Saturday, November 6, 2010

ပုံရိပ်ဟောင်းများ





ပုံရိပ်ဟောင်းများ

ပုံရိပ်ဟောင်းများဆိုလို ကျနော်မှာလဲ ပုံရိပ်ဟောင်းက သိပ်မရှိလှပါဘူး ကိုယ်က အမြဲ ဓါတ်ပုံ
ရိုက်ပေးရတဲ့သူဆိုတော့ ကျန်ကျန်နေခဲ့တာများပါတယ် ရှိတဲ့ ပုံရိပ်ဟောင်းလေးတွေထဲက တင်ထားပါတယ်။ ပုံရိပ်သစ်ကို တင်ပြန်ရင်လဲ လူတွေ လေးစားသဘောကျ ကုန်မှာစိုးလို့.
(ဟဲ.ကိုယ့်ဘာသာထင်တာပါ) တော်ကြာ တကယ်ရင်းရင်းနှီးနှီး ခင်မင်ချင်သူတွေပါ ရှိန်ကုန်
မှာစိုးလို့ (တကယ်တော့ လန့်မှာစိုးလို့) မတင်တော့ပါဘူး ရှိတဲ့ ပုံရိပ်ဟောင်းတွေက တော်
သေးတယ်လေ ပုံရိပ်သစ်ကတော့ စိတ်နဲ့သာ မှန်းကြည့်ကြပါတော့ အသားက အညိုနုနု နဖူးက ပြောင်နေတဲ့အပြင် ဆံပင်အနုလေးတွေပဲ ပေါက်တော့တဲ့ပေါင် ၁၇၀ ခန့် အရပ် ၅ ပေခွဲ
အသက်ငါးဆယ်နား နီးနီး လူကြီးတယောက်ရဲ့ ပုံကို တွေးကြည့်ကြပါ (သိတဲ့သူတွေကလဲ တိတ်တိတ်နေပေးပါ..ဟဲ)။ပုံရိပ်ဟောင်းတွေထဲက သူငယ်ချင်းတွေထဲမှာ ကိုချစ်ဖေပါ ပါတယ်။





အဲ့ဒီပုံတွေက လွန်ခဲ့တဲ့ ၂၃ နှစ်လောက်က ရန်ကုန်တက္ကသိုလ် သထုံဆောင် ညစာစားပွဲမှာ ဓါတ်ပုံဆရာက ရိုက်ပေးလို့ အဆောင်မှာ ကူးပြီးပြန်လာပေးလို့ အမှတ်တရ အဖြစ်ကျန်နေခဲ့
တာပါ။ ဆယ်တန်းကို ကြိုးစားပမ်းစား ၅ နှစ်လောက်ဖြေပြီးမှအောင် ပြီးတော့ တက်လို့ရတဲ့ပါဠိ
ဘာသာလေး တက်နေတုန်းကပုံပါ။ အဲ့ဒီတုန်းကတော့ ကိုချစ်ဖေက ဘွဲ့ရရင် ဘုန်းကြီးဝတ်မ
လားလို့ပါ။ ၈၈ အရေးတော်ပုံကြီးက ပေါ်လာတော့ ဒုတိယနှစ်နဲ့ မျှောပါသွားလိုက်တာအိမ်ကို
၁၉၉၄ ဖေါ်ဖေါ်ဝါရီမှပဲ ပြန်ရောက်တော့တယ်ဗျာ။

ဆယ်တန်းမှာလဲကြာ ကိုချစ်ဖေကို ဖမ်းတုန်းက မိတဲ့စာအုပ်တွေကလဲ အရောင်က ရဲရဲဆို
တော့ ထောက်လှန်းရေးက ထုလိုက်တာဗျာ အစီအစဉ်ရှိရှိ တောထဲက ညွှန်ကြားမှုနဲ့ ဆယ်
တန်းပြန်ဖြေ ရန်ကုန်တက္ကသိုလ်မှာ မှီရာ မေဂျာနဲ့ ဆူပူမှုဖြစ်အောင်လုပ်ဖို့ မြှုတ်နှံထားတယ်
ဆိုပဲ။ ကိုချစ်ဖေ ကိုယ့်ကို ကိုယ်တောင်မသိပါဘူး သူတို့ပြောမှပဲ အမှုက ကြီးနေတယ် အဲ့ဒီလို
သာမြှုတ်နှံကြေးဆို တက္ကသိုလ်မှာ မြှုတ်နှံမလား သူတို့ တပ်မတော်ကြီးထဲပဲ ၀င်မြှုတ်နေလိုက်
မှာပေါ့.။ သူလျှိုတယောက်ကောင်းရင် ရန်သူ့ တပ်မကြီးတွေကိုတောင် ကြောက်စရာမလိုဘူး
ဘာညာ ဖတ်ဘူးပါရဲ့ အစီအစဉ်ရှိရှိ တော့မဟုတ်ပါဘူး တကယ်တော့ အရေးတော်ပုံကြီးနဲ့
တည့်တည့်သွားတိုးတာပါ။ ပျော်စရာပါ။

တိုးတော့လဲ လုပ်စရာရှိတာလုပ်တာပေါ့ဗျာ ဖမ်းစရာရှိတာတော့လဲ သူတို့က ဖမ်းတာပဲပေါ့ ခု
ပြန်တွေးကြည့်တော့ ကိုယ့်ကို ဖမ်းနှိပ်စက်တဲ့သူတွေလဲ နှစ်ရှည်ထောင်ဒါဏ်တွေ ကျရှာတာပါ
ပဲ စစ်အာဏာရှင်စနစ်အောက်မှာ လူတိုင်း လုံခြုံကြတာမှ မဟုတ်တာပဲ နော။

ဗမာပြည်မှာ နိုင်ငံရေးလုပ်မယ်ဆိုရင် ဓါးပီး ဒုတ်ပီး သေနတ်ပီးဆေး ထိုးထားပြီးမှဝင်လုပ်ရမ
လိုပါပဲဗျာ ထုလိုက်ရိုက်လိုက်ကြတာ နောက်တော့ အဲ့ဒီစစ်ကြောရေးထဲမှာပဲ အရင်တုန်းက
အတူတူလို့ ထင်ထားတဲ့ ညှင်းပမ်း တာနဲ့ နှိပ်စက်တာ ညှင်းပမ်းနှိပ်စက် တာဆိုတဲ့ ဝေါဟာရ
နှစ်ခုဟာ တူသလိုလိုနဲ့ မတူပါလား ညှင်းပမ်းတာက ဘယ်လို နှိပ်စက်တာက ဘယ်ပုံဆိုတာ
ကွဲကွဲပြားပြား သိသွားပါတယ်။ ကဲ မြန်မာထောက်လှန်းရေးတွေ ဘယ်လောက်တော်လဲ။

ဒီတုန်းကလဲ ဒို့ခေတ်ကြမှ ညံ့ကြတော့မှာလား ဆိုပြီး သမိုင်းကပေးတဲ့ တာဝန်ကို လူငယ်တ
ယောက်အနေနဲ့ တိုင်းပြည်နဲ့ ပြည်သူ့အတွက် ကိုယ်ကျိုးစွန့်ပြီး ကျရာနေရာက ၀င်လုပ်လိုက်
တာမျိုးပါ။ ဒိုဗမာအစည်းအရုံးကြီးရဲ့ ကြွေးကြော်သံဖြစ်တဲ့ “နောင်လာနောက်သားများကောင်းး
စားဖို့ရာ ဒို့ကိုယ်ကျိုးလုံးလုံးမပါ” ဆိုတဲ့ ဆောင်ပုဒ်ကိုလဲ သိပ်သဘောကျနေချိန်ပေါ့ဗျာ။ တ
ကယ်တော့ ကိုချစ်ဖေလဲ ဘာမှတော့လဲ ဟုတ်တိပတ်တိ လုပ်နိုင်တာမျိုးလဲ မဟုတ်ခဲ့ပါဘူး။
စိတ်ဓါတ်ရယ်တော့လဲ လူငယ်ပီပီရှိခဲ့ တက်ကြွခဲ့တာပါ။

အဲ့ဒီတုန်းက နောက်နှစ်ခါ ရန်ကုန်တက္ကသိုလ်(ပင်မ)ထဲကိုရောက်ရင် ရည်းစားထားမယ် အဲ့ဒီ
အတွက်ခု ထဲက R.C 2 မှာ ရှာထားကြမယ် ဘာညာလုပ်ခဲ့ကြ တဲ့ သူငယ်ချင်းတွေလဲ နောက်
ပြန် သတင်းရတော့ တောထဲမှာ ကျတဲ့သူက ကျ ကျောင်းကို ပြန်မရောက်တဲ့သူက မရောက်
ကိုယ့်မြို့လေးမှာပဲ အိမ်ထောင်ကျသွားတဲ့သူက ကျနဲ့ အကုန်တကွဲတပြားကို ဖြစ်သွားကြတာ
ပါပဲ။ ခုချိန်ထိပါပဲ ဓါတ်ပုံထဲက သူငယ်ချင်း ၂ ဦးကလွဲလို့ ကျန်တဲ့သူငယ်ချင်းတွေနဲ့တော့ မဆုံတော့ပါဘူး ကိုချစ်ဖေ ကျောင်းထဲကိုပြန်ရောက်တိုင်း တွေ့လိုတွေ့ငြားတော့ ကြည့်ရတာ
ပေါ့။ ကင်န်းတင်းကလူတွေလဲ အကုန်လုံးကိုတော့ ဘယ်မှတ်မိပါ့မလဲ လိပ်စာစာအုပ်လေးကိုလဲ ဆရာ ထောက်လှန်းရေးတွေက မ သွားတော့ ပြန်မရတော့ပါဘူး။
ခုလို နှစ်ပေါင်း ၂၅ နှစ် နီးပါး ၃၀ နှစ်နီးပါးအချိန်မှာတော့ ပြန်တွေ့လိုပါသေးတယ်။

ငယ်ရုပ်တွေကိုတော့ ဖမ်းမိကြမှာပါ နှလုံးသားထဲမှာ စွဲစွဲမြဲမြဲနဲ့ ခင်မင်ခဲ့ကြတာပဲလေ။ သားတွေသမီးတွေ မြေးတွေတောင်ရတဲ့သူ ရကုန်ကြလောက်ပြီ။ မကေ တက်၈် တာရယ် ကျနော်ကလဲ ရေးချင်နေတာရယ်နဲ့ ရေးလိုက်ပါပြီ မကေ။

11 comments:

ရွှေရတုမှတ်တမ်း November 6, 2010 at 2:23 PM  

အဟား...ကိုချစ်ဖေကြီးကိုမှတ်မိပြီ...
တော်တော်ရုပ်ပြောင်း သွားတာပဲနော်...
ငယ်ငယ်က ကျော်သူ ပုံပဲ....
ခုကြီးတော့........မိုးဒီ...အဲ..ဟုတ်ပါဘူး..မိုးဒီထက်တော့ ပိုချောပါတယ်...

ကိုအောင် November 6, 2010 at 2:26 PM  

တကယ့် အမှတ်တရ ပုံရိပ်တွေပါပဲ အကိုကြီးရေ၊
တစ်နေ့တော့ ကျနော်တို့တတွေ အမိတက္ကသိုလ် ကျောင်းတော်ကြီး တစ်နေရာမှာ
ဆုံဖြစ်ကြမှာပါ။

ကိုပိန် November 6, 2010 at 8:44 PM  

လွမ်းစရာကျန်တော့လည်း လွမ်းရတာပေါ့လေ။

Crystal November 6, 2010 at 9:02 PM  

တစ်ခါတုန်းက ကိုချစ်ဖေ၊
ထိုင်းလာရင် လူပုံ မှန်းလို့ရအောင် ငယ်ရုပ်လေး အရင်ပြနှင့်တာထင့်ပါ့။

ကိုချစ်ဖေ November 6, 2010 at 9:27 PM  

ဟုတ်ပါ့ဗျာ..ကြီးရုပ်မှ မပြရဲတာ

ချစ်ကြည်အေး November 6, 2010 at 11:19 PM  

ဒုတိယပုံ အလယ်က အကို ချစ်ဖေ မဟုတ်လား.... သိနေတယ်လေ....:)

kay November 7, 2010 at 1:54 AM  

အခုလို တွေ့ရတာ..၀မ်းသာပါတယ် ( လက်ဆွဲ နှုတ်ဆက် တာတော့ မပါဘူး ပေါ့ )

အသား အညိုနုနု..ဆံပင်နုနု လေး တွေ နဲ့.. နုနုလေး ပေါ့။း)

ခင်မင်စွာ ရေးပေးတဲ့ အတွက်..ကျေးဇူးပါ။ သထုံဆောင်..ပါဌိ..(အင်း..အမ တွေ နဲ့ သိလိမ့်မယ် ထင်တယ်)

Anonymous,  November 7, 2010 at 8:35 AM  

အာဏာရှင်စနစ်မှာ ဘယ်သူမှ မလုံခြုံဘူးဆိုတာ သဘောကျတယ် ကိုချစ်ဖေ။
ဝတို့ကို ကြည့်လေ။ အဆင်ပြေနေတုန်းတော့ ဟုတ်လို့ပဲ။ တိုင်းမှူးတွေကတောင် ပျာပျာသလဲ ဘုန်းကြီးကပျာပျာသလဲ ဧည့်ဝတ်ပြုကြရတာ။ ခု အစိုးရမင်းများ ကြည့်မရတော့တဲ့ခါ ဟိုအကြောင်းပြ ဒီအကြောင်းပြ ချကြပြန်ပြီမလား။

ခုလည်း ကြံ့ဖွတ်ကနေ ပြိုင်နေတဲ့လူတွေ ဘယ်နေ့ ဖြုတ်ထုတ်သတ်ထဲ ပါမယ် မသိ။ သင်ခန်းစာယူတတ်ကြဖို့ကောင်းပြီ။


မအယ်

မန်းကိုကို December 3, 2010 at 7:59 PM  

အဲဒါကြောင့် တွေ့ဖူးတယ်ထင်တယ်လို့ ဖြစ်နေတာ၊ ကျနော်က ရွှေဘိုဆောင်ကလေ။

အဲ .. (86-87 လောက်က) ခဏသွားနေဖူးတာကို ပြောတာပါဗျာ။ ဆရာတို့ ကျောင်းပိတ်ရက် ဆိုတော့ ဘယ်တွေ့ဖူးမတုံး။ :-)

မန်းကိုကို December 3, 2010 at 9:31 PM  

ကျနော်က ဘားအံ ကပါခင်ဗျ၊ နာမည်ကို ကရင်လို “မန်း= ဦး” ဆိုပြီး ယူထားလို့ မန္တလေးနဲ့ နည်းနည်းတော့ ရောနိုင်တာပေါ့ဗျာ။ သူများပြောမှ ကိုယ့်နာမည် “ပေါ” ချက်ကို သတိထားမိတော့တယ်။ :-)

ရွှေဘိုဆောင်က နွေရာသီ ကျောင်းပိတ်ရက်အတွင်း ရန်ကုန်မှာ သင်တန်းတက်ရင်း တစ်လကျော်လောက် (တစ်ခါထဲ) တည်းဖူးတာပါ။ နောက်ပိုင်းတော့ ကျောင်းဝင်းကြီးထဲ နှစ်တိုင်းလိုလို ရောက်ပေမယ့် အဆောင်တွေတော့ ဘေးကလောက်ပဲ ဖြတ်ဖြစ်ပါတော့တယ်။

kiki January 10, 2011 at 9:48 PM  

မချစ်ကြည်အေး ဖေါ်ကောင်လုပ်တဲ့ကျေးဇူးကြောင့် ကိုချစ်ဖေကြီးကို မြင်ရတွေ့ရပါပြီ ဗျိုး..
ငယ်ရုပ် မပျောက်သေးဘူး ဆို တော့ကာ ..ခုလည်း ခန့်ချောကြီးပဲ နေမှာ ..

အတိတ်က အရိပ်လို ကျန်ခဲ့ပြီ ဆိုပေမဲ့လည်း ပြန်တွေးကြည့်ရတဲ့ အရသာလေးကိုက ပျော်စရာပါ ။

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP