Friday, September 3, 2010

ဆိုကြမယ် ကကြမယ် ပြည်သူအတွက် သို့မဟုတ်

ဆိုကြမယ် ကကြမယ် ပြည်သူ့အတွက် သို့မဟုတ်

ကိုချစ်ဖေ ခုတလောတော်တော်စဉ်းစားမိနေတဲ့ အကြောင်းတခုရှိပါတယ် အဲ့ဒါကတော့ အခြား
သူတွေတော့ ဘယ်လိုတွေးမိကြမလဲ မသိပါဘူးဗျာ ဒီလိုပါ “ တကယ်လို့များ ကိုချစ်ဖေသာ မြန်မာပြည်တွင်းမှာနေထိုင်တဲ့ သူတယောက်လဲဖြစ်မယ် အနုပညာသမားတယောက်လဲ ဖြစ်
မယ်ဆို စစ်အစိုးရရဲ့ ၀ါဒဖြန့် ရုပ်ရှင်တွေ သီချင်းတွေကို စစ်အစိုးရ သဘောကျ ဆိုမှာလား ရေး
မှာလား မရေးမနေရ မဆိုမနေရ ရုပ်ရှင်ဗွီဒီယို မရိုက်မနေရ ဆိုရင်ကော ဘယ်လိုလုပ်မလဲ” လို့ပါ။

အရာရာကို စစ်တပ်က ချုပ်ကိုင်ထားပြီး သူတို့အလိုကျ လိုက်မလုပ်တဲ့သူတွေကို နည်းအမျိုး
မျိုးနဲ့ ချိန်းခြောက် ဒုက္ခပေးလေ့ရှိတာကိုတော့ အများပြည်သူအားလုံးသိသလို အနုပညာရှင်
တွေလည်းသိကြပါတယ်။ ဒီတော့ကာ ကြောက်ရွံရလို့ မိမိရဲ့ ဥစ္စာပစ္စည်းဓန နာမည်ဆုံးရှုံးမှာ စိုး
လို့ စစ်အစိုးရရဲ့အလိုကျ (ပေါ်တာဆွဲတဲ့အခါ ပါသွားသလို) ဆိုကြရ ကကြရပါတယ် လို့ ဆိုလာ
ပါတယ်။

ကိုချစ်ဖေသာ နာမည်ကြီးသရုပ်ဆောင်မင်းသားဖြစ်မယ် နာမည်ကြီးအဆိုတော်ကြီး ဖြစ်မယ်
ဆိုရင်ကော ဆိုမလား ကမလား မဆိုရင် ဒုက္ခတွေ့တော့မယ် အဲ့ဒီတော့ ဘယ်လိုလုပ်မလဲ ကိုယ်က နာမည်ကြီးသရုပ်ဆောင် နာမည်ကြီးအဆိုတော် တေးရေးဆရာမဖြစ်လို့ “စစ်အာဏာ
ရှင်တွေကိုတော့ ဆန့်ကို ဆန့်ကျင်ရမှာပဲဗျာ” လို့ ပြောတယ်လို့ လဲ အထင်မရောက်ကြပါနဲ့။ ကို
ချစ်ဖေသာဆို ဘယ်လိုရပ်တည်မလဲ ဆိုရမလား ရိုက်ရမလား ရေးပေးရမလား တီးမှုတ်ပေးရမ
လား မပေးရင် ရပ်ကွက်ထဲအထိဆင်း ဒုက္ခပေးနေတဲ့ ထောက်လှမ်းရေး အမျိုးမျိုးရဲ့ ဒုက္ခပေး
ခြင်းကို ခံရမလား တွေးမိနေတာပါ။

ဒီလိုဗျာ ဟိုအရင်ကျနော်တို့ မမှီလိုက်ပေမဲ့ သမိုင်းကြောင်းအရ အထင်အရှားရှိနေတဲ့ အဖြစ်အ
ပျက်တွေထဲက ကိုလိုနီခေတ်မှာ နေမ၀င်အင်ပါယာပိုင်ရှင် အုပ်ချုပ်သူတွေကို သရော်တဲ့စာ မိမိ
အမျိုးသားတွေရဲ့ ဇာတိမာန် တက်ကြွစေတဲ့ သီချင်းတွေကို ရေးခဲ့တဲ့သူတွေ ဆိုခဲ့ ကခဲ့တဲ့သူ
တွေ ကိုကော အင်္ဂလိပ်အစိုးရမင်းများနဲ့ အလိုတော်ရိတွေက ကြိုက်ပါ့မလား။ ကြိုက်ကြိုက်မ
ကြိုက်ကြိုက် အနုပညာရှင်တွေအနေနဲ့ စဉ်းစားကြည့်စေချင်တာကတော့ ဒို့ဗမာသီချင်း န
ဂါးနီသီချင်း မီးဒုတ် သီချင်း အစရှိတဲ့ ကိုချစ်ဖေမသိတဲ့ သီချင်းတွေရောဟာ ခုလွတ်လပ်ရေးရ
ပြီး နှစ်ပေါင်း (၆၀) ကျော်အထိ မူလရည်ရွယ်ချက် အမျိုးဂုဏ်ဇာတိဂုဏ်ကို ထင်ဟပ်တက်ကြွ
စေနိုင်တုန်းပါ ကိုလိုနီနယ်ချဲ့ အစိုးရအလိုတော်ကျ ပေါ်လစီသီချင်းတွေ ဂျော့ဘုရင်မင်းမြတ်ရဲ့ ဘုန်းတော်ဖွဲ့သီချင်းတွေကတော့ ကြားတောင်မကြားဖူးတော့ပါဘူး ဘယ်သူတွေရေးလို့ ဘယ်
သူတွေဆိုခဲ့တယ်ဆိုတာလဲ မသိကြတော့ပါဘူး။ တကယ်လွတ်လပ်ရေးရပြီးခေတ်မှာကော မ
ရှက်မကြောက်ပြောရဲ ရေးရဲပါ့မလား ဆိုရဲပါ့မလား အဲ့ဒီတုန်းက ငါက ငါ့အဖေက ငါ့အဖိုးက အဲ့ဒီပေါ်လစီသီချင်းတွေ ဘုန်းတော်ဘွဲ့သီချင်းတွေရေးခဲ့သူ ဆိုခဲ့သူပါရယ်လို့ ကြေငြာရဲပါ့မ
လား။


အဲ့ဒီတုန်းကတော့ နယ်ချဲ့အစိုးရဆိုပေမဲ့ ခုစစ်အစိုးရလောက်ဖိနှိပ်မှု့မရှိလို့ သီဆိုခဲ့ကြတာ ထင်
ရှားပြီး တမျိုးသားလုံးအသဲစွဲ ဖြစ်ခဲ့ရတာလို့ပြောရင်လဲ ပြောပါ။ ကိုချစ်ဖေထင်တာတော့ စစ်အ
စိုးရရဲ့ ပေါ်လစီကားကို မရိုက်မနေရဆိုရင်လဲ မရိုက်ဘူးကွာ ဘာဖြစ်ဖြစ်ဆိုတဲ့ သဘောထားမျိုး
မထားနိုင်တာကြောင့်၇ယ် ဆိုလိုက်ရေးလိုက်လဲ ပြီးတာပါပဲကွာ ကိုယ်ကနိုင်တာမှမဟုတ်
တာ နမ်းတစေ့နဲ့ ဆီမဖြစ်ပါဘူး အများမိုးခါးရေသောက် ကိုယ်လဲသောက်လိုက်ပေါ့ ကိုယ့်ဒုက္ခ
မပေးရင် ကိုယ့်မိသားစု ဒုက္ခမပေးရင်တော်ပီ ဆိုတဲ့သူတွေက အများစုဖြစ်နေလို့ထင်ပါတယ် အဲ့ဒီသူတွေကို ဦးဆောင်တာကတော့ တက်လာတဲ့အစိုးရ ဒို့အစိုးရ တက်တက်ကြွကြွနဲ့ကို
လုပ်မယ်ဆိုတဲ့ အခွင့်အရေးရှေ့တန်းတင် အနုပညာသမားတွေက ဦးဆောင်ပါဝင်တာပါ။

ဒီတော့ကာ ကိုယ်ကိုယ်တိုင်က စစ်အစိုးရဆိုတာ မတရားတဲ့အစိုးရ နိုင်ထက်စီးနင်းအစိုးရ ပြည်သူလူထုကြီးကို ဆင်းရဲတွင်းထဲ ဆွဲချတဲ့အစိုးရ ဘယ်သူသေသေ ငရွှေမာရင်ပြီးရောအစိုး
ရ ဒီအစိုးရကို နမ်းတစေ့နဲ့ဆီမဖြစ်သော်လဲ နမ်းဆိုတာ ဆီဖြစ်တတ်တဲ့အမျိုး မတရာမှု့မမျှတမှု့
ကို ငါ့အခွင့်အရေးဆုံးပါစေ ဆန့်ကျင်သွားမယ် ဆိုတဲ့စိတ်ဓါတ်မျိုး မထားနိုင်ရင်တောင်မှ မီး
လောင်ရာလေမပင့်ဘူး အဆိပ်ပင်ရေမလောင်းဘူးဆိုတဲ့ သဘောထားမျိုးထားနိုင်ရင် ရှောင်လို့
ရမယ်ထင်ပါတယ်။ ပါးပါးနပ်နပ်ရှောင်တဲ့သူတွေလဲရှိတာပါပဲ။

နောက်ဆုံးကိုယ့်အနုပညာကို အနိုင်ကျင့်ပြီး မီဒီယာတွေကနေပိတ်ပင်ထားရင်တောင် အခြား
သော ရရာနည်းလမ်းတွေနဲ့ ဖေါ်ထုတ်နိုင်တာပါပဲ ကိုဇာဂနာတို့ ကိုကျော်သူတို့လို စစ်အစိုး
ကြိုက်ကြိုက်မကြိုက်ကြိုက် ကိုယ်လုပ်နိုင်တဲ့ဘောင်ထဲကနေ ရသလောက် မိမိရပ်တည်ချက်
အတိုင်း လုပ်သွားရင်ကော မရဘူးလားဗျာ။

သြ ..ကိုချစ်ဖေတို့က ကျည်ကွယ်မျက်ကွယ်ကနေပြီး အဝေးကနေပြီး လက်သီးလက်မောင်း
တန်းနေတယ်လဲ ထင်ခံရပါဦးမယ် ကိုချစ်ဖေလဲ မြန်မာ့အမျိုးသား မြန်မာနိုင်ငံသား မတရား
မှု့ကို နည်းနည်းမှ မကြိုက်သူမို့ စစ်အစိုးရကို အားပေးကူညီသူတွေကိုလည်း မကြိုက်ပါ။ မ
ကြိုက်တဲ့အတွက် ကိုယ့်နည်းနဲ့ကိုယ် ဆန့်ကျင်ပါတယ် စစ်အစိုးရ ဘက်တော်သားတွေလို့ ယူဆရတဲ့ အနုပညာရှင်တွေကို အားမပေးပါဘူး သူတို့သီချင်းဘယ်လောက်ကြိုက်ကြိုက် နား
မထောင်ချင်တော့ပါဘူး။ ဒါကိုချစ်ဖေတို့ ပရိတ်သတ်အခွင့်အရေးပါ။

ကိုချစ်ဖေတို့ ငယ်ငယ်က အသည်းစွဲ တိုင်းရင်းသားအဆိုတော်တယောက်ဆို ကိုချစ်ဖေ စိတ်
ထဲ မတွေ့တာနဲ့ သူ့ သီချင်းကောင်းလေးတွေတောင် နားမထောင်ချင်တော့ပါဘူး ဟိုတုန်းက
တော့ တော်တော်ကြီးကို လေးစားမိ သဘောကျမိတဲ့သူပါ။ သူရပ်တည်ချက်ပြောင်းသွားတာ
ကို ကြည့်ပြီးစိတ်ပျက်သွားမိလို့ပါ။ အဲ့ဒီနည်းနဲ့ ဆန့်ကျင်ပါတယ် ဒါပရိသတ်တယောက်ရဲ့ အခွင့်
အရေးပါ ကိုယ်နဲ့ မဆိုင်ဘူးရယ်လို့ မခံယူပါဘူး။

ပုဂ္ဂိုလ်ရေး အညိုးအတေး အာဃာတရယ်တော့ မရှိပါဘူး သို့သော်လဲ သူ့ကိုအားပေးမှု့ကို
လျှော့ချခြင်းဖြင့် စစ်အစိုးရကို ဆန့်ကျင်ရမယ်လို့ထင်ပါတယ်။ စစ်အစိုးရရဲ့ ပေါ်လစီကားတွေ
သီချင်းတွေကို ကြောက်လို့ပဲဖြစ်ဖြစ် အတင်းခေါ်လို့ပဲဖြစ်ဖြစ် သီဆိုရတယ်ဆိုလဲ သီဆိုပါ။ သူ့
အနုပညာကို အသုံးချပြီး စစ်အစိုးရအတွက်လုပ်ပေးတယ် အထောက်အကူပြုတယ်ဆိုရင် ကို
ချစ်ဖေတို့ကလဲ သူ့အနုပညာအားလုံးကို အားမပေးရုံပါပဲ အားပေးဖို့ ရှေ့ဆောင်ရှေ့ရွက်လုပ်သူ
တွေကိုလဲ ဆန့်ကျင်ရုံပါပဲ။ ပြည်သူတွေဖက်က အမြဲရပ်တည်ပြီး အနုပညာဖန်တီးသူတွေကို
တော့ အမြဲအားပေးရမှာပေါ့ဗျာ။( ဒီကြားထဲ ဗိုလ်ချုပ်မှုးကြီးက သီချင်းရေးဆိုပဲ)

ရုပ်ရှင်သရုပ်ဆောင် နေတိုးတို့ မင်းမော်ကွန်းတို့ ထွန်းထွန်းတို့ ဆိုလဲပုဂ္ဂိုလ်ရေးအရ မုန်းတီးစ
ရာမရှိပါဘူး ၀ိုင်းစုခိုင်သိန်းတို့ ရဲလေးတို့ဆိုလဲ မုန်းတဲ့စိတ်မဖြစ်မိပါဘူး ဒါပေမဲ့လဲ သူတို့ရဲ့ အနု
ပညာစွမ်းပကားနဲ့ စစ်အစိုးရကို ထောက်ပံ့ခဲ့မှု့ကိုတော့ ဆန့်ကျင်ရမယ်လို့ တွေးမိနေတယ်ဗျာ။
လူသားချင်းအနေနဲ့တော့ နားလည်စာနာနိုင်ပါတယ် သူတို့ရဲ့ အခက်အခဲကို သို့သော်လဲ တနိုင်
တပိုင်ဆန္ဒပြမှုပဲဖြစ်ဖြစ် တယောက်ထဲ ဆန္ဒပြမှုပဲဖြစ်ဖြစ် ဆန့်ကျင်ကြောင်း အလိုမရှိကြောင်း
တော့ မိမိတို့ရဲ့ လွတ်လပ်မှု့ကို အသုံးချပြီး ဆန့်ကျင်ရမှာပါပဲ။(ဆန့်သာ ဆန့်ကျင်ရတယ် ၀ိုင်းစု
ခိုင်သိမ်း လေးကိုတော့ အားအနာဆုံးပါပဲ) သူတို့ကို ပုဂ္ဂိုလ်ရေးလုံးဝ မုန်းတီးမှု့မရှိပဲ
သူတို့ရဲ့ အနုပညာအားလုံးကိုတော့ ပြန်ဆန့်ကျင်သင့်တယ်လို့ ထင်နေတွေးမိနေပါတယ်။

ကိုချစ်ဖေ စိတ်ကြီးနေတာလဲ ဖြစ်ရင်ဖြစ်မှာပေါ့ဗျာ။

6 comments:

Nge Naing September 3, 2010 at 4:44 AM  

ကျွန်မလည်း အနုပညာသည်တွေအပေါ် ကိုချစ်ဖေနဲ့ သဘောထား တထပ်တည်း ရှိပါတယ်။ သူတို့က ထမင်းအိုးကွဲမှာစိုးလို့ လိုက်လျောညီထွေအောင် လိုက်လုပ်တာကိုလည်း သူတို့ရဲ့ ရွေးချယ်မှုပဲ လို့ယူဆတယ်။ သူတို့ ရွေးချယ်ခွင့် ရှိလို့ ရွေးချယ်တာ သူတို့အခွင့်အရေးကို မပြောလိုပေမဲ့ ဒါဟာ ပြည်သူလူထုအတွက် မကောင်းဘူးဆိုတာကိုလည်း လူတိုင်းမှာ ဝေဖန်သုံးသပ်ပိုင်ခွင့် ရှိပါတယ်။

ကလူသစ် September 3, 2010 at 5:54 AM  

ဒီကိစ္စက အဝေးမှာ နေတဲ့သူတွေအနေနဲ့က ပြောရခက်တယ်ဗျ။ ကိုယ်ဖြစ်ချင်တာတွေ ရှိပေမဲ့ သူတို့ပြသနာတွေကလဲ ရှိသေးတယ်။ ဆန့်ကျင်သင့်တယ်လို့ ပြောလို့ရပေမဲ့ ဆန့်ကျင်ရမယ်လို့ အတင်းအကျပ်တော့ မပြောသင့်ဘူး ယူဆတယ်။

ကိုအောင် September 3, 2010 at 7:26 AM  

သူတို့က လိုအပ်တာထက် ဖာတော့ ကြည့်ရင်နဲ့
စိတ်မထိန်းနိုင်ဘူး အကိုကြီးရေ၊ ဒါကြောင့် ပေါ်လစီ ကားဆိုရင် လူပြောများမှ ကျနော်လည်း ကြည့်ဖြစ်တယ်၊ နောက်မို့ဆို ကျနော့်ကွန်ပြူတာလေး ကြားထဲက ဓါးစာခံ ဖြစ်နေမှာ ဆိုးလို့ ။

ရွှေရတုမှတ်တမ်း September 3, 2010 at 1:22 PM  

တချို့ လိမ္မာပါးနပ်စွာ ရှောင်တတ်သူတွေ ရှိပါတယ်..
အနုပညာရှင်တိုင်းမှာ ခိုင်မာတဲ့နိုင်ငံရေး ရပ်တည်ချက်မရှိတာများတယ်...လတ်တလောကိုယ့်ဘဝရပ်တည်မှုကို ဦးစားပေးနေကြတာမို့...
ပြောပြန်ရင်လဲ...စိန်အောင်မင်း..အဲလေ ..စိန်ချစ်ဖေ လွန်ရာကြတော့မယ်....

Unknown September 4, 2010 at 7:34 AM  

ပြောစရာရှိ ပြောကြ။ ပြစရာရှိ ပြကြ။
တရားသေတော့မထားကြနဲ့ပေါ့။
မနောကံ မေတ္တာထားပြီးတာပဲ။

ချစ်ကြည်အေး September 5, 2010 at 4:57 AM  

ပြောရခက်တယ်ဗျ သူတို့ဘက်ကကြည့်တော့လည်း သူတို့ ထမင်းအိုးကွဲမဲ့ ကိစ္စဖြစ်နေတာ၊ ကိုယ်တွေ အနေနဲ့ကတော့ လက်မခံတာ လက်မခံကြောင်း ပြရမှာပါပဲလေ...၊ ဦးကျော်သူတို့ ဦးဇာဂနာတို့လို အနုပညာရှင်တွေကို ပိုပို လေးစားလာလေပဲ....

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP