Tuesday, September 14, 2010

ကိုဖိုးလုံးတို့ပြာနေသည်

“ ဒီမယ် ကိုဖိုးလုံး ခင်ဗျားဟာ အနီလား အဖြူလား အ၀ါလား ပြောစမ်း ခင်ဗျားဘာလဲ ဗျာ.”
“ဗိုလ်ကြီးတို့ရယ် ကျနော် အဖြူ အနီ အ၀ါ ဘာမှမဟုတ်ပါဘူးဗျာ ဗိုလ်ကြီးတို့ အားလုံးကို ပြာ
နေအောင်ကြောက်ရတဲ့ အပြာပါ”

ဆရာမန်းတင်ရဲ့ ကိုဖိုးလုံး ၀ထ္ထုထဲက စာပိုဒ်တပိုဒ်ပါ ဒုတိယကမ္ဘာစစ်ကြီးအပြီး မြန်မာနိုင်ငံ
ပြည်တွင်းစစ်ကြီးနောက်ခံ လယ်သမားဘ၀ တစိတ်တဒေသ ဘ၀သရုပ်ဖေါ်ဝထ္ထုဖြစ်သည်။ အ
ခြားသူများလည်း ကျနော်ကဲ့သို့ ကိုဖိုးလုံး ၀ထ္ထုများကို ဖတ်ဖူးကြပေလိမ့်မည်။ ဖတ်ဖူးခဲ့ပြီး နှစ်
သက်ရာ လယ်သမားဘ၀နောက်ခံ ၀ထ္ထု နှစ်ပုဒ်ထဲမှ မှတ်မှတ်ရရ ကျနော်မှတ်မိနေသည့် တပုဒ်ဖြစ်သည့် ဆရာ မန်းတင်ဝထ္ထုထဲက စာပိုဒ် မြန်မာလယ်သမားကိုဖိုးလုံးရဲ့ ဘ၀အမြင်ပါ။

ကျနော်တို့ နိုင်ငံကား ဗိုလ်ကြီးတွေပေါလှသည် ရဲဘော်ဖြူ ရဲဘော်ဝါ အလံနီ အလံဖြူ စသည်
ဖြင့် ပြည်တွင်းစစ်မီးကြီး တောက်လောင်ခဲ့ရာ လက်နက်ကိုင်အဖွဲ့များ ပေါ်ပေါက်လာမှု့နှင့်ထပ်
တူ ဗိုလ်ကြီးများပေါ်လာခဲ့သည်။ သေနတ်ရှိရာ သေနတ်ကိုင်ရာလူကို အရပ်သူအရပ်သားများ
က ဘယ်အဖွဲ့ ညာအဖွဲ့ရယ်မသိ။ အားလုံးကြောက်ကြရသည် ဟိုဖက်ဒီဖက်အနေမတတ်လျှင်
ကြားညှပ်ပြီး အသတ်ခံရသည်လည်းမနည်း။ ထို့ကြောင့် သေနတ်ကိုင်ထားလျှင် ဗိုလ်ကြီးဟု
သာခေါ် မမှားပေ။ ဤသည်ကို ဆရာမန်းတင်က သရုပ်ဖေါ်ထားသည်။ ခုတော့ သေနတ်မ
ကိုင်သည့် ကိုင်စရာမလိုသည့် ဒုက္ခပေးနိုင်သည့် ဗိုလ်ကြီးများ ပိုမိုများပြားလာတော့သည်။

ပြည်တွင်းစစ်ကြီးနှင့်အတူပါလာသော ဆိုးကျိုးအပေါင်းပါတည်း သို့သော် ကျနော်တို့ အောက်
ခြေပြည်သူပြည်သား လယ်သမားများ နှစ်ပေါင်းခြောက်ဆယ်ဝန်းကျင် ထိုကဲ့သို့သော ဒုက္ခများ
ကလွတ်မြောက်ကြပြီလားဆိုတော့ မလွတ်မြောက်နိုင်သေး။ ခုရက်ထဲ အင်တာနက်စာမျက်နှာ
မှ သတင်းတချို့ကိုဖတ်ရသည်။ ကိုဖိုးလုံးသာရှိနေသေး၍ ထိုသတင်းတွေကိုကြားရရင် ၀မ်းပဲ
သာနေမလား မ၀ံ့မရဲနဲ့ အားလုံးအတူတူပါပဲလို့ပဲ တွေးနေမလား။ မဲမရသေးခင်တော့ ဒီလိုပေါ့
နောက်တော့လဲ ရွာကိုပေါ်မလာကြတော့ ရွာကိုလာတုန်းက စည်းရုံးရေးခရီးထွက်လာတုန်းက
ကိုဖိုးလုံးတို့က မရှိရှိတာလေး အိမ်ကကြက်ကလေးချက်ရ တောအရက်ကောင်းကောင်းလေး
လိုက်ရှာတိုက်ကြရ။ ဟော.မြို့ပေါ်ရောက်လို့ လက်ဖက်ရည်ဆိုင်ရှေ့မှာ ထိုလူကြီးလူကောင်း မဲ
ဆွယ်သမားများကိုတွေ့လို့ ကိုဖိုးလုံးတို့ကို ခေါ်မတိုက် မမှတ်မိ အလုပ်များကြသကိုး။

ခုလဲ နာရေးကူညီမှု့ကို ကူညီကြသည်တဲ့ တသက်လုံးယောင်လို့တောင် မကူကြသူတွေ ဘာ
မျှော်လင့်ချက်မှမပါပဲ ကူညီသူတွေကိုတောင် နည်းအမျိုးမျိုးနဲ့ နှောက်ယှက်သူတွေ ခုတော့ နာ
ရေးကူညီကြသတဲ့ ငွေသုံးသောင်းတောင် ကူညီသေးဆိုပဲ။ အမြဲတန်းကူညီသွားသော်ကိုဖိုးလုံး
တို့မပူပင်ရတော့ မဲရွေးပြီးတဲ့အထိဆိုရင်တော့မကောင်းလှသေး။ ဘာပဲဖြစ်ဖြစ် ခုလိုအပြိုင်အ
ဆိုင် နာရေးမှာ ကူညီသည်ဆိုတော့ ကောင်းသား တသက်လုံးပြိုင်ကြပါစေပဲ ဆုတောင်းရမည်။

သက်ကြီးရွယ်အိုများကိုလဲ ရိုသေသမှုပြုဂါရ၀ပြုကြသည်ဆိုပဲ သက်ကြီးအင်အားများ၍ အ
သက်ကို ပိုကြီးတဲ့ စာရင်းထပ်ပြုပြီးဂါဝရပြုကြသည် နို့မို့ အထက်ကချပေးသောငွေမလောက်
အသက် ၇၀ တန်းကန်တော့ရန် စာရင်ပြုစုပြီးမှာ ရ၅ နှစ်ကိုထပ်တိုးလိုက်ရသည်ဆိုပဲ။ ကောင်း
လေစွ။ ရွေးကောက်ပွဲပြီးလျှင် အသက် ၁၀၀ ကျော်များကိုသာ ကန်တော့တော့မည်။ ခုနေခါ
တော့ အတိုးနှုန်းနည်းနည်းနှင့်လဲ ငွေထုတ်ချေးသည် မျက်မှန်များကိုလဲ ဝေငှပေးသည်။ စာ
သင်ကျောင်းကိုလဲငွေလှုသည်။ ရွာဘောလုံးအသင်းတောင်ငွေလှုသည် မဲဆွယ်သူများမဆိုး သဘောထားမဆိုးလှ ကိုဖိုးလုံးတို့လဲပျော်သည်။

သို့သော် မဲထည့်ကြရတော့မည်။ မဲမထည့်သူများစာရင်းမှတ်ထားပြီးလယ်သိမ်းလျှင် ဒုက္ခ သိမ်း
သည့်နေရာတွေလဲသိမ်းလေသည်။ မဲကို ကြောက်ကြောက်နှင့်ထည့်လျှင် ဘယ်သူဘယ်ဝါကို
ထည့်ရပါ့။ ဟိုတုန်းက လေသံကျယ်ကျယ်နှင့် အစိုးရပြုတ်များကိုပဲထည့်ရမလား။ နီးရဓါး
အသင်း အဲ ပါတီကိုပဲ မဲထည့်ရမလား။ ကိုဖိုးလုံးတို့အတွက် ထူးတော့မထူး ဟိုတုန်းက ပင်နီ
တိုက်ပုံနှင့် ကချင်လုံချည်နှင့် ခမောက်အဖွဲ့အတွက် မဲလာဆွယ်တဲ့ ကောင်လေး ကောင်မလေး
များလဲ မတွေ့တော့။ ဘာပဲဖြစ်ဖြစ် ကိုဖိုးလုံးတို့အတွက်တော့မထူး။ လူညီလို့ ထချကြကြေးဆို
လျှင်တော့ အနီးကပ်ဆုံးရန်သူတွေကိုသာ ချဖို့ရှိသည်။ ကိုဖိုးလုံးတို့အတွက် အနီးကပ်ဆုံး ရန်
သူဆိုတာ ဘယ်အဖွဲ့ ညာအဖွဲ့ရယ်တော့မသိ။ ဒုက္ခပေါင်းစုံပေးတတ်သူတို့သည်သာ ကိုဖိုးလုံး
တို့ရန်သူ ကိုဖိုးလုံးတို့ ခွဲခြားတတ်သည်။ မခွဲခြားတတ်မှာမပူနှင့် သို့သော် ခုနေခါတော့ ကိုဖိုး
လုံးတို့ ပြာနေအောင်ကြောက်နေရသည်။ ကိုဖိုးလုံးတို့ကို အထင်အမြင်သေးနေသော နိုင်ငံရေး
ဝါရင့်သမ္ဘာရင့် အဝေးကြီးက အားပေးနေသူများလဲမရှား ကိုဖိုးလုံးတို့လဲ လူညီအောင်ဆု
တောင်းနေသည်။ လူညီသည့် ခေတ်အဆက်ဆက် ကိုဖိုးလုံးတို့ နောက်ကျန်မနေခဲ့။ ကိုဖိုးလုံး
တို့ ခုတော့ ပြာနေရသေးသည်။

1 comments:

Ko Toe Gyi ( Multiply Boo Boo Gyi ) September 16, 2010 at 1:48 PM  

အေးဗျာ
ကိုဖိုးလုံးတွေ မလုံးနိုင်ရှာတော့ဘူး စည်းရုံးရေးလာလို့ ကြက်ဝက် ကုန်မ ကုန်တော့မသိဘူး ၉၀ တုန်းက မနွလေးတိုင်းမှာ မုံရွာ ဦးတင်ရွှေ တို့ စည်းရုံးရေးဆင်းတော့ တံခါးတောင်မဖွင့်ရဲ့  ပြတင်းပေါက်ကလေး တခြမ်း ဟ ပြီး “ ပြန်ကြပါ ပြန်ကြပါ စိတ်သာချ ဒေါ်အောင်ဆန်း စုကြည့်ဘဲ မဲထည့်မှာပါ မလာကြပါနဲ့ ရှင်တို့ ပြန်သွားရင် စစ်တပ်က ဒုခပေးမှာ စိုးလို့ ပါ ” လို့ စကားတွေတုန်ပြီး ကြောက်ရွှံ့ တုန်လှုပ်နေတဲ့ ပြည်သူတွေ ကိုဖိုးလုံးရဲ့ ဗိုလ်ကြီး ထက်ပိုဆိုးပါတယ် အဲဒီလို မဲပြားတွေကိုတန်ဘိုး ထားလို့ 
ကဲ
အယ်နယ်ဒီ ဘာလုပ်မလည်း တချက်စောင့်ကြည့်မယ်

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP