တယ်လီဖုန်း
တယ်လီဖုန်း
ကိုချစ်ဖေ ထိုင်းကိုရောက်တော့ တောသားမြို့ရောက် ဒူးယားသောက်ပေါ့ ဟိုဖက်ကမ်းလေးကူး
လိုက်တာနဲ့ အဝေးပြေးလမ်းမကြီးက ဖြူးလို့ ကိုယ့်မြ၀တီနဲ့တော့ကွာပါ့ ပြောပြန်ရင်လဲ မျိုးချစ်
စိတ်မရှိရာကြဦးမယ် ဘာပဲဖြစ်ဖြစ် အမှန်ကတော့ အမှန်ပဲလေ။
သာမာန် အ၀တ်အစား နွမ်းနွမ်းနဲ့ ကိုယ့်မြန်မာတွေလဲ ဟန်းဖုန်းလေးနဲ့ “ အော.သမီးရေ.အမေ
ပြန်လာပြီ တံတားထိပ်ရောက်ပြီ မီးမွှေးထားနော် ကြက်သွန်နွာထားနော်” တဲ့ အားကြစရာ။ ကိုယ့် ဒေသ ရွှေမြို့တော်ကလို လက်ကိုင်ဖုန်းတလုံး ကိုင်ရရင်ပဲ လူကိုဝင်တိုက်သွားတော့မလို
မျိုးမဟုတ် သာမာန် လက်လုပ်လက်စားလဲ အသုံးဝင်တဲ့ ဖုန်းကို အခနည်းနည်းနဲ့ ကိုင်နိုင်ကြ
တော့ ၀မ်းသာစရာ။
အဲ့ဒီနယ်စပ် တောမြို့လေးမှာ လက်ကိုင်ဖုန်းတလုံးရဲ့ အဓိပ္ပါယ်က အသုံးဝင်မှု ပြည့်ပြည့်၀၀ ကဲ
ဘယ်လောက်အားကြစရာကောင်းလဲဗျာ အဖိုးနည်းနည်းနဲ့ သုံးနိုင်ကြတယ်လေ။ အ၀င် ဆို ရင်
ကြိုက်သလောက် လက်ခံပြော မပေးရ။ အထွက်ကိုပဲ ပေးရတာ ပေးရတော့လဲ အများကြီး မ
ဟုတ်ပါဘူး။ ကိုယ်မှာ မီးနစ် ပိုက်ဆံမရှိရင် ဖုန်းလှမ်းခေါ်လိုက် ဖုန်းတောက်လိုက် တဖက်က သူငယ်ချင်းက ပြန်ခေါ်ပါလိမ့်မယ်။ ဟန်ကိုကျလို့။
ကိုချစ်ဖေလဲ ဘယ်နေမလဲ မော်ဒန်ကျနေတဲ့ ဖုန်းအဟောင်းတလုံးကို ဘတ်၁၅၀ နဲ့ ၀ယ်ကိုင်
လိုက်တယ်။ စင်းကဒ်ကတော့ ၅၅ ဘတ်လားမသိ စုစုပေါင်း မြန်မာငွေကျပ် ၇၀၀၀ လောက်ဆို
အဲ့ဒီတုန်းက ဖုန်းရပြီ။ ဖုန်းရပေမဲ့ ကိုချစ်ဖေ က အောက်ခြေ ရဲဘော်ဆိုတော့ကာ အရေးတကြီး
ဆက်စရာ မရှိသလို ပိုက်ဆံလဲ သိပ်မဖြည့်နိုင်ပါဘူး။
ဖြည့်နိုင်နိုင် မဖြည့်နိုင်နိုင် ကိုချစ်ဖေ အသိတွေကိုလဲ ကျနော်ဖုန်းနံပါတ်က …………ဒီ ပါ…..
နောက် ကိစ္စရှိရင် ခေါ်ပါ လို့တော့ ပြောလို့ရပြီပေါ့ တကယ်လဲ ခေါ်မဲ့သူလဲ မရှိလှပါဘူး..သူတို့
ခေါ်ပြန်ရင်လဲ ရှိစုမဲ့စု ပိုက်ဆံလေးထွက်သွား ပြန်ရော။ ဒါပေမဲ့လဲ အလုပ်တော့ဖြစ်ပါတယ် အ
ရေးအကြောင်း ရဲဖမ်းရင် ကိုယ့်မိခင် အဖွဲ့အစည်းကို လှမ်း အကြောင်းတော့ ကြားနိုင်တာပေါ့။
နို့မို့ ဘယ်ရောက်လို့ ဘယ်ပေါက်မှန်း မသိဖြစ်နေဦးမှာ။
ကျောင်းဆင်းကျောင်းတက်တွေဆိုလဲ ထိုင်းကလေးတွေက ဆိုင်ကယ်နဲ့ လက်ကိုင်ဖုန်းနဲ့ ယူနီ
ဖေါင်းအဖြူရောင် သစ်သစ်လွင်လွင် ဘောင်းဘီ စကတ် နက်ပြာရောင်နဲ့ အလယ်တန်းကျောင်း
က ကလေးတွေဆိုရင်တောင် အတော်ကိုယ်ခန္ဓာကြီးထွားနေကြပီ။ သူတို့ အဖြူရောင်အကျီက
အသစ်မဟုတ်ရင်တောင် အရောင်က မလွင့်ဘူး အဲ့ဒီလို ကျောင်းယူနီဖောင်း ၀တ်စုံ ဘယ်
လောက်များများ ရှိထားလဲ မသိ။ ကိုချစ်ဖေတို့ ရွာက ကလေးတွေ ယူနီဖေါင်း အဖြူက အ၀ါ
ရောင်လုနေတာ နွမ်းနေတာ ချူပ်ရိုးပြုတ်နေတာ ဖားဥစွဲနေတာမျိုး မတွေ့ရတော့ ကလေးတွေ
အတွက်ဝမ်းသာရပါတယ်။ အားကြဖွယ်ရာတွေ့ရ ပါတယ်။
ဦးအောင်ဇေယျတို့ ခေတ်က မြန်မာဆိုတာ အရပ် လေးတောင် (၆ပေ) လုံးပတ် နှစ်တောင်ထွာ
(၄၅လက်မ)ရင်အုပ်ရှိပြီး ပေါင်ကနေ ခါးအထိ ဆေးမင်ကြောင်ထိုးကွင်း သတ္တိနဲ့ ယိုးဒယားမြို့
တော် အယုဒ္ဓယ ကို ၀ါးရင်းတုတ်နဲ့ တက်ပြီးလုပ်ကြံသိမ်းပိုက်ခဲ့ တယ်ဆိုတာ နားရှိလိုသာကြား
ရပေတော့တယ် သမိုင်းထဲမှာ စာမေးပွဲအောင်ဖို့ ဖတ်ခဲ့ရလို့သာ ယုံရတယ် ဟုတ်ပါ့မလားလို့။
ကျနော်တို့ မြန်မာကလေးတွေက အသားအရေ မွဲခြောက်ခြောက် မျက်လုံးတွေက ကျီးလန့်စာ
စား စေတနာရှိလို့ဖွင့်ထားတဲ့ မြန်မာကျောင်းလေးတွေမှာ တက်တဲ့ ကလေးလေးတွေ မပြောနဲ့ သိတတ်စ ကလေးလေးတွေတောင် ရဲ လာပြီဆို အငိုတိတ် ကြောက်နေရတဲ့ သူများတိုင်းပြည်
မှာ ကြီးလာရတော့မဲ့ ကလေးလေးတွေရဲ့ အနာဂါတ်က ဘယ်လိုရှိနေတော့မလဲ။
မြန်မာပြည်မှာ ဒီမိုကရေစီမရှိပါဘူး ဆိုတာတော့ ဟုတ်ပါတယ် ထိုင်းနယ်စပ်မြို့လေးမှာကော ဒီ
မိုကရေစီ အခွင့်အလန်းဆိုတာ မြန်မာတွေအတွက် ချွင်းချက် နဲ့ရနေရသလားပဲ ထိုင်းက ဒီမိုက
ရေစီနိုင်ငံလေ မီဒီယာတွေ လွတ်လပ်ခွင့် လူထုကရွေးချယ်တင်မြှောက်ခွင့် အပြည့်ရထားတာ
ဆိုပါတော့။ မြန်မာတွေအတွက်ကတော့ ကန့်သတ်ဒီမိုကရေစီပေါ့ဗျာ။ ရတတ်ရာရာ လုပ်ကိုင်
စားသောက်နေရပေမဲ့ တယ်လီဖုန်းလေးတွေနဲ့ အိမ်နဲ့ မိသားစုနဲ့တော့ ဆက်သွယ်လို့ရသား ။
မြန်မာပြည်ထဲက သူတွေကတော့ အထင်ကြီးကြတော့မယ်။
ကိုချစ်ဖေ သူငယ်ချင်းတောင် ကိုချစ်ဖေကို အားကြပြီး ထိုင်းကိုလိုက်လာတာ ကိုချစ်ဖေကြီးပဲ
ကြီးပွားနေပြီ ဆိုတာမျိုးပေါ့ ခင်ဗျားဘာလို့ လိုက်လာတာလဲဆိုတော့ မသိဘူးလေ ခင်ဗျားလဲ
ဖုန်းနဲ့ ဘာနဲ့ဆိုတော့တဲ့ ကိုချစ်ဖေလဲ ကိုချစ်ဖေရဲ့ ဖုန်းစုတ်ကြီးကို ထုတ်ပြလိုက်တော့ ရယ်
လိုက်တာ။ နောက်တော့ သူလဲ ကိုချစ်ဖေကြီးအခြေအနေမှန်ကို သိသွားရှာတယ် သိတော့လဲ
ပျော်ပျော်ပါးပါးပါပဲ မရှိအတူ ရှိအတူပါပဲ။
ဖုန်းထဲမှာ ပိုက်ဆံမရှိသူချင်း လူစုဖို့ ဖုန်းလှမ်းခေါ် ပြီး ဖုန်းချသွားတယ် ကိုယ်ကလဲ ဖုန်းပြန်
ခေါ်ပြီး ဖုန်းချလိုက်တယ်ဆို သိပြီ ဒါ. အဓိပ္ပါယ်က “ လာခဲ့ပါ..လူစုံနေပြီ သောက်ကြတော့
မယ်” ကိုယ်ကလဲ “ လာခဲ့မယ် ဖုန်းလှမ်းတောက်လိုက်တာ သိတယ် ခဏနေ ရောက်လာခဲ့
မယ်” ဆိုတာမျိုးလေးပေါ့။ ဘာပဲဖြစ်ဖြစ် အဆင်မပြေလား။
ကျနော်တို့ စစ်အစိုးရမင်းများကတော့ အဲ့လို အောက်ခြေ အရပ်သားတွေ ဖုန်းပေါပေါများများ
ကိုင်နိုင်ရင် သူတို့အကြောင်းတွေ များများပေါ်ကုန်မှာ စိုးလို့လားမသိ။ ဒါမှမဟုတ် တယ်လီဖုန်း
ဆိုတာ အထက်လူကြီးများ အတွက်သာ အထက်လူကြီးများရဲ့ တပည့်လက်သားများအတွက်
ဆုတော်လဒ်တော် ပေးစရာ ကရိယာဖြစ်နေလို့လား မသိ။ ကိုချစ်ဖေတွေးကြည့်တာပါ။ ဟုတ်
ချင်မှလဲ ဟုတ်မှာပေါ့နော။
ဘာပဲဖြစ်ဖြစ် တယ်လီဖုန်းလေးတွေကိုယ်စီနဲ့ တယ်လီဖုန်းဆိုတာ လူသုံးပစ္စည်းမို့ လူတိုင်းသုံး
နိုင်တာ ၀မ်းသာစရာ ကိုချစ်ဖေတို့ မြန်မာတွေလဲ အဆင်ပြေစေတာမို့ ထိုင်းနယ်စပ် မြို့လေးမှာ
ရှာကြံ မုဒိတာပွားစရာ ဖြစ်နေတော့တာပေါ့ဗျာ။ ခုတော့ မြန်မာတွေမှာလဲ ဖက်အီးစီ ၂၀ တန်
၅၀ တန်ဖုန်းလေးတွေ သုံးနိုင်ကြပြီဆိုတော့ ဖွံ့ဖြိုးတိုးတက်လာပြီ မှတ်တယ်ဗျာ ဖျက်သိမ်း
တော့မယ်ဆိုတဲ့ သတင်းက ထွက်လာပြန်ပါပကော။ ကိုချစ်ဖေတို့ နိုင်ငံက တိုးတက်လိုက် ထိုး
မည့်ဆင် နောက်တလှမ်းဆုတ်လိုက် ဆိုသလို တိုးတက်နေတယ်ပဲ ထင်ပါတယ်။
7 comments:
မြန်မာပြည်ထဲမှာ လက်ရှိ သုံးနေတဲ့ အက်ဖ်အီးစီ
၂၀ တန် ၅၀ တန် ဖုန်းကဒ်တွေ အခု နိုဝင်ဘာ
လ ၁၅ ရက်နေ့ကျော်ရင် လုံခြုံရေး အကြောင်း
ပြချက်နဲ့ ဖျက်သိမ်းကောင်း ဖျက်သိမ်းမယ်လို့
ပြောနေကြတယ် အကိုကြီးရေ၊ သူတို့သားသမီး
ကုမ္မဏီတွေ တစ်ခု ကြီးပွားသွားရင် နောက်တခု
ထပ်ကြီးပွားဖို့ အကွက်လေးတွေ ထွင်နေကြတာ
... :P
ခုတော့ ဖုန်းကိုတော်တော်ကိုင်နေကြပါပြီ။ ကိုင်ရုံပဲကိုင်တာ။ ခေါ်မကြား၊ အော်မကြား ဖြစ်တာ၊ ခေါ်လို့မရတာတွေက ကျန်သေးတယ်။ ကလူသစ်ပြန်သွားတုန်းကတောင် အကြံတခုရသေးတယ်။ ရန်ကုန်မှာ “ဖုန်းခေါ်နည်း”သင်တန်းဖွင့်မလာလို့ပဲ။ ဘယ်အမျိုးအစားဖုန်းကိုခေါ်ရင် ဘယ်လိုခလုပ်နှိပ် အစရှိသဖြင့်ပေါ့။ :)
မြဝတီကို မရောက်ဖူးသေးဘူး၊ သွားဖို့တော့ ရည်ရွယ်ထားတယ်။ နယ်စပ်ထဲမှာ မယ်ဆိုင်နဲ့ နတ်အိမ်တောင်ပဲ ရောက်ဖူးတာ။
ကိုချစ်ဖေ ကိုပါ..မိတ်ဖြစ်ဆွေဖြစ်..ထဲ့ tag လိုက် အုံးမယ်။
ပုံရိပ်ဟောင်းများ ဆိုပြီး.. ရှိတဲ့ပုံအဟောင်းတွေ ထုတ်ပါ။ အသက် နဲ့ ကာလ ကို ခန့်မှန်းမလို့။း) ကိုအောင် ကိုတော့.. သိတယ်။
အစ်ကိုရေ...
မြန်မာပြည်မှာက ဖုန်းနဲ့ကားရှိရင် ဘော့စ်ဗျ။ ကိုယ်တွေလည်း အဲလိုလေးတွေဆိုရင် လိုက်ကြည့်လိုက်ရတာမောလို့။ ဒီမှာသာ အဲလိုလိုက်ကြည့် နေမယ်ဆိုရင်တော့ဖြင့် မောပြီးသေမှာပဲ၊ အမိုက်သိမ်းသမားကလည်း ဖုန်းနဲ့၊ အိမ်ကို ပန်းရံလာလုပ်တဲ့ အလုပ်သမားက မတ်တူး ကြီးနဲ့ဗျ....
ဟယ်လို..ဟယ်လို......လိုဟယ်..လိုဟယ်..
ကိုချစ်ဖေ...ကြားလား..ကြားလား.....ကျား....လား...များ..ခေါ်နေတယ်လေ...
ဟိုက်..ကိုကြီးကျောက် ဘယ်လိုဖြစ်သွားပြီတုန်း..အသံမကြားဘာမကြားနဲ့
Post a Comment