Saturday, October 17, 2009

ကိုချစ်ဖေရဲ့ ခရီး(၁)

ကိုချစ်ဖေရဲ့ မိတ်ဆွေရဲဘော်တွေဆီ ခရီး

(၁)
ကျနော်ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့လေးကိုရောက်တဲ့နေ့ ညနေမှာပဲ ကျောင်းသားတပ်မ
တော်က တပ်ရင်း(၈)တပ်ရင်းမှုး ကိုစောမိုးရောက်လာပါတယ် ကိုစောမိုးဆိုတာက(၁၉၈၈)ခု
ဘုန်းမော် အရေးအခင်းတွေစတင်ထဲက စတုထ္ထနှစ်အင်ဂျင်နီယာကျောင်းသား လူကတရုတ်လူ
မျိုးကပြား အသားဖြူဖြူ ရုပ်ချောချော ကျနော်က သူကိုမတွေ့ဘူးသေးခင်ကတည်းက နာမည်
ကြားပြီးရင်းနှီးနေပြီးသား တရုတ်သွေးနှောဗမာကျောင်းသားသူပုန်သူ့အမျိုးသမီးမကြည်ကြည်
ခင်နဲ့ကျနော်နဲ့က ထောင်တထောင်ထဲကျဖက်တွေ ကျနော်တို့က နှစ်ကြီးတော့ကျန်ခဲ့သူတွေ
မကြည်က အမျိုးသားဒီမိုကရေစီအဖွဲချူပ်က တက်ကြွတဲ့ မဟာသပ္ပံတန်းကျောင်းသူ တရုတ်
လူမျိုးစစ်စစ်မကြည်က အပြင်မှာ စစ်အစိုးရကို အကြောက်မရွံမရှိ အာခံရဲသူဗမာနိုင်ငံလုံးဆိုင်
ရာကျောင်းသားသမဂ္ဂများအဖွဲ့ချူပ် ပြန်လည်ဖွဲစည်းလှုပ်ရှားမှုနဲ့ ထောင်(၂)နှစ်ကျခံခဲ့တာ မျက်
နှာတချက်လေးမှ မပျက်ခဲ့တဲ့သူ။

ကျနော့်အမေက ကျနော့်ကိုထောင်ဝင်စာလာတွေ့တော့ မကြည်အမေကအားပေးခဲ့ရတာ ကျ
နော်ကနောက်ကျမှ ပြန်သိတာပါ။ စိတ်မပူပါနဲ့ရှင် ကျမသမီးလေးပါထောင်ကျနေတာပါ ဘေး
မကြောက်ဘာမကြောက် နောက်မိန်းကလေး ရှင်ကသားယောက်ကျားလေးဆိုတော့ တော်ပါ
သေးတယ် စိတ်မပူပါနဲ့လို့ ထောင်ဝင်စာတွေ့ချိန် စောင့်နေရင်းတွေ့ကြတာ။နောက်ကျနော်တို့
တအုပ်စုလုံး ကျမ်းမာရေး စားသောက်ရေး စာဖတ်နိုင်ရေး မိသားစုရေးတွေကအစ မြို့ခံရဲမေတ
ဦးအနေနဲ့ တာဝန်အစစယူခဲ့သူပါ။ မျက်မှန်လိုချင်တာကအစ လိုသမျှ သူနဲ့ ကိုအောင်မျိုးထွေး
(ခ)ကျောင်းဆရာ ကဗျာဆရာ မင်းဒိဗ္ဗ(၂၀၀၅ ဖေဖေါ်ဝါရီ ၂၆ရက်မယ်တော်ဆေးခန်းမှာကွယ်
လွန် ဧရာဝတီတိုင်းဗကသပြန်လည်ဖွဲ့စည်းလှုပ်ရှားမှုခေါင်းဆောင်) တို့ကအမြဲကူညီခဲ့ကြတာ
ပါ။ အဲ့ဒီအချိန်က ပုသိမ်ထောင်ထဲမှာ ဘုရားစာအုပ်ဖတ်ရင်တောင် ရမယ်ရှာပြီး စာမဖတ်ရ အ
မိန့်ထုတ်ထားတဲ့အချိန် သူတို့မြို့ခံတွေအကူအညီနဲ့ စာအုပ်တွေ ရေဒီယိုတွေတောင်ခိုးသွင်းပြီး
ထောင်ထဲက တိုက်ပိတ်ခံရဲဘော်တွေဆီရောက်အောင် သတင်းပို့ပေးသေးတာ သူတို့လွတ်
သွားပြီးမှထောင်ထဲက ဘာပဲလိုလို မကြည်နဲ့ ကိုအောင်မျိုးထွေးက ပို့ပေးနေကြ။ ကျနော်တို့
နှမလိုအမလိုခင်မင်ရတဲ့သူ။

နောက်ကျနော်တို့ ထောင်ကလွတ်ရက်စေ့လို့လွတ်လာတဲ့ နယ်ကိုပြန်ရမဲ့သူတွေကို သူတို့က
မပြန်မချင်း ပုသိမ်မြို့ပေါ်မှာနေသ၍ အကုန်ကူညီတဲ့သူတွေ ကားဂိတ်သင်္ဘောဆိပ်လိုက်ပို့ပေး
ပြီးမှ ပြန်သူတွေပါ။ နောက်(၁၉၉၆) ခုနှစ်မှာ အခြေအနေအရ ကျောင်းသားတပ်မတော်တပ်
ရင်းတရင်းဟာ ကယားလူမျိုးစုလက်နက် ကိုင်တော်လှန်ရေးဝတ်စုံတွေနဲ့ငြိမ်းချမ်းရေးတပ်
တွေအနေနဲ့ ပြန်လာခဲ့ကြပြီး ကိုစောမိုးနဲ့ မကြည်နဲ့ အိမ်ထောင်ကျသွားတာပါ မကြည်ကလည်း
သူကိုယ်ပိုင်စီးပွားရေးနဲ့ မိဘတွေတားတဲ့ကြားကပဲ ကယားပြည်နယ်ကိုလိုက်သွားခဲ့တာပါ။
သူတို့ဧည့်ခံပွဲလုပ်တဲ့နေကတော့ တကယ့်ပွဲပါပဲ မကြည်ဖက်က ဒေါ်အောင်ဆန်းစုကြည် ဦးတင်
ဦးတို့ ဗဟိုအမှုဆောင်လူကြီးတွေတက်ရောက်ခဲ့ကြပြီး ကိုစောမိုးဖက်က ကယားလူမျိုးစုငြိမ်း
လက်နက်ကိုင်အဖွဲ့လူကြီးတွေတက်ရောက်ခဲ့ကြပါတယ်။

မင်္ဂလာပွဲလာပရိသတ်တွေကလည်း ကယားပြည်နယ်က လက်နက်ကိုင်တော်လှန်ရေးရဲဘော်
တွေ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲချူပ်က ရဲဘော်တွေ အမျိုးသားဒီမိုကရေ
စီအဖွဲ့ချူပ်အဖွဲ့ဝင်တွေနဲ့ ရန်ကုန်မှာစည်စည်ကားကားကျင်းပခဲ့ကြတာပါ။ အဲ့ဒီတုန်းက ကိုစော
မိုးက ကျောင်းသားတပ်မတော်ရဲ့ ဒုတပ်ရင်းမှုး ကယားလူမျိုးစုတော်လှန်ရေးသမားတွေရဲ့ဝတ်စုံ
ကို အခြေအနေရ ခဏ၀တ်ထားခဲ့သူ စစ်အစိုးရက အပစ်ရပ်ငြိမ်းအဖွဲ့တွေနဲ့ အဖွဲချူပ်အကြား
လုံးဝဆက်သွယ်ခွင့်မပေး ကျောင်းသားတပ်မတော်က ရဲဘော်တွေနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားသမဂ္ဂများအဖွဲ့ချူပ်(ဗကသ)ဆိုတာ တွေဆုံဖို့ဆိုတာဝေလာဝေး အဲ့ဒီသူတို့မင်္ဂလာ
ဆောင်မှာတွေ့ဆုံနိုင်ခဲ့ကြတာပါ။

အဲ့လိုမမျှော်လင့်ပဲတွေဆုံခွင့်ရသွားဖို့ဆိုတာမလွယ်ပါဘူး နအဖစစ်အစိုးရက မျက်ခြေမပြတ်
စောင့်ကြည့်နေတာပါ။ အဲ့လိုဆုံတွေပြီးမှသိသွားတော့ တော်တော်အခဲမကျေဖြစ်သွားတယ်
မင်္ဂလာဆောင်ကိုတော့ ၀င်ဖျက်လို့မရဘူးလေ နောက်ပိုင်းမှာ တော်တော်လေးတင်းတင်းကြပ်
ကြပ်သဘောထားလာခဲ့ပါတယ် ကိုစောမိုးတို့လည်း မြို့ပေါ်လာခွင့်ရပ်သွားတယ် မကြည်က
တော့ ကိုစောမိုးရှိရာ ကယားပြည်နယ်ကိုလိုက်သွားတာပါ။ သူတို့မင်္ဂလာဆောင်ကျနော်က
တောနယ်လေးရောက်နေလို့ မသွားလိုက်ရပါဘူး။ ကျနော်ရန်ကုန်ကို လာတော့မှသိရတာပါ။

နောက်တနှစ်ကျော်(၂)နှစ်လောက်မှာ နအဖက ငြိမ်းအဖွဲ့တွေဆီကနေ ကျောင်းသားတပ်မ
တော်ရဲဘော်တွေကို အပ်ဖို့ တောင်းဆိုလာလို့ ကိုစောမိုးတို့အရေးပေါ် တပ်ကိုရွှေ့ရပါတယ်
နအဖစစ်တပ်တွေ ကိုရှောင်ကွင်းပြီးဆုတ်ရတာမို့ မလွယ်ကူပါဘူး လမ်းမှာတိုက်ပွဲလည်းဖြစ်
နိုင်သေးတာကိုးဗျာ အဲ့ဒီအချိန်မှာ မကြည်နဲ့ကိုစောမိုးတို့ရဲ့သားကြီးကို မွေးပြီးကာစ(ရ)ရက်
မပြည့်သေးပါ မကြည်နဲ့သားနဲ့ကိုထားခဲ့ပြီး တပ်ကရဲဘော်တွေနဲ့အတူဆုတ်ကြရတာပါ။
မကြည်ကလည်း အားမငယ်ပါဘူး သူတလကျော်လောက်နေပြီး မိဘတွေဆီပြန်လာပါတယ်
ပြန်လာလာခြင်းပဲ ကလေးရောအမေကိုပါ ဖမ်းပါတယ် မကြည်နောက်တကြိမ်သားနဲ့အတူထပ်
ဝင်သွားတာပါ။ နောက်ဆုံးတော့ သူတို့ဖက်က သိပ်ညစ်ပတ်ရာကျမှာစိုးလို့လား လူတွေကြား
ထဲမှာဖြစ်နေလို့လားမသိဘူး မကြည်ကိုပြန်လွှတ်လိုက်ပါတယ်။လပိုင်းလောက်တော့သူနေခဲ့ရ
သေးပါတယ်။

မကြည်လည်း ကလေးငယ်သေးတော့ ကိုစောမိုးဆီကိုမလိုက်သွားနိုင်သေးပါဘူး နောက်ကျ
နော် သူတို့မြို့လေးကိုရောက်တဲ့အချိန်တော့ မကြည်ဆိုင်ကိုရောက်ပါတယ် ၀င်တွေ့တာပေါ့
ဗျာ ကျနော်တို့ရဲဘော်ပဲလေ။

ကျနော်တို့ နယ်စပ်မြို့လေးကိုရောက်တဲ့အချိန် ရောက်ရောက်ခြင်းညနေ သူဆိုင်ကယ်လေးနဲ့
ကိုစောမိုးရောက်လာတာပါ။ တွေ့တွေ့ခြင်း ဟိုးတုန်းကတည်းကသိကျွမ်းခဲ့ကြသူတွေလို ခင်
သွားတယ်။ မကြည်နဲ့ကျနော်တွေ့တဲ့အကြောင်းပြောပြတော့ သူမျက်နှာမကောင်းပါ သူကပျော်
ပျော်ပါးပါးနေတတ်ပေမဲ့ သံယောစဉ်ကြီးသူတယောက် မိသားစုကိုခင်တွယ်သူတယောက်ပါ
ကျနော်တွေဖူးရင်းနှီးဖူးတဲ့ ကျောင်းသားတပ်မတော်က တပ်ရင်းမှုးတွေထဲမှာ တမျိုးစီခင်မင်
ဖို့ကောင်းပါတယ် ကိုစောမိုးကတော့ လူကသာကျားကျားယားယားနေတာ မျက်နှာကအမြဲချို
နေတာ သူကစစ်သားထက် သဘောကောင်းတဲ့ကျောင်းဆရာနဲ့ ပိုတူပါတယ် သီချင်းတွေလဲ
ဆိုတတ်တယ်။

ကျနော်တို့ မဲဆောက်ရောက်လာစ အပြင်မထွက်ရဲသေးတဲ့အချိန်မှာ သူလာခေါ်ပြီး ကျနော်တို့
စတည်းချနေတဲ့ အိမ်နားက အရက်ဆိုင်အအေးဆိုင်လေးကို ခေါ်သွားတာပါ သူကျနော်တို့ကို
အရက်တိုက်ပါတယ်။ကျနော်က နောက်တော့ သူတဟားဟားနဲ့ရီနေသေးတယ်။ကျနော်က“ကို
စောမိုးရယ် ဒီလိုမျိုးအရက်ကောင်းကောင်းသောက်နေရလို့ကတော့ တော်လှန်ရေးအဓွန့်ရှည်
ပါစေဗျာ” လို့နောက်တာ မလုပ်ပါနဲ့ဗျာဆိုပြီးရယ်နေတာ။ ကျနော်က မကြည်နဲ့ကလေးကိုခေါ်ဖို့
ပြောတော့ ကျနော်တို့ခရီးကကြမ်းပါတယ်ဗျာ သူမိသားစုကြားမှာဆို ကလေးလည်းပိုကောင်းပါ
တယ် ကျနော့်မိသားစုလည်းရှိနေတော့ သားကိုစောင့်ရှောက်နိုင်တာပေါ့ဗျာ။ ကံရှိသေးရင်
တော့ ပြန်ဆုံမှာပေါ့ဗျာလို့ပြောတယ်။

နောက်ကျနော်တို့ နယ်စပ်ရောက်ပြီး(၈)လောက်အကြာမှာ သားငယ်လက်ဆွဲပြီး ကိုစောမိုးရှိ
ရာကို မကြည်ကြည်ခင်လိုက်လာခဲ့ပါတယ်။ ခု ဒီမိုကရက်တစ်မြန်မာအသံသတင်းထောက် နာ
မည်ကြီးဘလော့ဂါ မခင်မင်းဇော် ပေါ့ဗျာ။ တွေ့တွေ့ခြင်း “ကိုချစ်ဖေတို့များဒီဖက်ထွက်လာတာ
ကျမတောင်မသိလိုက်ရဘူး” ပြစ်တင်နေသေးသဗျ။ ကျနော်ကလည်း ကမန်းကတန်းထွက်လာ
ရတာဆိုတော့ အသိမပေးနိုင်ခဲ့ပါဘူး။

ကိုစောမိုးက ကျနော်တို့ရောက်ခါစ မကြာမကြာလာလာလည်ပါတယ် သူတို့နေတဲ့အိမ်ကို
လည်း ခေါ်သွားပါတယ်ကျန်တဲ့ရဲဘော်တွေနဲ့ပေးတွေ့တယ် မပြတ်ပါဘူး နောက်ကျနော်
ရောက်ြပီး သီတင်းပတ်(၃)ပတ်လောက်ကြာတော့ ကျနော်ကိုလာပြောပါတယ်မနက်ဖန်ကျ
နော်ရှေ့တန်းစခန်းကိုသွားရမယ် ကိုချစ်ဖေ လိုက်ခဲ့မလားတဲ့ ကျနော်ကသူအဲ့လိုရှေ့တန်းစခန်း
သွားရင်လိုက်ချင်တယ်လို့ ပြောထားခဲ့ဘူးတာကိုး“စခန်းမှာ အခြေခံနိုင်ငံရေးသင်တန်းတခုလုပ်
တယ် အဲ့ဒါ သဘက်ခါသင်တန်းဆင်းပွဲရှိတယ် လိုက်ခဲ့မလားတဲ့ ကျနော်လဲရေငတ်နေတုန်းရေ
တွင်းထဲကိုဓါတ်လှေခါးနဲ့ချပေးသလို ၀မ်းသာသွားတယ် စစ်အစိုးရကိုလက်နက်ကိုင်ဆန့်ကျင်
တော်လှန်နေတဲ့ကျောင်းသားတပ်မတော်ကို ဓါတ်ပုံတွေထဲမှာသာ ယူနီဖေါင်းနဲ့ သေနတ်နဲ့တွေ့
ဖူးတာ အပြင်မှာမတွေ့ဖူးဘူးလေ နောက် ကျနော်က ကရင် ဗမာ တရုတ်လူမျိုးကသာသွေး
ရောနေတာ ကျနော်က ကရင်သိပ်ဖြစ်တဲ့သူ ကျနော်အဖွားက ကရင် အမေကလည်းကရင်မြစ်
ဝကျွန်းပေါ်ကရင် ကရင်စကားကိုမွတ်နေအောင်ပြောတတ်တာ ကရင်လူမျိုးကိုချစ်တတ်တာ
တွေက ကျနော့်ရင်ထဲစွဲနေတာပါ။ ငယ်ငယ်တုန်းကဆို ကရင်မလေးတွေကို ပိုးလိုက်ပမ်းလိုက်
ရတာ အမော အဲ့လို့ကောင်ဆိုတော့ ကရင်တော်လှန်ရေးရဲဘော်တွေ (ကေအန်ယူ) ကရဲဘော်
တွေကိုတွေ့ဘူးချင်တယ်။

သူတို့နဲ့ကျောင်းသားတပ်မတော်က ရဲဘော်တွေကအတူနေနေကြတာ တပ်သာကွဲတယ်ဆိုပေ
မဲ့ တိုက်စရာရှိတော့အတူတူ ငတ်စရာရှိလည်းအတူတူ ကရင်ဗမာသွေးစည်းညီညွတ်ရေးကို
ကျောင်းသားတပ်မတော်က ရဲဘော်တွေနဲ့ ကရင်ရဲဘော်တွေ အတူတည်ဆောက်ခဲ့ကြတာ
ဆယ်စုနှစ်(၂) ခုနီးပါး သေဖေါ်ရှင်ဖက်တွေ၊ ကျနော်တွေ့ချင်တယ် အားလုံးကို စကားပြော
ချင်တယ် အဲ့ဒီညက ကျနော်ရင်တခုန်ခုန်ပေါ့ဗျာ နောက်နေ့ညနေပိုင်းမှာ သွားကြမှာမို့ ကျနော်
လည်းလိုအပ်တဲ့ ပစ္စည်းလေးတွေ ထုတ်ပိုးထားတာပေါ့ ကိုစောမိုးက အဲ့ဒီနေ့မှာပဲ ကျနော်ကို
သူလက်ဆောင်ရထားတဲ့ အမေရိကန်လုပ် ပျောက်ကျား ဖီးလ်ဂျက်ကက် အသစ်တထည်လက်
ဆောင်ပေးပါတယ်။ ရှေ့တန်းမှာအေးတယ် ခင်ဗျားကိုလက်ဆောင်လည်းပေးတာ လို့ပြောသေး
တယ်

ပြောရဦးမယ်ဗျာ ကျနော်တို့ ထိုင်းဖက်ခြမ်းက နယ်စပ်မြို့လေးကိုရောက်တော့ အ၀တ်တထည်
ကိုယ်တခုနဲ့ပါ ကျနော်တို့က နိုင်ငံရေးအကျဉ်းသားဟောင်းဆိုတော့ နိုင်ငံရေးအကျဉ်းသားများ
ကူညီစောင့်ရှောက်ရေးအဖွဲ့က နေစရာစားစရာ ၀တ်စရာအိပ်ယာ စောင် ခေါင်းအုံး အကုန်စီ
စဉ်ပြီးကူညီစောင့်ရှောက်ပါတယ်။ သုံးစွဲစရာတယောက်ကို ဘတ် ၂၅၀၀ စီလည်းပေးတယ်ဗျ
ဒါက နိုင်ငံရေးထောင်ကျအခြင်းခြင်းကူညီတာပါ။ အခြားအဖွဲ့အစည်းအသီးသီးကလည်း အ
ကုန်လုံးနီးပါး ပတ်လည်သိနေကြတော့ သီးခြားအ၀တ်အစား ငွေ မိတ်ဆက်ပွဲလေးတွေနဲ့ဧည်ခံ
ကြသေးပါတယ် ဒါကလည်းတော်လှန်ရေးနယ်မြေက ရဲဘော်တွေအခြင်းခြင်း ကူညီအသိမှတ်
တဲ့ နည်းပါပဲ အ၀တ်အစား ကို ကျနော်တို့သူငယ်ချင်းတွေကြားမှာ ၀ယ်ပေးခဲလက်ဆောင်ပေး
ခဲပါတယ် အဲ့ဒီမှာတော့ အလျှံပယ်ကြီးမဟုတ်ပေမဲ့ သူတို့ပေးနိုင်တာလေးတွေ စာအုပ်ကအစ
ပေးလိုက်ကြ ညနေဖက် အရက်လိုက်တိုက်လိုက်ကြနဲ့ မသောင်းညွန့်ကိုလွမ်းတာလေးတောင်
ပြေသွားတယ်။

အဲ့နောက်နေ့ ထမင်းစားပြီးကတည်းက ကျနော်စောင့်နေတာ နေလည်(၁)ခွဲလောက် ကားနဲ့ကို
စောမိုးရောက်လာတယ် မလာခင်ထဲက လှမ်းဖုန်းဆက်ထားတော့ ကျနော်အဆင်သင့်ကားပေါ်
လိုက်သွားရုံပါပဲ ကားက ရှေ့ခန်းကမောင်းသူ နောက်ဘေးကတယောက် နောက်အခန်းကျဉ်း
ထဲမှာက သုံးယောက်ကျပ်ကျပ် ဆံ့ပါတယ် နောက်ဖက်ကတော့ အမိုးဖွင့်ထားပြီးကုန်တင်နိုင်
တာပေါ့ အဲ့လိုကားမျိုး ကားမောင်းတဲ့သူဘေးမှာတယောက် နောက်ကိုစောမိုး ကျနော် နောက်
လမ်းမှာ ကားကြုံလိုက်မဲ့ အမျိုးသမီး(၂)ယောက်ဝင်ခေါ်ရမည်တဲ့။ လမ်းမှာသယ်သွားမည့်ပ
စ္စည်းတချို့လည်းလိုက်တင်ပြီး အမျိုးသမီး(၂)ယောက်ကို တယောက်တနေရာစီဝင်ခေါ်ရသည်

တယောက်က ဂျပန် အမျိုးသမီးကျောင်းသူ နောက်တယောက်က ပြင်သစ် အမျိုးသမီးတ
ယောက် သူတို့လည်း စခန်းကိုလေ့လာဖို့လိုက်ကြမှာတဲ့ ကိုစောမိုးက နေရာကျပ်နေတော့
နောက်ခန်းမှာ ကုန်တွေနဲ့သွားထိုင်တယ် အတူထိုင်ဖို့ခေါ်လည်း မထိုင်တော့ပါဘူး ကျပ်နေမယ်
တဲ့ ကျနော်နောက်မှာသွားထိုင်မယ်ဆိုတော့လည်း မရဘူး သူပဲထိုင်မည်တဲ့ အပြင်မှာလေ
ကောင်းလေသန့်ရပါတယ်တဲ့ ကျနော်ပါလိုက်ထိုင်မယ်ဗျာဆိုတော့ ခင်ဗျားထိုင်လို့မဖြစ်ဘူးတဲ့
ကျနော်ကမျက်နှာရင်းနေပြီးသားတဲ့ လမ်းမှာဂိတ်တွေရှိတယ်တဲ့ ခင်ဗျားကိုဆွဲထားရင် အကုန်
ရှုပ်ကုန်မယ်တဲ့ အဲ့ဒီနေရာကပဲလိုက်ရမယ်တဲ့ ကျောင်းသားတပ်မတော်က တပ်ရင်းမှုးကြီးက
အဲ့လိုဗျ။

ကျနော်ကတော့ဗျာ လမ်းမှာသိချင်တာလေးတွေ မေးရင်း စကားလေးတပြောပြောနဲ့သွားချင်
တာပေါ့ ကားပေါ်မှာပါလာတဲ့ သူတွေက မရင်းနှီးဘူးလေ ဒါပေမဲ့လည်း အားလုံးကခင်မင်ဖို့
ကောင်းပါတယ် ကားမောင်းတဲ့သူက ကေအန်ယူက ရဲဘော်ဟောင်း နောက်သူ့ဘေးကတ
ယောက်ကလည်း ကေအန်ယူက အရာရှိ ကျနော်ကတော့ မသိပါဘူး ရိုးရိုးအရပ်သားတွေပဲ
ထင်နေတာ နောက်မှပြန်သိတာ အဲ့လိုနဲ့မဲဆောက်မြို့လေးကနေမြောက်ဖက်အဝေးပြေးလမ်း
မကြီးကနေ ကားလေးကိုမောင်းလာခဲ့တယ် လမ်းတလျှောက်ရွာလေးတွေက နေချင်စရာရာ
သီဥတုကလည်း သာသာယာယာရှိတယ်လေ။ ထူးခြားတာကတော့ ဒေသခံထိုင်းလူမျိုးတွေရဲ့
ရိုးသားအေးချမ်းတဲ့ မျက်နှာတွေ စိုးရိမ်ကြောင့်ကြမှုမရှိတဲ့မျက်နှာတွေကိုတွေ့နေရတာပါပဲ။
စိုက်ခင်းလေးတွေကလည်း စိမ်းစိမ်းစိုစို ရွာလေးတွေပေမဲ့ လျှပ်စီးမီးရေခဲသေတ္တာ နဲ့နေနိုင်ကြ
ပါတယ်။ကျနော်တို့လူမျိုးတွေက ရုန်းကန်ရင်ဆိုင်ကြရ သင်္ကာမကင်းဖြစ်ကြ အလုပ်မှာခက်
ခက်ပင်ပင်ပမ်းပမ်းငွေရှာနေကြရပေမဲ့ သူတို့ထိုင်းတွေရဲ့လူနေမှုအဆင့်အတန်းက အတော်မြင့်
နေပါပြီ။ သူတို့လူမျိုးတွေအဲ့လိုနေနိုင်တာကိုလည်း ၀မ်းသာမိရတာပေါ့ဗျာ။ ကျနော်တို့ဗမာလူမျိုး
အလုပ်သမားတွေကိုခေါင်းပုံဖြတ်အမြတ်ထုတ်တဲ့ အလုပ်ရှင်တွေကတော့လည်းရှိတာပေါ့ဗျာ။

သူတို့နိုင်ငံကိုဦးဆောင်သူတွေရဲ့ အမျှော်အမြင်ရှိမှု ငြိမ်းချမ်းရေးကိုမြတ်နိုးတတ်မှု စနစ်တကျစီ
မံခန့်ခွဲတတ်မှုရဲ့ အသီးအပွင့်တွေ အရိပ်တွေကို သူတို့စားသုံးနေနိုင်ကြပါပြီ။အထက်တန်း
ကျောင်းသားလေးတွေ အလယ်တန်းကျောင်းသားလေးတွေဆိုလည်း အပေါ်ကအဖြူရောင်
အောက်ကနက်ပြာရောင် ယူနီဖေါင်းသပ်သပ်ရပ်ရပ်လေးတွေနဲ့ အပေါ်ကအကျီအဖြူဆိုရင်
သစ်လွင်လို့ ကျနော်တို့ ကလေးတွေကျောင်းစိမ်းဝတ်စုံလေးတွေက ၀ါကျင့်ကျင့်ဖြစ်လို့ ကလေး
တွေရဲ့သာမန်ထွားကြိုင်းမှုကလည်း အများကြီးကွာကုန်ပါပြီ သူတို့ကလေးတွေက အရပ်မြင့်မြင့်အ
သား အရေစိုစိုပြေပြေပြုံးပြုံးရွှင်ရွှင် ကျနော်တို့ကလေးတွေက ငိုချင်နေတဲ့မျက်နှာနဲ့အမြဲအားငယ်
်နေရတာ လူမျိုးလိုက်ကိုဖြစ်နေပါပြီ ဒါတောင်နယ်စပ်မြို့လေးပါ။ ဟိုတုံးကယိုးဒယားကို ၀ါးရင်း
တုတ်နဲ့ တက်သိမ်းခဲ့ကြတာ ဘာညာပြောနေပေမဲ့ ခုဆို ထိုင်းက၀ါးခြမ်းပြားနဲ့ ပြန်တက်သိမ်းနိုင်
တယ်ပြောကြမလားမသိ ထိုင်းမှာကြီးပြင်းရတဲ့ကလေးတွေက ထိုင်းပုလိပ်ဆိုတာနဲ့ လူကြီးတွေ
မျက်နှာအကဲကြည့်ပြီးကြောက်ပီးသား နေရတဲ့အခြေအနေ ဗမာဆိုတာ သူတို့နိုင်ငံမှာဆင်းရဲလို့
ငါတို့ဆီမှာအလုပ်လာလုပ်ရတဲ့ အလုပ်သမားလူတန်းစား အဲ့လိုထိုင်းလူငယ်တွေ ကတွေးမှာပါ။
အခြေအနေတွေက အဲ့ဒီလိုအခြေအနေမျိုးဖြစ်လာခဲ့ရပါပြီ။

(၂)
အဝေးပြေးလမ်းမကြီးကလည်းဗျာ နိုင်လွန်ကတ္တရာနက်မှောင်နေတာမီးနစ် (၂၅)လောက်
မောင်းပြီးတဲ့အခါ အခါတော့ ပြောက်ကျားစစ်ယူနီဖောင်းဝတ်ထားတဲ့ ထိုင်းစစ်သားတွေက
ကားကိုတားပါတယ် နောက်ကားထဲကို လှမ်းကြည့်ပြီး ဆက်မောင်းခွင့်ပြုလိုက်ပါတယ် တ
ကယ်တော့ ကျနော်တို့စီးလာတဲ့ကားကို ခွင့်ပြုပေးထားတာပါပဲ သွားနေကြကားလည်းဖြစ်တာ
နေမှာပါ။နောက်ဆက်မောင်းလာလို့ (၁၀)မီးနစ်လောက်အကြာ လမ်းမကြီးရဲ့ဝိုက်သွားတဲ့ကွေ့
တခုကအထွက်မှာ ရွာကြီးတရွာကို အပေါ်စီးကနေလှမ်းမြင်လိုက်ရပါတယ် တခါဘူးမျှမတွေ့
ဖူးခဲ့ရွာကြီးပါပဲ အနောက်ဖက်မှာ ပေထောင်ကျော်မြင့်မားတဲ့ ကျောက်တောင်ကြီးအဲ့ဒီကျောက်
တောင်ကြီးရဲ့ အနောက်ဖက်မှာတော့ တောင်ကနေမြောက်ဖက်ကို စီးဆင်းသွားပြီး သံလွင်မြစ်
နဲ့သွားဆုံတဲ့ နာမည်ကျော်သောင်းရင်းမြစ် ထိုင်းမြန်မာ နယ်ခြားမြစ် မြစ်ရဲ့အရှေ့ဖက်ခြမ်းက
ထိုင်းနိုင်ငံပိုင် အနောက်ခြမ်းကမြန်မာနိုင်ငံပိုင် ကျနော်ကတော့ ရွာကြီးကိုကြည့်ပြီးအလွန်အံ့
အားသင့်နေတာ ကျနော်အဲ့လောက်ကြီးတဲ့ သက်ကယ်မိုးတဲအိမ်လေးတွေ အများကြီးရှိတဲ့ရွာ
ကိုမတွေ့ဘူးပါဘူး ကျနော်ရော ဧည့်သည် နိုင်ငံခြားသူ(၂)ယောက်ရော အံ့သြနေကြတာပါ။

ကျနော်တို့ တအံ့တသြဖြစ်နေတာကို သိတဲ့ ကေအန်ယူအရာရှိက “ဒါ မယ်လဒုက္ခသည်စခန်း
ပေါ့ဗျာ မြန်မာဖက်ခြမ်းကနေ ထိုင်းဖက်ခြမ်းကိုထွက်ပြေးလာကြရတဲ့ ကျနော်တို့လူမျိုးတွေရော
လူမျိုးအစုံပါပဲ စုစုပေါင်း အိမ်ခြေ(၅၀၀၀၀) သောင်းကျော်ပါတယ ထိုင်းမှာရှိတဲ့ ဒုက္ခသည်စခန်း
တွေထဲမှာအကြီးဆုံးစခန်းကြီးပါ”တဲ့ အဲ့ဒီဒုက္ခသည်စခန်းကြီးက ခုဆိုနှစ်(၃၀)နီးပါး အခြေတည
်ခဲ့ပြီ စခန်းထဲကနေ ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေကို ထွက်ခွာအခြေချနေထိုင်ကြသူတွေရှိနေသလိုစခန်း
တွင်းဝင်ရောက်လာခဲ့ကြသူတွေလည်း တဖွဲဖွဲပါပဲ။လူရယ်လို့မစည်ကားအပ်တဲ့ အရပ်မှာလူတွေ
စည်ကားနေခဲ့ရပါတယ်။

ပြည်တွင်းစစ်ကြီးကနေမွေးဖွားပေးခဲ့တဲ့ ဘေးထွက်ဆိုးကျိုးပေါင်းများစွာထဲကပြယုဒ်တခုအရပ်
ဒေသကို ဇာတိမြေကို စွန့်ခွာလာကြရသောသူတွေအတွက် ခေတ္တနားခိုရာ အကျဉ်းစခန်းကြီး
တခု စခန်းတခုလုံးရဲ့လုံခြုံရေးကို ထိုင်းနိုင်ငံပြည်ထဲရေးဌါနက တာဝန်ယူထားပြီး နေထိုင်စား
သောက်မှုအခြေခံ ပစ္စည်းကိုတော့ ထိုင်းနိုင်ငံဆိုင်ရာ ဒုက္ခသည်များမဟာမင်းကြီးရုံးကတာဝန်
ယူထားပြီး နိုင်ငံတကာက အလှုရှင်များရဲ့ လှုဒါန်းမှုနဲ့ အသက်ဆက်နေရတဲ့ ရွာကြီးဆိုလည်းမ
မှားပါဘူး။ စခန်းတွင်းမှာလည်း တရားဝင်မဟုတ်ပေမဲ့လည်း အဆင်ပြေစေမှု နားလည်မှုနဲ့
ဈေးတွေ အလှပြင်ဆိုင် ရေဒီယိုတီဗွီပြင်ဆိုင် ဆေးပစ္စည်းအရောင်းဆိုင် လက်ဖက်ရည်ဆိုင် ဆံ
ပင်ညှပ်ဆိုင် စက်ချူပ်ဆိုင် ယက်ကန်းလုပ်ငန်း စိုက်ပျိုးရေးသင်တန်းကျောင်း ကွန်ပြူတာသင်
တန်းခန်းမ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း ခရစ်ယာန်ဘုရားကျောင်း အစ္စလာန်ဘာသာဗ
လီကျောင်း အစုံစုံရှိသလို နေ့ကလေးထိန်းကျောင်းကစပြီး(၁၀)တန်းအောင်သည်အထိ လည်း
လည်းကျောင်းတက်နိုင်ကြပါတယ်။ ဆေးရုံ စာကြည့်တိုက် တိုင်းရင်းဆေးခန်း တွေလည်းရှိပါ
တယ်။အချို့စခန်းများမှာ သူနာပြုသင်တန်း နဲ့ အခြားသင်တန်းများလည်းဖွင့်လှစ်ပေးသည်လို့
လည်းသိလာရပါတယ်။

ကျနော်ကတော့ မြင်မြင်ချင်းအံ့သြမိနေတာပါ။ စခန်းရှေ့ကနေကားကို ဖြတ်မောင်းချိန်တောင်
(၁၀)မီးနစ်ခန့်ရှိမယ်ထင်ပါတယ်။ နောက်ခန်းက ကိုစောမိုးကိုလှမ်းကြည့်တော့ ဒုက္ခသည်စခန်း
ကြီးကို ရီဝေတဲ့မျက်လုံးနဲ့ငေးကြည့်နေလေရဲ့။နောက်ကားက မြောက်ဖက်ကိုဆက်မောင်းလာ
လေ တောတွေထူလာပြီး တောင်ပေါ်ကိုတက်လာနေတယ်လို့လည်း သိနေပါတယ် ကျနော်
လည်းလမ်းဘေးဝဲယာ တလျှောက်မှာရှိတဲ့ ရှု့မျှော်ခင်းတွေကိုငေးကြည့်ရင်း ကျနော်ဇာတိမြေ
ကိုလွမ်းဆွတ်ရပါတယ်။တောကြားကနေ တခါတခါ တောင်ပေါ်ရွာလေးတွေကို ဖြတ်ရတိုင်း
အများသုံး တယ်လီဖုန်းရုံ နိုင်ငံတကာဘီယာ အချိုရည် ရိုးရာ ကွတ်တီယို သင်္ဘောသီးထောင်း
ရောင်းဆိုင်လေးတွေ လှပသေသပ်တဲ့ကျောင်းလေးတွေ အိမ်လေးတွေ နေရောင်ခြည်စွမ်းအင်
သုံးတယ်လီဖုန်း လျှပ်စစ်မီးတောင်မှ အခြားလမ်းပန်းဆက်သွယ်ရေး ခက်တဲ့ လျှပ်စစ်မီးလိုင်း
လက်လှမ်းမမီတဲ့ ရွာလေးတွေကအစသုံးနိုင်နေကြပါတယ်။

အင်ဂျင်အားကောင်းကောင်းနဲ့ တရိပ်ရိပ်ပြေးနေတဲ့ ကားလေးက လမ်းမှာ အခြားထိုင်းနယ်ခြား
စောင့်တပ်ဂိတ်တွေကနေခွင့်ပြုပြီးတဲ့နောက် ခရီးစတင်ပြီး(၂)နာရီခရီးလောက်မှာ ထိုင်းရွာ
လေးတရွာကိုရောက်ပါတယ် ကားလေးက ရွာလေးထဲကိုမောင်းဝင်လိုက်ပြီး ကားဝင်လာထဲက
ရွာထဲက အိမ်အချို့က အမျိုးသမီးများ ကလေးများကို ကားပေါ်မှာပါလာတဲ့ ကေအန်ယူအရာရှိ
က ကရင်ဘာသာစကားနဲ့ အော်ပြောလာပါတယ် ထိုင်းရွာလေးတွေမှာ နေထိုင်နေကြတဲ့ ထိုင်း
နိုင်ငံသားကရင်ရွာသားတွေပါ။ သူတို့စကားပြောပုံဆိုပုံက ကျနော်တို့မြစ်ဝကျွန်းပေါ်ကရင်လူ
မျိုးလေယူလေသိမ်းနဲ့မတူ ထိုင်းလိုပြောနေသလိုလို တကယ်တော့ ထိုင်းဘာသာစကားနဲ့ လေ
ယူလေသိမ်းတူနေတာ။

မြစ်ဝကျွန်းပေါ်မှာနေထိုင်ကြတဲ့ ကရင်လူမျိုးတွေစကားကို ကျနော်အကုန်နားမလည်ပေမဲ့ ဘာ
ကြောင်းပြောနေတယ် ဆိုတာလောက်တော့သိပါတယ် တချို့စကားလုံးတွေကိုလည်း သေသေ
ချာသိနေပါသေးတယ် ထိုင်းမြန်မာနယ်စပ်ဒေသမှာ ပြောကြတဲ့ ကရင်ဘာသာစကားကိုတော့မ
သိတော့ပါဘူး ထိုင်းလိုပြောတယ်တောင်ထင်နေမိပါတယ်။ နောက်အိမ်တအိမ်ရှေ့အရောက်မှာ
တော့ ကားကိုရပ်လိုက်ပါတယ်။ခုနအော်ပြောခဲ့တဲ့အိမ်တွေက လူတွေလိုက်လာကြပြီး ကားပေါ်
ကလူကြုံမှာလိုက်တဲ့ပစ္စည်းတွေ လိုက်လာယူကြတာပါ အမျိုးသမီးတွေ အားလုံး ကရင်ထမီပဲ
ဝတ်ထားကြပါတယ်။

နောက် ကိုစောမိုးကားပေါ်ကဆင်းလာပြီး ကျနော်တို့လမ်းလျှောက်သွားတော့မယ်လို့ ကား
မောင်းတဲ့သူကိုပြောနေပါတယ် ကားဆရာက ကျနော်ရသလောက်လိုက်ပို့ပေးမယ်ဆိုလို့ ကား
ပေါ်ပြန်တက်ပြီး နည်းနည်းဆက်သွားလိုက်တယ်ဆို ကွင်းပြန့်လေးတခုကိုရောက်ပါတယ်။
ကွင်းပြန့်လေးရဲ့အနောက်ဖက်နားက ချောင်းလေးက သောင်းရင်းပါပဲ။ နိုင်ငံခြားသူ(၂)ယောက်
ကတော့ ကေအန်ယူကရင်အရာရှိနဲ့ ပြန်လိုက်သွားပါတယ်။ ကျနော်နဲ့ တပ်ရင်းမှုး ကိုစောမိုးပဲ
ကျန်ခဲ့တာပါ။ ချောင်းကမ်းပါးရောက်တော့ တဖက်ကမ်းက တပ်မဟာ(၇)ဌါနချူပ် ပဲ ကိုချစ်ဖေ
လို့ ကိုစောမိုးကပြောပါတယ်။ နောက်တဖက်ကမ်းက အစောင့်တပ်ဂိတ်ကို ကိုစောမိုးက ကရင်
လိုလှမ်းအော်ပြောလိုက်ပါတယ်။ ဟိုဖက်ကမ်းက ပျောက်ကျားယူနီဖေါင်းဝတ်ထားတဲ့ ကေအန်
ယူတပ်က ရဲဘော်ကလည်း ကိုစောမိုးကို တွေ့လို့ လှေနဲ့ကူးလာပြီးခေါ်တော့မလို့ပါပဲ။

နောက်ကျနော်တို့လှေနဲ့ကူးသွားပြီး ဟိုဖက်ကမ်းရောက်ပါတယ် မြန်မာပြည်ဖက်ခြမ်းကိုရောက်
တာပါ တပ်ဂိတ်လေးရှေ့မှာ ကရင်အလံတော်ကိုထူထားပါတယ် ဂိတ်ထဲကရဲဘော်တွေက ကို
စောမိုးကို လှမ်းနှုတ်ဆက်ကြပါတယ် ကျနော်ကလူစိမ်းအနေနဲ့ပါလာပေမဲ့ ကျနော့်ကို ဘယ်သူ
ကမှ မယုံသင်္ကာတဲ့ အကြည့်နဲ့တောင်မကြည့်ပါဘူး ကိုစောမိုးနဲ့ပါလာလို့လည်းဖြစ်မှာပါ။ကျနော်
စိတ်ထဲမှာလည်း ဒါငါတို့နိုင်ငံတော်ရဲ့မြေ မတရားမှုကို မတရားမှုအဖြစ် သိက္ခာရှိရှိ ရပ်တည်တော်
လှန်နေသူတွေရဲ့ သွေးနဲ့ရင်းထားတဲ့မြေ စစ်အစိုးရအဆက်ဆက်ကို လွတ်လပ်မှုအတွက် တိုက်ပွဲ
ဝင်နေကြသူတွေရဲ့ နေရာဒေသတပ်စခန်း ကျနော်ရောက်ဖူးချင်နေတာကြာခဲ့ပြီ။

ကျနော် ရန်ကုန်တက္ကသိုလ်လှိုင်နယ်မြေမှာ ဒုတိယနှစ်စတက်ချိန် ကရင်ပြည်နယ်ကောကရိတ်
ကနေ စိတ်ပညာအဓိကနဲ့ကျောင်းလာတက်ခဲ့တဲ့ ကရင်ပြည်နယ်ဘောလုံးလက်ရွေးစင် ကျ
နော့်သူငယ်ချင်း စောဖေါဝါး (တောတွင်းတနေရာကျဆုံး) က သူကျောင်းပြီးရင်ကရင်တော်
လှန်ရေးနယ်မြေသို့သွားပြီး ကရင့်တော်လှန်ရေးကို ဆက်လုပ်မယ်လို့ ကျနော့်ကိုတဖွဖွပြောနေ
ကျ ကျနော်နဲ့က စစ်အစိုးရဆန့်ကျင်ရေးစိတ်ဓါတ်တူညီသူတွေမို့ ပြောပြရဲတယ် နောက်သူ
ကျောင်းပိတ်တဲ့အခါ တပ်မဟာ(၇)တပ်မဟာ(၆) နယ်မြေတွေကို သူအမြဲသွားခဲ့ကြောင်း နာ
မည်ကျော် ၀မ်ခ ဖလူး မော်ဖိုးကေ ခံတပ်များအကြောင်း တော်လှန်ရေးထဲက သူတို့ညီအကို
တွေအကြောင်း ပြောပြနေကြ ကျနော်တို့ရဲ့နွေရာသီကျောင်းပိတ်ရက်မှာ သွားချင်ရင် သူလိုက်
ပို့ပေးမည့်အကြောင်းလည်းပြောပါတယ်။ ကျနော်ကလည်းသွားချင်တဲ့အကြောင်းပြောပြခဲ့ဖူး
ပါတယ်။

အဲ့ဒီတုန်းက ကိုစောဖေါဝါးက ကျနော်တို့အဆောင် သထုံဆောင်မှာဘောကန်ကောင်းသူ တဦး
ကွမ်းလေးတမြုံမြုံဝါးလို့ ဂီတာတီးလည်းကောင်းတဲ့သူ သူနဲ့ကျနော်အတူကျောင်းသွား
လို့ပဲဖြစ်ဖြစ် လက်ဖက်ရည်သောက်ထွက်တာပဲဖြစ်ဖြစ် သွားနေတုန်း စစ်သားအပြည့်နဲ့စစ်ကား
တွေ ဖြတ်မောင်းသွားတာမြင်တိုင်း သူအံတကြိတ်ကြိတ် “ဒီကောင်တွေ ကျနော်တို့ပြည်နယ်
တွေကို သွားနှိပ်စက်တော့မဲ့ကောင်တွေ ခုကျတော့ သေသေ၀ပ်ဝပ် သူတော်ကောင်းယောင်
ဆောင်နေတာ ကျနော်တို့ဒေသမှာဆို ဘီလူးသရဲတွေလို ရွာလေးတွေကိုဖျက် မုဒိန်းကျင့်လု
ယှက်ခိုးဆိုးနေတာ ခုတော့သူတို့မဟုတ်တဲ့အတိုင်းပဲဗျာ ခင်ဗျားတို့ ဗမာအခြင်းခြင်းမို့ထင်တယ်
တဲ့” ကျနော်ကလည်း “မဟုတ်ပါဘူး ကိုစောဖေါဝါး သူတို့အထက်အမိန့်မရသေးတာ ရရင် က
ရင်ရယ် ဗမာရယ်မခွဲပါဘူး လုပ်ကြမှာပါ ဟိုတုန်းက သူတို့ စစ်အစိုးရတက်လာချိန်က ဗမာ
ကျောင်းသားတွေကို ဗမာအများစုကျောင်းသားတွေကို ဒီရန်ကုန်တက္ကသိုလ်လိုနေရာတွေမှာ
တောင် မြို့လယ်ခေါင် သတ်ဖြတ်ခဲ့သေးတာပဲဗျာ” ဆိုတော့ သူက ဟုတ်ပါတယ်တဲ့။

အဲ့ဒီတုန်းက ကျနော်ကလည်း ကျနော်စိတ်ကူးနဲ့ကျနော် တော်လှန်ရေးနယ်မြေတွေကိုရောက်
ဖူးချင်နေခဲ့တာ အရှေ့မြောက်ဒေသမှာရှိတဲ့ ကျနော်တို့ရဲဘော်တွေရဲ့ နယ်မြေကို ကိုယ်တိုင်
သွားချင်နေခဲ့တာ သို့သော်လည်း အဲ့ဒီနှစ်(၁၉၈၈)ခုနှစ် နွေရာသီကျောင်းပိတ်ရက်ရောက်ခါနီး
မှာ ကိုဘုန်းမော်အရင်းအခင်းကဖြစ်လာပြီး သူနဲ့ ကျနော်ကွဲသွားပါတယ်။နောက်သူ(၁၉၈၈)ခု
ရှစ်လေးလုံးအရေးအခင်းမတိုင်ခင် သူတောခိုသွားခဲ့ပါတယ်။နောက်သူကျဆုံးသွားပြီး(၁၅)နှစ်
ကျော်ကျော်မှာမှ ကျနော် တပ်မဟာ(၇)ဌါနချူပ်ကိုရောက်ဖူးပါတယ်။ တကယ်လို့များသူသာ
သက်ရှိထင်ရှားလည်းရှိမယ် တပ်မဟာ(၇)မှာ တာဝန်ထမ်းဆောင်နေဆဲဆိုရင် ကျနော်ကိုတွေ့
ရင် ၀မ်းသာမှာပါ လှိုက်လှဲနွေးထွေးစွာကြိုမှာပါ။ ကျောင်းတုန်းကအကြောင်းတွေ ရှေးဟောင်း
နှောင်းဖြစ်တွေပြောရင်း မိုးအလင်းစကားပြောမိကြမလားပါပဲ။

ခုတော့ ကျနော့်သူငယ်ချင်းရဲ့ ရဲဘော်တွေ သေဖေါ်သေဖက်တွေ ယုံကြည်ချက်တူသူတွေရဲ့မြေ
ကို ကျနော်ရောက်ခဲ့ပါပြီ ကျနော့်သူငယ်ချင်းကတော့ မရှိတော့ပါ သူ့ရဲဘော်တွေ သူ့ခေါင်း
ဆောင်တွေ ကိုပဲ ကျနော်တွေ့ဆုံရတော့မှာပါ။ ကိုစောမိုးက ကျနော့်ကို အဆောက်အဦလေး
တခုရှေ့အရောက်မှာ ကိုချစ်ဖေ ဒါကျနော်တို့ တပ်မဟာဆေးရုံပါတဲ့ ဆေးရုံအဆောက်အဦး
လေးထဲခေါ်သွားပါတယ်။ဖျားနေတဲ့ ရဲဘော်တချို့ နဲ့ အနားယူနေရပုံရတဲ့ရဲဘော်တချို့ကိုလည်း
တွေ့ပါတယ်။

နောက်တော့ ကျနော်ကို “ဟိုရှေ့က တဲလေးက ကျနော်တို့တပ်ရင်းရုံးပါ” တဲ့ ကျနော်တို့လည်း
ရုံးထဲရောက်တော့ သူပုန်ကဗျာဆရာကိုပေါက်(ကမာပုလဲ)က ထွက်ကြိုပါတယ်။ရောက်ရောက်
ခြင်းကိုစောမိုးက မိတ်ဆက်ပေးပါတယ် ယာယီတည်ဆောက်ထားပုံရတဲ့ အတော်အတန်ကြီး
မားတဲ့ တဲလေးထဲမှာ လက်နက်ငယ်မျိုးစုံ ဆက်သွယ်ရေးစက် စာအုပ်တော်တော်အိပ်ယာစား
အိုးစားခွက်တချို့ အားလုံးစုပြုံနေပါတယ် နောက်ကိုပေါက်က “တွေ့ရတာဝမ်းသာတယ်ဗျာ ကျ
နော်လည်း ဒီညနေချမလို့ဗျ ကရင်ရဲဘော်တွေနဲ့ချိန်းထားတယ် သူတို့လာကြပါမယ်” ကိုချစ်ဖေ
ရော နည်းနည်းပါးပါးချတယ်မှလားတဲ့ ကျနော်ကလည်းရောက်ရောက်ချင်းပါပဲ နောက်ချင်နေ
တာနဲ့ “ဟာ..အရက်တွေဘာတွေလား ကျနော်မသောက်တတ်ပါဘူး.မလုပ်ပါနဲ့နေပါစေဗျာ”လို့
ပြောရော ကိုစောမိုးက ရယ်လိုက်တာတအား သူကနဂိုကတည်းက အရယ်သန်တဲ့သူ ပြီးတော့
မှ ကျနော်က “ကိုပေါက်ရယ် မသောက်စရာလား မတွေ့ရင်တွေ့အောင်ရှာပြီးတော့သောက်ရမဲ့
အရာဟာ” လို့ပြောတော့မှ ကိုပေါက်က ရယ်တယ် ရောက်ပြီးသိပ်မကြာဘူး ကရင်ရဲဘော်တွေ
(၂)ယောက် ပလပ်စတစ်ထုတ် သုံးထုတ်နဲ့ရောက်လာတယ် တောအရက်စစ်စစ် တကူးတက ရွာ
ထဲကူးပြီး သွားဝယ်လာခဲ့တာ။

ကျနော်နဲ့ ကိုစောမိုးကိုတွေ့ကြတော့နူတ်ဆက်တယ် “ကျနော်တို့ မသိဘူးဗျာ တပ်ရင်းမှုးတို့
ရောက်လာမှာကို သိရင်များများဆွဲလာပါတယ်တဲ” ကိုစောမိုးကလည်း ရပါတယ်ဗျာ ကျနော်
တို့စခန်းရောက်မှ ချတော့မယ်တဲ့ ကိုပေါက်ကတော့ ကျနော်လိုက်လာခဲ့မယ် ရင်းမှုးလို့ ကိုစော
မိုးကိုပြောပြီး ကျနော်တို့ (၂)ယောက် လာလမ်းအတိုင်းအားလုံးကို နှုတ်ဆက်ပြန်လာခဲ့ပြီး လေ
ှဆိပ်ကလေးကနေ တည့်တည့်လာရတဲ့လမ်းလေးအရောက် ညာဖက်ကိုကွေ့သွားရပြီး ကွင်းငယ်
လေးတခုဘေးက ဖြတ်သွားရပါတယ်။အဲ့ဒီကွင်းငယ်လေးထဲမှာ ဆောက်ထားခြေတံရှည်အိမ်တ
လုံးဘေးကနေဖြတ်သွားရပါတယ်။ အဲ့ဒီအိမ်ခေါင်းရင်းက ဖြတ်သွားရတာပါ အဲ့ဒီလိုဖြတ်အ
သွား တပ်ရင်းမှုးက ကျနော်ကိုပြောပါတယ် “ကိုချစ်ဖေ တပ်မဟာမှုးဗိုလ်ချူပ်ထိန်မောင်ကို သိ
တယ်မှလား ကျနော်တို့ မြစ်ဝကျွန်းပေါ်ဇာတိပဲ” ကျနော်က “ကြားတော့ကြားဖူးတာပေါ့ ကို
စောမိုးရယ် ကျနော်နဲ့ ဘယ်သိပါ့မလဲ” လို့ပြောတော့ ကိုစောမိုးက “ခုလူတွေရှုပ်နေတယ်ဗျ အ
ပြန်ကျမှ အဖိုးဆီဝင်လည်မယ် အဲ့ဒါ ဗိုလ်ချူပ်ထိန်မောင်ရဲ့ အိမ်ပဲတဲ့” ကျနော်တို့လည်းဆက်
လျှောက်လာတာပေါ့ဗျာ

အဲ့ဒီကွင်းလေးကိုကျော်တယ်ဆိုရင်ပဲ လမ်းကပိုမြင့်လာပါတယ် ကျဉ်းလည်းကျဉ်းလာပါတယ်
“ကျနော်တို့ရဲဘော်တွေက ဒီတပ်မဟာ(၇)ရဲ့ ကာကင်းကုန်းနေရာကို ယူထားတာ တကယ်လို့
ရန်သူတက်လာရင် ကျနော်တို့နဲ့အရင်ထိတွေ့မှာပေါ့ဗျာ ကျနော်ရဲဘော်တွေအမြဲသတိဝီရိယ
နဲ့နေဖို့ အလစ်အငိုက်မခံရဖို့ အမြဲပြောနေရတယ် ရန်သူစခန်းနဲ့ကလည်းသိပ်မဝေးလှဘူးဗျ။
မနက်ကျရင် ကျနော်ပြမယ် လှမ်းမြင်နေရတယ်” လို့ ကိုစောမိုးကပြောပါတယ်။

နောက်ရှေမှာရှိတဲ့လှိုလေးထဲဆင်းလိုက်တယ်ဆိုတာနဲ့ စစ်ယူနီဖေါင်းဝတ် ရဲဘော်သုံးယောက်
ကို သေနတ်တွေလွယ်လျှက် ၀မ်းသာအားရတွေ့လိုက်ရပါတယ် သူတို့က ကျနော်တို့ကိုမြင်
တယ်ဆို သူတိုသေနတ်တွေကိုလွယ်လိုက်ပြီး ပြေးလာကြတာပါ သူတို့ထဲက တယောက်က
“တပ်ရင်းမှုးတို့ရောက်နေပြီဆိုလို့ ကျနော်တို့လာကြိုတာ အိပ်တွေပေး ဟိုဖက်ကအကိုရောကျ
နော်တိုအိပ်တွေသယ်ပေးမယ်” ပြောပါတယ် ကျနော်ကတော့အခြားအပို အကျီတထည်သာပါ
တာမို့ သယ်ဖို့မလိုတော့တာမို့ ကိုစောမိုးအိပ်ကို အတင်းလုသယ်ကြပါတယ်။ အကိုကြီးကိုပြန်
တွေ့ကြရလို့ဝမ်းသာနေကြတဲ့ပုံ တော်လှန်ရေးနယ်မြေမှာ ရဲဘော်တွေနဲ့ တပ်မှုးနဲ့ အပြန်လေး
စားချစ်ကြည်နေခဲ့ကြတာ ကျနော်ခုမှပဲတွေ့ဘူးပါတယ်။ ရဲဘော်အများစုက ကျနော်တို့နဲ့အ
သက်ကွာပါတယ်။

ကိုစောမိုးကတော့နောက်ကနေ့ တဖြေးဖြေးမြင့်သွားတဲ့တောင်ကုန်းပေါ်ကို ပြုံးပြုံး ပြုံးပြုံးနဲ့သွား
နေပါတယ် ကျနော်ကိုလည်း လှမ်းလှမ်းမေးပါတယ် ကိုချစ်ဖေရလား တဲ့ ကျနော်က ဧည့်သည်
ပါ တခါတလေမှ ခုလိုတောထဲလမ်းလျှောက်ရတာ သူတို့က အမြဲတမ်းလူမနီးသူမနီး တောထဲ
ကင်းစောင့်ရ တိုက်နေကြရတာပါ တော်ရုံစိတ်ဓါတ်မကြံ့ခိုင်ပဲနဲ့ မနေနိုင်ပါဘူး ရဲဘော်လေးတ
ယောက်က ကျနော့်ကို အကိုလမ်းဘေးကို ရုတ်တရက်မဆင်းနဲ့နော်တဲ့ မိုင်းတွေရှိတယ်တဲ့ ကျ
နော်ကတော့ ဘယ်နားမှာလဲမိုင်းလို့ လိုက်ရှာနေမိသေးတယ် တကယ်ရှိတဲ့မိုင်းကို လူမြင်သူ
မြင် ဘယ်ထောင်ကျမှာလဲ ကျနော့်ဘာသာပြန်တွေးပြီးပြုံးရသေးတယ်။သူတို့တွေကတော့သူ
သူတို့တပ်မှုးနဲ့ စခန်းထဲကအကြောင်းတွေ ပြောလာကြပါတယ် ဆဲဗင်းဂျူလ်လိုင်အထိမ်းအမှတ်
အနေနဲ့ ဒီကေဘီအေ တပ်စခန်းတခုကို ပြီးခဲ့တဲ့ တပါတ်ကျော်ကျော်လေးတုန်းက သွားဆော်
လာကြတဲ့အတွေ့အကြုံတွေလည်းပြောနေပါတယ်။ အဲဒီပွဲမှာ သူတို့သေနတ်(၇)လက်ရလာတဲ့
အကြောင်းနောက်ပြန်အဆုတ်မှာ ပိုင်ပိုင်နိုင်နိုင်လက်နက်ကြီးနဲ့ ပစ်နိုင်ခဲ့တဲ့အကြောင်း ကိုယ့်ဖက်
ကလည်း ကေအန်ယူ ဆေးမှုးတယောက် စခန်ပြန်ရောက်အောင်ခေါ်လာနိုင်ပြီးမှ ဆုံးသွားတ
ဲ့အကြောင်းကို ကိုစောမိုးကို ပြောနေပါတယ်။

Read more...

Thursday, October 15, 2009

အဖိုးနဲ့အဖွားကျနော် ပြီးတော့ ဂျပန်တော်လှန်ရေး

အဖိုးနဲ့အဖွားကျနော် ပြီးတော့ ဂျပန်တော်လှန်ရေး

အဖိုးနဲ့အဖွားကိုကျနော်မှတ်မိတဲ့အရွယ်က ငယ်ငယ်လေးထဲကပါပဲ အဖိုးက အရပ်ရှည်ရှည်
အသားလတ်လတ်ထောင်ထောင်မောင်းမောင်း အဖွားက ဖြူဖြူသေးသေးသွယ်သွယ်လေး
အဖိုးနဲ့အဖွားက ခေါင်းတလုံးစာလောက်အရပ်ကကွာတယ် အဖိုးက(၆)ပေနီးနီး အဖွားက(၅)
ပေလောက်အဲ့ဒီတုန်းက အဖိုးနဲ့အဖွားရဲ့အသက်တွေကို ကျနော်မခန့်မှန်းတတ်သေးပေမဲ့ အဖိုး
ကို ကျနော်ကဘဘ အဖွားကို ဖွားဖွားလို့ပဲခေါ်ခဲ့ပါတယ် ခုနောက်ပိုင်းအသက်တွေပြန်တွက်
ကြည့်တော့ကျနော်ကို မွေးတဲ့အချိန် အဖိုးကအသက်(၅၀) အဖွားက(၄၅)လောက်တော့ရှိပါပြီ။

ကျနော်အဖိုးနဲ့အဖွားဆိုပေမဲ့ အဖိုးအဖွားတွေအရင်းတွေလိုပဲ ကျနော်ချစ်ရသူတွေပါ။ အဖိုးသခင်
ဦးအုန်းသွင်ကို ကျနော်အဘအရင်း ဘဘဦးဘငြိမ်းထက်တောင်ပိုမည်ထင်ပါတယ်။ငယ်ငယ်က
အဘဦးဘငြိမ်း(အဖေ့အဖေ)က မင်းဘဘဦးအုန်းသွင်နဲ့ ငါနဲ့ ဘယ်သူ့ပိုချစ်လည်းဆို ကျနော်
ကမညာတတ်တော့ ဘဘဦးအုန်းသွင်လို့ပဲအမြဲပြောခဲ့တာပါ။အဖိုးကလည်းတဟားဟားပါပဲ။
ဘာလို့ရီတယ်ဆိုတာတော့ကျနော်လည်း နားမလည်ပါ။ကျနော်ညာမပြောတတ်တာကို သ
ဘောကျတာပဲဖြစ်မှာပါ။ အဲ့ဒီတုန်းက ကျနော်အဖိုးအရင်းကငွေကြေးပြေလည်သူပါ။ အဖိုးသ
ခင်အုန်းသွင်ကတော့ မူလတန်းကျောင်းအုပ်ကလေးပါ။ အဘဦးဘငြိမ်းတို့က အဘဦးအုန်း
သွင်ကို အကိုကြီးတယောက်လို လေးစားခဲ့တာပါ ရုံးကိစ္စ စာရွက်စာတန်းကိစ္စ အစိုးရနဲ့ပတ်
သက်တဲ့ အလုပ်နဲ့ပတ်သက်တာ စာရင်းဇယားပုံစံကအစ ဘဘဦးအုန်းသွင်ကလုပ်ပေးနေကြ။
အဘဦးဘငြိမ်းတို့က ဘုန်းကြီးကျောင်းထွက် တောမှာငွေကြေးပြေလည်ပြီးမြို့ပေါ်ရောက်လာ
သူတွေပါ။ကျနော်အသက်တော်တော်ကြီးတဲ့အထိ အဖွားဒေါ်သိန်းရွှေကိုလည်း ကျနော်အဘ
ရင်းတွေက အသက်ခြင်းမကွာပေမဲ့ မိဘလို အမကြီးလိုစောင့်ရှောက်ခဲ့ကြတာပါ။

ကျနော့်ကို အဲ့ဒီအဖိုးဦးအုန်းသွင်နဲ့အဖွားဒေါ်သိန်းရွှေတို့အိမ်မှာမွေးခဲ့တာပါ။ကျနော်တို့မြို့ရဲ့
တောင်ဖက် အိမ်ခြံကျယ်ကျယ်ဝန်းဝန်း ပင်စင်စားတွေနေတဲ့ရပ်ကွက်မှာပါ။ ခြေတံရှည်အိမ်
တွေဆောက်ကျတယ် အဖိုးနဲ့အဖွားလည်း လွတ်လပ်ရေးရပြီးထဲက အဲ့ဒီအိမ်မှာတောကနေ
ပြောင်းလာပြီးနေခဲ့ကြတာ အဖိုးကမူလတန်းကျောင်းမှာ ကျောင်းဆရာလုပ်တယ် သတင်း
ထောက်အလုပ်လည်းလုပ်တယ် အဖွားကတော့တောသူဌေးသမီး သူကြီးသမီးလယ်တွေလည်း
အကုန်ရောင်းချခွဲဝေပေးခဲ့ပြီး မြို့မှာသားတွေသမီးတွေနဲ့လာနေတာသားသမီးတွေကျောင်း
လည်းထားရင်းပေါ့ အဖိုးနဲ့အဖွားနဲ့အတူ သား(၁)ယောက် သမီး(၄)ယောက် အဖွားနဲ့အဖိုးက
သားမမီးမရကြပါဘူး သားသမီးမရတော့ အဖွားရဲ့မောင် မုဆိုးဖိုရဲ့ကလေးတွေ အကုန်လုံးကို
မွေးစားထားတာပါအားလုံးက မေမေ ဖေဖေပဲခေါ်ကြပါတယ် အဖွားရဲ့မောင်ကတော့ နောက်
အိမ်ထောင်လည်းမပြုတော့ပါ။ အဲ့ဒီအိမ်မှာအဖွားရဲ့အမေ အမေ့ရဲ့ညီမအရင်း အပျိုကြီး ဒွေး
လေးကြီးလည်းအတူနေကြပါတယ်။အဖွားရဲ့ အဒေါ်အရင်းပါ။

အမေနဲ့အဖေအိမ်ထောင်ကျစက နှစ်ဖက်စလုံးက သဘောမတဲ့အချိန်မှာ အဘနဲ့အဖွားက အ
ဖေနဲ့အမေကို လာခေါ်ပြီးအိမ်မှာထားစောင့်ရှောက်ထားတာပါ နောက်မေမေကလည်း အိမ်
ထောင်ကျပြီး တနှစ်မှာကျနော့်ကိုမွေးတော့ ကျနော်က အဲ့ဒီအဖိုးအဖွား ဦးလေးအဒေါ်အမတွေ
လက်ထဲကြီးရတာပါ အားလုံးက၀ိုင်းထိမ်းကြတာပါ ကျနော်တို့မိသားစုက အဖိုးအဖွားတွေ အား
လုံးကွယ်လွန်ပြီးမှပဲ သီတင်းကျွတ်ကန်တော့တာကိုရပ်လိုက်တာပါ။အဖိုးနာမည်က မော်ကျွန်း
သခင်ဦးအုန်းသွင်တဲ့ အဖွားက ဒေါ်သိန်းရွှေပါ အဖိုးနဲ့အဖွားရဲ့ချစ်ဇတ်လမ်းကို အဖွားက ခဏခ
ဏဂုဏ်ယူစွာနဲ့ပြောပြတတ်ပါတယ်။

အဖွားက သူကြီးသမီး တောသူဌေးသမီး အဖိုးကတကောင်ကြွက် ဆွေမရှိမျိုးမရှိ ဘုန်းကြီးက
မွေးစားပြီး အဖိုးကိုကျောင်းထားပေးခဲ့တာ အဖိုးကို ရွာဦးကျောင်းဆရာတော်က ပြုစုစောင့်
လျှောက်ခဲ့ရတာပါ အဖိုးက အဲ့ဒီခေတ်က အင်္ဂလိပ်မြန်မာ(၁၀)တန်းအောင်ပါတယ်။မြို့မှာ
ကျောင်းတက်နေရင်းနဲ့ ဒို့ဗမာအစည်းအရုံးနဲ့ ဆက်သွယ်မိပြီး သခင်ဖြစ်လာတာပါ အဲ့ဒီခေတ်
တုန်းက သခင် ဆိုတာ အင်္ဂလိပ်နေမ၀င်အင်ပါယာကို အန်တုတဲ့ ကိုယ်ပိုင်လွတ်လပ်ရေးရချင်
တဲ့လူငယ်တွေ မျိုးချစ်မြန်မာလူငယ်တွေဝင်ကြတာပါ ခုလိုလွတ်လပ်ရေးကြီးကို ဗိုလ်ချူပ်
အောင်ဆန်းတို့နဲ့အတူ ရယူခဲ့သူတွေရယ်လို့ အထင်ကြီးလေးစားခံကြရတာမဟုတ်ပါဘူး။

“သခင်ပေါက်စထောင်ခြောက်လ အမေကမွေးထောင်ကကျွေး” ထောင်စော်နံသူတွေရယ်လို့
အနာဂါတ်ကိုပစ်ပြီး “ကိုယ့်ထမင်းကိုယ်စား ဂျီးဒေါ်နွားကျောင်း” သူတွေရယ်လို့ အထင်ခံကြရ
သူတွေပါ။

တော်ရုံတန်ရုံမိန်းကလေးရှင်တွေက သမီးတွေနဲ့သဘောဘယ်တူပါ့မလဲဗျာ ဒါမေမဲ့ အဖွားက
အဖိုးကိုချစ်ပါတယ် အဖွားကို အဲ့ဒီခေတ်က ဘီအေအောင်တဲ့မြို့အုပ်မင်းတို့ နယ်ပိုင်တို့က ရွာ
တွေကိုလှည့်တိုင်း လူပျိုတွေဆို အဖွားကို သဘောကျကြတာပဲတဲ့ အဖွားကလည်း ဖြူဖြူသေး
သေးချောချောလေး ထက်ကလည်းထက်တယ် အဲ့ဒီခေတ်က(ရ)တန်းထိကျောင်းလည်းနေဘူး
တယ်လေ အဲ့ဒီတုန်းက မြို့အုပ်တို့ နယ်ပိုင်တို့ အရေးပိုင်တို့ကို မြန်မာပြည်သူတွေက ဘုရားထူး
ကြရတဲ့ခေတ်ပါ တနေ့တော့ လူပျိုမြို့အုပ်တယောက်က အဖွားအဖေသူကြီးကို အခြားရွာက
သြဇာရှိတဲ့ တိုက်နယ်သူကြီးတယောက်နဲ့လာနားဖေါက်သတဲ့ အဖွားကလည်းတခါထဲဗြောင်ပဲ
ပြောလိုက်တယ်တဲ့ “အင်္ဂလိပ်နား အခစားနေရတဲ့ မြို့အုပ်ကတော်တော့မလုပ်ချင်ပါဘူး နောက်
မြို့အုပ်ကလည်း ခွေးပစ်တဲ့ဒုတ်လောက်ပဲရှိတာ” လို့ နားလာဖေါက်တဲ့ လာကြောင်းလမ်းတဲ့သူ
ကြီးကို တခါထဲပြောလွှတ်လိုက်တာတဲ့။

အဖွားကသူများသာပြောတာ သူကလည်း(၅)ပေလောက်လေးဗျ ကျနော်ထင်တာတော့တခါ
ထည်းပြတ်အောင်ပြောလိုက်တာဖြစ်မယ် အဖိုးက အဲ့ဒီတုန်းက သခင်ပေါက်စ နောက်အဖိုးနဲ့
ချစ်ပြီး မိဘတွေသဘောတူလို့ ယူလိုက်ကြတာတဲ့ သဘောမတူလည်း ငါက နင့်အဖိုးနောက်
လိုက်မှာတဲ့ အဲ့လိုမျိုးအဖွားက သူတို့အိမ်ထောင်ကျတော့ ဒုတိယကမ္ဘာစစ်ကြီးကစနေပြီ အဖိုး
ကလည်းသူ့နိုင်ငံရေးအလုပ်တွေနဲ့ရှုပ်နေတာ အိမ်မှာကိုမနေရဘူးတဲ့ ဒါပေမဲ့အဖွားကသူလည်း
အင်္ဂလိပ်အုပ်ချူပ်တာကို မကြိုက်တဲ့သူဆိုတော့ အဖိုးလုပ်သမျှ သဘောကျနေတာလည်း ဖြစ်
နိုင်တယ်နောက် ဂျပန်ခေတ်မှာ ဂျပန်အကြိုက် အာရှလူငယ်အစည်းအရုံးတွေဖွဲ့တော့ အဖွားက
တက်တက်ကြွကြွဝင်ပါတယ်။

အဖိုးတို့က အင်္ဂလိပ်ကို ဂျပန်နဲ့ပေါင်းမတိုက်ခင်ထဲက ဒို့ဗမာအစည်းအရုံးက အားကိုးရတဲ့သ
ခင်လူငယ်တွေဆိုတော့ ဂျပန်ကိုလည်းပြန်ချရမယ်ဆိုတာ သိထားတယ် အဲ့ဒီအချိန်မှာအဖွား
ကို ဂျပန်ကဖွဲ့ပေးတဲ့ အာရှလူငယ်အစည်းအရုံး ၀တ်စုံကိုခြုံခိုင်းထားခဲ့တာပါ ကျနော်တို့နယ်မှာ
ဂျပန်တော်လှန်ရေးတွေစခါနီး ဂျပန်သတင်းပေးတွေကသတင်းပေးခဲ့လို့ ဂျပန်ကလက်ဦးသွား
ပြီး အသတ်ခံခဲ့ရတဲ့ သခင်လူငယ်တွေနဲ့ အာရှလူငယ်အစည်းအရုံးက လူငယ်(၄၂)ဦးရှိပါတယ်
သူတို့အားလုံးကို ဂျပန်ပြေးခါနီးမှာ မြို့စွန်တနေရာမှာရှိတဲ့ ရေတွင်းတခုထဲကို ဓါးနဲ့ခုတ်ချပြီးဂျ
ပန်က သတ်ခဲ့တာပါ အဲ့ဒီနေရာကနေ နောက်တချိန် ပြန်တူးဖေါ်ပြီး လွတ်လပ်ရေးကျောက်
တိုင်အနီးလမ်းဆုံမှာ အာဇာနည်ကျောက်တိုင် လို့စိုက်ထူထားပါတယ်။ အရိုးတွေတူးဖေါ်ရခဲ့တဲ့
နေရာလေးက နောက်ဘုန်းကြီးကျောင်းဖြစ်လာတော့ အာဇာနည်ကျောင်းလို့ ခေါ်ပါတယ်။

အာဇာနည်ဆိုတာ အခေါ်ခံချင်တိုင်းတော့အာဇာနည်မဖြစ်ပါဘူး အာဇာနည်တွေကိုလည်း
ဖြောက်ပစ်လို့မရပါဘူး အများပြည်သူအတွက် အသက်စွန့်ရဲတဲ့ အသက်စွန့်ခဲ့တဲ့သူတွေကိုအ
များပြည်သူကလည်း ဘယ်တော့မှမမေ့နိုင်ပါဘူး။အဖိုးတို့ အဖွားတို့က ဂျပန့်လက်နက်နဲ့ ဂျပန့်
စစ်ပညာနဲ့ ဂျပန်ကိုလည်းပြန်ချရမယ်ဆိုတာ ကြိုတင်တွေးထားတော့ပြင်ဆင်ကြတယ်။အစည်း
အဝေးတွေ အကြောင်းပြချက်အမျိုးမျိုးနဲ့ တိုးတိုးတိတ်တိတ်လုပ်ခဲ့တယ် ဂျပန်ကိုချမဲ့နိုင်ငံရေး
ခေါင်းဆောင် စစ်ရေးခေါင်းဆောင်တွေစုကြတယ် လက်နက် လူ နည်းစနစ် စစ်ပညာ အကုန်စု
ဆောင်းပြင်ဆင်ကြတာလေ တဖက်ကလည်းအဖွားတို့အဖိုးတို့က ဂျပန်နဲ့ရင်းနှီးယောင်ဆောင်
ရသေးတယ် ဂျပန်ကို နှစ်သက်ကြောင်းဖေါ်ပြပြီး တဖက်က ဂျပန်ကို တိုက်ဖို့ပြင်ရတာ။စစ်အ
တွေ့အကြုံကလည်းနည်းသေးတယ်။

ဒါပေမဲ့ လုပ်ကြရတာပါပဲ။ အများအရေးမို့ ဓါးသွေးကြရတာပေါ့ ဗိုလ်ချူပ်အောင်ဆန်းက စစ်
နာပတိ သခင်သန်းထွန်းက လယ်ယာဝန်ကြီး တပ်မတော်ပိုင်း သခင်လူငယ်ပိုင်း နိုင်ငံရေးသ
မားကြီးတွေအပိုင်း အကုန်ခွဲနေကြပေမဲ့ ဂျပန်ကို ပြန်တိုက်ရမယ်ဆိုတာကတော့တူကြတယ်။
အောက်ခြေပိုင်းရော လူကြီးတွေရောပြင်ဆင်ကြတယ်။အဲ့ဒီအချိန်မှာ ဂျပန်ကို အယုံသွင်းထား
ကြတာပေါ့။ သို့သော်လည်း ကျနော်တို့ဗမာတွေက သိတဲ့အတိုင်း ဘယ်လောက်အယုံသွင်း
သွင်း တကယ့်စေတနာလေးပါ ပါတာလေဗျာ ဥပမာ ဂျပန်နဲ့မလွဲသာမရှောင်သာ အယုံသွင်း
ဆက်ဆံရသော်လည်း ကောင်းကောင်းလေး ချက်ပြုတ်ကျွေးတာမျိုးဗျာ ကုသိုလ်ရတယ်လို့ကို
မြင်ကြတာဗျ။

အဲ့ဒီလိုနဲ့ အဖွားတို့ ကလည်းကိုယ့်နယ်ကို လာလာလှည့်ရတဲ့ ဂျပန်စစ်တပ်က ဗိုလ်မှုးတ
ယောက်နဲ့ ခင်မင်သွားတယ်တဲ့ အဲ့ဒီဗိုလ်မှုးက အဖိုးဆီကိုလာတိုင်း တယောလေးယူလာတယ်
သူ့မိသားစုဓါတ်ပုံလေး ထုတ်ထုတ်ပြတယ် သူက စစ်မဖြစ်မီက တက္ကသိုလ်တခုက ကထိကတဲ့
စစ်ဖြစ်တော့ စစ်ထဲကိုလိုက်လာရတာတဲ့ သူစစ်မတိုက်ချင်ဘူး နောက်သူမူးရင်တယောလေး
ထိုးပြီးတိုင်းလဲ သူမိသားစုအကြောင်းပြောလိုက် စစ်မြန်မြန်ပြီးပါစေပဲဆုတောင်းတဲ့အကြောင်း
လည်းပြောပါတယ်တဲ့ လူကလည်း လူပုံကျ ဥပဓိရုပ်ကောင်းကောင်းတဲ့။

အဖိုးကော အဖွားကော သူ့ကို ပုဂ္ဂိုလ်ရေးအရ ခင်မင်သလို သူကလည်းခင်မင်ပါတယ်တဲ့ ဒါ
ပေမဲ့ လူမျိုးစုတစုလုံးအတွက် နိုင်ငံအတွက်လုပ်ကြရတော့ အဲ့ဒီခင်မင်မှုတွေကို ဘေးချထားရ
တာ အဖိုးနဲ့အဖွားက လွတ်လပ်ရေးရပြီးထဲက နောက်ပိုင်းနိုင်ငံရေးမလုပ်ဖြစ်တာလည်း အဲ့ဒီအ
ကြောင်းတချက်ပါမယ်ထင်တယ်။ နိုင်ငံရေးမှာက ပုဂ္ဂိုလ်ရေးထားလို့မှမရကြတာလေ။ ဒါ
တောင်အဖိုးနဲ့အဖွားက ရပ်ရေးရွာရေးမှာရှေ့ကပါ အဖွားဆို သူကိုယ်တိုင်သခိုးဖမ်းခဲ့လို့ လွတ်
လပ်ရေးရပြီးခေတ်မှာ ဆုတံဆိပ်လက်မှတ်မြို့နယ်အုပ်ချူပ်ရေးအဖွဲ့က ပေးခဲ့ရသေးတယ်တဲ့။

နောက်ကျနော်တို့ အထက်တန်းအရွယ်ထိ အဖွားက စက်ဘီးစီးနေတုန်း သူတို့ခေတ်က စက်
ဘီးဆိုတာ ယောက်ကျားတွေပဲစီးရမယ် ထင်နေတဲ့ခေတ် အဖွားက စက်ဘီးကို မြို့ရောက်ထဲက
စီးတာ အသက်(၇၀)ကျော်မှ ကျနော်အဖိုးအရင်းက မူးလည်းကျမှာစိုးလို့တောင်းပန်လို့ ရပ်
လိုက်တာ။ ကျနော့်အဖိုးအရင်းနဲ့ အဖွားနဲ့က(၂)နှစ်ကြီး (၂)နှစ်ငယ် ကျနော့်အဖိုးကငယ်ပါ
တယ် သီတင်းကျွတ်မှာ အဖွားဒေါ်သိန်းရွှေကို ထိုင်ကန်တော့ရင်းတောင်းပန်တာပါ။ ငယ်ငယ်
ထဲက အမေလိုအမကြီးလိုနေခဲ့ကြသူတွေပါ။အဖွားကအသက်(၆၀)ကျော်(၇၀)ထိ ကျနော်တို့
မြို့မှာမီးလောင်တယ်ဆို အဖွားကရောက်သွားပြီ ကမန်းကတမ်းပြေးလာတဲ့ သူတွေကို နေရာချ
ညွန်ကြားပေး ကူညီပေးနိုင်သလောက်ပေးပါတယ်။

ဗမာပြည်အထက်ပိုင်းကို ဗိုလ်မှုးကြီးဗထူးတို့က စတော်လှန်ချိန် ရခိုင်ဖက်က ရခိုင်တိုင်းရင်း
သားခေါင်းဆောင်တွေကလည်း စတော်လှန်လာတဲ့အချိန် ဂျပန်ကလည်းနီးစပ်ရာ သခင်ခေါင်း
ဆောင်တွေ အာရှလူငယ်ခေါင်းဆောင်တွေကို ဖမ်းကြတဲ့အချိန် အဖိုးတို့ကလည်းရှောင်နေကြ
ရတယ် နောက်ပြီး သူတို့တော်လှန်ရေးစမဲ့ မတ်လ(၂၇)ရက်နေ့ကိုလည်း စောင့်နေကြရတဲ့အ
ချိန်ပေါ့ သူတို့စုဆောင်းထားတဲ့ လက်နက်တွေ လူတွေအားလုံးအသင့်ဖြစ်ကုန်ကြပီ။

အဲ့ဒီရက်တနေ့ ညနေဖက်မှာ အဲ့ဒီဂျပန်ဗိုလ်မှုးက ရွာကိုနောက်လိုက်စစ်သား(၂)ယောက်နဲ့သ
င်္ဘောငယ်လေးနဲ့ ရောက်လာပါတယ် အရေးလဲအတော်ကြီးတဲ့ပုံပါပဲ သူ့အစောင့်စစ်သား(၂)
ယောက်ကို ခြံဝမှာထားခဲ့ပြီး အဖွားတို့အိမ်ထဲကိုဝင်လာပါတယ်။ အဖွားကလည်း အဆင်သင့်
စောင့်နေတာပါ အဖိုးကိုလာဖမ်းတော့မယ်ဆိုတာကို ဒါပေမဲ့ထူးဆန်းတာက အဲ့ဒီဗိုလ်မှုးရယ်သူ့
စစ်သား(၂)ယောက်ရယ်ပဲ လာတော့ ထူးဆန်းနေတယ်။

အဲ့ဒီဗိုလ်မှုးက အိမ်ထဲရောက်ရောက်ခြင်းပဲပြောတယ် “ဒေါ်သိန်းရွှေ သခင်အုန်းသွင်ကို ဒီည
ဆက်ဆက်သွားပြောပေးပါ။ ကျနော်တို့ အဲ့ဒီရွာနာမည် နေတဲ့အိမ်သူတို့ဘယ်မှာရှိတယ်ဆိုတာ
သိထားပါပြီ။ ခင်ဗျားအဲ့ဒီရွာကိုလည်းသိပါတယ် ကျနော်တို့နောက်နေ့မနက် လင်းအားကြီးမှာ တိုက်မှာပါ။
အဲ့ဒီရွာနာမည် နေတဲ့အိမ် အကုန်ပြောပြပြီး အထက်ကတပ်ကအမိန့်
ပေးလာတာပါ ကျနော်ရှောင်လို့မရပါဘူး ကျနော်တို့လည်း သူတို့ကို တိုက်အပြီးမှာ ဆုတ်ခွါရ
တော့မှာပါ အဲ့ဒီတော့ကျနော်တို့ ပြန်ဆုံချင်မှလည်းဆုံတော့မှာပါ ကျနော့်တယောလေးကို မြန်
မာမျိုးချစ်တွေအတွက် လက်ဆောင်ပေးခဲ့တယ်လို့ပြောပေးပါ သခင်အုံးသွင်ကို ကျနော်လေး
စားပါတယ် လို့ပြောပြီးသူ့တယောလေးကို လက်ဆောင်ပေးပါတယ်။ ကျနော်တို့တနေ့ ချစ်ချစ်
ခင်ခင်ပြန်ဆုံကြချင်ပါတယ်။ကျနော်ခင်ဗျားတို့လုပ်နေတာတွေအားလုံးကို သတင်းရထားပါ
တယ် ဒါပေမဲ့ကျနော်ကိုယ်ချင်းစာနာတာရယ် ခင်ဗျားတို့ကို ခင်မင်လေးစားတာရယ်ကြောင့်
ကျနော်မသိချင်ယောင်ဆောင်နေခဲ့တာပါ။ ဆက်ဆက်လိုက်သွားပြီးပြောပေးပါ” လို့ ပြောပြီးသူ
တယောလေးကိုထုတ်ပေးပါတယ် သရေအိပ်အဖုံးလေးနဲ့ထည့်ထားတာ။

အဲ့ဒါနဲ့ အဖွားလည်း သူတို့ထွက်သွားပြီးပြီးချင်း သူ့ရဲမေတယောက်ကို တိတ်တိတ်ခေါ် တ
ယောက်ကို လက်ပစ်ဗုံးတလုံး ခြောက်လုံးပြူးတလက် ရိုင်ဖယ်တလက်လွယ်ပြီး ချောင်းတွေ
ဖြတ်ကူး ကွင်းထဲဖြတ်ပြေးအမြန်သွားကြရတာပါ တရားဝင်ရွာထဲက အခြားဘယ်သူမှလည်းမ
သိကြသလို သွားလာရေးကလည်းခက်ခဲတော့ သူကိုယ်တိုင်သွားမှဖြတ်တာမို့ အဖွားတို့က သူ
တို့ စုထားတဲ့ ခြောက်လုံးပြူး ရိုင်ဖယ် လက်ပစ်ဗုံး တို့ကိုယူပြီး အမြန်ပြေးရတာပါ လမ်းမှာ
လည်း ဂျပန်စစ်တပ် ဂျပန်သတင်းပေးတွေနဲ့ မတိုးမိအောင်လည်းသွားရတာပါ မြစ်ဝကျွန်းပေါ်
သူတွေမို့လည်း ရေးကူးကျွမ်းကြတယ်လေ လမ်းခရီးက ကွေ့သွားရတော့နည်းနည်းတော့ပိုကြာ
ပေမဲ့ အဖွားတို့က ည ၁း၀၀ လောက်ရောက်သွားတယ်တဲ့ သေနတ်တွေကို ရွာထိပ်မှာဖွက်ပြီး
ရွာထဲက အဖိုးရှိတဲ့အိမ်ကို မေးပြီးရောက်သွားတယ်တဲ့ အဖိုးတို့က ကင်းကချထားတော့ အဖွား
တို့ ၀င်လာတာကိုလည်း မြင်နေတော့ အဖိုးဆီခေါ်သွားပြီး ချက်ချင်းဆုတ်ကြရတာတဲ့။

အဖိုးတို့က လူ(၁၀) ယောက်လောက် ဂျပန်က တရာကျော် ဘယ်လိုလုပ်မှ ပြင်ဆင်ချိန်မရရင်
တိုက်ဖို့မလွယ်ဘူးလေ တနေရာကို ဆုတ်ပြီးမှ ဂျပန်လာမဲ့လမ်းက စောင့်တိုက်ရင်တော့ရမယ်
ဒါပေမဲ့လည်း သူတို့အဲ့ဒီတပ်ကို မတိုက်ချင်တော့ဘူး တဲ့ အပြန်အလှန်လေးစားနားလည်လူပီ
သသွားကြတာပါ။ အဲ့ဒီဂျပန်ဗိုလ်မှုးရဲ့သတင်းကို သူတို့မရတော့ပါဘူး ကျနော့်ကိုတော့ အဖိုးနဲ့
အဖွားက အဲ့ဒီတယောလေး ထုတ်ပြခဲ့ပါသေးတယ်။ စစ်ကြီးပြီးသွားပြီး နှစ်တော်တော်ကြာတဲ့
အထိသူတို့မိတ်ဆွေ ဂျပန်ဗိုလ်မှုးကိုမျှော်နေမိကြသေးတယ်တဲ့။ နောက်ကျနော်တို့ငယ်ငယ်က
လွတ်လပ်ရေးမော်ကွန်းဝင် ပထမဆင့် ဒုတိယဆင့် တတိယဆင့်တွေပေးတော့ အဖွားရောအ
ဖိုးရော လွတ်လပ်ရေးမော်ကွန်းဝင်မလျှောက်ခဲ့ပါဘူး။အဖိုးတို့က စစ်အစိုးရဆီက ဘာအခွင့်
ရေးမှပြန်မယူချင်ဘူးတဲ့။ နောက်ခုလိုမျိုး ကိုယ့်လူမျိုးအချင်းချင်းသာ လက်နက်အားကိုးနဲ့ကျွန်
ဇာတ်သွင်းမယ်မှန်းသိရင် ဘီအိုင်အေ တပ်မတော်ကိုလည်း သူတို့မထူထောင်ခဲ့ပါဘူးတဲ့။ကျ
နော်ကငယ်သေးတော့ သေချာမမေးတတ်ခဲ့တာပါ။

အဲ့ဒီဇာတ်လမ်းကို ကျနော်ငယ်ငယ်တုန်းက အဖိုးရောအဖွားပါ ပြောပြခဲ့ကြတာပါ ကျနော်(၄)
တန်းလောက်ကပါ နောက်ကျနော် (၆) တန်းနှစ်မှာ အဖိုးက လေဖြတ်ပြီးရုတ်တရက်ဆုံးပါ
တယ်အဖွားက(၉၆) ခုနှစ်ဆန်းမှာဆုံးပါတယ် အဖိုးနဲ့အဖွားပြောပြတဲ့ ဇာတ်လမ်းလေးတွေထဲ
ကတခုပါ။ ကျနော်တို့ ဖက်ဆစ်နာဇီစနစ်ကြီးကို စမုန်းတတ်လာတဲ့အချိန် အဖိုးနဲ့အဖွားကပြော
ပြခဲ့တာပါ။ တကယ်တော့ လူကောင်းသူကောင်းတွေလည်း စနစ်ဆိုးတခုက ဆွဲခေါ်ရာအောက်
မှာ မလုပ်ချင်တဲ့ အလုပ်တွေကို လုပ်ခဲ့ကြရ စစ်ဆိုတာလည်း ဘယ်လောက်မုန်းတီးဆက်ဆုတ်
စရာကောင်းတယ်ဆိုတာလည်း ခုတော့ သိလာခဲ့ပါပြီ ကျနော်ခုအသက်ရွယ်ထိ အဖိုးနဲ့အဖွား
နားမှာပြောခွင့်ရရင် ပြောချင်ပါတယ်“အဖိုးတို့က အင်္ဂလိပ်အုပ်ချူပ်တာ မခံချင်လို့ ဂျပန်ဖက်
ဆစ်တွေအုပ်ချူပ်တာမခံချင်လို့ ဗမာဖက်ဆစ်တွေလက်ထဲမှာထားခဲ့တာလား”လို့ အဖိုးနဲ့အဖွား
ကတော့ ခွင့်လွတ်တဲ့ အပြုံးလေးနဲ့ ပြုံးကြည့်နေကြဦးမည်လားမသိ။

ကိုချစ်ဖေတွေးကြည့်မိတာပါ။

Read more...

Tuesday, October 13, 2009

ယောက်ကျားလေးများရှောင်ရန်တဲ့...ဗျ.

အဟား... ယောက်ျားလေးများ... ရှောင်ပေလော့...:P ကျွန်ုပ် နှင့် ကျွန်ုပ်၏ သူငယ်ချင်းများသည် စာရင်းကိုင်များဖြစ်ကြ၍ ဤနေ့ဤအချိန်မှစကာ "အစ်မ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးလေ" ဟူသော ကျွန်ုပ်အား ပွဲစားလိုလို၊ အောင်သွယ်လိုလိုဖြစ်စေသော ထိုကဲ့သို့ စကားများ ကြားရခြင်းမှ သတင်းပတ် အတော်အတန်ကြာ နားချမ်းသာရာရဖွယ်ရှိလတ္တံ့...:D



Copied it from the following address ......

http://forverfriends.ning.com/profiles/blog/show?id=2863689%3ABlogPost%3A274431&xgs=1


မိန်းမယူလျှင် မည်သို့ သော မိန်းမမျိုးကို ယူသင့်သနည်းဟု ယူသင့်တဲ့မိန်းမတော့ ဘယ်လို ဆိုတာမသိဘူး။
ယခု ဖော်ပြမယ့် မိန်းမတော့ ၃ မျိုး ၃ စားရှိတယ်။
ထို ၃ မျိုးကို အသေအချာ လေးလေးနက်နက် စဉ်းစားပြီးမှ ယူပါလေ
ထို စဉ်းစား သင့်သော မိန်းမများမှာ
၁) ဆရာဝန်မ
၂) ကျောင်းဆရာမ
၃) စာရင်းကိုင်
တို့ဖြစ်ပေသည်။

အကြောင်းမှာ
အမှတ်စဉ် ၁
ဆရာဝန်မကို ယူလျှင် သင်သည် အပြုစုခံရန် စိတ်မကူးချေနှင့်။
ဝါ့ဒ်ဂျူတီ။ အွန်ကောလ် ၊ နိုက်တ်ဂျူတီ စသည်တို့ဖြင့် တစ်မျိုးပြီး တစ်မျိုး မရိုးရအောင် အလုပ်တာဝန်များ များပေလျက် သင်ကပင် သူ့ မျက်နှာရိပ်
မျက်နှာကဲ ကြည့်နေရချေမည်။
သူမ၏ အပြုစုကို ခံချင်လွန်းလှ၍ မူလကျီ သွန်ကျီ လုပ်ကာ ခေါင်းကိုက်သည်ဟုလည်း မူယာမာယာများ၍ မဖြစ်ပေ။ ခေါင်းကိုက်နေတယ်ကွာ ဇက် ကြောလေး ဆွဲပေးစမ်းပါဟု သင်ဆိုလျှင် သူမက ခေါင်းကိုက်နေလား..ရော့ ဒီမှာ ပါရာစီတမောလ် သောက် ဟုဆိုကာ ဆေးကဒ်ကိုသာ ပေးချေ လိမ့် မည်။
သင်တကယ် နေကောင်း၊ မကောင်းကိုလည်း သူမ သိချေမည်။ သင်မာယာများ၍ မရကုန်။ဒီနေ့ လူနာတွေ ပုံနေတာပဲကွာ။ မောလိုက်တာ လွန်ပါ ရော ဟု အစချီကာ အိမ်ပြန်ရောက်လာသော သူမအား သင်ကပင် ဆီးကြို ဇက်ကြောဆွဲ ပြုစုရချေမည်။

အမှတ်စဉ် ၂ ဖြစ်သော
ကျောင်းဆရာမကို ယူလျှင် ကျောင်းဆရာမတို့မည်သည် အကင်းပါး၏။ အင်မတန် ဆရာလုပ်တတ်၏။ သူမအား သင် ဆရာလုပ် ရန် စိတ်မကူးချေနှင့်။ သူမက သင့်ထက် ပိုသိနေပေမည်။
အရေးကြီးဆုံးမှာကား သင်သည် သူမအား လိမ်ညာ၍ မရခြင်းပင်။
သင်သည် အပေါင်းအသင်းများနှင့် ကာတီဗွီ၊ ကာရာအိုကေများသွားကာ ညဉ့်နက်အိမ်ပြန်ရောက်လျှင် တံခါးဝမှ ဆီးကြိုသော သူမ၏ မျက်ဝန်းများကို သင် ရင်ဆိုင်ရသော အခါ ကျောချမ်းအံ့။ သင် မည်သို့ပင် လိမ်ညာစေကာမူ သင့်အား ကျောင်းသားတစ်ယောက်ကို စာစစ်သလို မျက်လုံးမျိုးနှင့် ကြည့်နေသော သူမ၏ မျက်ဝန်းများကို ဆုံရသော အခါတွင် သင်သည် သူမကို မည်သို့မှ လိမ်လည်၍ မရနိုင်တော့ချေ။

အမှတ်စဉ်၃ ဖြစ်သော
စာရင်းကိုင်အမျိုးသမီးကို ယူလျှင် စာရင်းကိုင်တို့မည်သည် အင်မတန် စာရင်းဇယားတိကျ၏။ ငွေ တစ်ပြားကိုပင် အကွာမခံ တတ်။
ထိုသို့ဆိုလျှင် သင့်လခ အကုန် သူမထံအပ်ပြီးသော် သူမထံမှ သင် ပြန်လည်ရရှိရန် လမ်းမမြင်။
သင်၏ မိတ်ဆွေ အပေါင်းအသင်းများနှင့် ဘီယာဆိုင်၊ ကေတီဗွီတို့သွားလိုလျှင် သင် အခက်ကြုံရပေတော့မည်။
ထိုအခါတွင် စာရင်းကိုင်အမျိုးသမီးကို ယူထားမိသော ယောက်ျားများသည် ပေါ့ကက်မန်းနီး ခေါ် အိမ်သူဇနီးမသိအောင် ငွေပိုလေးများ ထားရချေ တော့မည်။

ထိုဝဋ်ဒုက္ခများ ကင်းဝေးစေရန် အလို့ငှာ ဆရာဝန်မ၊ ကျောင်းဆရာမ၊ စာရင်းကိုင် ထို ၃မျိုးအား အလေးအနက် စဉ်းစားပြီးမှ ယူပါလေ





--
May all your dreams come true!

Best Regards,
k2tmaung




ယောက်ကျားလေးများရှောင်ရန်တဲ့..ဗျ

တနေ့သ၌ ကျွန်ုပ်သည် အိမ်ရှေ့ဝရံတာလေး၌ထိုင်၍ ဆတ်သားခြောက်လေးမီးဖုတ် ရေနွေး
ကြမ်း လက်ဖက်ခြောက်ကျကျနှင့် ကျွန်ူပ်ဖတ်လိုသော ရာဟုလာသံကစ္စည်းရေးသား၍ ဦးဆန်း
ထွန်း(မန်းတက္ကသိုလ်)နှင့် ဆရာပါရဂူတို့ ဘာသာပြန်သော“ဗေါ်လဂါမှဂင်္ဂါသို့”စာအုပ်ကြီးကို
သည်းကြီးမဲကြီးဖတ်လိုက် စာမျက်နှာ လေးငါးမျက်နှာပြီးသော် ဆတ်သားခြောက်မီးဖုတ်လေး
စား၍ ရေနွေးကြမ်းကျကျလေးမှုတ်သောက်လိုက် ဇိမ်ကျနေစဉ် ကျွန်ုပ်ထံသို့စကာင်္ပူအရပ်ဒေ
သ၌နေထိုင်သော နောက်နောက်ပြောင်ပြောင် ကေတူးမောင်ဆိုသော အမျိုးသမီးထံမှအထက်
ပါအများသူငှါတို့ ဖတ်ရှု့ပြီးလောက်ပြီဖြစ်သော ယောက်ကျားတို့ဝေးစွာရှောင်ကျဉ်အပ်သော အမျိုးသမီး (၃)မျိုးအကြောင်းကို စေတနာရှေ့ထား၍ အီးမေးလ်ကြီးနှင့်ပေးပို့လာလေသည်။

အီးမေးလ်ကြီးဆိုတာ ဘယ်လိုဟာမျိုးကြီးလည်းမမေးကြပါကုန်နှင့် ထိုသို့စေတနာရှေ့ထား၍
ပေးပို့လာသော (သူ့သူငယ်ချင်း သူညီမများနှင့်မိတ်မဆက်ပေးယုံတင်မက)ထိုစာကြီးကို ကျွန်ပ်တို့ယောက်ကျားလေးများ စိတ်ဓါတ်ပျက်ပြားစေသောငှါ တင်ပြလာပါသည်။ လုံးဝအား
ငယ်သွားလိမ့်မည်ဟူ၍လည်း ယူဆထားပုံရလေသည်။ ထိုအနှီ(ဘာမှန်းလည်းမသိ အနှီဆို
တာ)မကေတူးသည် ကျွန်ုပ်တို့ယောက်ကျားလေးများကို စေတနာပါပါ နှင့်ထိုသို့တင်ပြလာ၍
ကျွန်ုပ်တို့၏ အမြင်ယူဆချက်များ နောက်ဆုတ်သွားလိမ့်မည်မဟုတ်ကြောင်း ပြန်လည်တင်
ပြ လိုပါသည်။

ကျွန်ပ်မောင်ချစ်ဖေခေါ် ကိုချစ်ဖေ ခေါ် ဘကြီးချစ်ဖေသည် ဂေါ်မစွံလူပျိုကြီးဖြစ်ကြောင်းအများ
သူငှါတို့သိကြသည့်အတိုင်း ၂၀ ကျော်အရွယ်ရောက်လို့ရယ်မှမစွံ ၃၀ ကျော်သော်လည်းထို့
နည်း၎င်း ခုဆို ၄၀ ကျော်ယုံတင်မက ၅၀ နားသို့ပင် ချည်းကပ်လာခဲ့ပါသည် ဆိုလည်းမမှားပါ.
ကျွန်ပ်သည် အရွယ်ရောက်၍ ပိုးတတ်ပန်းတတ် လာချိန်ကစ၍ ခုချိန်ထိလည်း ကိုယ်ချစ်ခင်နှစ်
သက်ပါက ပိုးပမ်းရန် လုံးဝနှောင့်နှေးတတ်သူမဟုတ်ပါ တနည်းအားဖြင့် ယောက်ကျားတ
ယောက် လွတ်လွတ်လပ်လပ် ချစ်သူဇနီးမယားမရှိပါက သို့တည်းမဟုတ်မိန်းမတယောက်ချစ်
သူယောက်ကျားလင် မရှိပါက(တိတ်တိတ်ပုန်း ဇနီးနှင့် လင်ပါမရှိပါက) ထိုမိန်းမ ထိုယောက်
ကျားကို မေတ္တာသက်ဝင်ချစ်ခင်သူသည် ပိုးနိုင်ပန်းနိုင်သည်ဟုပင် ရိုးရိုးသားသားခံယူထားပါ
သည်။သို့သော် မရှင်းမလင်း သူများကိုတော့ ဆက်လက်ပိုးပန်းလေ့မရှိခဲ့ပါ. ထိုဘကြီးကိုချစ်
ဖေ သည် ကူလီတကာ့ကူလီရိုးသားစွာလုပ်လိုပါသော်လည်း ကြာကူလီဆိုသောကူလီကိုမလုပ်
လိုပါ။ သို့သော်လည်းထိုဘကြီးကိုချစ်ဖေထံ၌ ချစ်ခင်မြတ်နိုးရသော မသောင်းညွန့်ဆိုသောအ
မျိုးသမီးတဦးရှိလေသည်။ ထိုမသောင်းညွန့်နှင့် ဘကြီးကိုချစ်ဖေတို့ အကြောင်းကို ကြုံကြိုက်
သောအခါသမယတွင် သီးခြားပြောပြပါဦးမည်။ဘယ်သူမှမမေးလည်းပြောပါဦးမည် (ဤကား စကားချပ်)

ဤကား ကိုချစ်ဖေလေကြောရှည်နေခြင်းလည်းဖြစ်ပါသည် ဘကြီးကိုချစ်ဖေသည် အနှီအီးလ်
မေးကြီးကိုဖတ်ရှုပြီးသောအခါ လေးလေးနက်နက်ပြောစရာအကြောင်းခြင်းရာပေါ်ပေါက်လာ
သဖြင့် ဤစာကြီးကိုအထက်ပါ မကေတူးနှင့် အခြားသောသူများသိရှိသွားစေရန်ရေးသားလိုက်
ပါတော့သတည်း။

ဘကြီးကိုချစ်ဖေအရွယ်ရောက်ကာစ ပိုးတတ်ပန်းတတ်ဖြစ်လာချိန်မှစ၍ အတန်းထဲတွင် စာမ
တော်ပါ စာတော်သောယောက်ကျားလေးသူငယ်ချင်းများနှင့် တည့်ပါသော်လည်း စာတော်
သောမိန်းကလေးများနှင့်မတည့်ပါ ထိုမိန်းကလေးအများစုသည် ကိုချစ်ဖေတို့လို အခန်းတွင်း
နောက်ပြောင်ဆော့ကစား၍ ကျောင်းနေပျော်၍ စာမတော်သောသူများကို နေရင်းထိုင်ရင်းအ
မြင်ကပ်လေသည် သူတို့သည် သူတို့၏လူငယ်ဘ၀ကိုလှည့်စား၍ စာမှလွဲ၍ ဘာကိုမှစိတ်မ၀င်
စားချင်ယောင်ဆောင်ကြသူများလည်းဖြစ်ပါသည်။ သူတို့ဘာသာစာကိုစိတ်ဝင်တစားသင်သ
လောက် မသင်ချင်သောသူများကိုလည်း အလိုလို အထင်သေးကြလေတော့သည်။ထိုအထင်
သေးခံရုသူများထဲ ကိုချစ်ဖေတို့ ပါလေတော့သည်။

ထိုမိန်းကလေး အများစုသည်လည်းများသောအားဖြင့် တရာတွင်(၈၅) ယောက်လောက်ကရုပ်
မချောကြပါ ရုပ်ရည်ပါချောမော စာလည်းတော် မိဘကလည်းစီးပွားရေးတောင့်တင်းသူမျိုးဆို
လျှင်တော့ ပြောစရာမလိုတော့ပါ ဘေးနားကဖြတ်လျှောက်သွားယုံနှင့်ပင် သူပိုင်သောကျောင်း
ကို မှီခိုကပ်ရပ်ပြီးလာတက်နေရသလို မျက်နှာပေးဖြင့်လည်းနေတတ်သေး၏ ထိုထိုစာတော်
သောမိန်းကလေးတို့သည် တချိန်တွင် သူတို့တကယ်တက်ချင်၍မဟုတ်ပဲ ဆေးကျောင်းသူစာ
တော်သောသူ ဖြစ်ချင်လွန်း၍ သာဆေးကျောင်းကို တက်ကြလေတော့သည်။ကိုချစ်ဖေတို့
ခေတ်အခါက မိန်းကလေးများကိုပြောပါတယ် ဒီဘက်ခေတ်မိန်းကလေးများအကြောင်းကို
တော့ တူငယ်ညီငယ်များညီမလေးများတူမလေးများပိုသိပါလိမ့်မည်။

ထိုမိန်းကလေးများဆရာဝန်ဖြစ်လာကြသောအခါ စဉ်းစားသာကြည့်ကြပါကုန် ထိုဆရာဝန်မ
ပေါက်စလေးများသည်လည်း သာမန်ဘွဲ့ရ လောက်ကို မဟာသိပ္ပံ မဟာဝိဇ္ဇာလောက် အရေး
မပေးနိုင်ခြင်းမှာလည်းသဘာဝကြပေတော့သည်။ ထိုအခါသူတို့သည်သူတို့နှင့်ဂုဏ်ရည်တူသူ
များကိုသာလက်ထပ်ကြကုန်၏ ဤကား ကောင်းပါလေ၏ ထိုအခါ ကိုချစ်ဖေသဘောနှင့်ပြော
ကာပြရရင်ဖြင့် ကိုယ်ကောင်းမည်ထင်သောအရာကိုလုပ်နေကြခြင်းသာဖြစ်၍ ကိုယ့်ဘ၀ကိုယ်
ရွေးခဲ့ကြခြင်း သာဖြစ်လေသည်။

ထိုအခါ ကိုချစ်ဖေတို့လို တေတေပေပေ လူများနှင့်လုံးဝမထိုက်တန်ခြင်းဟူ၍လည်းမှတ်သား
ထားပါသည် ကိုချစ်ဖေတို့သညလည်း ဤကဲ့သို့ အမှတ်စဉ်(၁)နေရာဖြစ်သောဆရာဝန်မများ
နှင့်မဆုံ စည်းရခြင်းကို ၀မ်းမြောက်ပါပေသည်ဟု ပထမပြောကြားလိုပါသည်။

ဒုတိယ အချက်အနေနှင့်တော့ ဆရာမလေးများကို ကိုချစ်ဖေလေးစားပါသည် ဆရာမလေးများ
သည် မလုံလောက်သောလစာလေးများဖြင့် စေတနာထားသင်ကြားပေးကြသူများလည်းဖြစ်ပါ
သည်။ သို့သော်လည်း ကိုချစ်ဖေအနေဖြင့် ထိုအနှီ(လာပြန်ပြီ အနှီ ဘာမှန်းလည်းမသိ)ဆရာမ
သူငယ်ချင်းများလည်းရှိပါသည်။ သူတို့သည် ဆရာမလုပ်မည်ဟုရည်ရွယ်ထားသည့်အချိန်ကစ
၍ သူငယ်ချင်း မောင်နှမ ညီအမများကို ဆရာ စလုပ်ပါတော့သည် နေရာတကာ ဆရာဖြစ်လို
လုပ်လိုလာကြသည် ဟင်းချက် အ၀တ်လျှော်မီးပူတိုက် ဈေးဝယ် သန့်ရှင်းရေးလုပ်တာကအစ
သူတို့က ပိုတတ်၍ သူများကိုပြန်နည်းပြပေးရမည် ဟုလည်းခံယူထားကြသူများလည်းဖြစ်ပါ
သည်။သူတို့သည် တမင်တကာ ဆရာလုပ်ကြသည်တော့ ဟုတ်ချင်မှဟုတ်ပေမည်။

သူတို့သည်ထိုသို့ညွန်ပြရန်လူလောက၌ တာဝန်ရှိသူများဟုယူဆထားခြင်းသာဖြစ်ပေမည်။သူ
တို့နှင့်နီးစပ်ပါက သူတို့တိုးတိုးပြောသောစကားသံသည်ပင် စာသင်ခန်းတခန်းလုံးကြားရ
အောင် အားစိုက်ကာအော်ပြောလေ့အော်ပြောထ ရှိသောကြောင့် အသံကျယ်လောင်၍ ရှဲရှဲ

ရှဲရှဲ အသံကွဲလေသည် နားလေးသောသူနှင့်စကားပြောနေရသကဲ့သို့လည်းရှိပေသည်ကျန်
သောအကင်းပါးခြင်းစစ်ဆေးမေးမြန်းတတ်ခြင်း အစရှိသော အရည်အသွေးများလည်းရှိကြပါ
သေးသကုန်။

ဘကြီးကိုချစ်ဖေသည် ထိုကဲ့သို့ အနည်းငယ်မျှ သူ့၏သဘောထားကိုလှစ်ပြပြီးသောအချိန်၌
အနည်းငယ်အာခြောက်လာသဖြင့် ရေနွေးကြမ်းအိုးလေးငှဲ့လေသည် ထို့နောက်ဆတ်သား
ခြောက်ကလေးကို အသာငုံလေသည်။ထိုနောက် ရေနွေးကြမ်းကျကျကို သောက်ပြန်လေ
သည်။ ခါတိုင်းနေ့များကဲ့သို့ လက်ဘက်ချဉ်စပ် ကြက်သွန်ကြော်နှမ်းပန်းကန်မပါရှိသဖြင့်စိတ်
ထဲတမျိုးတော့ဖြစ်လေသည် ကုန်သွားသည်ကို မေ့ပြီးမ၀ယ်ဖြစ်၍ ဒေါ်လေးမသောင်းညွန့်ကို
လည်းစိတ်ထဲ ငါကတော့ဂရုစိုက်လိုက်ရတာ သူကတော့ငါကြိုက်တတ်တာလေးမေ့လာလေ
သည်လို့လဲ အပြစ်တင်လိုက်မိသေးသည်။သို့သော်ငယ်စဉ်တောင်ကျေး ကလေးဘ၀အရွယ်က
တည်းကချစ်ခင်မြတ်နိုး စုံမက်ခဲ့ရသော အနှီ(လုပ်ပြန်ပြီ)မသောင်းညွန့်ကို အပြစ်မတင်ရက်ရှာ
ပေ။

ဘကြီးကိုချစ်ဖေသည် တတိယအမှတ်စဉ်(၃)ဖြစ်သော စာရင်းကိုင်အမျိုးသမီးများအကြောင်း
ကို အလေးအနက်ဆက်၍စဉ်းစားနေလေသည်။ ထိုထိုအမျိုးသမီးတို့သည် မည်ကဲ့သိုသောသူ
များနည်း ဘကြီးကိုချစ်ဖေ၏ အမြင်ကိုတင်ပြပါမည်။ ဘကြီးကိုချစ်ဖေတို့ ကောလိပ်တက်သော
နှစ်တွင်၎င်း ကောလိပ်မတက်ရသေးသောအချိန်ကာလကြာမြင့်စွာကပင် ရန်ကုန်တက္ကသိုလ်
(ပင်မ)ကို မိန်းမလှကျွန်း ဘာကျွန်းညာကျွန်းခေါ်ကြလေသည်။ ဘကြီးကိုချစ်ဖေလည်းသိလို
သဖြင့် ထို ရန်ကုန်တက္ကသိုလ်(ပင်မ)ကျောင်းထဲ တနေ့ကုန်တနေ့ခန်း အတန်းမတက်ပဲ လှည့်
ပတ်မွေနှောက်၍ ဗဟုသုတရှာမှီးလေသည်။ ထိုသို့ရှာမှီးလေတိုင်း ရန်ကုန်တက္ကသိုလ်(ပင်မ)
ကျောင်းဝင်းအတွင်းတည်ရှိသော စီးပွားရေးတက္ကသိုလ်ဖက်သို အကြိမ်တော်တော်များများ
ရောက်ဖြစ်ခဲ့လေသည် အဘယ်ကြောင့်ဆိုသော် ရန်ကုန်တက္ကသိုလ်ကြီးကို မိန်းမလှကျွန်းလို့
ခေါ်ငင်ရလောက်အောင် ကျက်သရေဆောင်ပေးနေသူများကား ထိုစီးပွားရေးတက္ကသိုလ်
ကျောင်းတော်သူများပင်ဖြစ်နေသောကြောင့်ပေတည်း။

ထိုသို့ဆိုလိုက်ယုံနှင့် အမှတ်တွေမပေးကြပါနှင့်ဦး သူတို့စီးပွားရေးကျောင်းသူများသည်။စီးပွား
ရေးဘာသာရပ်ကို ဘာလို့ယူငင်ခဲ့ကြသနည်း ဘာကြောင့်သင်ကြားလိုကြသနည်း အနည်းငယ်
ဆန်းစစ်ကြည့်ကြစေလိုပါသည်။ ထိုကျောင်းတော်သူများသည် တတန်းကို လူ(၁၀၀၀)ခေါ်ယူ
လျှင် လူ (၉၀၀)ကျော် (၉၅၀)လောက်က မိန်းကလေးများဖြစ်ကြ၍ ယောက်ကျားလေးများမှာ
လူ(၅၀)ခန့်ပင်မပြည့်ချင်လောက်အောင် မိန်းကလေးများပါသည်။ထိုသို့ ဘာကြောင့်များရပါသ
နည်း ကိုချစ်ဖေ စဉ်းစားကြည့်မိပါသည်။စီးပွားရေးတက္ကသိုလ်သို့ လျှောက်ထားသောကျောင်း
သူဦးရေမှာ ကျောင်းသားဦးရေထက်များနေခြင်းကတော့သေချာပါသည်။

ထိုနေရာတွင် စီးပွားရေးအတွက်အချက်ပညာကိုသာမက စီးပွားရေးစီမံခန့်ခွဲမှု စီမံကိန်းရေးဆွဲ
ခြင်းစသော ကိုချစ်ဖေနားမလည်သော ပညာရပ်များကိုလည်း သင်ကြားကြပေဦးမည်ကိုချစ်ဖေ
လည်းကြားဖူးနားဝနှင့်ပြောနေခြင်းပါ။ ကျိန်းသေတာကတော့ စာရင်းတွက်ချက်ရသော စီးပွား
ရေးပညာကို ယောက်ကျားလေးများထက် ပို၍စိတ်ဝင်စားသည်ဟုပင် တွက်ချက်ရပေတော့
မည်။

ကိုချစ်ဖေတို့ယောက်ကျားလေးများအမြင်တွင်တော့ ကြည့်၍တော့ကောင်းပါသည် သူထက်သူ
လှသူတွေချည်းပါ အနယ်နယ်အရပ်ရပ်က လာရောက်ကြသော့ကြောင့်လည်း လူမျိုးစုံတိုင်း
ရင်းသူများကိုတွေ့မြင်နိုင်ပေသည် သို့သော် သူကလေးတို့သည် သွားလေရာ ဂဏန်းတွက်စက်
ကြီးတကိုင်လုပ်နေကြသည်ကိုလည်းတွေ့ရပါသည်။ ကိုချစ်ဖေတို့ကတော့ သူတို့ဂဏန်းတွက်
စက်ကြီးများကို ပေသီး ဟုသာခေါ်ပါသည် ဂဏန်းတွက်စက်ကြီးကိုနှိပ်ပြီးတွက်ချက်နေကြပြီဆို
လျှင်လည်း ပေသီးခေါက်နေပြီဟုသာခေါ်ကြပါသည်။ထို့ကြောင့်စီးပွားရေးကျောင်းသူများကို
ကြည့်လျှင် ကြောက်စိတ်တ၀က်ဖြင့်သာကြည့်ရပါသည်။သူတို့မှာကပေသီးကြီးတွေနှင့်လေ။

ခုခေတ်လူငယ်များကတော့ ပေသီးဆိုတာကြီးကိုမြင်ဘူးရင်လည်းမြင်ဘူးကြပါလိမ့်မည် ကိုချစ်
ဖေတို့ငယ်ငယ်က ကုန်စုံဆိုင်များတွင် ဈေးလာဝယ်သူများကို ထိုပေသီးကရိယာအလုံးလေး
များကို ဟိုရွှေ့ဒီရွှေ့လုပ်ပြီး ဈေးရောင်းသူက ဘယ်လောက်ကျတယ်ပြောတာပါ မမှားပါ အလွန်
လည်းကြည့်ကောင်းပါသည်။ သိလိုပါက ထိုပေသီးကရိယာကို သီးခြားထပ်မံဖေါ်ပြပါဦးမည်။
ကုန်ရောင်းကုန်ဝယ်လုပ်ရာ၌ မမှားယွင်းအောင် အမြတ်ထွက်အောင် ဈေးကိုချိန်ကိုက်၍ ထိုပေ
သီးကို ရွှေ့ရခြင်းကို ပေသီးခေါက်သည်ဟုခေါ်ပါသည်။ ထိုစီးပွားရေးကျောင်းသူများ ဂဏန်း
တွက်စက်ကြီးနှင့်အလုပ်များနေပြီဆိုလျှင် ကျနော်တို့က ပေသီးခေါက်နေပြီနောက်ပါသည် သူ
တို့လည်းသိပါပေသည်။ သူကလေးတို့သည် ထိုအချိန်ကပင် အရှုံးအမြတ် ရေရှည်တွက်ချက်
တတ်သူလေးများလည်းဖြစ်၍ အမျှော်အမြင်လည်းကြီးမားသဖြင့် တော်ရုံတန်ရုံသူဖြင့်ချည်း
ကပ်၍မရတတ်ကြပါကုန်။အနှီ(လာပြန်ပြီ)ထို စီးပွားရေးကျောင်းသူလေးများ စီးပွားရေးဘွဲ့ရ၍
လူ့လောကအလည် အိမ်ထောင်ပြုကြမည်ဆိုပါကလည်း သူတို့သင်ကြားထားသောပညာကိုမ
လွဲသာမရှောင်သာသုံးကြပေဦးမည်။ အမှတ်စဉ်(၃)ကိုသေချာကျနစွာပြန်ဖတ်ကြပါကုန်။

ယောက်ကျားလေးများ၏ထုံးစံဖြစ်သော ကာရာအိုကေဆိုင်သွားခြင်း စင်မြင့်ဖျော်ဖြေပွဲသွား
ခြင်း အညောင်းအညာဖြေလျှော့ရန်အလို့ငှါ အနှိပ်ခန်းများသို့သွားခြင်းအတွက် သီခြားငွေစာ
ရင်းတခုကိုဖွင့်ရန် မပျက်မကွက်ဆောင်ရွက်ကြပါကုန်။ထိုသို့အကျယ်အကျယ်မငြိမ်းဖွယ်သော
ကိစ္စရပ်များမှာလည်း အမြဲတန်းဖြစ်လေ့ဖြစ်ထရှိသဖြင့် တွေး၍မကြောက်ကြပါကုန်နှင့်။ထင်သ
လောက်လည်းဆိုးချင်မှဆိုးပေမည်။ မထင်သောနေရာက ထ၍လည်းဆိုးလျှင်ဆိုးပါလိမ့်မည်။
ကျွန်ုပ်သည်လည်း တခါဘူးမျှသော် အိမ်ထောင်မပြုဘူးခဲ့၍ သိသလောက်မှတ်သလောက်ချိန်
ထိုးပြလိုက်ရပေတော့သည်။ ထိုနေရာ၌ ဥာဏ်ဖြင့်ချင့်ချိန်ကြပါကုန်သတည်း။ကိုချစ်ဖေသည်
ကား လူပျိုလေးဘ၀မှစ၍ မိန်းမမယူဘူးဟု တခါဘူးမျှ မဆုံးဖြတ်ခဲ့ပါကုန် မရ၍မယူခြင်းသာ
ဖြစ်ပါကြောင်းတင်ပြအပ်ပါပေသည်။

ချစ်ခင်မှုဖြင့်
ကိုချစ်ဖေ


ဤကား ကျွန်ုပ်ရေးလို သမျှတစိတ်တဒေသပြီးဆုံးလေသတည်း။ ။
ကျေနပ်နှစ်သက်မှုမရှိပါက ကျွန်ုပ်၏ အမှားသာဖြစ်ပါကြောင်း။ဂျိုကာသူငယ်ချင်းများထံမှ
လည်း လာ၍အော်ချက်ထုတ်နိုင်ပါကြောင်း.။

Read more...

သွေးရိုးသားရိုး အရှုံးများ


















သွေးရိုးသားရိုးအရှုံးများ


ဘ၀ဟာ
ဘ၀လိုရွေးချယ်ခွင့်မရဘူး
ဘ၀ဟာ အရောင်းအ၀ယ်ဆန်ဆန်လာတယ်
ဘ၀ဟာ နောက်ဆုံးအလုပ်လက်မဲ့
ဘ၀ဟာ ကုန်တင်ကားတစီးကို တက်စီးရင်း
ရေမျောကမ်းတင် ဆန်လာတယ်.

ဘ၀ဟာ ရောက်လာတော့မဲ့
နှင်းမြားတွေကိုခုခံဖို့
သင်္ကာမကင်းမှုတွေ
အထင်သေးစော်ကားတဲ့မျက်လုံးတွေ ကပ်ညှိနေတဲ့
အနွေးထည်အဟောင်းလေးနဲ့အံတုတယ်

ဘ၀ဟာ
ဘ၀လိုပဲ အကြွေးထူပြောလာတယ်
ထွက်မပြေးတဲ့သူတွေ ခြေထောက်အတွက်
ပင်နီအကျီလေးတထည်အတွက်
အကသ*ကျောင်းသားလေးတယောက်အတွက်
အမေနဲ့အတူထိုင်နေတဲ့
အမေတွေအတွက်
ဆယ်ရက်စာခရီးအတွက်
တသက်စာလုပ်အားခနဲ့ ဆပ်မကုန်နိုင်တဲ့အကြွေးတွေအတွက်
သန်သန်စွမ်းစွမ်းမဟုတ်တော့တဲ့
နှလုံးသားတစုံအတွက်
နယ်စပ်မြို့လေးမှာ သောက်ခဲ့တဲ့အရက်တခွက်အတွက်
ဖြစ်ချင်တာတွေမဖြစ်လို့ မိုက်မိုက်ရိုင်းရိုင်းကောင်ဖြစ်ခဲ့မှုတွေအတွက်
ပြန်ပြောမပြရဲတော့တဲ့ အခြားအကြွေးတွေအတွက်
ဘ၀ဟာ
ဘ၀လိုပဲ အကြွေးထူပြောလာတယ်.

ဘ၀ဟာတားမြစ်နယ်မြေထဲမှာ
အချစ်ကိုကန့်သတ်ခံရတယ်.
ဘ၀ဟာ သရိုးသရီပြုံးတတ်လာတယ်.
ဘ၀ဟာ ဘ၀နဲ့မျက်နှာချင်းဆိုင်တွေ့ပြီး
ဘ၀ရဲ့ပါးနှစ်ဖက်ကို ဘယ်ပြန်ညာပြန်ရိုက်ခဲ့တယ်

ဘ၀ဟာလုပ်ထုံးလုပ်နည်းဆန်လာတယ်
ဘ၀ဟာ လူကြီးလူကောင်းတွေအစည်းအဝေးခန်းထဲက
လက်ခုပ်သံဆန်လာတယ်.
ဘ၀ဟာ အမျိုးသမီးကောင်းလေးတယောက်နဲ့
တွဲကချင်လာတယ်.
ဘ၀ဟာစိမ်းစိမ်းလန်းလန်းအိပ်မက်ဆန်ချင်လာတယ်.


ခုတော့ ဘ၀ဟာခပ်တည်တည်ပဲ
သူမဟုတ်သလိုပါပဲ
ဂျင်းဘောင်းဘီအိပ်လေးထဲ လက်နှစ်ဖက်ကိုထည့်
မာဘိုရိုစီးကရက်တလိပ်ကို ဟန်ပါပါခဲ့ပြီး
စတားဘတ် ကော်ဖီဆိုင်ဖက်လမ်းလျှောက်ထွက်ခဲ့တယ်
ပြီးတော့ပြောသေးတယ် ဘ၀ဟာ ဘ၀ဆန်ခဲ့ပြီတဲ့။ ။
်

မိုးစဲနေ
၁၀။၁၄။၂၀၀၉
နံနက် ၇း၄၄ မီးနစ်

* ဗမာနိုင်ငံလုံးဆိုင်ရာ အခြေခံပညာကျောင်းသားများသမဂ္ဂ

ပန်းချီကိုထိန်လင်းထံမှ ခွင့်ပြုချက်မတောင်းခံနိုင်ခဲ့ပါ

Read more...

Friday, October 9, 2009

ဇာတ်နာတယ် ရုံကမသန့်ဘူး























၁။
ဇာတ်နာတယ်
ရုံကမသန့်ဘူး.
မင်းသမီးလွမ်းခန်းတွေများတယ်..
တဇာတ်လမ်းလုံး ဗီလိန်တွေများတယ်.
ဇာတ်လိုက်တွေ တရုတ်သိုင်းကားဆန်တယ်
သူထက်သူစွမ်းတယ်.
ခက်တာက ရုံကမသန့်ဘူး
ဇာတ်ကနာခဲ့တယ်.

၂။
ရုံကမသန့်
ဇာတ်ကနာတဲ့အထဲ
ပုရိသတ်က ကြည့်ချင်ယောင်ဆောင်နေရတယ်.
ပွဲဈေးတန်းက အကြော်သည်မလေး အအေးမိတာ
လူမသိလိုက်ဘူး.
ပွဲဈေးတန်းမှာ ချဲထီရောင်းတဲ့ကောင်လေး
လိုင်းကြေးတနင့်တပိုးပေးလိုက်ရတယ်.
ဘ၀ကိုရေမွှေးဆွတ် မိတ်ကပ်ထူထူလိမ်းရတဲ့ကောင်မလေးတွေ
ပေါလာတယ်
ဘာမှမလုံခြုံတဲ့ ပွဲခင်းလေးမှာ
လုံခြုံရေးတွေ လွှတ်များတယ်.

၃။
ကျနော်ကတော့
ထဲထဲဝင်ဝင်ပြောခွင့်မသာတဲ့ဇာတ်မှာ
မင်းသမီးကိုလူဆိုးတွေ ဖမ်းတဲ့အခါ
မင်းသမီးလွတ်စေရေး ဆုတွေတောင်းတယ်.
မင်းသမီးကိုလူဆိုးတွေ
လွှတ်ချင်ယောင်ဆောင်တဲ့ဇာတ်ဝင်ခန်းကို
လက်ခုပ်လက်ဝါးတီးအားပေးတယ်.
တော်သေးတယ်.
ဇာတ်ထဲကလူဆိုးတွေ လူအခွင့်ရေးဆု ခဏခဏမရလို့..
မင်းသမီးကို ပင်တိုင်ထားတဲ့ဇာတ်မှာ
တော်သေးတယ်..
မီးဇာလည်းမကုန် ဆီလဲမခန်းလို့..
တော်သေးတယ်..
မိုက်မိုက်မဲမဲရိုးသားမှုတွေဖြူဖြူစင်စင်ရှိနေလို့
တော်သေးတယ်
ဇာတ်လမ်းကိုချမရောင်းခဲ့တဲ့သူတွေရှိလို့
တော်သေးတယ်..
နိုင်ပွဲမရတိုင်း
ပ၀ါဖြူလေးထောင်မပြတတ်တဲ့သူတွေရှိနေလို့.
တော်သေးတယ်..
ကမ္ဘာမကြေတဲ့ မျိုးဆက်တွေရှိနေလို့

၎။
မင်းသမီးရေ
ခင်ဗျားကရတဲ့ဇတ်
လွမ်းခန်းတွေများတယ်.
ကြောင်သူတော်တွေကြွက်သူခိုးတွေများတယ်
ဇာတ်လိုက်တွေလက်မဖြောင့်ပဲ ဗိုလ်လုပ်တယ်
အရောင်မရှိတဲ့သူတွေ အယောင်ဆောင်တယ်
ကုမ္ပဏီထောင်တယ်.အတောင်းအရမ်းများတယ်
ဇာတ်လိုက်တွေ လက်နက်စွန့်ပြီး
ရာသီစာ အန်ဂျီအိုယောင်ဆောင်ကြတယ်.

၅။
ကျနော်ကရော
ကျနော်ကတော့.
ဟိုး..ပရိတ်သတ်နောက်နားမှာ
ဆေးပေါ့လိတ်တတိုနဲ့ ဘေးထိုင်ဘုပြောတယ်
ရုတ်ရုတ်သဲသဲပွဲလန့်တိုင်း ဖျာခင်းတယ်.
ဒီလိုနဲ့မိုးကြီးလင်းတယ်.
ရုံကမသန့်ဘူး
ဇာတ်ကလည်းနာတယ်။ ။

မိုးစဲနေ..
၉။အောက်တိုဘာ။၂၀၀၉

Read more...

Monday, October 5, 2009

KITARO MUSIC PERFORMANCE

လွန်ခဲ့တဲ့ (၇)နှစ်ကျော်က သူငယ်ချင်းပန်းချီဆရာတယောက် ခေါ်ပြခဲ့တဲ့အခွေ ကျွန်တော်ခုမှ အင်တာနက်ကနေပြန်ရလို့ ခံစားနိုင်ရန်
တင်ပြပေးပါတယ်.ဂီတမှော်ဆရာကြီးကီတာရိုနှင့်အတူ ဂီတထဲစီးဝင်နစ်မျှောနိုင်ကြပါစေ..ဆရာကြီးကီတာရိုနှင့်အတူကခုန်ရင်းခံစားနိုင်
ပါစေ.

Read more...

Sunday, October 4, 2009

ဘုရားသခင်ကျီစားသန်ခဲ့တယ်







ဘုရားသခင်ကျီစားသန်ခဲ့တယ်


ရည်းစားများတဲ့ကောင်မလေးကိုယ်တိုင်က
သစ္စာတရားကိုဖွဲ့နွဲ့တယ်..
ဘုရားသခင်ကကျီစားတယ်..

သန်းကြွယ်သူဌေးတွေကန်တဲ့ကမ္ဘာ့ဘောလုံးပွဲကို
ဆင်းရဲသားတွေက လက်ဖက်ရည်ဆိုင်မှာတိုးကြည့်ကြတယ်
ဘုရားသခင်ကကျီစားတယ်.

တနေ့လုပ်မှတနေ့စား စားစရာမရှိတဲ့သူတွေအတွက်
ငါးထောင်တန်ထုတ်တယ်
ဘုရားသခင်ကကျီစားတယ်..

ကိုယ့်ဖဲထုတ်ကိုယ်ချိုး ကိုယ်လူနဲ့ကိုယ်ရိုက်တဲ့ဖဲဝိုင်းမှာ
အခြေခံဥပဒေကို (၁၄)နှစ်ကြာအောင်ဆွဲတယ်
ဘုရားသခင်ကျီစားတယ်..

ပြည့်တံဆာခေါင်းတွေက ခပ်တည်တည်နဲ့
တည်းခိုခန်းကြီးတွေဖွင့်တယ်
ဘုရားသခင်ကကျီစားတယ်..

တိုင်းတပါးကျွန်မခံချင်လို့ တိုက်ယူခဲ့တဲ့လွတ်လပ်ရေး
အောက်ဈေးနဲ့ရတဲ့ အလုပ်သမားအဖြစ်ဖန်ဆင်း
အိမ်နီးချင်းနိုင်ငံတွေမှာ အော်ရောင်းတယ်
ဘုရားသခင်ကကျီစားတယ်.

ဒီမိုကရေစီကို မယုံကြည်သူတွေကိုယ်တိုင်က
ဒီမိုကရေစီတရားတွေပို့ချတယ်..
ဘုရားသခင်ကကျီစားတယ်.

စာသင်ကျောင်းလေးတွေရဲ့ ဈေးတန်းလေး
ဆရာတွေ ဆရာမတွေဝင်ရောင်းတယ်.
ဘုရားသခင်ကကျီစားတယ်..

ဗိုလ်ချူပ်တွေပေါပြီး
အကြွေရှားခြင်းနဲ့ ကောက်ညှင်းထုတ်သည်လေးကို
ဘုရားသခင်ကကျီစားတယ်

ခုကဗျာကို ခုနှစ်ရက်အတွင်းမည်သူမှမပြပါနှင့်
ခုနှစ်ရက်အတွင်းဖြန့်ဝေခဲ့သော်.
ကဗျာရေးသူကို
ဘုရားသခင်ကကျီစားမည်

ဘုရားသခင်ကတော့
ဘုရားသခင်ကို ဘယ်တုန်းကမှ ပြန်မကျီစားခဲ့လို့
ဒီည.
ကျနော့်ကို ကျနော်ပြန်ကျီစားတယ်။ ။

မိုးစဲနေ

Read more...

သဲပေါ်ကအနုပညာ



သူငယ်ချင်းတယောက်က မျိုးချစ်မြန်မာဘလော့က ရထားတဲ့ လင့်လေးကိုပို့ပေးလို့ သူငယ်ချင်းများကြည့်နိုင်အောင်
ပြန်တင်ပေးထားတာပါ.နောက်ခံသီချင်းလေးနဲ့ သဲပေါ်မှာ ရသပါတဲ့ပန်းချီကားလေးတွေကို ခပ်မြန်မြန်ပြောင်းဆွဲသွားနိုင်တဲ့မိန်းကလေး
တဦးရဲ့လက်ရာ ပြန်ဝေငှပေးပါတယ်.

Read more...

Friday, October 2, 2009

အခြေအနေ

အခြေအနေ

ကိုချစ်ဖေခုတလော အားနေတော့ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကျော်ကျော်ကိုသွား သတိရသွား
တယ်.ကိုချစ်ဖေသူငယ်ချင်းရဲ့အဖေ ပြောခဲ့တာပါ အဲ့ဒီတုန်းက ကိုချစ်ဖေက အသက် (၂၄)
လောက်ရှိပြီ သူကဘာပြောလဲဆိုတော့ ဟေ့ကောင်ချစ်ဖေ နဲ့သောင်းနိုင် မင်းတို့ကောင်တွေ
မိန်းမမယူကြသေးဘူးလားတဲ့။ ကိုချစ်ဖေနဲ့ သောင်းနိုင်ဆိုတာက အသက်တူအိမ်နီးနားချင်း
သူငယ်တန်းလေးထဲက မူလတန်းမှာအတူတက်လာခဲ့ကြတဲ့သူငယ်ချင်း ဂေါ်လီလှိမ့်ဖက် ဂွေ
လှိမ့်ဖက် ဒိုးထိုးဖက် ဖန်ခုန်ဖက် စိန်ပြေးတမ်းကစားဖက် စစ်တိုက်တမ်းကစားဖက် ဘောလုံး
ကန်ဖက် ဂျင်ပေါက်ဖက် စွန်လုဖက် ကိုချစ်ဖေက စွန်တော့မလွှတ်တတ်ဘူး ဂျင်လည်းသိပ်မ
ပေါက်တတ်ဘူး ဘောလုံးလဲအဲ့လိုပါပဲ ကိုချစ်ဖေကိုရေကူးသင်ပေးတာလည်းသူ။

နောက်အသက်လေးကြီးလာလို့ လူပျိုပေါက် ကောင်မလေးတွေကို ပိုးတတ်လာတော့လည်းအ
တူတူ ဟီး ညီအမ နှစ်ယောက်ကိုတောင်ခွဲပြီးပိုးခဲ့သေး.ထမင်းစားတာက သူအိမ်ကဟင်း
ကောင်းရင် သူအိမ်မှာစား ကိုယ့်အိမ်ကဟင်းကောင်းရင်ကိုယ့်အိမ်မှာစား သူညီမနဲ့ ကိုယ့်ညီမနဲ့
က လည်းအဲ့လို နောက်ကိုချစ်ဖေ ဗမာ့လက်ဝှေ့ကစားတော့ သူက ကရာတေးကစား ရန်ဖြစ်
လဲအတူတူဗျာ သူမိဘကိုယ့်မိဘကလည်းခင်နေတော့ ကိုချစ်ဖေတို့ လွှတ်ကဲကျတာပေါ့။

ကိုချစ်ဖေ အသက်သုံးဆယ်ကျော်အထိ အဒေါ်ကမုန့်ဖိုးပေးတတ်တုန်း ဦးလေးက ၂၀၀၃ခုနှစ်
မှာဆုံးသွားပါတယ် ကိုချစ်ဖေကို သူတို့သားလိုချစ်ကြသူတွေပါ ငယ်ငယ်တုန်းကတော့မသိပါ
ဘူးကြီးလာတော့မှ ကိုယ်လဲကလေးတွေကိုချစ်တတ်လာတော့မှ အော်ဦးလေးတို့အဒေါ်တို့
လည်း ငါကိုအဲ့လိုချစ်ခင်ခဲ့ကြတာပဲသိလာတယ် နောက်ငါတို့မှာအမေတွေ အဖေတွေအများ
ကြီးပါလား အဖေအမေလိုချစ်ရမဲ့သူတွေ ရှိနေပါလားလို့လဲတွေးမိလာတယ်။

ဒီနေ့တော့ အဲ့ဒီသူငယ်ချင်းကို သတိယလာရင်း ကွယ်လွန်သွားခဲ့တဲ့ သူငယ်ချင်းရဲ့အဖေဦး
လေး ပြောတဲ့စကားလေး သတိယလာတယ် အဲ့ဒါနဲ့ကျန်တဲ့သူငယ်ချင်းတွေကိုပြောပြချင်တာနဲ့
ထရေးလိုက်တာပါ ဦးလေးက အဲ့ဒီတုန်းကသာ အိမ်ထောင်မပြုကျသေးဘူးလားလို့ပြောတာပါ
နောက်ကိုချစ်ဖေတို့ လူပျိုကြီးတကိုယ်တည်းနေနေတဲ့အချိန်ကျတော့ ဘာမှမပြောတော့ပါဘူး။
ကိုယ့်သူငယ်ချင်းညီမလေးက ကိုးတန်းနှစ်မှာအိမ်ထောင်ကျသွားပြီး မွေးတဲ့ကလေးတွေ
တောင် လေးယောက် အကြီးဆုံးကောင်တောင် (၉၉)လောက်ကဆယ်တန်း တောင်ဖြေနေပြီ
ဟိုတုန်းက သူ့အမေက အိမ်လာလည်ရင်ခေါ်လာခဲ့ပြီး ကိုချစ်ဖေတို့ပဲချီထိန်းလာခဲ့ကြတာ နှစ်
တွေက မြန်လိုက်တာလို့တွေးနေဖြစ်သေးတယ်။ ဦးလေးလဲ ကိုချစ်ဖေကို ဘာမှမပြောတော့ပါ
ဘူး မပြောရက်တာလည်းဖြစ်နိုင်ပါတယ်။

ဦးလေးဆုံးတော့ မြေကျပြီးမှကျနော်ရောက်ပါတယ် ဦးလေးတို့အဒေါ်တို့က သားလေးယောက်
သမီးလေးတယောက် မွေးတာ ကျနော်သူငယ်ချင်းက သားထဲမှာအငယ်ဆုံး ညီမလေးကအား
လုံးထဲမှာ အငယ်ဆုံးဆိုတော့ အကိုတွေကချစ်လိုက်ကြတာ ကိုချစ်ဖေသူငယ်ချင်းက နို့ညှာပေါ့
ကိုချစ်ဖေ ရောက်သွားတော့ သူငယ်ချင်းက နိုင်ငံခြားမှာ (၁၀)နှစ် နီးပါးအလုပ်လုပ်နေတာကြာ
ပီ ကိုချစ်ဖေနဲ့ ကသားလိုဖြစ်နေတော့ အဒေါ်က ကိုချစ်ဖေကိုတွေ့တာနဲ့ငိုတော့တာပဲ ကိုချစ်ဖေ
သူငယ်ချင်းကို သတိယသွားတာဖြစ်မယ်ထင်တယ်။ကျနော်သနားလိုက်တာဗျာ။

ဦးလေးကမဆုံးခင်က လေဖြတ်ထားတာခံရတော့ လမ်းလဲကောင်းကောင်းမလျှောက်နိုင် စ
ကားပြောလည်းမပီတော့ပါဘူး ထမင်းစားရင်လည်းသူ့ခမျာ မနည်းစားနေရတော့ အဖိတ်အစဉ်
တွေ ရှိတော့ သနားစရာပါ ကိုယ်ကသာသနားနေရတာ ဦးလေးက သူများတွေနဲ့အတူထမင်းမ
စားပါဘူး။ သူ့ကိုရွံပြီးစားလို့မရမှာစိုးပါတယ် ကိုချစ်ဖေတို့ငယ်ငယ်က မြို့နယ်သမ၀ါယမအသင်း
မှာဦးလေးလုပ်တုန်းက ပုံရိပ်တွေမြင်လာပါတယ် အရပ်ရှည်ရှည် အသားညိုညို ကိုယ်လုံးကျစ်
ကျစ် ကတုံးဆံတောက်နဲ့ ခပ်တည်တည်နေလေ့ရှိပေမဲ့ ရယ်စရာပြောတတ်တဲ့သူ လက်ဝှေ့ခ
ရိုင်လက်ရွေးစင်ဟောင်း တိုင်းပဏာမတောင်ပါဘူးတဲ့သူမို့ သားတွေကိုအလိုမကျတဲ့အခါ မ
ရိုက်ပါဘူး ကိုချစ်ဖေသူငယ်ချင်းက တခါမှအရိုက်မခံရပါဘူး အဖေလက်သီးနဲ့ထိုးလို့ဖူးယောင်
ကွဲပြဲလာတာပဲရှိတယ် ဒါကြောင့်သူက ခဏခဏပြောတယ် ငါကမင်းတို့လိုအရိုက်ခံရတဲ့ကောင်
မဟုတ်ဘူးကွ လို့အမြဲနောက်ပါတယ်။

ကျနော်ထောင်မကျခင်လေးတင် ဦးလေးက ကျနော်နဲ့ သူ့သား သောင်းနိုင်ကိုခေါ်ပြီးပြောပါ
တယ် မင်းတို့ကောင်တွေ မိန်းမမယူသေးဘူးလားတဲ့ ကျနော်တို့ကလည်း ၁၉၈၈ အရေးအခင်း
ထဲဝင်ပါနေတဲ့အချိန်လည်း ဖြစ်ပါတယ် နောက်သူ့ဘာသာသူပဲအဖြေပေးပါတယ် “အေးကွာ ငါ
မင်းတို့အရွယ်တုန်းက မင်းတို့အကို ၀င်းနိုင်တောင် စကားပြောတတ်လမ်းကောင်းလျှောက်
တတ်နေပြီ” ဦးလေးကစိတ်မကောင်းတဲ့ပုံနဲ့ပြောနေတော့ ကျနော်တို့လည်းနားမလည်ဖြစ်သွား
ပါတယ် တကယ်လည်းနားမလည်ခဲ့ပါဘူး “ဟာဦးလေးကလည်း ကျနော်တို့ငယ်ပါသေးတယ်
ဗျာလုပ်စရာတွေကလည်းအများကြီးရှိပါသေးတယ် မိန်းမနဲ့ကလေးနဲ့ဆို လုပ်ချင်ရာဘယ်လုပ်
လို့ကောင်းမလဲဗျာ တာဝန်တွေရှိလာပြီ” လို့ပြန်ပြောတယ်။

ဦးလေးက အဲ့ဒီတော့ပြန်ပြောပါတယ် “အေးကွာမင်းတို့ခေတ်နဲ့ ငါတို့ခေတ်ကတော်တော်ကွာ
သွားပြီကွာ ငါတို့တုန်းကဆို ဟိုက်စကူးဖိုင်နယ်ဖြေမယ် ကောလိပ်တက်ဖို့တတ်နိုင်တဲ့သူက
ကောလိပ်ဆက်တက်တယ်ကွာ မတတ်နိုင်ရင်တဖက်ကအလုပ်လုပ်ရင်းလုပ်သားကောလိပ်
ဆက်တက်တယ်ကွာ အဲ့လိုတက်ရတာကိုလည်း ဂုဏ်ယူကြတယ်လေ များသောအားဖြင့်တော့
ကျောင်းဆက်မတက်ဖြစ်ကြပါဘူး အလယ်တန်းလောက်အောင်တဲ့သူတွေလည်း မိဘလက်
ငုတ်လုပ်ငန်းလေးတွေကို ဆက်လုပ်ကြတာပါပဲ အသက် (၁၆)(၁၇)နှစ်ဆို အထက်တမ်း
အောင်ပြီ အလုပ်ကလည်းပေါတော့ ကိုယ့်တောမြို့လေးမှာပဲ ၀ါသနာပါရာနီးစပ်ရာ အစိုးရဌါန
ဝန်ထမ်း ပုဂ္ဂလိက၀န်ထမ်းဝင်လုပ်ကြတာများတယ်ကွ အဲ့ဒီတုန်းကရွှေတကျပ်သားမှ (၂၀၀)
ကျပ် ငါ့လခက (၁၂၅)ကျပ် ဆီ(၁၀)ပိဿာ ပဲဆီစစ်စစ်တပုံးမှ (၈)ကျပ်ကျော် လက်ဖက်ရည်
တခွက်(၁၀)ပြား စီးကရက်တဗူးမှ(၃)မူး နို့ဆီတဒါဇင်မှ (၅)ကျပ်ကျော်ကျော် ၀က်သားတပိ
ဿာမှ (၂)ကျပ်ခွဲ မင်းအဒေါ်က အိမ်မှာပဲနေ ငါတယောက်ထဲရှာစာနဲ့ နှစ်လကို ရွှေငါးမူးသား
တော့ကောင်းကောင်းစုနိုင်သေးတယ်။ ဒါတောင်ပြည်တွင်းစစ်ကြီးဖြစ်နေတဲ့အချိန် ငါတို့က
လည်း အသက်(၂၀)ကျော်ပီဆိုတာနဲ့ အိမ်ထောင်ပြုလိုက်တာပဲ တချို့လူတွေကလွဲလို့ပေါ့ ။

ငါတို့ တုန်းက သမီးရှင်မိန်းကလေးမိဘတွေကလည်း အိမ်ထောင်ကျသွားမှာမပူပါဘူး သူ
ယောက်ကျားရှာစာနဲ့လုံလောက်ပြီး ဆိုတာသိနေပြီးသား ဒါတောင် အစိုးရ၀န်ထမ်းအောက်
တန်းစာရေးလေးလစာ ရုံးစေလစာပါ ကုန်သည်ပွဲစား လယ်ပိုင်ရှင်တွေဆို ငွေပိုရွှင်တယ်လေ
စစ်သား ရဲဝန်ထမ်းတွေဆိုလည်း သိက္ခာရှိတယ် ဘယ်သူကမှ အထင်သေးတဲ့မျက်လုံးနဲ့ အ
ကြည့်မခံရဘူး။ အထင်အမြင်သေးခံရမှာလည်းစိုးတယ် အားလုံးက လူကောင်းသူကောင်းတွေ
များတယ်။လင်မယား(၂)ယောက် အလုပ်လုပ်တဲ့အိမ်ဆို တော်တော်အဆင်ပြေနေပြီကွာ။

အစာရေစာပေါ်တာလည်းပါမှာပေါ့ မိန်းကလေးနဲ့ယောက်ကျားလေးလဲ ယူလိုက်ကြတာပဲ ခု
လိုရည်းစားသက်တမ်းအကြာကြီးနဲ့ တိုးတိုးတိတ်တိတ်ညားနေကြရတာမျိုးမရှိဘူး အားလုံးက
အလုပ်နဲ့ စားဝတ်နေရေးကချောင်လည်ကြတယ်ကွာ..ခုဟာက လက်ဖက်ရည်တခွက်(၁)ကျပ်
ဒူးယား ၃လိပ်တကျပ် အကြော်တခု တမတ် တဲ့ကွာသေးသေးလေး ပုဆိုးတထည် (၂၀) ၀က်
သား တပိဿာ (၂၅) ကျပ် ဆန်တပြည်(၅)ကျပ်တဲ့ မကြားဝံ့မနာသာကွာ လူဆိုတာ သဘာဝ
တရားကြီးကသင်ထားပေးပြီးသား အိမ်ထောင်ပြုသင့်တဲ့အရွယ်မှာ ပြုကိုပြုသင့်တယ်အ
ကြောင်းကြောင်းကြောင့် အိမ်ထောင်မပြုနိုင်ဘူးဆိုရင် အစိုးရမှာတာဝန်ရှိတယ်ကွ။ သူတို့စီမံ
ခန့်ခွဲမှုညံ့လို့ အဲ့လိုဖြစ်တာ ခုဆိုဦးလေးလစာက (၄၅၀)ရှားပါးစရိတ်နဲ့ဆို (၅၀၀)ကျော်(၆၀၀)
နီးပါး ရွှေဈေးနဲ့ပြန်တွက်ကြည့်လေ ဦးလေးတို့အလုပ်ဝင်ခါစကရတဲ့ငွေတန်ဘိုးနဲ့ ခုငွေတန်ဖိုး
ရွှေဈေးက ခု (၂၀၀၀၀)နီးပါး ဦးလေးတို့မှာဘယ်လိုချောင်လည်တော့မလဲ။အဲ့ဒီတော့မင်းတို့
လည်း တွက်ကျရမှာပေါ့ကွာ မိန်းကလေးတွေဆိုပိုတောင်ကြောက်ကြဦးမယ် ငါတို့လွန်ခဲ့တဲ့
နှစ်(၂၀) နှစ်ဆယ်ကျော်တုန်းက ရွှေဈေးက (၂၀၀) တို့လခက (၁၂၅)ကျပ် ခုရွှေဈေးကနှစ်
သောင်း အဆတရာတက်သွားတယ်ကွာ အစားအသောက်တွေလည်းပိုရှားသွားတယ် တို့လ
စာကတော့ (၄)ဆလောက်ပဲဆိုးလာတယ် ပစ္စည်းဈေးက အဆ(၁၀၀)၀န်းကျင်ဖြစ်သွားတယ်
” တဲ့။

ဦးလေးအဲ့ဒီစကားကို ပြောနေတုန်းက တကယ်စိတ်မကောင်းစွာနဲ့ ပြောနေခဲ့တာ ကျနော်နားမ
လည်ခဲ့ဘူး ခုကျနော်တို့တုန်းက ဘွဲ့ရပညာတတ်လူငယ်တယောက် ဟာအစိုးရ၀န်ထမ်းအရာရှိ
ပေါက်စဖြစ်တဲ့အချိန်မှာ လစာက (၃၂၀) ရွှေဈေးက (၂၀၀၀၀)ကျပ်ဈေး။ ခုကလေးတွေရတဲ့
လစာနဲ့ ရွှေဈေးကိုပြန်ချိန်ကြည့်မိရင် တော့ ဟိုတုန်းက ဦးလေးဘာလို့ စိတ်မကောင်းဖြစ်ခဲ့ရ
တာလဲ.ဆိုတာကျနော်သိပါပြီဦးလေးခင်ဗျား။ ကျနော်တို့လည်းပြေးရလွှားရ ရုန်းရကန်ရနဲ့ ဘဝ
တွေအမျိုးမျိုးအဖုံဖုံ အဆီအငေါ်မတည့်ခြင်းပေါင်းများစွာနှင့် ခုထိမသောင်းညွန့်နှင့် လက်မ
ထပ်နိုင်သေးပါ။ ဦးလေးသာခုထိအသက်ရှည်နေဦးမယ်ဆိုလျှင် စိတ်မကောင်းတဲ့မျက်လုံးလေး
တွေနှင့်ကြည့်နေပါဦးမည်။

Read more...

အတွေးတွေပါ

အတွေးတွေပါ

ကိုချစ်ဖေဗျာ ခုတလောဘာဖြစ်နေလဲကိုမသိဘူး သူများတွေပြောသလိုဇာတာဂြိုလ်လဂ်တွေ
မကောင်းဘူးထင်ပါတယ်ဗျာ နေရင်းထိုင်ရင်း သူများသောက်တဲ့ဆေးလိပ်က မီးပွားကကိုယ့်
ဆီလာကျလို့ ပုဆိုးပေါက်ရ ဟင်းချက်တာကိုယ်ကဆားခတ်ပြီးသား ဘေးလူကမမြည်းပဲဆား
ထပ်ခတ်သွားလို့သွား လမ်းသွားရင်း သူများလင်မယားရန်ဖြစ်တာ ကြည့်ရင်းလျှောက်မိလို့ ခု
လုပ်တိုက်လဲလို့လဲ အမျိုးမျိုးဖြစ်နေတာပဲဗျာ မသောင်းညွန့်ဆီဖုန်းဆက်တာလည်း မသောင်း
ညွန့်ကဖုန်းမကိုင် အွန်လိုင်းကိုလည်းပေါ်မလာ ကိုချစ်ဖေတော့ခက်နေတာပဲဗျာ အဲ့ဒီတော့
လည်းဟိုတွေးဒီတွေးတွေးမိတာပေါ့ မသောင်းညွန့်ဘာဖြစ်လို့လဲ ငယ်ငယ်လေးထဲကချစ်လာခဲ့
ပြီးမှခုမှ ဘာဖြစ်သွားတာပါလိမ့်ပေါ့ တွေးချင်ရာလျှောက်တွေးရင်းနဲ့ ပုံပြောကောင်းတဲ့အကိုတ
ခါကပြောဘူးတဲ့ ပုံပြင်လေးသတိရလာတယ် ကိုယ်ကလည်းတွေးမိနေတာ တွေးမိနေတာ မ
သောင်းညွန့်မှာလည်း သူတွေးမိတာတွေးနေမှာ ခက်ပါတယ်ဗျာ။ကိုချစ်ဖေမှတ်တမ်းကြီးကို
လည်းမရေးဖြစ်တာကြာတော့ ရေးလိုက်ရပါတယ် အော်အတွေးအတွေး။

အဲ့ဒီအကိုက ကျနော်အတွေးလွန်တတ်တာကို သိလို့အဲ့ဒီပုံပြင်လေးပြောပြသွားတာပါ အခြား
သူများလည်းကြားဖူးကြမယ်ထင်ပါတယ် မူကွဲတွေလည်းရှိရင်ရှိမှာပါ ကျနော်ကတော့ အကို
ပြောပြတာပဲကြားဖူးလို့ ပြန်ပြောပြတာပါ။

ဒီလိုဗျာ တခါက ရန်ကုန်နဲ့ပုသိမ် ကိုအသွားအပြန် သွားနေတဲ့ ခရီးသည်တင်သင်္ဘောတစီးကို
လူငယ်တယောက်က သူမြို့ဖြစ်တဲ့မြောင်းမြကို ပြန်ဖို့ဆင်းလာသတဲ့ ခရီးသည်လက်မှတ်ကြို
ဝယ်ထားပြီးတော့ ပြန်မဲ့နေ့မှာဆင်းလာတာတဲ့ သူလည်းသင်္ဘောပေါ်ရောက်တော့ သူဝယ်
ထားတဲ့လက်မှတ်လေးနေရာမှာ အခင်းလေးခင်းအထုတ်လေးချပြီးနေရာယူတာပေါ့။

သူသင်္ဘောပေါ်ရောက်လို့မှ သိပ်မကြာခင်မှာပဲ သူ့ဘေးနားကလွတ်နေတဲ့ ကွပ်လပ်လေးနေရာ
ကို ဥပဓိရုပ်ကောင်းကောင်း အဖိုးကြီးတယောက်နဲ့အမျိုးသမီးလေးတယောက်ရောက်လာပြီး
နေရာယူလိုက်သတဲ့ ကိုယ်လက်မှတ်မှာပါတဲ့နေရာ နံပါတ်အတိုင်းယူရတာဆိုတော့ လူငယ်
လေးက အရင်ရောက်နေတဲ့ ဘေးချင်းကပ် ခရီးသွားဖေါ်တွေကို ပြုံးပြီးနှုတ်ဆက်တယ်တဲ့၊အဲ့ဒီ
မှာအတွေးတွေက စတော့တာပါပဲ။

သူတို့တွေ ဘယ်လိုတွေးတယ်ဆိုတာတော့ အောက်မှာ ကျနော်ဖေါ်ပြသွားပါမယ်.ဒီလိုပါ

လူငယ်လေး။ ။အော်ခုဒီနားကိုလာတဲ့ အဖိုးကြီးနဲ့ကောင်မလေးက ဘယ်လိုတော်သလဲမသိ
ဘူး အဖိုးကြီးကြည့်ရတာရှု့တင်းတင်းနဲ့ ကောင်မလေးကိုတနေရာကသုတ်ချလာတာလားမသိ
ဘူး။


အဖိုးကြီး။ ။ အော်ငါတို့နေရာက ဒီနေရာမှာပဲ ဘယ်လိုပါလိမ့်ဘေးကကောင်ကလည်းစပ်ဖြဲဖြဲ
နဲ့ ငါခပ်တည်တည်နေမှ သမီးကလည်းပါသေး။

ကောင်မလေး။ ။အော်ငါတို့ဘေးက ကျတဲ့သူကလည်း လူကိုကြည့်လိုက်တာ မျက်လုံးထွက်
ကျမတတ်ပဲ ငါလှလို့ကြည့်တာပဲဖြစ်ရမယ် အင်း ကြည့်ပါစေ့ လူကိုရိသဲ့သဲ့လုပ်လာရင်လည်း
အဖေပါတာပဲ ပါးရှစ်စိတ်ကွဲအောင်ချလိုက်မယ်.ကိုယ့်ကိုမထိခိုက်သေးသမျှတော့နေပေါ့။

လူငယ်လေး။ ။ဘာပဲဖြစ်ဖြစ်လေ သင်္ဘောပေါ်ရောက်မှတော့ တလှေထဲစီးတခရီးထဲသွားတွေ
ဖြစ်နေမှပဲ အဆင်ပြေပြေ ခရီးသွားကြရင်ကောင်းမှာ ငါပဲနှုတ်ဆက်လိုက်ပါမယ်

ဦးလေးတို့ဘယ်ကိုသွားမှာလဲဗျ

အဖိုးကြီး။ ။ဟိုစပ်ဖြဲဖြဲကောင် ကလာမေးနေပြန်ပြီ ငါတို့ဘာသာဘယ်သွားသွားပေါ့ မကြား
ချင်ယောင်ဆောင်နေမယ်။

ကောင်မလေး။ ။အင်းဒီလူတော့ ဇာတ်လမ်းထွင်ပီ အဖေကမသိယောင်ဆောင်နေတာ ငါ
လည်းနေလိုက်မယ်။

လူငယ်လေး။ ။ ဘယ်လိုလူတွေလည်းမသိဘူး တော်တော်ရိုင်းတယ် မေးတာတောင်ပြန်မဖြေ
ဘူး သူမဖြေတောင် ဟိုကောင်မလေးဖြေရင်တော်သေးတာပေါ့ ခုဘယ်သူမှ ပြန်အဖက်မလုပ်
ဘူး ဒါပေမဲ့လည်း အတူခရီးသွားရမှာဆိုတော့ သည်းခံလိုက်ပါမယ်လေ။

အဲ့ဒီလိုနဲ့သင်္ဘောကြီးလည်း ဥသြဆွဲဆိပ်ကမ်းကခွါလာတာပေါ့ အဲ့ဒါနဲ့လူငယ်လေးလည်း သ
င်္ဘောဆိပ်က၀ယ်လာတဲ့ ထမင်းထုတ်ကလေးကိုဖွင့် သင်္ဘောလေလေးတဖြူးဖြူးနဲ့ထမင်းစား
ဖို့ပြင်ဆင်တာပေါ့ အဲ့ဒါနဲ့ ထမင်းထုပ်လေးဖြေပြီးတွေးသတဲ့

လူငယ်လေး။ ။အော်လေလေးတဖြူးဖြူးနဲ့ သင်္ဘောပေါ်မှာထမင်းစားရတာပျော်စရာ ဘေးက
အဖိုးကြီးနဲ့ကောင်မလေးကောမစားသေးဘူးလား အဆင်ပြေပြေနဲ့စားကြရရင်တော့ ကောင်း
တာပေါ့ခုတော့ ဘယ်လိုပါလိမ့် ဘာပဲဖြစ်ဖြစ် ယဉ်ကျေးမှုအရထမင်းစားတော့ခေါ်မှကောင်း
မယ်။

အဲဒါနဲ့လူငယ်လေးက ထမင်းသုံးဆောင်ကြပါဦးလားခင်ဗျာလို့ ဖိတ်ခေါ်လိုက်သတဲ့ အဲ့ဒီအခါအ
ဖိုးကြီးနဲ့သမီးက

အဖိုးကြီး။ ။ဟိုစပ်ဖြဲဖြဲကောင် ဒီလောက်ခပ်တန်းတန်းနေတာတောင် အရှက်မရှိ ထမင်းသုံး
ဆောင်ပါဦးလားတဲ့ လာပြီးယဉ်ကျေးပြူငှါပြနေတယ် အဲ့လိုကောင်မျိုးတွေက ပိုပြီးတောင်ဆိုး
သေး တအားယဉ်ကျေးနေရင် မိုက်ရိုင်းဖို့ မိုက်ရိုင်းကောင်းအောင်လို ယဉ်ကျေးပြနေတာဖြစ်
မယ်။ မသိယောင်ဆောင်နေမယ်။

ကောင်မလေး။ ။အင်း..ဟိုလူကတော့လာရောနေပြန်ပြီ အပိုတွေ သူ့မှာလည်းထမင်းတထုပ်
ထဲရှိတာ လူကလည်းစုပ်ပြတ်ပြတ်နဲ့.တကယ်းစားမယ်ဆို သူထမင်းထုတ်ကိုယူစားရမှာ သူတ
ကယ်စေတနာရှိတယ်ဆို အသစ်ဝယ်လာပြီးပေးပေါ့.။အဲ့လိုဝင်စားရရင် ရွံစရာကြီး။

လူငယ်လေး။ ။အော်ဒီလူတွေကတော့ခက်ပြီ ငါကယဉ်ကျေးမှုအရ နှုတ်ဆက်တာကိုတောင်
စကားပြန်မရဘူး ဘာတွေ ဘ၀င်မြင့်နေတာလဲမသိဘူး အေးလေငါဆင်ချင်ရမယ်

အဲ့ဒီလိုနဲ့သင်္ဘောစီးလာရင်း လူငယ်လေးကတော်တော်ကိုပဲ နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်သွားသ
တဲ့ သူပြန်နိုးလာတော့သင်္ဘောက ဘယ်နေရာရောက်နေပြီ မြို့ကိုရောက်ဖို့ ဘယ်နှစ်နာရီလို
သေးပါလိမ့် ဘယ်မြို့တွေကိုတော့ ဆိုက်ကပ်လာခဲ့ပြီးပြီလဲ သိချင်လာပါတယ် အဲ့ဒီတုန်းကသ
င်္ဘောတွေက အချိန်မှန်သေးတယ်လေ နာရီနဲ့တွက်ရင် ဘယ်နေရာရောက်နေပြီ ကိုယ့်မြို့ကို
ရောက်ဖို့ ဘယ်လောက်လိုသေးတယ်လို့ မှန်းလို့ရတယ်လေ အဲ့ဒါနဲ့လူငယ်လေးလဲ နာရီမပါ
တော့ ဘေးမှာ မအိပ်သေးပဲ ထိုင်နေတဲ့ သားအဖနှစ်ယောက်ပဲ နိုးနေတာနဲ့ လူငယ်လေးက
တခါသွားမေးရသတဲ့။

လူငယ်လေး။ ။ဦးလေးခင်ဗျား ခုဘယ်နှစ်နာရီထိုးပါပြီလဲ ကျနော်သိပါရစေ

လို့မေးလိုက်သတဲ့ အဲ့ဒီအချိန်မှာ ကောင်းမလေးနဲ့သူ့အဖေအဖိုးကြီးကတွေးမိသတဲ့

ကောင်မလေး။ ။ဟောလာပြန်ပြီ ဒီလောက်ခပ်တန်းတန်းနေတာတောင် အရှက်မရှိ အစထဲ
ကမျက်နှာရှုးဟာ ခုလည်းနာရီလာမေး မျက်နှာချိုသွေးနေပြန်ပြီ မသိချင်ယောင်ဆောင်နေ
မယ်

အဖိုးကြီး။ ။ဟာဒီ စပ်ဖြဲဖြဲကောင် တော့ခက်ပြီပြောမှဖြစ်တော့မယ် ပြောမှသိ ထိမှနာသာမှ
ခင် ဆိုတဲ့လူစားမျိုးပြောကိုပြောရတော့မယ်

အဲ့ဒါနဲ့အဖိုးကြီးက လူငယ်လေးကိုပြောလိုက်သတဲ့

အဖိုးကြီး။ ။ဒီမှာမျက်နှာရှုးစပ်ဖြဲဖြဲကောင် မင်းဘာလာရောနေတာလဲ ငါစတက်လာထဲကမင်း
လာအရောဝင်နေတာ ငါသိတယ် ငါဒီလောက်ခပ်တည်တည်နေတာတောင် မင်းကလာပြော
သေးတယ် ပြောမှသိ ထိမှနာ သာမှခင် ဆိုတဲ့လူစားမျိုးထဲမှာ မင်းလိုကောင်ပါတယ် ငါမပြော
ချင်လို့ကြည့်နေတာ ငါ့ကိုဒါမျိုးလာမစမ်းနဲ့ ငါသိတယ်ဟေ့ကောင် မင်းပထမငါ့ကိုဘယ်မြို့သွား
မှာလဲမေးတယ် နောက်တဆင့် ထမင်းထုတ်နဲ့လာစည်းရုံးတယ် ခုတခါနာရီလာမေးတယ်။မရ
ဘူးဟေ့ကောင် ဒါမျိုးတွေရိုးနေပြီ ငါလည်းငယ်ရာကကြီးလာတာသိတယ် ဟေ့ကောင် မင်းခု
နာရီသိရင် ဦးလေးတို့က ဘယ်မှာဆင်းမှာလည်း ကျနော်ခရီးစဉ်တွက်မလို့ပါ ဆိုပြီး ငါနေတဲ့
မြို့ကိုထပ်မေးမယ် ပြီးရင်မင်းပါရောဆင်းလိုက်လာပြီး အောဦးလေးတို့အိမ်က ဘယ်နားမှာဆို
ပြီးမေးမယ် ပြီးရင် ကျနော်လည်းအဲ့ဒီဖက်သွားမှာဆိုပြီလိုက်လာမယ် နောက်ကျနော့်အသိ
တွေပြောင်းသွားလို့ ဘာညာဆိုပြီးငါ့အိမ်လိုက်လာမယ် အို..ကုန်ကုန်ပြောမယ်ကွာ မင်းငါ့ကို
လာရောပြီး ငါသမီးကိုခင်အောင်လုပ် ပြီးမင်းသုတ်ပြေးချင်လို့ မဟုတ်လား ပိုင်ပါတယ်ကွာမင်း
အကြံ ဒါမျိုးမရဘူးဟေ့ကောင်။သူများတွေကိုသာလုပ်လို့ရမယ် ငါ့ကိုဘယ်တော့မှမရဘူး။

လို့ အဖိုးကြီးကပြောတယ် ကောင်မလေးက ဘယ်လိုတွေးလည်းဆိုတော့

ကောင်မလေး။ ။ဟင်း အဲ့လိုအဖေပြောလိုက်တာကောင်းတယ် နိုမို့ရင်ဒီလူက အဖေပြောသ
လိုမလုပ်ဘူးလို့ ပြောလို့မရဘူး အဲ့လိုလုပ်ရင်လည်း ဘယ်ရမလဲ ကိုယ့်အဆင့်အတန်းနဲ့တူတာ
မျိုးမှမဟုတ်တာ။ ဟင်း.

အဲ့ဒီအချိန်မှာ လူငယ်လေးက ဘာပြောရမှန်းမသိအောင်ကို အံ့သြသွားသတဲ့.

လူငယ်လေးကဘယ်လိုဆက်တွေးတယ်ဆိုတာတော့ မပြောတော့ပါဘူး လူ့ဘ၀ထဲ နေ့စဉ်
ဖြတ်နေကြရတဲ့အခါ ဘ၀အမျိုးမျိုး မိသားစုအမျိုးစုံ အတွေးအခေါ်မျိုးစုံ ဘ၀အတွေ့အကြုံ
ကိုယ်ပိုင်ဆိုင်တဲ့ဓနအင်အား ရုပ်လက္ခဏာ အသက် အပိုင်းအခြားလိုက် ပညာအရည်အခြင်း
အရ အတွေးတွေအမြင်တွေမတူညီတာ အမှန်ပါ ကွဲလွဲနိုင်တာလည်းအမှန်ပါ ဘာပဲဖြစ်ဖြစ်
ကွဲလွဲမှုတွေထဲက သင်ခန်းစာယူပြီး ညီညွတ်တာကအကောင်းဆုံးပါ ရန်ဖြစ်ပြီးရင် ပြန်ချစ်ကြ
မယ်ဆိုသလိုပေါ့ တခါတလေတော့လည်း လူဆိုတော့ကိုယ့်အကြိုက်နဲ့မတူတာကိုလက်ကိုမခံ
ချင်တော့တာ ဆက်ဆံမှုကိုတောင်မလုပ်ချင်တော့တာလည်း အမှန်ပါ သေချာတာကတော့ အ
ခြေခံရိုးသားမှု စေတနာရှိမှုတွေရှိရင် အဆင်ပြေသွားအောင်ညှိလို့ရမှာပါ ညှိနိုင်မယ်တော့ထင်
ပါတယ် မိတ်ဆွေတွေမဖြစ်ကြတော့ရင်တော့ ရန်သူတွေဖြစ်သွားကြတာမျိုးတော့မကောင်းပါ
ဘူး။တယောက်ကို အတွေးတမျိုးစီတွေးခဲ့ကြတယ် မဟုတ်လား။

Read more...

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP