Friday, April 8, 2011

အရင်တုန်းကလို..

ငယ်ငယ်တုန်းကတော့ အသက် ငါးဆယ်တန်း လူကြီးဆိုတာ အဖိုးကြီးတွေပါလားလို့ ထင်ထား
ခဲ့တာ ကိုယ်ကိုယ်တိုင် ငါးဆယ်နားကို တော်တော်ကြီးကပ်လာတော့ (၃ နှစ်အလို)မှ သြော်..
အသက်ငါးဆယ်ဆိုတာလဲ ငယ်သေးတာပဲ ပြေးနိုင်လွှားနိုင် အလုပ်လုပ်နိုင်သေးတာပဲ လို့ ပဲ ဖြေတွေးပါတယ်။ တကယ်တော့ ဒါဏ်ရာဒါဏ်ချက်ပေါင်းစုံ ကြုံရင်ကြုံသလို စား အိပ် စနစ်တ
ကျရယ် ကျမ်းမာရေးအသိရှိရှိရယ် ကိုယ့်ကိုကိုယ်စောင့်ရှောက်ခဲ့ မဟုတ်လေတော့ ခုအချိန်မှာ
တော်တော်လေး ကျမ်းမာရေး ချို့ယွင်းလာတာတော့ အမှန်ပါပဲ။

တကယ်က သိပ်ငယ်လှတော့တဲ့အရွယ်တော့ မဟုတ်တော့ပါဘူး ဒုတိယအရွယ်ထဲကို ထဲထဲ
ဝင်ဝင် ရောက်ခဲ့ပြီးပြီ တတိယအရွယ်ကို ကူးခါနီးဆိုပါတော့ ကိုချစ်ဖေကို မွေးတော့ ကိုချစ်ဖေ
အဖိုးက ၄၂ နှစ်ပဲရှိသေးဆိုပဲ ခု ကိုချစ်ဖေရဲ့ ညီလေးအရွယ်ပေါ့။ ဘာရယ်တော့လဲ မဟုတ်ပါ
ဘူး နေရင်းထိုင်ရင်း သွားလာလုပ်ကိုင်ရှာဖွေ စားသောက်ရင်း ကြီးလာခဲ့ကြရာက မတွေ့ဖြစ်
တော့တဲ့ မတွေ့ နိုင်တော့တဲ့ ငယ်သူငယ်ချင်းတွေကို သတိယလာမိတာရယ် အချိန်လေးက
ရနေတာရယ် နဲ့ ရေးမိတာပါ။

ကိုချစ်ဖေ ခုတလော သူငယ်ချင်း နှစ်ယောက်ကို သွားသတိယနေမိတယ် ကိုချစ်ဖေ ငါးတန်း
နှစ်မှာ တခန်းထဲ ဘေးချင်းကပ် ရှေ့နောက် အတူထိုင်ခဲ့ရတဲ့ သူငယ်ချင်းတွေပါ။ ကိုချစ်ဖေ ငါး
တန်းဆိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၆ နှစ်လောက်က ပေါ့။ တယောက်က မာမွတ်တဲ့ ကျောင်း
နာမည်ကိုက မာမွတ် အရပ်ရှည်ရှည် အသားလတ်လတ် အိန္ဒိယနွယ်ဖွား ဘာသာခြား ကလေး
ဘ၀ထဲက အလွန်းသည်းခံတတ် စိတ်ရှည်တတ်တဲ့သူ အဲ ကလေးဘ၀တုန်းကတော့ ဘယ်သိ
ပါ့မလဲနော။ အသက်ကြီးလာမှ ပြန်တွေးကြည့်မိတာ။

သူက မုန့်စားကျောင်းဆင်းရင် အခြားသော သူငယ်ချင်းတွေလို မုန့်ရောင်းတဲ့ ဈေးတန်းဖက်
သွား မုန့်တခုခု ၀ယ်စား အဲ့ဒီလိုမျိုး မရှိပါဘူး အခန်းထဲက သူထိုင်တဲ့ စာရေးခုန်လေးမှာပဲထိုင်
ဟိုငေးဒီငေး အခြားသူငယ်ချင်းတွေက မုန့်စားဖို့ ခေါ်လဲ မစား လာကြွေးရင်လဲ ပြုံးပြီး ငါမဆာ
လို့ပါ မင်းတို့ မုန့်ပေးတာ ကျေးဇူးတင်ပါတယ် ဆိုတာမျိုး ကလေးဘ၀လေးထဲက ပြောတတ်သူ
တနေ့ နေ့လည် မုန့်စားကျောင်းဆင်း ကျောင်းပြန်တက်ခါနီး ကိုချစ်ဖေနဲ့ ဘေးခြင်းကပ် အတူ
ထိုင် မာမွတ်က သူ့ခုံ်လေးမှာ မထိုင်ပဲ ဗလာစာအုပ်ထဲက စာရွက်ဟောင်းလေးနဲ့ သူ့ ခုံလေး
ကို ထပ်ခါတလဲလဲ သူပွတ်နေတော့ ကိုချစ်ဖေလဲ မနေနိုင်ပဲ “ဟေး..မာမွတ် မင်းခုံက ဘာဖြစ်
လို့လဲ” လို့ မေးဖြစ်တယ်။ သူက “ ဘာမှ မဖြစ်ပါဘူးကွာ ငါလွှတ်ပစ်လိုက်ပါပြီ” တဲ့ အဲ့ဒါနဲ့ ကို
ချစ်ဖေကလဲ “ မင်းဘာဖြစ်လို့ ဘာကို လွှတ်ပစ်ပြီး ဘာလို့ ခုံကို သုတ်နေတာလဲ” လို့ ထပ်မေး
တော့မှ “ ငါမပြောချင်ပါဘူးကွာ” တဲ့ ကိုချစ်ဖေက မရမကမေးတော့မှ “ဟိုကောင်တွေကွာ..
ငါ့ ခုံထဲမှာ ငါမစားတဲ့ အသားကို လာထည့်ထားတယ် ခုံတွေကိုလဲ သုတ်သွားတယ်” တဲ့။

ဘယ်ကောင်တွေလဲ လို့ မေးနေတုန်း “ ဟေ့ကောင် ချစ်ဖေ မင်းက သိရင်ဘာလုပ်မလို့လဲ ငါ
တို့ သုတ်တာ ကွာ” လို့ ကိုချစ်ဖေတို့ထက် အသက်ကြီးတဲ့ အရွယ်လဲကြီးတဲ့ မောင်မောင်က ပြောလာပါတယ် ကိုချစ်ဖေကလဲ တော်တော်ကို ခံပြင်းတယ် သူ့ဘာသာနေတဲ့ ဘာသာခြား သူငယ်ချင်းကို အုပ်စုဖွဲ့ အရွယ်အားကိုးနဲ့ အနိုင်ကျင့်တယ်လို့ ခံစားရတယ် အဲ့ဒါနဲ့ “ မင်းတို့ မ
တရားဘူး မင်းတို့ အနိုင်ကျင့်တာ” လို့ ကိုချစ်ဖေက ပြောလဲပြောရော ဘာပြောကောင်းမလဲ
ကိုချစ်ဖေကို သူတို့ ညီအကိုတွေ ၀ိုင်းထိုးကြိတ် လိုက်တာ ကြယ်တွေလတွေ မြင်သွားတာပါပဲ။

မာမွတ်နဲ့ ဘေးက အခြားသူငယ်ချင်းတွေ ၀ိုင်းမဆွဲရင် ဘယ်လောက်တောင်ခံရမလဲ မသိဘူး
ဒါပေမဲ့ ဘယ်နေမလဲ ရန်ဖြစ်တယ်ဆိုတဲ့ သတင်းက ပြန့်သွားတော့ အတန်းပိုင်ဆရာ ဦးအောင်
မြင့် ရောက်လာပြီး ရန်ဖြစ်တဲ့ကောင်တွေ အကုန် ခုန်ပေါ်တက် လက်ပိုက်နေဆိုလို့ ကိုချစ်ဖေ
လဲ အပစ်ပေးခံရတဲ့ထဲ အဆစ်ပါရသေး။

အဲ့ဒါနဲ့ နောက် ရှစ်တန်းလောက်မှာ မာမွတ်ကျောင်းက ထွက်ပြီး သူ့အဖေပိုင် သံလုပ်ငန်းကို ၀င်လုပ်ပါတယ်။ ကိုချစ်ဖေတို့ ၁၀ တန်းလောက်မှာ သူ့အိမ်က ပေးစားတဲ့ သူနဲ့ ဘာသာတူ ဆွေမကင်း မျိုးမကင်းကောင်မလေးနဲ့ အိမ်ထောင်ကျသွားပါတယ်။ နောက် ကိုချစ်ဖေလဲ မြို့က
နေထွက်ပြီး ၁၉၉၄ အိမ်ပြန်လာတော့ မာမွတ်က အတော်ပဲ စီးပွားဖြစ်နေပါပြီ ကိုချစ်ဖေက
တောမှာ စပါးကြိတ်တဲ့စက်လေးလုပ်တော့ လိုအပ်တဲ့ စက်ပစ္စည်းကို သူ့ဆိုင်မှာပဲ ၀ယ်ရတာ
ပါ မာမွတ်တို့ ဆိုင်က ပစ္စည်းမှန် ဈေးမှန်ဖြစ်ပြီး သူတို့ဆိုင်မှာမရှိရင်လဲ ဈေး မနာရအောင် ပစ္စည်းအမျိုးအစားသိအောင် အမြဲပြောပြပါတယ်။

ကိုချစ်ဖေကတော့ စဉ်းစားတာပေါ့ မာမွတ်က ငယ်ငယ်တုန်းကလဲ စိတ်ရှည်ပြီး သည်းခံတယ်
စိတ်ထားလဲကောင်းတယ် သူ့ဘ၀က ပုံမှန် အေးအေးချမ်းချမ်း လဲရှိပါတယ်ပေါ့ တကယ်တော့
ကိုချစ်ဖေက နောက်မှ သိတာပါ သူက ကိုချစ်ဖေတို့ မြို့က သူတို့ ဘာသာ ဘုရားကျောင်းဂေါ
ပက လူကြီး ဦးမာမွတ် ဦးမာမွတ်နဲ့ အားလုံးက လေးလေးစားစား ရှိကြတာဆိုပဲ။ ကိုချစ်ဖေက
တော့ ဘယ်ဘာသာ မို့ ကောင်းတယ် မကောင်းဘူးရယ် မဆိုလိုချင်ပါဘူး လူပုဂ္ဂိုလ်
အနေနဲ့ ပြောတာပါ။ စိတ်ရှည်သည်းခံတတ်တဲ့ သူငယ်ချင်းက ကြီးလာတော့လဲ သူ့ဘာသာ သူ
ရိုးရိုးအေးအေးနဲ့ သူ့မိသားစု ဘ၀လေးကို တည်ဆောက်နေတာပါပဲ။ နောက် ကိုချစ်ဖေတို့ မြို့
ကနေ ဂေါပကလူကြီးတွေထဲက လူရွေးပြီး ဘုရားဖူး လွှတ်တော့ သူပါသွားပါတယ်။ ကိုချစ်ဖေ
က နောက်တော့ သူပြုံးနေတယ်။ ဟိုး..ငယ်ငယ်တုန်းက ပြုံးတဲ့ အပြုံးမျိုး။ ကိုချစ်ဖေက တော့
ကျွတ်ဆပ်ဆပ် မာကျောကျော မဟုတ်ရင် မတရားရင် မတတ်သာလို့သာ ငြိမ်နေရင် ငြိမ်နေရ
မယ် အခွင့်သာတာနဲ့ ပြန်ပြောဖို့ ပြန်တုန့်ပြန်ဖို့ အမြဲ တွေးမိနေတတ်တော့ ပြဿနာ အလီလီ
နဲ့ သူ။ သြော် တွေးမိတာပါ ဘ၀ဆိုတာ ရိုးရိုး သားသား စိတ်ရှည်ရှည် နဲ့ ဖြတ်သန်းရင်လဲ ရ
ပေသား ကလားပေါ့ဗျာ။

နောက် သူငယ်ချင်းတယောက် ကတော့ အဲ့ဒီငါးတန်းတုန်းက စသိတာပါပဲ။ သူက ပန်းချီသ
မား သူ့ မှာ ပုံဆွဲတဲ့ ဗလာစာအုပ်သက်သက်ရှိတယ် အဲ့ဒီထဲမှာ ပုံလေးတွေ သူအမြဲဆွဲပါတယ်
သူ့ ဆွဲတဲ့ ပုံလေးတွေကို ကိုချစ်ဖေက သဘောကျ အထင်ကြီးရင်း ခင်သွားကြတာ သူက စာ
ရေးရင် လဲ အမြဲ သေသေသပ်သပ် အင်္ကျီအ၀တ်အစား ၀တ်ရင်လဲ သေသေသပ်သပ် သူက
စကားပြောလဲကောင်းတဲ့သူ သူ့ဘေးမှာ သူငယ်ချင်းတွေက အမြဲဝိုင်းပြီး သူပြောတာ နား
ထောင်နေရသူမျိုး အင်္ဂလိပ်ရုပ်ရှင်ကား အတူတူကြည့်ကြတာခြင်း အတူတူ တလုံးမှ နားမ
လည်တာခြင်းလဲ အတူတူ သူပြန်ပြောပြတဲ့ အင်္ဂလိပ်ရုပ်ရှင်ဇတ်ကားကို အားလုံးက နားထောင်
ရလောက်အောင် ပြောတတ်တာမျိုး ကလေးဘ၀ထဲက ဇ က ရှိတာ။ သူ့နာမည်က ဇော်မင်း။

တနေ့တော့ သူက ကျောင်းကို ကျောက်ခဲလို အတုံးလေး တတုံး ယူလာပါတယ် အခြား ဘယ်
သူ့ကိုမှ မပြပဲ ကိုချစ်ဖေကို ပြပါတယ် အဲ့ဒါ မင်းသိလား ဆေးသကြားတုံး ကွ သောက်ရေ အိုး
ထဲကို စိမ်ထားရင် ရေချိုတယ် အဲဒါ ငါတို့ အတန်းထဲက သူတွေ ရေချိုချိုသောက်ရအောင် မင်း
နဲ့ ငါနဲ့ သောက်ရေအိုးထဲကို ထည့်ထားမယ် မင်းဘယ်သူ့မှ မပြောနဲ့ အဲ့ဒါနဲ့ သောက်ရေအိုး နှစ်
အိုး ထဲကို ကိုချစ်ဖေနဲ့ သူနဲ့ အတူ ဆေးသကြားတုံးလေးကို စိမ်ထားလိုက်တယ်။ အိုးနှုတ်ခမ်း
စပ်ကို ဆေးသကြားမြန်မြန်ပျော်အောင် လက်နဲ့ ပွတ်ပေးလိုက်သေး။

နောက် သိပ်မကြာပါဘူး သောက်ရေချို တယ် သောက်ရေချိုတယ်ဆိုပြီးသောက်လိုက်ကြ ခ
ဏနေ အိမ်သာကိုပြေး ဆီးစွန့်လိုက်ကြနဲ့ ဆေးသကြားက ဆီးရွှင်တယ်ဆိုပဲ။ အဲ့ဒီလိုနဲ့ သိပ်မ
ကြာဘူး ဒါဘယ်သူလုပ်တာလဲ ဆိုပြီး နားမလည်ပါးမလည်နဲ့ လုပ်ရလား အားလုံး ဒုက္ခရောက်
ကုန်ရင် ဘယ်လိုလုပ်မလဲ ဆိုပြီး ဆေးသကြားတရားခံကို ရှာပါလေရော မဖေါ်ရင် တတန်းလုံး
ကို ရိုက်မယ် အမှန်အတိုင်း ၀န်ခံရင် အပြစ်ကို လျှော့ပေးမယ် ဆိုတော့ တရားခံ ကိုချစ်ဖေတို့
နှစ်ယောက်လဲ တယောက် သုံးချက်စီ အရိုက်ခံရ ပါလေရော။

ခုတော့ အဲ့ဒီသူငယ်ချင်းက သစ်တောဌါနမှာ တောခေါင်း လုပ်ရတာ သူများ မသထာရေစာပေး
တာကျွေးတာစားရလို့ ဆိုပြီး အလုပ်ကထွက်ပြီး ၀ိပဿနာ အားထုတ်ရင်း ဘုန်းကြီးအပြီးဝတ်
သွားပါပြီ။ တကယ့်ကို အပီအပြင် ဘုန်းကြီးစာလိုက် တရားအားထုတ် ဓမ္မာစရိယတန်းအောင်
အောင်လုပ်ပြီး တောရွာလေးတရွာမှာ ရိပ်သာထောင်မယ်လို့ ရည်ရွယ်ထားတယ် လို့ ကိုချစ်ဖေ
ကို အဲု့ဒီတုန်းက ပြောပြပါတယ်။

ခု..ရက်ထဲကြမှ ငါးတန်းတုန်းက ငယ်သူငယ်ချင်း နှစ်ယောက်ကို သတိယနေမိတာ။ ကိုချစ်ဖေ
နဲ့ ခုချိန် ပြန်တွေ့ ရင် ချစ်ဖေ မင်းကတော့.. အရင်တုန်းက လိုပဲ..အရင်တုန်းကလိုပဲ လို့ ပြောခံ
ရဦးမလားမသိ။

5 comments:

crystal,  April 8, 2011 at 10:46 PM  

ရှေးဟောင်းနှောင်းဖြစ်လေးတွေ
ပြောနေဖြစ်တဲ့ အရွယ်၊ တွေးမိနေတဲ့ စိတ်ခံစားမှု။

ငယ်ငယ်ကအဖြစ်တွေ ကြာသွားပေမယ့်
မေ့မရတာတွေ ဘဝပဲလား မသိဘူးနော် အစ်ကိုရေ။

ညီမလည်း ငယ်ငယ်တုန်းက အစ်မတွေနဲ့ ပျော်ခဲ့ရတာတွေ ခုချိန်မှာ သတိရနေတယ်။

မန်းကိုကို April 9, 2011 at 1:30 AM  

အတိုဆုံး ချုပ်ပြောရရင်တော့ ဖြစ်စရာရှိတာတွေ ဖြစ်လာတာလို့ ဆိုရမယ်ထင်တာပါပဲ ။

အတိတ်ကိုဆုပ်ကိုင်ထားသူ ၊ ပစ္စုပ္ပန်မှာ နေနေသူ ၊ အနာဂါတ်မှာနေဖို့ ကြိုးစားနေသူနဲ့ လမ်းပျောက်နေသူ စတာတွေလောက်ပဲ ကွာကြမယ်ထင်ပါတယ် ။

ကိုအောင်(ပျူနိုင်ငံ),  April 9, 2011 at 6:33 AM  

ငယ်က အကြောင်းတွေက ပြန်စဉ်းစားရင်
လွမ်းစရာတွေပဲနော်၊ အခုလို သင်္ကြန်နီးရင်
ပိုပြီး လွမ်းမိတယ် အကိုကြီးရေ ...

ကျောက်ကလေး,  April 9, 2011 at 9:51 AM  

ကိုချစ်ဖေကြီး...ကလေးဘဝကို တခါပြန်ပြီး..သတိရနေလို့...ပြန်များရချင်သေးလို့လား..
ကျနော်ကတော့ ..မိန်းမပိုးလို့ကောင်းတဲ့ လူပျိုလေးဘဝကို ပြန်ရချင်တယ်..အဟတ်ဟတ်..

jr May 4, 2011 at 11:36 PM  

'ဘ၀ဆိုတာ ရိုးရိုး သားသား စိတ်ရှည်ရှည် နဲ့ ဖြတ်သန်းရင်လဲ ရ
ပေသား ကလားပေါ့ဗျာ'
ဟုတ်တယ် ဦးချစ်ဖေရ။ အသက်ကြီးလာလေ အနည်ထိုင်ချင်လာလေပဲ။

ခင်မင်လျှက်
ဂျူ

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP