Wednesday, December 30, 2009

နှစ်သစ်ကြို ကြောင်တကောင်ရဲ့ အတ္ထုပ္ပတ္တိ





နှစ်သစ်ကြို ကြောင်တကောင်ရဲ့ အတ္ထုပ္ပတ္တိ

တောင်ပေါ်တက်လို့တက်
တောင်အောက်ဆင်းလို့ဆင်း
ဖြစ်ချင်ရာဖြစ်
ဘရိတ်မရှိတဲ့ကားကြီးလို..

အွန်လိုင်းပေါ်ကိုတက်
ချက်တင် အတင်းဝင်လို့ဝင်
ခံတွင်းပျက်နေတဲ့ကြောင်
တောဝင်သလို…

တတောင်တက် တတောဝင်နဲ့
မိုင်တိုင်လေးဆယ်တော်တော်ကြီးကျော်
ပြေးကြည့်လို့ အချစ်မရှိတဲ့ကောင်
ကြောင်တကောင်လို ကြောင်တောင်တောင်

လာပြန်ပြီဟေ့..
၂၀၁၀ …
၂၀၁၀ မှာ
အရင်နှစ်တွေလို
မဖြစ်စေရသောဝ်..
ခံတွင်းတော်တော်ပျက်တဲ့ကြောင်။ ။

ကိုချစ်ဖေ

သူငယ်ချင်းကဗျာဆရာမနှင့် စကားစမြည် တောအကြောင်းတောင်အကြောင်း ပြောရင်း ကြောင် တကောင်ရဲ့ အတ္ထုပ္ပတ္တိ ကိုခံစားရပါကြောင်း နှစ်သစ်မှာရွှင်လန်းကြပါစေသော်..

7 comments:

ကိုလူထွေး December 30, 2009 at 1:38 AM  

နှစ်သစ်မှာ ကွန်ပစ်ပြီး ငါးဖမ်းမလား စိတ်ကူးမိတယ်...
ဆီရှားတော့လည်း ကင်စားကြတာပေါ့...

းဝ)

ကိုချစ်ဖေ December 30, 2009 at 9:42 AM  

ကလူသစ် မန့်တာပျောက်သွားတယ်ဗျာ..ဘာနှိပ်မိလဲမသိ..စိတ်မကောင်း..

Ko Toe Gyi ( Multiply Boo Boo Gyi ) December 30, 2009 at 2:25 PM  

အွန်လိုင်းပေါ်အတင်းတက်
ချက်တင်တွေ အတင်းဝင် လို့ 
ခံတွင်းပျက်နေတဲ့ ကြောင်တကောင်တော့ မဟုတ်ရပါဘူး ဆရာသမားရယ်
တထောင်ဝင် တထောင်ထွက်နဲ့ 
၂ထောင်ပြန် မောင်မောင်တိုး
၂၀၁၀ မှာ အရင်နှစ်တွေထက်
ပိုဆိုးမှာ သေချာတယ်

Nge Naing December 30, 2009 at 3:43 PM  

Happy New Year! 2009 ကို နှုတ်ဆက်ခဲ့ပါတယ်။ နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ။ ကျွန်မ Face Book မှာ မိတ်ဟောင်းဆွေဟောင်ေးတွနဲ့ တွေ့ပြီး အလွမ်းသယ်နေတာရယ်၊ အိမ်မှာ ကျေးဇူးရှင် နှစ်ယေက်နဲ့ ကွန်ပြူတာကို အလှည့်ကျ သုံးနေရတာရယ်ကြောင့် နောက်ပိုင်း ပို့စ်တွေကို ဖတ်ဖြစ်ခဲ့ပေမဲ့ သုတ်သုတ်သွား သုတ်သုတ်ပြန်နဲ့ မှတ်ချက်မရေးဖြစ်ခဲ့ဘူး။

ရွှေရတုမှတ်တမ်း December 30, 2009 at 7:08 PM  

မိတ်ဆွေကြီးအတွက်..ဇရက်တောင်ပံကျိုးလေးရှာထားပေးဦးမှ

မယ့်ကိုး December 31, 2009 at 2:01 AM  

အစ်ကိုချစ်ဖေ...
နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့လို့ လိုတရပါစေ :)

ခင်မင်လေးစားစွာဖြင့်

ချစ်ကြည်အေး January 3, 2010 at 12:52 AM  

ကြောင်ကဗျာလေး...ဖတ်တွားပါတယ်... အကို...:D

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP