Saturday, July 24, 2010

ပြန်ပေး

ပြန်ပေး

ဘာမှမဟုတ်ပါဘူး.
၂၀၁၀
ရွေးကောက်ပွဲ
ရွေးကောက်ပွဲနဲ့
မုဆိုးရာသီ
တိမ်တောက်ချိန်မှ
လှတဲ့ အကျဉ်းတန်မပါ။

တဆောင်းဝင် တဆောင်းထွက်
ခေတ်အဆက်ဆက်
နိုင်ငံရေးမှာ
လင်ကောင်မပေါ်ပဲ
သားလျှောမွေးတဲ့ကောင်မ
ခု..
ဒီမိုကရေစီပြုံး ပြုံးတယ်
အရပ်တကာလည် ကြာပစ်တယ်
အမြီးမကျက်ခင် အမြီးစားတယ်
သရေပေါ်အိပ် သရေနားစားတယ်
မုဆိုးနားမနီးပဲ တောလည်ထွက်တယ်
မသူတော်ချင်းချင်း သတင်းမွေ့တယ်
အဲ့ဒီအရပ်ပျက်မ
အဲ့ဒီစစ်အစိုးရ
အယုတ်တမာမ.
ခေတ်ပျက် သူဌေးမ

အပျိုရည်ပျက်သွားတဲ့ ငါတို့ရဲ့တောင်ယာခင်းလေးပြန်ပေး
ကလေးစစ်သားလေးရဲ့ ပြတ်သွားတဲ့ ခြေတဖက်ပြန်ပေး
မိသားစုအတူ ညစာစားခွင့်တွေကို ပြန်ပေး
တက္ကသိုလ်ကျောင်းက ငွေလမင်းကို ပြန်ပေး
နိုင်ငံရေးအကျဉ်းသားလေးရဲ့ အမေကိုပြန်ပေး
နွမ်းလျအိမ်ပြန်လမ်းတွေကိုပြန်ပေး
ရွှေ့ပြောင်းအလုပ်သမ ဖြစ်သွားတဲ့
မူလတန်းဆရာမလေးကိုပြန်ပေး
မီးတောက်အရက်တလုံးနဲ့ ကောက်သစ်စားပွဲတွေကိုပြန်ပေး

ပြန်မပေးမှု့များအားလုံးကို ပြန်ပေးပါ.
ခင်ဗျားလုယူသွားတဲ့
လောကပါလနတ်မင်းကြီးကိုလဲပြန်ပေးပါ

ဒါဟာ
တိုင်းပြည်ကြီးတပြည်လုံးလုံးနာဖျားတာ
ခြေသလုံးအိမ်တိုင်သမားတယောက်
အဆုပ်အအေးမိတာမဟုတ်လို့.
ပြန်ပေးပါ.

ပြန်မရနိုင်တဲ့ ညနေခင်းတွေထဲ
ခင်ဗျားခင်းတဲ့ ဇာတ်က နာလွန်းတယ်
၂၀၁၀
ရွေးကောက်ပွဲတွေအစား

ပြန်ပေးပါ..

မိုးစဲနေ..

6 comments:

Nge Naing July 24, 2010 at 3:59 PM  

ကိုချစ်ဖေရေ ကဗျာလေးကို လာခံစားသွားပါတယ်။ ပြန်တောင်းစရာတွေက သိပ်များနေတော့ ပြန်မပေးဘဲ ဒေ၀ါလီခံနေပြီလေ ဘယ်လိုလုပ်မလဲ။

ကလူသစ် July 24, 2010 at 6:04 PM  

ပျောက်လှချည်လား။ ဘယ်ဂလိုတွေဖြစ်။

ကိုပိန် July 26, 2010 at 9:25 AM  

ဖျောက်ထားတဲ့ ဦးနှောက်တွေလည်း ပြန်ပေး

ယောနက်သန် July 28, 2010 at 5:11 AM  

သူက မကြားချင်ယောင်ဆောင်နေတယ်။

မန်းကိုကို August 21, 2010 at 5:27 AM  

လာလည်၊ လာဖတ်သွားတယ်ခင်ဗျ၊
ကိုယ်လည်းတောင်ခြစ်မြောက်ခြစ်နဲ့ ဘာစာပေ၊ ကဗျာမှ ခံစားတတ်တာမဟုတ်တော့ ရသကိုတော့ မှတ်ချက်မပေးတတ်ဖူး။

“ကလေးစစ်သားလေးရဲ့ ပြတ်သွားတဲ့ ခြေတဖက်ပြန်ပေး” ဆိုတာလေးမှာတော့ ပြောစရာရှိလာပါတယ်။ ကျနော်ကိုယ်တိုင် ခြေကျင်းဝတ်အောက်ကပြတ်နေတဲ့ စစ်သားကလေးတစ်ယောက်တွေ့ဖူးလို့ပါ။ အလွန်ဆုံးရှိလှ ၁၄ နှစ်ပါ။ စစ်ဝတ်စုံအပြည့်နဲ့ နောက်တန်းပြန်မယ့် အရပ်သားကားထဲမှာ။

ရှေ့ပိုင်းကပို့စ်တွေမှာ တွေးထားတာတွေကိုလည်း သဘောကျမိတယ်ဗျ။ ဆန္ဒရှိရင်တော့ ပြန်လာလည်နိုင်ပါတယ်။

မန်းကိုကို August 24, 2010 at 4:58 AM  

“ညီလေးမန်းကိုကို
ကလေးစစ်သားလေးဆိုတာ ကရင်ရယ်ဗမာရယ်ရှမ်းရယ် မဆိုလိုပါဘူး ကလေးအရွယ် အကြောင်းကြောင်းကြောင့် လက်နက်ကိုင်ခဲ့ရတဲ့ကလေးတွေကို ဆိုလိုတာပါ စစ်အာဏာရှင်တွေရဲ့ မတရားမှု ဖိနှိပ်မှု ချိန်းခြောက်အနိုင်ကျင့်ခံရမှု စစ်ထဲအဓ္ဒမအသွင်းခံရမှုကြောင့် မဖြစ်ချင်ပဲဖြစ်လာရပြီး မပြတ်ချင်ပဲပြတ်ရ မသေချင်ပဲသေသွားရတဲ့ကလေးတွေကို ဆိုလိုတာပါပဲဗျာ.ကျနော့်အမေက မြစ်ဝကျွန်းပေါ်ပိုးကရင်အမျိုးသမီးပါပဲဗျာ.”

ကိုချစ်ဖေတစ်ယောက် ကရင်သွေးပါတယ်ဆိုလို့ သိရတာဝမ်းသာပါတယ်ဗျာ။ ကျနော်ကတော့ ဖြစ်နိုင်ရင် တိုင်းရင်းသားအားလုံးနဲ့ ညီအစ်ကိုမောင်နှမတွေလိုပဲ ဖြစ်ချင်ပါတယ်။

ကလေးစစ်သားကိစ္စကတော့ ကြုံတုန်းမြင်ခဲ့ရတာလေး ထည့်ရေးလိုက်တာပါ။ အစိုးရတက်လုပ်နေသူတွေက သူပုန်ဆိုသူတွေထက်တောင် စည်းကမ်းပျက်၊ ထင်ရာစိုင်းနေတယ်လို့ ပြောလို့ရပေမယ့် ခြောက်ပြစ်ကင်းစင်တာကတော့ ဘယ်သူမှမရှိပါဘူး။ ဒါတွေက အမှန်တရားပါ။

ကျနော့်အနေနဲ့ကတော့ ဒေါက်တာသန်းထွန်းရဲ့ သမိုင်းကို မအအောင်သင်ဖို့ ဆိုတာကို သဘောကျမိပါတယ်။ မအရုံမကပါဘူး၊ သင်္ခန်းစာယူစရာတွေလည်း အများကြီးပါ။ အထူးသဖြင့် သက်ဆိုင်ရာတိုင်းရင်းသားတွေရဲ့ (ပင်မ)သမိုင်းထဲအတင်မခံရတာတွေကို သိရ၊ လေ့လာကြရရင် ဒီကနေ့မြန်မာပြည်က ပြဿနာတွေရဲ့ အရင်းခံကို အတော်များများတွေ့နိုင်ပါတယ်။ ဒါပေမယ့် မသိချင်၊ နားမလည်ချင်သူတွေ များနေသ၍ ဆက်ရမယ့်လမ်းကတော့ ပိုရှည်ပြီး ကြမ်းနေအုံးမှာပါပဲ။

ဘယ်လိုဖြစ်ဖြစ် လာလည်ပြီး ကွန်မန့်ပေးသွားတာကို ကျေးဇူးတင်ပါတယ်။

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP