Thursday, October 15, 2009

အဖိုးနဲ့အဖွားကျနော် ပြီးတော့ ဂျပန်တော်လှန်ရေး

အဖိုးနဲ့အဖွားကျနော် ပြီးတော့ ဂျပန်တော်လှန်ရေး

အဖိုးနဲ့အဖွားကိုကျနော်မှတ်မိတဲ့အရွယ်က ငယ်ငယ်လေးထဲကပါပဲ အဖိုးက အရပ်ရှည်ရှည်
အသားလတ်လတ်ထောင်ထောင်မောင်းမောင်း အဖွားက ဖြူဖြူသေးသေးသွယ်သွယ်လေး
အဖိုးနဲ့အဖွားက ခေါင်းတလုံးစာလောက်အရပ်ကကွာတယ် အဖိုးက(၆)ပေနီးနီး အဖွားက(၅)
ပေလောက်အဲ့ဒီတုန်းက အဖိုးနဲ့အဖွားရဲ့အသက်တွေကို ကျနော်မခန့်မှန်းတတ်သေးပေမဲ့ အဖိုး
ကို ကျနော်ကဘဘ အဖွားကို ဖွားဖွားလို့ပဲခေါ်ခဲ့ပါတယ် ခုနောက်ပိုင်းအသက်တွေပြန်တွက်
ကြည့်တော့ကျနော်ကို မွေးတဲ့အချိန် အဖိုးကအသက်(၅၀) အဖွားက(၄၅)လောက်တော့ရှိပါပြီ။

ကျနော်အဖိုးနဲ့အဖွားဆိုပေမဲ့ အဖိုးအဖွားတွေအရင်းတွေလိုပဲ ကျနော်ချစ်ရသူတွေပါ။ အဖိုးသခင်
ဦးအုန်းသွင်ကို ကျနော်အဘအရင်း ဘဘဦးဘငြိမ်းထက်တောင်ပိုမည်ထင်ပါတယ်။ငယ်ငယ်က
အဘဦးဘငြိမ်း(အဖေ့အဖေ)က မင်းဘဘဦးအုန်းသွင်နဲ့ ငါနဲ့ ဘယ်သူ့ပိုချစ်လည်းဆို ကျနော်
ကမညာတတ်တော့ ဘဘဦးအုန်းသွင်လို့ပဲအမြဲပြောခဲ့တာပါ။အဖိုးကလည်းတဟားဟားပါပဲ။
ဘာလို့ရီတယ်ဆိုတာတော့ကျနော်လည်း နားမလည်ပါ။ကျနော်ညာမပြောတတ်တာကို သ
ဘောကျတာပဲဖြစ်မှာပါ။ အဲ့ဒီတုန်းက ကျနော်အဖိုးအရင်းကငွေကြေးပြေလည်သူပါ။ အဖိုးသ
ခင်အုန်းသွင်ကတော့ မူလတန်းကျောင်းအုပ်ကလေးပါ။ အဘဦးဘငြိမ်းတို့က အဘဦးအုန်း
သွင်ကို အကိုကြီးတယောက်လို လေးစားခဲ့တာပါ ရုံးကိစ္စ စာရွက်စာတန်းကိစ္စ အစိုးရနဲ့ပတ်
သက်တဲ့ အလုပ်နဲ့ပတ်သက်တာ စာရင်းဇယားပုံစံကအစ ဘဘဦးအုန်းသွင်ကလုပ်ပေးနေကြ။
အဘဦးဘငြိမ်းတို့က ဘုန်းကြီးကျောင်းထွက် တောမှာငွေကြေးပြေလည်ပြီးမြို့ပေါ်ရောက်လာ
သူတွေပါ။ကျနော်အသက်တော်တော်ကြီးတဲ့အထိ အဖွားဒေါ်သိန်းရွှေကိုလည်း ကျနော်အဘ
ရင်းတွေက အသက်ခြင်းမကွာပေမဲ့ မိဘလို အမကြီးလိုစောင့်ရှောက်ခဲ့ကြတာပါ။

ကျနော့်ကို အဲ့ဒီအဖိုးဦးအုန်းသွင်နဲ့အဖွားဒေါ်သိန်းရွှေတို့အိမ်မှာမွေးခဲ့တာပါ။ကျနော်တို့မြို့ရဲ့
တောင်ဖက် အိမ်ခြံကျယ်ကျယ်ဝန်းဝန်း ပင်စင်စားတွေနေတဲ့ရပ်ကွက်မှာပါ။ ခြေတံရှည်အိမ်
တွေဆောက်ကျတယ် အဖိုးနဲ့အဖွားလည်း လွတ်လပ်ရေးရပြီးထဲက အဲ့ဒီအိမ်မှာတောကနေ
ပြောင်းလာပြီးနေခဲ့ကြတာ အဖိုးကမူလတန်းကျောင်းမှာ ကျောင်းဆရာလုပ်တယ် သတင်း
ထောက်အလုပ်လည်းလုပ်တယ် အဖွားကတော့တောသူဌေးသမီး သူကြီးသမီးလယ်တွေလည်း
အကုန်ရောင်းချခွဲဝေပေးခဲ့ပြီး မြို့မှာသားတွေသမီးတွေနဲ့လာနေတာသားသမီးတွေကျောင်း
လည်းထားရင်းပေါ့ အဖိုးနဲ့အဖွားနဲ့အတူ သား(၁)ယောက် သမီး(၄)ယောက် အဖွားနဲ့အဖိုးက
သားမမီးမရကြပါဘူး သားသမီးမရတော့ အဖွားရဲ့မောင် မုဆိုးဖိုရဲ့ကလေးတွေ အကုန်လုံးကို
မွေးစားထားတာပါအားလုံးက မေမေ ဖေဖေပဲခေါ်ကြပါတယ် အဖွားရဲ့မောင်ကတော့ နောက်
အိမ်ထောင်လည်းမပြုတော့ပါ။ အဲ့ဒီအိမ်မှာအဖွားရဲ့အမေ အမေ့ရဲ့ညီမအရင်း အပျိုကြီး ဒွေး
လေးကြီးလည်းအတူနေကြပါတယ်။အဖွားရဲ့ အဒေါ်အရင်းပါ။

အမေနဲ့အဖေအိမ်ထောင်ကျစက နှစ်ဖက်စလုံးက သဘောမတဲ့အချိန်မှာ အဘနဲ့အဖွားက အ
ဖေနဲ့အမေကို လာခေါ်ပြီးအိမ်မှာထားစောင့်ရှောက်ထားတာပါ နောက်မေမေကလည်း အိမ်
ထောင်ကျပြီး တနှစ်မှာကျနော့်ကိုမွေးတော့ ကျနော်က အဲ့ဒီအဖိုးအဖွား ဦးလေးအဒေါ်အမတွေ
လက်ထဲကြီးရတာပါ အားလုံးက၀ိုင်းထိမ်းကြတာပါ ကျနော်တို့မိသားစုက အဖိုးအဖွားတွေ အား
လုံးကွယ်လွန်ပြီးမှပဲ သီတင်းကျွတ်ကန်တော့တာကိုရပ်လိုက်တာပါ။အဖိုးနာမည်က မော်ကျွန်း
သခင်ဦးအုန်းသွင်တဲ့ အဖွားက ဒေါ်သိန်းရွှေပါ အဖိုးနဲ့အဖွားရဲ့ချစ်ဇတ်လမ်းကို အဖွားက ခဏခ
ဏဂုဏ်ယူစွာနဲ့ပြောပြတတ်ပါတယ်။

အဖွားက သူကြီးသမီး တောသူဌေးသမီး အဖိုးကတကောင်ကြွက် ဆွေမရှိမျိုးမရှိ ဘုန်းကြီးက
မွေးစားပြီး အဖိုးကိုကျောင်းထားပေးခဲ့တာ အဖိုးကို ရွာဦးကျောင်းဆရာတော်က ပြုစုစောင့်
လျှောက်ခဲ့ရတာပါ အဖိုးက အဲ့ဒီခေတ်က အင်္ဂလိပ်မြန်မာ(၁၀)တန်းအောင်ပါတယ်။မြို့မှာ
ကျောင်းတက်နေရင်းနဲ့ ဒို့ဗမာအစည်းအရုံးနဲ့ ဆက်သွယ်မိပြီး သခင်ဖြစ်လာတာပါ အဲ့ဒီခေတ်
တုန်းက သခင် ဆိုတာ အင်္ဂလိပ်နေမ၀င်အင်ပါယာကို အန်တုတဲ့ ကိုယ်ပိုင်လွတ်လပ်ရေးရချင်
တဲ့လူငယ်တွေ မျိုးချစ်မြန်မာလူငယ်တွေဝင်ကြတာပါ ခုလိုလွတ်လပ်ရေးကြီးကို ဗိုလ်ချူပ်
အောင်ဆန်းတို့နဲ့အတူ ရယူခဲ့သူတွေရယ်လို့ အထင်ကြီးလေးစားခံကြရတာမဟုတ်ပါဘူး။

“သခင်ပေါက်စထောင်ခြောက်လ အမေကမွေးထောင်ကကျွေး” ထောင်စော်နံသူတွေရယ်လို့
အနာဂါတ်ကိုပစ်ပြီး “ကိုယ့်ထမင်းကိုယ်စား ဂျီးဒေါ်နွားကျောင်း” သူတွေရယ်လို့ အထင်ခံကြရ
သူတွေပါ။

တော်ရုံတန်ရုံမိန်းကလေးရှင်တွေက သမီးတွေနဲ့သဘောဘယ်တူပါ့မလဲဗျာ ဒါမေမဲ့ အဖွားက
အဖိုးကိုချစ်ပါတယ် အဖွားကို အဲ့ဒီခေတ်က ဘီအေအောင်တဲ့မြို့အုပ်မင်းတို့ နယ်ပိုင်တို့က ရွာ
တွေကိုလှည့်တိုင်း လူပျိုတွေဆို အဖွားကို သဘောကျကြတာပဲတဲ့ အဖွားကလည်း ဖြူဖြူသေး
သေးချောချောလေး ထက်ကလည်းထက်တယ် အဲ့ဒီခေတ်က(ရ)တန်းထိကျောင်းလည်းနေဘူး
တယ်လေ အဲ့ဒီတုန်းက မြို့အုပ်တို့ နယ်ပိုင်တို့ အရေးပိုင်တို့ကို မြန်မာပြည်သူတွေက ဘုရားထူး
ကြရတဲ့ခေတ်ပါ တနေ့တော့ လူပျိုမြို့အုပ်တယောက်က အဖွားအဖေသူကြီးကို အခြားရွာက
သြဇာရှိတဲ့ တိုက်နယ်သူကြီးတယောက်နဲ့လာနားဖေါက်သတဲ့ အဖွားကလည်းတခါထဲဗြောင်ပဲ
ပြောလိုက်တယ်တဲ့ “အင်္ဂလိပ်နား အခစားနေရတဲ့ မြို့အုပ်ကတော်တော့မလုပ်ချင်ပါဘူး နောက်
မြို့အုပ်ကလည်း ခွေးပစ်တဲ့ဒုတ်လောက်ပဲရှိတာ” လို့ နားလာဖေါက်တဲ့ လာကြောင်းလမ်းတဲ့သူ
ကြီးကို တခါထဲပြောလွှတ်လိုက်တာတဲ့။

အဖွားကသူများသာပြောတာ သူကလည်း(၅)ပေလောက်လေးဗျ ကျနော်ထင်တာတော့တခါ
ထည်းပြတ်အောင်ပြောလိုက်တာဖြစ်မယ် အဖိုးက အဲ့ဒီတုန်းက သခင်ပေါက်စ နောက်အဖိုးနဲ့
ချစ်ပြီး မိဘတွေသဘောတူလို့ ယူလိုက်ကြတာတဲ့ သဘောမတူလည်း ငါက နင့်အဖိုးနောက်
လိုက်မှာတဲ့ အဲ့လိုမျိုးအဖွားက သူတို့အိမ်ထောင်ကျတော့ ဒုတိယကမ္ဘာစစ်ကြီးကစနေပြီ အဖိုး
ကလည်းသူ့နိုင်ငံရေးအလုပ်တွေနဲ့ရှုပ်နေတာ အိမ်မှာကိုမနေရဘူးတဲ့ ဒါပေမဲ့အဖွားကသူလည်း
အင်္ဂလိပ်အုပ်ချူပ်တာကို မကြိုက်တဲ့သူဆိုတော့ အဖိုးလုပ်သမျှ သဘောကျနေတာလည်း ဖြစ်
နိုင်တယ်နောက် ဂျပန်ခေတ်မှာ ဂျပန်အကြိုက် အာရှလူငယ်အစည်းအရုံးတွေဖွဲ့တော့ အဖွားက
တက်တက်ကြွကြွဝင်ပါတယ်။

အဖိုးတို့က အင်္ဂလိပ်ကို ဂျပန်နဲ့ပေါင်းမတိုက်ခင်ထဲက ဒို့ဗမာအစည်းအရုံးက အားကိုးရတဲ့သ
ခင်လူငယ်တွေဆိုတော့ ဂျပန်ကိုလည်းပြန်ချရမယ်ဆိုတာ သိထားတယ် အဲ့ဒီအချိန်မှာအဖွား
ကို ဂျပန်ကဖွဲ့ပေးတဲ့ အာရှလူငယ်အစည်းအရုံး ၀တ်စုံကိုခြုံခိုင်းထားခဲ့တာပါ ကျနော်တို့နယ်မှာ
ဂျပန်တော်လှန်ရေးတွေစခါနီး ဂျပန်သတင်းပေးတွေကသတင်းပေးခဲ့လို့ ဂျပန်ကလက်ဦးသွား
ပြီး အသတ်ခံခဲ့ရတဲ့ သခင်လူငယ်တွေနဲ့ အာရှလူငယ်အစည်းအရုံးက လူငယ်(၄၂)ဦးရှိပါတယ်
သူတို့အားလုံးကို ဂျပန်ပြေးခါနီးမှာ မြို့စွန်တနေရာမှာရှိတဲ့ ရေတွင်းတခုထဲကို ဓါးနဲ့ခုတ်ချပြီးဂျ
ပန်က သတ်ခဲ့တာပါ အဲ့ဒီနေရာကနေ နောက်တချိန် ပြန်တူးဖေါ်ပြီး လွတ်လပ်ရေးကျောက်
တိုင်အနီးလမ်းဆုံမှာ အာဇာနည်ကျောက်တိုင် လို့စိုက်ထူထားပါတယ်။ အရိုးတွေတူးဖေါ်ရခဲ့တဲ့
နေရာလေးက နောက်ဘုန်းကြီးကျောင်းဖြစ်လာတော့ အာဇာနည်ကျောင်းလို့ ခေါ်ပါတယ်။

အာဇာနည်ဆိုတာ အခေါ်ခံချင်တိုင်းတော့အာဇာနည်မဖြစ်ပါဘူး အာဇာနည်တွေကိုလည်း
ဖြောက်ပစ်လို့မရပါဘူး အများပြည်သူအတွက် အသက်စွန့်ရဲတဲ့ အသက်စွန့်ခဲ့တဲ့သူတွေကိုအ
များပြည်သူကလည်း ဘယ်တော့မှမမေ့နိုင်ပါဘူး။အဖိုးတို့ အဖွားတို့က ဂျပန့်လက်နက်နဲ့ ဂျပန့်
စစ်ပညာနဲ့ ဂျပန်ကိုလည်းပြန်ချရမယ်ဆိုတာ ကြိုတင်တွေးထားတော့ပြင်ဆင်ကြတယ်။အစည်း
အဝေးတွေ အကြောင်းပြချက်အမျိုးမျိုးနဲ့ တိုးတိုးတိတ်တိတ်လုပ်ခဲ့တယ် ဂျပန်ကိုချမဲ့နိုင်ငံရေး
ခေါင်းဆောင် စစ်ရေးခေါင်းဆောင်တွေစုကြတယ် လက်နက် လူ နည်းစနစ် စစ်ပညာ အကုန်စု
ဆောင်းပြင်ဆင်ကြတာလေ တဖက်ကလည်းအဖွားတို့အဖိုးတို့က ဂျပန်နဲ့ရင်းနှီးယောင်ဆောင်
ရသေးတယ် ဂျပန်ကို နှစ်သက်ကြောင်းဖေါ်ပြပြီး တဖက်က ဂျပန်ကို တိုက်ဖို့ပြင်ရတာ။စစ်အ
တွေ့အကြုံကလည်းနည်းသေးတယ်။

ဒါပေမဲ့ လုပ်ကြရတာပါပဲ။ အများအရေးမို့ ဓါးသွေးကြရတာပေါ့ ဗိုလ်ချူပ်အောင်ဆန်းက စစ်
နာပတိ သခင်သန်းထွန်းက လယ်ယာဝန်ကြီး တပ်မတော်ပိုင်း သခင်လူငယ်ပိုင်း နိုင်ငံရေးသ
မားကြီးတွေအပိုင်း အကုန်ခွဲနေကြပေမဲ့ ဂျပန်ကို ပြန်တိုက်ရမယ်ဆိုတာကတော့တူကြတယ်။
အောက်ခြေပိုင်းရော လူကြီးတွေရောပြင်ဆင်ကြတယ်။အဲ့ဒီအချိန်မှာ ဂျပန်ကို အယုံသွင်းထား
ကြတာပေါ့။ သို့သော်လည်း ကျနော်တို့ဗမာတွေက သိတဲ့အတိုင်း ဘယ်လောက်အယုံသွင်း
သွင်း တကယ့်စေတနာလေးပါ ပါတာလေဗျာ ဥပမာ ဂျပန်နဲ့မလွဲသာမရှောင်သာ အယုံသွင်း
ဆက်ဆံရသော်လည်း ကောင်းကောင်းလေး ချက်ပြုတ်ကျွေးတာမျိုးဗျာ ကုသိုလ်ရတယ်လို့ကို
မြင်ကြတာဗျ။

အဲ့ဒီလိုနဲ့ အဖွားတို့ ကလည်းကိုယ့်နယ်ကို လာလာလှည့်ရတဲ့ ဂျပန်စစ်တပ်က ဗိုလ်မှုးတ
ယောက်နဲ့ ခင်မင်သွားတယ်တဲ့ အဲ့ဒီဗိုလ်မှုးက အဖိုးဆီကိုလာတိုင်း တယောလေးယူလာတယ်
သူ့မိသားစုဓါတ်ပုံလေး ထုတ်ထုတ်ပြတယ် သူက စစ်မဖြစ်မီက တက္ကသိုလ်တခုက ကထိကတဲ့
စစ်ဖြစ်တော့ စစ်ထဲကိုလိုက်လာရတာတဲ့ သူစစ်မတိုက်ချင်ဘူး နောက်သူမူးရင်တယောလေး
ထိုးပြီးတိုင်းလဲ သူမိသားစုအကြောင်းပြောလိုက် စစ်မြန်မြန်ပြီးပါစေပဲဆုတောင်းတဲ့အကြောင်း
လည်းပြောပါတယ်တဲ့ လူကလည်း လူပုံကျ ဥပဓိရုပ်ကောင်းကောင်းတဲ့။

အဖိုးကော အဖွားကော သူ့ကို ပုဂ္ဂိုလ်ရေးအရ ခင်မင်သလို သူကလည်းခင်မင်ပါတယ်တဲ့ ဒါ
ပေမဲ့ လူမျိုးစုတစုလုံးအတွက် နိုင်ငံအတွက်လုပ်ကြရတော့ အဲ့ဒီခင်မင်မှုတွေကို ဘေးချထားရ
တာ အဖိုးနဲ့အဖွားက လွတ်လပ်ရေးရပြီးထဲက နောက်ပိုင်းနိုင်ငံရေးမလုပ်ဖြစ်တာလည်း အဲ့ဒီအ
ကြောင်းတချက်ပါမယ်ထင်တယ်။ နိုင်ငံရေးမှာက ပုဂ္ဂိုလ်ရေးထားလို့မှမရကြတာလေ။ ဒါ
တောင်အဖိုးနဲ့အဖွားက ရပ်ရေးရွာရေးမှာရှေ့ကပါ အဖွားဆို သူကိုယ်တိုင်သခိုးဖမ်းခဲ့လို့ လွတ်
လပ်ရေးရပြီးခေတ်မှာ ဆုတံဆိပ်လက်မှတ်မြို့နယ်အုပ်ချူပ်ရေးအဖွဲ့က ပေးခဲ့ရသေးတယ်တဲ့။

နောက်ကျနော်တို့ အထက်တန်းအရွယ်ထိ အဖွားက စက်ဘီးစီးနေတုန်း သူတို့ခေတ်က စက်
ဘီးဆိုတာ ယောက်ကျားတွေပဲစီးရမယ် ထင်နေတဲ့ခေတ် အဖွားက စက်ဘီးကို မြို့ရောက်ထဲက
စီးတာ အသက်(၇၀)ကျော်မှ ကျနော်အဖိုးအရင်းက မူးလည်းကျမှာစိုးလို့တောင်းပန်လို့ ရပ်
လိုက်တာ။ ကျနော့်အဖိုးအရင်းနဲ့ အဖွားနဲ့က(၂)နှစ်ကြီး (၂)နှစ်ငယ် ကျနော့်အဖိုးကငယ်ပါ
တယ် သီတင်းကျွတ်မှာ အဖွားဒေါ်သိန်းရွှေကို ထိုင်ကန်တော့ရင်းတောင်းပန်တာပါ။ ငယ်ငယ်
ထဲက အမေလိုအမကြီးလိုနေခဲ့ကြသူတွေပါ။အဖွားကအသက်(၆၀)ကျော်(၇၀)ထိ ကျနော်တို့
မြို့မှာမီးလောင်တယ်ဆို အဖွားကရောက်သွားပြီ ကမန်းကတမ်းပြေးလာတဲ့ သူတွေကို နေရာချ
ညွန်ကြားပေး ကူညီပေးနိုင်သလောက်ပေးပါတယ်။

ဗမာပြည်အထက်ပိုင်းကို ဗိုလ်မှုးကြီးဗထူးတို့က စတော်လှန်ချိန် ရခိုင်ဖက်က ရခိုင်တိုင်းရင်း
သားခေါင်းဆောင်တွေကလည်း စတော်လှန်လာတဲ့အချိန် ဂျပန်ကလည်းနီးစပ်ရာ သခင်ခေါင်း
ဆောင်တွေ အာရှလူငယ်ခေါင်းဆောင်တွေကို ဖမ်းကြတဲ့အချိန် အဖိုးတို့ကလည်းရှောင်နေကြ
ရတယ် နောက်ပြီး သူတို့တော်လှန်ရေးစမဲ့ မတ်လ(၂၇)ရက်နေ့ကိုလည်း စောင့်နေကြရတဲ့အ
ချိန်ပေါ့ သူတို့စုဆောင်းထားတဲ့ လက်နက်တွေ လူတွေအားလုံးအသင့်ဖြစ်ကုန်ကြပီ။

အဲ့ဒီရက်တနေ့ ညနေဖက်မှာ အဲ့ဒီဂျပန်ဗိုလ်မှုးက ရွာကိုနောက်လိုက်စစ်သား(၂)ယောက်နဲ့သ
င်္ဘောငယ်လေးနဲ့ ရောက်လာပါတယ် အရေးလဲအတော်ကြီးတဲ့ပုံပါပဲ သူ့အစောင့်စစ်သား(၂)
ယောက်ကို ခြံဝမှာထားခဲ့ပြီး အဖွားတို့အိမ်ထဲကိုဝင်လာပါတယ်။ အဖွားကလည်း အဆင်သင့်
စောင့်နေတာပါ အဖိုးကိုလာဖမ်းတော့မယ်ဆိုတာကို ဒါပေမဲ့ထူးဆန်းတာက အဲ့ဒီဗိုလ်မှုးရယ်သူ့
စစ်သား(၂)ယောက်ရယ်ပဲ လာတော့ ထူးဆန်းနေတယ်။

အဲ့ဒီဗိုလ်မှုးက အိမ်ထဲရောက်ရောက်ခြင်းပဲပြောတယ် “ဒေါ်သိန်းရွှေ သခင်အုန်းသွင်ကို ဒီည
ဆက်ဆက်သွားပြောပေးပါ။ ကျနော်တို့ အဲ့ဒီရွာနာမည် နေတဲ့အိမ်သူတို့ဘယ်မှာရှိတယ်ဆိုတာ
သိထားပါပြီ။ ခင်ဗျားအဲ့ဒီရွာကိုလည်းသိပါတယ် ကျနော်တို့နောက်နေ့မနက် လင်းအားကြီးမှာ တိုက်မှာပါ။
အဲ့ဒီရွာနာမည် နေတဲ့အိမ် အကုန်ပြောပြပြီး အထက်ကတပ်ကအမိန့်
ပေးလာတာပါ ကျနော်ရှောင်လို့မရပါဘူး ကျနော်တို့လည်း သူတို့ကို တိုက်အပြီးမှာ ဆုတ်ခွါရ
တော့မှာပါ အဲ့ဒီတော့ကျနော်တို့ ပြန်ဆုံချင်မှလည်းဆုံတော့မှာပါ ကျနော့်တယောလေးကို မြန်
မာမျိုးချစ်တွေအတွက် လက်ဆောင်ပေးခဲ့တယ်လို့ပြောပေးပါ သခင်အုံးသွင်ကို ကျနော်လေး
စားပါတယ် လို့ပြောပြီးသူ့တယောလေးကို လက်ဆောင်ပေးပါတယ်။ ကျနော်တို့တနေ့ ချစ်ချစ်
ခင်ခင်ပြန်ဆုံကြချင်ပါတယ်။ကျနော်ခင်ဗျားတို့လုပ်နေတာတွေအားလုံးကို သတင်းရထားပါ
တယ် ဒါပေမဲ့ကျနော်ကိုယ်ချင်းစာနာတာရယ် ခင်ဗျားတို့ကို ခင်မင်လေးစားတာရယ်ကြောင့်
ကျနော်မသိချင်ယောင်ဆောင်နေခဲ့တာပါ။ ဆက်ဆက်လိုက်သွားပြီးပြောပေးပါ” လို့ ပြောပြီးသူ
တယောလေးကိုထုတ်ပေးပါတယ် သရေအိပ်အဖုံးလေးနဲ့ထည့်ထားတာ။

အဲ့ဒါနဲ့ အဖွားလည်း သူတို့ထွက်သွားပြီးပြီးချင်း သူ့ရဲမေတယောက်ကို တိတ်တိတ်ခေါ် တ
ယောက်ကို လက်ပစ်ဗုံးတလုံး ခြောက်လုံးပြူးတလက် ရိုင်ဖယ်တလက်လွယ်ပြီး ချောင်းတွေ
ဖြတ်ကူး ကွင်းထဲဖြတ်ပြေးအမြန်သွားကြရတာပါ တရားဝင်ရွာထဲက အခြားဘယ်သူမှလည်းမ
သိကြသလို သွားလာရေးကလည်းခက်ခဲတော့ သူကိုယ်တိုင်သွားမှဖြတ်တာမို့ အဖွားတို့က သူ
တို့ စုထားတဲ့ ခြောက်လုံးပြူး ရိုင်ဖယ် လက်ပစ်ဗုံး တို့ကိုယူပြီး အမြန်ပြေးရတာပါ လမ်းမှာ
လည်း ဂျပန်စစ်တပ် ဂျပန်သတင်းပေးတွေနဲ့ မတိုးမိအောင်လည်းသွားရတာပါ မြစ်ဝကျွန်းပေါ်
သူတွေမို့လည်း ရေးကူးကျွမ်းကြတယ်လေ လမ်းခရီးက ကွေ့သွားရတော့နည်းနည်းတော့ပိုကြာ
ပေမဲ့ အဖွားတို့က ည ၁း၀၀ လောက်ရောက်သွားတယ်တဲ့ သေနတ်တွေကို ရွာထိပ်မှာဖွက်ပြီး
ရွာထဲက အဖိုးရှိတဲ့အိမ်ကို မေးပြီးရောက်သွားတယ်တဲ့ အဖိုးတို့က ကင်းကချထားတော့ အဖွား
တို့ ၀င်လာတာကိုလည်း မြင်နေတော့ အဖိုးဆီခေါ်သွားပြီး ချက်ချင်းဆုတ်ကြရတာတဲ့။

အဖိုးတို့က လူ(၁၀) ယောက်လောက် ဂျပန်က တရာကျော် ဘယ်လိုလုပ်မှ ပြင်ဆင်ချိန်မရရင်
တိုက်ဖို့မလွယ်ဘူးလေ တနေရာကို ဆုတ်ပြီးမှ ဂျပန်လာမဲ့လမ်းက စောင့်တိုက်ရင်တော့ရမယ်
ဒါပေမဲ့လည်း သူတို့အဲ့ဒီတပ်ကို မတိုက်ချင်တော့ဘူး တဲ့ အပြန်အလှန်လေးစားနားလည်လူပီ
သသွားကြတာပါ။ အဲ့ဒီဂျပန်ဗိုလ်မှုးရဲ့သတင်းကို သူတို့မရတော့ပါဘူး ကျနော့်ကိုတော့ အဖိုးနဲ့
အဖွားက အဲ့ဒီတယောလေး ထုတ်ပြခဲ့ပါသေးတယ်။ စစ်ကြီးပြီးသွားပြီး နှစ်တော်တော်ကြာတဲ့
အထိသူတို့မိတ်ဆွေ ဂျပန်ဗိုလ်မှုးကိုမျှော်နေမိကြသေးတယ်တဲ့။ နောက်ကျနော်တို့ငယ်ငယ်က
လွတ်လပ်ရေးမော်ကွန်းဝင် ပထမဆင့် ဒုတိယဆင့် တတိယဆင့်တွေပေးတော့ အဖွားရောအ
ဖိုးရော လွတ်လပ်ရေးမော်ကွန်းဝင်မလျှောက်ခဲ့ပါဘူး။အဖိုးတို့က စစ်အစိုးရဆီက ဘာအခွင့်
ရေးမှပြန်မယူချင်ဘူးတဲ့။ နောက်ခုလိုမျိုး ကိုယ့်လူမျိုးအချင်းချင်းသာ လက်နက်အားကိုးနဲ့ကျွန်
ဇာတ်သွင်းမယ်မှန်းသိရင် ဘီအိုင်အေ တပ်မတော်ကိုလည်း သူတို့မထူထောင်ခဲ့ပါဘူးတဲ့။ကျ
နော်ကငယ်သေးတော့ သေချာမမေးတတ်ခဲ့တာပါ။

အဲ့ဒီဇာတ်လမ်းကို ကျနော်ငယ်ငယ်တုန်းက အဖိုးရောအဖွားပါ ပြောပြခဲ့ကြတာပါ ကျနော်(၄)
တန်းလောက်ကပါ နောက်ကျနော် (၆) တန်းနှစ်မှာ အဖိုးက လေဖြတ်ပြီးရုတ်တရက်ဆုံးပါ
တယ်အဖွားက(၉၆) ခုနှစ်ဆန်းမှာဆုံးပါတယ် အဖိုးနဲ့အဖွားပြောပြတဲ့ ဇာတ်လမ်းလေးတွေထဲ
ကတခုပါ။ ကျနော်တို့ ဖက်ဆစ်နာဇီစနစ်ကြီးကို စမုန်းတတ်လာတဲ့အချိန် အဖိုးနဲ့အဖွားကပြော
ပြခဲ့တာပါ။ တကယ်တော့ လူကောင်းသူကောင်းတွေလည်း စနစ်ဆိုးတခုက ဆွဲခေါ်ရာအောက်
မှာ မလုပ်ချင်တဲ့ အလုပ်တွေကို လုပ်ခဲ့ကြရ စစ်ဆိုတာလည်း ဘယ်လောက်မုန်းတီးဆက်ဆုတ်
စရာကောင်းတယ်ဆိုတာလည်း ခုတော့ သိလာခဲ့ပါပြီ ကျနော်ခုအသက်ရွယ်ထိ အဖိုးနဲ့အဖွား
နားမှာပြောခွင့်ရရင် ပြောချင်ပါတယ်“အဖိုးတို့က အင်္ဂလိပ်အုပ်ချူပ်တာ မခံချင်လို့ ဂျပန်ဖက်
ဆစ်တွေအုပ်ချူပ်တာမခံချင်လို့ ဗမာဖက်ဆစ်တွေလက်ထဲမှာထားခဲ့တာလား”လို့ အဖိုးနဲ့အဖွား
ကတော့ ခွင့်လွတ်တဲ့ အပြုံးလေးနဲ့ ပြုံးကြည့်နေကြဦးမည်လားမသိ။

ကိုချစ်ဖေတွေးကြည့်မိတာပါ။

1 comments:

k2tmaung October 19, 2009 at 9:06 AM  

ဇာတ်လမ်းထဲမှာ မျောသွားတယ်...
အင်း... လူမျိုးနဲ့ချီပြီး ဂျပန်တော့မကောင်းဘူး... အင်္ဂလိပ်တော့ မကောင်းဘူးလို့ ဘယ်ပြောရမလဲနော်... လူမျိုးတိုင်းမှာ ကောင်းတဲ့သူရော... မကောင်းတဲ့သူတွေရော... ရှိနေကြတာပါပဲ...
ကိုချစ်ဖေရဲ့ အဖွားကတော့ စံပဲနော်... လေးစားအားကျမိတယ်... :)

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP