Sunday, October 4, 2009

ဘုရားသခင်ကျီစားသန်ခဲ့တယ်







ဘုရားသခင်ကျီစားသန်ခဲ့တယ်


ရည်းစားများတဲ့ကောင်မလေးကိုယ်တိုင်က
သစ္စာတရားကိုဖွဲ့နွဲ့တယ်..
ဘုရားသခင်ကကျီစားတယ်..

သန်းကြွယ်သူဌေးတွေကန်တဲ့ကမ္ဘာ့ဘောလုံးပွဲကို
ဆင်းရဲသားတွေက လက်ဖက်ရည်ဆိုင်မှာတိုးကြည့်ကြတယ်
ဘုရားသခင်ကကျီစားတယ်.

တနေ့လုပ်မှတနေ့စား စားစရာမရှိတဲ့သူတွေအတွက်
ငါးထောင်တန်ထုတ်တယ်
ဘုရားသခင်ကကျီစားတယ်..

ကိုယ့်ဖဲထုတ်ကိုယ်ချိုး ကိုယ်လူနဲ့ကိုယ်ရိုက်တဲ့ဖဲဝိုင်းမှာ
အခြေခံဥပဒေကို (၁၄)နှစ်ကြာအောင်ဆွဲတယ်
ဘုရားသခင်ကျီစားတယ်..

ပြည့်တံဆာခေါင်းတွေက ခပ်တည်တည်နဲ့
တည်းခိုခန်းကြီးတွေဖွင့်တယ်
ဘုရားသခင်ကကျီစားတယ်..

တိုင်းတပါးကျွန်မခံချင်လို့ တိုက်ယူခဲ့တဲ့လွတ်လပ်ရေး
အောက်ဈေးနဲ့ရတဲ့ အလုပ်သမားအဖြစ်ဖန်ဆင်း
အိမ်နီးချင်းနိုင်ငံတွေမှာ အော်ရောင်းတယ်
ဘုရားသခင်ကကျီစားတယ်.

ဒီမိုကရေစီကို မယုံကြည်သူတွေကိုယ်တိုင်က
ဒီမိုကရေစီတရားတွေပို့ချတယ်..
ဘုရားသခင်ကကျီစားတယ်.

စာသင်ကျောင်းလေးတွေရဲ့ ဈေးတန်းလေး
ဆရာတွေ ဆရာမတွေဝင်ရောင်းတယ်.
ဘုရားသခင်ကကျီစားတယ်..

ဗိုလ်ချူပ်တွေပေါပြီး
အကြွေရှားခြင်းနဲ့ ကောက်ညှင်းထုတ်သည်လေးကို
ဘုရားသခင်ကကျီစားတယ်

ခုကဗျာကို ခုနှစ်ရက်အတွင်းမည်သူမှမပြပါနှင့်
ခုနှစ်ရက်အတွင်းဖြန့်ဝေခဲ့သော်.
ကဗျာရေးသူကို
ဘုရားသခင်ကကျီစားမည်

ဘုရားသခင်ကတော့
ဘုရားသခင်ကို ဘယ်တုန်းကမှ ပြန်မကျီစားခဲ့လို့
ဒီည.
ကျနော့်ကို ကျနော်ပြန်ကျီစားတယ်။ ။

မိုးစဲနေ

1 comments:

ကိုပိန် March 30, 2010 at 6:06 AM  

ကိုချစ်ဖေရေ ပျောက်သွားလို့ လိုက်ရှာလိုက်ရတာ သုံးလနီးပါး ရှိသွားတယ်ထင်ပ၊ အိမ်သစ်ရာသစ်နဲ့ မျက်စိတောင်လည်သွားတယ်၊ ကဗျာက ခိုးချင်စရာဖြစ်အောင်ရေးထားတော့ လက်ကခိုးချင်လို့ ယားနေတာပဲ၊ ကျီးစားရာ ရောက်မည်စိုး၍ အဲဒီတုန်းက ကော်ပီယူမသွားဖြစ်ပါ။
အခုရပြီလား ဆရာ

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP