂ ယောက်ကိုလဲ ခေါ်မွေး
ထားသေး၊ ဘကြီးက အဲ့ဒီလို သူ့သားသမီးတွေ အများကြီးနဲ့ တန်းတူ သား ၂ ယောက်ကို မွေး
ထား ကျွေးထားနိုင်တာကိုလဲ ဂုဏ်ယူပါတယ်။ “ငါ့သားကြီးဘယ်သူ ခု အောက်အရပ်သွားရင်း
အိမ်ထောင်ကျနေတာလေ ငါသွားလို့ကတော့ကွာ ပင်လယ်ငါးခူကို ကိုယ်တိုင်ထောင် ငါးဆုပ်
လုပ်ပြီး မကျည်းရည်နဲ့ ချည်ရည်ဟင်းချက် ပုဇွန်တုတ်နဲ့ တ၀စားလာခဲ့တာပဲကွာ” ဆိုတာမျိုး အစားအသောက်နဲ့ ပတ်သက်လို့ ပြောတတ်ပြီး ကိုယ်တိုင်လဲ စားသလို အခြားသူများကိုလဲ စားစေချင် သောက်စေချင်တဲ့ စေတနာရှိသူပါ။ တရွာလုံးကလဲ ဘကြီးသာဒွန်းဇံ အမျိုးတွေလို
လိုချည်းပါပဲ။ ဘကြီးက သားသမီး ၁၄ ယောက်။ ဘကြီးရဲ့ ညီမအလတ် ဒေါ်ခင်သန်းရွှေက က
သားသမီး ၈ ယောက်။ အငယ်ဆုံး ဒေါ်လှသက်နှင်းက ရ ယောက်။ သားသမီးတွေ မြေးတွေနဲ့
ဆိုတော့ တရွာလုံးက အမျိုးလိုလိုချည်းပေါ့ဗျာ။

ဘကြီးသာဒွန်းဇံ ရွာထိပ်က ဆန်စက်ကို အိမ်ကနေ ထွက်လာပြီဆိုကတည်းက ဓါတ်တိုင် နှစ်
တိုင် အကွာလောက် ကတည်းက အသံစကြားရပါတယ်။ အသံကလဲ ကျယ် အသံသြဇာလဲရှိ
ဆိုသလိုပါ။ လူကောင်ကလည်းကြီး အစားအသောက်ကလဲ ၀က်သားအမဲသား တခါချက်ရင် သုံးပိဿာ လေးပိဿာဆိုတာ အနည်းဆုံး။ ချက်ရင်းနဲ့ မြည်းတာက ငါးဆယ်သားလောက်
ကုန်တာပါ သူကိုယ်တိုင်လဲ မြည်းသလို လမ်းသွားလမ်းလာ ဖြတ်သွားသူတွေကို “ဟေ့..ကို
ဘယ်သူ..မဘယ်ဝါ ဘယ်က ပြန်လာကြတာတုန်း ဘယ်သွားမလိုတုန်း ဟင်းကျက်ခါနီးပြီ ထမင်းစားပြီးမှ ဆက်သွားပါလား” ဆိုတာမျိုးပြောတတ်သူပါ ပြောရုံတင်မက ခု “ ကျနော်
ချက်ထားတဲ့ ဟင်းလေးတော့ နည်းနည်းမြည်းသွားဦး” ဆိုပြီး ဟင်းကို အတင်းကျွေးတတ်
ပါသေးတယ်။ ဒါကြောင့် သူဟင်းချက်ရင် ငါးဆယ်သားက အမြည်းအတွက် ထည့်ချက်ထား
တယ် တဲ့။

ကိုချစ်ဖေနဲ့လဲ သိခါစ သူ့အိမ်မှာ လယ်ထဲက ရတဲ့ လင်းမြွေကို စွပ်ပြုတ်လုပ် အသားကို ပြန်
သုတ်စားဖို့ စွပ်ပြုတ်ပြုတ်ထားချိန် ကိုချစ်ဖေကလဲ သူ့အိမ်ရှေ့က ဖြတ်အလျှောက် အတင်းကို ခေါ်ပြီး လင်းမြွေသားကို မြည်းခိုင်းတော့တာပါပဲ ကိုချစ်ဖေက သူ့စေတနာကို သိနေတော့ အား
လဲနာတယ် ခင်လဲခင်တယ် ဆိုပါတော့ မြွေသားကလဲ တခါမှ မစားဘူးတော့ ကြောက်လဲ
ကြောက်တာပေါ့ဗျာ လင်းမြွေသားက ကြက်သားနဲ့ မလဲနိုင်ဘူးလဲ ကြားထားတော့ စားလဲ စားကြည့်ချင်ပေါ့ဗျာ ဒါနဲ့ကြောက်ကြောက်နဲ့ စွပ်ပြုတ်ကော အသုတ်ကော ဗိုက်ကားအောင်
စားခဲ့တာပေါ့ဗျာ မစားခင်ကသာ ကြောက်နေတာဗျ စားမိတော့ သူတို့လယ်ထဲက ယူလာတုန်း
ကမြင်ခဲ့တဲ့ လင်းမြွေကြီးကိုတောင် မျက်စေ့ထဲ မမြင်တော့ဘူး။ နောက်မြွေတွေ့တိုင်း လင်းမြွေ
များလားဆိုတာမျိုးကို ဖြစ်ကရောဗျာ။

ဘကြီးသာဒွန်းဇံကတော့ ပြုံးနေတာပဲဗျာ မြို့ကနေစက်ကို အလုပ်လာလုပ်တဲ့ ကောင်လေးလေ
လင်းမြွေသားကျွေးနေတာ သူလဲ စားတယ်ဗျ ဆိုပြီး အိမ်လာတဲ့ ဧည့်သည်တွေကိုပြောပြနေပြီး
ကျေနပ်နေတာ။ ဘကြီးရဲ့အိမ်က ဒါကြောင့်လဲ လူမပြတ်တာ ဧည့်သည်က အမြဲတမ်း ၀င်ထွက်
စားသောက်နေတာပါ။ ဘကြီးတို့ ဇနီးမောင်နှံကလိုက်ဖက်ညီတယ် အရီးဒေါ်စိန်ချုံကလဲ အ
စားအသောက် အချက်အပြုတ် ဆို မညည်းညူစတမ်းပါပဲ။ ဘကြီးလိုပဲ ကျွေးချင်မွေးချင်သူပါ။

ဘကြီးသာဒွန်းဇံငယ်ငယ် လွတ်လပ်ရေးရပြီးကာစ ပြည်တွင်းစစ်ဖြစ်တော့ ဘကြီးသာဒွန်းဇံက လူပျိုပေါက် အသက် ၁၅၊ ၁၆ နှစ်လောက်ရှိပြီဆိုပဲ။ လယ်သိမ်းပြီးချိန်ဆို သူသေသေချာချာမွေး
ထားတဲ့ နွားထီးလေးစီးပြီး တရွာဝင်တရွာထွက် နွားနဲ့ လျှောက်လည်နေတာ မိုးကျမှပဲ လယ်ထဲ
ဝင်ခါနီးမှ အိမ်ပြန်ကပ်တော့တယ်ဆိုပဲဗျာ။ ပျော်စရာလဲ တော်တော်ကောင်းတယ်ဆိုပဲ။ လူတွေ
က ဆင်းရဲပေမဲ့ လယ်လုပ်ငန်းနဲ့ စားနိုင်သောက်နိုင်ကျသေးတယ်လေ အစားအစာကလဲ ထ
မင်း စားခါနီး ဟင်းရံမရှိလို့ ချောင်းထဲဆင်း ကမ်းဘေးမှာ စမ်းလိုက်တာနဲ့ စားဖို့ ပုဇွန်က လေး
ငါးဆယ်ကောင်ရလာတာ တခါတလေ ပုဇွန်ထုတ်တောင်ရသေး။ အဲ့ဒီအချိန်ကနေ ၁၉၈၄-၈၅ ၀န်းကျင်ထိ ပေါများနေသေးတာပါ။

ဘကြီးက ရွာရိုးကိုးပေါက် လယ်ပြီးချိန်လျှောက်သွားနေတာဆိုတော့ ရွာတော်တော်များများမှာ ကသူ့သူငယ်ချင်းတွေက ရှိသကိုး ဒီတော့ ပြည်တွင်းစစ်ကြီးရယ်ဖြစ်လာတော့ ကွန်မြူနစ်သူပုန်
ထဲမှာရော ကော်သူးလေထဲမှာကော ရဲဘော်ဖြူ အလံနီ ထဲမှာကော အစုံသူငယ်ချင်းတွေရှိတာ
ပါ။ အဲ့ဒီခေတ်တခေတ်လုံး ဘကြီးသာဒွန်းဇံက ဘယ်ထဲမှာမှ မပါဘူးလား ဆိုတော့ မပါပါဘူး
တဲ့ ဘာဖြစ်လို့လဲဆိုတော့ အစိုးရဖက်ကကော သူပုန်ဖက်ကကော လူတွေတော်တော် များများ
ကလဲ သူ့ သူငယ်ချင်းတွေ မကင်းရာမကင်းကြောင်းတွေ ဖြစ်နေလို့တဲ့ သူကတော့ အဲ့ဒီတိုက်
ပွဲတွေကို မဖြစ်စေချင်ဘူးတဲ့။

တိုက်ပွဲတွေရှိနေတော့ သူသွားချင်ရာ စားချင်ရာ ရှာချင်ရာ ရှာလို့မရလို့တဲ့။ နောက် အားလုံး
ကိုယ့်အချင်းချင်းတွေဖြစ်နေလို့ပါတဲ့။ လူမျိုးခြားနဲ့ဆိုရင်တော့ တမျိုးပေါ့ကွာတဲ့ သူပြောပြတဲ့အ
တိုင်းဆို “တခါတုန်းက သူ့ရွာနဲ့ အနားက ရွာမှာ ကရင်ရိုးရာ နတ်စားပွဲရှိလို့ သူငယ်ချင်းတွေ လာခေါ်တာနဲ့ သူလဲ ဘာရယ်မဟုတ်ဘူး လိုက်သွားမိတယ်တဲ့ လာခေါ်တဲ့သူငယ်ချင်းတွေက
ကော်သူးလေက သူငယ်ချင်းတွေ သောက်ဖေါ်စားဖက်တွေ အဲ့ဒီတုန်းက ဘကြီးက အရက်
ကလဲသောက်သေးတယ်တယ်တဲ့ အဲ့ဒါ လမ်းမှာ ကွန်မြူနစ်တွေက စောင့်ပြီးပစ်တာတဲ့ ကံ
ကောင်းလို့ မသေတယ်တဲ့ ရေကလဲ ရေကျချိန် ချောင်းတဖက်ကမ်းက နေပစ်တာတဲ့ သူတို့လဲ လမ်းသွားရင်းနဲ့ တိုးလို့ပစ်တာ ဒီတုန်းက ကရင်နဲ့ ကွန်မြူနစ်နဲ့က မတည့်ဘူးတဲ့ အဲ့ဒါ ပစ်လဲ
ပစ်ကြရော။

အစိုးရတပ်မဟုတ်မှန်းလဲသိတာနဲ့ သူက ထအော်တာပဲတဲ့ “ဟေ့ကောင်တွေ..ငါသာဒွန်းဇံပါ ငါ
ပါလာတယ် မပစ်ကြနဲ့ မပစ်ကြပါနဲ့” အော်တာနဲ့ တိုက်ပွဲက ရပ်သွားတယ်တဲ့ ပြီးတော့မှ သူတို့
က “ယောက်ဖ..မင်းဘယ်သွားမလို့လဲ နတ်စားတဲ့ဆီလား” တဲ့ ဘကြီးက အစားအသောက်နဲ့
ပတ်သက်ရင် နေရောညပါ မရှောင်သွားတာ ဘကြီးအသံကြီးကို မှတ်မိနေတာ ဒီတုန်းက သူ
က ကွန်မြူနစ်တွေလား ရဲဘော်ဖြူလား အလံနီလား မသိပါဘူးတဲ့ ညကလဲမှောင်နေတော့ သူ့
သံကြီးကိုတော့ အကုန်လုံးက မှတ်မိကြပါတယ်။ အဲ့ဒီပစ်ခံရခံနီးမှာ သူက လယ်စပ်က ခြုံထဲမှာ
ခဏ အလေးဝင်သွားနေတော့ ဘကြီးအသံက တိတ်နေလို့ ဘကြီးပါလာမှန်းမသိလို့ ပစ်တာပါ
တဲ့။ သူက ပစ်သံကြားတော့မှ လှမ်းအော်ရတာ။

ဒါတင်ဘယ်ကမလဲ ဟိုဖက်နေ ယောက်ဖ မင်းတို့မှာ ဆေးလိပ်အပိုပါသေးလား ငါတို့ဆေးလိပ်
ကုန်သွားလို့ကွာဆိုလို့ ချောင်းထဲဆင်း တဖက်ကမ်းကို ကူးပြီးသွားပေးသေးတယ် စကားတွေ
တဖေါင်ဖေါင်ပြောနေသေးတယ်။ ပြီးတော့မှ ပြန်ကူးလာပြီး နတ်စားတဲ့ဆီကို ဆက်သွားကြတာ
ဆိုပဲဗျ။ အစိုးရတပ်တွေလာလဲ ငါ့အိမ်မှာပဲ ချက်ပြုတ်စား ဖဲရိုက်ကြ ဘော်လီဘောပုတ်ကြနဲ့ နေကြတာပဲတဲ့။ ငါလဲ ကြားထဲက ပြေလည်ရာပြေလည်ကြောင်းပြောတာပြတာပါပဲကွာတဲ့ ။ ချက်ပြုတ်ကျွေးမွေးတာပါပဲတဲ့။ ဘာဖြစ်လို့ ဘယ်လိုဖြစ်လို့ ချနေကြလဲတော့လဲ ငါလဲမသိပါဘူး
တဲ့ အားလုံးကတော့ ငါ့သူငယ်ချင်း ဆွေနီးမျိုးစပ်တော်ကြတဲ့သူတွေချည်းပဲ အစိုးရတပ်က လာ
တဲ့ ရဲဘော်တွေကလဲ ငါနဲ့ရွယ်တူ သက်တူတွေ တိုက်ပွဲတွေဖြစ်ကြတော့ ငါတို့ ရွာသားတွေပဲ နာတာပေါ့ကွာ။ ဘယ်လိုလုပ်မလဲ။ ငါလဲ စိတ်မကောင်းရုံပေါ့ကွာ အေးအေးဆေးဆေးဖြစ်စေ
ချင်ပါတယ် တဲ့။

ခုမြစ်ဝကျွန်းပေါ်မှာ ပိတ်ဆို့ရေး ဖြတ်လေးဖြတ်တွေလုပ်ပြီးကတည်းက သူပုန်ရယ်တော့ မရှိ
တော့ဘူးပေါ့ကွာ ဒါပေမဲ့လဲ ငါတို့အားလုံးက သူ့ရွာ ငါ့ရွာရယ်မဟုတ်ဘူး ကရင်ရယ်ဗမာရယ်က
ရွာခြင်းကပ် ချောင်းဖျားမှာ ကရင်ဆို ချောင်းဝမှာ ဗမာ ဒီလိုနေကြတာလေ။ သူပုန်ရယ်သာမရှိ
တာ အချိန်မရွေး ပြန်သူပုန်ဖြစ်နိုင်တဲ့ သူတွေချည်းပဲကွ။ ကရင်တွေမှာ ရိုးရာလိုဖြစ်နေတဲ့ စ
ကားတောင်ရှိသေးတယ် “ဒို့ကရင်က နားကပ်မ၀ယ်ဘူး သေနတ်ပဲဝယ်မယ်” သေနတ်တချို့လဲ လက်ကျန်ရှိကောင်းရှိမယ်ကွ ဒီတော့ တကယ်အေးသွားတာမဟုတ်ဘူး ငြိမ်သွားတာလေ အား
လုံး ညှိနှိုင်းပြီးလုပ်မှ တကယ်အေးမှာပေါ့ကွာ ခုလဲ စစ်ပွဲသာမရှိတာ လူတွေက စီးပွားရေးကြပ်
လာတော့ စစ်ပွဲတွေရှိတုန်းကထက်တောင် ဆိုးပါသေးတယ်ကွာ ငါလဲ နိုင်ငံရေးတွေဘာတွေ
နားမလည်ပါဘူးကွာ တဲ့။

ဘကြီးသာဒွန်းဇံရော အရီးဒေါ်စိန်ချုံကော ခုတော့ မရှိတော့ပါ။ အင်္ကျီတခါမှမ၀တ်တဲ့ နှာစေး
ချောင်းဆိုးတောင်မဖြစ်တဲ့ ဘကြီးသာဒွန်းဇံ တခါပဲ နေမကောင်းဖြစ်ပါတယ် တခါပဲဆေးရုံ
တက်ရပါတယ် တခါပဲ ကွယ်လွန်ဆိုတာမျိုးပါပဲ။ ခုတော့ ဘကြီးရဲ့ သားသမီးမြေးမြစ်တွေလဲ
လယ်လုပ်ငန်းနဲ့ မစားလောက်ကြတော့ ရေကြည်ရာ မြက်နုရာကို ပြောင်းရွေ့ကြနဲ့ရွာမှာလဲ
သိပ်မကျန်တော့ပါ။ ကိုယ့်ဇာတိရွာလေးမှာတော့ ဆွေမျိုးသားခြင်း ညီအကို မောင်နှမတွေနဲ့
တည့်တည့်မတည့်တည့် မတည့်လဲခဏ အတူနေချင်ကြမှာပေါ့ဗျာ ကိုယ်ချင်းလဲ စာနာပါတယ်
ကိုချစ်ဖေကိုယ်တိုင်လဲ ရွာပြန်ရတယ် အိပ်မက်ခဏခဏ မက်မက်နေတာကိုး နော။

Read more...

Tuesday, October 19, 2010

ငယ်ကျင့်

လွန်ခဲ့တဲ့ အနှစ်လေးဆယ် အနှစ်လေးဆယ်ဆိုတော့ နည်းနည်းနှောနှောနှစ်တွေရယ်မှ မဟုတ်
ပါပဲလားလို့ တွေးမိတယ် တကယ့်တကယ်တော့လဲ ဟိုလိုလို ဒီလိုလိုနဲ့ပဲ နှစ်တွေတနှစ်ပြီးတ
နှစ် ကုန်လာခဲ့တဲ့ နှစ်တွေရှိသလို တနှစ်နဲ့တနှစ်ကို ခက်ခက်ခဲခဲ ခဲရာခဲဆစ် ဖြတ်ကျော်လာခဲ့ရ
တဲ့ နှစ်တွေလဲရှိရဲ့ ဘာပဲဖြစ်ဖြစ်ပြန်တွေးကြည့်တော့ မှတ်မိနေသေးပါတယ် နှစ်အားဖြင့် တွက်
ကြည့်တော့လဲ နှစ်ပေါင်းများစွာရယ်။

ပထမဆုံး ညီမလေးကို မေမေမွေးတဲ့ ည။ လွန်ခဲ့တဲ့ နှစ်ပေါင်း လေးဆယ်နှစ်နှစ်ကျော် ညတုန်း
က လူကြီးတွေအလုပ်ရှုပ်တာ အရေးကြီးနေတာ ဘာညာမသိပေမဲ့ မိုးလင်းနိုးနိုးချင်း ကျနော်
ထက်အသက် ၁၀ နှစ်ကျော်ကျော် အသက်ကြီးတဲ့ အမကြီးတ၀မ်းကွဲ က ကျနော့်ကို ဆေးရုံကို
သွားဖို့ အင်္ကျီအ၀တ်အစားလဲပေးပြီး မေမေညက ကျနော်အတွက်တဲ့ ညီမလေးမွေးပေးတယ်
တဲ့ အဲ့ဒါ ဆေးရုံကိုသွားပြီး ညီမလေးကို ကြည့်ကြမယ်တဲ့ ကျနော်က ၃ နှစ်နဲ့ လေးလ အရွယ်
ညီမလေးကို ဆေးရုံ ပခက်လေးထဲမှာတွေ့တော့ နီနီရဲရဲလေး မျက်လုံးလေးမှိတ်လို့ လူကြီးတွေ
ကတော့ ကိုချစ်ဖေအဖေနဲ့ တပုံစံထဲတဲ့ သိပ်တူတာပဲတဲ့ ကျနော်ကတော့ ကလေးမို့ ဘယ်လိုမှ
အဖေနဲ့ တူတယ်လို့ မကြည့်တတ် ညီမလေးကိုတော့ ကိုင်ကြည့်ချင်နေတာပဲ။ နီနီရဲရဲလေး
နောက် မေမေဆေးရုံက ဆင်းလာပြီး အိမ်ရှေ့မှာ စောင်ပုခက်လေးနဲ့ သိပ်ထားတုန်း ကျနော်ညီ
မလေးပါးကို ချစ်လို့ ကိုက်ဆွဲလိုက်တာ ညီမလေး အော်ငိုတော့မှ မေမေ မီဖိုထဲက အတင်းပြေး
လာပြီး ကျနော့်ကို မေးရတယ်။ ကိုချစ်ဖေလဲ ငိုပေါ့ ညီမလေး ချစ်လို့ ကိုက်မိတာ သူအော်ငို
တော့ ပြန်ကြောက်သွားပြီး ငိုမိတာဖြစ်မယ်။ မေမေဆူမှာစိုးတာလဲ ပါမှာပေါ့။

အဲ့ဒီအဖြစ်အပျက်လေးကို သေသေချာချာ မှတ်မိနေသေးတယ် ညီမလေးကို မွေးပြီးတဲ့အချိန်
က ပြည်သူ့ဆိုင်ခေတ် အစစအရာရာ ၀ယ်ချင်တိုင်းလဲ မရ အနှီးကအစ နို့မှုန့် နို့ဆီအဆုံးအစစ
ရှားပါးတဲ့အချိန်တဲ့ ညီမလေးက ကိုချစ်ဖေထက် ပိုဒုက္ခရောက်တယ်တဲ့ ဆေးကလဲ ရှားတယ်
စစ်အစိုးရ တက်လာပြီး ၁၀ နှစ်ဝန်းကျင်လောက်ပေါ့ သူ့ကို မေမေက နို့ဖြတ်တော့ ၀ယ်လို့ရသ
မျှလေး ၀ယ်ထားပေးပေမဲ့ သူက ဘာမှမစား ငိုပဲနေတယ် ထမင်းကြမ်းလေးကို ရေနဲ့ဆမ်းပေး
ထားတာလေးပဲ စားရှာတယ်။ ညဖက်ညီမလေး ငိုနေတာ သနားလိုက်တာ။ ခုချိန်ထိ ကျနော်
မျက်စေ့ထဲမှာ မြင်နေမိတယ် ကျနော်လဲ ကလေးပေမဲ့ အိပ်မရဘူး။ နောက်တော့လဲ အိပ်ပျော်
သွားတာပေါ့။

နောက် ကျနော်တို့ ကျောင်းစတက်ရတော့ နေခင်းမုန့်စား ကျောင်းဆင်းလွှတ်ချိန် မေမေက မ
လာဘူး ကျောင်းအပ်သွားတုန်းကထဲက မျက်နှာက ခပ်တည်တည်ပဲ သူများကလေးတွေဆို အ
မေ့ထမိန်စဆွဲထားပြီး ကျောင်းမနေချင်ဘူး အော်ငိုသလို ကိုချစ်ဖေလဲ အော်ငိုချင်တာပါပဲ ကျောင်းမှာ ထားခဲ့မယ်ဆိုတာလဲ သိနေပေမဲ့ ခပ်တည်တည်ဖြစ်နေတဲ့ အမေ့မျက်နှာကြောင့် မ
အော်ငိုရဲဘူး ကျနော်ငိုရင် အမေက စိတ်ဆိုးလိမ့်မယ် အမေမကြိုက်ဘူး အဲ့ဒါကို သိနေလို့ ငိုချင်ပေမဲ့ မငိုရဲဘူး အမေကထားခဲ့တာပါပဲ မုန့်စားကျောင်းဆင်းကိုလဲ “အမေလူကြုံနဲ့ စားစရာ
ထည့်ပေးလိုက်မယ် အမေမလာအားဘူး”တဲ့ ကျနော်ကတော့ မုန့်စားကျောင်းဆင်းတွေ ဘာ
တွေသိလို့ရယ်တော့မဟုတ်ပါဘူး အမေမလာဘူးဆိုတာသိတော့ ၀မ်းတော်တော်နည်းနေမိ
တယ်။

နေ့လည်မုန့်စားကျောင်းဆင်းတော့ အိမ်နားက အသိသူငယ်ချင်းအမနဲ့ စားစရာ ထည့်ပေး
လိုက်ပါတယ် အမေကတော့မလာပါဘူး နောက်တော့လဲ မေ့မေ့ပျောက်ပျောက်ဖြစ်သွားတယ်
မုန့်စားကျောင်းဆင်းချိန်ဆို အမေ့ကို မမျှော်မိတော့ဘူး နောက် အတန်းနည်းနည်းကြီးလာ
တော့ အိမ်နဲ့ကျောင်းနဲ့ သိပ်မဝေးတော့ အမေမှာသလို ကားလမ်းဘေးက ကပ်ပြီးအိမ်ကိုပြန်
လာရတယ်။ အိမ်မှာ ကိုယ့်ဘာသာ ထမင်းပြန်စားတယ်ပေါ့။ နောက်ကိုချစ်ဖေ အသက်ကြီး
လာတော့ အမေက ပြန်ပြောပြတယ် အဲ့ဒီတုန်းက အမေက ကိုချစ်ဖေကို သူများကလေးတွေ
လို အမေရှိမှ ဖြစ်မယ်ဆိုတာမျိုး ဖြစ်မှာစိုးလို့တဲ့ အမေမရှိလဲ ကိုယ့်ဘာသာကိုယ် အားကိုး
တတ်အောင် ထားခဲ့တာတဲ့ တကယ်တော့လဲ ဟုတ်ပါတယ် ၀မ်းနည်းစရာကောင်းသလိုလိုဖြစ်
ပေမဲ့ အမေသင်ပေးတဲ့ တကိုယ်တော် နေထိုင်ခြင်း ရုန်းကန်ခြင်း သင်ခန်းစာကိုပါ တဆက်ထဲ
စသင်ရတာပါ။

ငါ့အမေဟာ သူများအမေတွေလို မလာဘူး သို့သော်လဲ ငါ့ကို ထားခဲ့လို့ ဖြစ်တယ်လို့ အမေက
ပြောတာပဲ ငါနေလို့ ဖြစ်ပါတယ်ဆိုတာကို စပြီးလက်ခံသွားတာပါ။ နောက်စာ ပေါင်းဖတ်တတ်
လာတော့ အမေက “ညည ပုံပြောပြတာလေးတွေ ကနေပုံပြင်လေးတွေဟာ ကာတွန်းစာအုပ်
လေးထဲမှာ ပါတယ် သားစာလုံးပေါင်းဖတ် နားမလည်ရင် မေမေ့ကိုမေး” ဆို ကျနော်လဲ ပေါင်း
ဖတ်တာပဲ နားမလည်တာတွေ အကုန်လုံးကိုလဲ အမေ့ကို မေးတာပါ။

နောက်အတန်းကြီးလာတော့လဲ ကျနော်သိချင်တာတွေကို အားလုံးသူဖြေရင် မပြည့်စုံမှာစိုးလို့
တဲ့ သိချင်တာရှိရင် ကျောင်းက ဆရာတွေ ဆရာမတွေကိုမေးကြည့်တဲ့ အဲ့ဒီက စလို့ အလွန်
အမေးအမြန်းထူတဲ့ ကျနော်လဲ အတန်းထဲမှာ သိချင်တာရှိရင် ဆရာဆရာမတွေကို မေးရဲလာ
ပါတယ် ဆရာဆရာမတွေကလဲ စာဖတ်သူတွေများတော့ ဖတ်စရာ စာအုပ်တွေပါ ပြောပြပေး
ပါတယ်။ အဲ့ဒီလိုနဲ့ စာဖတ်တာကို ၀ါသနာပါလာခဲ့တာပါ ။ ခုပြန်တွေးကြည့်တော့နှစ်ပေါင်း သုံး
ဆယ်ကျော် လေးဆယ်တုန်းက အဖြစ်အပျက်တွေ ဒါပေမဲ့ ကောင်းတဲ့အကျင့်ကို ကောင်းမွန်
တဲ့ ဓလေ့ကို ချပေးခဲ့တဲ့ အမေ့ကို ကျေးဇူးတင်မိနေပါတယ်။

အမေဆိုလို့ အဖေက ငါကောမပါဘူးလားလို့ မေးမှာ အဖေရယ်လဲ အတူတူပါပဲပေါ့ တကယ်ဆို
စာဖတ်ဝါသနာမပါတဲ့ အဖေက ကျနော်ဖတ်ချင်သမျှ သူမအားတဲ့ကြားထဲက အကုန်ရအောင်
ရှာဝယ်ပေးတာပါ။ ကိုချစ်ဖေ ဖတ်တဲ့စာအုပ်တွေက အဖေမကြိုက်တဲ့ စာအုပ်တွေ အဖေက ဒီ
စာအုပ်တွေဖတ်ရင် ဒိဌိဖြစ်လိမ့်မယ် ကွန်မြူနစ်ဖြစ်လိမ့်မယ် မဖတ်နဲ့တဲ့ ကျနော်ကတော့ ဖတ်
တာပါပဲ အဖေက ပြင်းပြင်းထန်ထန်တော့မတားပါ ၀ယ်လဲပေးပါတယ်။ ကျနော်လဲ ဒိဌိမဖြစ်သ
လို ကွန်မြူနစ်လဲ မဖြစ်ခဲ့ပါဘူး အဲ့ဒီလိုဖြစ်ဖို့ဆိုတာ အသဲမာမှ ဖြစ်တာလေ။ ကျနော်က အသဲမ
မာပါ။ ထစ်ကနဲဆို လက်တွန့်တယ် မသေရဲ မသတ်ရဲ အနိုင်မယူရဲ သဘောကျခဲ့တာတော့ရှိပါ
တယ် ကိုယ့်ကိုကိုယ်လဲ မာမယ်ထင်ခဲ့တယ်။ ယုံကြည်ရာတခုအတွက် အကုန်လုပ်ရဲမှလေ စွန့်
လွှတ်ရဲမှ ဆိုတော့ မဖြစ်နိုင်ပါ လို့ ရိုးရိုးသားသား ပဲ တွေးမိခဲ့ပါတယ်။ ဒါပေမဲ့အဲ့ဒီအချိန်တုန်းက
ရရာ စာအုပ်ကို ၀ါးစားသလို ဖတ်ချင်နေတာတော့အမှန်ပါ စာအုပ်တွေကို လိုင်းတလိုင်းထဲ မ
ဖတ်ဖြစ်ခဲ့တာ ကတော့ အမေပြောပြတာကြောင့်ပဲ ဖြစ်မယ်ထင်ပါတယ်။

အမေက ကျနော်ဖတ်ချင်တဲ့ စာအုပ် ဖတ်သင့်တဲ့စာအုပ်ဟူသမျှ အကုန်ပေးဖတ်ပါတယ်။ မ
ဖတ်သင့်တဲ့ အသည်းကွဲ အရက်သမား အချစ်ကိုးကွယ်ရေး စာအုပ်တွေကလွဲလို့ အမေက မ
တားပါဘူး ရှာလဲပေးပါတယ်။ တဖက်မှာ တားမြစ်ထားလို့ ခိုးကြောင်ခိုးဝှက်ဖတ်ရတဲ့ စာအုပ်
ကို ခိုးဖတ်တဲ့အခါ မသိချင်ယောင်ဆောင်နေခဲ့သလို တဖက်ကလဲ သိုက်သမိုင်းစုန်းမှော်က
ဝေ စာအုပ်တွေကအစ ဗဟုသုတ အဖြစ်ဖတ်ခိုင်းတာမျိုးဆိုတော့ စာဖတ်ရတော့မဲ့ ရက်တွေဆို
ပျော်နေခဲ့တာပါ။ သောကြာနေ့ည ကနေ တနင်္ဂနွေနေ့ နေလည်အထိ အပြင်စာအုပ်ဖတ်နိုင်ခွင့် ရခဲ့တာကို ခုပြန်တွေးကြည့်တော့ အလယ်တန်းကျောင်းသား ဘ၀မှာ တကယ့်ပျော်ရွှင်စရာ။

အနှစ်လေးဆယ်ကျော် အတွင်းမှာ ကြည်နူးချမ်းမြေ့စရာ ပြန်ပြန်တွေးကြည့်မိတိုင်း ကျေးဇူး
တင်မဆုံး ဖြစ်မိတာကတော့ စာဖတ်ခြင်းအကျိုးကို ပျော်ရွှင်စရာအဖြစ် တဖြေးဖြေး ပြောင်းပေး
ခဲ့တဲ့ အမေနဲ့ အဖေကိုပါပဲ။ အခြားသော ကျေးဇူးတွေကတော့ များလွန်းလို့ ပြောပြမယ်ဆိုရင်
တောင်တော်တော်များမှာပါ။ ခုအချိန်ထိ မိဘတွေ သက်ရှိထင်ရှားရှိနေသေးပြီး အဝေးမှာနေ
နေရပေမဲ့ ကိုယ့်ကို တယောက်ထဲ နေရဲအောင် သိလိုတာတွေ ကို စာအုပ်တွေထဲက နေသိလာ
အောင် လမ်းပြပေးခဲ့ပါလားလို့ ကြည်နူးမိနေတယ်။

Read more...

Sunday, October 10, 2010

မင်္ဂလာ ကိုကြီးကျောက်

မင်္ဂလာကိုကြီးကျောက်

မချစ်ကြည်အေးရဲ့ ကိုကြီးကျောက် ကျမ်းမာရေးအခြေအနေကို အားလုံးသိရအောင်သတင်း
ပေးတဲ့ ကိုကြီးကျောက်ရဲ့စာ ပူးတွဲပါတဲ့ ပိုစ့် ကိုဖတ်ရရခြင်း ကိုကြီးကျောက်ဆီကို ဖုန်းဆက်
သတင်းမေး အားပေးစကားပြောဖို့ လုပ်တော့ ကိုကြီးကျောက်တို့ဆီမှာ ည ၁၁နာရီကျော်နေခဲ့
ပြီ ဒါပေမဲ့လဲ ကိုကြီးကျောက်အိပ်ချင်မှ အိပ်ဦးမှာလို့ တွေးမိပြီးဖုန်းဆက် ဖြစ်သွားပါတယ်။

ကိုကြီးကျောက်ဆီက ဖုန်းပြန်ခေါ်လာပါတယ် မအိပ်သေးပါဘူးတဲ့ တရားထိုင်နေတာ ဒီတော့
လဲ အားနာလိုက်တာ ကိုကြီးကျောက်က အရင်အတိုင်း စာထဲက လိုပါပဲ ကိုချစ်ဖေကိုတောင်
ပြန်အားပေးနေသေးတယ် ဒါမျိုးက ဆရာဝန်ကြီးတွေ ထင်ထားတဲ့အတိုင်း ဖြစ်ချင်မှလဲ ဖြစ်တာ
ပါ ဖြစ်တော့လဲ ရင်ဆိုင်ရမှာပေါ့ ဆိုတာမျိုး ပြန်ပြောပြနေတာပါ။

နောက်တော့ ကိုကြီးကျောက်တင်ထားတဲ့ ပိုစ့်ကို ဖတ်ရတော့ အော် ကိုကြီးကျောက်တို့များ တ
ကယ်ပဲ စိတ်ဓါတ်ကြံခိုင်ပါပေတယ် သေခြင်းကို ရင်ဆိုင်ရတာတောင် ရယ်စရာလှောင်ပြောင် စ
နောက်နေနိုင်သေး တကယ်လို့များ သေမင်းက သာ လူပုဂ္ဂိုလ်တဦးအဖြစ်နဲ့ လာခေါ်တယ်ဆို
ရင်တောင် “ အော်..သေမင်းဆိုတာ ခင်ဗျားလား အေးဗျာ ခင်ဗျားကိုတော့ သက်ရှိသတ္တ၀ါ
တိုင်းက ကြောက်ကြရပါတယ် တကယ့်တကယ်တွေ့တော့လဲ ခင်ဗျားက ခန့်ခန့်ချောချောကြီးပဲ
ကြောက်စရာလဲ မကောင်းပါဘူးဗျာ လူတွေများ ကြောက်စရာမရှိ ကြောက်နေကြတယ် ကဲကဲ
သွားကြတာပေါ့ဗျာ ကား ပါလား ဘတ်စ် နဲ့ဆို ဒီအချိန်လူကြပ်တယ်ဗျ” ဘာညာလျှောက်ပြော နေဦးမယ်ထင်ပါရဲ့ဗျာ။

ကျနော် ကိုကြီးကျောက်ကို ဘယ်လိုစခင်မင်မိတယ်ဆိုတာတော့ မမှတ်မိတော့ပါဘူး ရယ်စရာ
မောစရာ ပွင့်ပွင့်လင်းလင်းပြောတတ်တယ် သူများတွေက ကိုယ့် ဘလော့မှာ ဓါတ်ပုံလေးတင်
ဖို့ အကြောင်းကြောင်းနဲ့ မတင်ရဲကြ မတင်ကြချိန် ကိုကြီးကျောက်ကတော့ ဓါတ်ပုံတွေနဲ့ စာ
တွေကလဲ စိတ်ဝင်စားစရာ ရယ်စရာ ကော်မန့်တွေကလဲ ခင်မင်စရာ စနောက် ပေးတတ်သူ ဆို
တော့ လူချင်း အပြင်မှာ မတွေ့ဘူးပေမဲ့ ခင်မင်ရပါတယ် နေမကောင်းဖြစ်ပြီးနောက်ပိုင်း ကို
အောင် (ပျူနိုင်ငံ) ရဲ့ကောင်းမှုကြောင့် ဖုန်းနံပါတ်ရပြီး တခါတခါလဲ ဖုန်းဆက်ပြီးစကားပြောဖြစ်
သွားပါတယ်။ ကိုကြီးကျောက်က ဖုန်းထဲမှာ နေကောင်းသူရဲ့ အသံမျိုး မဖြစ်သေးပေမဲ့ အ
ကြောင်းအရာအားလုံးကတော့ နေကောင်းသူတွေ ထက်တောင် လန်းဆန်းနေပါသေးတယ်။ ခု
လောက်ထိ ကျမ်းမာရေးအခြေအနေ ဆိုးနေမယ်လို့လဲ မထင်မိပါ။ နောက်ဆုံး မချစ်ကြည်အေး
ရဲ့ အသိပေးတဲ့ ပိုစ့် ဖတ်ရတော့မှပဲ သေချာသိရတာပါ။

ကြိုကီးကျောက်ကို တကယ်ပဲ ချစ်ခင်ကြသူတွေများပါတယ် ပျော်ရွှင်ခင်မင်တတ်တဲ့ အကိုတ
ယောက် ဦးလေးတယောက် လိုပါပဲ အားလုံးလဲ ကျနော်လိုပဲ ခံစားမိကြမှာပဲလို့ တွေးမိပါတယ်။
ဘယ်လောက်ပဲ အခြေအနေက ထိန့်လန့်တုန်လှုပ်စရာဖြစ်နေနေ မိသားစုပေါ်မှာ မိတ်ဆွေ သူ
ငယ်ချင်းတွေအပေါ်မှာ တာဝန်ကျေခဲ့သူအနေနဲ့ စိတ်ရှင်းရှင်းထားနိုင်ခဲ့လို့လား မသိ ကိုကြီး
ကျောက်ကတော့ အရင်လိုပါပဲ စိတ်ဓါတ်ကျ အားငယ်မှု့မျိုး မရှိပါ။

ကျနော်အကျဉ်းအကြပ်ထဲမှာ ဒုက္ခသုက္ခပေါင်းစုံ နဲ့နေရတုန်းက ကျနော့်မေမေက မင်္ဂလသုတ်
ထဲက မြတ်စွာဘုရားဟော တရားပုဒ်လေးတပုဒ်ကို အမြဲ နှလုံးသွင်းဖို့ ခံနိုင်ရည်ရှိဖို့ အားပေးရှာ
ပါတယ်။ အဲ့ဒီတရားပုဒ်လေးက “ ဖုဒဿ လောက ဓမ္မေဟိ စိတ္တံယသ နကံပတ္တိ အာသောကံ ၀ိရဇံ ခေမံ ဧတံ မင်္ဂလ မုတ္တမံ” ဆိုတဲ့အပိုဒ်လေးပါ ကျနော့်ဘာသာ မြန်မာလိုနားလည်ထာက
တော့ “လောကဓံတရားဆိုး တရားကောင်း အခြေအနေကောင်းဆိုးတွေနဲ့ ကြုံရတဲ့အခါမှာ စိုး
ရိမ်သောကမရှိခြင်း စိတ်တည်ငြိမ်အေးဆေးစွာနဲ့ ရင်ဆိုင်နိုင်ခြင်းဟာ မင်္ဂလာရှိပါပေတယ်” လို့ ကျနော်နားလည်မိပါတယ် တိတိကျကျတော့ အဓိပါယ်မှန်ချင်မှ မှန်မှာပါ။ ခုလဲ ကိုကြီးကျောက်
ကမင်္ဂလာရှိပါပေတယ်။ ကျနော်တို့ ကိုကြီးကျောက်နဲ့ ခင်မင်ခွင့်ရတာ ၀မ်းသာစရာပါ။ ဂုဏ်ယူ
စရာပါ။ ကိုကြီးကျောက်မှာ လူပုဂ္ဂိုလ်တယောက် ပုထုစဉ်တယောက်အနေနဲ့ အမှားရှိတာမျိုး ရှိ
ရင်လဲ ရှိခဲ့မှာပါ သို့သော်လဲ ကျနော်နဲ့ ဆုံခဲ့ရစဉ်မှာတော့ ကိုကြီးကျောက်ဟာ ခင်မင်ဖွယ် ချစ်
ခင်ဖွယ် အားကျ အတုယူဖွယ်တွေနဲ့ မင်္ဂလာရှိတဲ့ ကိုကြီးကျောက်ပါပဲဗျာ။

ကျနော့်လိုပဲ ကိုကြီးကျောက်ကို ခင်မင်လေးစားသူတွေ အားလုံးကို တိုင်ပင်ချင်တာကတော့ ကျနော်တို့ ရေးတတ်သလို ရေးတတ်သလောက်ရေးခဲ့တဲ့ စာကိုတော့ ကိုကြီးကျောက်က ဖတ်
ရဖူးပါပြီ။ ကျနော်တို့ရဲ့ လှို့ဝှက်ထားတဲ့ (ချောလို့ပဲဖြစ်ဖြစ်) ရုပ်မျက်နှာ အသွင်အပြင်ကိုလဲ ကို
ကြီးကျောက်က တွေ့ဖူးချင်မှာပါ ကျနော်တို့ ကိုယ်တိုင်မလာနိုင်ပေမဲ့ ကျနော်တို့ရဲ့ ကိုကြီး
ကျောက်ကို ချစ်ခင်မှု့ကို ပြသတဲ့အနေနဲ့ ပိုစ်ကဒ်လေးတွေ လက်ရေးနဲ့ စာရေးပြီး ဓါတ်ပုံလေး
တွေ ပေးပို့ပြီး အားပေးပြီး နှုတ်ဆက်ရင် ကိုကြီးကျောက် အတော်ပဲ ၀မ်းသာနေမှာပါ ကျနော်
တို့တွေရဲ့ ခင်မင်မှု့ကို ကိုကြီးကျောက်ကလဲ အသိအမှတ်ပြုပေးဖို့ ခု ဒီနေရာကနေ တောင်းပန်
ပါတယ်။ ကျနော်တို့ အမြဲ ဖုန်းမဆက်နိုင်တောင် ကျနော်တို့ ပိုစ့်ကဒ်လေးတွေ က ကိုကြီး
ကျောက်ကို ခင်မင်လေးစား အားကြကြောင်း သက်သေလေး တခုတော့ ဖြစ်နေမှာပါ ။ ကိုကြီး
ကျောက် လိပ်စာကိုလဲ ကူးယူဖေါ်ပြလိုက်ပါတယ်ဗျာ။

Nai Pe
11 Grandin Circle
Rockville MD 20851
USA

ph;(210)7870932

maungnaipe@gmail.com

Read more...

Thursday, October 7, 2010

သဘောပေါက်ပါတယ်

သဘောပေါက်ပါတယ်။

ရွေးကောက်ပွဲ ရွေးကောက်ပွဲနဲ့ လူပြောသူပြောများနေတော့ ကိုချစ်ဖေလဲ မနေသာဘူးဗျာ ၀င်
ဝင်ပြောချင်တာပေါ့ တကယ်တော့ ကိုချစ်ဖေလဲ အသက်သာ ငါးဆယ်နားနီးလာတာ သုံးနှစ်ပဲ
လိုတော့တယ် ဘယ်ရွေးကောက်ပွဲရယ်မှ မဲထည့်ဖူးခဲ့သူလဲ မဟုတ်ပါဘူး ဘယ်ဖွဲ့ စည်းပုံ အ
ခြေခံ ဥပဒေကိုမှလဲ ထောက်ခံခြင်း ကန့်ကွက်ခြင်း လုပ်ခွင့်လဲ မရခဲ့ပါဘူး။ သို့သော်လဲ အများ
သူငှါလို လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း သူမနာ ကိုယ်မနာ အညိုးအတေးမထား ပြော
ခွင့်ဆိုခွင့် တင်ပြခွင့် ညှိနှိုင်းဆောင်ရွက်ခွင့် ရှိတဲ့ ဘ၀မှာ လုံလုံခြုံခြုံ ငြိမ်းငြိမ်းချမ်းချမ်း( ပူညံပူ
ညံမလုပ်ပဲ) နေချင်သပေါ့ဗျာ။

ဒါပေမဲ့လဲ နေခွင့်ကတော့ မရရှာပါဘူး ဒါကတော့ ကိုချစ်ဖေတို့ ကြမှ မရရှာတာမဟုတ်ပါဘူး
ပြောရမယ်ဆိုရင် ကိုချစ်ဖေတို့ ဘိုးဘွား အစဉ်အဆက်မှာ ဘယ်တုန်းကရခဲ့သလဲ ပြောရမယ်
ဆို ခက်ပါ့ ဟိုတုန်းကလဲ ရေမြေ့အရှင် ဘ၀ရှင်မင်းတြားကြီးတွေက သေဆိုသေ ရှင်ဆိုရှင်
နေခဲ့ရ နောက်တော့လဲ ဗြိတိသျှလူကြီးမင်းများ အုပ်ချုပ်တာခံရ နောက်တော့လဲ သူတလူငါတ
မင်းနဲ့ ပြည်တွင်းစစ်ကြီးထဲ မွေးဖွားလာရ နောက်တော့ သိကြတဲ့အတိုင်းပဲ စစ်အာဏာရှင်တွေ
ထားရာနေ စေရာသွား ဘ၀ကိုရောက်လာကြရတာပါပဲ။

တခါတလေတော့လဲ ကိုယ့် အရှေ့က လွတ်လပ်ရေး ဘာရေးညာရေး ရအောင်ယူသွားတဲ့ ဘိုး
ဘွားတွေကိုပဲ ထထ စိတ်ဆိုးချင်ပါတယ် လွတ်လပ်ရေးတွေဘာတွေ ရအောင်ယူမသွားကြရင်
ပြည်တွင်းစစ်ကြီးလဲ ဖြစ်စရာမလို စစ်အာဏာရှင်ကြီးများလဲ ဗိုလ်လုပ်ချင်တိုင်းလုပ်ခွင့် မရနိုင်
တော့မှာလို့ ဘာဖြစ်လို့လဲ ဆိုတော့ တိုင်းတပါးကျွန် ဘာကျွန်ညာကျွန်အဖြစ်ကမှ လွတ်လပ်
နိုင်ပါသေးတယ် ဒို့ဗမာအစည်းအရုံးထောင်ခွင့် ဘာညာရှိပါသေးတယ်။ ဟော နိုင်ငံရေးလုပ်လို့
နေမ၀င်အင်ပါယာကြီးကို ပုပ်ခတ်စော်ကားလို့ ဘာလို့ဆိုရင်လဲ ထောင်ခြောက်လပဲကျသကိုး
ခု ကိုချစ်ဖေတို့ ၈၈မျိုးဆက်ကျောင်းသားတွေ ခေတ်နဲ့တော့ကွာပါ့ဗျာ။ နေမ၀င်အင်ပါယာ အုပ်
ချုပ်ရေးစနစ်ကြီးကို အတုယူပြီး လ နဲ့ နှစ် နားကြားမှားပြီး ၆၅ နှစ်ချလိုက်သလားမသိပါဘူး
ဗျာ။ နေရရ မနေရရ နှစ်စေ့မှ လွတ်မယ်ဆို ထောင်ထဲမှာပဲ သေရရုံပါပဲ ဆိုသလို။ အပြစ်ကလဲ
ကြီးပေသကိုး။

ခုရောဘာထူးသေးတုန်း တိုင်းတပါးမှာ ထွက်အလုပ်လုပ်ရတော့လဲ တိုင်းတပါးကျွန်ဖြစ်တာပါပဲ
မဟုတ်လားဗျာ။

ကိုချစ်ဖေအဲ့လိုပြောရင် ပြည်ပအားကို ပုဆိန်ရိုး ဘာရိုး ညာရိုး ပြောခံရဦးမယ် ဒါနဲ့ပြောချင်တာ
တောင်ဘယ်ရောက် သွားပါလိမ့် ရွေးကောက်ပွဲ ရွေးကောက်ပွဲ ကို ဘယ်တုန်းကမှ စစ်အစိုးရ
အဆက်ဆက်က ယုံကြည်လို့ ပါလဲ ဥပဒေဘောင်ထဲက ၀င်ပူးပြီး ရတဲ့နေရာလေးက ပြောမယ်
မလိမ်မိုးမလိမ်မာ စစ်သားတွေကို စည်းရုံးပြီး ဆရာကြီးတက်လုပ်မယ်ဆိုတဲ့သူတွေကော နောက်ဆုံးမှာ ဘယ်လို အဆုံးသတ်သွားတယ်ဆိုတာလဲ အားလုံးသိကြပါတယ်။

ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ ရေးဆွဲထားပါတယ်ဆိုတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ တွေကို ခေတ်
အဆက်ဆက် သူတို့ လိုသလို မဖြစ်လာရင် ပယ်ဖျက်တာလဲ စစ်တပ်ပါပဲမဟုတ်လား ၁၉၄၇ ဖွဲ့
စည်းပုံ အခြေခံဥပဒေကို ၁၉၆၄ အာဏာသိမ်းခြင်းနဲ့ ပယ်ဖျက်လိုက်သလို စစ်အစိုးရကိုယ်တိုင်
စိတ်ကြိုက် ရေးဆွဲထားတဲ့ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုလဲ ၁၉၈၈ အာဏာသိမ်းခြင်းနဲ့ ပယ်ဖျက်ခဲ့တာပါပဲ ခုလဲ ၂၀၀၈ ဖွဲ့စည်းပုံကိုတော့ ဖျက်စရာမလိုအောင် အစထဲက နည်းနည်း
ပါးပါး ပြောင်းထားတာမျိုးနဲ့ လုပ်ခဲ့တာဆိုတော့ ခုလာမဲ့ ရွေးကောက်ပွဲ ကလဲ ရွေးကောက်ပွဲ ယုံပါပဲ ဆိုတာ ကိုချစ်ဖေတို့ ပြည်သူတရပ်လုံးက သိပါတယ်ဗျာ။

ဘုမသိဘမသိ နဲ့ တောသူတောင်သားတွေလဲ သိပါတယ် ကိုယ့်ပတ်ဝန်းကျင်မှာ ဘယ်လိုလူ
တွေပဲ ချယ်လှယ်တယ် ဘယ်လိုလူတွေပဲ အနိုင်ကျင့်ကြတယ် ဘယ်လိုလူတွေပဲ လူတွင်ကျယ်
လုပ်ကြတယ်ဆိုတာကို သိပါတယ် ဘာပဲဖြစ်ဖြစ် ဒုတ်ကြီးကြီးနဲ့ အရိုက်ခံရတာထက် စာရင် ဒုတ်သေးသေး နဲ့ဆို အရိုက်ခံရတာလဲ တော်သေးသကိုး ဆိုသလိုပဲ သဘောထားကြတာပါ။

ရွေးကောက်ပွဲ မှာ မဲထည့်စရာ မဲထည့်ချင်စရာ လူကြီးလူကောင်းရယ်လို့မှ မရှိသလောက်ဖြစ်
နေရတဲ့ အခြေအနေမှာ မဲထည့်ရင်လဲ ဘယ်လိုလူမျိုးတွေကိုပဲ မဖြစ်မနေထည့်ရမယ်ဆိုတာ သိပါတယ်။ ဗိုလ်ကြီးတို့ သေနတ်ပြောင်းအောက်မှာ ညစ်ပတ်မှု့ မျိုးစုံအောက်မှာ နေလာခဲ့ကြ
တာ အသားကျနေကြပြီကိုး။

ဒီတော့ကာ မဲမထည့်ပဲနေလို့ရတယ်ဆိုလဲ မထည့်ကြပါဘူး ခြေညောင်းခံပြီးသွားမထည့်ကြပါ
ဘူး အဲ မဖြစ်မနေ မထည့်မနေရ မဲထည့်ရမယ်ဆိုလဲ ရှိတဲ့ မဲပုံးထဲ ထည့်ခဲ့ရမှာပါပဲ တခုပါပဲ
ပြောချင်တာက ဘာတွေညာတွေ လုပ်မနေကြပါနဲ့ဗျာ မီဒီယာခေတ်ကြီးမှာ အားလုံးမြန်မြန် မှန်
မှန်ကန်ကန်သိနိုင်တဲ့ ခေတ်ကြီးမှာ “မြန်မာရုပ်မြင်သံကြားကနေ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ကနေ
တိုင်းပြည်ကို မိန့်ခွန်းပြောကြားမှာ ဖြစ်လို့ နီးစပ်ရာ ရုပ်မြင်သံကြားရှိသောအိမ်သို့ မရှိသော
သူများက ည ကိုးနာရီတွင် စုဝေးရမယ် မစုမနေရ မစုရင် နားမထောင်ရင် ပြင်းထန်စွာ အရေး
ယူမည်” လို့ ရယက ကနေ အမိန့်ပေးစုခိုင်း ပြီးရင် မြန်မာရုပ်မြင်သံကြားကနေ ဗိုလ်ချုပ်မှုးကြီးက ထွက်လာ ပရိတ်သတ်ကြီးဖက် မိုက်ကြည့်ကြည့်ပြီး ခါးကြားထဲက သေနတ်ကို ထုတ် “ဘောင်း ဘောင်း ဘောင်း” ဆိုပြီး မိုးပေါ်ထောင်ပစ်လိုက် ပြီးရင် “ကျုပ်နဲ့
ကျုပ်မိသားစု ကျုပ်တပည့်လက်သားတွေပဲ အမြဲအုပ်ချုပ်မယ် မကျေနပ်ရင် ကျုပ်လို စစ်တပ်ထောင်ထား ကျုပ်တို့ လုပ်ချင်ရာလုပ်သွားမယ်” လို့ ပြောလိုက်လဲပြီးတာပါပဲဗျာ။

ရွေးကောက်ပွဲတွေ ဘာတွေလဲ အပိုလုပ် မနေပါနဲ့တော့ ပိုက်ဆံလဲကုန်ပါတယ် ကိုချစ်ဖေတို့လဲ သဘောပေါက်ပါတယ်။

သဘောပေါက်လို့လဲ ပြေးတာ တန်းနေတာပါပဲ သူလိုကိုယ်လို ပြေးလာကြသူတွေထဲ ပြည်
တွင်းမှာ ဟိုလိုလုပ်လိုက် ဒီလိုလုပ်လိုက်တော့လို့လဲ အဝေးထိန်းစနစ်နဲ့ နိုင်ငံရေးလုပ်တယ်ဆို
တဲ့သူတွေကို လဲ သဘောပေါက်ပါတယ်ဗျာ။ ကိုချစ်ဖေလဲ သဘောမပေါက်လို့ ကျောပေါက်ခဲ့ရ
တာတွေလဲ များပြီကိုး ဒီတော့ သဘောပေါက်ပါတယ်ဗျာ။ သဘောပေါက်ပါတယ်။

Read more...

Saturday, September 18, 2010

လူထုသူကြီး

လူထု သူကြီး
အစိုးရကလည်း လူထု အစိုးရ။ လူထုစည်းဝေးပွဲ၊ လူထု အရေးဆိုပွဲ၊ လူထုတိုက်ပွဲများ ကိုလည်း မကြာခဏ ဆင်ယင်နေကြသည့် သမယ ဖြစ်သည်။ လူထုမိတ်ဆွေ၊ လူထု ရန်သူ၊ လူထု ခေါင်းဆောင် ဟူသော ဝေါဟာရများလည်း ပေါက်ပွား လာခဲ့လေပြီ။
အမှန်စင်စစ်အားဖြင့် ယခုခေတ်တွင် နေရာတကာ၌ လူထုနှင့် ကိုင်ပေါက် နေကြလေတော့သည်။ လူထုတည်းဟူသော နာမဝိသေသနကို ရေလဲနှင့် ပေါပေါကြီး သုံးစွဲနေကြသည့် ခေတ်ပေတကား။
လူထု လက်ဖက်ရည်ဆိုင်၊ လူထု ပင်မင်း၊ လူထု သတင်းစာ၊ လူထုပျော်ပွဲစားရုံ၊ လုထု ကိတ်မုန့်၊ လူထု မြေပဲလှော်၊ လူထုဘာ လူထုညာဟာ မရေ မတွက် နိုင်တော့ပြီ။ နေရာတကာမှာ လူထု။ ဟိုမှာလည်း လူထု၊သည်မှာလည်း လူထု ။ရှေ့မှ နာမဝိသေသန အမျိုးမျိုး တပ်၍ လူထုကိ သုံးစွဲကြသေးသည်။ လယ်သမားလူထု၊ အလုပ်သမား လူထု၊ ကုလားလူထု၊ မြန်မာ လူထု၊ အင်္ဂလိပ် လူထု၊ လူထု စုံလို့။ ဟောလာပြန်ချေပြီ။
မောင်ပြုံးချိုတို့ နယ်တွင် "လူထု သူကြီး" ရွေးပွဲတွေကျင်းပရပေဦးတော့မည်။ လူထုက တင်မြှောက်သော သူကြီးကို လူထုသူကြီးဟု ခေါ်ပါသည်။ ယခု ရှိရင်းစွဲ သူကြီးတွေကော လူထုကတင်မြှောက်သည့် သူကြီးမင်းများ ဖြစ်ကြပေသည်။ သို့သော်လည်း ထိုအိုမင်းဟောင်းနွမ်း နေသော သူကြီးများကို သစ်လွင်နေသော ယခုလူထုက မကြိုက်နိုင်တော့ ပြီဟု ဆိုသည်။ ထိုကဲ့သို့ ခေတ်မမီသည့် သူကြီးများကို ယခုမျက်စိကျယ်သော တက်လူများက မလိုချင်တော့ပြီ။ မျက်စိကျယ်သော လူထုသည် မျက်စိကျဉ်းသော သူကြီးကိုမကြည့်လိုတော့ပြီ။
"ဒီသူကြီးတွေဟာ ဗြူလိုကလား နက်စိတ် ဝင်နေပြီး။ ပြုပြင်လို့ မရတော့ဘူး။ ခေတ်မမီတော့ဘူး။ ဖြုတ်ပစ်ဖို့ပဲ ကောင်းတော့တယ်"
"သူကြီး ရွေးတင်တဲ့ အခါမှာလည်း ငယ်ငယ်ရွယ်ရွယ်ဖျတ်ဖျတ်လတ်လတ် လူကို တင်ဖို့ လိုတယ်။ အဘိုကြီးတွေ တင်လို့ မဟန်ဘူး။ ဘုန်းကြီးအို ကျောင်းပေါ် တင်သလိုပေါ့ကွ။ ခဏခဏဘုန်းကြီးပျံ လုပ်နေရမယ်။
ဤ အသံများကား ခေတ်၏ ကြွေကြော်သံများ ဖြစ်လေသည်။ သို့နှင့်ရှိရင်းစွဲ သူကြီးများကို ရာထူးမှရပ်စဲကာ လူထုသူကြီးများကို ပြန်လည်ရွေးကောက်ရန် လျှောက် လွှာများ ခေါ်ရလေသည်။
မောင်ပြုံးချို၏ ရုံးတွင် လျှောက်လွှာတွေ ဟီးတိုက်၍ ဝင်လာလေသည်။ အချို့ သူကြီးလူပါးများကမှု ရွာထဲ၌ ကြော်ငြာခြင်း မရှိဘဲ တိတ်တဆိတ်ပြိုင်သူမရှိသကဲ့သို့ တစ်ယောက်တည်းလာ၍ လျှောက်လွှာတင်ကြသည်။
သည်အချိန်တွင် မြို့ပိုင်တွေ အခက်အခဲနှင့် အတွေ့ရဆုံး အချိန်ဖြစ်သည်။ အသက်ငါးဆယ့် ငါးနှစ် ကျော်၍ပြန်လည် လျှောက်ထားခွင့် ရတော့မည် မဟုတ်သော သူကြီးကိစ္စကိုလည်း သူ ဂရုမစိုက်၊ အခွန်ကောက်ရန်ကိုလည်း သူမမှု၊ ရုံးအမိန့်ကိုလည်း မနာခံ၊ ထင်ရာကြဲလေတော့သည်။ ပြုတ်မဲ့တူတူမထူးတော့ပါဘူးဆိုကာ ကြက်ဝိုင်းကလေးများလည်း တိတ်တိတ်ပုန်း ထောင်လိုက်သေးသည်။ အရက်ကလေးများလည်း ချက်လိုက်သေးသည်။
ပြန်လည် အရွေးခံမည့် သူကြီးများမှာတော့ မဲ အရေးမို့ကြိုးစားပါ ကျွန်တော်တို့မှာ ချွေးတလုံးလုံး ဖြစ်နေကြလေတော့သည်။ တစ်နှစ်ကြာလို့မှရုံးသို့ခြေဦးမလှည့်ဖူးသည့် သူကြီးပေ သူကြီးကပ်များလည်း သူတို့အိမ်နှင့်ရုံးအိမ်ဦး နှင့် ကြမ်းပြင် ဖြစ်နေလေသည်။ ရွာသားတွေအတွက် အမတော်ကြေး လျှောက်ပေးရသည်မှာလည်း အမော။ သူ့ရွာတွင် လူအများ အလုပ်အကိုင်မဲ့၍ စားရမဲ့ သောက်ရမဲ့ဖြစ်နေပါသည်ဟု ဆိုကာ အငတ်စာရင်းတွေကိုလည်း တပြုံတခေါင်းကြီး လာပေးလိုက်သေးသည်။ သူ့အားမဲပေးမည့်သူတွေကို အကုန်လုံး စာရင်းတွင် ထည့်လာလေတော့သည်။
တစ်ပွဲတစ်လမ်း အကဲစမ်း ကြမည့် သူကြီးလောင်းတွေကလည်း လူထု အတွက် ပျာပျာသလဲ တအားခဲပြီး အလုပ်လုပ်နေကြလေသည်။ဟိုမှာလည်း သူတို့ ၊ သည်မှာလည်း သူတို့ကိုပဲ ရှောင်၍ပင် မလွတ်။ အချို့လည်း ရိုးရိုးသားသားပင် မိမိ သဘောကျသလို နိုင်ငံရေး ပါတီ များ၏ လက်မှတ်ကို ယူထားကြလေသည်။
အချို့လည်း မဲရရုံလောက်သာ ရည်ရွယ်လျက် အရေ အမျိုးမျိုး ကို ခြုံထားကြလေသည်။ မောင်ပြုံးချို၏ နယ်တွင် ဂွချောင်းရွာသည် နာမည်အကြီးဆုံး ဖြစ်သည်။ နွားခိုးတို့၏ ပုန်းအောင်းရာ ဒေသ ဖြစ်သည်။အရက်သမား တို့၏ မှီခိုရာလည်း မည်သည်။ ဓားပြ၊ သူခိုး ၊ ကိုလူဆိုးတို့၏စံပျော်ရာလည်း ဟူ၏ ။ ထိုကျေးရွာကို လွန်ခဲ့သော နှစ်ပေါင်းဆယ့်ငါးနှစ် လောက်ကတည်းက စိုးမိုးအုပ်ချုပ်ခဲ့သော သူကြီးမင်း ဦးဘချစ်သည် သူ၏ရာဇပလ္လင် မငြိမ်မသက်ရှိ နေသည်ကို တုန်လှုပ်သောအမူအရာဖြင့် အကဲခတ် လျက် ရှိသည်။ သူနှင့် ယှဉ်ပြိုင်လျှောက်ထား အရွေးခံမည့်သူသုံးဦး ပေါ်ပေါက်နေပါသည်။
မောင်ပြုံးချိုက သူ့သူကြီးမင်းကို ဤသို့မေး၏။
" ဘယ်နှယ့်လဲ သူကြီးမင်း၊ဟန်ပါ့မလား"
"ဟဲ ဟဲ ဟဲ ဟန်ရမပေါ့မြို့အုပ်မင်းရာ"
သူပြောလို့သာကြားလိုက်ရသည်။ မောင်ပြုံးချိုကတော့ ဘယ်နည်း နဲ့မှ သူရမည်မထင်။
နောက်သုံးရက်ကြာသော အခါ သူနှင့် ယှဉ်ပြိုင် အရွေးခံမည့်သူသုံးဦး အနက်မှ တစ်ဦးဖြစ်သူ ဦးဖိုးထောင်သည် အရွေးမခံတော့ပါဆို၍ သူ့လျှောက်လွှာကို ပြန်လည်ရုပ်သိမ်းသွားလေသည်။
ဦးဘချစ် ဘယ်လို ခြေထိုးလိုက်သည် မသိ။ သူနှင့် ယှဉ်ပြိုင်အရွေးခံရန် ဦးသာထွန်းနှင့် ကိုဖိုးမြစ်နှစ်ဦးသာ ကျန်တော့သည်။ ဦးသာထွန်းနှင့် ကိုဖိုးမြစ်တို့လည်း တလှုပ်လှုပ် တရွရွ ဖြစ်ကာ မြို့မှ မိမိတို့ အဖွဲ့ခေါင်းဆောင် များကို ဖိတ်ကြား၍ ရွာထဲတွင် တရားပွဲများ ကျင်းပလျက် ရှိလေသည်။ "သူကြီးဟာကျုပ်တို့ကို အုပ်ချုပ်လာတာ ဆယ်ငါးနှစ်ရှိပြီ။ ဘာတစ်ခုမှ ကောင်းတာ မလုပ်ခဲ့ဘူး။ဗြူလိုကလား နက်တွေနဲ့ ပေါင်းပြီး မဟုတ်တာချည်း လုပ်တယ်။ ဟိုတစ်နှစ်က အမတော်ကြေး ထုတ်တုန်းကလည်း ကျုပ်တို့ဆီက တစ်ယောက်တစ်မတ် တောင်းတယ်။ ဘာကောင်းသလဲ။ အုပ်ချုပ်မှုလည်း သိပ်ညံ့ဖျင်း တာပဲ။ ရွာထဲမယ် နွားခိုးတွေ၊အရက်သမား တွေ၊ ဘိန်းပုန်းစားတွေ သိပ်ပေါတယ်။ ဒီရွာဟာ နာမယ် ပျက်နေတယ်။ အခုဖြစ်နေတာက ဒီရွာသားဆိုရင် ဘယ်သူကမှလူကောင်းလို့ မထင်ဘူး ။ လူဆိုးနဲ့ သူခိုးချည်း ထင်တာပဲ။ ဒါကြောင့် သည်လိုမသမာမှုတွေကို ပပျောက်အောင် လူထု သူကြီးတင်ပြီး လုပ်ရမယ်။"
ဦးသာထွန်း ဘက်မှလူတွေက ဟောကြပြောကြ၏ ။ ကိုဖိုးမြစ် ဘက်ကလူများကလည်း ဤ နည်းဖြင့် သူကြီးကို ရှုတ်ချ၍ ပြောဟာက မဲဆွယ် ကြလေသည်။ သူကြီးမင်း ဦးဘချစ်ကား အပြုံးပင် မပျက်။ လသာသော ညတစ်ညတွင် သူကြီးမင်းက အရပ်ထဲမှ သြဇာတိက္ကမ ရှိသူများကိုသူ့အိမ်သို့ ဖိတ်ကြားထားလေသည်။ ရွာဦး ဘုန်တော်ကြီး ကျောင်းမှ ဝတ်တတ်ကြေး စည်းသံကို နာခံရင်း လူကြီးမင်း များ သူကြီးမင်းထံသို့ ရောက်လာကြလေသည်။ သူကြီးမင်းသည် သူ၏ ခြံဝင်းအတွင်း ရှိမြေကွက်လပ်တွင် ခုံတန်းရှည်များ၊ ကုလားထိုင်များကို ချထာလေသည်။ လူပေါင်းငါးဆယ်ခန့် ဖိတ်မန္တက ပြုထားလေရာ လူစုံလျှင် ပေါင်းမှ ချခါစ အရက်ဖြူကို လက်ဖက်ရည် ပန်းကန်လုံးများတွင် ထည့်၍ တစ်လှည့် စီလိုက်ပေးလေသည်။ သူကြီးမင်း၏သား အာလူးသည် သည်နေရာတွင် အတော်ဖျတ်လတ်သည်။ ဖခင်၏ အဖော်အားကို ရာဖြစ်၏ ။
လမင်းသည် ထိန်ထိန်ပနေလေသည်။ လရောင်ထိုးနေသော သူကြီးမင်း၏ အိမ်မှ သွပ်မိုးကို အဝေးမှပင်အထင်သား မြင်နေရသည်။ ဧည့်ပရိတ်သတ်များသည် အရက်ဖြူ တစ်ပန်းကန်လောက် ဝင်မိလျှင်လျှာသွက်အာသွက် ဖြစ်လာကြ လေသည်။ သည်အချိန်တွင် သူကြီးသား အာလူးက ပန်းကန်ပြားကြီးနှင့် အမဲသား နှပ်တွေကို ယူလာပြန်သည်။
" ကဲ ကဲ စားကြဗျ၊ အမဲသားနုနုလေး နှပ်ထားတာဗျ "
ဧည့်သည် အပေါင်းတို့သည်လည်း အားနာသော အားဖြင့် အတုံးခပ်ကြီးကြီးများကို ရွေးကာ သုံးဆောင်ကြကုန်သည်။
" ဟေမောင်ဘချစ်တဲ့၊ မင်းအမဲနှပ်က ကောင်းသဟေ့"
နှုတ်ခမ်းမွေးဖြူဖြူကြီးနှင့် အဘိုးကြီးတစ်ယောက်က ဆို၏ ။
" လတ်လတ်ဆက်ဆက်ကိုဘကြီးအောင်ရဲ့"
" အေး ဒါတော့ ဟုတ်ပါရဲ့၊ မင်းဟာ က တစ်ခွက်တည်းနဲ့ ပြီးရတော့မှာလား။ အာတောင် မစွတ်ဘူး"
" ရပါတယ် ၊ ရပါတယ် ၊လိုသလောက် ရပါတယ်၊ သုံးပေါင်းတောင် တည်ထားတာ။ ဒါနဲ့မှ မလောက်ရင် ဆယ်အိမ်ခေါင်းအိမ်က ယူပေးပါမယ်။
"အေးကွယ်၊ ဒီလို အခါတော့ ငါ့သားလေးအောက်မေ့သကွယ်" လောကနီတိ အဆိုအားဖြင့် အရသာ နှင့်ပြည်စုံသော အာဟာရကို သုံးဆောင်ရသော အခါ ချစ်ခင်ရင်းနှီး သူကိုသတိရမြဲတည်း။
"လွတ်လုပါပြီ ။ ရှေ့လမယ် ထင်တယ်"
" အဲဒါ သာထွန်းတို့လက်ချက်ပေါ့၊ ကျွန်တော်က မသိချင်ယောင် ဆောင်နေတာ ။ဒီကောင်က သွားတို့တာ၊ ခိုးတဲ့နွားရော တစ်ခါတည်း မိတော့ မကယ်နိုင်တော့ဘူး၊" သူကြီးက ခြေတစ်ချောင်းထိုးလိုက်လေသည်။
"အေးပေါ့ကွ၊ ဒါတောင်ဒီကောင်က သူကြီးလုပ်ဦးမတဲ့။ ဟင် ခွေးမသား။ ငါ့သား ထောင်ချတဲ့ကောင်"
အဘိုးကြီးသည် အရက်တစ်ခွက်ကိုမော့ချလိုက်ပြီးလျှင် တံတွေးကို ပျစ်ခနဲ ထွေးလိုက်ကာ အမဲသားတုံးကို ကိုက်လိုက်လေသည်။
" ဟုတ်တယ်၊ ဒီကောင်သာသူကြီးဖြစ်ရင် ကျုပ်တို့ ဒုက္ခပဲ၊ ကျုပ်တို့ ဒီရွာမှာတောင် နေနိုင်မှာ မဟုတ်ဘူး"
မကြာသေမီက အရက်ချက်မှုနှင့် ထောင်ကျပြီးလွတ်လာသူ ဖိုးထူးက အရက်သံနှင့် ပြောပြန်လေသည်။ သည် အချိန်တွင် အခါခွင့်ကိုစောင့်မျှော်လျက် ရှိသော သူကြီးမင်းက စကားစလေတော့သည်။
" အခု ကျွန်တော်ခေါ်ပြီး ကျွေးမွေးတာက သူကြီးကိစ္စနှင့် ဘာမှ မဆိုင်ဘူးဗျ။ သက်သက်မဲ့ အလှုလုပ်တာ။ သူကြီး ကိစ္စတော့ ခင်ဗျားတို့စလာလို့သာ ပြောရဦးမယ်"
ဤသို့ နိဒါန်းသွယ်ကာ ရပ်လိုက်ပြန်သည်။
လူတွေက ငြိမ်းပြီး နားထောင်နေလေရာ တစ်ခါတစ်ရံ တံတွေးထွေးသံနှင့် လေချဉ်တက်သံ များကို သာကြားရသည်။ သူကြီးမင်းစကား ဆက်ပြန်လေသည်။ "ကျွန်တော် အခြေအနေလည်း ခင်ဗျားတို့ အတွက် လုပ်နေတာပါ။ ခင်ဗျားတို့ အပေါ်များ ကျွန်တော် မတရားတာ ဘာလုပ်ဖူးလို့တုံး။ ကဲ ပြောကြစမ်းပါ"
မည်သူမျှ မဖြေကြချေ။ သူကြီးက စကားဆက်ပြန်လေသည်။
" သူတို့က ဟိုအမတော်ကြေး ထုတ်တုန်းက တစ်မတ်စီတောင်းတာပြောနေတယ်။ အဲဒါ မြို့အုပ်က တောင်းခိုင်းလို့ တောင်းရတာဗျ။ ကျွန်တော် ရတာမဟုတ်ဘူး ။ ပြီးတော့ ကျွန်တော့ကိုအုပ်ချုပ်မှု မကောင်းဘူးတဲ့။ ဒီရွာမယ် အရက်ချက်တဲ့ လူတွေပေါတယ် ၊ နွားသတ်တဲ့ လူတွေပေါသတဲ့။ ဘုရားဒကာ တွေကလေ။ ကျွန်တော့ ထွက်ပေးလိုက်ပါမယ်။ သူတို့ဒါလောက်တောင် သူကြီးလုပ်ချင်ရင် လုပ်ကြစမ်းပါစေ"
လူတွေ လှုပ်လှုပ်ရွရွ ဖြစ်သွားလေသည် ။ တံတွေးထွေးသံ ၊ အာမေဋိတ်သံတွေ ထွက်ပေါ်လာလေသည်။
" ဟာ မထွက်ပါနဲ့"
"ထွက်သွားလို့ဘာဖြစ်မလဲ"
"ဟိုကောင်တွေနဲ့ကျုပ်တို့နဲ့ မဖြစ်ပါဘူး" ဟူသော အသံများ ထွက်ပေါ်လာရာ ဦးဘချစ်သည် အတော် ပီတိသောမနဿဖြစ်သွားလေသည်။ သို့သော် ငြားလည်း သူက ထပ်၍ မှုလိုက်ပြန်သည်။ " မဟုတ်ဘူး။ ကျွန်တော့ရွာသားတွေကကျွန်တော့ကို မလိုချင်ဘူးဆိုရင် ထွက်ရုံပေါ့။ လုပ်ချင်တဲ့လူ တက်လုပ်ပါစေ။ ကျွန်တော် ဒီသူကြီး အလုပ်ကို မမက်မောပါဘူး"
အဘိုးကြီးသည် ဒယီးဒယိုင် နှင့် လက်တစ်ဖက်မှာ အမဲသားတုံး၊အခြားလက်တစ်ဖက်မှ အရက်ပန်းကန် ကို ကိုင်ကာ နေရာမှ ထလေသည်။ ပေါတယ်။ ဒါကြောင့် မတတ်သာလို့ အရက်ချက် ရောင်းကြရတယ်" လူ တစ်ယောက်က လျှာလေးလေးနှင့် ပြောလေသည်။
" ကျွန်တော် ဘယ်တော့ဖမ်းဖူးသလဲ" သူကြီးမင်းက ဂုဏ်ဖော်လိုက်သည်။
"ဟုတ်တယ်၊ သူကြီးမင်းဆီတစ်လုံး ပို့လိုက်ရင် ပြီးတာပဲ" အသံတစ်သံ ထွက်လာလေသည်။
" ဟုတ်တယ်၊ ကျွန်တော်ကလည်း ကြိုက်တတ်သကိုး ဟဲဟဲ၊ ပြီးတော့ နွားသတ်တယ်။ ကျွန်တော် ဘာလုပ်ဖူးသလဲ"
"သူကြီးမင်းဆီ အူစုံသည်းစုံ ပို့လိုက်ရင်ကိစ္စပြီးတာပါပဲ"
"ဟဲ ဟဲ ကျွန်တော် ကလည်း ကြိုက်တတ်သကိုး"
သူကြီးကိုယ်တိုင် အတန်ထွေနေသည့် အထဲ တစ်ခွက်မော့လိုက်ပြန်သည်။ အမဲသားတုံးကို ခဲလိုက်ပြန်သည်။နောက် စကားဆက်ပြန်သည်။ " အဲဒီတော့ ကိုယ့်သူကြီးနဲ့ ကိုယ်ရွာသား ဘယ်လောက် ဟန်သလဲ။ ဖိုးဗြူလား ဓားပြတိုက်တုန်းကလည်း ပုလိပ်မမိအောင် ကျွန်တော်ကိုယ်တိုင် ဝှက်ထားတယ် မဟုတ်လား။ဒီထက်တော့ ကျွန်တော် ခင်ဗျား တို့အတွက် မလုပ်နိုင်တော့ဘူး၊။ ဒါလောက်တောင် ခင်ဗျားတို့ အတွက် ဆောင်ရွက်နေတဲ့ အထဲ ကျွန်တော့ကို မကြိုက်ဘူးဆိုရင်လည်း ခင်ဗျားတို့ သဘောပေါ့"
" ဟိုး ဟိုး ၊ ဟေ့မောင်ဘချစ် ၊ မင်းကို ဘယ်သူက မကြိုက်ဘူးပြောသတုံး။ မကြိုက်ဘူးပြောတဲ့ ကောင် ငါနွားသတ်တဲ့ ဓားနဲ့ ခုတ်မယ်" အဘိုးကြီး တစ်ယောက်က ထ၍ ဆူပြန်သည်။
"ကဲ ဦးလေးဘချစ်"
လူငယ် တစ်ယောက်က ထ၍ပြောသည်။
"ဦးလေးဟာ ကျွန်တော်တို့ ကျေးဇူးရှင်ကြီးပဲ။ အရက်ချက်လည်းမဖမ်းဘူး။ နွားခိုးလည်း မမြင်ချင်ယောင်ဆောင်တယ်။ ဓားပြတွေလည်း ဝှက်ပေးတယ်။ နည်းနည်းပါးပါးဝေစုပေးရတာ ဘာအရေးကြီးလဲဗျာနော်။ အမတော်တို့၊ အခွန်တော်တို့၊လည်း ဘယ်တော့မှ အတင်းအကျပ် မတောင်းဖူးဘူး။ဦးလေးဘချစ်ဟာ ကျွန်တော်တို့ လူထု အကျိုးကို အကြည့်ဆုံးပဲ။ ဒါကြောင့် ဦးလေးဘချစ်ပြန်အရွေးခံပါ။ ကျွန်တော်ရအောင် ဆောင်ရွက် ပေးပါမယ်"
ထိုစကားကို ကြားသော အရက်ချက်သမားလူထု ၊ နွားခိုးလူထု နှင့်ဓားပြ လူထုက သာဓု သုံးကြိမ်ခေါ်ကြကုန်သည်။ကောင်းချီသြဘာ ပေးကြသည် ။ အနုမောဒနာ ပြုကြကုန်သည်။
" ကဲ ဒီလိုဆိုရင် အများက တောင်ပန်းလည်း လုပ်ရတာပေါ့" ဟု ဦးဘချစ်က အာမဝန်တာ ခံလိုက်ရလေသည်။မဲရွေးပွဲနေ့တွင် ဦးသာထွန်နှင့် မောင်ဖိုးမြစ်တို့မှ မြို့က အဖွဲ့အသီးသီး ကိုယ်စားလှယ် များရောက်လာ၍ပါးစပ်ပြဲအောင် အော်ကာဟစ်ကာ တရားဟောကာ အားပေးနေကြသော်လည်း မဲရေတွက်လိုက်သောအခါဦးဘချစ် အများဆုံး ရရှိနေသည်ကို တွေ့ရလေသည်။
ထို့ကြောင့် ဦးဘချစ်သည် လူထု သူကြီး ဖြစ်ရပြန်လေသည်။
ကိုချစ်ဖေ ထိုကဲ့သို့သောစာရေးတတ်လိုပါသည် သို့သော်ကိုချစ်ဖေ ကိုအဂ္ဂဘလော့မှ ကူးယူဖေါ်ပြခြင်းသာဖြစ်ပါသည်။
မူရင်းစာရေးသူ မပါရှိပါချေ မတွေ့ပါ။ ကျနော်တို့ ရွေးကောက်ပွဲနှင့် ဆင်ဆင်တူ၍ သဘောကျမိပါသည်။ သဘောမတွေ့သော်
ခွင့်လွှတ်ကြပါကုန်။ ကိုကျောက်(ရွှေရတုမှတ်တမ်းကြီး)ပြောပြချက်အရ စာရေးသူမှာ ဆရာ မန်းတင် ဖြစ်နိုင်ပါကြောင်း သိရပါသည်။
(ဂျာနယ်ကျော်၁၉၄၇ ဒီဇင်ဘာ ၁)

Read more...

Tuesday, September 14, 2010

ကိုဖိုးလုံးတို့ပြာနေသည်

“ ဒီမယ် ကိုဖိုးလုံး ခင်ဗျားဟာ အနီလား အဖြူလား အ၀ါလား ပြောစမ်း ခင်ဗျားဘာလဲ ဗျာ.”
“ဗိုလ်ကြီးတို့ရယ် ကျနော် အဖြူ အနီ အ၀ါ ဘာမှမဟုတ်ပါဘူးဗျာ ဗိုလ်ကြီးတို့ အားလုံးကို ပြာ
နေအောင်ကြောက်ရတဲ့ အပြာပါ”

ဆရာမန်းတင်ရဲ့ ကိုဖိုးလုံး ၀ထ္ထုထဲက စာပိုဒ်တပိုဒ်ပါ ဒုတိယကမ္ဘာစစ်ကြီးအပြီး မြန်မာနိုင်ငံ
ပြည်တွင်းစစ်ကြီးနောက်ခံ လယ်သမားဘ၀ တစိတ်တဒေသ ဘ၀သရုပ်ဖေါ်ဝထ္ထုဖြစ်သည်။ အ
ခြားသူများလည်း ကျနော်ကဲ့သို့ ကိုဖိုးလုံး ၀ထ္ထုများကို ဖတ်ဖူးကြပေလိမ့်မည်။ ဖတ်ဖူးခဲ့ပြီး နှစ်
သက်ရာ လယ်သမားဘ၀နောက်ခံ ၀ထ္ထု နှစ်ပုဒ်ထဲမှ မှတ်မှတ်ရရ ကျနော်မှတ်မိနေသည့် တပုဒ်ဖြစ်သည့် ဆရာ မန်းတင်ဝထ္ထုထဲက စာပိုဒ် မြန်မာလယ်သမားကိုဖိုးလုံးရဲ့ ဘ၀အမြင်ပါ။

ကျနော်တို့ နိုင်ငံကား ဗိုလ်ကြီးတွေပေါလှသည် ရဲဘော်ဖြူ ရဲဘော်ဝါ အလံနီ အလံဖြူ စသည်
ဖြင့် ပြည်တွင်းစစ်မီးကြီး တောက်လောင်ခဲ့ရာ လက်နက်ကိုင်အဖွဲ့များ ပေါ်ပေါက်လာမှု့နှင့်ထပ်
တူ ဗိုလ်ကြီးများပေါ်လာခဲ့သည်။ သေနတ်ရှိရာ သေနတ်ကိုင်ရာလူကို အရပ်သူအရပ်သားများ
က ဘယ်အဖွဲ့ ညာအဖွဲ့ရယ်မသိ။ အားလုံးကြောက်ကြရသည် ဟိုဖက်ဒီဖက်အနေမတတ်လျှင်
ကြားညှပ်ပြီး အသတ်ခံရသည်လည်းမနည်း။ ထို့ကြောင့် သေနတ်ကိုင်ထားလျှင် ဗိုလ်ကြီးဟု
သာခေါ် မမှားပေ။ ဤသည်ကို ဆရာမန်းတင်က သရုပ်ဖေါ်ထားသည်။ ခုတော့ သေနတ်မ
ကိုင်သည့် ကိုင်စရာမလိုသည့် ဒုက္ခပေးနိုင်သည့် ဗိုလ်ကြီးများ ပိုမိုများပြားလာတော့သည်။

ပြည်တွင်းစစ်ကြီးနှင့်အတူပါလာသော ဆိုးကျိုးအပေါင်းပါတည်း သို့သော် ကျနော်တို့ အောက်
ခြေပြည်သူပြည်သား လယ်သမားများ နှစ်ပေါင်းခြောက်ဆယ်ဝန်းကျင် ထိုကဲ့သို့သော ဒုက္ခများ
ကလွတ်မြောက်ကြပြီလားဆိုတော့ မလွတ်မြောက်နိုင်သေး။ ခုရက်ထဲ အင်တာနက်စာမျက်နှာ
မှ သတင်းတချို့ကိုဖတ်ရသည်။ ကိုဖိုးလုံးသာရှိနေသေး၍ ထိုသတင်းတွေကိုကြားရရင် ၀မ်းပဲ
သာနေမလား မ၀ံ့မရဲနဲ့ အားလုံးအတူတူပါပဲလို့ပဲ တွေးနေမလား။ မဲမရသေးခင်တော့ ဒီလိုပေါ့
နောက်တော့လဲ ရွာကိုပေါ်မလာကြတော့ ရွာကိုလာတုန်းက စည်းရုံးရေးခရီးထွက်လာတုန်းက
ကိုဖိုးလုံးတို့က မရှိရှိတာလေး အိမ်ကကြက်ကလေးချက်ရ တောအရက်ကောင်းကောင်းလေး
လိုက်ရှာတိုက်ကြရ။ ဟော.မြို့ပေါ်ရောက်လို့ လက်ဖက်ရည်ဆိုင်ရှေ့မှာ ထိုလူကြီးလူကောင်း မဲ
ဆွယ်သမားများကိုတွေ့လို့ ကိုဖိုးလုံးတို့ကို ခေါ်မတိုက် မမှတ်မိ အလုပ်များကြသကိုး။

ခုလဲ နာရေးကူညီမှု့ကို ကူညီကြသည်တဲ့ တသက်လုံးယောင်လို့တောင် မကူကြသူတွေ ဘာ
မျှော်လင့်ချက်မှမပါပဲ ကူညီသူတွေကိုတောင် နည်းအမျိုးမျိုးနဲ့ နှောက်ယှက်သူတွေ ခုတော့ နာ
ရေးကူညီကြသတဲ့ ငွေသုံးသောင်းတောင် ကူညီသေးဆိုပဲ။ အမြဲတန်းကူညီသွားသော်ကိုဖိုးလုံး
တို့မပူပင်ရတော့ မဲရွေးပြီးတဲ့အထိဆိုရင်တော့မကောင်းလှသေး။ ဘာပဲဖြစ်ဖြစ် ခုလိုအပြိုင်အ
ဆိုင် နာရေးမှာ ကူညီသည်ဆိုတော့ ကောင်းသား တသက်လုံးပြိုင်ကြပါစေပဲ ဆုတောင်းရမည်။

သက်ကြီးရွယ်အိုများကိုလဲ ရိုသေသမှုပြုဂါရ၀ပြုကြသည်ဆိုပဲ သက်ကြီးအင်အားများ၍ အ
သက်ကို ပိုကြီးတဲ့ စာရင်းထပ်ပြုပြီးဂါဝရပြုကြသည် နို့မို့ အထက်ကချပေးသောငွေမလောက်
အသက် ၇၀ တန်းကန်တော့ရန် စာရင်ပြုစုပြီးမှာ ရ၅ နှစ်ကိုထပ်တိုးလိုက်ရသည်ဆိုပဲ။ ကောင်း
လေစွ။ ရွေးကောက်ပွဲပြီးလျှင် အသက် ၁၀၀ ကျော်များကိုသာ ကန်တော့တော့မည်။ ခုနေခါ
တော့ အတိုးနှုန်းနည်းနည်းနှင့်လဲ ငွေထုတ်ချေးသည် မျက်မှန်များကိုလဲ ဝေငှပေးသည်။ စာ
သင်ကျောင်းကိုလဲငွေလှုသည်။ ရွာဘောလုံးအသင်းတောင်ငွေလှုသည် မဲဆွယ်သူများမဆိုး သဘောထားမဆိုးလှ ကိုဖိုးလုံးတို့လဲပျော်သည်။

သို့သော် မဲထည့်ကြရတော့မည်။ မဲမထည့်သူများစာရင်းမှတ်ထားပြီးလယ်သိမ်းလျှင် ဒုက္ခ သိမ်း
သည့်နေရာတွေလဲသိမ်းလေသည်။ မဲကို ကြောက်ကြောက်နှင့်ထည့်လျှင် ဘယ်သူဘယ်ဝါကို
ထည့်ရပါ့။ ဟိုတုန်းက လေသံကျယ်ကျယ်နှင့် အစိုးရပြုတ်များကိုပဲထည့်ရမလား။ နီးရဓါး
အသင်း အဲ ပါတီကိုပဲ မဲထည့်ရမလား။ ကိုဖိုးလုံးတို့အတွက် ထူးတော့မထူး ဟိုတုန်းက ပင်နီ
တိုက်ပုံနှင့် ကချင်လုံချည်နှင့် ခမောက်အဖွဲ့အတွက် မဲလာဆွယ်တဲ့ ကောင်လေး ကောင်မလေး
များလဲ မတွေ့တော့။ ဘာပဲဖြစ်ဖြစ် ကိုဖိုးလုံးတို့အတွက်တော့မထူး။ လူညီလို့ ထချကြကြေးဆို
လျှင်တော့ အနီးကပ်ဆုံးရန်သူတွေကိုသာ ချဖို့ရှိသည်။ ကိုဖိုးလုံးတို့အတွက် အနီးကပ်ဆုံး ရန်
သူဆိုတာ ဘယ်အဖွဲ့ ညာအဖွဲ့ရယ်တော့မသိ။ ဒုက္ခပေါင်းစုံပေးတတ်သူတို့သည်သာ ကိုဖိုးလုံး
တို့ရန်သူ ကိုဖိုးလုံးတို့ ခွဲခြားတတ်သည်။ မခွဲခြားတတ်မှာမပူနှင့် သို့သော် ခုနေခါတော့ ကိုဖိုး
လုံးတို့ ပြာနေအောင်ကြောက်နေရသည်။ ကိုဖိုးလုံးတို့ကို အထင်အမြင်သေးနေသော နိုင်ငံရေး
ဝါရင့်သမ္ဘာရင့် အဝေးကြီးက အားပေးနေသူများလဲမရှား ကိုဖိုးလုံးတို့လဲ လူညီအောင်ဆု
တောင်းနေသည်။ လူညီသည့် ခေတ်အဆက်ဆက် ကိုဖိုးလုံးတို့ နောက်ကျန်မနေခဲ့။ ကိုဖိုးလုံး
တို့ ခုတော့ ပြာနေရသေးသည်။

Read more...

Friday, September 3, 2010

ဆိုကြမယ် ကကြမယ် ပြည်သူအတွက် သို့မဟုတ်

ဆိုကြမယ် ကကြမယ် ပြည်သူ့အတွက် သို့မဟုတ်

ကိုချစ်ဖေ ခုတလောတော်တော်စဉ်းစားမိနေတဲ့ အကြောင်းတခုရှိပါတယ် အဲ့ဒါကတော့ အခြား
သူတွေတော့ ဘယ်လိုတွေးမိကြမလဲ မသိပါဘူးဗျာ ဒီလိုပါ “ တကယ်လို့များ ကိုချစ်ဖေသာ မြန်မာပြည်တွင်းမှာနေထိုင်တဲ့ သူတယောက်လဲဖြစ်မယ် အနုပညာသမားတယောက်လဲ ဖြစ်
မယ်ဆို စစ်အစိုးရရဲ့ ၀ါဒဖြန့် ရုပ်ရှင်တွေ သီချင်းတွေကို စစ်အစိုးရ သဘောကျ ဆိုမှာလား ရေး
မှာလား မရေးမနေရ မဆိုမနေရ ရုပ်ရှင်ဗွီဒီယို မရိုက်မနေရ ဆိုရင်ကော ဘယ်လိုလုပ်မလဲ” လို့ပါ။

အရာရာကို စစ်တပ်က ချုပ်ကိုင်ထားပြီး သူတို့အလိုကျ လိုက်မလုပ်တဲ့သူတွေကို နည်းအမျိုး
မျိုးနဲ့ ချိန်းခြောက် ဒုက္ခပေးလေ့ရှိတာကိုတော့ အများပြည်သူအားလုံးသိသလို အနုပညာရှင်
တွေလည်းသိကြပါတယ်။ ဒီတော့ကာ ကြောက်ရွံရလို့ မိမိရဲ့ ဥစ္စာပစ္စည်းဓန နာမည်ဆုံးရှုံးမှာ စိုး
လို့ စစ်အစိုးရရဲ့အလိုကျ (ပေါ်တာဆွဲတဲ့အခါ ပါသွားသလို) ဆိုကြရ ကကြရပါတယ် လို့ ဆိုလာ
ပါတယ်။

ကိုချစ်ဖေသာ နာမည်ကြီးသရုပ်ဆောင်မင်းသားဖြစ်မယ် နာမည်ကြီးအဆိုတော်ကြီး ဖြစ်မယ်
ဆိုရင်ကော ဆိုမလား ကမလား မဆိုရင် ဒုက္ခတွေ့တော့မယ် အဲ့ဒီတော့ ဘယ်လိုလုပ်မလဲ ကိုယ်က နာမည်ကြီးသရုပ်ဆောင် နာမည်ကြီးအဆိုတော် တေးရေးဆရာမဖြစ်လို့ “စစ်အာဏာ
ရှင်တွေကိုတော့ ဆန့်ကို ဆန့်ကျင်ရမှာပဲဗျာ” လို့ ပြောတယ်လို့ လဲ အထင်မရောက်ကြပါနဲ့။ ကို
ချစ်ဖေသာဆို ဘယ်လိုရပ်တည်မလဲ ဆိုရမလား ရိုက်ရမလား ရေးပေးရမလား တီးမှုတ်ပေးရမ
လား မပေးရင် ရပ်ကွက်ထဲအထိဆင်း ဒုက္ခပေးနေတဲ့ ထောက်လှမ်းရေး အမျိုးမျိုးရဲ့ ဒုက္ခပေး
ခြင်းကို ခံရမလား တွေးမိနေတာပါ။

ဒီလိုဗျာ ဟိုအရင်ကျနော်တို့ မမှီလိုက်ပေမဲ့ သမိုင်းကြောင်းအရ အထင်အရှားရှိနေတဲ့ အဖြစ်အ
ပျက်တွေထဲက ကိုလိုနီခေတ်မှာ နေမ၀င်အင်ပါယာပိုင်ရှင် အုပ်ချုပ်သူတွေကို သရော်တဲ့စာ မိမိ
အမျိုးသားတွေရဲ့ ဇာတိမာန် တက်ကြွစေတဲ့ သီချင်းတွေကို ရေးခဲ့တဲ့သူတွေ ဆိုခဲ့ ကခဲ့တဲ့သူ
တွေ ကိုကော အင်္ဂလိပ်အစိုးရမင်းများနဲ့ အလိုတော်ရိတွေက ကြိုက်ပါ့မလား။ ကြိုက်ကြိုက်မ
ကြိုက်ကြိုက် အနုပညာရှင်တွေအနေနဲ့ စဉ်းစားကြည့်စေချင်တာကတော့ ဒို့ဗမာသီချင်း န
ဂါးနီသီချင်း မီးဒုတ် သီချင်း အစရှိတဲ့ ကိုချစ်ဖေမသိတဲ့ သီချင်းတွေရောဟာ ခုလွတ်လပ်ရေးရ
ပြီး နှစ်ပေါင်း (၆၀) ကျော်အထိ မူလရည်ရွယ်ချက် အမျိုးဂုဏ်ဇာတိဂုဏ်ကို ထင်ဟပ်တက်ကြွ
စေနိုင်တုန်းပါ ကိုလိုနီနယ်ချဲ့ အစိုးရအလိုတော်ကျ ပေါ်လစီသီချင်းတွေ ဂျော့ဘုရင်မင်းမြတ်ရဲ့ ဘုန်းတော်ဖွဲ့သီချင်းတွေကတော့ ကြားတောင်မကြားဖူးတော့ပါဘူး ဘယ်သူတွေရေးလို့ ဘယ်
သူတွေဆိုခဲ့တယ်ဆိုတာလဲ မသိကြတော့ပါဘူး။ တကယ်လွတ်လပ်ရေးရပြီးခေတ်မှာကော မ
ရှက်မကြောက်ပြောရဲ ရေးရဲပါ့မလား ဆိုရဲပါ့မလား အဲ့ဒီတုန်းက ငါက ငါ့အဖေက ငါ့အဖိုးက အဲ့ဒီပေါ်လစီသီချင်းတွေ ဘုန်းတော်ဘွဲ့သီချင်းတွေရေးခဲ့သူ ဆိုခဲ့သူပါရယ်လို့ ကြေငြာရဲပါ့မ
လား။


အဲ့ဒီတုန်းကတော့ နယ်ချဲ့အစိုးရဆိုပေမဲ့ ခုစစ်အစိုးရလောက်ဖိနှိပ်မှု့မရှိလို့ သီဆိုခဲ့ကြတာ ထင်
ရှားပြီး တမျိုးသားလုံးအသဲစွဲ ဖြစ်ခဲ့ရတာလို့ပြောရင်လဲ ပြောပါ။ ကိုချစ်ဖေထင်တာတော့ စစ်အ
စိုးရရဲ့ ပေါ်လစီကားကို မရိုက်မနေရဆိုရင်လဲ မရိုက်ဘူးကွာ ဘာဖြစ်ဖြစ်ဆိုတဲ့ သဘောထားမျိုး
မထားနိုင်တာကြောင့်၇ယ် ဆိုလိုက်ရေးလိုက်လဲ ပြီးတာပါပဲကွာ ကိုယ်ကနိုင်တာမှမဟုတ်
တာ နမ်းတစေ့နဲ့ ဆီမဖြစ်ပါဘူး အများမိုးခါးရေသောက် ကိုယ်လဲသောက်လိုက်ပေါ့ ကိုယ့်ဒုက္ခ
မပေးရင် ကိုယ့်မိသားစု ဒုက္ခမပေးရင်တော်ပီ ဆိုတဲ့သူတွေက အများစုဖြစ်နေလို့ထင်ပါတယ် အဲ့ဒီသူတွေကို ဦးဆောင်တာကတော့ တက်လာတဲ့အစိုးရ ဒို့အစိုးရ တက်တက်ကြွကြွနဲ့ကို
လုပ်မယ်ဆိုတဲ့ အခွင့်အရေးရှေ့တန်းတင် အနုပညာသမားတွေက ဦးဆောင်ပါဝင်တာပါ။

ဒီတော့ကာ ကိုယ်ကိုယ်တိုင်က စစ်အစိုးရဆိုတာ မတရားတဲ့အစိုးရ နိုင်ထက်စီးနင်းအစိုးရ ပြည်သူလူထုကြီးကို ဆင်းရဲတွင်းထဲ ဆွဲချတဲ့အစိုးရ ဘယ်သူသေသေ ငရွှေမာရင်ပြီးရောအစိုး
ရ ဒီအစိုးရကို နမ်းတစေ့နဲ့ဆီမဖြစ်သော်လဲ နမ်းဆိုတာ ဆီဖြစ်တတ်တဲ့အမျိုး မတရာမှု့မမျှတမှု့
ကို ငါ့အခွင့်အရေးဆုံးပါစေ ဆန့်ကျင်သွားမယ် ဆိုတဲ့စိတ်ဓါတ်မျိုး မထားနိုင်ရင်တောင်မှ မီး
လောင်ရာလေမပင့်ဘူး အဆိပ်ပင်ရေမလောင်းဘူးဆိုတဲ့ သဘောထားမျိုးထားနိုင်ရင် ရှောင်လို့
ရမယ်ထင်ပါတယ်။ ပါးပါးနပ်နပ်ရှောင်တဲ့သူတွေလဲရှိတာပါပဲ။

နောက်ဆုံးကိုယ့်အနုပညာကို အနိုင်ကျင့်ပြီး မီဒီယာတွေကနေပိတ်ပင်ထားရင်တောင် အခြား
သော ရရာနည်းလမ်းတွေနဲ့ ဖေါ်ထုတ်နိုင်တာပါပဲ ကိုဇာဂနာတို့ ကိုကျော်သူတို့လို စစ်အစိုး
ကြိုက်ကြိုက်မကြိုက်ကြိုက် ကိုယ်လုပ်နိုင်တဲ့ဘောင်ထဲကနေ ရသလောက် မိမိရပ်တည်ချက်
အတိုင်း လုပ်သွားရင်ကော မရဘူးလားဗျာ။

သြ ..ကိုချစ်ဖေတို့က ကျည်ကွယ်မျက်ကွယ်ကနေပြီး အဝေးကနေပြီး လက်သီးလက်မောင်း
တန်းနေတယ်လဲ ထင်ခံရပါဦးမယ် ကိုချစ်ဖေလဲ မြန်မာ့အမျိုးသား မြန်မာနိုင်ငံသား မတရား
မှု့ကို နည်းနည်းမှ မကြိုက်သူမို့ စစ်အစိုးရကို အားပေးကူညီသူတွေကိုလည်း မကြိုက်ပါ။ မ
ကြိုက်တဲ့အတွက် ကိုယ့်နည်းနဲ့ကိုယ် ဆန့်ကျင်ပါတယ် စစ်အစိုးရ ဘက်တော်သားတွေလို့ ယူဆရတဲ့ အနုပညာရှင်တွေကို အားမပေးပါဘူး သူတို့သီချင်းဘယ်လောက်ကြိုက်ကြိုက် နား
မထောင်ချင်တော့ပါဘူး။ ဒါကိုချစ်ဖေတို့ ပရိတ်သတ်အခွင့်အရေးပါ။

ကိုချစ်ဖေတို့ ငယ်ငယ်က အသည်းစွဲ တိုင်းရင်းသားအဆိုတော်တယောက်ဆို ကိုချစ်ဖေ စိတ်
ထဲ မတွေ့တာနဲ့ သူ့ သီချင်းကောင်းလေးတွေတောင် နားမထောင်ချင်တော့ပါဘူး ဟိုတုန်းက
တော့ တော်တော်ကြီးကို လေးစားမိ သဘောကျမိတဲ့သူပါ။ သူရပ်တည်ချက်ပြောင်းသွားတာ
ကို ကြည့်ပြီးစိတ်ပျက်သွားမိလို့ပါ။ အဲ့ဒီနည်းနဲ့ ဆန့်ကျင်ပါတယ် ဒါပရိသတ်တယောက်ရဲ့ အခွင့်
အရေးပါ ကိုယ်နဲ့ မဆိုင်ဘူးရယ်လို့ မခံယူပါဘူး။

ပုဂ္ဂိုလ်ရေး အညိုးအတေး အာဃာတရယ်တော့ မရှိပါဘူး သို့သော်လဲ သူ့ကိုအားပေးမှု့ကို
လျှော့ချခြင်းဖြင့် စစ်အစိုးရကို ဆန့်ကျင်ရမယ်လို့ထင်ပါတယ်။ စစ်အစိုးရရဲ့ ပေါ်လစီကားတွေ
သီချင်းတွေကို ကြောက်လို့ပဲဖြစ်ဖြစ် အတင်းခေါ်လို့ပဲဖြစ်ဖြစ် သီဆိုရတယ်ဆိုလဲ သီဆိုပါ။ သူ့
အနုပညာကို အသုံးချပြီး စစ်အစိုးရအတွက်လုပ်ပေးတယ် အထောက်အကူပြုတယ်ဆိုရင် ကို
ချစ်ဖေတို့ကလဲ သူ့အနုပညာအားလုံးကို အားမပေးရုံပါပဲ အားပေးဖို့ ရှေ့ဆောင်ရှေ့ရွက်လုပ်သူ
တွေကိုလဲ ဆန့်ကျင်ရုံပါပဲ။ ပြည်သူတွေဖက်က အမြဲရပ်တည်ပြီး အနုပညာဖန်တီးသူတွေကို
တော့ အမြဲအားပေးရမှာပေါ့ဗျာ။( ဒီကြားထဲ ဗိုလ်ချုပ်မှုးကြီးက သီချင်းရေးဆိုပဲ)

ရုပ်ရှင်သရုပ်ဆောင် နေတိုးတို့ မင်းမော်ကွန်းတို့ ထွန်းထွန်းတို့ ဆိုလဲပုဂ္ဂိုလ်ရေးအရ မုန်းတီးစ
ရာမရှိပါဘူး ၀ိုင်းစုခိုင်သိန်းတို့ ရဲလေးတို့ဆိုလဲ မုန်းတဲ့စိတ်မဖြစ်မိပါဘူး ဒါပေမဲ့လဲ သူတို့ရဲ့ အနု
ပညာစွမ်းပကားနဲ့ စစ်အစိုးရကို ထောက်ပံ့ခဲ့မှု့ကိုတော့ ဆန့်ကျင်ရမယ်လို့ တွေးမိနေတယ်ဗျာ။
လူသားချင်းအနေနဲ့တော့ နားလည်စာနာနိုင်ပါတယ် သူတို့ရဲ့ အခက်အခဲကို သို့သော်လဲ တနိုင်
တပိုင်ဆန္ဒပြမှုပဲဖြစ်ဖြစ် တယောက်ထဲ ဆန္ဒပြမှုပဲဖြစ်ဖြစ် ဆန့်ကျင်ကြောင်း အလိုမရှိကြောင်း
တော့ မိမိတို့ရဲ့ လွတ်လပ်မှု့ကို အသုံးချပြီး ဆန့်ကျင်ရမှာပါပဲ။(ဆန့်သာ ဆန့်ကျင်ရတယ် ၀ိုင်းစု
ခိုင်သိမ်း လေးကိုတော့ အားအနာဆုံးပါပဲ) သူတို့ကို ပုဂ္ဂိုလ်ရေးလုံးဝ မုန်းတီးမှု့မရှိပဲ
သူတို့ရဲ့ အနုပညာအားလုံးကိုတော့ ပြန်ဆန့်ကျင်သင့်တယ်လို့ ထင်နေတွေးမိနေပါတယ်။

ကိုချစ်ဖေ စိတ်ကြီးနေတာလဲ ဖြစ်ရင်ဖြစ်မှာပေါ့ဗျာ။

Read more...

Saturday, July 24, 2010

ပြန်ပေး

ပြန်ပေး

ဘာမှမဟုတ်ပါဘူး.
၂၀၁၀
ရွေးကောက်ပွဲ
ရွေးကောက်ပွဲနဲ့
မုဆိုးရာသီ
တိမ်တောက်ချိန်မှ
လှတဲ့ အကျဉ်းတန်မပါ။

တဆောင်းဝင် တဆောင်းထွက်
ခေတ်အဆက်ဆက်
နိုင်ငံရေးမှာ
လင်ကောင်မပေါ်ပဲ
သားလျှောမွေးတဲ့ကောင်မ
ခု..
ဒီမိုကရေစီပြုံး ပြုံးတယ်
အရပ်တကာလည် ကြာပစ်တယ်
အမြီးမကျက်ခင် အမြီးစားတယ်
သရေပေါ်အိပ် သရေနားစားတယ်
မုဆိုးနားမနီးပဲ တောလည်ထွက်တယ်
မသူတော်ချင်းချင်း သတင်းမွေ့တယ်
အဲ့ဒီအရပ်ပျက်မ
အဲ့ဒီစစ်အစိုးရ
အယုတ်တမာမ.
ခေတ်ပျက် သူဌေးမ

အပျိုရည်ပျက်သွားတဲ့ ငါတို့ရဲ့တောင်ယာခင်းလေးပြန်ပေး
ကလေးစစ်သားလေးရဲ့ ပြတ်သွားတဲ့ ခြေတဖက်ပြန်ပေး
မိသားစုအတူ ညစာစားခွင့်တွေကို ပြန်ပေး
တက္ကသိုလ်ကျောင်းက ငွေလမင်းကို ပြန်ပေး
နိုင်ငံရေးအကျဉ်းသားလေးရဲ့ အမေကိုပြန်ပေး
နွမ်းလျအိမ်ပြန်လမ်းတွေကိုပြန်ပေး
ရွှေ့ပြောင်းအလုပ်သမ ဖြစ်သွားတဲ့
မူလတန်းဆရာမလေးကိုပြန်ပေး
မီးတောက်အရက်တလုံးနဲ့ ကောက်သစ်စားပွဲတွေကိုပြန်ပေး

ပြန်မပေးမှု့များအားလုံးကို ပြန်ပေးပါ.
ခင်ဗျားလုယူသွားတဲ့
လောကပါလနတ်မင်းကြီးကိုလဲပြန်ပေးပါ

ဒါဟာ
တိုင်းပြည်ကြီးတပြည်လုံးလုံးနာဖျားတာ
ခြေသလုံးအိမ်တိုင်သမားတယောက်
အဆုပ်အအေးမိတာမဟုတ်လို့.
ပြန်ပေးပါ.

ပြန်မရနိုင်တဲ့ ညနေခင်းတွေထဲ
ခင်ဗျားခင်းတဲ့ ဇာတ်က နာလွန်းတယ်
၂၀၁၀
ရွေးကောက်ပွဲတွေအစား

ပြန်ပေးပါ..

မိုးစဲနေ..

Read more...

Monday, June 14, 2010

သဘောကျမိတဲ့ ကာတွန်းအတွေး

သဘောကျမိတဲ့ ကာတွန်းအတွေး

ကိုချစ်ဖေ မနက်စောစောသတင်းဖတ်လိုက်ရတာ တော်တော်ပဲမင်္ဂလာရှိပါတယ် အမြဲတမ်းပဲ
မီးမလာ မီးမလာလို့ ရေပြတ် မီးမလာလို့မီးစက်မောင်း အသံဆူ လေထုညစ်ညမ်း မီးပွိုင့်များလဲ
မီးမလာ မီးလာခဲ့တယ်ဆိုတာကိုက အထူးအဆန်းသတင်းရယ် ဖြစ်နေခဲ့တာလဲကြာပါပြီ ဗိုလ်
သန်းရွှေတို့ရဲ့ ကြပ်ပြေးနေပြည်တော်ကြီးမှာတော့ မီးတွေတထိန်ထိန်ဖြစ်လို့ဆိုပဲ မြန်မာပြည်
သူတွေအတွက် မီးဒုက္ခရေဒုက္ခနဲ့ နောက်ဆက်တွဲဒုက္ခတွေကို သတင်းထဲမှာ ဖတ်နေခဲ့ရတာ
လဲကြာပါပြီ။

ကိုယ်ကိုတိုင် မီး၂၄ နာရီမပြတ်တဲ့အရပ်မှာနေရပေမဲ့ မီးပြတ်တဲ့ ပြည်သူတွေ မီးကိုမရနိုင်တဲ့
ပြည်သူတွေအတွက် စားဝတ်နေရေးအခက်အခဲတွေကြားထဲက ဆင့်ပိုးတဲ့ဒုက္ခအဖြစ် အမြဲပဲ
စိတ်မကောင်းဖြစ်ရပါတယ်။ ဘာမှလဲမတတ်နိုင်တဲ့အခြေအနေမျိုးပါ။ အားလုံးကတော့မီး
ပြတ်တာကိုပဲ ဓလေ့ထုံးတမ်းစဉ်လာလိုလဲဖြစ်လို့ပေါ့ဗျာ။

ဒီနေ့တော့ သတင်းဝက်ဆိုဒ်တခုဖြစ်တဲ့ ခေတ်ပြိုင်ဝက်ဆိုဒ်ကိုဖတ်လိုက်ရတဲ့အခါ ရန်ကုန်မြို့
ကြီးမှာ မီးမလာ လာပြန်တော့လဲ နာရီပိုင်းဖြစ်နေရတဲ့အခြေအနေမှာ မီးတွေ ၁၂ နာရီလောက်
လာနေတာကို ဖတ်ရတော့ တော်တော်ပဲစိတ်ချမ်းသာပါတယ်။ ကိုရီးယားကားကြိုက်တဲ့အမေ
တော့တော်တော်ဝမ်းသာတော့မှာပဲလဲတွေးမိပါတယ်။ အခြားသော မီးကြောင့်ဖြစ်ရတဲ့ ဒုက္ခသု
က္ခတွေလဲ နည်းသွားတော့မှာမို့ အမြဲတမ်းမီးမှန်ပါစေ ရေလာပါစေလို့ ဆုတောင်းနေမိရင်း ကို
ချစ်ဖေ ၀မ်းသာနေမိပါတယ်။

အဲ့ဒီလိုမီးလာနေတာကို ၀မ်းသာမိနေတုန်း ဗြုံးဆို ကိုချစ်ဖေသဘောကျခဲ့တဲ့ ဆရာအော်ပီ
ကျယ်ရဲ့ ကာတွန်းလေးကို သွားပြေးသတိရမိတယ် အော်..ငါလဲအဲ့ဒီလိုဖြစ်နေပါလား တို့မြန်
မာပြည်သူပြည်သားတွေဆိုလဲ အဲ့ဒီလိုပဲ ဖြစ်ကြမှာ လို့ တွေးမိပါတယ်။ တော်တော်များများလဲ
အဲ့ဒီကာတွန်းလေးကို သိကြမှာပါ။ ဒီနေရာမှာ ကိုချစ်ဖေထံမှာလဲ မိတ္တူ ကာတွန်းကွက်လေးက
မရှိ ပြန်လဲမဆွဲပြတတ်လို့ ရေးပဲပြရတော့မှာ။

ကာတွန်းက လူတယောက်က ကျောက်တုံး(သို့) အထုတ်တထုတ်ကို ပင်ပင်ပမ်းပမ်း ထမ်းလာ
တဲ့ပုံဗျာ “လေးလိုက်တာ လေးလိုက်တာ” လို့လဲ ညီးညူနေသေးတယ် အဲ့ဒီလူရဲ့ကျေက်တုံးပေါ်
ကိုနောက်လူတယောက်က နောက်ထပ် ကျောက်တုံး တခုကို တင်ပေးလိုက်တယ်။ အဲ့ဒီအခါ အဲ့ဒီလူက “ဟာ..ပိုလေးသွားပြီ ပိုလေးသွားပြီ” လို့ အော်နေတယ် ပိုပင်ပမ်းသွားတဲ့ပုံကိုလဲ ဆွဲ
ထားတယ်ပေါ့ နောက် တပုံမှာတော့ ထပ်တင်ထားတဲ့ ကျောက်တုံးကို ပြန်ချပေးလိုက်တဲ့အခါ
ကျမှ “အင်း..ခုမှပဲပေါ့သွားတော့တယ်” တဲ့ ကျောက်တုံးကတော့ အစတုန်းထဲက ပင်ပင်ပမ်း
ပမ်း ထမ်းလာတဲ့ကျောက်တုံးကို ထမ်းထားတုန်းပါပဲ။

ကိုချစ်ဖေတို့ မြန်မာပြည်သူပြည်သားတွေလဲ အခက်အခဲမျိုးစုံကြားက ခုလို မီးလေးပြန်လာ
တာကိုပဲ တော်တော်ကြီးကို အဆင်ပြေသွား ၀မ်းသာသွားကြ ကျေးဇူးတင်သွားကြနေမှာပါ ကျ
နော်တို့လူမျိုးကလဲ သူများတွေလို ပါးစပ်ကလေးနဲ့ပဲ ကျေးဇူးတင်တတ်တဲ့လူမျိုးမဟုတ်တော့ တကယ့်ကိုပဲကျေးဇူးတင်မိကြမှာပါ သြ..ဒီလောက်သဘောကောင်းတဲ့ အကောင်းမြင်တတ်တဲ့
ကူညီရိုင်းပင်းချင်ကြတဲ့ တို့ မြန်မာလူမျိုးတိုင်းရင်းသားအားလုံးကိုမှ ဘာဝဋ်ကြွေးကြောင့် လူသ
ဘာဝ ရှက်ရမဲ့ အရာတွေမရှက် ကြောက်ရမဲ့အရာတွေကို မကြောက်တဲ့ လူနည်းစု လူတစုက ထင်သလို ချယ်လှယ်ခွင့်ရနေရပါလိမ့် လို့လဲ စိတ်မကောင်းဖြစ်နေမိပါတယ်။

ဘာပဲဖြစ်ဖြစ် မြန်မာပြည်သူတွေဆိုတာ ခံနိုင်ရည်ရှိတယ် အခက်အခဲကြားထဲက ရုန်းကန်ရှင်
သန်တတ်ပါပေတကား လို့လဲ တွေးနေမိပါတယ်။

Read more...

Thursday, June 3, 2010

သရေလုံးပွဲ

သရေလုံးပွဲ

ညီလေး ကိုအောင်(ပျူနိုင်ငံ)က ကမ္ဘာ့ဖလားဘောလုံးပွဲနဲ့ပတ်သက်ပြီး ဘောလုံးစကားဝိုင်းထဲ
ခေါ်လာပါတယ် တကယ်တော့ ကိုအောင်က ကိုချစ်ဖေကို ကမ္ဘာ့ဖလားပွဲနဲ့ ပတ်သက်ပြီး ဒီနှစ်
မှာ ဘယ်နိုင်ငံ ဘယ်အသင်းကနေ ဗိုလ်စွဲမယ် ကန်ကြတဲ့အခါ ဘယ်အသင်းနဲ့ ဘယ်အသင်း
ဖက်ကဘယ်သူတွေပါတယ် ဒါ့ကြောင့် ဘယ်လိုအားသာတယ် ဘယ်လိုအားနည်းတယ် ဘာ
ညာပြောကြဖို့ ၀ိုင်းစကားပြောဖို့စလိုက်တာပါပဲ။

ကိုချစ်ဖေကို ဘောလုံးစကားဝိုင်းထဲခေါ်လိုက်တော့ ၀မ်းသာပါတယ်ညီလေးကိုအောင် တ
ကယ်ဆို အပြင်မှာ ဟိုစပ်စပ် ဒီစပ်စပ် နိုင်ငံရေးလိုလို ရပ်ရေးရွာရေးလိုလို ဟိုလိုလိုဒီလိုလိုနဲ့
တိတိကျကျမသိသော်လဲ ကိုချစ်ဖေစိတ်ဝင်စားရာကိုတော့ မှတ်မှတ်ထားပြီး ကလေးတွေဝိုင်း
မှာဆို အသံအော်ကျယ်အော်ကျယ်နဲ့ ကိုချစ်ဖေ တတ်သမျှမှတ်သမျှ ၀င်ဝင်ပြီးပြောနေကျ နိုင်
ငံရေးရာနဲ့ပတ်သက်လို့ အစ္စရေးနဲ့ ပါလက်စတိုင်းအရေးဆို အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဆီးရီး
ယားတို့ အီတလီတို့ တောင်အာဖရိကတို့ အီဂျစ်တို့ကလဲ ပါလက်စတိုင်းဘက်ကရှိတယ်လို့
ရောချတာမျိုးပေါ့ဗျာ။ နည်းပညာနဲ့ပတ်သက်ရင်လဲ ဂြိုလ်တုကနေ ရွာထဲက ဒိုးထိုးတာကို လှမ်း
ကြည့်ရင်တောင်မြင်ရတယ် အကုန်မဟုတ်တရုပ်တော့မလုပ်ကြနဲ့ ရွာနောက်ဖက်မှာ တောတိုး
တာ ကြည့်တိုးကြသင့်တယ် ဘာညာပေါ့ဗျာ။

ကျမ်းမာရေးနဲ့ပတ်သက်ရင်လဲ ငရုတ်သီထောင်းရင်း မျက်စေ့ထဲ ငရုတ်သီးဝင်ရင်ခြေမကို ရေ
လောင်းရင် မပျောက်သလော ငါးရိုးစူးရင် ရေတခွက်ကို ဥုံ ၃၇ ခါ ရွတ်ပြီး ဖနောင့်ဆောက်ပြီး
တိုက်ရင်မပျောက်သလော ဆိုတာမျိုးပေါ့ဗျာ။ အသံကျယ်ကျယ် အငြင်းသန်သန်နဲ့ဆိုတော့
တော်ရုံလူလဲ ကိုချစ်ဖေကို ပြိုင်မငြင်းပါဘူး။ ဒါလဲအခွင့်ကောင်းတခုဖြစ်နေတာပေါ့။ ဒါပေမဲ့ ကို
ချစ်ဖေရှေ့မှာ ဘောလုံးနဲ့ပတ်သက်ပြီးလာပြောဝိုင်းဖွဲ့ကြရင်တော့ ကိုချစ်ဖေလဲ မျက်စေ့သူငယ်
နားသူငယ်နဲ့ ဖြစ်နေရောဗျ ဘောလုံးဆို ကိုချစ်ဖေစိတ်ထဲမှာ သရေလုံးလေးတလုံးကို ဟိုဖက်
ကန်လိုက် ဒီဖက်ကန်လိုက် လူတွေက လိုက်လုလိုက် နဲ့ ကြည့်ရတာအရသာကို မပါတာဗျာ ဘောလုံးဝါသနာအိုးတွေနဲ့ တွေ့ရင် အသာလေးငြိမ်နေရတယ် ကိုချစ်ဖေက စိတ်မပါတဲ့အ
ကြောင်းကို ၀င်ပြောလို့မိတ်ပျက်တာတွေလဲ မနည်းပေါ့ဗျာ။

တကယ်ပါ တခါတုန်းက တွတ်ပီကာတွန်းထဲမှာ ပါတဲ့ဟာသလိုပါပဲ ဘောလုံးလေးတလုံးကို လိုက်လုမကန်ကြပဲ တယောက်တလုံးစီကန်နိုင်အောင် လုပ်ပေးသွားပါမယ် ဆိုတဲ့ဟာသလို
ပါပဲ ကိုချစ်ဖေစိတ်ထဲမှာ အဲ့လိုပဲဖြစ်ဖြစ်နေတယ် ဒေးဘစ်ဘက်ခမ်း နာမည်ကြီးတော့ နာမည်
သာမှတ်မိတာ ဘယ်အသင်းက ဘယ်နိုင်ငံကမှန်းမသိ ရုပ်ပုံမြင်တော့လဲ မမှတ်မိ။ အခြားနာ
မည်ကြီးတွေဆိုလဲ ဒီလိုပါပဲဗျာ။ တခါတခါတော့အထီးကျန်သား တကယ်ပဲ ယောက်ကျားလေး
အများစု အမျိုးသားအများစုက စိတ်ဝင်တစားနဲ့ ကိုယ်တိုင်မကန်ရင်တောင် ဘောလုံးပွဲသွား
ကြည့်ကြ အားပေးကြရှိကြတာမဟုတ်လား။

လူပြောသူပြောတွေသိပ်များတော့ ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလားပွဲ နောက်ဆုံးဖိုင်နယ်လ်ပွဲနေ့ပေါ့
ကိုချစ်ဖေတို့ရွာမှာက ခုလို ဂြိုလ်တုစလောင်းတွေဘာတွေက မရှိသေးတော့ ဂြိုလ်တုစလောင်း
ရှိတဲ့ ဈေးမြို့လေးကို စက်လှေနဲ့အပြည့် တစီးပြီးတစီးသွားသွားကြည့်ကြတာဗျာ။ ကိုချစ်ဖေလဲ
စဉ်းစားပါတယ် ဒီလောက်တရွာလုံးက ယောက်ကျားတွေနဲ့ မိန်းမတချို့တောင်အားပေးကြ
ကြည့်ကြသေးတာ ငါလဲသွားကြည့်ဦးမယ်ဆိုပြီး စက်လှေနဲ့တက်လိုက်သွားတာပေါ့ဗျာ သွားပြီ
ဆိုထဲက ဘယ် အေးအေးလူလူသွားကြမလဲ လူတိုင်းနီးပါး တောအရက်လေးရေသန့်ဘူးထဲ
ထည့်လာကြပြီး အာစွတ်ရုံသောက်သောက်နေတာလေ ဘောလုံးပွဲပြတဲ့ဗွီဒီယိုရုံလေးထဲဝင်
တော့ နေရာမရတော့ဘူး အခြားရုံတွေလဲပြည့်နေပြီဆိုတော့ တိုးတိုးခွေ့ခွေ့ပဲ ကြည့်ရတော့တာ
ပေါ့။

လူက သာမာန်ချိန်ထက်များတော့ ဗွီဒီယိုရုံလေးထဲလှောင်ပိတ်နေတာပေါ့ဗျာဘောလုံးပွဲစတဲ့အ
ထိတော့ သည်းခံပြီးကြည့်ပါသေးတယ် နောက်တော့လဲ ဘောလုံးလေးတလုံး ကိုဝိုင်းလုနေကြ
တာပဲ ကိုယ်အားပေးတဲ့ဘက်က ရသွားရင် ၀မ်းသာလိုက် မရရင်ဝိုင်းဆဲလိုက် အားမလိုအားမရ
ဖြစ်လိုက် အံ့အားသင့်သွားလိုက် ဒိုင်လူကြီးကိုဆဲလိုက်နဲ့ လူတွေအားလုံးက ရသအပြည့်နဲ့
ကြည့်ကြတာဗျ။ ကိုချစ်ဖေစိတ်ထဲမှာတော့ အဲ့ဒီလို သရေလုံးလေးကို လိုက်လုနေတာကိုပဲ မ
ကြိုက်တာဆိုတော့ ရုံကလဲအိုက်နေတော့ ပွဲစပြီး ၁၅ မီးနစ်ထက်ကို ပို မကြည့်နိုင်တော့ပါဘူး
ဗျာ။ ကိုချစ်ဖေလဲ ဗွီဒီယိုရုံထဲကနေထွက်လာခဲ့ရော တကယ်။

ကိုယ်ထိုင်နေကျ လက်ဖက်ရည်ဆိုင်လေးသွားထိုင်တော့လဲ အဖျော်ဆရာတောင် ဘောလုံးပွဲ
သွားကြည့်နေလို့ စားပွဲထိုးကောင်လေးကပဲ ကိုချစ်ဖေကိုဖျော်ပေးရသေး ပွဲမပြီးမချင်းထိုင်
စောင့်နေရတော့တာပေါ့ဗျာ။ စောင့်ပါတယ်ဆိုမှ ဘောလုံးပွဲကလဲ မပြီးနိုင်ဘူးဗျာ ကြာနေလိုက်
တာ။ ပြီးသွားလို့ပြန်လာကြတော့ မြို့က အရက်ဆိုင်လေးထဲ ဆက်ဝိုင်းကြ သောက်ကြ ဟိုအ
သင်း ဒီအသင်း ဟိုအသင်းက တကယ်ဆို နိုင်မှာ ဟိုအသင်းအချောင်နိုင်သွားတာ ဘာညာ
ဆက်ပြောကြတာပေါ့ဗျာ အဲ့ဒီလိုနေ့မျိုးဆို ကိုချစ်ဖေ ဘောသမားတွေကြားထဲမှာ ကလေး
လေးလိုဖြစ်နေတာပေါ့ဗျာ။ မေးရအောင် မေးခွန်းတောင်မထုတ်တတ် မေးမိပြန်ရင်လဲ ဒါလေး
တောင်မသိဘူးလား လို့ အားလုံးကပြောဦးမယ် ဟိုတုန်းက အငြင်းသန်သန်နဲ့ ငြင်းခဲ့တာတွေ
ကို အဲ့ဒီအချိန်မှာ ဂလဲ့စားဝိုင်းချေကြဦးမှာမို့ ငြိမ်ငြိမ်လေးထိုင်နေရတာပေါ့ဗျာ။

ကိုအောင်(ပျူနိုင်ငံ) က တော့ ကိုချစ်ဖေကြီးလဲ ဘောလုံးဝါသနာအိုးကြီးလားဆိုပြီး ဘောလုံး
စကားဝိုင်းထဲကို ခေါ်တာပါပဲ တကယ်တော့ ကိုချစ်ဖေက အားကစားဆို ကျားတိုးတာကလွဲလို့
ဘာမှ မကစားတတ်ပါဘူးဗျာ အခြားသူတွေ ဘောလုံးပွဲအကြောင်းပြောတာကိုပဲ မျက်စေ့သူ
ငယ်နဲ့ နားထောင်ရတာပေါ့ဗျာ။

Read more...

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP