ဝမ်းရေး
ဝမ်းရေး
နို့ဆာတဲ့သား
အမေမျှော်တဲ့
ညနေ။
အမေ..
အမေ..
သားပျောက်တဲ့..အမေ
ဒီတောင်ရိုး
မုဆိုး ပုခုံးပေါ်
သွေး..စက်လက်နဲ့ ပါသွားတယ်။ ။
မိုးစဲနေ
ဝမ်းရေး
နို့ဆာတဲ့သား
အမေမျှော်တဲ့
ညနေ။
အမေ..
အမေ..
သားပျောက်တဲ့..အမေ
ဒီတောင်ရိုး
မုဆိုး ပုခုံးပေါ်
သွေး..စက်လက်နဲ့ ပါသွားတယ်။ ။
မိုးစဲနေ
ငယ်ငယ်တုန်းကတော့ အသက် ငါးဆယ်တန်း လူကြီးဆိုတာ အဖိုးကြီးတွေပါလားလို့ ထင်ထား
ခဲ့တာ ကိုယ်ကိုယ်တိုင် ငါးဆယ်နားကို တော်တော်ကြီးကပ်လာတော့ (၃ နှစ်အလို)မှ သြော်..
အသက်ငါးဆယ်ဆိုတာလဲ ငယ်သေးတာပဲ ပြေးနိုင်လွှားနိုင် အလုပ်လုပ်နိုင်သေးတာပဲ လို့ ပဲ ဖြေတွေးပါတယ်။ တကယ်တော့ ဒါဏ်ရာဒါဏ်ချက်ပေါင်းစုံ ကြုံရင်ကြုံသလို စား အိပ် စနစ်တ
ကျရယ် ကျမ်းမာရေးအသိရှိရှိရယ် ကိုယ့်ကိုကိုယ်စောင့်ရှောက်ခဲ့ မဟုတ်လေတော့ ခုအချိန်မှာ
တော်တော်လေး ကျမ်းမာရေး ချို့ယွင်းလာတာတော့ အမှန်ပါပဲ။
တကယ်က သိပ်ငယ်လှတော့တဲ့အရွယ်တော့ မဟုတ်တော့ပါဘူး ဒုတိယအရွယ်ထဲကို ထဲထဲ
ဝင်ဝင် ရောက်ခဲ့ပြီးပြီ တတိယအရွယ်ကို ကူးခါနီးဆိုပါတော့ ကိုချစ်ဖေကို မွေးတော့ ကိုချစ်ဖေ
အဖိုးက ၄၂ နှစ်ပဲရှိသေးဆိုပဲ ခု ကိုချစ်ဖေရဲ့ ညီလေးအရွယ်ပေါ့။ ဘာရယ်တော့လဲ မဟုတ်ပါ
ဘူး နေရင်းထိုင်ရင်း သွားလာလုပ်ကိုင်ရှာဖွေ စားသောက်ရင်း ကြီးလာခဲ့ကြရာက မတွေ့ဖြစ်
တော့တဲ့ မတွေ့ နိုင်တော့တဲ့ ငယ်သူငယ်ချင်းတွေကို သတိယလာမိတာရယ် အချိန်လေးက
ရနေတာရယ် နဲ့ ရေးမိတာပါ။
ကိုချစ်ဖေ ခုတလော သူငယ်ချင်း နှစ်ယောက်ကို သွားသတိယနေမိတယ် ကိုချစ်ဖေ ငါးတန်း
နှစ်မှာ တခန်းထဲ ဘေးချင်းကပ် ရှေ့နောက် အတူထိုင်ခဲ့ရတဲ့ သူငယ်ချင်းတွေပါ။ ကိုချစ်ဖေ ငါး
တန်းဆိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၆ နှစ်လောက်က ပေါ့။ တယောက်က မာမွတ်တဲ့ ကျောင်း
နာမည်ကိုက မာမွတ် အရပ်ရှည်ရှည် အသားလတ်လတ် အိန္ဒိယနွယ်ဖွား ဘာသာခြား ကလေး
ဘ၀ထဲက အလွန်းသည်းခံတတ် စိတ်ရှည်တတ်တဲ့သူ အဲ ကလေးဘ၀တုန်းကတော့ ဘယ်သိ
ပါ့မလဲနော။ အသက်ကြီးလာမှ ပြန်တွေးကြည့်မိတာ။
သူက မုန့်စားကျောင်းဆင်းရင် အခြားသော သူငယ်ချင်းတွေလို မုန့်ရောင်းတဲ့ ဈေးတန်းဖက်
သွား မုန့်တခုခု ၀ယ်စား အဲ့ဒီလိုမျိုး မရှိပါဘူး အခန်းထဲက သူထိုင်တဲ့ စာရေးခုန်လေးမှာပဲထိုင်
ဟိုငေးဒီငေး အခြားသူငယ်ချင်းတွေက မုန့်စားဖို့ ခေါ်လဲ မစား လာကြွေးရင်လဲ ပြုံးပြီး ငါမဆာ
လို့ပါ မင်းတို့ မုန့်ပေးတာ ကျေးဇူးတင်ပါတယ် ဆိုတာမျိုး ကလေးဘ၀လေးထဲက ပြောတတ်သူ
တနေ့ နေ့လည် မုန့်စားကျောင်းဆင်း ကျောင်းပြန်တက်ခါနီး ကိုချစ်ဖေနဲ့ ဘေးခြင်းကပ် အတူ
ထိုင် မာမွတ်က သူ့ခုံ်လေးမှာ မထိုင်ပဲ ဗလာစာအုပ်ထဲက စာရွက်ဟောင်းလေးနဲ့ သူ့ ခုံလေး
ကို ထပ်ခါတလဲလဲ သူပွတ်နေတော့ ကိုချစ်ဖေလဲ မနေနိုင်ပဲ “ဟေး..မာမွတ် မင်းခုံက ဘာဖြစ်
လို့လဲ” လို့ မေးဖြစ်တယ်။ သူက “ ဘာမှ မဖြစ်ပါဘူးကွာ ငါလွှတ်ပစ်လိုက်ပါပြီ” တဲ့ အဲ့ဒါနဲ့ ကို
ချစ်ဖေကလဲ “ မင်းဘာဖြစ်လို့ ဘာကို လွှတ်ပစ်ပြီး ဘာလို့ ခုံကို သုတ်နေတာလဲ” လို့ ထပ်မေး
တော့မှ “ ငါမပြောချင်ပါဘူးကွာ” တဲ့ ကိုချစ်ဖေက မရမကမေးတော့မှ “ဟိုကောင်တွေကွာ..
ငါ့ ခုံထဲမှာ ငါမစားတဲ့ အသားကို လာထည့်ထားတယ် ခုံတွေကိုလဲ သုတ်သွားတယ်” တဲ့။
ဘယ်ကောင်တွေလဲ လို့ မေးနေတုန်း “ ဟေ့ကောင် ချစ်ဖေ မင်းက သိရင်ဘာလုပ်မလို့လဲ ငါ
တို့ သုတ်တာ ကွာ” လို့ ကိုချစ်ဖေတို့ထက် အသက်ကြီးတဲ့ အရွယ်လဲကြီးတဲ့ မောင်မောင်က ပြောလာပါတယ် ကိုချစ်ဖေကလဲ တော်တော်ကို ခံပြင်းတယ် သူ့ဘာသာနေတဲ့ ဘာသာခြား သူငယ်ချင်းကို အုပ်စုဖွဲ့ အရွယ်အားကိုးနဲ့ အနိုင်ကျင့်တယ်လို့ ခံစားရတယ် အဲ့ဒါနဲ့ “ မင်းတို့ မ
တရားဘူး မင်းတို့ အနိုင်ကျင့်တာ” လို့ ကိုချစ်ဖေက ပြောလဲပြောရော ဘာပြောကောင်းမလဲ
ကိုချစ်ဖေကို သူတို့ ညီအကိုတွေ ၀ိုင်းထိုးကြိတ် လိုက်တာ ကြယ်တွေလတွေ မြင်သွားတာပါပဲ။
မာမွတ်နဲ့ ဘေးက အခြားသူငယ်ချင်းတွေ ၀ိုင်းမဆွဲရင် ဘယ်လောက်တောင်ခံရမလဲ မသိဘူး
ဒါပေမဲ့ ဘယ်နေမလဲ ရန်ဖြစ်တယ်ဆိုတဲ့ သတင်းက ပြန့်သွားတော့ အတန်းပိုင်ဆရာ ဦးအောင်
မြင့် ရောက်လာပြီး ရန်ဖြစ်တဲ့ကောင်တွေ အကုန် ခုန်ပေါ်တက် လက်ပိုက်နေဆိုလို့ ကိုချစ်ဖေ
လဲ အပစ်ပေးခံရတဲ့ထဲ အဆစ်ပါရသေး။
အဲ့ဒါနဲ့ နောက် ရှစ်တန်းလောက်မှာ မာမွတ်ကျောင်းက ထွက်ပြီး သူ့အဖေပိုင် သံလုပ်ငန်းကို ၀င်လုပ်ပါတယ်။ ကိုချစ်ဖေတို့ ၁၀ တန်းလောက်မှာ သူ့အိမ်က ပေးစားတဲ့ သူနဲ့ ဘာသာတူ ဆွေမကင်း မျိုးမကင်းကောင်မလေးနဲ့ အိမ်ထောင်ကျသွားပါတယ်။ နောက် ကိုချစ်ဖေလဲ မြို့က
နေထွက်ပြီး ၁၉၉၄ အိမ်ပြန်လာတော့ မာမွတ်က အတော်ပဲ စီးပွားဖြစ်နေပါပြီ ကိုချစ်ဖေက
တောမှာ စပါးကြိတ်တဲ့စက်လေးလုပ်တော့ လိုအပ်တဲ့ စက်ပစ္စည်းကို သူ့ဆိုင်မှာပဲ ၀ယ်ရတာ
ပါ မာမွတ်တို့ ဆိုင်က ပစ္စည်းမှန် ဈေးမှန်ဖြစ်ပြီး သူတို့ဆိုင်မှာမရှိရင်လဲ ဈေး မနာရအောင် ပစ္စည်းအမျိုးအစားသိအောင် အမြဲပြောပြပါတယ်။
ကိုချစ်ဖေကတော့ စဉ်းစားတာပေါ့ မာမွတ်က ငယ်ငယ်တုန်းကလဲ စိတ်ရှည်ပြီး သည်းခံတယ်
စိတ်ထားလဲကောင်းတယ် သူ့ဘ၀က ပုံမှန် အေးအေးချမ်းချမ်း လဲရှိပါတယ်ပေါ့ တကယ်တော့
ကိုချစ်ဖေက နောက်မှ သိတာပါ သူက ကိုချစ်ဖေတို့ မြို့က သူတို့ ဘာသာ ဘုရားကျောင်းဂေါ
ပက လူကြီး ဦးမာမွတ် ဦးမာမွတ်နဲ့ အားလုံးက လေးလေးစားစား ရှိကြတာဆိုပဲ။ ကိုချစ်ဖေက
တော့ ဘယ်ဘာသာ မို့ ကောင်းတယ် မကောင်းဘူးရယ် မဆိုလိုချင်ပါဘူး လူပုဂ္ဂိုလ်
အနေနဲ့ ပြောတာပါ။ စိတ်ရှည်သည်းခံတတ်တဲ့ သူငယ်ချင်းက ကြီးလာတော့လဲ သူ့ဘာသာ သူ
ရိုးရိုးအေးအေးနဲ့ သူ့မိသားစု ဘ၀လေးကို တည်ဆောက်နေတာပါပဲ။ နောက် ကိုချစ်ဖေတို့ မြို့
ကနေ ဂေါပကလူကြီးတွေထဲက လူရွေးပြီး ဘုရားဖူး လွှတ်တော့ သူပါသွားပါတယ်။ ကိုချစ်ဖေ
က နောက်တော့ သူပြုံးနေတယ်။ ဟိုး..ငယ်ငယ်တုန်းက ပြုံးတဲ့ အပြုံးမျိုး။ ကိုချစ်ဖေက တော့
ကျွတ်ဆပ်ဆပ် မာကျောကျော မဟုတ်ရင် မတရားရင် မတတ်သာလို့သာ ငြိမ်နေရင် ငြိမ်နေရ
မယ် အခွင့်သာတာနဲ့ ပြန်ပြောဖို့ ပြန်တုန့်ပြန်ဖို့ အမြဲ တွေးမိနေတတ်တော့ ပြဿနာ အလီလီ
နဲ့ သူ။ သြော် တွေးမိတာပါ ဘ၀ဆိုတာ ရိုးရိုး သားသား စိတ်ရှည်ရှည် နဲ့ ဖြတ်သန်းရင်လဲ ရ
ပေသား ကလားပေါ့ဗျာ။
နောက် သူငယ်ချင်းတယောက် ကတော့ အဲ့ဒီငါးတန်းတုန်းက စသိတာပါပဲ။ သူက ပန်းချီသ
မား သူ့ မှာ ပုံဆွဲတဲ့ ဗလာစာအုပ်သက်သက်ရှိတယ် အဲ့ဒီထဲမှာ ပုံလေးတွေ သူအမြဲဆွဲပါတယ်
သူ့ ဆွဲတဲ့ ပုံလေးတွေကို ကိုချစ်ဖေက သဘောကျ အထင်ကြီးရင်း ခင်သွားကြတာ သူက စာ
ရေးရင် လဲ အမြဲ သေသေသပ်သပ် အင်္ကျီအ၀တ်အစား ၀တ်ရင်လဲ သေသေသပ်သပ် သူက
စကားပြောလဲကောင်းတဲ့သူ သူ့ဘေးမှာ သူငယ်ချင်းတွေက အမြဲဝိုင်းပြီး သူပြောတာ နား
ထောင်နေရသူမျိုး အင်္ဂလိပ်ရုပ်ရှင်ကား အတူတူကြည့်ကြတာခြင်း အတူတူ တလုံးမှ နားမ
လည်တာခြင်းလဲ အတူတူ သူပြန်ပြောပြတဲ့ အင်္ဂလိပ်ရုပ်ရှင်ဇတ်ကားကို အားလုံးက နားထောင်
ရလောက်အောင် ပြောတတ်တာမျိုး ကလေးဘ၀ထဲက ဇ က ရှိတာ။ သူ့နာမည်က ဇော်မင်း။
တနေ့တော့ သူက ကျောင်းကို ကျောက်ခဲလို အတုံးလေး တတုံး ယူလာပါတယ် အခြား ဘယ်
သူ့ကိုမှ မပြပဲ ကိုချစ်ဖေကို ပြပါတယ် အဲ့ဒါ မင်းသိလား ဆေးသကြားတုံး ကွ သောက်ရေ အိုး
ထဲကို စိမ်ထားရင် ရေချိုတယ် အဲဒါ ငါတို့ အတန်းထဲက သူတွေ ရေချိုချိုသောက်ရအောင် မင်း
နဲ့ ငါနဲ့ သောက်ရေအိုးထဲကို ထည့်ထားမယ် မင်းဘယ်သူ့မှ မပြောနဲ့ အဲ့ဒါနဲ့ သောက်ရေအိုး နှစ်
အိုး ထဲကို ကိုချစ်ဖေနဲ့ သူနဲ့ အတူ ဆေးသကြားတုံးလေးကို စိမ်ထားလိုက်တယ်။ အိုးနှုတ်ခမ်း
စပ်ကို ဆေးသကြားမြန်မြန်ပျော်အောင် လက်နဲ့ ပွတ်ပေးလိုက်သေး။
နောက် သိပ်မကြာပါဘူး သောက်ရေချို တယ် သောက်ရေချိုတယ်ဆိုပြီးသောက်လိုက်ကြ ခ
ဏနေ အိမ်သာကိုပြေး ဆီးစွန့်လိုက်ကြနဲ့ ဆေးသကြားက ဆီးရွှင်တယ်ဆိုပဲ။ အဲ့ဒီလိုနဲ့ သိပ်မ
ကြာဘူး ဒါဘယ်သူလုပ်တာလဲ ဆိုပြီး နားမလည်ပါးမလည်နဲ့ လုပ်ရလား အားလုံး ဒုက္ခရောက်
ကုန်ရင် ဘယ်လိုလုပ်မလဲ ဆိုပြီး ဆေးသကြားတရားခံကို ရှာပါလေရော မဖေါ်ရင် တတန်းလုံး
ကို ရိုက်မယ် အမှန်အတိုင်း ၀န်ခံရင် အပြစ်ကို လျှော့ပေးမယ် ဆိုတော့ တရားခံ ကိုချစ်ဖေတို့
နှစ်ယောက်လဲ တယောက် သုံးချက်စီ အရိုက်ခံရ ပါလေရော။
ခုတော့ အဲ့ဒီသူငယ်ချင်းက သစ်တောဌါနမှာ တောခေါင်း လုပ်ရတာ သူများ မသထာရေစာပေး
တာကျွေးတာစားရလို့ ဆိုပြီး အလုပ်ကထွက်ပြီး ၀ိပဿနာ အားထုတ်ရင်း ဘုန်းကြီးအပြီးဝတ်
သွားပါပြီ။ တကယ့်ကို အပီအပြင် ဘုန်းကြီးစာလိုက် တရားအားထုတ် ဓမ္မာစရိယတန်းအောင်
အောင်လုပ်ပြီး တောရွာလေးတရွာမှာ ရိပ်သာထောင်မယ်လို့ ရည်ရွယ်ထားတယ် လို့ ကိုချစ်ဖေ
ကို အဲု့ဒီတုန်းက ပြောပြပါတယ်။
ခု..ရက်ထဲကြမှ ငါးတန်းတုန်းက ငယ်သူငယ်ချင်း နှစ်ယောက်ကို သတိယနေမိတာ။ ကိုချစ်ဖေ
နဲ့ ခုချိန် ပြန်တွေ့ ရင် ချစ်ဖေ မင်းကတော့.. အရင်တုန်းက လိုပဲ..အရင်တုန်းကလိုပဲ လို့ ပြောခံ
ရဦးမလားမသိ။
မပြောချင်ပါဘူးဗျာ
သူများတကာတွေ စိန်ကောင်းကျောက်ကောင်းရောင်းတဲ့ထဲ ဆေးရိုးသယ်က ကန့်လန့် ကန့်လန့် လို့ပြောခံရဦးမယ်
ဒါ့ကြောင့်ပြောတာ ပြည်ပအားကိုး ပုဆိန်ရိုး အဆိုးမြင်ဝါဒီတွေလို့ ထပ်အပြောခံရဦးမယ်
ရာဇပုလ္လင်ဖင်ကပ်ပါလာတယ်လို့ပဲပြောပြော စိုင်ကော်လို့ ခြုံပေါ်ရောက်တယ်ပဲပြောပြော
မိုးပေါ်က ကျလာတဲ့ ကြိုတင်မဲတွေနဲ့ အမတ်ဖြစ်တယ်ပဲပြောပြော အမတ်တော့ အမတ်ဖြစ်တာပဲလေ
ဒီတခေတ်မှာ အမတ်ဖြစ်တယ်ဆိုကတည်းက အမတ်ဖြစ်တယ်လို့ မှတ်ပေါ့ဗျာ
ခုတော့..ထစ်ကနဲဆို ကောင်းတယ်လို့ တခါမှ မပြောကြဘူး လို့ပဲဆိုဆို..
မပြောချင်ပါဘူးဆိုကာမှပဲ မနေနိုင်မထိုင်နိုင်ပြောမိပြန်တယ်ဗျာ
ဟိုစကားပုံလို..
ယိုသူမရှက် မြင်သူရှက် လို့ ဆိုပြန်ရင်လဲ ပြောခံရဦးမယ် ငါ့တို့ အမတ်မင်းဆိုတာ ပြည်သူ့ ကိုယ်စား ကိုယ်စားလှယ်တွေကွ
မင်းလို တိုင်းတပါးကျွန် အဲ ကိုယ့်တိုင်းပြည်မှာ ကိုယ်လုပ်ကိုင်မစားပဲ တိုင်းတပါးမှာ ကျွန်သွားခံတဲ့ သူမဟုတ်ဘူးကွ လို့ အပြော
ခံရမယ် ဆိုရင်လဲ ခံရပေတော့မယ်.
ဒီလိုပါ
ဧရာဝတီက တင်ထားတဲ့ ကြက်ပြေးနေပြည်တော်က အမတ်မင်းတွေရဲ့ ဓါတ်ပုံတွေကိုသာ ရှု့စားပါတော့ဗျာ.
ဘယ်က ဘယ်လို ဥပဓိရုပ်တွေလဲဆိုတာတော့..ဗျာ သိတယ်မှလား..
ကချစ်ဖေတို့က နေရာစုံ လပ်လျှားလပ်လျှား လျှောက်သွားဘူးသူဆိုတော့ ပြောရရင်..အဲ..
ဟို..
ဒီ..က ခေါင်း(ဆောင်)တွေလိုလို ဘာလိုလိုဗျာ.
ဗမာစကားတလုံးမှ မတတ်တဲ့ နိုင်ငံခြားသားတယောက်ယောက်ကို ပြ ကြည့်ရင်လဲ
ဘာပြောမလဲ.
သိကြတယ်မှလား..
မပြောချင်တော့ပါဘူးဗျာ..
လူမှာ အ၀တ် တောင်းမှာအကွပ်တဲ့
နဂိုရှိမှ နကိုင်းထွက် သတဲ့..
သြော်..ကြားလို့မှ မတော်..
ဒီလူတွေက လူထု ကိုယ်စားလှယ်တဲ့ဗျာ.ဘယ်သူဘယ်ဝါရယ်တော့ မသိရပါဘူး ပုဂ္ဂိုရေး တိုက်ခိုက်တာလဲမဟုတ်ပါဘူး
ဒါပေမဲ့ဗျာ.
ရှက်စရာကြီး....

ကြက်ဥနဲ့ အကြော်
(၁)
ဟေ့ကောင် ချစ်ဖေ
ဗျာ
ယောက်ကျားက ယောက်ကျားပီပီ ပြတ်ပြတ်သားသား ရဲရဲ ရင့်ရင့်ပြောစမ်းပါ ဘာပတ်ချွဲ နပ်ချွဲ
လုပ်ပြောနေတာလဲ
ဗျာ..ဟုတ်ကဲ့ ဦးလေး
အေး..မင်းမှတ်ထား ငါဘယ်တော့မှ မဟုတ်တာမလုပ်ဘူး မမှန်တာမပြောဘူး ငါ့ထမင်းကို ငါရိုး
ရိုးသားသားရှာစားတယ် ဘယ်သူ့ဆီကမှ လက်ဖြန့်တောင်းမစားဘူး..
ဗျာ..ဟုတ်ကဲ့ဦးလေး သိပါတယ်ဗျာ
ဟေ့ကောင်..လူကြီးက မင်းတို့ ဘ၀မှာ အဲ့ ၀ထ္ထုဆန်ဆန်ပြောရရင် မင်းတို့ဘ၀ခရီးရှည်ကြီးကို လျှောက်တဲ့နေရာမှာ အလေ့အကျင့်ကောင်းတွေ ရစေချင်လို့ပြောတာကွ ငါ့ကို မငေါ့နဲ့
ဟုတ်ကဲ့ မငေါ့ပါဘူးဦးလေး
ငါ့ကိုကြည့် ငါအကြော်ကျော်တယ် ငါ့ဖောက်သည်တွေ ငါကိုယ်တိုင်ပို့တယ် ငါ့အကြော်ကို သူ
များ အကြော်တွေနဲ့ ယှဉ်လိုက်ရင် မကြီးတောင်မှ မငယ်စေရဘူး အမြတ်အများကြီး ငါ့အတွက်
မကျန်ပေမဲ့ ငါ့အလုပ်ကို ငါဂုဏ်ယူတယ်
ဟုတ်ကဲ့ဦးလေး ဦးလေးအလုပ်ကို ကျနော်လဲ သဘောကျဂုဏ်ယူပါတယ်
ဟေ..ဘာဖြစ်လို့လဲကွ
ဒီလိုပါ ကျနော်က မုန်ဟင်းခါးစားရင် အကြော်မပါပဲ စားရရင် အရသာ မတွေ့ပါဘူး အကြော်ပါမှ အကြော်ကျွတ်ကျွတ်လေးရယ် မုန်ဟင်းခါးရည်လေးရယ် မျှောချပြီးစားရတာ ကို သဘောကျ တော့ ဦးလေးတို့လို အကြော်ကျော်မဲ့သူတွေ မရှိရင် ကျနော်အတွက် အခက်ပါ ဒါ
ကြောင့် ဦးလေးအလုပ်ကို ကျနော်လဲ သဘောကျပါတယ် ဦးလေးရဲ့ ရိုးရိုးသားသား အကြော်ကို စားရလို့လဲ ဂုဏ်ယူပါတယ်
အေး..ချစ်ဖေ..မင်းကတော့ စကားပြောရင် ရိတိတိ ငေါ့တော့တော့နဲ့
ဗျာ မဟုတ်ပါဘူး ဦးလေး ကျနော်မငေါ့ပါဘူး တကယ်ပြောတာပါ
အေး..ဘာဖြစ်ဖြစ် ပြတ်ပြတ်သားသား ပြော ရိုးရိုးသားသားလုပ် ကွ
ဟုတ်ကဲ့ခင်ဗျာ ကျနော် ရိုးမြေကျ ဦးလေးစကားကို မှတ်သားထားပါ့မယ်.
ဟေ့ကောင် လုပ်ပြန်ပြီ..
ဦးလေး ..ကျနော့် အရိုးမြေကျပြီးတော့ ထိမှတ်ထားမယ်လေ. နောက်ပိုင်းတော့ ကျနော်လဲ မ
မှတ်နိုင်တော့ဘူး.ပေါ့..
မင်းကတော့ လုပ်ပြန်ပြီ..အေးအေး..ဘာပဲဖြစ်ဖြစ် ညနေကျောင်းဆင်းရင် ငါတို့ ခြင်းဝိုင်းကိုလာ
ခဲ့ ကိုယ်လက်လှုပ်ရှား တာ ထမင်းစားကောင်း အိပ်ပျော်တယ်ကွ.
ဟုတ်ကဲ့ဦးလေး ကျနော်မှတ်စုထဲမှာ မှတ်ထားလိုက်ပါ့မယ်
ဟာ..ဒီကောင်..သွားသွား..ကျောင်းတက်ချေ.
ဟုတ်ကဲ့ခင်ဗျ..ဟုတ်ကဲ့ခင်ဗျ
ဟေ့ကောင်ချစ်ဖေ
ဟေ
မင်းဘာတွေ ယဉ်ကျေးနေတာလဲ
ဟေ.တင်စိုး တို့ ရပ်ကွက်ထဲက ဦးလေး ဦးထွန်းရင်ကွာ ငါ့ကို ဆုံးမနေတာ သူက ရပ်
ကွက်ထဲမှာ ဘယ်သူနဲ့မှ အဆင်မပြေဘူးကွ သူက သူ့စိတ်ထဲမှာ တွေ့တဲ့အတိုင်းပြော
တော့ လူတွေက သူ့ကို လန့်ကြတယ် သူကတော့ အဲ့ဒီလိုပြောတတ်တာကိုပဲ ယောက်ကျား
ကောင်း လို့ ထင်နေတာကွ ဂုဏ်ယူနေတာ အဲ့ဒါ ငါ့ကို ဆုံးမနေတာ သူ့ယောက်ကျားကောင်း
ကြီးကလဲ မလွယ်ပါဘူးကွာ အရိုက်ခံရကိန်း ဟိုတနေ့က တို့ ရပ်ကွက်ထဲက ယောက်ကျားစိတ်
ပေါက်နေတဲ့ ကောင်မလေးမိညိုကို ပြောနေတာ မိညိုနဲ့ ရန်ဖြစ်ရောကွာ ရိုက်မယ်ပုတ်မယ်
တောင်ဖြစ်တယ်
ဦးလေးဦးထွန်းရင်က မိညိုကို နင်က မိန်းကလေးပဲ မိန်းကလေးလို မနေပဲ ယောက်ကျားလေး
လို ဘာနေစရာလဲတဲ့ နင်ယောက်ကျားလေးလိုနေတော့ကော ရုပ်ရှင်ရုံမှာ အပေါ့သွားရင် မိန်းကလေး အိမ်သာဖက်ကိုပဲ သွားရတာပဲမဟုတ်လားတဲ့ နင် စစ်ထဲဝင်ချင်ရင်ကော စစ်ထဲက
လက်ခံမလားတဲ့ (အဲ့ဒီတုန်းက..ပြောတာနော) အဲ့ဒါနဲ့ မိညိုနဲ့ ရန်ဖြစ်တာ လူကြီးက လူကြီးနေရာ မနေဘူး ကိုယ့်ဘာသာကိုယ်နေတာ ဘာဖြစ်လဲ ဘာညာနဲ့ စကားကို များကြတာ
အေးလေကွာ မှန်တိုင်း ပြတ်ပြတ်သားသားပြောတိုင်း တဖက်သားနဲ့ ရန်ဖြစ်ရရင် ဘယ်ကောင်း
မလဲ
ဟုတ်ဘူးကွ..ဦးလေးဦးထွန်းရင်က အဲ့ဒီလိုပြောလို့ ဘယ်သူနဲ့ ရန်ဖြစ်ရတာ ဘယ်သူက စိတ်ဆိုးသွားတာဆိုပြီး မှတ်ထားပြီး နောက်လူတွေကိုပါ ထပ်ပြောပြနေသေးတာ အဲ့ဒါ ငါ့ကိုလဲ
သူ့လိုမျိုး အမှန်တွေ့ရင် အမှန်အတိုင်းပြော ဘယ်သူ့မှ ဂရုမစိုက်နဲ့ လူချို စိတ်ကောက် လူ
ဖြောင့် စိတ်တို တဲ့ သူနဲ့ တွေ့ရင် သတိထားနေရတယ်.ချိုချိုသာသာပြောတတ်ရင် စိတ်ပုတ် စိတ်ကောက် တတ်တဲ့သူ ဖြောင့်ဖြောင့်ပြောတတ်တဲ့သူက စိတ်တိုသလိုလိုရှိပေမဲ့ တကယ်တော့ ကောင်းတယ်ဆိုပဲကွ..
(၂)
ဟေ..
ကလေး.. ချစ်ဖေ
လာပြီလာပြီ.
သားလေး လာလာ
ဒီမှာထိုင်
ဒေါ်ဒေါ်တို့ မကြားလိုက်လို့ကွယ်. ဘယ်အချိန်ထဲက အော်ခေါ်နေတာလဲ
အော်..ဒေါ်ဒေါ် မကြာသေးပါဘူးခင်ဗျာ ခုပဲ တခွန်းနှစ်ခွန်းပဲ ရှိပါသေးတယ်..
မေမေက ဒေါ်လေးသိန်းဆီမှာ ကြက်ဥ ၀ယ်ခိုင်းလိုက်လို့ပါ
အော်..ကလေးရယ် ရပါတယ်ကွယ်.
ခု..အိမ်ကနေတန်းလာတာလား မြို့ထဲကအပြန်လှည့်ဝင်လာတာလား အမောပြေ အအေးလေး
တခုခုသောက်ပါဦးလား
ဒေါ်ဒေါ် ကျနော်အိမ်ကနေလာတာပါ မသောက်တော့ပါဘူး
အေးအေး ဒါဆို ဒေါ်ဒေါ်တို့ လယ်ထဲမှာ စိုက်တဲ့ မြေပဲလှော်လေး စားရင်း
ဒေါ်ဒေါ်ကြက်ဥသွားယူတာလေး စောင့်နော်
ဟုတ်ကဲ့ ဒေါ်လေးသိန်း
ကလေးက ဘယ်နှစ်လုံးယူမှာလဲကွယ်
ဆယ်လုံးပါဒေါ်ဒေါ်
အေးအေး..ဒေါ်လေးသွားယူလိုက်ဦးမယ် ခွင့်ပြုဦးနော်
ဟုတ်ကဲ့ ဒေါ်လေး.
ဒီမှာ မောင်ချစ်ဖေရေ
ဒေါ်လေး တလုံး အပိုထည့်ပေးလိုက်တယ်နော်
ကြက်ဥက ဖေါက်သယ်သွားသွင်းမဲ့ အထဲက အကြီးဆုံးတွေ ရွေးပေးလိုက်တယ်နော်
ဟုတ်ကဲ့ဒေါ်ဒေါ်
ဦးရာလူ စနစ်ပေါ့ကွယ် သားလေးက အရင်လာဝယ်တော့လဲ သားလေးကို အရင်ပေးရတာ
ပေါ့ နော် တလုံးအပိုပေးတာကတော့ ဖေါက်သည်ဈေးနဲ့ မကွာအောင်ကွဲ့ သားတို့ ဆွမ်းလောင်းတော့လဲ ဒေါ်လေးနဲ့ အတူ ကုသိုလ်ဖြစ်တာပေါ့ကွယ်.
ဟုတ်ကဲ့ ဒေါ်လေး ကျေးဇူးတင်ပါတယ်
အေးအေး သားလေး လမ်းမှာ စက်ဘီးတွေ ကားတွေ ကြည့်သွားနော်
ကလေးမေမေကိုလဲ သတိရနေပါတယ် နေကောင်းလားလို့ မေးတယ်လို့ ပြောလိုက်ပါနော်
ဟုတ်ကဲ့ ဒေါ်လေး ပြောလိုက်ပါ့မယ်..
ဟေ့ကောင်ချစ်ဖေ
ဘာတွေပြောလိုက်ပါမယ် လုပ်နေတာလဲ
ဟာ..ဆန်နီ ဘယ်ကပြန်လာလဲ ငါကြက်ဥလာဝယ်တာကွာ
ဟုတ်လား
အေး အဲ့ဒီအဒေါ်ကြီးက အရမ်းကို ယဉ်ကျေးတာကွာ ငါသူ့အိမ်မှာ ဈေးသွားမ၀ယ်ချင်ဘူး အမေက လွှတ်လို့သာလာရတာ သူ့အိမ်ရောက်ရင် ငါမနေတတ်ဘူးကွာ တအားယဉ်ကျေး
ပြီးဖေါ်ရွေတော့ အားနာသလိုလို ဘာလိုလို ငါအမေ့ကို ပြန်ပြောတိုင်း
အမေကတော့ ရီ(ရယ်)နေတာပဲကွ ငါလဲ အမေ့ကြောက်လို့သာ လာရတာ ဒီအဒေါ်ကြီးဆီ
လာဈေးဝယ်တိုင်း ဘာအားနာနေမှန်းမသိပါဘူးကွာ အဲ ဘယ်လိုနေရမလဲ မသိပါဘူးကွာ
သူက တမင်တကာ ယဉ်ကျေးပြနေတာတော့လဲ မဟုတ်ဘူးကွ အားလုံးကို သူက အဲ့ဒီလိုပဲ
ဆက်ဆံတယ်
အေး..ချစ်ဖေ ငါလဲ အဲ့ဒီလိုပဲ အဲ့ဒီဒေါ်လေးသိန်းဆီမှာ ဈေးသွားမ၀ယ်ချင်ဘူးကွ
ဦးလေး ဦးထွန်းရင်ကြီးစကားနဲ့ဆို ဒေါ်လေးသိန်းက စိတ်ကောက်စိတ်ပုပ် တဲ့သဘောပေါ့ကွာ
ငါတော့ အဲ့ဒီလိုမထင်ဘူးကွ သူဘာသာ နဂိုအတိုင်းပြောတာပဲ ထင်တယ်
အေး..ချစ်ဖေ ငါ့ကိုတော့ ဦးလေး ဦးထွန်းရင်က ပြောဘူးတယ် ဒေါ်လေးသိန်းက နှုတ်ကသာ
ချိုတာပါတဲ့ ရွှေပေါင်တိုးကျတော့ မလျှော့ဘူးဆိုပဲ
ငါထင်တာတော့ ဒေါ်လေးသိန်းက အလှုအတန်းဆိုလဲ လက်မနှေးပါဘူး ရပ်ရေး ရွာရေးဆိုလဲ
ပါတာပါပဲ
မသိတော့ပါဘူးကွာ.ဒေါ်လေးသိန်းကို ငါစသိထဲက ဒီပုံစံပဲ ဦးလေး ဦးထွန်းရင်လဲ ဒီပုံစံပဲကွ
မေမေပြောတာတော့ ဒေါ်လေးသိန်းက သူတို့ ငယ်ငယ်ထဲက ဒီလိုပဲတဲ့ မေမေကတော့ မမသိန်း လို့ ခေါ်တယ်ကွ.
ဦးလေးဦးထွန်းရင်ကတော့ လူဖြောင့် စိတ်တိုပါတဲ့။
အေး..ကွာ မပြောတတ်တော့ပါဘူး။။
တကယ်လဲ မပြောတတ်ခဲ့ပါဘူး
ကိုချစ်ဖေတို့လဲ အသက်တွေကြီးလာ ဦးလေးဦးထွန်းရင်လဲဆုံး ဒေါ်လေးသိန်းလဲ ဆုံးသွားပါပြီ
ဒေါ်လေးသိန်းဆုံးတော့ အသက် ငါးဆယ်မပြည့်သေး ဦးလေးဦးထွန်းရင်ကတော့ အသက်ကြီး
တဲ့အထိကျမ်းမာရေး ကောင်းမှကောင်း ဖျားခြင်းနာခြင်းမရှိ အပေါ်အင်္ကျီလဲ တခါမှမကပ် ဖြစ်မဲ့
ဖြစ်တော့ တခါပဲ ဖျားပါတယ် တခါထဲ ဆုံးရှာပါတယ် ဒေါ်လေးသိန်းကတော့ တရှောင်ရှောင်
ကနေ ဆုံးတာပါ
ကိုချစ်ဖေလဲ တခါဘူးမျှ မတွေးမိခဲ့ပါဘူး အသက်လေးရလာတော့ ကိုယ့်ဘ၀မှာ မိတ်ဆွေတု
တွေ မိတ်ဆွေစစ်ချင်ယောင်ဆောင်သူတွေ ပတ်ဝန်းကျင်ဆိုးတွေနဲ့ နေရတော့မှ ကိုယ့်ကြုံခဲရ
တဲ့ ကိုယ့်အပေါ် ချစ်ခင်သူတွေ သနားဂရုနာသက် ဆုံးမသူတွေ ကြင်ကြင်နာနာ ဆက်ဆံသူ
တွေကို ပိုပိုသတိရလာတာမျိုးလား မသိပါဘူး။ မသိရင်လဲ မဖြစ်တော့ပါဘူး ရွှေရတုမွေးနေ့
တောင်နီးပြီပဲ ချစ်ဖေရယ်နော။
လွန်ခဲ့တဲ့နှစ်ပေါင်း ငါးဆယ်လောက်က လူငယ်တွေကြားမှာ သဘောကျနှစ်ခြိုက်စွဲလမ်းခဲ့ကြ
တဲ့ အချစ်ဝထ္ထုဇာတ်လမ်းလေးထဲက နာမည်ကြီး စကားလို “မောင်နဲ့ ခိုင်တို့ရဲ့ ဘ၀ဟာ နှစ်
လွှာပေါင်းမှ တရွက်ရယ်ဖြစ်ရတဲ့ စွယ်တော်ရွက်လေးလိုပါ တယောက်မရှိရင် မဖြစ်နိုင်ပါဘူး
မောင်” တဲ့ အဲ့ဒီဝထ္ထုက ကိုချစ်ဖေတို့ ခေတ်မှာတော့ ဂန္တ၀င်အဖြစ်ကျန်ရစ်နေတဲ့ ၀ထ္ထုတပုဒ်
ရယ်ပါ။ ဒါပေမဲ့ အဲ့ဒီ ဇတ်လမ်းထဲက ဇတ်လမ်းကို အဓိက မှတ်မိစေတဲ့ နိမိတ်ပုံတွေထဲက
စွယ်တော်ရွက် က ထင်ထင်ရှားရှားရယ် ဖြစ်ကျန်ခဲ့သလို တခါတလေ ကိုယ့်ကိုကိုယ် ပြန်တွေး
ကြည့်တော့ ပြုံးချင်ချင်ရယ် ကိုယ့်ဘ၀ကလဲ စွယ်တော်ရွက်လို။
ဆိုင်လား မဆိုင်လားတော့မသိပါဘူး ကမ္ဘာလုံးဆိုင်ရာ စီးပွါးပျက်ကပ်ကြီးကလဲ ကိုချစ်ဖေတို့
ကို ဘယ်ချန်ထားပါ့မလဲ အလုပ်တွေက လူကိုလျှော့လိုက်တာ လုံးဝပိတ်လိုက်တာ အလုပ်ချိန်
လျှော့ချလိုက်ရတာတွေကြားထဲမှာ ကိုချစ်ဖေတို့ လူသိုက်တွေလဲ ဘယ်ခံနိုင်ပါ့မလဲ ငှက်က
လေးတွေ အစာလုကောက်ရသလို တနေရာထဲမှာ အစာမရ အစာမ၀တော့ နောက်တနေရာ
မှာ အစာရတယ်ဆို ၀ုန်းဆို ၀ိုင်းတိုးကြ လုကြ တွန်းမိကြ တိုက်မိကြ ဆိပ်မိကြ ဖြစ်ရသကိုး။
ကိုချစ်ဖေလဲ အဲ့ဒီထဲမှာ အလုပ်က အချိန်ပိုင်းလေး တခုနဲ့ မလောက်ငှတော့ အစိုးရဆီကလဲ
တောင်းမစားတတ်တော့ နောက်ထပ်အလုပ်လေးထပ်ရှာ အလုပ်လေး ၂ ခုပေါင်းတော့ အလုပ်
တခု ဖြစ်သွားရတာကို တွေးမိတော့ ငယ်ငယ်တုန်းက စိတ်ကူးယဉ်အချစ်ဝထ္ထုထဲက စွယ်
တော်ရွက်လေးကို သွားသတိရမိတာပါ။ အလုပ်တွေသိပ်များနေလို ပိုက်ဆံတွေ သိပ်ရနေပြီ
လို့တော့ မထင်ပါနဲ့ သူလိုကိုယ်လို အချိန်မှီလေး စားနိုင်အောင် လုံလောက်ရုံပါ။ ဒီကြားထဲမှာ
ကိုယ်ဝါသနာပါတဲ့ ဘလော့လည်တာ စာလိုက်ဖတ်တာ မလုပ်နိုင်တော့ပဲ သတင်းခေါင်းစဉ်
လေး ပြေးကြည့် ပြီး အချိန်လုနား အိပ် စား စားဖို့ သွားဖို့ပြင်နဲ့ တနေ့ပြီးတနေ့ ဖြတ်သန်းနေရ
တာပါ ခုတောင် အိပ်ချိန် မျက်လုံးကြောင်နေတာရယ် နဲ့ ပြောချင်တာလေး စာကောက်ရေးရ
တာပါ။
သနားစရာ မကောင်းလားဗျာ။ မသနားလိုက်ကြပါနဲ့ စစ်မှုထမ်းခွင့်ကနေ အသက် ကကျော်
သွားတော့ ၀မ်းသာလိုက်ကြပါတော့။ မြန်မာနိုင်ငံသားတွေထဲမှာ စစ်မှုထမ်းဖို့ အသက်က
ကျော်သွားတာကို တွေးမိရင်း အသက်ကျော်တဲ့သူတွေလဲ ပျော်နိုင်မယ်တော့မထင်ပါနဲ့ တခု
ခု တော့ လာဦးမှာ။
ကိုချစ်ဖေ တို့ ထောင်ထဲမှာနေရတုန်းက ရဲဘက် ရဲဘက် ရဲဘက်သွားရမယ် လူတိုင်း လူတိုင်း
နိုင်ငံရေးမှု့ကလွဲလို့ ဆိုပြီဆို အကျဉ်းသားတွေ အကုန် မျက်ကလဲဆန်ပြာ ဖြစ်ကြပြီ ရဲဘက်ဆို
တာက မသိတဲ့သူတွေအတွက်က အရေးသိပ်မပါပေမဲ့ သိတဲ့သူအဖို့ကတော့ သေဒါဏ်ကျသ
လို အခန့်မသင့်ရင် တော်တော်များများ က အိမ်ပြန်မရောက်တော့ဘူး ထွက်ပြေးရင် ပစ်သတ်
ပြန်မိရင် ရိုက်သတ် ပစ်သတ် မပြေးပဲနေပြန်တော့ ထမင်းကမ၀ ရာသီဥတုကဆိုးနဲ့ သေ ဆို
တော့ မိသားစုရှိတဲ့သူတွေဆို တွေးကြည့်ပါဗျာ ရှေ့တန်းစစ်မြေပြင်မှာ မိုင်းရှင်းခံရနဲ့။
တချို့ကတော့ပြောမှာ ရာဇ၀တ်သားတွေပဲ သေလဲ နောက်လူတွေ မှတ်သွားတာပေါ့ လို့ ပြော
ကောင်းပြောကြပါမယ် ဒါပေမဲ့လို့ တကယ်လို့ ရာဇ၀တ်သားတွေက တရားသဖြင့် ပြစ်ဒါဏ်ကို ကျခံရတယ်ဆို ခံသာသေးတာပေါ့ဗျာ။ ရပ်ကွက် လူကြီးက ဘီဘီစီနားထောင်တဲ့လူကို ညိုညင်
လို့ ချဲထီပစ်ဖမ်းပြီး ထောင် ၂ နှစ်ကျစေတာတို့ ကြက်တကောင်ခိုးချက်စားမိတာနဲ့ လူကြီးအိမ်
ကကြက်မို့ ထောင်တနှစ်ကျသွားတာတို့ ဆိုရင် အဲ့ဒီလူတွေ ရဲဘက်မှာ သေသွားတယ်ဆို ကိုယ့်မိသားစုထဲကဆိုရင် ဘယ်လို ခံစားရမလဲဗျာ။
တကယ်ပါ ကိုချစ်ဖေလဲ မြန်မာပြည်သားတွေ ဇတ်နာကြောင်း လုပ်ကြံပြောနေတာ မှိုင်းတိုက်
နေတာမျိုး မဟုတ်ရပါဘူး။ အစစအရာရာ အစိုးရမင်းများကို အသိပေးခွင့်ပြုချက်ရယူပြီးမှ လုပ်
ခွင့်ရ နေခွင့်ရတဲ့ အခြေအနေမျိုးမှာ လူကြီးက မကြည်ဖြူရင် “ မင်း စစ်မှုထမ်းခွင့် အဆိုပြုလွှာ
တင်ပြီးပြီလား ရုတ်ရုတ်ရုတ်ရုတ်မလုပ်နဲ့ အန်အယ်လ်ဒီ လိုလို အန်ဂျီအိုလိုလို မလုပ်နဲ့ ရှေ့
ကြည့် သတိအေးစေ သက်သာထဲပါသွားမယ် ခိုင်းတာလုပ် ခံ မပြောနဲ့ ကရင်ပြည်နယ်ကို ပို့
လိုက်မယ်” ဆိုတာမျိုး နဲ့ ချိန်းခြောက် ဗိုလ်ကျတော့မှာပါ။
အဲ့လိုဆိုလဲ တပ်ထဲလိုက်သွားမယ် ဟိုကျမှ သေနတ်ယူပြီးပြေးတာပေါ့ ဆိုတာလဲ တကယ်
တော့ လွယ်ပါ့မလား အရှေ့အနောက် ပထ၀ီမကြေညက်လို့ ပြန်ပြန်အဖမ်းခံရတဲ့ သူတွေ အ
များကြီးပါ။ အဲ့ဒီလို ရှေ့တန်းပို့တယ်ဆိုပြီး တပ်က သေနတ်ယူပြီး ထွက်ပြေးလို့ ပစ်သတ်လိုက်
ရတယ်ဆိုလဲ ရှေ့တန်းတောင် ရောက်မယ်မထင်။ လုပ်မယ်ဆိုရင် လုပ်လို့ ရနေတာကို ပြော
တာပါ လစ်ရင် လစ်သလိုလဲ လုပ်ပါတယ် ရက်စက်သလား ဆိုတာ ကြုံဘူးသူတွေသိပါတယ်။
မေးနေတာကမှ ကြာပါဦးမယ် သူတို့ ဖက်က လုပ်နိုင်ခွင့်တွေနဲ့တော့ ထပ်ချုပ်လိုက်ပါပြီ ကိုယ့်
ဖက်ကလဲ အဲ့ဒီလို အလုပ်ခံရရင် ဘယ်လို ဖေါက်ထွက်မယ် ဆိုတာကို အားလုံးနီးစပ်ရာရာကို
(ကွန်ယက် ခေတ်စားတော့ ကွန်ယက်လိုပေါ့) ပြင်ဆင်ထားကြရင် ကောင်းမယ်ထင်တယ်ဗျ
နော်။ ကိုချစ်ဖေတို့များ ကြောက်တတ်ရန်ကော မိုးဖြင့်မပြိုသေးဘူး ခြေထောက်က တထောင်
ထောင်နဲ့ လို့ ပြောရင်လဲ ခံရတော့မှာပါ။
လူတွေဆိုတာလဲ ကိုယ့်ပြဿနာကို ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ကြံဖန်ပြီး ရှင်းတတ်ကြတဲ့သူတွေ
ဆိုတော့ ပြဿနာအသစ်တွေနဲ့ ရင်ဆိုင်ရကိန်း ကြုံရကိန်း ဖြေရှင်းရကိန်းလဲ ဖြစ်လာမယ်ထင်
ပါတယ်။ လူတွေကို ကြက်ကလေး ငှက်ကလေးတွေလိုတော့ လုပ်ချင်တိုင်း လုပ်လို့ အမြဲတမ်း
တော့ ရနိုင်မယ်မထင်ပါဘူး။ လူတွေဖြစ်နေတာကိုး နော။ ရဲဘက် ပို့ပြီး ရိုက်သတ်လိုက်မယ်
လို့ ပြောတာ အုတ်ရိုးလေးဖက်အတွင်းမှာ သာပြောနိုင်တာပါ အပြင်မှာ စစ်ထဲသွင်းပြီး ရှေ့တန်း
ပို့ သတ်လိုက်မယ်ဆိုတာ လွယ်တော့ မလွယ်ပါဘူး။
ချိန်းချောက်လို့ ပိုကောင်းရုံ ညစ်ပတ်လို့ ပိုကောင်းရုံ နဲ့ မသိနားမလည်တဲ့ သူတွေကို စစ်ထဲဆွဲ
သွင်းရင် အဲ့ဒီဥပဒေကြီးနဲ့ အကြောင်းပြ နိုင်ရုံ လုပ်တာဖြစ်ပြီး ထောင်ထဲမှာလို လိုင်းဝင်နိုင်တဲ့
သူတွေ ရဲဘက်မှာ လူတွေကို စည်းရုံးပြီး ထွက်ပြေးနိုင်မဲ့ သူမျိုးတွေကို ရဲဘက်မပို့သလို ရပ်
ကွက်ထဲမှာလဲ လိုတမျိုး မလိုတမျိုး ဥပဒေအလျှော့အတင်းနဲ့ ညစ်ကြဦးမှာပေါ့ဗျာ။ ဒါပေမဲ့ လူ
ကြည့်လုပ်မှာပါ။ ထောင်ထဲမှာလဲ လူကြည့်လုပ်တာပါ။
ဒီတကြိမ် လွှတ်တော်ကတော့ အာဏာ တရားဝင်ဖြစ်အောင်လုပ်လိုက်ပြီး နောက်တကြိမ်
လွှတ်တော်ကတော့ အာဏာ အမြဲတမ်းမြဲအောင်လုပ်တာမျိုး ကော မဖြစ်နိုင်ဘူးလားဗျာ။
တပ်ချုပ်ကြီးက မြောက်ကိုရီးယားကို အားကြနေတာနော။ သူ့မြေးလေးကို စစ်အာဏာအမွေ
ပေးချင်လို့ တပ်ထဲ မ၀င်မနေရ စစ်မှုထမ်းဥပဒေအရ စစ်မှု့ထမ်းခိုင်း နောက် တပ်ကထွက် ကြံ
ဖွတ်မှာ ဥက္ကဌ တင် နိုင်ငံတော်သမ္မတ တင်ရင်ကော မရဘူးလားဗျာ။ တပ်ထဲကနေ့ အမြန်
ရာထူးတိုးနဲ့ တပ်ချုပ်ကြီးအမိန့် နဲ့ ကာကွယ်ရေးဦးစီးချုပ်ကလေးများ ဖြစ်လာလေမလား။
တပ်ချုပ်ကြီးလဲ သူမျိုးဆက်လေးကို သူရှင်သန်အောင်လုပ်ချင်မှာပေါ့ သူဒုက္ခပေးခဲ့တာတွေ
မှန်ကန်ကြောင်း နောက်သူ့မြေးလေးက ဆက်လုပ်သွားပါလိမ့်မယ်ဆိုတာမျိုး ခပ်တည်တည်
နဲ့ လုပ်လာရင် လုပ်လာမှာ။ သူက ဘယ်သူတွေ ဘာဖြစ်ဖြစ် ခပ်တည်တည်ပဲ နဲ့ အတည်ပေါက်
ပဲဗျနော။ ဟော..ခုကြည့် ပြည်သူတရပ်လုံးက တခဲနက် ရွေးကောက်တင်မြှောက်လိုက်တဲ့
လွှတ်တော်အမတ်တွေနဲ့ လွှတ်တော်ခေါ်တော့မယ် တဲ့ဗျားး။ မဲလိမ်တာတွေ မလိမ်ကြောင်း
ရွေးကောက်ပွဲ ကော်မရှင်က ဘက်မလိုက်ကြောင်း သက်သေတွေတောင် ပြနေလိုက်သေး။
ကျနော်တို့ကတော့ကော ရန်ကုန်ပြည်သူ့လွှတ်တော်အဟောင်းကြီးရှေ့က ပြည်သူ့ ရင်ပြင်မှာ ကိုဗဒင်ရဲ့ သီချင်းကိုသာ ပြေးဆိုလိုက်ချင်ပါတော့တယ်..တို့ကတော့ တို့ကတော့..လို့။
ကိုချစ်ဖေလဲ ခုရက်ထဲ ဘလော့လဲ မရေးနိုင် ဘလော့လဲ မလည်နိုင် အလုပ်လေးရှိတုန်း ဖိလုပ်
နေတာနဲ့ဗျား ဘလော့ မိတ်ဆွေ ညီအကိုမောင်နှမတွေနဲ့လဲ အဆက်ပြတ်နေပါတယ် တခါတခါ
သတင်းလေးအပြေးဖတ် ဆောင်းပါးတချို့တောင်မဖတ်အားလိုက်တာမျိုး ဆိုတော့ သိပ်တော့
လဲ မကောင်းပါဘူး ဒါပေမဲ့လဲ ကိုယ့်ဝမ်းနာ ကိုယ်သာသိ အလုပ်မရှိ အကိုင်မရှိနဲ့ တနှစ်ကျော်
ကျော်နေလာခဲ့တော့ အလုပ်လေးရတုန်း အပြေးလေးလုပ်နေမိတာပါ။ အဲ့ဒီလိုနဲ့ ဒီနေ့ နေ့သစ်
ဝက်ဆိုက်ကနေ ဆရာမ ခင်ငြိမ်းသစ်ရဲ့ ဆောင်းပါးလေး ဖတ်မိပြီး ကိုယ့် မိဘတွေ အဒေါ်တွေ
ဦးလေးဘကြီးတွေ ဆရာ ဆရာမတွေ ဦးလေး ဘကြီးတွေ အားလုံးကို သတိယတာရော တွေး
ပူမိတာရော အစုံ ခံစားရပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ဘ၀က လက်လှုပ်ရင် ပါးစပ်လှုပ်ရသေး
တယ် လက်လှုပ်လို့မှ ပါးစပ်မလှုပ်နိုင်သူတွေ ရဲ့ အဖြစ်တွေ ကြားရတိုင်း ငါတတ်နိုင်သလောက်
လုပ်နိုင် လောက်လေးတော့ ပိုလုပ်ရမယ် ဒါမှ ဖြစ်မယ် လို့ပဲ တွေးမိပါတယ် ကိုယ့်နိုင်ငံကို ကိုယ်က လွတ်မြောက်အောင် လွတ်လပ်သွားအောင် အားလုံးအဆင်ပြေ စိတ်ချမ်းသာအောင်
မျိုး ကိုယ်ကလုပ်နိုင်တဲ့ နိုင်ငံရေးသမားမှ မဟုတ်တော့တာကိုးနော.ဒီတော့ ဖတ်ရတဲ့ ဆရာမ
ခင်ငြိမ်းသစ်ရဲ့ ဆောင်းပါးလေးကို ပြန်လည်မျှဝေပေးပါတယ်။ ဖတ်မိပြီး ကိုယ့်မိဘဆွေမျိုးတွေ
ကို တတ်နိုင်သလောက် စောင့်လျှောက်နိုင်ကြပါစေဗျား။
( ခွင့်မတောင်းပဲ ကူးယူဖေါ်ပြမိလို့ ဆရာမခင်ငြိမ်းသစ် နဲ့ နေ့သစ်အဖွဲ့သားများကိုလဲ ကျေးဇူးတင်တောင်းပန်ပါကြောင်း။)
အခုတလော သတင်းတွေမှာ ပင်စင်စားတွေ အသံကို ကြားနေရပါတယ်။ တကယ်ကတော့ ပင်စင်ရငွေကို တိုးပေးသင့် တာ အတော်ကြာနေပါပြီ။ မြန်မာပြည်မှာ ငွေတန်ဖိုး အဆမတန် ဖောင်းပွနေတာက တော်တော် ကြာနေပါပြီ။ ငွေတ ရာ၊ ငွေနှစ်ရာ ဆိုတာက ကလေးမုန့်ဖိုးပဲရှိပါတယ်။
ကျမအဖိုးက သွင်းကုန်ထုတ်ကုန်လုပ်ငန်းက ညွန်မှူးရာထူးနဲ့ ၁၉၈၂ လောက်က ပင်စင်ယူခဲ့ပါတယ်။ အဲဒီ အချိန်က အဖိုးရဲ့ ပင်စင်လစာက ၃၀၀ ကျော်လောက်ရတယ်တဲ့။ အဖွားက ပြည်တွင်းအခွန်ကနေ ပင်စင်ယူလိုက်တော့ ပင်စင် လစာ ၂၀၀ နီးပါးရပါတယ်။ အဖိုးနဲ့ အဖွားက ပင်စင်စားတွေအဖြစ် ဘယ်သားသမီးဆီကမှ လက်ဖြန့်စရာ မလိုဘဲ သူ တို့ဖာသာ နေထိုင်စားသောက်နိုင်ပါတယ်။ အဲဒီခေတ်က နေ့စားတယောက်ကို ၃ ကျပ် ၈၅ ပြား ပေးတဲ့ခေတ်ပါ။ သား သမီးတွေက သိတတ်လို့ ကန်တော့ရင်တော့ ငွေပိုငွေလျံအဖြစ် လှူနိုင်တန်းနိုင်ပါတယ်။
ကျမ ဘကြီး ဘဏ်လုပ်ငန်းကနေ ပင်စင်ယူတော့ ၁၉၉၁ ခုနှစ်မှာပါ။ သူရတဲ့ ပင်စင်လစာ ငွေ ၆၀၀ ရာက သုံးမ လောက်တော့ သူ့ဇနီး စုဆောင်းထားတဲ့ ငွေလေးကို အရင်းအနှီးပြုပြီး အတိုးအများကြီးမယူဘဲ နှစ်ဦး နှစ်ဖက် အလုပ် ဖြစ်ယုံ ဈေးသည်တွေကို ငွေတိုးချရသတဲ့။ အဒီအချိန်က ဆန်တပြည်ကို ၂၅ ကျပ်လောက်ဖြစ်နေပါပြီ။ ထမင်းစားချိန် ဧည့်သည်လာရင် ထမင်းစားခေါ်ဖို့ ဝန်မလေးကြသေးပါဘူး။ ကျမ အဖွား အမြဲပြောပြောနေတတ်တာက ကမ္ဘာမှာ မြန် မာလူမျိုးက ဧည့်ဝတ်ကျေတဲ့ လူမျိုးတွေတဲ့။
ကျမအဖေ ပင်စင်ယူတော့ ၁၉၉၄ ခုနှစ်မှာပါ။ ကျမကျောင်းပြီးတဲ့ နှစ်မှာ အဖေ ပင်စင်ယူလိုက်ပါတယ်။ အဖေ့ ပင်စင် ငွေ ၆၀၀ ကျပ်နဲ့ ဘယ်လိုမှ မရပ်တည်နိုင်တော့ပါဘူး။ ကျမ လည်းကျူရှင်သင်၊ အဖေ လည်းကျူရှင်သင်တော့မှ ကျောင်းနေဆဲ မောင်နဲ့ ညီမ အဆင်ပြေပါတယ်။ လက်ဖက်ရည် တခွက်ကို ၃ ကျပ်လောက် ဖြစ်နေပြီဆိုတော့ လက် ဖက်ရည် အရမ်းကြိုက်တဲ့ ကျမ အမေ လက်ဖက်ရည်လျော့သောက်နေရပါပြီ။
၁၉၉၅ ကနေ ၂၀၀၁ အထိ ကျမက နိုင်ငံရေးအကျဉ်းသား အဖြစ်ထောင်ထဲမှာ ရှိနေစဉ် ၁၉၉၆ မှာ ကျမ အဖေဆုံးပါး သွားပါတယ်။ ဆက်လက်ခံစားပိုင်ခွင့်အဖြစ် ကျမ အမေက လစဉ် ငွေ ၃၀၀ ကျပ် ရရှိပါတယ်။ အမေကံကောင်းတာက ကျမရဲ့မောင်ရော၊ ညီမရော၊ အမကပါ၊ တဦးတည်း ကျန်သောမိခင်ကို စောင့်ရှောက်ကြလေတော့ အမေ မျက်နှာ မ ငယ်ရပေမဲ့၊ အကယ်၍ အဖေ့ ပင်စင်ငွေ ၃၀၀ ကျပ်နဲ့သာ အမေရပ်တည်ရမယ်ဆိုရင် ဘယ်လိုမှ ရပ်တည်နိုင်မှာ မ ဟုတ်ပါဘူး။ ဆန်တပြည်ကို ၅၀ ကျပ်နဲ့ ၆၀ ကျပ် ကြားထဲမှာ ရှိပါတယ်။ ကက အငှားယာဉ်တွေပေါ်ကာစဖြစ်လို့ ခရီး စနဲ့ ခရီးဆုံးကို ငွေ၂၀၀ ကျပ် ကျသင့်တဲ့အချိန်ပါ။
၂၀၀၃ မှာ ကျမ အမေဆုံးတော့ အမေမထုတ်ဖြစ်တဲ့ ပင်စင်လစာ ၆ လစာ ကျန်ခဲ့ပါတယ်။ တကယ်လို့သွားထုတ်မယ် ဆိုရင် ထောက်ခံစာ ယူရမယ်၊ သေစာရင်း အိမ်ထောင်စုစာရင်း ဘာညာလိုအပ်တာတွေနဲ့ မကာမိလို့ ကျမတို့ ညီအမ တွေလဲ ဒီအတိုင်းပဲ ထားလိုက်ပါတယ်။ အဲဒါက ကျမတို့ မိသားစု ရင်ဆိုင်ဘူးတဲ့ ပင်စင်စား ဘဝတွေပါ။ အဲဒီ အချိန် ရောက်တော့ ဆန်တပြည်တောင် ၅၀၀ ကျော်လောက်ရှိပါတယ်။ အမေရတဲ့ ငွေ ၃၀၀ ဟာ ကလေးမုန့်ဖိုးသာသာ ပါ ပဲ။
၂၀၀၈ ခုနှစ် ကျမတို့ မိသားစုလိုက် မြောက်ဒဂုံဘက်ကို ပြောင်းရွေ့ နေထိုင်ခဲ့ ရပါတယ်။ မန္တလေး လမ်းဈေးမှာ ကျမ ကြုံခဲ့ဘူးတဲ့ အကြောင်း ပြောပြချင်မိလို့ပါ။ မန္တလေးလမ်းထိပ်မှာ မနက် ၉ နာရီနဲ့ ၁၀ နာရီ ကြားဆိုရင် အသားခပ်လတ် လတ် အဝတ်အစားနွမ်းပါးပေမဲ့ သန့်သန့်ရှင်းရှင်းနဲ့ အဖွားကြီးတယောက် ဒန်ဖလား ပြောင်ပြောင်လေး ရှေ့ချပြီး ထိုင် နေလေ့ ရှိပါတယ်။ တခြားတောင်းစားသူတွေလို တဂျီဂျီနဲ့ တောင်းတာမျိုးမဟုတ်ဘဲ ငြိမ်ငြိမ်သက်သက် ထိုင်နေတာပါ။ ၁၀ နာရီကျော်လာရင် စစ်ကိုင်းလမ်းမှာရှိတဲ့ ကျမရဲ့ဆိုင်ဘက်ကို အမြဲလမ်းလျောက် လာတတ်ပါတယ်။ တခါကတော့ ကျမဆိုင်ထဲ ဝင်လာပြီး မုန့်ဟင်းခါး ၂၀၀ ဖိုး ရောင်းပါလို့ သူက ပြောပါတယ်။ ကျမဆိုင်က အလုပ်သမားတွေက တပွဲ ၃၀၀ ရောင်းလို့ ၂၀၀ ဖိုးဆိုရင် မရောင်းရဲဘူးလို့ ပြောပါတယ်။ ကျမ ဈေးကပြန်လာတာနဲ့တိုးလို့ ကျမက ရောင်းပေး လိုက်ပါပြောမှ ဆိုင်က ကလေးတွေက ရောင်းပေးလိုက်ပါတယ်။
သူက မုန့်ဟင်းဖတ် မပါလဲရတယ်၊ မုန့်ဟင်းရည် ပိုထဲ့ပါလို့ ပြောပါတယ်။ ကျမက အဲဒီ အဖွားကြီးကို စိတ်ဝင်စား နေ တာ ကြာပြီမို့လို့ အဖွားခဏ ထိုင်ပါလို့ ပြောပြီး မေးလိုက်ပါတယ် “အဖွားက အိမ်မှာ ထမင်းနဲ့စားမလို့လား” ဆိုတော့ အဖွားကြီးက ခေါင်းညိတ် အဖြေပေးပါတယ်။ ကျမကလဲ စိတ်ထဲမှာ အလှူလုပ်ချင်စိတ် ပေါ်လာလို့ ဒီမှာ အဝစားသွား ပါလားလို့ ပြောလိုက်ပါတယ်။ အဖွားက ခေါင်းခါ ငြင်းဆန်ပြီး အိမ်မှာအဖိုးကြီး ဆာနေလိမ့်မယ်တဲ့။ ကျမလဲ ဆိုင်က ကောင်မလေးတွေကို ပိုထည့်ခိုင်းလိုက်ပါတယ်။ အဲဒီ တုန်းက ဆန်တပြည်ကို အညံ့ဆုံး ဆိုရင်တောင် ၉၀၀ လောက် ပေးရပါတယ်။
တရက်မှာတော့ အဖွားကြီးက သူဗိုက်ဆာလွန်းလို့ မုန့်ဟင်းခါး အကြွေးရောင်းဖို့ ပြောပါတယ်။ ကျမလဲ သနားလို့ သူ့ ကို ထည့်ပေးလိုက်ပါတယ်။ ပိုက်ဆံ ပြန်ရဖို့ ကျမ မမျော်လင့်ပါဘူး။ ဒါပေမဲ့ နောက်နေ့မှာ သူက ရာတန်အနွမ်းလေး ၂ ရွက် လာပေးပါတယ်။ ကျမက ပြန်လှူလိုက်လို့ ကျမကို ဆုတွေ တသီချည်းပေးပါတယ်။ လူတော်တော် များများက အ ကြွေးယူသွားရင်တောင်းမှ ပေးပါတယ်။ အဲဒီလို လူမျိုးထဲ အဖွားမပါ ပါဘူး။
သူ့ကို ကျမနေ့တိုင်းတွေ့ပါတယ်။ ကျမဆီမှာ သူဘယ်တော့မှ အလကားမစားပါဘူး။ ၂၀၀ ကျပ်တော့ သူက ပေးပါ တယ်၊ ကျမဆိုင်မှာ ရပ်ကွက်လူကြီးနဲ့ သူ့ကတော်က မကြာခဏ အလကားအားပေးပေမဲ့ အဖွားကတော့ ငွေ ၂၀၀ ကျပ်ကို ပေးသွားတတ်ပါတယ်။
ကျမရဲ့ ဆိုင်နားမှာဘပဲ အသက် ၇၆ နှစ် ရှိနေပြီဖြစ်တဲ့ တပ်မတော်က အနားယူထားတဲ့ အဖိုးကြီးလဲ ရှိပါတယ်။ သူက ပါလီမန်ဒီမိုကရေစီ ခေတ်ကိုလဲ မှီတဲ့လူပါ။ ဗေဒင်ဟောစားပါတယ်။ အဖိုးက သွေးတိုးကြောက်လို့ မုန့်ဟင်းခါးမစားပါ ဘူး၊ သက်ကြီးရွယ်အိုဆိုတော့ ရေနွေးလိုချင်လို့ လာဝယ်တာပါ။ ကျမက ရေနွေး အလကားပေးနေကြပါ။ အဖိုးက ကိုယ်ချင်းစာ စကားပြောရှာပါတယ်။ ညီး လောင်စာဖိုး ကုန်မှာပေါ့တဲ့။ အဖိုးမှာ သားတယောက် ရှိတယ်တဲ့။ သူ့သားက တလကို ငွေ ၂ သောင်း ထောက်ပံတယ်တဲ့။ အဖိုးက သူ့ပိုင်တဲ့အိမ်ကို တခြမ်းခြမ်းပြီး ငှားထားတယ်တဲ့။ အဲဒီကနေ တလကို ငွေ ၂ သောင်းရတယ်။ ဗေဒင်ဟောတာက သိပ်များများစားစား မရပါဘူး။
အဖိုးက နေမကောင်းရင် ဆေးခန်းမပြဘူး။ ကွမ်းယာဆိုင်မှာရောင်းတဲ့ ဆေးတွဲပဲ ဝယ်သောက်တယ်။ ကျမ ကွမ်းယာ ဆိုင်မှာ မုန့်သွားတယ်တုန်း အဖိုးနဲ့တွေ့တော့ ကျမက အဖိုးနေမကောင်းဘူးလား လို့မေးလိုက်တော့ အဖိုးက သွေးတိုး နေလို့တဲ့၊ ကျမက ဆေးခန်းပြပါလားလို့ပြောတော့ အဖိုးက “ဆေးခန်းတခါ သွားရင် ငွေ ၁၅၀၀၊၂၀၀၀ လောက် ကုန် တာ သမီးရဲ့ သွေးတိုးတိုင်း ဆေးခန်းပြေးရရင် အဖိုး ထမင်းတောင် စားရမှာ မဟုတ်ဘူးတဲ့။ ပင်စင်စားတွေရဲ့ ဘဝ ဟာ အတော်ကို အောက်ကျနောက်ကျ နိုင်ကြပါတယ်။ တယောက်ထဲနေတဲ့ အဖိုးက ထမင်းလခ တလကို ၂ သောင်း ၅ ထောင် ပေးနေရပါတယ်။ ချွေတာတဲ့ အနေနဲ့ နေ့တိုင်းလက်ဖက်ရည် မသောက်ဘဲ တထုပ် ၇၅ ကျပ်တန် ကော်ဖီမစ် ကိုပဲ အိမ်မှာ ဝယ်သောက်ပါတယ်။ လက်ဖက်ရည် တခွက်ကို ၂၅၀-၃၀၀ လောက်ပေးရပါတယ်။
ဒီလိုနဲ့ ကျမဟာ အမြဲတန်း ဂရုစိုက်နေမိတဲ့ လူ ၂ ယောက် ရှိလာခဲ့ပါတယ်။ အခုတလော ကျမဆိုင်ရှေ့က အဖွားဖြတ် မသွားတာ သတိပြု နေမိပါတယ်။ ကျမ ရင်ထဲမှာ စိတ်ပူနေမိတာ အမှန်ပါဘဲ။ ဒီလိုနဲ့ အဲဒီရက်တွေ အတွင်းမှာပဲ ကျမ ရဲ့ ကိစ္စတခုရှိလို့ တောင်ဒဂုံဘက်ကို သွားရပါတယ်။ အတော် တိုက်ဆိုင်တယ်လို့ပြော ရမှာပါ။ ကျမသွားတဲ့ လမ်းထဲ က တဲအိမ်တလုံးရဲ့ အိမ်ရှေ့ မျက်နှာစာမှာ ထိုင်နေတဲ့ အဖွားကိုတွေ့ပါတယ်။ ကျမ ထိတ်ကနဲ ဝမ်းသာသွားပါတယ်။ ဒါကြောင့် အဲဒီ ရပ်ကွက်ထဲက အမကို မေးလိုက်မိပါတယ်။
အမက ညီမ… ဖွားမိနဲ့ သိလားတဲ့၊ ကျမက သိတယ်လို့ ပြောတော့ အမက “ဖွားမိက သနားဖို့ကောင်းတယ်တဲ့၊ သူ့ ယောက်ကျားက တောကျောင်းဆရာ၊ သူတို့ခေတ်က ၇ တန်းအောင်ရင် တောပိုင်းမှာ မူလတန်းဆရာလုပ်လို့ ရတယ်လေ။ ပင်စင်စားကြီးပေါ့၊ သားထောက်သမီးခံလဲမရှိဘူး၊ ဖွားမိက ပညာမတတ် ရှာဘူး။ သူ့ခင်ပွန်းကိုပဲ မှီခိုနေရတာ။ အဖိုးကြီး အိပ်ရာထဲ လဲနေတာ၂ နှစ် နီးပါးကြာနေပြီ။ ပင်စင်လခတွေက မလောက်မငှဆိုတော့ နေကောင်းနေတုန်း ကဆိုရင် အဖိုးဂျာနယ်လေးဘာလေး ရောင်းတယ်လေ။ အခုတော့ ဖွားမိဘဲ လုပ်ကိုင်ကျွေးမွေး နေရတာတဲ့၊ အသက် ကြီးမှ ပင်ပင်ပန်းပန်း လုပ်နေရတယ်တဲ့။ အဲဒီ အမက ဖွားမိလုပ်တဲ့ အလုပ်ကို သေချာသိပုံမရလို့ ကျမလဲ ပြောမပြခဲ့ ပါဘူး။
ကျမ ပြန်ခါနီးတော့ ဖွားမိအိမ်ကို ဝင်လိုက်ပါတယ်။ အိမ်လေးက ယိုင်ယိုင်နဲ့နဲ့လေးပါ။ အိမ်မိုးထားတဲ့ ဓနိတွေလဲ ပေါက် ပြဲ နေပါတယ်။ ထရံတွေလဲ ဆွေးမြေ့ နေပါတယ်။ အိမ်မှ တကဲ့ကို အိမ်ဖြစ်တယ်ဆိုရုံလေးပါပဲ။ အဖွား ဘာဖြစ်လို့ ဆိုင်ဘက် မလာတာလဲလို့ ကျမက မေးတော့ အဖွားက “နေမကောင်းဘူး သမီးရယ်တဲ့၊ ကျမ အိမ်ထဲကို လှမ်းကြည့် လိုက်တော့ အိမ်ထဲက အိပ်ယာလေးပေါ်မှာ ပိန်ပိန်လှီလှီ အဖိုးတယောက် အိပ်နေပါတယ်။ ကျမ အိမ်ထဲကို လှမ်း ကြည့်တာကို အဖွားက သိသွားတော့ “အဲဒါ အိမ်သားလေ၊ သူနေမကောင်းတာ ကြာပြီ၊ အရင်ကတော့ ဆေးခန်းမှန် မှန်သွားနိုင်တယ် အခုတော့ ဆရာဝန် မပြနိုင်တာတောင် ကြာသွားပြီ” တဲ့ ။ ကျမက ဘာရောဂါလဲမေးတော့ ကျောင်း ဆရာ ဘဝတုန်းက ရှူခဲ့ရတဲ့ မြေဖြူမှုန့်တွေကြောင့်ရော၊ ဂျာနယ်ရောင်းတုန်းက မနက်စောစောထ ဂျာနယ်တိုက်မှာ ဂျာနယ်သွားယူရတော့ ပင်ပန်းတာတွေရော ပေါင်းသွားတာပေါ့လေ။ သွေးတိုး၊နုလုံး၊ ရင်ကျပ်၊ အို…အစုံဘဲ။ ပိုက်ဆံ ချမ်းသာရင်တော့ သက်သက်သာသာ နေနိုင်မှာပေါ့။ အင်း အခုတော့ သူလဲ ခံစားရတာမသက်သာ၊ အဖွားလဲ သူ့ကို မြင်ရတာ မသက်သာဘူး သမီးရယ်တဲ့။
ကျမ လည်း တတ်နိုင်သလောက် ငွေလေးကို အဖွားလက်ထဲ ထည့်ပေးတော့ အဖွားမျက်လုံးမှာ မျက်ရည်တွေ ဝဲနေပါ တယ်။ ကျမလဲ ချမ်းသာတာ မဟုတ်လေတော့ အများကြီး မပေးနိုင်ပေမဲ့ ကျမ မိဘတွေသာဆိုရင် ဆိုတဲ့ အတွေး ကြောင့် ကျမ ပေးခဲ့မိပါတယ်။ ဒီငွေဟာ သူ့တို့အတွက် တညနေစာ အဟာရကိုသုံးဆောင်နိုင်မယ်လို့ ကျမ ထင်မိပါ တယ်။ ဒါဆို ကျမ အိုမင်းလို့ မစွမ်းနိုင်သူတွေကို လှူရကျိုးနပ်ပါတယ်။ လက်ဖက်ရည်ဖိုးကိုတော့ လျော့ရမှာပေါ့။ ကျမ လဖက်ရည် မသောက်ရတာက ပြဿနာတခု မဟုတ်ဘူးလေ။
အခုတော့ ကျမရဲ့ အဖိုးနဲ့ အဖွားလဲ ပင်စင်လခနဲ့ အသက်ရှင်ဖို့ မဖြစ်နိုင်တဲ့ အခါမှာ သားသမီး မြေးမြစ်တွေကို မှီခို နေ ရပါတယ်။ တခါတလေတော့ သားသမီး မြေးမြစ်တွေနဲ့ တစုံတရာ သဘောထားကွဲလွဲခဲ့ရင် ကိုယ့်အခန်းထဲမှာ ကိုယ့်ဖာ သာပဲ ဝမ်းနည်းနေကြရတဲ့ အိုမင်းမစွမ်းတွေ ဖြစ်နေပါပြီ။ ငယ်ဘဝ အတွေ့အကြုံတွေကို စားမြုံပြန်ရင်း ရသေ့ စိတ်ဖြေ နေကြရတဲ့ ဘဝတွေပါ။
ကျမရဲ့ ဘကြီးတွေ ကြီးဒေါ်တွေလည်း ကိုယ်ဖာသာကိုယ် မရပ်တည်နိုင်ကြတော့ သားသမီး မြေးမြစ်တွေကိုပဲ အား ကိုး နေကြပါတယ်။ ကျမရဲ့ ကြီးဒေါ်ကပြောပါတယ် “ အသက်ရှည်တယ်ဆိုတာ လူတွေ လိုချင် တမ်းတ တဲ့ အရာဖြစ် ပေမဲ့ မြန်မာပြည်က အသက်ကြီးရွယ်အိုတွေ ဆိုတာက ဝဋ်ဒုက္ခကြီးတဲ့ လူတွေပဲ ဖြစ်ရမယ်တဲ့လေ။ ကိုယ်တိုင်လဲ မ ချမ်းသာ၊ သားသမီးမြေးမြစ်တွေကိုလည်း ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။
ကြီးဒေါ်ရဲ့ အယူအဆ အတိုင်းဆိုရင်တော့ အသက် ၅၈ နှစ်နဲ့ လူ့လောက ကိုကျောခိုင်းခဲ့တဲ့ ကျမရဲ့ အဖေနဲ့အမေ က ဝဋ်ဒုက္ခနည်းသူတွေများလား ဆိုတဲ့အတွေးနဲ့ ကျမရင်ထဲမှာ မတင်မကျ ခံစားရပါတယ်။
ခင်ငြိမ်းသစ်
Tags: burma, ခင်ငြိမ်းသစ်

ဒေါ်စုကို ကြိုဆိုကြ - ပိုစ်စကပ်တွေ ပို့ ကြမယ်။
မိတ်ဆွေများခင်ဗျာ
အမေရိကန်နိုင်ငံ ၁၄ မြို့နယ်က မြန်မာကွန်မြူနီတီတွေအနေနဲ့ ဒေါ်စု လွတ်မြောက်တဲ့ အပေါ် ကြိုဆိုတာနဲ့ အတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့နောက်မှာ ကျနော်တို့ အဝေးရောက် တိုင်းရင်းသားပြည်သူအားလုံး အတူတကွရှိနေတယ် ဆိုတာ ပြသရန်အတွက် ပို့စကဒ်တွေ ပေးပို့တဲ့ လှုပ်ရှားမှုလေးတခုလုပ်ရန် တိုက်တွန်းလိုက်ပါတယ်။ ကိုယ်နှစ်သက်ရာ ပို့စကဒ်ပေါ်မှာ တဦးချင်းစီရဲ့ ခံစားမှုပဲဖြစ်ဖြစ် အကြံပေးမှုပဲ ဖြစ်ဖြစ် အတိုချုပ်ရေးသားပြီးတော့
ဒေါ်အောင်ဆန်းစုကြည်
၅၄ တက္ကသိုလ်ရိပ်သာလမ်း
ရန်ကုန်မြို့
မြန်မာပြည်
သို့ ပို့ပေးကြပါမည်။
အမေရိကန်မှာရှိသူများကတော့ ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်လိပ်စာအပြင် အမေရိကန်သံရုံးကို local postage ဖြင့် ဒီအောက်ပါလိပ်စာကိုပါ ပို့ကြပါမည်။
ဒေါ်အောင်ဆန်းစုကြည်
c/o
Box B, APO AP 96546
သို့ဖြစ်ပါသဖြင့် မိမိတို့ရဲ့ Blog, Facebook, Twitter Account များမှတဆင့် တကမ္ဘာလုံးသို့ တပြိုင်နက် သတင်းပါးပေးပါရန် လေးစားစွာဖြင့်တိုက်တွန်းအပ်ပါသည်။ ကျနော်တို့အားလုံးရဲ့ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ချစ်ခင်မြတ်နိုးမှု့ကို ပြသကြရအောင်လားခင်ဗျာ။
နေလင်း (ဝါရှင်တန်မက်ထရိုကွန်မြူနတီ)
ကိုချစ်ဖေ ခုပဲ ပို့ကဒ် ၂ ခု ပို့လိုက်ပြီ.ဗျို့ ၀မ်းသာနေရတာပဲဗျာ.ဒေါ်စုလွတ်မြောက်ခြင်းသည် ကျနော်တို့မြန်မာပြည်သူတွေ လွတ်မြောက်မှု့ရဲ့ ရှေ့ပြေး ဖြစ်လာဖို့ ဒေါ်စုနဲ့အတူ ရပ်တည်သွားကြပါစို့
ပြောပါရစေ..
ဒေါ်စုလွတ်လာပြီဆိုတော့ တကယ်ပဲ ၀မ်းသာရပါတယ်ဗျာ အစထဲက မဖမ်းသင့်တဲ့သူကို ဖမ်း
ထားရာကနေ ဘာကြောင့်ညာကြောင့် ဘယ်လိုပဲပြောပြော ပြန်လွှတ်ပေးတယ်ဆိုလဲ ၀မ်းသာ
ရပါတယ်။
ဘယ့်နယ်ဗျာ အသက် ၆၀ ကျော် ၇၀ နားနီး မုဆိုးမကြီးကို အပြစ်မရှိအပြစ်ရှာဖမ်းထား ပြီးမှ သနားသဖြင့် လွှတ်ပေးပါတယ်ဆိုတာမျိုး ဒီပဲယင်းတုန်းကလဲ ကံကောင်းလို့ မသေတာ အသေ
သတ်တာပဲ ခုလဲ ကိုရွှေတို့ ဘာတွေကြိတ်ကြံနေလဲ မသိ။
အဖမ်းခံထားရချိန်မှာလဲ မောင်နှမလေး ၂ ယောက်ရှိတာ သင့်သင့်မြတ်မြတ်ဖြစ်အောင် ရယ်
ဖြန်ဖြေပေးမယ်မရှိဘူး အဖမ်းခံထားရတဲ့ နေရာလေး ကို အကိုဖြစ်သူက ၀င်လုအောင် မြှောက်
ပေး အကိုကလဲ တရားဝင်စွဲသေးတယ် လုပ်ပုံက။ ဒီနေရာလေးမှာ နေနေရတာ ဒီနေရာလေး
မရှိလို့ အင်းစိန်ထောင်ထဲ ထည့်ထားရပါတယ် ဆိုတာမျိုး ပြောစရာဖြစ်နေဦးမယ်။ ခက်ပါ့ ကိုအောင်ဆန်းဦးရာ ကိုယ့်နှမလေး လူချစ်လူခင်များတာ တကမ္ဘာလုံးက လေးစားဂုဏ်ပြုတာ မနာလိုဖြစ်စရာမှတ်လို့ဗျာ။ ကိုယ်ကိုတိုင် အဲ့ဒီလိုနေရာနဲ့ ထိုက်တန်တဲ့ စိတ်ဓါတ် အဆင့်အ
တန်းမရှိလို့ မဖြစ်ရတာပဲ။
ကိုယ်နဲ့ တန်တဲ့ အဆင့်အတန်း ကိုယ့်စိတ်နဲ့ တန်တဲ့ အဆင့်အတန်းကို ကိုယ်ရတာပဲ ဆိုတာ
ကျနော်တော့ ပိုယုံကြည်လာတယ်။ တကယ်လို့များ ခုချိန်မှာ ကိုရွှေ (ဗိုလ်ချုပ်ဒူးကြီးကိုပြော
တာနော) တို့က လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကြီးအောင်မြင်တဲ့ အထိမ်းအမှတ်
အနေနဲ့ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ကို နေအိမ်အကျယ်ချုပ်မှ ပြစ်ဒါဏ်များအားလုံးမှ ပလ
လိုက်သည်။ ဆိုရင် ကိုခင်ညွန့် အိမ်ရှေ့ကို ယခင်ထောက်လှန်းရေးဟောင်းတွေ သတင်းပေး
ဟောင်းတွေ ရွေးကောက်ပွဲ အနိုင်ရ ကြံဖွတ်တွေက ခု ဒေါ်စုလွတ်လာတာကို ပြည်သူလူထု
ကြီးနဲ့ အန်အယ်ဒီ အဖွဲ့ဝင်တွေက ၀မ်းမြောက်ဝမ်းသာကြိုဆိုတာမျိုး အားကြမခံ ကြိုကြမှာ
လားမသိ။
တကယ်လို့ ကြိုစေချင်တယ်ဆိုရင်လဲ တယောက်ကို နေစား ၂ ထောင် ၃ ထောင်ပေးပြီး ခေါ်
ပြီးရင် ကိုခင်ညွန်ကျမ်းမာပါစေ ကိုခင်ညွန့်ကျမ်းမာပါစေလို့ အော်ခိုင်းရင်တော့ ရမယ်ဗျ။ သေ
နတ်နဲ့ လုပ်ယူလို့ မရတဲ့ ချစ်ခြင်းမေတ္တာပါ။ လူငါးယောက်ထက် ပိုစုလို့မရတဲ့ စုရင် မှီရာပုဒ်မနဲ့
ဖမ်းလို့ ဆီးလို့ ရတဲ့ နိုင်ငံမျိုးမှာ ခုလို လူတွေ ထောင်နဲ့ချီစုဝေးခဲ့တဲ့ ပြည်သူတွေနေတဲ့ တိုင်း
ပြည်ကိုမှ အာဇာနည်တွေ နေတဲ့တိုင်းပြည်လို့ မချီမွမ်းရင် ဘယ်သူ့ကို့ ချီးမွမ်းရမှာလဲဗျာ။(ဟဲ.
တခါတလေတော့ အာဇာနည်တွေလဲ ပြေးရတာလဲ ရှိတာပေါ့ဗျာ ကိုချစ်ဖေဆို ဖုန်မှုန့်လုံးလေး
ပဲ မြင်ရတော့တယ် ပြေးတာ)။
ကိုရွှေတို့ ဖက်ကလဲ ပြန်ပြောရင်တော့ ရသပေါ့ အော်..ဒင်းတို့ လူတွေ မချစ်တော့လဲ ဘာဖြစ်
လဲ ငါမှာ ငါဖြစ်ချင်ရာ ခိုင်းလို့ရတဲ့ သေနတ်သမားတွေရှိနေတာပဲ။ တနိုင်ငံလုံး ငါလိုချင်ရင် အ
ကုန်ရနေတာပဲ ဦးပိုင်တွေ ဘာတွေ အားလုံး စာရင်းမရှိအင်းမရှိ နီးစပ်ရာ တပည့်သားမြေးတွေ
ရဲ့ ကုမ္မဏီတွေ သုံးမကုန် ဖြုံးမကုန် လို့ ပြန်တွေးရင်လဲ တွေးမှာပေါ့။ ဒါပေမဲ့ တယောက်
ယောက် ကများ “ ဗိုလ်ချုပ်မှုးကြီးသန်းရွှေခင်ဗျား ခင်ဗျားမှာ ခုလို ပြည်သူလူထုကြီးက တအိမ်
တယောက်မလာမနေရလို့ မခေါ်ရပဲ ဗိုလ်ချုပ်မှုးကြီးကို လှိုက်လှဲဝမ်းသာစွာ ဗိုလ်ချုပ်မှုးကြီး ကျမ်းမာပါစေ ၀မ်စွေ့ ၀မ်စွေ့ လို့ အော်တာကို ပီတိဖြစ်စွာနဲ့ ၀မ်းမြောက်ဝမ်းသာ ခံစားဖူးပါသ
လားခင်ဗျား”လို့ မေးလာရင် ဗိုလ်ချုပ်မှုးကြီးက တော့ ဘယ်လိုပြန်ဖြေမလဲ မသိပါ။ ဖြေတော့ ဖြေမှာ..ဟဲ။(====+++=----[[--..)

ပုံရိပ်ဟောင်းများ
ပုံရိပ်ဟောင်းများဆိုလို ကျနော်မှာလဲ ပုံရိပ်ဟောင်းက သိပ်မရှိလှပါဘူး ကိုယ်က အမြဲ ဓါတ်ပုံ
ရိုက်ပေးရတဲ့သူဆိုတော့ ကျန်ကျန်နေခဲ့တာများပါတယ် ရှိတဲ့ ပုံရိပ်ဟောင်းလေးတွေထဲက တင်ထားပါတယ်။ ပုံရိပ်သစ်ကို တင်ပြန်ရင်လဲ လူတွေ လေးစားသဘောကျ ကုန်မှာစိုးလို့.
(ဟဲ.ကိုယ့်ဘာသာထင်တာပါ) တော်ကြာ တကယ်ရင်းရင်းနှီးနှီး ခင်မင်ချင်သူတွေပါ ရှိန်ကုန်
မှာစိုးလို့ (တကယ်တော့ လန့်မှာစိုးလို့) မတင်တော့ပါဘူး ရှိတဲ့ ပုံရိပ်ဟောင်းတွေက တော်
သေးတယ်လေ ပုံရိပ်သစ်ကတော့ စိတ်နဲ့သာ မှန်းကြည့်ကြပါတော့ အသားက အညိုနုနု နဖူးက ပြောင်နေတဲ့အပြင် ဆံပင်အနုလေးတွေပဲ ပေါက်တော့တဲ့ပေါင် ၁၇၀ ခန့် အရပ် ၅ ပေခွဲ
အသက်ငါးဆယ်နား နီးနီး လူကြီးတယောက်ရဲ့ ပုံကို တွေးကြည့်ကြပါ (သိတဲ့သူတွေကလဲ တိတ်တိတ်နေပေးပါ..ဟဲ)။ပုံရိပ်ဟောင်းတွေထဲက သူငယ်ချင်းတွေထဲမှာ ကိုချစ်ဖေပါ ပါတယ်။ 
အဲ့ဒီပုံတွေက လွန်ခဲ့တဲ့ ၂၃ နှစ်လောက်က ရန်ကုန်တက္ကသိုလ် သထုံဆောင် ညစာစားပွဲမှာ ဓါတ်ပုံဆရာက ရိုက်ပေးလို့ အဆောင်မှာ ကူးပြီးပြန်လာပေးလို့ အမှတ်တရ အဖြစ်ကျန်နေခဲ့
တာပါ။ ဆယ်တန်းကို ကြိုးစားပမ်းစား ၅ နှစ်လောက်ဖြေပြီးမှအောင် ပြီးတော့ တက်လို့ရတဲ့ပါဠိ
ဘာသာလေး တက်နေတုန်းကပုံပါ။ အဲ့ဒီတုန်းကတော့ ကိုချစ်ဖေက ဘွဲ့ရရင် ဘုန်းကြီးဝတ်မ
လားလို့ပါ။ ၈၈ အရေးတော်ပုံကြီးက ပေါ်လာတော့ ဒုတိယနှစ်နဲ့ မျှောပါသွားလိုက်တာအိမ်ကို
၁၉၉၄ ဖေါ်ဖေါ်ဝါရီမှပဲ ပြန်ရောက်တော့တယ်ဗျာ။
ဆယ်တန်းမှာလဲကြာ ကိုချစ်ဖေကို ဖမ်းတုန်းက မိတဲ့စာအုပ်တွေကလဲ အရောင်က ရဲရဲဆို
တော့ ထောက်လှန်းရေးက ထုလိုက်တာဗျာ အစီအစဉ်ရှိရှိ တောထဲက ညွှန်ကြားမှုနဲ့ ဆယ်
တန်းပြန်ဖြေ ရန်ကုန်တက္ကသိုလ်မှာ မှီရာ မေဂျာနဲ့ ဆူပူမှုဖြစ်အောင်လုပ်ဖို့ မြှုတ်နှံထားတယ်
ဆိုပဲ။ ကိုချစ်ဖေ ကိုယ့်ကို ကိုယ်တောင်မသိပါဘူး သူတို့ပြောမှပဲ အမှုက ကြီးနေတယ် အဲ့ဒီလို
သာမြှုတ်နှံကြေးဆို တက္ကသိုလ်မှာ မြှုတ်နှံမလား သူတို့ တပ်မတော်ကြီးထဲပဲ ၀င်မြှုတ်နေလိုက်
မှာပေါ့.။ သူလျှိုတယောက်ကောင်းရင် ရန်သူ့ တပ်မကြီးတွေကိုတောင် ကြောက်စရာမလိုဘူး
ဘာညာ ဖတ်ဘူးပါရဲ့ အစီအစဉ်ရှိရှိ တော့မဟုတ်ပါဘူး တကယ်တော့ အရေးတော်ပုံကြီးနဲ့
တည့်တည့်သွားတိုးတာပါ။ ပျော်စရာပါ။
တိုးတော့လဲ လုပ်စရာရှိတာလုပ်တာပေါ့ဗျာ ဖမ်းစရာရှိတာတော့လဲ သူတို့က ဖမ်းတာပဲပေါ့ ခု
ပြန်တွေးကြည့်တော့ ကိုယ့်ကို ဖမ်းနှိပ်စက်တဲ့သူတွေလဲ နှစ်ရှည်ထောင်ဒါဏ်တွေ ကျရှာတာပါ
ပဲ စစ်အာဏာရှင်စနစ်အောက်မှာ လူတိုင်း လုံခြုံကြတာမှ မဟုတ်တာပဲ နော။
ဗမာပြည်မှာ နိုင်ငံရေးလုပ်မယ်ဆိုရင် ဓါးပီး ဒုတ်ပီး သေနတ်ပီးဆေး ထိုးထားပြီးမှဝင်လုပ်ရမ
လိုပါပဲဗျာ ထုလိုက်ရိုက်လိုက်ကြတာ နောက်တော့ အဲ့ဒီစစ်ကြောရေးထဲမှာပဲ အရင်တုန်းက
အတူတူလို့ ထင်ထားတဲ့ ညှင်းပမ်း တာနဲ့ နှိပ်စက်တာ ညှင်းပမ်းနှိပ်စက် တာဆိုတဲ့ ဝေါဟာရ
နှစ်ခုဟာ တူသလိုလိုနဲ့ မတူပါလား ညှင်းပမ်းတာက ဘယ်လို နှိပ်စက်တာက ဘယ်ပုံဆိုတာ
ကွဲကွဲပြားပြား သိသွားပါတယ်။ ကဲ မြန်မာထောက်လှန်းရေးတွေ ဘယ်လောက်တော်လဲ။
ဒီတုန်းကလဲ ဒို့ခေတ်ကြမှ ညံ့ကြတော့မှာလား ဆိုပြီး သမိုင်းကပေးတဲ့ တာဝန်ကို လူငယ်တ
ယောက်အနေနဲ့ တိုင်းပြည်နဲ့ ပြည်သူ့အတွက် ကိုယ်ကျိုးစွန့်ပြီး ကျရာနေရာက ၀င်လုပ်လိုက်
တာမျိုးပါ။ ဒိုဗမာအစည်းအရုံးကြီးရဲ့ ကြွေးကြော်သံဖြစ်တဲ့ “နောင်လာနောက်သားများကောင်းး
စားဖို့ရာ ဒို့ကိုယ်ကျိုးလုံးလုံးမပါ” ဆိုတဲ့ ဆောင်ပုဒ်ကိုလဲ သိပ်သဘောကျနေချိန်ပေါ့ဗျာ။ တ
ကယ်တော့ ကိုချစ်ဖေလဲ ဘာမှတော့လဲ ဟုတ်တိပတ်တိ လုပ်နိုင်တာမျိုးလဲ မဟုတ်ခဲ့ပါဘူး။
စိတ်ဓါတ်ရယ်တော့လဲ လူငယ်ပီပီရှိခဲ့ တက်ကြွခဲ့တာပါ။
အဲ့ဒီတုန်းက နောက်နှစ်ခါ ရန်ကုန်တက္ကသိုလ်(ပင်မ)ထဲကိုရောက်ရင် ရည်းစားထားမယ် အဲ့ဒီ
အတွက်ခု ထဲက R.C 2 မှာ ရှာထားကြမယ် ဘာညာလုပ်ခဲ့ကြ တဲ့ သူငယ်ချင်းတွေလဲ နောက်
ပြန် သတင်းရတော့ တောထဲမှာ ကျတဲ့သူက ကျ ကျောင်းကို ပြန်မရောက်တဲ့သူက မရောက်
ကိုယ့်မြို့လေးမှာပဲ အိမ်ထောင်ကျသွားတဲ့သူက ကျနဲ့ အကုန်တကွဲတပြားကို ဖြစ်သွားကြတာ
ပါပဲ။ ခုချိန်ထိပါပဲ ဓါတ်ပုံထဲက သူငယ်ချင်း ၂ ဦးကလွဲလို့ ကျန်တဲ့သူငယ်ချင်းတွေနဲ့တော့ မဆုံတော့ပါဘူး ကိုချစ်ဖေ ကျောင်းထဲကိုပြန်ရောက်တိုင်း တွေ့လိုတွေ့ငြားတော့ ကြည့်ရတာ
ပေါ့။ ကင်န်းတင်းကလူတွေလဲ အကုန်လုံးကိုတော့ ဘယ်မှတ်မိပါ့မလဲ လိပ်စာစာအုပ်လေးကိုလဲ ဆရာ ထောက်လှန်းရေးတွေက မ သွားတော့ ပြန်မရတော့ပါဘူး။
ခုလို နှစ်ပေါင်း ၂၅ နှစ် နီးပါး ၃၀ နှစ်နီးပါးအချိန်မှာတော့ ပြန်တွေ့လိုပါသေးတယ်။
ငယ်ရုပ်တွေကိုတော့ ဖမ်းမိကြမှာပါ နှလုံးသားထဲမှာ စွဲစွဲမြဲမြဲနဲ့ ခင်မင်ခဲ့ကြတာပဲလေ။ သားတွေသမီးတွေ မြေးတွေတောင်ရတဲ့သူ ရကုန်ကြလောက်ပြီ။ မကေ တက်၈် တာရယ် ကျနော်ကလဲ ရေးချင်နေတာရယ်နဲ့ ရေးလိုက်ပါပြီ မကေ။
တယ်လီဖုန်း
ကိုချစ်ဖေ ထိုင်းကိုရောက်တော့ တောသားမြို့ရောက် ဒူးယားသောက်ပေါ့ ဟိုဖက်ကမ်းလေးကူး
လိုက်တာနဲ့ အဝေးပြေးလမ်းမကြီးက ဖြူးလို့ ကိုယ့်မြ၀တီနဲ့တော့ကွာပါ့ ပြောပြန်ရင်လဲ မျိုးချစ်
စိတ်မရှိရာကြဦးမယ် ဘာပဲဖြစ်ဖြစ် အမှန်ကတော့ အမှန်ပဲလေ။
သာမာန် အ၀တ်အစား နွမ်းနွမ်းနဲ့ ကိုယ့်မြန်မာတွေလဲ ဟန်းဖုန်းလေးနဲ့ “ အော.သမီးရေ.အမေ
ပြန်လာပြီ တံတားထိပ်ရောက်ပြီ မီးမွှေးထားနော် ကြက်သွန်နွာထားနော်” တဲ့ အားကြစရာ။ ကိုယ့် ဒေသ ရွှေမြို့တော်ကလို လက်ကိုင်ဖုန်းတလုံး ကိုင်ရရင်ပဲ လူကိုဝင်တိုက်သွားတော့မလို
မျိုးမဟုတ် သာမာန် လက်လုပ်လက်စားလဲ အသုံးဝင်တဲ့ ဖုန်းကို အခနည်းနည်းနဲ့ ကိုင်နိုင်ကြ
တော့ ၀မ်းသာစရာ။
အဲ့ဒီနယ်စပ် တောမြို့လေးမှာ လက်ကိုင်ဖုန်းတလုံးရဲ့ အဓိပ္ပါယ်က အသုံးဝင်မှု ပြည့်ပြည့်၀၀ ကဲ
ဘယ်လောက်အားကြစရာကောင်းလဲဗျာ အဖိုးနည်းနည်းနဲ့ သုံးနိုင်ကြတယ်လေ။ အ၀င် ဆို ရင်
ကြိုက်သလောက် လက်ခံပြော မပေးရ။ အထွက်ကိုပဲ ပေးရတာ ပေးရတော့လဲ အများကြီး မ
ဟုတ်ပါဘူး။ ကိုယ်မှာ မီးနစ် ပိုက်ဆံမရှိရင် ဖုန်းလှမ်းခေါ်လိုက် ဖုန်းတောက်လိုက် တဖက်က သူငယ်ချင်းက ပြန်ခေါ်ပါလိမ့်မယ်။ ဟန်ကိုကျလို့။
ကိုချစ်ဖေလဲ ဘယ်နေမလဲ မော်ဒန်ကျနေတဲ့ ဖုန်းအဟောင်းတလုံးကို ဘတ်၁၅၀ နဲ့ ၀ယ်ကိုင်
လိုက်တယ်။ စင်းကဒ်ကတော့ ၅၅ ဘတ်လားမသိ စုစုပေါင်း မြန်မာငွေကျပ် ၇၀၀၀ လောက်ဆို
အဲ့ဒီတုန်းက ဖုန်းရပြီ။ ဖုန်းရပေမဲ့ ကိုချစ်ဖေ က အောက်ခြေ ရဲဘော်ဆိုတော့ကာ အရေးတကြီး
ဆက်စရာ မရှိသလို ပိုက်ဆံလဲ သိပ်မဖြည့်နိုင်ပါဘူး။
ဖြည့်နိုင်နိုင် မဖြည့်နိုင်နိုင် ကိုချစ်ဖေ အသိတွေကိုလဲ ကျနော်ဖုန်းနံပါတ်က …………ဒီ ပါ…..
နောက် ကိစ္စရှိရင် ခေါ်ပါ လို့တော့ ပြောလို့ရပြီပေါ့ တကယ်လဲ ခေါ်မဲ့သူလဲ မရှိလှပါဘူး..သူတို့
ခေါ်ပြန်ရင်လဲ ရှိစုမဲ့စု ပိုက်ဆံလေးထွက်သွား ပြန်ရော။ ဒါပေမဲ့လဲ အလုပ်တော့ဖြစ်ပါတယ် အ
ရေးအကြောင်း ရဲဖမ်းရင် ကိုယ့်မိခင် အဖွဲ့အစည်းကို လှမ်း အကြောင်းတော့ ကြားနိုင်တာပေါ့။
နို့မို့ ဘယ်ရောက်လို့ ဘယ်ပေါက်မှန်း မသိဖြစ်နေဦးမှာ။
ကျောင်းဆင်းကျောင်းတက်တွေဆိုလဲ ထိုင်းကလေးတွေက ဆိုင်ကယ်နဲ့ လက်ကိုင်ဖုန်းနဲ့ ယူနီ
ဖေါင်းအဖြူရောင် သစ်သစ်လွင်လွင် ဘောင်းဘီ စကတ် နက်ပြာရောင်နဲ့ အလယ်တန်းကျောင်း
က ကလေးတွေဆိုရင်တောင် အတော်ကိုယ်ခန္ဓာကြီးထွားနေကြပီ။ သူတို့ အဖြူရောင်အကျီက
အသစ်မဟုတ်ရင်တောင် အရောင်က မလွင့်ဘူး အဲ့ဒီလို ကျောင်းယူနီဖောင်း ၀တ်စုံ ဘယ်
လောက်များများ ရှိထားလဲ မသိ။ ကိုချစ်ဖေတို့ ရွာက ကလေးတွေ ယူနီဖေါင်း အဖြူက အ၀ါ
ရောင်လုနေတာ နွမ်းနေတာ ချူပ်ရိုးပြုတ်နေတာ ဖားဥစွဲနေတာမျိုး မတွေ့ရတော့ ကလေးတွေ
အတွက်ဝမ်းသာရပါတယ်။ အားကြဖွယ်ရာတွေ့ရ ပါတယ်။
ဦးအောင်ဇေယျတို့ ခေတ်က မြန်မာဆိုတာ အရပ် လေးတောင် (၆ပေ) လုံးပတ် နှစ်တောင်ထွာ
(၄၅လက်မ)ရင်အုပ်ရှိပြီး ပေါင်ကနေ ခါးအထိ ဆေးမင်ကြောင်ထိုးကွင်း သတ္တိနဲ့ ယိုးဒယားမြို့
တော် အယုဒ္ဓယ ကို ၀ါးရင်းတုတ်နဲ့ တက်ပြီးလုပ်ကြံသိမ်းပိုက်ခဲ့ တယ်ဆိုတာ နားရှိလိုသာကြား
ရပေတော့တယ် သမိုင်းထဲမှာ စာမေးပွဲအောင်ဖို့ ဖတ်ခဲ့ရလို့သာ ယုံရတယ် ဟုတ်ပါ့မလားလို့။
ကျနော်တို့ မြန်မာကလေးတွေက အသားအရေ မွဲခြောက်ခြောက် မျက်လုံးတွေက ကျီးလန့်စာ
စား စေတနာရှိလို့ဖွင့်ထားတဲ့ မြန်မာကျောင်းလေးတွေမှာ တက်တဲ့ ကလေးလေးတွေ မပြောနဲ့ သိတတ်စ ကလေးလေးတွေတောင် ရဲ လာပြီဆို အငိုတိတ် ကြောက်နေရတဲ့ သူများတိုင်းပြည်
မှာ ကြီးလာရတော့မဲ့ ကလေးလေးတွေရဲ့ အနာဂါတ်က ဘယ်လိုရှိနေတော့မလဲ။
မြန်မာပြည်မှာ ဒီမိုကရေစီမရှိပါဘူး ဆိုတာတော့ ဟုတ်ပါတယ် ထိုင်းနယ်စပ်မြို့လေးမှာကော ဒီ
မိုကရေစီ အခွင့်အလန်းဆိုတာ မြန်မာတွေအတွက် ချွင်းချက် နဲ့ရနေရသလားပဲ ထိုင်းက ဒီမိုက
ရေစီနိုင်ငံလေ မီဒီယာတွေ လွတ်လပ်ခွင့် လူထုကရွေးချယ်တင်မြှောက်ခွင့် အပြည့်ရထားတာ
ဆိုပါတော့။ မြန်မာတွေအတွက်ကတော့ ကန့်သတ်ဒီမိုကရေစီပေါ့ဗျာ။ ရတတ်ရာရာ လုပ်ကိုင်
စားသောက်နေရပေမဲ့ တယ်လီဖုန်းလေးတွေနဲ့ အိမ်နဲ့ မိသားစုနဲ့တော့ ဆက်သွယ်လို့ရသား ။
မြန်မာပြည်ထဲက သူတွေကတော့ အထင်ကြီးကြတော့မယ်။
ကိုချစ်ဖေ သူငယ်ချင်းတောင် ကိုချစ်ဖေကို အားကြပြီး ထိုင်းကိုလိုက်လာတာ ကိုချစ်ဖေကြီးပဲ
ကြီးပွားနေပြီ ဆိုတာမျိုးပေါ့ ခင်ဗျားဘာလို့ လိုက်လာတာလဲဆိုတော့ မသိဘူးလေ ခင်ဗျားလဲ
ဖုန်းနဲ့ ဘာနဲ့ဆိုတော့တဲ့ ကိုချစ်ဖေလဲ ကိုချစ်ဖေရဲ့ ဖုန်းစုတ်ကြီးကို ထုတ်ပြလိုက်တော့ ရယ်
လိုက်တာ။ နောက်တော့ သူလဲ ကိုချစ်ဖေကြီးအခြေအနေမှန်ကို သိသွားရှာတယ် သိတော့လဲ
ပျော်ပျော်ပါးပါးပါပဲ မရှိအတူ ရှိအတူပါပဲ။
ဖုန်းထဲမှာ ပိုက်ဆံမရှိသူချင်း လူစုဖို့ ဖုန်းလှမ်းခေါ် ပြီး ဖုန်းချသွားတယ် ကိုယ်ကလဲ ဖုန်းပြန်
ခေါ်ပြီး ဖုန်းချလိုက်တယ်ဆို သိပြီ ဒါ. အဓိပ္ပါယ်က “ လာခဲ့ပါ..လူစုံနေပြီ သောက်ကြတော့
မယ်” ကိုယ်ကလဲ “ လာခဲ့မယ် ဖုန်းလှမ်းတောက်လိုက်တာ သိတယ် ခဏနေ ရောက်လာခဲ့
မယ်” ဆိုတာမျိုးလေးပေါ့။ ဘာပဲဖြစ်ဖြစ် အဆင်မပြေလား။
ကျနော်တို့ စစ်အစိုးရမင်းများကတော့ အဲ့လို အောက်ခြေ အရပ်သားတွေ ဖုန်းပေါပေါများများ
ကိုင်နိုင်ရင် သူတို့အကြောင်းတွေ များများပေါ်ကုန်မှာ စိုးလို့လားမသိ။ ဒါမှမဟုတ် တယ်လီဖုန်း
ဆိုတာ အထက်လူကြီးများ အတွက်သာ အထက်လူကြီးများရဲ့ တပည့်လက်သားများအတွက်
ဆုတော်လဒ်တော် ပေးစရာ ကရိယာဖြစ်နေလို့လား မသိ။ ကိုချစ်ဖေတွေးကြည့်တာပါ။ ဟုတ်
ချင်မှလဲ ဟုတ်မှာပေါ့နော။
ဘာပဲဖြစ်ဖြစ် တယ်လီဖုန်းလေးတွေကိုယ်စီနဲ့ တယ်လီဖုန်းဆိုတာ လူသုံးပစ္စည်းမို့ လူတိုင်းသုံး
နိုင်တာ ၀မ်းသာစရာ ကိုချစ်ဖေတို့ မြန်မာတွေလဲ အဆင်ပြေစေတာမို့ ထိုင်းနယ်စပ် မြို့လေးမှာ
ရှာကြံ မုဒိတာပွားစရာ ဖြစ်နေတော့တာပေါ့ဗျာ။ ခုတော့ မြန်မာတွေမှာလဲ ဖက်အီးစီ ၂၀ တန်
၅၀ တန်ဖုန်းလေးတွေ သုံးနိုင်ကြပြီဆိုတော့ ဖွံ့ဖြိုးတိုးတက်လာပြီ မှတ်တယ်ဗျာ ဖျက်သိမ်း
တော့မယ်ဆိုတဲ့ သတင်းက ထွက်လာပြန်ပါပကော။ ကိုချစ်ဖေတို့ နိုင်ငံက တိုးတက်လိုက် ထိုး
မည့်ဆင် နောက်တလှမ်းဆုတ်လိုက် ဆိုသလို တိုးတက်နေတယ်ပဲ ထင်ပါတယ်။
ဘကြီးသာဒွန်းဇံ
ကိုချစ်ဖေတို့ရွာ အနီးအနားရွာတွေမှာ ဘကြီးသာဒွန်းဇံဆို မသိတဲ့သူမရှိ ဘကြီးသာဒွန်းဇံဆိုလို့
ရခိုင်လူမျိုးတော့ မဟုတ်ပါဘူး ဘကြီးသာဒွန်းဇံရဲ့ အမေ အဘွားက ရခိုင်လူမျိုးတွေပေးတဲ့ နာ
မည်မျိုးကို ကြိုက်လို့တဲ့ ဘကြီးသာဒွန်းဇံကို ကိုချစ်ဖေစသိတော့ ဘကြီးသာဒွန်းဇံက အသက်
၅၀ ကျော်ပြီ ဘကြီးသာဒွန်းဇံဇနီး အရီးဒေါ်စိန်ချုံနဲ့ ဘကြီးသာဒွန်းဇံနဲ့က ရွယ်တူ မတိမ်း မ
ယိမ်း။
၁၉၈၄ ခုနှစ်နွေရာသီမှာ ကိုချစ်ဖေက ဘကြီးသာဒွန်းဇံတို့ ရွာမှာရှိတဲ့ ဆန်စက်မှာအလုပ်သွား
လုပ်ရင်း ဘကြီးသာဒွန်းဇံနဲ့ ခင်မင်ရင်းနှီးခဲ့ရတာပါ။ ဘကြီးရဲ့ လူပုံပမ်းက အသားညိုညို အရပ်
က ၆ပေခန့် ကိုယ်လုံးကိုယ်ထည်က ထောင်ထောင်မောင်းမောင်း အသံကြီးကလဲ အကျယ်ကြီး
အင်္ကျိင်္ကလဲ တခါမှမ၀တ် ကိုချစ်ဖေက ဘကြီးအင်္ကျိင်္ကသိပ်ကောင်းတာပဲ ကျွန့်တော့်ကို ခဏ
လောက်ငှါးပါလားလို့ အမြဲနောက်နေကြ။ ဘကြီးက ဆောင်းတွင်းဖက်လဲ စောင်သာခြုံရင် ခြုံ
မယ် အင်္ကျီဝတ်တာ တခါလားပဲ မြင်ဘူးပါတယ် ငယ်ငယ်ထဲက အဲ့ဒီလိုပဲ မ၀တ်ဘူး တဲ့ ဖျားလဲ
တခါမှ မဖျားဘူးတဲ့ အင်္ကျီတခါဝတ်တော့ ထူးဆန်းနေရသေးတယ်။ မီးဖိုနားမှာလဲ အမြဲတမ်း
ချွေးတလုံးလုံးနဲ့ ချက်ပြုတ်နေတတ်သူ ဘကြီးနဲ့ ဇနီးမှာ သားသမီး အရင်းက ၁၂ ယောက် မွေး
စားသားက ၂ ယောက် စုစုပေါင်း ၁၄ ယောက်။ အကြီးတွေက အိမ်ထောင်ကျလို့မြေးတွေ
တောင် အတော်ကြီးပြီ။
ဘကြီးရဲ့ အသက်မွေးဝမ်းကြောင်းက ဆန်စက်ကို စပါးလာကြိတ်ခွဲတဲ့ သူတွေကို အစားအ
သောက်ချက်ပြုတ်ရောင်းချတာနဲ့ မိဘလုပ်ငုတ်လယ်လုပ်ငန်းပါ။ ကိုချစ်ဖေတို့ရဲ့ မြစ်ဝကျွန်းပေါ်
ကလဲ သားငါးပုဇွန်ကလဲပေါ အစားအသောက်ကလဲ မရှားတော့ သားသမီးတွေကို အများကြီး
မွေးထားနိုင်တဲ့အပြင် ရွာထဲက မိဘမရှိတော့တဲ့ ယောက်ကျားလေး ၂ ယောက်ကိုလဲ ခေါ်မွေး
ထားသေး၊ ဘကြီးက အဲ့ဒီလို သူ့သားသမီးတွေ အများကြီးနဲ့ တန်းတူ သား ၂ ယောက်ကို မွေး
ထား ကျွေးထားနိုင်တာကိုလဲ ဂုဏ်ယူပါတယ်။ “ငါ့သားကြီးဘယ်သူ ခု အောက်အရပ်သွားရင်း
အိမ်ထောင်ကျနေတာလေ ငါသွားလို့ကတော့ကွာ ပင်လယ်ငါးခူကို ကိုယ်တိုင်ထောင် ငါးဆုပ်
လုပ်ပြီး မကျည်းရည်နဲ့ ချည်ရည်ဟင်းချက် ပုဇွန်တုတ်နဲ့ တ၀စားလာခဲ့တာပဲကွာ” ဆိုတာမျိုး အစားအသောက်နဲ့ ပတ်သက်လို့ ပြောတတ်ပြီး ကိုယ်တိုင်လဲ စားသလို အခြားသူများကိုလဲ စားစေချင် သောက်စေချင်တဲ့ စေတနာရှိသူပါ။ တရွာလုံးကလဲ ဘကြီးသာဒွန်းဇံ အမျိုးတွေလို
လိုချည်းပါပဲ။ ဘကြီးက သားသမီး ၁၄ ယောက်။ ဘကြီးရဲ့ ညီမအလတ် ဒေါ်ခင်သန်းရွှေက က
သားသမီး ၈ ယောက်။ အငယ်ဆုံး ဒေါ်လှသက်နှင်းက ရ ယောက်။ သားသမီးတွေ မြေးတွေနဲ့
ဆိုတော့ တရွာလုံးက အမျိုးလိုလိုချည်းပေါ့ဗျာ။
ဘကြီးသာဒွန်းဇံ ရွာထိပ်က ဆန်စက်ကို အိမ်ကနေ ထွက်လာပြီဆိုကတည်းက ဓါတ်တိုင် နှစ်
တိုင် အကွာလောက် ကတည်းက အသံစကြားရပါတယ်။ အသံကလဲ ကျယ် အသံသြဇာလဲရှိ
ဆိုသလိုပါ။ လူကောင်ကလည်းကြီး အစားအသောက်ကလဲ ၀က်သားအမဲသား တခါချက်ရင် သုံးပိဿာ လေးပိဿာဆိုတာ အနည်းဆုံး။ ချက်ရင်းနဲ့ မြည်းတာက ငါးဆယ်သားလောက်
ကုန်တာပါ သူကိုယ်တိုင်လဲ မြည်းသလို လမ်းသွားလမ်းလာ ဖြတ်သွားသူတွေကို “ဟေ့..ကို
ဘယ်သူ..မဘယ်ဝါ ဘယ်က ပြန်လာကြတာတုန်း ဘယ်သွားမလိုတုန်း ဟင်းကျက်ခါနီးပြီ ထမင်းစားပြီးမှ ဆက်သွားပါလား” ဆိုတာမျိုးပြောတတ်သူပါ ပြောရုံတင်မက ခု “ ကျနော်
ချက်ထားတဲ့ ဟင်းလေးတော့ နည်းနည်းမြည်းသွားဦး” ဆိုပြီး ဟင်းကို အတင်းကျွေးတတ်
ပါသေးတယ်။ ဒါကြောင့် သူဟင်းချက်ရင် ငါးဆယ်သားက အမြည်းအတွက် ထည့်ချက်ထား
တယ် တဲ့။
ကိုချစ်ဖေနဲ့လဲ သိခါစ သူ့အိမ်မှာ လယ်ထဲက ရတဲ့ လင်းမြွေကို စွပ်ပြုတ်လုပ် အသားကို ပြန်
သုတ်စားဖို့ စွပ်ပြုတ်ပြုတ်ထားချိန် ကိုချစ်ဖေကလဲ သူ့အိမ်ရှေ့က ဖြတ်အလျှောက် အတင်းကို ခေါ်ပြီး လင်းမြွေသားကို မြည်းခိုင်းတော့တာပါပဲ ကိုချစ်ဖေက သူ့စေတနာကို သိနေတော့ အား
လဲနာတယ် ခင်လဲခင်တယ် ဆိုပါတော့ မြွေသားကလဲ တခါမှ မစားဘူးတော့ ကြောက်လဲ
ကြောက်တာပေါ့ဗျာ လင်းမြွေသားက ကြက်သားနဲ့ မလဲနိုင်ဘူးလဲ ကြားထားတော့ စားလဲ စားကြည့်ချင်ပေါ့ဗျာ ဒါနဲ့ကြောက်ကြောက်နဲ့ စွပ်ပြုတ်ကော အသုတ်ကော ဗိုက်ကားအောင်
စားခဲ့တာပေါ့ဗျာ မစားခင်ကသာ ကြောက်နေတာဗျ စားမိတော့ သူတို့လယ်ထဲက ယူလာတုန်း
ကမြင်ခဲ့တဲ့ လင်းမြွေကြီးကိုတောင် မျက်စေ့ထဲ မမြင်တော့ဘူး။ နောက်မြွေတွေ့တိုင်း လင်းမြွေ
များလားဆိုတာမျိုးကို ဖြစ်ကရောဗျာ။
ဘကြီးသာဒွန်းဇံကတော့ ပြုံးနေတာပဲဗျာ မြို့ကနေစက်ကို အလုပ်လာလုပ်တဲ့ ကောင်လေးလေ
လင်းမြွေသားကျွေးနေတာ သူလဲ စားတယ်ဗျ ဆိုပြီး အိမ်လာတဲ့ ဧည့်သည်တွေကိုပြောပြနေပြီး
ကျေနပ်နေတာ။ ဘကြီးရဲ့အိမ်က ဒါကြောင့်လဲ လူမပြတ်တာ ဧည့်သည်က အမြဲတမ်း ၀င်ထွက်
စားသောက်နေတာပါ။ ဘကြီးတို့ ဇနီးမောင်နှံကလိုက်ဖက်ညီတယ် အရီးဒေါ်စိန်ချုံကလဲ အ
စားအသောက် အချက်အပြုတ် ဆို မညည်းညူစတမ်းပါပဲ။ ဘကြီးလိုပဲ ကျွေးချင်မွေးချင်သူပါ။
ဘကြီးသာဒွန်းဇံငယ်ငယ် လွတ်လပ်ရေးရပြီးကာစ ပြည်တွင်းစစ်ဖြစ်တော့ ဘကြီးသာဒွန်းဇံက လူပျိုပေါက် အသက် ၁၅၊ ၁၆ နှစ်လောက်ရှိပြီဆိုပဲ။ လယ်သိမ်းပြီးချိန်ဆို သူသေသေချာချာမွေး
ထားတဲ့ နွားထီးလေးစီးပြီး တရွာဝင်တရွာထွက် နွားနဲ့ လျှောက်လည်နေတာ မိုးကျမှပဲ လယ်ထဲ
ဝင်ခါနီးမှ အိမ်ပြန်ကပ်တော့တယ်ဆိုပဲဗျာ။ ပျော်စရာလဲ တော်တော်ကောင်းတယ်ဆိုပဲ။ လူတွေ
က ဆင်းရဲပေမဲ့ လယ်လုပ်ငန်းနဲ့ စားနိုင်သောက်နိုင်ကျသေးတယ်လေ အစားအစာကလဲ ထ
မင်း စားခါနီး ဟင်းရံမရှိလို့ ချောင်းထဲဆင်း ကမ်းဘေးမှာ စမ်းလိုက်တာနဲ့ စားဖို့ ပုဇွန်က လေး
ငါးဆယ်ကောင်ရလာတာ တခါတလေ ပုဇွန်ထုတ်တောင်ရသေး။ အဲ့ဒီအချိန်ကနေ ၁၉၈၄-၈၅ ၀န်းကျင်ထိ ပေါများနေသေးတာပါ။
ဘကြီးက ရွာရိုးကိုးပေါက် လယ်ပြီးချိန်လျှောက်သွားနေတာဆိုတော့ ရွာတော်တော်များများမှာ ကသူ့သူငယ်ချင်းတွေက ရှိသကိုး ဒီတော့ ပြည်တွင်းစစ်ကြီးရယ်ဖြစ်လာတော့ ကွန်မြူနစ်သူပုန်
ထဲမှာရော ကော်သူးလေထဲမှာကော ရဲဘော်ဖြူ အလံနီ ထဲမှာကော အစုံသူငယ်ချင်းတွေရှိတာ
ပါ။ အဲ့ဒီခေတ်တခေတ်လုံး ဘကြီးသာဒွန်းဇံက ဘယ်ထဲမှာမှ မပါဘူးလား ဆိုတော့ မပါပါဘူး
တဲ့ ဘာဖြစ်လို့လဲဆိုတော့ အစိုးရဖက်ကကော သူပုန်ဖက်ကကော လူတွေတော်တော် များများ
ကလဲ သူ့ သူငယ်ချင်းတွေ မကင်းရာမကင်းကြောင်းတွေ ဖြစ်နေလို့တဲ့ သူကတော့ အဲ့ဒီတိုက်
ပွဲတွေကို မဖြစ်စေချင်ဘူးတဲ့။
တိုက်ပွဲတွေရှိနေတော့ သူသွားချင်ရာ စားချင်ရာ ရှာချင်ရာ ရှာလို့မရလို့တဲ့။ နောက် အားလုံး
ကိုယ့်အချင်းချင်းတွေဖြစ်နေလို့ပါတဲ့။ လူမျိုးခြားနဲ့ဆိုရင်တော့ တမျိုးပေါ့ကွာတဲ့ သူပြောပြတဲ့အ
တိုင်းဆို “တခါတုန်းက သူ့ရွာနဲ့ အနားက ရွာမှာ ကရင်ရိုးရာ နတ်စားပွဲရှိလို့ သူငယ်ချင်းတွေ လာခေါ်တာနဲ့ သူလဲ ဘာရယ်မဟုတ်ဘူး လိုက်သွားမိတယ်တဲ့ လာခေါ်တဲ့သူငယ်ချင်းတွေက
ကော်သူးလေက သူငယ်ချင်းတွေ သောက်ဖေါ်စားဖက်တွေ အဲ့ဒီတုန်းက ဘကြီးက အရက်
ကလဲသောက်သေးတယ်တယ်တဲ့ အဲ့ဒါ လမ်းမှာ ကွန်မြူနစ်တွေက စောင့်ပြီးပစ်တာတဲ့ ကံ
ကောင်းလို့ မသေတယ်တဲ့ ရေကလဲ ရေကျချိန် ချောင်းတဖက်ကမ်းက နေပစ်တာတဲ့ သူတို့လဲ လမ်းသွားရင်းနဲ့ တိုးလို့ပစ်တာ ဒီတုန်းက ကရင်နဲ့ ကွန်မြူနစ်နဲ့က မတည့်ဘူးတဲ့ အဲ့ဒါ ပစ်လဲ
ပစ်ကြရော။
အစိုးရတပ်မဟုတ်မှန်းလဲသိတာနဲ့ သူက ထအော်တာပဲတဲ့ “ဟေ့ကောင်တွေ..ငါသာဒွန်းဇံပါ ငါ
ပါလာတယ် မပစ်ကြနဲ့ မပစ်ကြပါနဲ့” အော်တာနဲ့ တိုက်ပွဲက ရပ်သွားတယ်တဲ့ ပြီးတော့မှ သူတို့
က “ယောက်ဖ..မင်းဘယ်သွားမလို့လဲ နတ်စားတဲ့ဆီလား” တဲ့ ဘကြီးက အစားအသောက်နဲ့
ပတ်သက်ရင် နေရောညပါ မရှောင်သွားတာ ဘကြီးအသံကြီးကို မှတ်မိနေတာ ဒီတုန်းက သူ
က ကွန်မြူနစ်တွေလား ရဲဘော်ဖြူလား အလံနီလား မသိပါဘူးတဲ့ ညကလဲမှောင်နေတော့ သူ့
သံကြီးကိုတော့ အကုန်လုံးက မှတ်မိကြပါတယ်။ အဲ့ဒီပစ်ခံရခံနီးမှာ သူက လယ်စပ်က ခြုံထဲမှာ
ခဏ အလေးဝင်သွားနေတော့ ဘကြီးအသံက တိတ်နေလို့ ဘကြီးပါလာမှန်းမသိလို့ ပစ်တာပါ
တဲ့။ သူက ပစ်သံကြားတော့မှ လှမ်းအော်ရတာ။
ဒါတင်ဘယ်ကမလဲ ဟိုဖက်နေ ယောက်ဖ မင်းတို့မှာ ဆေးလိပ်အပိုပါသေးလား ငါတို့ဆေးလိပ်
ကုန်သွားလို့ကွာဆိုလို့ ချောင်းထဲဆင်း တဖက်ကမ်းကို ကူးပြီးသွားပေးသေးတယ် စကားတွေ
တဖေါင်ဖေါင်ပြောနေသေးတယ်။ ပြီးတော့မှ ပြန်ကူးလာပြီး နတ်စားတဲ့ဆီကို ဆက်သွားကြတာ
ဆိုပဲဗျ။ အစိုးရတပ်တွေလာလဲ ငါ့အိမ်မှာပဲ ချက်ပြုတ်စား ဖဲရိုက်ကြ ဘော်လီဘောပုတ်ကြနဲ့ နေကြတာပဲတဲ့။ ငါလဲ ကြားထဲက ပြေလည်ရာပြေလည်ကြောင်းပြောတာပြတာပါပဲကွာတဲ့ ။ ချက်ပြုတ်ကျွေးမွေးတာပါပဲတဲ့။ ဘာဖြစ်လို့ ဘယ်လိုဖြစ်လို့ ချနေကြလဲတော့လဲ ငါလဲမသိပါဘူး
တဲ့ အားလုံးကတော့ ငါ့သူငယ်ချင်း ဆွေနီးမျိုးစပ်တော်ကြတဲ့သူတွေချည်းပဲ အစိုးရတပ်က လာ
တဲ့ ရဲဘော်တွေကလဲ ငါနဲ့ရွယ်တူ သက်တူတွေ တိုက်ပွဲတွေဖြစ်ကြတော့ ငါတို့ ရွာသားတွေပဲ နာတာပေါ့ကွာ။ ဘယ်လိုလုပ်မလဲ။ ငါလဲ စိတ်မကောင်းရုံပေါ့ကွာ အေးအေးဆေးဆေးဖြစ်စေ
ချင်ပါတယ် တဲ့။
ခုမြစ်ဝကျွန်းပေါ်မှာ ပိတ်ဆို့ရေး ဖြတ်လေးဖြတ်တွေလုပ်ပြီးကတည်းက သူပုန်ရယ်တော့ မရှိ
တော့ဘူးပေါ့ကွာ ဒါပေမဲ့လဲ ငါတို့အားလုံးက သူ့ရွာ ငါ့ရွာရယ်မဟုတ်ဘူး ကရင်ရယ်ဗမာရယ်က
ရွာခြင်းကပ် ချောင်းဖျားမှာ ကရင်ဆို ချောင်းဝမှာ ဗမာ ဒီလိုနေကြတာလေ။ သူပုန်ရယ်သာမရှိ
တာ အချိန်မရွေး ပြန်သူပုန်ဖြစ်နိုင်တဲ့ သူတွေချည်းပဲကွ။ ကရင်တွေမှာ ရိုးရာလိုဖြစ်နေတဲ့ စ
ကားတောင်ရှိသေးတယ် “ဒို့ကရင်က နားကပ်မ၀ယ်ဘူး သေနတ်ပဲဝယ်မယ်” သေနတ်တချို့လဲ လက်ကျန်ရှိကောင်းရှိမယ်ကွ ဒီတော့ တကယ်အေးသွားတာမဟုတ်ဘူး ငြိမ်သွားတာလေ အား
လုံး ညှိနှိုင်းပြီးလုပ်မှ တကယ်အေးမှာပေါ့ကွာ ခုလဲ စစ်ပွဲသာမရှိတာ လူတွေက စီးပွားရေးကြပ်
လာတော့ စစ်ပွဲတွေရှိတုန်းကထက်တောင် ဆိုးပါသေးတယ်ကွာ ငါလဲ နိုင်ငံရေးတွေဘာတွေ
နားမလည်ပါဘူးကွာ တဲ့။
ဘကြီးသာဒွန်းဇံရော အရီးဒေါ်စိန်ချုံကော ခုတော့ မရှိတော့ပါ။ အင်္ကျီတခါမှမ၀တ်တဲ့ နှာစေး
ချောင်းဆိုးတောင်မဖြစ်တဲ့ ဘကြီးသာဒွန်းဇံ တခါပဲ နေမကောင်းဖြစ်ပါတယ် တခါပဲဆေးရုံ
တက်ရပါတယ် တခါပဲ ကွယ်လွန်ဆိုတာမျိုးပါပဲ။ ခုတော့ ဘကြီးရဲ့ သားသမီးမြေးမြစ်တွေလဲ
လယ်လုပ်ငန်းနဲ့ မစားလောက်ကြတော့ ရေကြည်ရာ မြက်နုရာကို ပြောင်းရွေ့ကြနဲ့ရွာမှာလဲ
သိပ်မကျန်တော့ပါ။ ကိုယ့်ဇာတိရွာလေးမှာတော့ ဆွေမျိုးသားခြင်း ညီအကို မောင်နှမတွေနဲ့
တည့်တည့်မတည့်တည့် မတည့်လဲခဏ အတူနေချင်ကြမှာပေါ့ဗျာ ကိုယ်ချင်းလဲ စာနာပါတယ်
ကိုချစ်ဖေကိုယ်တိုင်လဲ ရွာပြန်ရတယ် အိပ်မက်ခဏခဏ မက်မက်နေတာကိုး နော။
| GREEN |
You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.
© Blogger templates Newspaper III by Ourblogtemplates.com 2008
Back to TOP