Tuesday, October 13, 2009

သွေးရိုးသားရိုး အရှုံးများ


















သွေးရိုးသားရိုးအရှုံးများ


ဘ၀ဟာ
ဘ၀လိုရွေးချယ်ခွင့်မရဘူး
ဘ၀ဟာ အရောင်းအ၀ယ်ဆန်ဆန်လာတယ်
ဘ၀ဟာ နောက်ဆုံးအလုပ်လက်မဲ့
ဘ၀ဟာ ကုန်တင်ကားတစီးကို တက်စီးရင်း
ရေမျောကမ်းတင် ဆန်လာတယ်.

ဘ၀ဟာ ရောက်လာတော့မဲ့
နှင်းမြားတွေကိုခုခံဖို့
သင်္ကာမကင်းမှုတွေ
အထင်သေးစော်ကားတဲ့မျက်လုံးတွေ ကပ်ညှိနေတဲ့
အနွေးထည်အဟောင်းလေးနဲ့အံတုတယ်

ဘ၀ဟာ
ဘ၀လိုပဲ အကြွေးထူပြောလာတယ်
ထွက်မပြေးတဲ့သူတွေ ခြေထောက်အတွက်
ပင်နီအကျီလေးတထည်အတွက်
အကသ*ကျောင်းသားလေးတယောက်အတွက်
အမေနဲ့အတူထိုင်နေတဲ့
အမေတွေအတွက်
ဆယ်ရက်စာခရီးအတွက်
တသက်စာလုပ်အားခနဲ့ ဆပ်မကုန်နိုင်တဲ့အကြွေးတွေအတွက်
သန်သန်စွမ်းစွမ်းမဟုတ်တော့တဲ့
နှလုံးသားတစုံအတွက်
နယ်စပ်မြို့လေးမှာ သောက်ခဲ့တဲ့အရက်တခွက်အတွက်
ဖြစ်ချင်တာတွေမဖြစ်လို့ မိုက်မိုက်ရိုင်းရိုင်းကောင်ဖြစ်ခဲ့မှုတွေအတွက်
ပြန်ပြောမပြရဲတော့တဲ့ အခြားအကြွေးတွေအတွက်
ဘ၀ဟာ
ဘ၀လိုပဲ အကြွေးထူပြောလာတယ်.

ဘ၀ဟာတားမြစ်နယ်မြေထဲမှာ
အချစ်ကိုကန့်သတ်ခံရတယ်.
ဘ၀ဟာ သရိုးသရီပြုံးတတ်လာတယ်.
ဘ၀ဟာ ဘ၀နဲ့မျက်နှာချင်းဆိုင်တွေ့ပြီး
ဘ၀ရဲ့ပါးနှစ်ဖက်ကို ဘယ်ပြန်ညာပြန်ရိုက်ခဲ့တယ်

ဘ၀ဟာလုပ်ထုံးလုပ်နည်းဆန်လာတယ်
ဘ၀ဟာ လူကြီးလူကောင်းတွေအစည်းအဝေးခန်းထဲက
လက်ခုပ်သံဆန်လာတယ်.
ဘ၀ဟာ အမျိုးသမီးကောင်းလေးတယောက်နဲ့
တွဲကချင်လာတယ်.
ဘ၀ဟာစိမ်းစိမ်းလန်းလန်းအိပ်မက်ဆန်ချင်လာတယ်.


ခုတော့ ဘ၀ဟာခပ်တည်တည်ပဲ
သူမဟုတ်သလိုပါပဲ
ဂျင်းဘောင်းဘီအိပ်လေးထဲ လက်နှစ်ဖက်ကိုထည့်
မာဘိုရိုစီးကရက်တလိပ်ကို ဟန်ပါပါခဲ့ပြီး
စတားဘတ် ကော်ဖီဆိုင်ဖက်လမ်းလျှောက်ထွက်ခဲ့တယ်
ပြီးတော့ပြောသေးတယ် ဘ၀ဟာ ဘ၀ဆန်ခဲ့ပြီတဲ့။ ။
်

မိုးစဲနေ
၁၀။၁၄။၂၀၀၉
နံနက် ၇း၄၄ မီးနစ်

* ဗမာနိုင်ငံလုံးဆိုင်ရာ အခြေခံပညာကျောင်းသားများသမဂ္ဂ

ပန်းချီကိုထိန်လင်းထံမှ ခွင့်ပြုချက်မတောင်းခံနိုင်ခဲ့ပါ

Read more...

Friday, October 9, 2009

ဇာတ်နာတယ် ရုံကမသန့်ဘူး























၁။
ဇာတ်နာတယ်
ရုံကမသန့်ဘူး.
မင်းသမီးလွမ်းခန်းတွေများတယ်..
တဇာတ်လမ်းလုံး ဗီလိန်တွေများတယ်.
ဇာတ်လိုက်တွေ တရုတ်သိုင်းကားဆန်တယ်
သူထက်သူစွမ်းတယ်.
ခက်တာက ရုံကမသန့်ဘူး
ဇာတ်ကနာခဲ့တယ်.

၂။
ရုံကမသန့်
ဇာတ်ကနာတဲ့အထဲ
ပုရိသတ်က ကြည့်ချင်ယောင်ဆောင်နေရတယ်.
ပွဲဈေးတန်းက အကြော်သည်မလေး အအေးမိတာ
လူမသိလိုက်ဘူး.
ပွဲဈေးတန်းမှာ ချဲထီရောင်းတဲ့ကောင်လေး
လိုင်းကြေးတနင့်တပိုးပေးလိုက်ရတယ်.
ဘ၀ကိုရေမွှေးဆွတ် မိတ်ကပ်ထူထူလိမ်းရတဲ့ကောင်မလေးတွေ
ပေါလာတယ်
ဘာမှမလုံခြုံတဲ့ ပွဲခင်းလေးမှာ
လုံခြုံရေးတွေ လွှတ်များတယ်.

၃။
ကျနော်ကတော့
ထဲထဲဝင်ဝင်ပြောခွင့်မသာတဲ့ဇာတ်မှာ
မင်းသမီးကိုလူဆိုးတွေ ဖမ်းတဲ့အခါ
မင်းသမီးလွတ်စေရေး ဆုတွေတောင်းတယ်.
မင်းသမီးကိုလူဆိုးတွေ
လွှတ်ချင်ယောင်ဆောင်တဲ့ဇာတ်ဝင်ခန်းကို
လက်ခုပ်လက်ဝါးတီးအားပေးတယ်.
တော်သေးတယ်.
ဇာတ်ထဲကလူဆိုးတွေ လူအခွင့်ရေးဆု ခဏခဏမရလို့..
မင်းသမီးကို ပင်တိုင်ထားတဲ့ဇာတ်မှာ
တော်သေးတယ်..
မီးဇာလည်းမကုန် ဆီလဲမခန်းလို့..
တော်သေးတယ်..
မိုက်မိုက်မဲမဲရိုးသားမှုတွေဖြူဖြူစင်စင်ရှိနေလို့
တော်သေးတယ်
ဇာတ်လမ်းကိုချမရောင်းခဲ့တဲ့သူတွေရှိလို့
တော်သေးတယ်..
နိုင်ပွဲမရတိုင်း
ပ၀ါဖြူလေးထောင်မပြတတ်တဲ့သူတွေရှိနေလို့.
တော်သေးတယ်..
ကမ္ဘာမကြေတဲ့ မျိုးဆက်တွေရှိနေလို့

၎။
မင်းသမီးရေ
ခင်ဗျားကရတဲ့ဇတ်
လွမ်းခန်းတွေများတယ်.
ကြောင်သူတော်တွေကြွက်သူခိုးတွေများတယ်
ဇာတ်လိုက်တွေလက်မဖြောင့်ပဲ ဗိုလ်လုပ်တယ်
အရောင်မရှိတဲ့သူတွေ အယောင်ဆောင်တယ်
ကုမ္ပဏီထောင်တယ်.အတောင်းအရမ်းများတယ်
ဇာတ်လိုက်တွေ လက်နက်စွန့်ပြီး
ရာသီစာ အန်ဂျီအိုယောင်ဆောင်ကြတယ်.

၅။
ကျနော်ကရော
ကျနော်ကတော့.
ဟိုး..ပရိတ်သတ်နောက်နားမှာ
ဆေးပေါ့လိတ်တတိုနဲ့ ဘေးထိုင်ဘုပြောတယ်
ရုတ်ရုတ်သဲသဲပွဲလန့်တိုင်း ဖျာခင်းတယ်.
ဒီလိုနဲ့မိုးကြီးလင်းတယ်.
ရုံကမသန့်ဘူး
ဇာတ်ကလည်းနာတယ်။ ။

မိုးစဲနေ..
၉။အောက်တိုဘာ။၂၀၀၉

Read more...

Monday, October 5, 2009

KITARO MUSIC PERFORMANCE

လွန်ခဲ့တဲ့ (၇)နှစ်ကျော်က သူငယ်ချင်းပန်းချီဆရာတယောက် ခေါ်ပြခဲ့တဲ့အခွေ ကျွန်တော်ခုမှ အင်တာနက်ကနေပြန်ရလို့ ခံစားနိုင်ရန်
တင်ပြပေးပါတယ်.ဂီတမှော်ဆရာကြီးကီတာရိုနှင့်အတူ ဂီတထဲစီးဝင်နစ်မျှောနိုင်ကြပါစေ..ဆရာကြီးကီတာရိုနှင့်အတူကခုန်ရင်းခံစားနိုင်
ပါစေ.

Read more...

Sunday, October 4, 2009

ဘုရားသခင်ကျီစားသန်ခဲ့တယ်







ဘုရားသခင်ကျီစားသန်ခဲ့တယ်


ရည်းစားများတဲ့ကောင်မလေးကိုယ်တိုင်က
သစ္စာတရားကိုဖွဲ့နွဲ့တယ်..
ဘုရားသခင်ကကျီစားတယ်..

သန်းကြွယ်သူဌေးတွေကန်တဲ့ကမ္ဘာ့ဘောလုံးပွဲကို
ဆင်းရဲသားတွေက လက်ဖက်ရည်ဆိုင်မှာတိုးကြည့်ကြတယ်
ဘုရားသခင်ကကျီစားတယ်.

တနေ့လုပ်မှတနေ့စား စားစရာမရှိတဲ့သူတွေအတွက်
ငါးထောင်တန်ထုတ်တယ်
ဘုရားသခင်ကကျီစားတယ်..

ကိုယ့်ဖဲထုတ်ကိုယ်ချိုး ကိုယ်လူနဲ့ကိုယ်ရိုက်တဲ့ဖဲဝိုင်းမှာ
အခြေခံဥပဒေကို (၁၄)နှစ်ကြာအောင်ဆွဲတယ်
ဘုရားသခင်ကျီစားတယ်..

ပြည့်တံဆာခေါင်းတွေက ခပ်တည်တည်နဲ့
တည်းခိုခန်းကြီးတွေဖွင့်တယ်
ဘုရားသခင်ကကျီစားတယ်..

တိုင်းတပါးကျွန်မခံချင်လို့ တိုက်ယူခဲ့တဲ့လွတ်လပ်ရေး
အောက်ဈေးနဲ့ရတဲ့ အလုပ်သမားအဖြစ်ဖန်ဆင်း
အိမ်နီးချင်းနိုင်ငံတွေမှာ အော်ရောင်းတယ်
ဘုရားသခင်ကကျီစားတယ်.

ဒီမိုကရေစီကို မယုံကြည်သူတွေကိုယ်တိုင်က
ဒီမိုကရေစီတရားတွေပို့ချတယ်..
ဘုရားသခင်ကကျီစားတယ်.

စာသင်ကျောင်းလေးတွေရဲ့ ဈေးတန်းလေး
ဆရာတွေ ဆရာမတွေဝင်ရောင်းတယ်.
ဘုရားသခင်ကကျီစားတယ်..

ဗိုလ်ချူပ်တွေပေါပြီး
အကြွေရှားခြင်းနဲ့ ကောက်ညှင်းထုတ်သည်လေးကို
ဘုရားသခင်ကကျီစားတယ်

ခုကဗျာကို ခုနှစ်ရက်အတွင်းမည်သူမှမပြပါနှင့်
ခုနှစ်ရက်အတွင်းဖြန့်ဝေခဲ့သော်.
ကဗျာရေးသူကို
ဘုရားသခင်ကကျီစားမည်

ဘုရားသခင်ကတော့
ဘုရားသခင်ကို ဘယ်တုန်းကမှ ပြန်မကျီစားခဲ့လို့
ဒီည.
ကျနော့်ကို ကျနော်ပြန်ကျီစားတယ်။ ။

မိုးစဲနေ

Read more...

သဲပေါ်ကအနုပညာ



သူငယ်ချင်းတယောက်က မျိုးချစ်မြန်မာဘလော့က ရထားတဲ့ လင့်လေးကိုပို့ပေးလို့ သူငယ်ချင်းများကြည့်နိုင်အောင်
ပြန်တင်ပေးထားတာပါ.နောက်ခံသီချင်းလေးနဲ့ သဲပေါ်မှာ ရသပါတဲ့ပန်းချီကားလေးတွေကို ခပ်မြန်မြန်ပြောင်းဆွဲသွားနိုင်တဲ့မိန်းကလေး
တဦးရဲ့လက်ရာ ပြန်ဝေငှပေးပါတယ်.

Read more...

Friday, October 2, 2009

အခြေအနေ

အခြေအနေ

ကိုချစ်ဖေခုတလော အားနေတော့ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကျော်ကျော်ကိုသွား သတိရသွား
တယ်.ကိုချစ်ဖေသူငယ်ချင်းရဲ့အဖေ ပြောခဲ့တာပါ အဲ့ဒီတုန်းက ကိုချစ်ဖေက အသက် (၂၄)
လောက်ရှိပြီ သူကဘာပြောလဲဆိုတော့ ဟေ့ကောင်ချစ်ဖေ နဲ့သောင်းနိုင် မင်းတို့ကောင်တွေ
မိန်းမမယူကြသေးဘူးလားတဲ့။ ကိုချစ်ဖေနဲ့ သောင်းနိုင်ဆိုတာက အသက်တူအိမ်နီးနားချင်း
သူငယ်တန်းလေးထဲက မူလတန်းမှာအတူတက်လာခဲ့ကြတဲ့သူငယ်ချင်း ဂေါ်လီလှိမ့်ဖက် ဂွေ
လှိမ့်ဖက် ဒိုးထိုးဖက် ဖန်ခုန်ဖက် စိန်ပြေးတမ်းကစားဖက် စစ်တိုက်တမ်းကစားဖက် ဘောလုံး
ကန်ဖက် ဂျင်ပေါက်ဖက် စွန်လုဖက် ကိုချစ်ဖေက စွန်တော့မလွှတ်တတ်ဘူး ဂျင်လည်းသိပ်မ
ပေါက်တတ်ဘူး ဘောလုံးလဲအဲ့လိုပါပဲ ကိုချစ်ဖေကိုရေကူးသင်ပေးတာလည်းသူ။

နောက်အသက်လေးကြီးလာလို့ လူပျိုပေါက် ကောင်မလေးတွေကို ပိုးတတ်လာတော့လည်းအ
တူတူ ဟီး ညီအမ နှစ်ယောက်ကိုတောင်ခွဲပြီးပိုးခဲ့သေး.ထမင်းစားတာက သူအိမ်ကဟင်း
ကောင်းရင် သူအိမ်မှာစား ကိုယ့်အိမ်ကဟင်းကောင်းရင်ကိုယ့်အိမ်မှာစား သူညီမနဲ့ ကိုယ့်ညီမနဲ့
က လည်းအဲ့လို နောက်ကိုချစ်ဖေ ဗမာ့လက်ဝှေ့ကစားတော့ သူက ကရာတေးကစား ရန်ဖြစ်
လဲအတူတူဗျာ သူမိဘကိုယ့်မိဘကလည်းခင်နေတော့ ကိုချစ်ဖေတို့ လွှတ်ကဲကျတာပေါ့။

ကိုချစ်ဖေ အသက်သုံးဆယ်ကျော်အထိ အဒေါ်ကမုန့်ဖိုးပေးတတ်တုန်း ဦးလေးက ၂၀၀၃ခုနှစ်
မှာဆုံးသွားပါတယ် ကိုချစ်ဖေကို သူတို့သားလိုချစ်ကြသူတွေပါ ငယ်ငယ်တုန်းကတော့မသိပါ
ဘူးကြီးလာတော့မှ ကိုယ်လဲကလေးတွေကိုချစ်တတ်လာတော့မှ အော်ဦးလေးတို့အဒေါ်တို့
လည်း ငါကိုအဲ့လိုချစ်ခင်ခဲ့ကြတာပဲသိလာတယ် နောက်ငါတို့မှာအမေတွေ အဖေတွေအများ
ကြီးပါလား အဖေအမေလိုချစ်ရမဲ့သူတွေ ရှိနေပါလားလို့လဲတွေးမိလာတယ်။

ဒီနေ့တော့ အဲ့ဒီသူငယ်ချင်းကို သတိယလာရင်း ကွယ်လွန်သွားခဲ့တဲ့ သူငယ်ချင်းရဲ့အဖေဦး
လေး ပြောတဲ့စကားလေး သတိယလာတယ် အဲ့ဒါနဲ့ကျန်တဲ့သူငယ်ချင်းတွေကိုပြောပြချင်တာနဲ့
ထရေးလိုက်တာပါ ဦးလေးက အဲ့ဒီတုန်းကသာ အိမ်ထောင်မပြုကျသေးဘူးလားလို့ပြောတာပါ
နောက်ကိုချစ်ဖေတို့ လူပျိုကြီးတကိုယ်တည်းနေနေတဲ့အချိန်ကျတော့ ဘာမှမပြောတော့ပါဘူး။
ကိုယ့်သူငယ်ချင်းညီမလေးက ကိုးတန်းနှစ်မှာအိမ်ထောင်ကျသွားပြီး မွေးတဲ့ကလေးတွေ
တောင် လေးယောက် အကြီးဆုံးကောင်တောင် (၉၉)လောက်ကဆယ်တန်း တောင်ဖြေနေပြီ
ဟိုတုန်းက သူ့အမေက အိမ်လာလည်ရင်ခေါ်လာခဲ့ပြီး ကိုချစ်ဖေတို့ပဲချီထိန်းလာခဲ့ကြတာ နှစ်
တွေက မြန်လိုက်တာလို့တွေးနေဖြစ်သေးတယ်။ ဦးလေးလဲ ကိုချစ်ဖေကို ဘာမှမပြောတော့ပါ
ဘူး မပြောရက်တာလည်းဖြစ်နိုင်ပါတယ်။

ဦးလေးဆုံးတော့ မြေကျပြီးမှကျနော်ရောက်ပါတယ် ဦးလေးတို့အဒေါ်တို့က သားလေးယောက်
သမီးလေးတယောက် မွေးတာ ကျနော်သူငယ်ချင်းက သားထဲမှာအငယ်ဆုံး ညီမလေးကအား
လုံးထဲမှာ အငယ်ဆုံးဆိုတော့ အကိုတွေကချစ်လိုက်ကြတာ ကိုချစ်ဖေသူငယ်ချင်းက နို့ညှာပေါ့
ကိုချစ်ဖေ ရောက်သွားတော့ သူငယ်ချင်းက နိုင်ငံခြားမှာ (၁၀)နှစ် နီးပါးအလုပ်လုပ်နေတာကြာ
ပီ ကိုချစ်ဖေနဲ့ ကသားလိုဖြစ်နေတော့ အဒေါ်က ကိုချစ်ဖေကိုတွေ့တာနဲ့ငိုတော့တာပဲ ကိုချစ်ဖေ
သူငယ်ချင်းကို သတိယသွားတာဖြစ်မယ်ထင်တယ်။ကျနော်သနားလိုက်တာဗျာ။

ဦးလေးကမဆုံးခင်က လေဖြတ်ထားတာခံရတော့ လမ်းလဲကောင်းကောင်းမလျှောက်နိုင် စ
ကားပြောလည်းမပီတော့ပါဘူး ထမင်းစားရင်လည်းသူ့ခမျာ မနည်းစားနေရတော့ အဖိတ်အစဉ်
တွေ ရှိတော့ သနားစရာပါ ကိုယ်ကသာသနားနေရတာ ဦးလေးက သူများတွေနဲ့အတူထမင်းမ
စားပါဘူး။ သူ့ကိုရွံပြီးစားလို့မရမှာစိုးပါတယ် ကိုချစ်ဖေတို့ငယ်ငယ်က မြို့နယ်သမ၀ါယမအသင်း
မှာဦးလေးလုပ်တုန်းက ပုံရိပ်တွေမြင်လာပါတယ် အရပ်ရှည်ရှည် အသားညိုညို ကိုယ်လုံးကျစ်
ကျစ် ကတုံးဆံတောက်နဲ့ ခပ်တည်တည်နေလေ့ရှိပေမဲ့ ရယ်စရာပြောတတ်တဲ့သူ လက်ဝှေ့ခ
ရိုင်လက်ရွေးစင်ဟောင်း တိုင်းပဏာမတောင်ပါဘူးတဲ့သူမို့ သားတွေကိုအလိုမကျတဲ့အခါ မ
ရိုက်ပါဘူး ကိုချစ်ဖေသူငယ်ချင်းက တခါမှအရိုက်မခံရပါဘူး အဖေလက်သီးနဲ့ထိုးလို့ဖူးယောင်
ကွဲပြဲလာတာပဲရှိတယ် ဒါကြောင့်သူက ခဏခဏပြောတယ် ငါကမင်းတို့လိုအရိုက်ခံရတဲ့ကောင်
မဟုတ်ဘူးကွ လို့အမြဲနောက်ပါတယ်။

ကျနော်ထောင်မကျခင်လေးတင် ဦးလေးက ကျနော်နဲ့ သူ့သား သောင်းနိုင်ကိုခေါ်ပြီးပြောပါ
တယ် မင်းတို့ကောင်တွေ မိန်းမမယူသေးဘူးလားတဲ့ ကျနော်တို့ကလည်း ၁၉၈၈ အရေးအခင်း
ထဲဝင်ပါနေတဲ့အချိန်လည်း ဖြစ်ပါတယ် နောက်သူ့ဘာသာသူပဲအဖြေပေးပါတယ် “အေးကွာ ငါ
မင်းတို့အရွယ်တုန်းက မင်းတို့အကို ၀င်းနိုင်တောင် စကားပြောတတ်လမ်းကောင်းလျှောက်
တတ်နေပြီ” ဦးလေးကစိတ်မကောင်းတဲ့ပုံနဲ့ပြောနေတော့ ကျနော်တို့လည်းနားမလည်ဖြစ်သွား
ပါတယ် တကယ်လည်းနားမလည်ခဲ့ပါဘူး “ဟာဦးလေးကလည်း ကျနော်တို့ငယ်ပါသေးတယ်
ဗျာလုပ်စရာတွေကလည်းအများကြီးရှိပါသေးတယ် မိန်းမနဲ့ကလေးနဲ့ဆို လုပ်ချင်ရာဘယ်လုပ်
လို့ကောင်းမလဲဗျာ တာဝန်တွေရှိလာပြီ” လို့ပြန်ပြောတယ်။

ဦးလေးက အဲ့ဒီတော့ပြန်ပြောပါတယ် “အေးကွာမင်းတို့ခေတ်နဲ့ ငါတို့ခေတ်ကတော်တော်ကွာ
သွားပြီကွာ ငါတို့တုန်းကဆို ဟိုက်စကူးဖိုင်နယ်ဖြေမယ် ကောလိပ်တက်ဖို့တတ်နိုင်တဲ့သူက
ကောလိပ်ဆက်တက်တယ်ကွာ မတတ်နိုင်ရင်တဖက်ကအလုပ်လုပ်ရင်းလုပ်သားကောလိပ်
ဆက်တက်တယ်ကွာ အဲ့လိုတက်ရတာကိုလည်း ဂုဏ်ယူကြတယ်လေ များသောအားဖြင့်တော့
ကျောင်းဆက်မတက်ဖြစ်ကြပါဘူး အလယ်တန်းလောက်အောင်တဲ့သူတွေလည်း မိဘလက်
ငုတ်လုပ်ငန်းလေးတွေကို ဆက်လုပ်ကြတာပါပဲ အသက် (၁၆)(၁၇)နှစ်ဆို အထက်တမ်း
အောင်ပြီ အလုပ်ကလည်းပေါတော့ ကိုယ့်တောမြို့လေးမှာပဲ ၀ါသနာပါရာနီးစပ်ရာ အစိုးရဌါန
ဝန်ထမ်း ပုဂ္ဂလိက၀န်ထမ်းဝင်လုပ်ကြတာများတယ်ကွ အဲ့ဒီတုန်းကရွှေတကျပ်သားမှ (၂၀၀)
ကျပ် ငါ့လခက (၁၂၅)ကျပ် ဆီ(၁၀)ပိဿာ ပဲဆီစစ်စစ်တပုံးမှ (၈)ကျပ်ကျော် လက်ဖက်ရည်
တခွက်(၁၀)ပြား စီးကရက်တဗူးမှ(၃)မူး နို့ဆီတဒါဇင်မှ (၅)ကျပ်ကျော်ကျော် ၀က်သားတပိ
ဿာမှ (၂)ကျပ်ခွဲ မင်းအဒေါ်က အိမ်မှာပဲနေ ငါတယောက်ထဲရှာစာနဲ့ နှစ်လကို ရွှေငါးမူးသား
တော့ကောင်းကောင်းစုနိုင်သေးတယ်။ ဒါတောင်ပြည်တွင်းစစ်ကြီးဖြစ်နေတဲ့အချိန် ငါတို့က
လည်း အသက်(၂၀)ကျော်ပီဆိုတာနဲ့ အိမ်ထောင်ပြုလိုက်တာပဲ တချို့လူတွေကလွဲလို့ပေါ့ ။

ငါတို့ တုန်းက သမီးရှင်မိန်းကလေးမိဘတွေကလည်း အိမ်ထောင်ကျသွားမှာမပူပါဘူး သူ
ယောက်ကျားရှာစာနဲ့လုံလောက်ပြီး ဆိုတာသိနေပြီးသား ဒါတောင် အစိုးရ၀န်ထမ်းအောက်
တန်းစာရေးလေးလစာ ရုံးစေလစာပါ ကုန်သည်ပွဲစား လယ်ပိုင်ရှင်တွေဆို ငွေပိုရွှင်တယ်လေ
စစ်သား ရဲဝန်ထမ်းတွေဆိုလည်း သိက္ခာရှိတယ် ဘယ်သူကမှ အထင်သေးတဲ့မျက်လုံးနဲ့ အ
ကြည့်မခံရဘူး။ အထင်အမြင်သေးခံရမှာလည်းစိုးတယ် အားလုံးက လူကောင်းသူကောင်းတွေ
များတယ်။လင်မယား(၂)ယောက် အလုပ်လုပ်တဲ့အိမ်ဆို တော်တော်အဆင်ပြေနေပြီကွာ။

အစာရေစာပေါ်တာလည်းပါမှာပေါ့ မိန်းကလေးနဲ့ယောက်ကျားလေးလဲ ယူလိုက်ကြတာပဲ ခု
လိုရည်းစားသက်တမ်းအကြာကြီးနဲ့ တိုးတိုးတိတ်တိတ်ညားနေကြရတာမျိုးမရှိဘူး အားလုံးက
အလုပ်နဲ့ စားဝတ်နေရေးကချောင်လည်ကြတယ်ကွာ..ခုဟာက လက်ဖက်ရည်တခွက်(၁)ကျပ်
ဒူးယား ၃လိပ်တကျပ် အကြော်တခု တမတ် တဲ့ကွာသေးသေးလေး ပုဆိုးတထည် (၂၀) ၀က်
သား တပိဿာ (၂၅) ကျပ် ဆန်တပြည်(၅)ကျပ်တဲ့ မကြားဝံ့မနာသာကွာ လူဆိုတာ သဘာဝ
တရားကြီးကသင်ထားပေးပြီးသား အိမ်ထောင်ပြုသင့်တဲ့အရွယ်မှာ ပြုကိုပြုသင့်တယ်အ
ကြောင်းကြောင်းကြောင့် အိမ်ထောင်မပြုနိုင်ဘူးဆိုရင် အစိုးရမှာတာဝန်ရှိတယ်ကွ။ သူတို့စီမံ
ခန့်ခွဲမှုညံ့လို့ အဲ့လိုဖြစ်တာ ခုဆိုဦးလေးလစာက (၄၅၀)ရှားပါးစရိတ်နဲ့ဆို (၅၀၀)ကျော်(၆၀၀)
နီးပါး ရွှေဈေးနဲ့ပြန်တွက်ကြည့်လေ ဦးလေးတို့အလုပ်ဝင်ခါစကရတဲ့ငွေတန်ဘိုးနဲ့ ခုငွေတန်ဖိုး
ရွှေဈေးက ခု (၂၀၀၀၀)နီးပါး ဦးလေးတို့မှာဘယ်လိုချောင်လည်တော့မလဲ။အဲ့ဒီတော့မင်းတို့
လည်း တွက်ကျရမှာပေါ့ကွာ မိန်းကလေးတွေဆိုပိုတောင်ကြောက်ကြဦးမယ် ငါတို့လွန်ခဲ့တဲ့
နှစ်(၂၀) နှစ်ဆယ်ကျော်တုန်းက ရွှေဈေးက (၂၀၀) တို့လခက (၁၂၅)ကျပ် ခုရွှေဈေးကနှစ်
သောင်း အဆတရာတက်သွားတယ်ကွာ အစားအသောက်တွေလည်းပိုရှားသွားတယ် တို့လ
စာကတော့ (၄)ဆလောက်ပဲဆိုးလာတယ် ပစ္စည်းဈေးက အဆ(၁၀၀)၀န်းကျင်ဖြစ်သွားတယ်
” တဲ့။

ဦးလေးအဲ့ဒီစကားကို ပြောနေတုန်းက တကယ်စိတ်မကောင်းစွာနဲ့ ပြောနေခဲ့တာ ကျနော်နားမ
လည်ခဲ့ဘူး ခုကျနော်တို့တုန်းက ဘွဲ့ရပညာတတ်လူငယ်တယောက် ဟာအစိုးရ၀န်ထမ်းအရာရှိ
ပေါက်စဖြစ်တဲ့အချိန်မှာ လစာက (၃၂၀) ရွှေဈေးက (၂၀၀၀၀)ကျပ်ဈေး။ ခုကလေးတွေရတဲ့
လစာနဲ့ ရွှေဈေးကိုပြန်ချိန်ကြည့်မိရင် တော့ ဟိုတုန်းက ဦးလေးဘာလို့ စိတ်မကောင်းဖြစ်ခဲ့ရ
တာလဲ.ဆိုတာကျနော်သိပါပြီဦးလေးခင်ဗျား။ ကျနော်တို့လည်းပြေးရလွှားရ ရုန်းရကန်ရနဲ့ ဘဝ
တွေအမျိုးမျိုးအဖုံဖုံ အဆီအငေါ်မတည့်ခြင်းပေါင်းများစွာနှင့် ခုထိမသောင်းညွန့်နှင့် လက်မ
ထပ်နိုင်သေးပါ။ ဦးလေးသာခုထိအသက်ရှည်နေဦးမယ်ဆိုလျှင် စိတ်မကောင်းတဲ့မျက်လုံးလေး
တွေနှင့်ကြည့်နေပါဦးမည်။

Read more...

အတွေးတွေပါ

အတွေးတွေပါ

ကိုချစ်ဖေဗျာ ခုတလောဘာဖြစ်နေလဲကိုမသိဘူး သူများတွေပြောသလိုဇာတာဂြိုလ်လဂ်တွေ
မကောင်းဘူးထင်ပါတယ်ဗျာ နေရင်းထိုင်ရင်း သူများသောက်တဲ့ဆေးလိပ်က မီးပွားကကိုယ့်
ဆီလာကျလို့ ပုဆိုးပေါက်ရ ဟင်းချက်တာကိုယ်ကဆားခတ်ပြီးသား ဘေးလူကမမြည်းပဲဆား
ထပ်ခတ်သွားလို့သွား လမ်းသွားရင်း သူများလင်မယားရန်ဖြစ်တာ ကြည့်ရင်းလျှောက်မိလို့ ခု
လုပ်တိုက်လဲလို့လဲ အမျိုးမျိုးဖြစ်နေတာပဲဗျာ မသောင်းညွန့်ဆီဖုန်းဆက်တာလည်း မသောင်း
ညွန့်ကဖုန်းမကိုင် အွန်လိုင်းကိုလည်းပေါ်မလာ ကိုချစ်ဖေတော့ခက်နေတာပဲဗျာ အဲ့ဒီတော့
လည်းဟိုတွေးဒီတွေးတွေးမိတာပေါ့ မသောင်းညွန့်ဘာဖြစ်လို့လဲ ငယ်ငယ်လေးထဲကချစ်လာခဲ့
ပြီးမှခုမှ ဘာဖြစ်သွားတာပါလိမ့်ပေါ့ တွေးချင်ရာလျှောက်တွေးရင်းနဲ့ ပုံပြောကောင်းတဲ့အကိုတ
ခါကပြောဘူးတဲ့ ပုံပြင်လေးသတိရလာတယ် ကိုယ်ကလည်းတွေးမိနေတာ တွေးမိနေတာ မ
သောင်းညွန့်မှာလည်း သူတွေးမိတာတွေးနေမှာ ခက်ပါတယ်ဗျာ။ကိုချစ်ဖေမှတ်တမ်းကြီးကို
လည်းမရေးဖြစ်တာကြာတော့ ရေးလိုက်ရပါတယ် အော်အတွေးအတွေး။

အဲ့ဒီအကိုက ကျနော်အတွေးလွန်တတ်တာကို သိလို့အဲ့ဒီပုံပြင်လေးပြောပြသွားတာပါ အခြား
သူများလည်းကြားဖူးကြမယ်ထင်ပါတယ် မူကွဲတွေလည်းရှိရင်ရှိမှာပါ ကျနော်ကတော့ အကို
ပြောပြတာပဲကြားဖူးလို့ ပြန်ပြောပြတာပါ။

ဒီလိုဗျာ တခါက ရန်ကုန်နဲ့ပုသိမ် ကိုအသွားအပြန် သွားနေတဲ့ ခရီးသည်တင်သင်္ဘောတစီးကို
လူငယ်တယောက်က သူမြို့ဖြစ်တဲ့မြောင်းမြကို ပြန်ဖို့ဆင်းလာသတဲ့ ခရီးသည်လက်မှတ်ကြို
ဝယ်ထားပြီးတော့ ပြန်မဲ့နေ့မှာဆင်းလာတာတဲ့ သူလည်းသင်္ဘောပေါ်ရောက်တော့ သူဝယ်
ထားတဲ့လက်မှတ်လေးနေရာမှာ အခင်းလေးခင်းအထုတ်လေးချပြီးနေရာယူတာပေါ့။

သူသင်္ဘောပေါ်ရောက်လို့မှ သိပ်မကြာခင်မှာပဲ သူ့ဘေးနားကလွတ်နေတဲ့ ကွပ်လပ်လေးနေရာ
ကို ဥပဓိရုပ်ကောင်းကောင်း အဖိုးကြီးတယောက်နဲ့အမျိုးသမီးလေးတယောက်ရောက်လာပြီး
နေရာယူလိုက်သတဲ့ ကိုယ်လက်မှတ်မှာပါတဲ့နေရာ နံပါတ်အတိုင်းယူရတာဆိုတော့ လူငယ်
လေးက အရင်ရောက်နေတဲ့ ဘေးချင်းကပ် ခရီးသွားဖေါ်တွေကို ပြုံးပြီးနှုတ်ဆက်တယ်တဲ့၊အဲ့ဒီ
မှာအတွေးတွေက စတော့တာပါပဲ။

သူတို့တွေ ဘယ်လိုတွေးတယ်ဆိုတာတော့ အောက်မှာ ကျနော်ဖေါ်ပြသွားပါမယ်.ဒီလိုပါ

လူငယ်လေး။ ။အော်ခုဒီနားကိုလာတဲ့ အဖိုးကြီးနဲ့ကောင်မလေးက ဘယ်လိုတော်သလဲမသိ
ဘူး အဖိုးကြီးကြည့်ရတာရှု့တင်းတင်းနဲ့ ကောင်မလေးကိုတနေရာကသုတ်ချလာတာလားမသိ
ဘူး။


အဖိုးကြီး။ ။ အော်ငါတို့နေရာက ဒီနေရာမှာပဲ ဘယ်လိုပါလိမ့်ဘေးကကောင်ကလည်းစပ်ဖြဲဖြဲ
နဲ့ ငါခပ်တည်တည်နေမှ သမီးကလည်းပါသေး။

ကောင်မလေး။ ။အော်ငါတို့ဘေးက ကျတဲ့သူကလည်း လူကိုကြည့်လိုက်တာ မျက်လုံးထွက်
ကျမတတ်ပဲ ငါလှလို့ကြည့်တာပဲဖြစ်ရမယ် အင်း ကြည့်ပါစေ့ လူကိုရိသဲ့သဲ့လုပ်လာရင်လည်း
အဖေပါတာပဲ ပါးရှစ်စိတ်ကွဲအောင်ချလိုက်မယ်.ကိုယ့်ကိုမထိခိုက်သေးသမျှတော့နေပေါ့။

လူငယ်လေး။ ။ဘာပဲဖြစ်ဖြစ်လေ သင်္ဘောပေါ်ရောက်မှတော့ တလှေထဲစီးတခရီးထဲသွားတွေ
ဖြစ်နေမှပဲ အဆင်ပြေပြေ ခရီးသွားကြရင်ကောင်းမှာ ငါပဲနှုတ်ဆက်လိုက်ပါမယ်

ဦးလေးတို့ဘယ်ကိုသွားမှာလဲဗျ

အဖိုးကြီး။ ။ဟိုစပ်ဖြဲဖြဲကောင် ကလာမေးနေပြန်ပြီ ငါတို့ဘာသာဘယ်သွားသွားပေါ့ မကြား
ချင်ယောင်ဆောင်နေမယ်။

ကောင်မလေး။ ။အင်းဒီလူတော့ ဇာတ်လမ်းထွင်ပီ အဖေကမသိယောင်ဆောင်နေတာ ငါ
လည်းနေလိုက်မယ်။

လူငယ်လေး။ ။ ဘယ်လိုလူတွေလည်းမသိဘူး တော်တော်ရိုင်းတယ် မေးတာတောင်ပြန်မဖြေ
ဘူး သူမဖြေတောင် ဟိုကောင်မလေးဖြေရင်တော်သေးတာပေါ့ ခုဘယ်သူမှ ပြန်အဖက်မလုပ်
ဘူး ဒါပေမဲ့လည်း အတူခရီးသွားရမှာဆိုတော့ သည်းခံလိုက်ပါမယ်လေ။

အဲ့ဒီလိုနဲ့သင်္ဘောကြီးလည်း ဥသြဆွဲဆိပ်ကမ်းကခွါလာတာပေါ့ အဲ့ဒါနဲ့လူငယ်လေးလည်း သ
င်္ဘောဆိပ်က၀ယ်လာတဲ့ ထမင်းထုတ်ကလေးကိုဖွင့် သင်္ဘောလေလေးတဖြူးဖြူးနဲ့ထမင်းစား
ဖို့ပြင်ဆင်တာပေါ့ အဲ့ဒါနဲ့ ထမင်းထုပ်လေးဖြေပြီးတွေးသတဲ့

လူငယ်လေး။ ။အော်လေလေးတဖြူးဖြူးနဲ့ သင်္ဘောပေါ်မှာထမင်းစားရတာပျော်စရာ ဘေးက
အဖိုးကြီးနဲ့ကောင်မလေးကောမစားသေးဘူးလား အဆင်ပြေပြေနဲ့စားကြရရင်တော့ ကောင်း
တာပေါ့ခုတော့ ဘယ်လိုပါလိမ့် ဘာပဲဖြစ်ဖြစ် ယဉ်ကျေးမှုအရထမင်းစားတော့ခေါ်မှကောင်း
မယ်။

အဲဒါနဲ့လူငယ်လေးက ထမင်းသုံးဆောင်ကြပါဦးလားခင်ဗျာလို့ ဖိတ်ခေါ်လိုက်သတဲ့ အဲ့ဒီအခါအ
ဖိုးကြီးနဲ့သမီးက

အဖိုးကြီး။ ။ဟိုစပ်ဖြဲဖြဲကောင် ဒီလောက်ခပ်တန်းတန်းနေတာတောင် အရှက်မရှိ ထမင်းသုံး
ဆောင်ပါဦးလားတဲ့ လာပြီးယဉ်ကျေးပြူငှါပြနေတယ် အဲ့လိုကောင်မျိုးတွေက ပိုပြီးတောင်ဆိုး
သေး တအားယဉ်ကျေးနေရင် မိုက်ရိုင်းဖို့ မိုက်ရိုင်းကောင်းအောင်လို ယဉ်ကျေးပြနေတာဖြစ်
မယ်။ မသိယောင်ဆောင်နေမယ်။

ကောင်မလေး။ ။အင်း..ဟိုလူကတော့လာရောနေပြန်ပြီ အပိုတွေ သူ့မှာလည်းထမင်းတထုပ်
ထဲရှိတာ လူကလည်းစုပ်ပြတ်ပြတ်နဲ့.တကယ်းစားမယ်ဆို သူထမင်းထုတ်ကိုယူစားရမှာ သူတ
ကယ်စေတနာရှိတယ်ဆို အသစ်ဝယ်လာပြီးပေးပေါ့.။အဲ့လိုဝင်စားရရင် ရွံစရာကြီး။

လူငယ်လေး။ ။အော်ဒီလူတွေကတော့ခက်ပြီ ငါကယဉ်ကျေးမှုအရ နှုတ်ဆက်တာကိုတောင်
စကားပြန်မရဘူး ဘာတွေ ဘ၀င်မြင့်နေတာလဲမသိဘူး အေးလေငါဆင်ချင်ရမယ်

အဲ့ဒီလိုနဲ့သင်္ဘောစီးလာရင်း လူငယ်လေးကတော်တော်ကိုပဲ နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်သွားသ
တဲ့ သူပြန်နိုးလာတော့သင်္ဘောက ဘယ်နေရာရောက်နေပြီ မြို့ကိုရောက်ဖို့ ဘယ်နှစ်နာရီလို
သေးပါလိမ့် ဘယ်မြို့တွေကိုတော့ ဆိုက်ကပ်လာခဲ့ပြီးပြီလဲ သိချင်လာပါတယ် အဲ့ဒီတုန်းကသ
င်္ဘောတွေက အချိန်မှန်သေးတယ်လေ နာရီနဲ့တွက်ရင် ဘယ်နေရာရောက်နေပြီ ကိုယ့်မြို့ကို
ရောက်ဖို့ ဘယ်လောက်လိုသေးတယ်လို့ မှန်းလို့ရတယ်လေ အဲ့ဒါနဲ့လူငယ်လေးလဲ နာရီမပါ
တော့ ဘေးမှာ မအိပ်သေးပဲ ထိုင်နေတဲ့ သားအဖနှစ်ယောက်ပဲ နိုးနေတာနဲ့ လူငယ်လေးက
တခါသွားမေးရသတဲ့။

လူငယ်လေး။ ။ဦးလေးခင်ဗျား ခုဘယ်နှစ်နာရီထိုးပါပြီလဲ ကျနော်သိပါရစေ

လို့မေးလိုက်သတဲ့ အဲ့ဒီအချိန်မှာ ကောင်းမလေးနဲ့သူ့အဖေအဖိုးကြီးကတွေးမိသတဲ့

ကောင်မလေး။ ။ဟောလာပြန်ပြီ ဒီလောက်ခပ်တန်းတန်းနေတာတောင် အရှက်မရှိ အစထဲ
ကမျက်နှာရှုးဟာ ခုလည်းနာရီလာမေး မျက်နှာချိုသွေးနေပြန်ပြီ မသိချင်ယောင်ဆောင်နေ
မယ်

အဖိုးကြီး။ ။ဟာဒီ စပ်ဖြဲဖြဲကောင် တော့ခက်ပြီပြောမှဖြစ်တော့မယ် ပြောမှသိ ထိမှနာသာမှ
ခင် ဆိုတဲ့လူစားမျိုးပြောကိုပြောရတော့မယ်

အဲ့ဒါနဲ့အဖိုးကြီးက လူငယ်လေးကိုပြောလိုက်သတဲ့

အဖိုးကြီး။ ။ဒီမှာမျက်နှာရှုးစပ်ဖြဲဖြဲကောင် မင်းဘာလာရောနေတာလဲ ငါစတက်လာထဲကမင်း
လာအရောဝင်နေတာ ငါသိတယ် ငါဒီလောက်ခပ်တည်တည်နေတာတောင် မင်းကလာပြော
သေးတယ် ပြောမှသိ ထိမှနာ သာမှခင် ဆိုတဲ့လူစားမျိုးထဲမှာ မင်းလိုကောင်ပါတယ် ငါမပြော
ချင်လို့ကြည့်နေတာ ငါ့ကိုဒါမျိုးလာမစမ်းနဲ့ ငါသိတယ်ဟေ့ကောင် မင်းပထမငါ့ကိုဘယ်မြို့သွား
မှာလဲမေးတယ် နောက်တဆင့် ထမင်းထုတ်နဲ့လာစည်းရုံးတယ် ခုတခါနာရီလာမေးတယ်။မရ
ဘူးဟေ့ကောင် ဒါမျိုးတွေရိုးနေပြီ ငါလည်းငယ်ရာကကြီးလာတာသိတယ် ဟေ့ကောင် မင်းခု
နာရီသိရင် ဦးလေးတို့က ဘယ်မှာဆင်းမှာလည်း ကျနော်ခရီးစဉ်တွက်မလို့ပါ ဆိုပြီး ငါနေတဲ့
မြို့ကိုထပ်မေးမယ် ပြီးရင်မင်းပါရောဆင်းလိုက်လာပြီး အောဦးလေးတို့အိမ်က ဘယ်နားမှာဆို
ပြီးမေးမယ် ပြီးရင် ကျနော်လည်းအဲ့ဒီဖက်သွားမှာဆိုပြီလိုက်လာမယ် နောက်ကျနော့်အသိ
တွေပြောင်းသွားလို့ ဘာညာဆိုပြီးငါ့အိမ်လိုက်လာမယ် အို..ကုန်ကုန်ပြောမယ်ကွာ မင်းငါ့ကို
လာရောပြီး ငါသမီးကိုခင်အောင်လုပ် ပြီးမင်းသုတ်ပြေးချင်လို့ မဟုတ်လား ပိုင်ပါတယ်ကွာမင်း
အကြံ ဒါမျိုးမရဘူးဟေ့ကောင်။သူများတွေကိုသာလုပ်လို့ရမယ် ငါ့ကိုဘယ်တော့မှမရဘူး။

လို့ အဖိုးကြီးကပြောတယ် ကောင်မလေးက ဘယ်လိုတွေးလည်းဆိုတော့

ကောင်မလေး။ ။ဟင်း အဲ့လိုအဖေပြောလိုက်တာကောင်းတယ် နိုမို့ရင်ဒီလူက အဖေပြောသ
လိုမလုပ်ဘူးလို့ ပြောလို့မရဘူး အဲ့လိုလုပ်ရင်လည်း ဘယ်ရမလဲ ကိုယ့်အဆင့်အတန်းနဲ့တူတာ
မျိုးမှမဟုတ်တာ။ ဟင်း.

အဲ့ဒီအချိန်မှာ လူငယ်လေးက ဘာပြောရမှန်းမသိအောင်ကို အံ့သြသွားသတဲ့.

လူငယ်လေးကဘယ်လိုဆက်တွေးတယ်ဆိုတာတော့ မပြောတော့ပါဘူး လူ့ဘ၀ထဲ နေ့စဉ်
ဖြတ်နေကြရတဲ့အခါ ဘ၀အမျိုးမျိုး မိသားစုအမျိုးစုံ အတွေးအခေါ်မျိုးစုံ ဘ၀အတွေ့အကြုံ
ကိုယ်ပိုင်ဆိုင်တဲ့ဓနအင်အား ရုပ်လက္ခဏာ အသက် အပိုင်းအခြားလိုက် ပညာအရည်အခြင်း
အရ အတွေးတွေအမြင်တွေမတူညီတာ အမှန်ပါ ကွဲလွဲနိုင်တာလည်းအမှန်ပါ ဘာပဲဖြစ်ဖြစ်
ကွဲလွဲမှုတွေထဲက သင်ခန်းစာယူပြီး ညီညွတ်တာကအကောင်းဆုံးပါ ရန်ဖြစ်ပြီးရင် ပြန်ချစ်ကြ
မယ်ဆိုသလိုပေါ့ တခါတလေတော့လည်း လူဆိုတော့ကိုယ့်အကြိုက်နဲ့မတူတာကိုလက်ကိုမခံ
ချင်တော့တာ ဆက်ဆံမှုကိုတောင်မလုပ်ချင်တော့တာလည်း အမှန်ပါ သေချာတာကတော့ အ
ခြေခံရိုးသားမှု စေတနာရှိမှုတွေရှိရင် အဆင်ပြေသွားအောင်ညှိလို့ရမှာပါ ညှိနိုင်မယ်တော့ထင်
ပါတယ် မိတ်ဆွေတွေမဖြစ်ကြတော့ရင်တော့ ရန်သူတွေဖြစ်သွားကြတာမျိုးတော့မကောင်းပါ
ဘူး။တယောက်ကို အတွေးတမျိုးစီတွေးခဲ့ကြတယ် မဟုတ်လား။

Read more...

Friday, September 25, 2009

ကိတ်ချမရှိဘူး ကိတ်ချမရှိဘူး-ကိုချစ်ဖေ

ကိတ်ချမရှိဘူး ကိတ်ချမရှိဘူး

ကိုချစ်ဖေခုတလောဗျာ ကိစ္စတွေများတယ် ကိစ္စများမြောင်လူတို့ဘောင်ပဲလေ.“များမှာပေါ့.
ကိုချစ်ဖေကလည်း” လို့ ပြောလာရင်လည်းခံရမှာပဲလေ လူက ခုအလုပ်မရှိဘုတ်မရှိ ၁၀၉
၁၁၀ ပေါ့ ဒါပေမဲ့ဗျာ စိတ်တွေကမအားဘူးဗျာ ကျမ်းမာရေးကလည်းကိစ္စပြန်ရှိလာချင်တယ်
ကိုချစ်ဖေက ကိစ္စမရှိချင်ယောင်ဆောင်ရတာပါဗျာ ဘာတတ်နိုင်မလဲဗျာ.ဒီလိုပေါ့..။

ကိုချစ်ဖေကိုမသနားကြပါနဲ့ဗျာ.ကိုချစ်ဖေနေတတ်နေပါပြီ ဘယ်လိုဖြစ်ဖြစ် ကိုချစ်ဖေကိုသနား
ကြင်နာချစ်ခင်သောသူများကိုလည်း ကိုချစ်ဖေက ချစ်ပါတယ် ကိုချစ်ဖေကိုယ်တိုင်လည်းပျော်
ရအောင်နေပါတယ်.နောက်ဆုံးမပြောကောင်းမဆိုကောင်း ကြိုးစင်တက်ရမယ်ဆိုရင်တောင်
ကိုယ့်ကိုအသေသတ်မဲ့ကြိုးကိုတောင် “ခင်ဗျားတို့ကြိုးကခိုင်ရဲ့လားဗျာ ကြိုးကသေးနေတယ်
တော်ကြာကျူပ်မသေမှဖြင့် ခိုင်အောင်လုပ် ခိုင်အောင်လုပ်”လို့နောက်ပြီးမှသေသွားချင်တယ်။

ဘာပဲဖြစ်ဖြစ်ပျော်ပျော်ပါးပါးနေဖြစ်အောင်နေထိုင်ရင်း ငယ်ငယ်တုန်းက ပုံပြောကောင်းတဲ့ သူ
ငယ်ချင်းအကို ပြောပြတဲ့ ပုံပြင်လေးတပုဒ်ကို သတိယလာပြီးပြုံးဖြစ်သေးတယ်.ကျနော့်လိုမျိုး
တခါတလေကိစ္စလေးတွေမရှိချင်ယောင်ဆောင်တဲ့အခါတိုင်း ကိစ္စတွေမရှိပါဘူးလို့ထင်တဲ့အခါ
အသုံးများတည့်မလားလို့တွေးမိလိုပါ အချို့သူများလည်းကြားဖူးပြီးဖြစ်မယ်ထင်ပါတယ်.ဒီလို
ဗျာ..တခါတုန်းက တရုတ်ပြည်မကြီးကတရုတ်လူမျိုးတွေက ရာသီဥတု အစားအသောက်
အလုပ်အကိုင်ပေါများရာ ကျနော်တို့မြန်မာပြည်ကိုလာအလုပ်ရတယ်တဲ့.ဟီး..ကြားရလို့သာ
နားရှိလိုက်ရတယ်.ခုတော့ ကျနော်တို့က ကလဲ့စားပြန်ချေတဲ့အနေနဲ့ တရုတ်တွေနိုင်ငံတွင်မ
က မြန်မာပြည်ကလွဲတဲ့ နိုင်ငံတွေကိုအကုန်ပြန်အလုပ်ထွက်လုပ်နေပါတယ်ဗျာ..ဘယ်သူ့
ကြောင့်လို့တော့မပြောကြေးနော် နိုင်ငံရေးတွေပါလာဦးမယ်.

အဲဘယ်ရောက်သွားပြီလဲ..အဲ့လိုအလုပ်လာလုပ်ကြတဲ့သူတွေထဲမှာ အိန္ဒိယလူမျိုးတွေလည်းပါ
တာပေါ့ ကျနော်ပြောချင်တာ တရုတ်လူမျိုးသမ္မာန်ခတ်တဲ့အဖိုးတယောက်အကြောင်းပါ ဟော
လုပ်ပြန်ပြီ တရုတ်လူမျိုးသမ္မာန်ခတ်တဲ့အဖိုးကြီးတဲ့ ခုခေတ်ကလေးတွေကပြောတော့မယ် ဦး
ချစ်ဖေကြီးကတော့မှားပြန်ပြီပေါ့ ခုခေတ်မှာမြို့လည်ခေါင်နေရာတိုင်းမှာ အဖိုးတန်ရပ်ကွက်ထဲ
မှာကုမ္မဏီပိုင်ရှင်တွေ လုပ်ငန်းကြီးပိုင်ဆိုင်သူတွေ ကုန်ပွဲရုံကြီးတွေ အကုန်လုံး ပိုင်ဆိုင်မှုတွေရဲ့
ရာခိုင်နှုန်းတော်တော်များများကို ပိုင်တာက တရုတ်လူမျိုးတွေ ပညာတတ်ချမ်းသာတဲ့သူတွေ
ထဲမှာရော တခါတုန်းက နိုင်ငံခြားသားတွေ အသက်မွေးဝမ်းကျောင်းပညာသင်ကြားခွင့်ပိတ်ပင်
ထားခဲ့လို့သာ နို့မို့ အမှတ်ကောင်းမှတက်ခွင့်ရတဲ့ ကျောင်းတွေမှာ မြန်မာတောင်ရှိပါ့မလားပဲဗျာ
အဲ့လိုပြောတာ ဘယ်လူမျိုးဘက်ကမှလိုက်ပြောတာမဟုတ်ပါဘူးနော် တကယ့်အရှိပါနော်ခု
တောင်ပုံပြင်ဆန်နေပြီ မယုံရင်လည်းပုံပြင်လို့သာမှတ်ပေတော့ဗျာ.အဲ့ဒီတရုတ်အဖိုးကြီးက
ဟင်္သတနဲ့သာရဝေါကို ကူးတဲ့ကူးတို့သမ္မာန်ကို ခတ်တဲ့သူပေါ့ဗျာ ကူးတို့သမားပေါ့ ခုခေတ်
လိုခေတ်မှီဖွံဖြိုးတိုးတက်တဲ့နိုင်ငံကြီးမှမဖြစ်သေးတဲ့ဟာလေ ဟင်္သတနဲ့သာရဝေါကို ဧရာဝတီ
မြစ်ကြီးကိုဖြတ်ပြီးတဖက်ကမ်းကနေ တဖက်ကမ်းအရောက်ခတ်ရတာလေ သာရဝေါကနေ
ရန်ကုန်အထိ ရထာားလမ်းပေါက်တယ်လေဗျာ ဒီတော့ ရေကြည်အသုတ်ပုသိမ်ဖက်က မြန်
အောင်ကြံခင်းဖက်က လူတွေကဟင်္သတကိုရထားနဲ့လာ တဖက်ကမ်းကိုကူးပြီးရထားနဲ့ရန်ကုန်
ကိုသွားလို့ရတယ်လေ ဒီတော့အဲ့ဒီခေတ်က သမ္မာန်ကူးတို့နဲ့ကူးကြရတယ်တဲ့။

အဲ့ဒါ မိုးတွင်းကာလမှာဆို ဧရာဝတီမြစ်က သောင်တွေရေမြှုတ်ပြီး မြစ်ပြင်ကြီးက အကျယ်ကြီး
ဖြစ်သွားတယ်တဲ့ လေလာရင်လှိုင်းကလည်းကြီးတာပေါ့ အဲ့ဒီလိုအခါမျိုးမှာ လှေသမ္မာန်မထွက်
ခင်ကတည်းက လှေကိုကုန်ပစ္စည်းလူအစစ ပြင်ဆင်ရပါတယ် ကိုယ်တင်မဲ့လူ ကုန်ပစ္စည်းအ
လေးချိန်ကို တွက်ပြီးတော့တင်ရတာပါ တနေ့တော့အဲလို ဧရာဝတီမြစ်ကြီးကို ရထားဆိုက်ချိန်
လည်းဖြစ် မြစ်ကလည်း မိုးလေးညို့လာတာနဲ့ လှိုင်းကကြီးလာတော့ ခရီးသည်တွေက မြစ်ကို
ဖြတ်မဲ့အချိန်မှာ စိုးရိမ်စိတ်ကလေးတော့ရှိတာပေါ့ ကိုချစ်ဖေလည်း မြစ်ဝကျွန်းပေါ်သားဆို
တော့ အဲ့ဒါသိတယ်။

လူတွေက မြစ်ဖြတ်မဲ့ကူးတို့သမားအဖိုးကြီးကိုမေးတာပေါ့ “ဆရာကြီးမိုးရိပ်လေရိပ်ရှိနေတယ်
ဆရာကြီးလှေနဲ့ကူးလို့ဖြစ်ပါ့မလား ကုန်တွေလည်းပါသေးတယ် ခုတင်ထားတဲ့လူနဲ့ကုန်နဲ့
တင်တော်တော်များနေပြီ ”ဆိုတော့ သူကပြန်ပြောပါတယ် “ဖြစ်ပါတယ် ၀ ငယ်ငယ်လေးထဲ
က ဒီကူးတို့ကို ခတ်လာတာ ၀မှာအီတွေ့အီကြုံတွေ အများကြီးရှိပါတယ် ကိတ်ချမရှိပါဘူး
ကိတ်ချမရှိပါဘူး” တက်ပေါ့ တယောက်တက်ပြီးလည်း သူကမထွက်သေးဘူး လူတွေကိုထပ်
ခေါ်နေသေးတယ် အဲ့ဒီတော့သူက ထပ်ပြောတယ်“ကိတ်ချမရှိသေးဘူး ရပါတယ်”တက်ပါ
တက်ပါနဲ့ ခေါ်တာပေါ့ ခရီးသည်တွေကလည်း စိုးရိမ်တယ်ဆိုပေမဲ့ အတွေ့အကြုံတွေများတဲ့
လှေသမားကြီးမို့စိတ်ချပြီးတက်ကြတာလည်းပါတာပေါ့ဗျာ.

ဒီလိုနဲ့လှေသမားတရုပ်လူမျိုးအဖိုးကြီးလည်း သီချင်းလေးတအေးအေးနဲ့လှေလေးခတ်ပြီး
ထွက်လာတာပေါ့ အားလုံးလဲအဆင်ပြေပါတယ် အဲ့လိုခတ်လာရင်းနဲ့ရေလည်ခေါင်ရောက်
ခါနီးလောက်မှာ မိုးနဲ့လေနဲ့ကရွာလာပါလေကော လှိုင်းကလည်းပိုကြီးလာတာပေါ့.အဲ့ဒီ
တော့ခရီးသည်တွေက စိတ်ပူလာလို့ဆရာကြီးဖြစ်ပါ့မလားခုနေပြန်လှည့်ရင် မှီသေးတယ်
ပြန်လှည့်မလားမေးတာပေါ့ ကူးတို့ဆရာကြီးကလည်း“မီကြောက်ပါနဲ့ ဖြစ်ပါတယ် ကိတ်ချ
မရှိပါဘူး ၀အီတွေ့အီကြုံအများကြီးရှိပါတယ် ဆရာကီးတို့မသိလို့ပါ” လို့ပြန်ပြောတယ် တ
ဖြေးဖြေးခတ်လာလိုက်တာ ရေလည်ခေါင်ရောက်ရောဗျာ လှိုင်းတောထဲမှာ လှေလေးကလူး
လိမ့်နေတာပေါ့ ရေ ၀ိုင်းကူးပက်တဲ့သူကလည်းပက်ပေါ့ နောက်တော့လှေလေးက ရေ၀င်
တာနဲ့မြှုတ်လုလုဖြစ်လာရော.အဲ့ဒီတော့မှ “အား မိတ်ဆွေတို့ ကျနော်ပြောမယ် ကိတ်ချရှိလာ
ပြီ ကိတ်ချရှိလာပြီ နောက်ဆုံးတက်ခဲ့တဲ့သူကစပြီးမြစ်ထဲကို ခုန်ဆင်းပေးပါတဲ့” “ကိတ်ချရှိ
လာပြီ ကိတ်ချရှိလာပြီ” လို့ပြောသတဲ့ အဲ့ဒီအကိုက ကျနော်ကိုပြောပြတာပါ ကျနော်က
“ကိစ္စမရှိပါဘူး”“ကိစ္စမရှိပါဘူး”ပြောတတ်လို့လေ.တခါတလေတော့ ဘ၀မှာရိုးရိုးသားသား
လူတွေနဲ့ပေါင်းသင်းဆက်ဆံရတာ ကိစ္စမရှိပေမဲ့ လောဘသမားတွေ အတ္တသမားတွေနဲ့ နောက်ကျောကိုဓါးနဲ့ထိုးချင်သူတွေနဲ့ဆက်ဆံရတဲ့အခါရေလည်ခေါင်ရောက်မှ ကိစ္စရှိလာပြီး
ကိစ္စရှိလာတာတွေ လက်တွေ့မှာလည်း ခံစားရတာတွေ တွေ့တိုင်း ပုံပြောပြတဲ့အကို ကိုသတိ
ရလာပါတယ်.ခုလည်းအကိုရေ ကျနော့်မှာ ကိတ်ချတွေရှိလာပြီ.လို့သာပြောပြချင်ရင်း ကျန်
တဲ့သူငယ်ချင်းမိတ်ဆွေများလည်း နောက်ကို ရေလည်ခေါင်ကျမှ ကိတ်ချရှိမလာကြဖို့ ဆင်
ချင်နိုင်ရန် ပုံပြင်လေးကိုဖေါက်သည်ချပါကြောင်း။ ။

Read more...

Thursday, September 24, 2009

ကိုချစ်ဖေကတော့ဗျာ

ကိုချစ်ဖေကတော့ဗျာ

ကိုချစ်ဖေလေ..မှားပြန်ပြီဗျာ မှားတော့လည်းအတွေ့အကြုံကရပြန်ရော (အတွေ့အကြုံဖတ်
လိုက်ပါဗျား..ဟီး) ဘယ်လိုမှားပြီး ဘယ်လောက်မှားတယ်ဆိုတာ ဖတ်ကြည့်ပါဦးဗျာ ကို
ချစ်ဖေလေ သောက်သောက်စားစားနေတုန်းကတောင်မမှားဘူးဗျာ.ဟဲမှားချင်တော့ထမှား
နေတာ။

ဖတ်ပြီးရင် မရယ်နဲ့နော် ဂျိုကာကရယ်စရာလေးတွေ ရေးနိုင်ပါတယ်ဆိုလို့ဘာရေးရမလဲမ
သိဘူးဖြစ်နေတာပါ အဲ့ဒီနေ့ကအဖြစ်အပျက်လေးကိုတွေးမိပြီး တယောက်ထဲရီနေရလို့ဗျာ
အခြားသူတွေလည်း ရီရအောင်လို့ဗျာ မျှဝေလိုက်ပါတယ်။

ခွင့်တောင်းစရာမလိုတော့အောင်ရင်းနှီးသူ ချစ်ခင်ရတဲ့သူမို့ နောက် ကိုယ်ရေးကိုယ်တာတွေ
လဲထိခိုက်စရာမလိုဘူးထင်မိလို့ သူနဲ့ချက်ထားတာလေးတင်ပေးလိုက်ပါတယ် ဖတ်ကြည့်
ပါဦးဗျာ.ဟားဟား..me ဆိုတာက ကိုချစ်ဖေပေါ့ဗျာ.clearstalker86 တော့..ဟဲဟဲ.ဘယ်သူ
ဆိုတာငွေရောင်ပိတ်ကားပေါ်မှာ ဆက်လက်ရှုစားတော်မူကြပါလို့..


Chat with clearstalker86@gmail.com Reply |clearstalker86@gmail.com to me
show details Sep 22 (3 days ago)


11:53 AM me: အသည်းခွဲခံချင်တယ်ဆိုပြီး..
ဟဲ..ဇွတ်တိုးချစ်ရင်
clearstalker86: ommm
me: အချစ်သူရဲကောင်းဘွဲ့ပေးမယ်
clearstalker86: bro ka lal
hehe
11:54 AM me: အော.မှားပြန်ပြီ
clearstalker86: bro ka lal so bro ka lal naw
:D
me: လမင်းနဲ့
clearstalker86: ommm
bar ko mhar tar lal bro ya`
me: လမင်းကိုနောက်နေတာ
clearstalker86: omm
me: ကိုလမင်းကို
သိလား
clearstalker86: hote
thi woo
:D
11:55 AM me: အော်.မှားပြန်ပြီ
clearstalker86: hinn
mhar pyan p lar
me: ဟားဟား
အဲ့လို..လောလော လောလောနဲ့
11:56 AM ခု ညီမက ဘယ်သူပါလဲ.ဗျာ
11:57 AM clearstalker86: byar
bal nyima lal
hehe
me: ဟားဟား
ဓါတ်ပုံကိုကြည့်ပြီး
ဖြီးလိုက်တာ
မှားပြန်ပြီ
ဟားဟား
11:58 AM clearstalker86: myanmar ka pop bro ya`
:D
me: ရွှေမြန်မာအုပ်စုကပဲလား
clearstalker86: hint inn ma hote bu bro
11:59 AM me: အကောင့်တွေကဆင်တော့မှား
လို့
ကျနော်တို့ ဘယ်လိုသိတာပါလိမ့်..
12:00 PM clearstalker86: byar
MOS mhar pa` thi tar lay bro ka lal
forget twar p lar
hon hon
me: နစ်နိမ်းလေးပြောပြပါဦး
မှားမှာစိုးလို့..
clearstalker86: omm
me: ဟားဟား.ရှုပ်ကုန်ပီ.
clearstalker86: lamin lay bro ya`
:((
me: အာ..
12:01 PM သေတော့မှာပဲ
လမင်း မှတ်လို့နောက်တာ
clearstalker86: ko moe sal ka tot naw
:sutti
lamin pa` har ko
honnnnnnnnnnnn
me: လမင်းဖြစ်နေတယ်
ဟဲဟဲ
12:02 PM ဟိုနေ့က အသည်းခွဲခံချင်တယ်လို့ ကော်မန့်ပေးသွားတယ်လေ
clearstalker86: hehehe
ae` dar ka song sar thar par bro ya`
me: ဟားဟား
မှားမှမှားတယ်
12:03 PM မှားပြီးရင်းမှား
ထပ်ထပ်ပြီးမှား
clearstalker86: ko moe sal kyi ka tot
bar tway phit nay lal ma thi par bu
:mm
12:04 PM me: ဟားဟား
12:05 PM clearstalker86: hon hon
hin hin
:D
bar tway lote nay lal ko moesal ya`
me: အပြင်ကပြန်လာတာဗျာ
12:06 PM မနက်စောစော စာထရိုက်တယ်ဗျာ
clearstalker86: hote
me: ခု အပြင်ကပြန်လာတာပါဗျာ..
clearstalker86: exercise twar lote tar lar a pyin mhar
me: ဟုတ်.
12:07 PM clearstalker86: hote
kg pa byar
me: နည်းနည်းပါးပါးပေါ့..
မလုပ်ရင်
အန်တီမသောင်းညွန့်က ရိုက်မှာ
မကြိုက်ဘူး
လေ.
ကျန်းမာရေးဂရုစိုက်နေရတယ်
ဟီး..
12:08 PM clearstalker86: ommm
အန်တီမသောင်းညွန့်က bro chitthu lar
hehehehe
12:09 PM me: ဟုတ်ပဗျာ
12:10 PM clearstalker86: hote kg par byarrr
a yan chit tar pa` lar chithu ko
:D
me: ကိုချစ်ဖေက တယောက်ဆိုတယောက် ပိတောက်ဆိုပိတောက်လေ..ဟီး
12:11 PM အားလုံးကိုအဲ့လိုပဲပြောတယ်
clearstalker86: hehehe
pa dout chout mha nout ta york
ပိတောက်ခြောက်မှ နောက်တယောက်
:D
hehehehe
12:13 PM me: :D
တိုးတိုး
ကြားကုန်မယ်
လေ
ယောက်ကျားတို့လှို့ဝှက်ချက်ကို..ဟီး
12:14 PM clearstalker86: hehe
hote par p byar
me: နောက်တာနော်..တကယ်က အရမ်းအရမ်းကိုချစ်တတ်လို့
ကိုချစ်ဖေ ဖြစ်လာတာ
ဟားဟား
12:15 PM clearstalker86: hote
12:16 PM ae`
aku a di mhar bal time shi p lal
me: ၁၂း၁၆ နေ့လည်
တနင်္လာ
clearstalker86: omm
nay lal lar
12:17 PM awww
hote thar pa`
US na` ka
kya naw tot time na` ka
opposite pa`
me: တမြို့တနယ်စီမှာလေ.ပိတောက်နဲ့ချယ်ရီပမာ ပေါ့..
ဟီး
12:18 PM clearstalker86: hehe
hote pa hote pa bro yay

ခုလိုချက်ဖြစ်သွားတာ clearstalker86 မေးအကောင့်ဆိုတာ ကျနော့်ညီငယ်လိုချစ်ခင်ရတဲ့သူ
လေးပါ သူ့မေးမက်ဆေခ်ျမှာ ရေးထားတာကိုသွားနောက်လို့ ကျနော့်ကိုအသည်းခွဲခံချင်တယ်
အကိုရှာပေးပါလို့ လာနောက်သွားလို့ သူကိုလိုင်းပေါ်မှာပြန်တွေ့လို့ ကျနော်ကသွားနောက်တာ
ပါ

ခက်တာက အင်္ဂလိပ်အက္ခရာစီနဲ့စတဲ့သူငယ်ချင်းတွေက ကျနော့်မှာများတယ်ဗျာ မမှားအောင်
ကျနော်မှတ်ထားရတာ အဲ့ဒီနေ့ကမှားစရာမဟုတ်တဲ့ အမြဲတမ်းလဲတွေ့နေတဲ့သူ့ကိုမှားဖြစ်
အောင်ကိုမှားလိုက်တာ ယောက်ကျားလေး မိန်းကလေး ဘယ်နေရာမှာနေတယ် ဘယ်နေရာ
ကသိတယ် ဘယ်သူ့နဲ့ပိုခင်တယ် ဘယ်သူ့ရဲ့ဒုတိယမေးလ်အကောင့်ကဘယ်လို နောက်တချို့က
ဆင်တူရိုးမှားဗျာ.ကျနော်လည်းမှတ်တော့မှတ်တာပေါ့ နောက်နာမည်ကတမျိုး မေးနာမည်က
တမျိုးဆိုတော့ အကုန်မမှတ်မိတော့ပါ တချို့ကတခါတလေမှလာတာ တချို့ကအမြဲ အဲ့လိုလဲ
ရှိသေးတော့ ကျနော်ကရောသွားတာ(သူရာရေ အဲ့ဒီလိုမှားလို့ အသည်းကွဲတာလည်းအကြိမ်
ကြိမ် သူပြောတာ.ဟီးမဖွပါဘူး အကိုက စကားကြုံလို့)

အဲ့လို ဒါငါ့သူငယ်ချင်းပါ လမင်း ပါဆိုပြီးနောက်လိုက်တာ သူကလည်း ကိုချစ်ဖေနောက်မှန်းသိ
လို့ ပြန်ပြောတာကို လူမှားနေပြီလို့ကိုချစ်ဖေရွှေဥာဏ်တော်က ထူးထူးခြားခြားဖြစ်သွားတယ်
.အဲ့ဒါနဲ့အများပြည်သူသိတဲ့အတိုင်း.ဖြစ်သွားတာ.ဗျာ.ကိုချစ်ဖေ ကိုချစ်ဖေ….နောက်သူက အဲ့ဒီ
နေ့က သူ့ကောင်မလေးဓါတ်ပုံလည်း တင်ထားတယ်ဗျာ.နောက် ommm,ommm,hon.. နဲ့သူက
ပြောနေတော့ မိန်းကလေးတွေပြောတတ်တဲ့ hont တို့ hint တို့လိုထင်ပြီး အဲ့ဒါဇဝေဇ၀ါဖြစ်
သွားတာလည်းပါတယ်.(အမြဲတမ်းသူ့ပုံပဲမြင်နေကျဗျ ခေါင်းစွပ်ကြီးနဲ့ဘေးတိုက်ကြီးလေ သိ
ိတယ်မှလား အဲ့ဒီနေ့ကျမှ သူကကောင်မလေးလှလှပုံလေးတင်ထားသေးတယ်)

ဟိုက်..ငါလူမှားပြီလို့ထင်သွားတယ် လမင်းကယောက်ကျားလေးမှ ကျားကျားယားယား
ယောက်ကျားလေး ကိုချစ်ဖေက သူငယ်ချင်းမိန်းကလေးတယောက်ယောက်မှတ်ပြီးအားနာ
သွားတာ သူကလည်းသိပါတယ် သူ့ကိုမှားနေပြီဆိုတာ “ကိုလမင်းကိုသိလား”ဆိုတော့“သိ
ဘူး”တဲ့ အဲ့ဒီမှာပိုဆိုးသွားတာဗျာ.လမင်းမကောင်းဘူး..ဆိုးပ.အဲ့ဒါနဲ့အများပြည်သူသိတဲ့အ
တိုင်း.ဖြစ်သွားတာ.ဗျာ.အော်..ကိုချစ်ဖေ ကိုချစ်ဖေ…

(နောက်နောင်ကိုလည်း ကိုချစ်ဖေအဲ့လိုများမှားခဲ့ရင် ခွေးလွှတ်လိုက်ပါလို့-အဲ့ခွင့်လွှတ်လိုက်ပါ
လို့-ဘာပဲဖြစ်ဖြစ်လူပဲဗျာနော် မှားတတ်တာပေါ့.နောက်မှမှားတဲ့ပုံပြင်လေးကြားဖူးတာပြောဦး
မယ်ဗျာ..ဟီးဟီး)

Read more...

Tuesday, September 22, 2009

အတွေ့အကြုံ

တခါတုန်းက ရွာတရွာမှာ ရိုးသားတဲ့ နာမည်ကလဲ ကိုရိုးဆိုတဲ့သူရှိတယ်တဲ့ မိဘတွေဆုံးပါးသွားတော့ အမွေအသင့်အတင့်
ရလိုက်သတဲ့ ငွေကြေးပြေလည်တယ်ပေါ့ဗျာ မိဘတွေလက်ဆက်ပေးထားတဲ့ ဇနီးမယားလည်းရှိတယ်တဲ့
ကိုရိုးက ရိုးလည်းရိုး အ လည်း အ တော့ သူ့မှာရှိတဲ့ လယ်တွေ အတွင်းပစ္စည်းတွေကို သူများတွေက လိမ်လည်လှည့်
ဖျားပြီးယူလိုက်ကြတာ နှစ်အနည်းအတွင်းမှာပဲ ပစ္စည်းဥစ္စာတွေနဲ့ ဇနီးသားသမီးကိုပါ သူများတွေ လိမ်သွားကြတာကုန်
ပါရောတဲ့ ခက်တာက ကိုရိုးက သူတခါအလိမ်ခံရတိုင်း “အော်.အတွေ့အကြုံ အတွေ့အကြုံ.အတွေ့အကြုံရတာပေါ့ဗျာ”
လို့အမြဲပြောသတဲ့ သူကအတွေ့အကြုံလည်းလိုချင်နေသူကိုး အဲ့ဒီလိုနဲ့ သူမှာနောက်ဆုံးနေတဲ့အိမ်လေးပါ ပြောင်သွား
တယ် ကိုရိုးကတော့ အေးအေးပဲ ဆေးတံလေးခဲပြီး နေတာပါပဲ သူအိမ်ပေါ်ကဆင်းရတော့မဲ့အချိန်မှာတော့
အမြင်မတော်တဲ့ ရွာသူကြီးက “ကိုရိုးကတော့ခက်ပြီ ဘာမှလည်းမလုပ်တတ် မကိုင်တတ်နဲ့ တော်ကြာလူပါ
လိမ်ပြီးသူများခိုင်းတာလုပ်ရတော့မယ်”တဲ့ ဒီတော့အိမ်ခေါ်ထားမှ ဆိုပြီးတွေးမိသတဲ့ အဲ့ဒါနဲ့ သူကြီးက သူ့ရွာက ကာလသားခေါင်း ကိုမောင်တင်ကို ကိုရိုးကိုသွားခေါ်ခိုင်းတယ်တဲ့ ကိုရိုးကိုသူ့အိမ်မှာလာနေဖို့ ကာလသားခေါင်းကို
မောင်တင်ကိုလွှတ်လိုက်သတဲ့ ကိုမောင်တင်လည်း ကိုရိုးကိုသွားခေါ်တာပေါ့ အကျိုးအကြောင်းလည်းပြောပြတာပေါ့ ကိုရိုးလည်း သူ့မှာကျန်တဲ့ ပစ္စည်းလေးတွေကို
စုပြီးကိုမောင်တင်နောက်လိုက်လာသတဲ့ လမ်းကျတော့ကိုမောင်တင်က တခုစဉ်းစားမိသတဲ့“ကို
ရိုးကို ရွာကလူတွေ တော်တော်များများလိမ်လိုက်ကြတာ အကုန်လုံးပါသွားပြီ ငါကတခုမှမလိမ်
ရသေးဘူး ငါလည်းလိမ်မှပဲ ”လို့တွေးမိသတဲ့ အဲ့ဒါနဲ့ ကိုမောင်တင်က “ ဟာ ကိုရိုးခင်ဗျားကိုပြော
ရဦးမယ် မေ့နေတာ ခု ခင်ဗျားဆီကလိမ်သွားတဲ့သူတွေက တချို့စီးပွားဖြစ်ကုန်ပြီး ရွာကိုပြန်
လာကြတယ် ရွာထိပ်ကညောင်ပင်ကြီးအောက်မှာ သူတို့လူစုပြီး ခင်ဗျားကိုကျေးဇူးပြန်ဆပ်ဖို့
တိုင်ပင်နေကြတယ် ခုခင်ဗျားသွားတွေ့လိုက်ရင် သူတို့အတော်ဝမ်းသာသွားမှာ”လို့ပြောသတဲ့
ကိုရိုးလည်း “ဟာ.ဟုတ်လား ခွင့်လွှတ်ပါတယ်ဗျာ ခွင့်လွှတ်ပါတယ် ကျနော်လည်းအတွေ့အ
ကြုံတွေရတာပေါ့”တဲ့ ခုပဲသွားလိုက်မယ်ဗျာတဲ့ ပြောပြီးကိုရိုးက သူ့အထုပ်လေးဆွဲပြီးသွားမလို့
ပြင်တာပေါ့ဗျာ ဒီတော့ ကိုမောင်တင်က “ဟေ့လူ ကိုရိုးခင်ဗျားအထုပ်က လေးပါတယ်ဗျာထား
ခဲ့ထားခဲ့ ကျနော်ဒီကစောင့်နေမယ်”လို့ပြောတော့ ကိုရိုးက “အော် ဟုတ်သားပဲ ပြီးတော့မှသူ
ကြီးကို ကျနော်ကျေးဇူးတင်ကြောင်းလည်းလာပြောရဦးမယ်ခင်ဗျားသွားနှင့်ဗျာ”လို့ပြောပြီးရွာ
ထိပ်ကညောင်ပင်ကြီးဆီကိုပြေးသတဲ့ ဟိုရောက်တော့ဘယ်သူ့မှမတွေ့မှ သူအတွေ့အကြုံတခု
ထပ်ရပြီဆိုတာသိတယ်လေ ကိုရိုးကတော့အေးအေးပါပဲ သူကြီးအိမ်ကိုလိုက်လာပြီး“သူကြီး
ရာ ကျနော်ခုတခါ ကျနော်ရတဲ့အတွေ့အကြုံကတော့တော်တော်ပညာသားပါတယ် ကျနော်
လည်းအတွေ့အကြုံ အတော်များနေပါပြီ ခုကာလသားခေါင်းကိုမောင်တင်လိမ်သွားတာက
တော့ပညာသားအပါဆုံးပဲဗျာ ကျနော့်အတွေ့အကြုံတွေကြားထဲက လိမ်သွားတာပညာပါ
သဗျာ”လို့ပြောပြီးဆေးတံလေးထိုင်သောက်နေသတဲ့.ဗျာ သူကြီးလည်းအဲ့ဒါနဲ့စိတ်ဆိုးပြီး
“ပညာလိုချင်ဦးကွာ အတွေ့အကြုံလိုချင်ဦးကွာ” ဆိုပြီးထရိုက်တော့တယ်တယ်တဲ့။

မှတ်ချက်။ ။ကိုချစ်ဖေသူငယ်ချင်းအကိုတယောက်က ကိုချစ်ဖေက တခုခုခံရတိုင်း
အတွေ့အကြုံရတာပေါ့အကိုရယ် အတွေ့အကြုံရတာပေါ့အကိုရယ် ပြောလွန်းလို့ ပြောပြ
ခဲ့သောပုံပြင်လေးပါ ခုလည်းခုရက်ပိုင်းအတွင်းကိုချစ်ဖေ အတွေ့အကြုံတွေထပ်ထပ်ရနေ
လေရဲ့ဗျာ။

Read more...

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP