Sunday, November 14, 2010

နှုတ်ဆက်ဝမ်းမြောက်ကြောင်း ပိုစ့်ကဒ်တွေ ပို့ကြမယ်





ဒေါ်စုကို ကြိုဆိုကြ - ပိုစ်စကပ်တွေ ပို့ ကြမယ်။
မိတ်ဆွေများခင်ဗျာ

အမေရိကန်နိုင်ငံ ၁၄ မြို့နယ်က မြန်မာကွန်မြူနီတီတွေအနေနဲ့ ဒေါ်စု လွတ်မြောက်တဲ့ အပေါ် ကြိုဆိုတာနဲ့ အတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့နောက်မှာ ကျနော်တို့ အဝေးရောက် တိုင်းရင်းသားပြည်သူအားလုံး အတူတကွရှိနေတယ် ဆိုတာ ပြသရန်အတွက် ပို့စကဒ်တွေ ပေးပို့တဲ့ လှုပ်ရှားမှုလေးတခုလုပ်ရန် တိုက်တွန်းလိုက်ပါတယ်။ ကိုယ်နှစ်သက်ရာ ပို့စကဒ်ပေါ်မှာ တဦးချင်းစီရဲ့ ခံစားမှုပဲဖြစ်ဖြစ် အကြံပေးမှုပဲ ဖြစ်ဖြစ် အတိုချုပ်ရေးသားပြီးတော့

ဒေါ်အောင်ဆန်းစုကြည်
၅၄ တက္ကသိုလ်ရိပ်သာလမ်း
ရန်ကုန်မြို့
မြန်မာပြည်

သို့ ပို့ပေးကြပါမည်။
အမေရိကန်မှာရှိသူများကတော့ ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်လိပ်စာအပြင် အမေရိကန်သံရုံးကို local postage ဖြင့် ဒီအောက်ပါလိပ်စာကိုပါ ပို့ကြပါမည်။
ဒေါ်အောင်ဆန်းစုကြည်
c/o
Box B, APO AP 96546

သို့ဖြစ်ပါသဖြင့် မိမိတို့ရဲ့ Blog, Facebook, Twitter Account များမှတဆင့် တကမ္ဘာလုံးသို့ တပြိုင်နက် သတင်းပါးပေးပါရန် လေးစားစွာဖြင့်တိုက်တွန်းအပ်ပါသည်။ ကျနော်တို့အားလုံးရဲ့ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ချစ်ခင်မြတ်နိုးမှု့ကို ပြသကြရအောင်လားခင်ဗျာ။

နေလင်း (ဝါရှင်တန်မက်ထရိုကွန်မြူနတီ)

ကိုချစ်ဖေ ခုပဲ ပို့ကဒ် ၂ ခု ပို့လိုက်ပြီ.ဗျို့ ၀မ်းသာနေရတာပဲဗျာ.ဒေါ်စုလွတ်မြောက်ခြင်းသည် ကျနော်တို့မြန်မာပြည်သူတွေ လွတ်မြောက်မှု့ရဲ့ ရှေ့ပြေး ဖြစ်လာဖို့ ဒေါ်စုနဲ့အတူ ရပ်တည်သွားကြပါစို့


ပြောပါရစေ..
ဒေါ်စုလွတ်လာပြီဆိုတော့ တကယ်ပဲ ၀မ်းသာရပါတယ်ဗျာ အစထဲက မဖမ်းသင့်တဲ့သူကို ဖမ်း
ထားရာကနေ ဘာကြောင့်ညာကြောင့် ဘယ်လိုပဲပြောပြော ပြန်လွှတ်ပေးတယ်ဆိုလဲ ၀မ်းသာ
ရပါတယ်။

ဘယ့်နယ်ဗျာ အသက် ၆၀ ကျော် ၇၀ နားနီး မုဆိုးမကြီးကို အပြစ်မရှိအပြစ်ရှာဖမ်းထား ပြီးမှ သနားသဖြင့် လွှတ်ပေးပါတယ်ဆိုတာမျိုး ဒီပဲယင်းတုန်းကလဲ ကံကောင်းလို့ မသေတာ အသေ
သတ်တာပဲ ခုလဲ ကိုရွှေတို့ ဘာတွေကြိတ်ကြံနေလဲ မသိ။

အဖမ်းခံထားရချိန်မှာလဲ မောင်နှမလေး ၂ ယောက်ရှိတာ သင့်သင့်မြတ်မြတ်ဖြစ်အောင် ရယ်
ဖြန်ဖြေပေးမယ်မရှိဘူး အဖမ်းခံထားရတဲ့ နေရာလေး ကို အကိုဖြစ်သူက ၀င်လုအောင် မြှောက်
ပေး အကိုကလဲ တရားဝင်စွဲသေးတယ် လုပ်ပုံက။ ဒီနေရာလေးမှာ နေနေရတာ ဒီနေရာလေး
မရှိလို့ အင်းစိန်ထောင်ထဲ ထည့်ထားရပါတယ် ဆိုတာမျိုး ပြောစရာဖြစ်နေဦးမယ်။ ခက်ပါ့ ကိုအောင်ဆန်းဦးရာ ကိုယ့်နှမလေး လူချစ်လူခင်များတာ တကမ္ဘာလုံးက လေးစားဂုဏ်ပြုတာ မနာလိုဖြစ်စရာမှတ်လို့ဗျာ။ ကိုယ်ကိုတိုင် အဲ့ဒီလိုနေရာနဲ့ ထိုက်တန်တဲ့ စိတ်ဓါတ် အဆင့်အ
တန်းမရှိလို့ မဖြစ်ရတာပဲ။

ကိုယ်နဲ့ တန်တဲ့ အဆင့်အတန်း ကိုယ့်စိတ်နဲ့ တန်တဲ့ အဆင့်အတန်းကို ကိုယ်ရတာပဲ ဆိုတာ
ကျနော်တော့ ပိုယုံကြည်လာတယ်။ တကယ်လို့များ ခုချိန်မှာ ကိုရွှေ (ဗိုလ်ချုပ်ဒူးကြီးကိုပြော
တာနော) တို့က လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကြီးအောင်မြင်တဲ့ အထိမ်းအမှတ်
အနေနဲ့ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ကို နေအိမ်အကျယ်ချုပ်မှ ပြစ်ဒါဏ်များအားလုံးမှ ပလ
လိုက်သည်။ ဆိုရင် ကိုခင်ညွန့် အိမ်ရှေ့ကို ယခင်ထောက်လှန်းရေးဟောင်းတွေ သတင်းပေး
ဟောင်းတွေ ရွေးကောက်ပွဲ အနိုင်ရ ကြံဖွတ်တွေက ခု ဒေါ်စုလွတ်လာတာကို ပြည်သူလူထု
ကြီးနဲ့ အန်အယ်ဒီ အဖွဲ့ဝင်တွေက ၀မ်းမြောက်ဝမ်းသာကြိုဆိုတာမျိုး အားကြမခံ ကြိုကြမှာ
လားမသိ။

တကယ်လို့ ကြိုစေချင်တယ်ဆိုရင်လဲ တယောက်ကို နေစား ၂ ထောင် ၃ ထောင်ပေးပြီး ခေါ်
ပြီးရင် ကိုခင်ညွန်ကျမ်းမာပါစေ ကိုခင်ညွန့်ကျမ်းမာပါစေလို့ အော်ခိုင်းရင်တော့ ရမယ်ဗျ။ သေ
နတ်နဲ့ လုပ်ယူလို့ မရတဲ့ ချစ်ခြင်းမေတ္တာပါ။ လူငါးယောက်ထက် ပိုစုလို့မရတဲ့ စုရင် မှီရာပုဒ်မနဲ့
ဖမ်းလို့ ဆီးလို့ ရတဲ့ နိုင်ငံမျိုးမှာ ခုလို လူတွေ ထောင်နဲ့ချီစုဝေးခဲ့တဲ့ ပြည်သူတွေနေတဲ့ တိုင်း
ပြည်ကိုမှ အာဇာနည်တွေ နေတဲ့တိုင်းပြည်လို့ မချီမွမ်းရင် ဘယ်သူ့ကို့ ချီးမွမ်းရမှာလဲဗျာ။(ဟဲ.
တခါတလေတော့ အာဇာနည်တွေလဲ ပြေးရတာလဲ ရှိတာပေါ့ဗျာ ကိုချစ်ဖေဆို ဖုန်မှုန့်လုံးလေး
ပဲ မြင်ရတော့တယ် ပြေးတာ)။

ကိုရွှေတို့ ဖက်ကလဲ ပြန်ပြောရင်တော့ ရသပေါ့ အော်..ဒင်းတို့ လူတွေ မချစ်တော့လဲ ဘာဖြစ်
လဲ ငါမှာ ငါဖြစ်ချင်ရာ ခိုင်းလို့ရတဲ့ သေနတ်သမားတွေရှိနေတာပဲ။ တနိုင်ငံလုံး ငါလိုချင်ရင် အ
ကုန်ရနေတာပဲ ဦးပိုင်တွေ ဘာတွေ အားလုံး စာရင်းမရှိအင်းမရှိ နီးစပ်ရာ တပည့်သားမြေးတွေ
ရဲ့ ကုမ္မဏီတွေ သုံးမကုန် ဖြုံးမကုန် လို့ ပြန်တွေးရင်လဲ တွေးမှာပေါ့။ ဒါပေမဲ့ တယောက်
ယောက် ကများ “ ဗိုလ်ချုပ်မှုးကြီးသန်းရွှေခင်ဗျား ခင်ဗျားမှာ ခုလို ပြည်သူလူထုကြီးက တအိမ်
တယောက်မလာမနေရလို့ မခေါ်ရပဲ ဗိုလ်ချုပ်မှုးကြီးကို လှိုက်လှဲဝမ်းသာစွာ ဗိုလ်ချုပ်မှုးကြီး ကျမ်းမာပါစေ ၀မ်စွေ့ ၀မ်စွေ့ လို့ အော်တာကို ပီတိဖြစ်စွာနဲ့ ၀မ်းမြောက်ဝမ်းသာ ခံစားဖူးပါသ
လားခင်ဗျား”လို့ မေးလာရင် ဗိုလ်ချုပ်မှုးကြီးက တော့ ဘယ်လိုပြန်ဖြေမလဲ မသိပါ။ ဖြေတော့ ဖြေမှာ..ဟဲ။(====+++=----[[--..)

8 comments:

ကိုဇော် November 14, 2010 at 8:27 AM  

အရမ်းကောင်းတယ် ကိုချစ်ဖေ။
လုပ်သင့်တာပေါ့ဗျာ။

ကိုအောင် November 14, 2010 at 9:06 AM  

ကျနော်တို့ ဇနီးမောင်နှံလည်း ပို့စ်ကဒ် ပို့ဖြစ် မယ် အကိုကြီးရေ ...။

ကိုချစ်ဖေ November 14, 2010 at 9:48 AM  

ဝမ်းသာတယ်ဗျို့ ဒေါ်စုပြောသလို ညီညီညာညာ ၀ိုင်းလုပ်ကြရအောင်ဗျားးးးးးးးးးးးးး

ရွှေရတုမှတ်တမ်း November 14, 2010 at 1:18 PM  

ကိုင်း....ပြောနေကြာတယ်..
အခုပြေးဝယ်လိုက်မယ်...

ကိုပိန် November 15, 2010 at 7:59 AM  

အဝေရော ဟောတု
အဗျာပဇ္ဇော ဟောတု
အနီဃော ဟောတု
သုခီ အတ္တာနံ ပရိဟရတု
ဒုက္ခာ မုစ္စတု
ယထာ လဒ္ဓသမ္ပတ္တိတော မာ ၀ိဂစ္ဆတု...။

kiki November 16, 2010 at 7:02 PM  

ဂွတ် အိုင်ဒီယာ ပါ ကိုချစ်ဖေရေ .. ဒါပေမဲ့ အမေစု လက်ထဲ ရောက် ပါ့ မလား ။

ကိုကို ညွန့်  လွတ်လာ တဲ့ အချိန်ကျ .. မြို့ မေတ္တာ ခံယူ တဲ့သားပေမို့  .. သူ့ တပဲ့ကျော်တွေ ကြိုကြလိမ့်မယ်.. ဝရုန်းသုန်းကား ပြေးပြီးတော့လေ ..( ပြေးပုန်းကြတာ ) ဘဘရွှေ အလှည့်ကျ လည်း ပို့ ကြတာ ပေါ့ .. ပို့ စကဒ် တော့ မဟုတ် . .. ပုတ်နေတဲ့ ပန်းခွေ များ နဲ့ ။

နောက်ဆုံးတော့ သူတို့လည်း ကိုကျော်သူ လက်ထဲ က လွတ်မှာ မဟုတ်ပါဘူးလေ ..

ရွှေညာမောင်,  November 22, 2010 at 10:56 AM  

ဒေါ်စု အတ္ထုပ္ပတ္တိ ရုပ်ရှင်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတ္ထုပ္ပတ္တိကို ရုပ်ရှင် ရိုက်ကူးရာမှာ မလေးရှားဖွား ဟောလိဝုဒ် သရုပ်ဆောင် မစ်ရှဲ ယိုးက ဒေါ်စုအဖြစ် သရုပ်ဆောင်ပါမယ်တဲ့။

http://www.irrawaddyblog.com/2010/11/blog-post_4734.html

မန်းကိုကို January 1, 2011 at 6:59 AM  

မင်္ဂလာ Gregorian နဲ့ ကရင်နှစ်သစ်ပါ၊ အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစေဖို့ ဆန္ဒပြုပါတယ်။ :-)

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP