Tuesday, February 15, 2011

ကြည်ညိုစရာ လွှတ်တော်အမတ်များ

မပြောချင်ပါဘူးဗျာ

သူများတကာတွေ စိန်ကောင်းကျောက်ကောင်းရောင်းတဲ့ထဲ ဆေးရိုးသယ်က ကန့်လန့် ကန့်လန့် လို့ပြောခံရဦးမယ်

ဒါ့ကြောင့်ပြောတာ ပြည်ပအားကိုး ပုဆိန်ရိုး အဆိုးမြင်ဝါဒီတွေလို့ ထပ်အပြောခံရဦးမယ်

ရာဇပုလ္လင်ဖင်ကပ်ပါလာတယ်လို့ပဲပြောပြော စိုင်ကော်လို့ ခြုံပေါ်ရောက်တယ်ပဲပြောပြော

မိုးပေါ်က ကျလာတဲ့ ကြိုတင်မဲတွေနဲ့ အမတ်ဖြစ်တယ်ပဲပြောပြော အမတ်တော့ အမတ်ဖြစ်တာပဲလေ

ဒီတခေတ်မှာ အမတ်ဖြစ်တယ်ဆိုကတည်းက အမတ်ဖြစ်တယ်လို့ မှတ်ပေါ့ဗျာ

ခုတော့..ထစ်ကနဲဆို ကောင်းတယ်လို့ တခါမှ မပြောကြဘူး လို့ပဲဆိုဆို..

မပြောချင်ပါဘူးဆိုကာမှပဲ မနေနိုင်မထိုင်နိုင်ပြောမိပြန်တယ်ဗျာ


ဟိုစကားပုံလို..

ယိုသူမရှက် မြင်သူရှက် လို့ ဆိုပြန်ရင်လဲ ပြောခံရဦးမယ် ငါ့တို့ အမတ်မင်းဆိုတာ ပြည်သူ့ ကိုယ်စား ကိုယ်စားလှယ်တွေကွ

မင်းလို တိုင်းတပါးကျွန် အဲ ကိုယ့်တိုင်းပြည်မှာ ကိုယ်လုပ်ကိုင်မစားပဲ တိုင်းတပါးမှာ ကျွန်သွားခံတဲ့ သူမဟုတ်ဘူးကွ လို့ အပြော

ခံရမယ် ဆိုရင်လဲ ခံရပေတော့မယ်.


ဒီလိုပါ

ဧရာဝတီက တင်ထားတဲ့ ကြက်ပြေးနေပြည်တော်က အမတ်မင်းတွေရဲ့ ဓါတ်ပုံတွေကိုသာ ရှု့စားပါတော့ဗျာ.

ဘယ်က ဘယ်လို ဥပဓိရုပ်တွေလဲဆိုတာတော့..ဗျာ သိတယ်မှလား..

ကချစ်ဖေတို့က နေရာစုံ လပ်လျှားလပ်လျှား လျှောက်သွားဘူးသူဆိုတော့ ပြောရရင်..အဲ..

ဟို..

ဒီ..က ခေါင်း(ဆောင်)တွေလိုလို ဘာလိုလိုဗျာ.

ဗမာစကားတလုံးမှ မတတ်တဲ့ နိုင်ငံခြားသားတယောက်ယောက်ကို ပြ ကြည့်ရင်လဲ

ဘာပြောမလဲ.

သိကြတယ်မှလား..


မပြောချင်တော့ပါဘူးဗျာ..


လူမှာ အ၀တ် တောင်းမှာအကွပ်တဲ့

နဂိုရှိမှ နကိုင်းထွက် သတဲ့..


သြော်..ကြားလို့မှ မတော်..

ဒီလူတွေက လူထု ကိုယ်စားလှယ်တဲ့ဗျာ.ဘယ်သူဘယ်ဝါရယ်တော့ မသိရပါဘူး ပုဂ္ဂိုရေး တိုက်ခိုက်တာလဲမဟုတ်ပါဘူး
ဒါပေမဲ့ဗျာ.

ရှက်စရာကြီး....











9 comments:

Crystal February 15, 2011 at 11:41 PM  

ရီရတယ် ခွိ ခွိ (ဝတ်မယ်ဆိုရင်လဲ အဆင်လှလှလေးတွေ ရွေူးဝတ်တာမဟုတ်ဘူးနော်) :P

အမောက်ကြတ်,  February 16, 2011 at 7:37 AM  

တော်..ခုတော့ သွားဖြဲပြီး ရီထားအုန်းပေါ့..
အိမ်ရောက်ရင် ..ကျုပ်ထမိန်ပြန်ချွတ်..

ပုံ

အမတ်ကတော်

Anonymous,  February 17, 2011 at 2:44 PM  

အမှတ်မမှားဘူးဆိုရင် အဲ့ဒါတွေက ဟိုအရင်က မိန်းမ ထမီဆင်တွေနော်...

IDIOT-Ki February 22, 2011 at 10:24 AM  

ပြောပြန်ရင်လည်း ကချစ်ဖေ လွန်ရာကျမယ် ။
ပြောပြန်တော့လည်း ဒီင်္လူဂျီးတွေ အရှက်မဲ့ရာ ကျတယ် ။
မိန်းမ ယောကျာင်္း တန်းတူ ဆက်ဆံရေးကို သရုပ်ပြသွားကြတာ ပေါ့ လေ။

ကလူသစ် February 26, 2011 at 2:28 AM  

တခုခုတော့ မှားနေပြီဗျ။ ကလူသစ်တို့ကပဲ အဆင်တွေကို သေချာမသိတာလား။ သူတို့ကပဲ ၀တ်ချင်သလို ၀တ်ကြလားမသိဘူး။ ဥပဓိရုပ်တွေကတော့ မပြောချင်တော့ပါဘူးဗျာ။

kiki March 17, 2011 at 7:57 PM  

သူတို့ကိုယ်သူတို့ 
လူပျက်ကြီး ဦးရွှေရိုး များ မှတ်နေကြလား မသိ ...
အတောင်နှစ်ဆယ်ဝတ်တွေက ချွေတာရေးအနေနဲ့ သုံးတောင်ပဲ ဝတ်တော့မတဲ့ လေ..

kiki March 17, 2011 at 7:57 PM  

သူတို့ကိုယ်သူတို့ 
လူပျက်ကြီး ဦးရွှေရိုး များ မှတ်နေကြလား မသိ ...
အတောင်နှစ်ဆယ်ဝတ်တွေက ချွေတာရေးအနေနဲ့ သုံးတောင်ပဲ ဝတ်တော့မတဲ့ လေ..

Ko Toe Gyi ( Multiply Boo Boo Gyi ) April 2, 2011 at 2:07 AM  

ဟုတ် အူးလေးဟုတ်

kay April 21, 2011 at 1:05 AM  

အော့အော့ ကြီးတွေ..ကိုချစ်ဖေ ရယ်..း)

နှစ်သစ်ကူး မှာ မင်္ဂလာပါ..။

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP