Showing posts with label ခံစားမိရာ-ကဗျာ. Show all posts
Showing posts with label ခံစားမိရာ-ကဗျာ. Show all posts

Monday, December 28, 2009

အစ်ကို






အစ်ကို

တနေ့ကျတော့
စာသင်ခန်းထဲမှာ ဆရာမက
ကျောင်းသားလေးတယောက်ကို ထခိုင်းပြီး
မေးခွန်းတခုမေးတယ်
မင်းကြီးလာရင် ဘာဖြစ်ချင်သလဲတဲ့
ကျောင်းသားလေးက ထရပ်ပြီး
ဆရာမကို အကြာကြီးစိုက်ကြည့်နေတယ်

ပြီးမှလေသံတိုးတိုးလေးနဲ့ ဖြေလိုက်ရဲ့
(နားထောင်စမ်းပါ)
“ကျနော်ဟာ ခြေတဖက်ဆာနေတဲ့ ကောင်လေးတယောက်
ဖြစ်ချင်ပါတယ်” တဲ့

ဆရာမက တအံ့တသြနဲ့
ကျောင်းသားလေးကို ကြည့်ကာ
ဘာဖြစ်လို့လဲ သားတဲ့
ထပ်ပြီးမေးလိုက်ပေါ့

ဒီတော့ကျောင်းသားလေးက
အရည်လဲ့နေတဲ့ မျက်လုံးအစုံကို ပုတ်ခတ်ပြီး
ဦးခေါင်းကို ငုံ့ကာ
ဆရာမကြားနိုင်ရုံ တိုးတိုးလေး ပြောလိုက်တယ်
“ကျနော့် ညီမလေးက ခြေတဖက်မသန်ဘူး
ဆရာမ” တဲ့

နေမျိုး
(ရုပ်ရှင်တေးကဗျာ-အောက်တိုဘာ ၂၀၀၁)

Type the rest of your post here.

Read more...

Wednesday, December 16, 2009

ရည်းစားစာ

















်




ရည်းစားစာ

ကျနော့်ရဲ့
မခင်သစ်ပင်။

အချစ်ဆိုတာပွဲလမ်းသဘင်ဖြစ်ရင်
ကျနော်နဲ့ မခင်သစ်ပင်ရဲ့ဇာတ်မှာ
ဘယ်သူကန့်လန့်ကာလဲ
တောတောင်လျှိုမြောင်ပိတ်ကားရှေ့
ကျနော်အော်ခေါ်နေတာ
အနှစ်သုံးဆယ်။


မခင်သစ်ပင်။
ဇာတ်လမ်းအရ ငိုချင်လည်းငိုရမယ်
ပျော်ချင်လည်း ပျော်ရမယ်
ကျနော် တယောမထိုးတတ်ဘူး
ရောမမြို့ကြီး မီးလောင်ရင်လည်း
ကြည့်မနေနိုင်ဘူး
ကျနော်ဟာ သာမန်လူဖြစ်ပြီး
ကျနော်ဟာ ချစ်တတ်လို့။

မခင်သစ်ပင်
ကျနော်တို့ နှစ်ယောက်ကြား
ဘာကြောင့် ဘာသာပြန်တယောက်ခေါ်ထားသလဲ
ကျနော်က ချစ်ခြင်းမေတ္တာကို အမှီအခိုကင်းချင်တယ်
ခင်ဗျားက ရင်ခုန်သံကို ဈေးကြီးကြီးရချင်တယ်
မုဆိုးတပိုင်း မိန်းမရိုင်းတွေဘာတွေလဲ
ခေတ်မရှိတော့
အင်ကြင်းပင်ကလည်း ရှာရခက်တယ်

ကျနော့်ရဲ့မခင်သစ်ပင်
မခင်သစ်ပင် ပွင့်ပြမှာလား
ကျနော် ခုတ်ပစ်ရမှာလား
ဒါမှမဟုတ် ဘုရားမှာ လှုမလား
ကျနော်နဲ့ ခင်ဗျားကြားမှာ
ပန်းတပွင့်ခြားနေတယ်။ ။

ဝင်းမြင့်
(ရင်ဝေးကြယ်မှကူးယူဖေါ်ပြပါသည်)

Read more...

Tuesday, December 15, 2009

မုန်တိုင်း









မုန်တိုင်း

တခါက
သစ်ရွက်ကပါးချလို့
မျက်ရည်ကျခဲ့ရတဲ့ငါပါ
ခု...ဟော့ဟို တောအုပ်ကို
တပင်ခြင်း ဆွဲနှုတ်ဖို့
ငါပြန်လာခဲ့ပေါ့။ ။

(1990-ကျော်နှစ်တွေ.အနောက်ရိုးမရဲ့တောင်စွယ်မြို့လေးမှာ.တောရဆောက်တည်ခဲ့တုန်းက
စစ်အစိုးရစပါးကြီးမြွေတကောင်ရဲ့ ၀မ်းဗိုက်ထဲမှာ.အလှောင်ခံခဲ့ကြရတုန်းက.
တောရကအပြန် သူငယ်ချင်းကဗျာဆရာ
တယောက် ရေးခဲ့တာပါ.သူ့နာမည်ကိုတော့.ဖေါ်ပြဖို့ ခွင့်ပြုချက်မတောင်းခဲ့လို့.ပြည်တွင်းမှာလည်းနေထိုင်သူမို့ပါ)

Type the rest of your post here.

Read more...

Saturday, November 14, 2009

သူရဲကောင်း သွေးသွန်းပန်းပုသစ် လှလှပပ ထုဆစ်သွားခဲ့တယ်- မောင်လှဝင်း (မြင်းခြံ)

ကိုအောင်ကျော်မိုး (၄၈၂၈) ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ရဲဘော် သူကျဆုံးသွားပုံ ကို သတင်း
အားဖြင့်သာ ကြားခဲ့ရဖူးပြီး ခု ကိုလှဝင်းရဲ့ ဂုဏ်ပြုကဗျာ ဖတ်မိတော့မှ တချို့သော အချက်တွေ
သေချာသိလာခဲ့ရပါတယ်.ထောင်ဆိုတာ အမြဲတမ်း မတရားနေမှတော့ ဘယ်လိုတုန့်ပြန်မှုပဲ ဖြစ်
ဖြစ် တရားပါတယ်ဗျာ.ကိုအောင်ကျော်မိုး မသေ။ ဖိနှိပ်မှု ကို ခုခံတဲ့ တိုက်ပွဲတွေ ပြင်းထန်တိုင်း
သူ တာဝန်ကျေခဲ့ခြင်း အတွက် သူပြုံးနေလေဦးမည်။ သူကျေနပ်နေပေဦးမည်။

ရဲဘော်သက်တော်ရာကျော် ရှည်ပါစေ..
(နေ့သစ် ၀က်ဆိုဒ်မှ ထပ်မံကူးယူဖေါ်ပြပါသည်)


သူရဲကောင်း သွေးသွန်းပန်းပုသစ်
လှလှပပ ထုဆစ်သွားခဲ့တယ်
မောင်လှဝင်း(မြင်းခြံ)
Thursday, November 12, 2009


“မပြီးဆုံးသေးတဲ့
တော်လှန်ရေးလမ်းခရီး
ပညာတတ်တို့ ပါဝင်ပေါင်းစည်း
အချည်းနှီးမဟုတ်
ပစ္စည်းမဲ့တို့ရဲ့ ပခုံးရိုးကို ပုတ်လို့
လှုပ်နှိုးထားခဲ့လိမ့်မယ်”
(လီနင်)


လီနင်ရဲ့
သွန်သင်စကား
နှလုံးသားမှာ သိမ်းဆည်းထား
နှုတ်ဖျားက တဖွဖွ ရွတ်ဆိုခဲ့တဲ့...သူ။

၁၉၉၈ မေလ ၅ ရက်
နံနက်ခင်း
လင်းအရုဏ် ရောင်ခြည်မျှင်က
အကျဉ်းခန်းထဲ ဖွဖွလေး တိုးဝင်လာတဲ့အချိန်
“အလင်း”ကို သူ ဖူးတွေ့ဦးခိုက်လိုက်တယ်
“နေလိမ္မော်”ကို သူ မျှော်ရည်
နှုတ်ဆက်လိုက်တယ်
သူ့လက်က သံတိုင်များကို
ပြတ်သားတဲ့ သန္နိဋ္ဌာန်နဲ့
တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ကာ
လှိုက်လဲ လေးနက်စွာ
သူ သီဆိုလိုက်ပါပြီ
“ထလော့...အငတ်ဘေး ကျရောက်သူ
တို့တတွေ
ထလော့...ကမမ္ဘာတဝှမ်းက
ကျေးကျွန်တွေ” ...။

တကမမ္ဘာလုံး မကြားပေမယ့်
သာယာဝတီ ထောင်တံတိုင်းများအား
သူ့ တေးသံ ပျံ့လွင့်ရိုက်ခတ်သွား
ပါးကွက်သားတို့ တုန်လှုပ်ခြောက်ခြား
ပြေးလွှားသတင်းပို့ကြ
တိုက်ပွဲ စခဲ့ပြီ။

“အကျဉ်းသားထုအခွင့်အရေး-
အပြည့်အဝပေး”
မပေးလို့ ဖီဆန်တော်လှန်
အစာငတ်ခံတိုက်ပွဲ
စစ်အုပ်စုကို ရဲရဲကြီး စိန်ခေါ်လိုက်ပြီ။

ဘဝက တော်လှန်တဲ့ ပညာတတ်
ဖတ်တာက မာ့က်စ်ဝါဒ
စိတ်ဓာတ်က ပစ္စည်းမဲ့
“ကျွန်တော်တဦးတည်းရဲ့ ကိုယ်စားပြုမှုဟာ
ဗမာပြည် ကွန်မြူနစ်ပါတီပါ”တဲ့
သူ ရဲရဲ ကြွေးကြော်ခဲ့။

ထိတ်ပျာတုန်လှုပ်
ထောင်အာဏာပိုင်လူယုတ်တို့
စုတ်ပဲ့တဲ့အကြံဉာဏ်နဲ့
‘အစာငတ်ခံတိုက်ပွဲ’ ကို ဖြိုခွဲဖို့
စဉ်းလဲကောက်ကျစ်ကြပြီ။

“ရေဖြတ်ကြသတဲ့လား”
ပြည်သူကို ချစ်တဲ့
ပြည်ချစ်ဘက်တော်သား
မီးစားတောင် ခံဝံ့တဲ့ သံမဏိ ကွဲ့
အစာနဲ့ ရှင်သန်နေတာမဟုတ်
စိတ်ဓာတ်နဲ့ ရှင်သန်နေတာ
ရေနဲ့ ရှင်သန်နေတာမဟုတ်
ယုံကြည်ချက်နဲ့ ရှင်သန်နေတာ
“အသက်ရှူရပ်အောင် လေကိုပါ
ဖြတ်ကြဦးမလား”
တိုက်ပွဲကိုတော့ မရပ်
“သတ်လှည့်ကြဟေ့”
ပစ္စည်းမဲ့တို့ရဲ့ ဂုဏ်ကို မညှိုးနွမ်းစေရ
သေမင်းနှုတ်ခမ်းကိုသာ နမ်းရှိုက်မယ်။

“ရေဖြတ်ကြသတဲ့လား”
သူ့မှာ
အစာမရှိ အားမရှိ
ဒါပေမဲ့ တော်လှန်တဲ့ အားမာန်အပြည့်။

“ရေဖြတ်ကြသတဲ့လား”
သူ့မှာ ရေမရှိ
တစက်...တစက်...
ရေတစက်
ရေရဲ့ အသက် တမနက်
ရေတစက်ရဲ့ ထုထောင်းမှုဟာ
ထုထောင်းနေတဲ့
တချက်ချင်း...တချက်ချင်းမှာ
ပြင်းသထက် ပြင်းထန်လာ။

“ရေဖြတ်ကြသတဲ့လား”
ရေရဲ့ခြိမ်းခြောက်မှု အမှောင်ထုထဲ
တိုက်ပွဲဆင်ရတာဟာ
အခေါဘဏီတပ်ကြီးနဲ့ တိုက်နေရတဲ့ ပမာ...
မိုးသက်မုန်တိုင်းကြီး သုံးခု
စုစည်းထိုးနှက်ခံရတဲ့ပမာ...
ကျောက်တံတိုင်းကြီး ခုနစ်ခု
တခုချင်းခေါင်းနဲ့ ထိုးဆောင့်နေရတဲ့ပမာ...
သည်းအူသွေ့ခြောက်
အာတွေ လျှာတွေ မီးလိုတောက်
ခန္ဓာကိုယ် ပေါက်ကွဲပွင့်ထွက်မတတ်
ရေငတ်နေတဲ့ ခုလိုအချိန်မှာ
ကမ္ဘာပေါ်မှာ အချိုမြဆုံးအရသာ
လျှာပေါ်တင်လာတဲ့ ရေတစက်ပဲ ဖြစ်မှာပါ
ဒါပေမဲ့...မသောက်...မသောက်...
ရေ လုံးဝမသောက်
အသဲ မီးလို တောက်နေသလို
ဇွဲလဲ မီးလို တောက်တယ်ဟေ့။

“ရေဖြတ်ကြသတဲ့လား”
တစက်...တစက်...
ရေတစက်...
သူ့အိပ်မက်ထဲမှာ
အနာဂတ် နိုင်ငံတော်သစ်နဲ့
ရစ်ခွေစီးဆင်းနေတဲ့
စမ်းချောင်းလေးတခုလေ...
စမ်းရေအေးမြ
သူ တဝကြီး သောက်ပစ်လိုက်တယ်။

စိတ်ဓာတ်က သံမဏိလိုမာပေမယ့်
ခန္ဓာကိုယ်က ရေမရလို့
အဖျား စ ဝင်လာပြီ။

သူ မမြင်တာ မဟုတ်
မြင်တယ်...
သေမင်းကို သူ မြင်တယ်
ရဲရဲလဲ ကြည့်တယ်
သူ့အကြည့် စူးရှလွန်းတော့
အနာဂတ်အလင်းကိုလည်း
ဖောက်ထွင်းမြင်တယ်
စိုးမိုးနေတဲ့ အမှောင်ထုကို
မြင့်မြတ်မှုနဲ့ဖြိုခွဲခဲ့တဲ့
နောင်တော်တို့ရဲ့ ဂုဏ်ကျက်သရေကိုလည်း
သူမြင်နေတယ်
သေမင်းဆီ တည့်တည့်
မထီတရီ အပြုံးနဲ့
သူ
တည်ငြိမ်စွာ တလှမ်းချင်း ... ...။

အာဏာပိုင်တွေက
တိုက်ပွဲကို ဖြိုချဖို့
ရေဖြတ်လို့လဲ မရ
ချော့မြှူလို့လဲ မရ
“သည်တဦးသေသွားက
တိုက်ပွဲမှာ သူတို့ရှုံးရပြီ
စိတ်ဓာတ်အရ
သူတို့ ရှုံးပြီ”
မရှုံးမီအတွင်း
အချိန်မီချက်ချင်း
အတင်း ဆေးကုသ
အပ်တွေစိုက်
ပိုက်တွေသွင်း
ဆေးပုလင်းတွေ ချိတ်။

သူကလဲ
သေမင်းထံ
အသက်အပ်နှံထားပြီးသား
အပ်စိုက်မခံ ငြင်းဆန်
ဆေးပုလင်းတွေ တွန်းဖယ်ပစ်
ပိုက်တွယ်တာတွေ ဖြုတ်
ဒူးမထောက် နောက်မဆုတ်
တောက်ပတဲ့ ဂုဏ်ပုဒ်
မြင့်မြတ်တဲ့ အရောင်အသွေး
အသက်ပေးပြီး
လှလှပပ ရေးခြယ်သွားတယ်။

အသက်ပေးသူက
အောင်ပွဲရခဲ့တာ
တနေ့သောအခါ
ပို သိလာကြလိမ့်မယ်။

၈ ရက်နေ့ည
သူ့အလောင်းအား၊ အမှောင်ထုကြားကနေ
ခိုးကြောင်ခိုးဝှက် ကပ်နဲ့သယ်ထုတ်သွား
ကြေးစည်မထု တရားမနာ
မြှုပ်နှံမထင်မရှားသာ
ဒါပေမဲ့
သူရဲ့သေခြင်းကား
မြင့်မြတ်သည်နှင့်အမျှ ခမ်းနား
ခမ်းနားသည်နှင့်အမျှ ဂုဏ်ရောင်ပြောင်
သူကိုင်ဆောင်ခဲ့တဲ့ သည်အလံကို
ဆက်ခံမယ့်လူငယ်တွေ …
ဟောဟိုမှာ … လာပြီ … လာနေပြီ
တပ်ကြီးချီလို့ လာနေကြပြီ။

တိုက်ပွဲမပြီးသေးတဲ့
လမ်းခရီးမှာ
တကမ္ဘာလုံး သိကြားအောင်
အော်ဟစ်ပြောကြားလိုက်ချင်တယ်
“ရဲဘော်ရေ … ဂုဏ်ယူတယ် သင့်အတွက်”။

(သာယာဝတီထောင်အတွင်း ၁၉၉၈ တိုက်ပွဲမေလ ၈ ရက်နေ့ ညက အစာငတ်ခံတိုက်ပွဲဝင်ရင်း ဂုဏ်ပြောင်စွာ ကျဆုံးသွား ခဲ့ရသော “၄၈၂၈ ရဲ ဘော်” ကိုအောင်ကျော်မိုးကို ဂုဏ်ပြုဖွဲ့ဆိုပါတယ်။)

ပြည်သူ့ သူရဲကောင်းများနေ့ ဇူလိုင်(၃၀) အထိမ်းအမှတ်ကဗျာများမှ
http://www.cpburma.org

Read more...

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP