Monday, December 28, 2009

အစ်ကို






အစ်ကို

တနေ့ကျတော့
စာသင်ခန်းထဲမှာ ဆရာမက
ကျောင်းသားလေးတယောက်ကို ထခိုင်းပြီး
မေးခွန်းတခုမေးတယ်
မင်းကြီးလာရင် ဘာဖြစ်ချင်သလဲတဲ့
ကျောင်းသားလေးက ထရပ်ပြီး
ဆရာမကို အကြာကြီးစိုက်ကြည့်နေတယ်

ပြီးမှလေသံတိုးတိုးလေးနဲ့ ဖြေလိုက်ရဲ့
(နားထောင်စမ်းပါ)
“ကျနော်ဟာ ခြေတဖက်ဆာနေတဲ့ ကောင်လေးတယောက်
ဖြစ်ချင်ပါတယ်” တဲ့

ဆရာမက တအံ့တသြနဲ့
ကျောင်းသားလေးကို ကြည့်ကာ
ဘာဖြစ်လို့လဲ သားတဲ့
ထပ်ပြီးမေးလိုက်ပေါ့

ဒီတော့ကျောင်းသားလေးက
အရည်လဲ့နေတဲ့ မျက်လုံးအစုံကို ပုတ်ခတ်ပြီး
ဦးခေါင်းကို ငုံ့ကာ
ဆရာမကြားနိုင်ရုံ တိုးတိုးလေး ပြောလိုက်တယ်
“ကျနော့် ညီမလေးက ခြေတဖက်မသန်ဘူး
ဆရာမ” တဲ့

နေမျိုး
(ရုပ်ရှင်တေးကဗျာ-အောက်တိုဘာ ၂၀၀၁)

Type the rest of your post here.

2 comments:

ကိုကျောက် December 28, 2009 at 3:19 PM  

အဲဒါလေးဖတ်ဖူးတယ်ဗျ..
ကိုချစ်ဖေကြီး..ပြန်ရှာတွေ့လာတော့ ထပ်ဖတ်ရတာပေါ့

ကလူသစ် December 30, 2009 at 5:08 AM  

မဖတ်ခဲ့ဘူးဘူးဗျာ။ ရေးလိုက်တာ ထိလိုက်တာ heart

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP