Thursday, December 31, 2009

ကိုချစ်ဖေရဲ့ ၂၀၀၉ မှ ၂၀၁၀ နှစ်များ

ကိုချစ်ဖေရဲ့ ၂၀၀၉ မှ ၂၀၁၀ နှစ်များ

ဘလော့မိသားစုတွေနေတဲ့ ရပ်ကွက်ထဲ ကိုချစ်ဖေ မယောင်မလည်နဲ့ရောက်လာခါစ ရပ်ကွက်
ထဲ ဟိုကြည့်ဒီကြည့် သိတဲ့သူတွေကလဲ အိမ်ကိုဖိတ် ကိုချစ်ဖေကလဲ အတင်းဝင်လည်တဲ့ အ
ခါဝင်လည်နဲ့ ဟိုကဒီက ကမ္ဘာပျက်မယ် ကမ္ဘာပျက်မယ်လဲကြားနေရတော့ တထိတ်ထိတ်နဲ့ပေါ့.
နောက်တော့ ရပ်ကွက်ထဲမှာဒီလိုပဲရှိတယ် ဆိုတာသိသွားမှ အကြောက်ပြေပေါ့.


ကိုချစ်ဖေက ဒီဘလော့ဆိုတာကြီးကို စသိတာကတော့ ၂၀၀၆ ထဲကပါ အတူနေသူငယ်ချင်း
မောင်ချမ်းမှိုင်းရယ် ဂျပန်ကညီငယ် မျောက်ခုနှစ်ကောင်ရယ် ပြောပြခဲ့တာ မျောက်ခုနှစ်ကောင်
ကဆို လုပ်တောင်ပေးခဲ့သေးတယ် ကိုချစ်ဖေကလဲ အကောင်ကြီးပြလို့ အရိပ်ကြည့်မစရာမလို
တော့ဘူးလို့ ထင်တဲ့သူ ကွန်ပြူတာဆိုတာ ရွာကတယ်လီဗေးရှင်းအသေးစားလေးမှာ စာရိုက်
လို့ရတာလေး ပိုတဲ့ဟာပဲထင် အင်တာနက်ဆိုတာကြီးကလဲ အီးလ်မေးပို့မဲ့သူရှိမှရယ် အသုံးတဲ့
တာပါ ကိုယ်က ဘိုစာလဲမတတ်ဘာမတတ်နဲ့ သိပ်တော့ အသုံးဝင်လိမ့်မယ်လဲ မမျှော်လင့်ပါ
ဘူး။

နောက်တော့ ၂၀၀၇ သံဃာတော်တွေ မေတ္တာပို့လမ်းလျှောက် တော့မှ သတင်းလေးဘာလေး
ကြည့်တတ်လာတာ နောက် ဘလော့ဂါဆိုတာ ဘလော့ဆိုတာတွေ တွင်တွင်ကြားဖူးလာတာပါ
တော်တော်အသုံးဝင်မှန်းတော့ သိလာသား နအဖ စစ်အစိုးရမင်းကြီးတွေ မကြိုက်တဲ့စာ ရေး
လို့ သတင်းတင်လို့ရတဲ့အရာမှန်းသိလာတော့ နည်းနည်းတော့ စိတ်ဝင်စားလာတယ် ကိုယ်က
မြန်မာလိုလဲ စာကကောင်းကောင်းမရိုက်တတ် ဘယ်ကနေဘယ်လိုလုပ်လို့ရမှန်းလဲမသိတဲ့အ
ချိန် သူငယ်ချင်းကိုရန်နောင်က ဘလော့ဂါတွေစာရေးကောင်းကြောင်း ဖတ်စရာမှတ်စရာတွေ
အများကြီးရှိကြောင်း သေသေချာချာ လင့်ပါပေးလာပြီးဖတ်ခိုင်းတော့မှ အော ဂလိုပါလားလို့ပို
သိသွားတာလေ။

အဲ့ဒီတုန်းက အမကြီးမခင်မင်းဇော်တို့ အမကြီးမမိုးချိုသင်းတို့ကတော့ ခုကိုချစ်ဖေ မျောက်အုံး
သီးရ သလို တဖောင်ဖောင်ရေးနေတဲ့အချိန်ပေါ့ (အမကြီးလို့ ခေါ်ရတာကသူတို့က ဘလော့
လောကမှာ အထင်ကရတွေလေ.အပြင်မှာတော့ အသက်ငယ်တာပေါ့ တော်ကြာသူတို့ကို အသက် ၅၀တန်းတွေလို့ သွယ်ဝိုက်ပြောသလို ဖြစ်နေလို့ ဒေါပွနေဦးမယ်) ကိုချစ်ဖေကတော့ စီဘောက်ထဲလဲ မရေးတတ် ကော်မန့်လဲ မရေးတတ် (တကယ်က မှားနှိပ်မိရင် ကွန်ပြူတာကြီးမှ ပျက်သွားမလားနောက် မြန်မာလိုလဲ စမ်းတ၀ါးဝါး ရိုက်နေရချိန် ဆိုတော့ မရေးတတ်တော့ မရေးဖြစ်ပေမဲ့ ဖတ်လို့ရမှန်းတော့ သိလာပြီ) ကိုနေဖုန်းလတ်ကလဲ နှစ်၂၀ တွေဘာတွေကျတော့ တော်တော်အထင်ကြီးလာပြီ ဘလော့ဂါတွေကို အားကျလာပြီ ကျည်ကွယ်မျက်ကွယ်ကနေ ထဆဲနေတဲ့သူတွေ ထက် မတရားဓါးမိုးထားတဲ့အောက်ကနေ မျက်စောင်း ပြန်ထိုးရဲတယ် ခုခံဖို့ပြင်ဆင်ရဲတယ်ဆို နည်းတဲ့သိတ္တိမှတ်လို့လေ။

နောက် ဆရာကိုမိုးသီးဇူလိုင်တို့ ဆရာဒေါက်တာလွမ်းဆွေတို့ ဆရာနစ်နေမန်းတို့ ဆီမှာလဲ သ
တင်းတွေ သွားဖတ်ဖြစ် ဆရာမိုးသီးဇူလိုင် ဘလော့ဆို စုံနေတာပဲ ဟုတ်တာတွေရော မဟုတ်
တာတွေရော ရောချတာတွေရော ညာသံပေးတာတွေရော ဆိုတော့ မအားဘူးဆိုတဲ့ကြားက မ
သွားတော့ပါဘူး ဆိုတဲ့ကြားက သွားသွားဖတ်ရသေးပေါ့။

နောက်ကိုချစ်ဖေကလဲ ကဗျာရူးစာရူးဆိုပေမဲ့ ဖတ်ပဲဖတ်ချင်တာ ရေးရတာက မရေးတတ်
တော့ မရေးချင်တာလဲပါတာပေါ့ နောက်အယ်ဒီတာမင်းများ နှစ်သက်မှသာရွေးချယ်လေ့ရှိတဲ့ ဓလေ့ကြီးကို စိတ်ထဲက မနှစ်သက်တာလဲပါသပေါ့.(ကိုယ်တခါတလေရေးတဲ့ ကဗျာလေးတွေ ပို့တဲ့အခါ ကဗျာအသက်ဓါတ်အနုပညာမမြောက်လို့ မရွေးခံရလို့ စိတ်မကောင်းဖြစ်ပြီး ကိုယ့်
ဟာ စာပေလောကမှာ စာရေးသူဖြစ်ဖို့ ပါရမီနည်းရှာသူရယ်လို့ တကယ်ထင်မိတာပါ) ခုလို
ကိုယ်ရေးချင်တာ (ကိုယ်တာဝန်ယူရင်) ရေးလို့ရတယ်ဆိုတာ သဘောကျပေမဲ့ တနှစ်မှကဗျာ
နှစ်ပုဒ်လောက် မရေးမနေနိုင်ဖြစ်ပြီးချရေးလေ့ရှိသူဆိုတော့ ဘလော့ဆိုတာကိုယ်နဲ့လဲ မဆိုင်
လှသလိုပဲပေါ့လေ။

ဟော.ဖြစ်ချင်တော့ ၂၀၀၉ ဇွန်လကုန်မှာ မောင်ချမ်းမှိုင်း မင်္ဂလာဆောင်လာရင်းနဲ့ အဖေါ်
ကောင်းလို့ ဒုလ္လဘ္ဘရဟန်းဝတ်ဖြစ်ပြီး အဆုတ်အအေးပတ်ရာကနေ ဆေးရုံတက်လိုက်ရတဲ့ အ
ထိ ဖြစ်သွား လူကလဲနားနေရ နားမနေရင်လဲ အလုပ်ရယ်မှ လုပ်ဖို့က ကျမ်းမာရေးက အခြေအ
နေမပေးတော့ ဒီလိုပဲနေရတာပေါ့လေ။ အဲ့ဒီအချိန်မှာ ဆရာမပန်ဒိုရာတို့ ဆရာသစ်ကောင်း
အိမ်တို့ နဲ့လဲရင်းနှီးနေ သူငယ်ချင်းကိုရန်နောင်နဲ့ကလဲ ဘလော့ရေးဖို့ ကိုယ်နှစ်သက်တဲ့စာတွေ
စုပေး တင်ပေးဖို့လဲ ပြောထားဖူးတော့ ဘလော့ကိုလုပ်ချင်နေပြီ။ လုပ်လဲမလုပ်တတ်သေး နောက် သူငယ်ချင်း k2tmaung နဲ့ ကိုလင်းလက် (ကျနော့်ဒိုင်ယာယီ) တို့ လုပ်ပေးလို့ ကိုချစ်
ဖေ ဘလော့ကြီးကို ရရှိသွားပါလေရော ကိုပြည်စုံ နဲ့ ကိုနိုင်ဇော်ထွန်း တို့ကလဲ ထပ်မံပြင်ဆင်
ပေး ကိုယ်ရေးတာလေးတွေ လာအားပေးနဲ့ စရေးရာကနေ အများသူငါတွေကြိုက်နှစ်သက်တာ
ရော အမြင်ကပ်တာတွေရောရေးဖြစ်တော့တာပါပဲ

ကိုချစ်ဖေ ကျမ်းမာရေးကဆိုးပြီး နားနေရတဲ့အချိန်အားနေတာလဲ ပါတာပေါ့ဗျာ ဘာပဲဖြစ်ဖြစ် သူငယ်ချင်းတွေ မိတ်ဆွေတွေ အားပေးတိုက်တွန်းကူညီမှုနဲ့ ကိုချစ်ဖေ စာရေးဖြစ်တော့တာပါ
အားလုံးကိုကျေးဇူးတင်ပါတယ် တကယ်ပါ ဟိုတုန်းက ပြောချင်ရာရာတွေကို စိတ်ရှည်ရှည်နဲ့
နားထောင်ပေးမဲ့သူလဲ မလိုတော့ဘူးလေ (၀ဋ်ကျွတ်သွားတယ်လို့လဲ ပြောလို့ရသပေါ့) ကိုချစ်
ဖေလဲ ရင်ထဲပြောချင်ရာလေး ပြောရတော့ ရင်ထဲပေါ့သပေါ့ သူငယ်ချင်းတွေလဲ တိုးလာသပေါ့
အများရေးတဲ့ စာတွေလဲ ဖတ်ဖြစ်သွားတာပေါ့ ခုတော့ ဘလော့မိသားစုရွာကြီးထဲ ဒီနေ့ ဘယ်
သူပို့စ် တင်မလဲ အကိုကြီးကိုမင်းဒင်လား အကိုဆောင်းယွန်းလလား ကိုနေ့သစ်လား အမမပန်
ဒိုရာ တို့ မဆုမွန်တို့လား မအိန္ဒြာတို့မငယ်နိုင် တို့ ကိုကျောက်တို့ ကိုတိုးကြီးတို့လား ကိုလူထွေး
တို့ ကလူသစ်တို့လား ရွာသားလေးဝိုင်တီယူတို့ ရပ်ကွက်ကလား အကိုကိုနေ့များ နဲ့ တော
ကျောင်းဆရာလား ညီလေးဖိုးစိန် တို့ ရပ်ကွက်က ကိုမိုးကုတ်သား မမိုးခါးတို့ မကိကိ တို့လား အမ မိုးချိုသင်းတို့ အမခင်မင်းဇော်တို့ အမမေငြိမ်းတို့ဖက်ကလား အမမယ်ကိုးတို့ ညီမလေးရီ
မိုးပြည့်တို့ ကိုကျေးလက် ကိုဦးမသန္တာတို့များလား ကိုညိမ်းညို ကိုအောင်သာငယ် ကိုချမ်းလင်း
နေ နဲ့ အဓိပ္ပါယ်ဖေါ်ပြရန်ခက်ခဲသော ကိုညီလင်းဆက် ကိုယောဟန်အောင် ဆရာရစ်တို့ မိုးမခ
ကိုဇာနည်ရဲ့ ငါသာလျှင်ငါ့ဘလော့ရဲ့အရှင်သခင်(သိပါတယ်ဗျာ) တို့ဖက်ကလား ကိုပေါတို့လား
ဆရာနစ်နေမန်းတို့လား ညီမလေးဂျူနီယာလွင်ဦးနဲ့ အဖြူရောင်ညီမလေး နှင်းနဲ့မာယာ
မဂျူနီယာလွင်ဦးတို့ရပ်ကွက်ဖက်ကလား ကျနော့်ပြူတင်းပေါက်လေးဘေးက အဖြူရောင်နတ်
သမီးနဲ့ ကျနော့်ဆရာ ကိုပြည်စုံတို့ ကိုလင်းလက် မကေတူး ကိုနိုင်ဇော်ထွန်းတို့ဖက်ကလား
ကိုဂင်ကြီး ကိုသစ်ခက်သံလွင်နဲ့ ကိုယောနသံ ကိုသစ်ကောင်းအိမ်ညီမလေးကဗျာဦးတို့များ အ
သစ်တင်ပြီလား ကြည့်ရဖတ်ရနဲ့ အတော်လေး စိတ်ဝင်စားရပါတယ်ဗျာ ။

အားနေတဲ့အချိန်တွေကို အကျိုးရှိသွားတာပေါ့ တကယ်တော့ ဆက်ကာဆက်ကာ ရပ်ကွက်အ
လိုက် လည်ဖြစ်တာတွေလဲ ရှိသေးဗျ ဘာပဲဖြစ်ဖြစ် ၂၀၀၉ ခုနှစ်ကုန်ပိုင်းမှာ ကိုချစ်ဖေ မရေးရ
မနေနိုင်လို့ ရေးခဲ့တာတွေ ကို သည်းခံဖတ်ရှု့သူများ အားပေးတိုက်တွန်းကူညီခဲ့သူများအားလုံး
ကိုကျေးဇူးတင်ပါတယ် (နောက်လဲ သည်းခံကြရပါဦးမည်.ဟဲ) နှစ်ဟောင်းက ကျမ်းမာရေးမ
ကောင်းခဲ့တာတွေ အဆင်မပြေဖြစ်ခဲ့ရတာတွေ မအီမလည်ခံစားရတာတွေ ၀မ်းနည်းစိတ်ပျက်
ဖွယ်ရာတွေ အားလုံးကို ထားခဲ့ပါပြီ။

ကိုချစ်ဖေရဲ့မေမေ ပြောသလို “သားရယ်.သူတို့တွေလဲ သူတို့တတ်သလောက် လုပ်နိုင်သ
လောက် နားလည်သလောက် လုပ်ကြတာပဲ ဘယ်လိုမှသဘောမထားတော့နဲ့” စကားကို ကြား
ယောင်မိပြီး ထားချင်သည်ဖြစ်ဖြစ် မထားချင်သည်ဖြစ်ဖြစ် ကြည့်လို့မသင့်တော်တဲ့ မကြည့်ချင်
တဲ့ ဗွီဒီုယိုဇာတ်ကားကိုကျော်ပြီး ရစ်ပြီးကြည့်ရသလိုထားခဲ့ပါပြီ။

ဒီနေ့ ဒီဇင်ဘာလ (၃၁)ရက် (၆၆)နှစ်မြောက်မေမေ့မွေးနေ့မှာ မေမေကို သတိယနေရင်းထားခဲ့
ရမှာတွေအားလုံးထားခဲ့ပြီး မွေးမြူရမှာတွေ ကြိုဆိုဂုဏ်ပြုရမှာတွေကို တွေးတော မွေးမြူဖို့ပြင်
ဆင်ရင်း ၂၀၁၀ ခုနှစ်ကို ကြိုဆိုလိုက်ပါပြီ ကိုချစ်ဖေနဲ့ သဘောကိုက်ညီသူ မကိုက်ညီသူအား
လုံး မင်္ဂလာကျက်ရေ တိုးပြီး ကျမ်းမာပျော်ရွှင်ချမ်းမြေ့ကြပါစေ။

13 comments:

pandora December 31, 2009 at 7:12 AM  

နှစ်ကူးရှင်းတမ်းကြီး ဖတ်ရတာ ဟောဟဲ ဟောဟဲ...
မင်္ဂလာနှစ်သစ်မှာ ကိုယ်ကျန်းမာ စိတ်ချမ်းသာပါစေ။ ဖတ်လို့ကောင်းတဲ့စာတွေ အများကြီး ရေးနိုင်ပါစေ။

ကိုလူထွေး December 31, 2009 at 7:23 AM  

ကိုကြီးချစ်ဖေနဲ့ တသဘောထဲပါပဲ...

ကျနော်တို့လည်း ၂၀၀၇ မှာမှ သြော်.. ဂလိုတွေလည်း ရှိသကိုးဆိုပြီး စဖတ်ဖြစ်ခဲ့ကြတာပါ။

အဲဒီအချိန်တုန်းက သက်စွန့်ဆံဖျား သတင်းတွေ ဓာတ်ပုံတွေ ပို့ပေးနေခဲ့သူတွေကို မလေးစား မချီးကျူးဘဲ မနေနိုင်ပါဘူး...

ကိုချစ်ဖေတယောက်လည်း ကျန်းမာရေး ဒေါင်ဒေါင်မြည်တဲ့ ၂၀၁၀ ကို အောင်မြင်စွာ ကူးပြောင်းနိုင်ပါစေ...

းဝ)

Anonymous,  December 31, 2009 at 7:35 AM  

ကိုချစ်ဖေကြီးတို့ကတော့ အမကြီးခေါ်ရတာ ခံတွင်းတွေ့ပုံပါပဲ... မထားခဲ့လဲ ၂၀၀၉ က ခေါ်လာလို့ လဲ မရပါဘူးလေ... ဒီတော့ ထားကို ထားခဲ့ရမှာ မဟုတ်လားးးး ဒါကိုများမခေါ်တော့ဘူးလေး ဘာလေးနဲ့ ဟမ်းးးး

ရိုသေစွာဆက်ဆံပါ။ နောက်တခါ နံမည်တခါထည့်ရေးရင် ဒေါ်လာ တရာပဲ... မူပိုင်ခွင့်ရှိတယ်...


ဟက်ပီးနယူးရီးယားးးးးးး
အမကြီးးး ( အထီးမှ မဟုတ်တာနော်) ခင်မင်းဇော်

မေဓာဝီ December 31, 2009 at 2:10 PM  

မင်္ဂလာနှစ်သစ်ပါ ကိုချစ်ဖေ ...
ကျမလည်း အယ်ဒီတာမင်းများထံ ပို့ရတဲ့ ဒုက္ခကို မကြိုက်လို့ ဘလော့ရေးဖြစ်တာပဲ။ ကိုချစ်ဖေဘလော့ကို မကြာမကြာ ရောက်ပါတယ်။ ခုမှ ကွန်မန့်ရေးဖြစ်တာပါ။

ကိုရင်နော်ခင်လေးငယ် December 31, 2009 at 4:25 PM  

မင်္ဂလာရှိတဲ့နှစ်သစ်ဖြစ်ပါစေ..

မပန်ဒိုရာ ရေးထားတဲ့ ပိုစ့် မှာ ဖတ်ရတော့မှ ကိုချစ်ဖေကြီးရဲ့ ဘလော့ကို စတွေ့ပြီး လာဖတ်ဖြစ်တာပါ..

ဘလော့ရှင်းတမ်း ရေးသွားတဲ့ ရေးချက်ကတော့ မိုက်မှမိုက်ပါပဲ..

အားပေးမယ်ဗျို့ လင့်လေးလည်း ချိတ်လိုက်ပါတယ်..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်
ကိုရင်နော်ခင်လေးငယ်

ရီမိုးပြည့်  December 31, 2009 at 5:47 PM  

အစ်ကို... ပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေ... ညီမလည်း ပိုစ့် တွေ အသစ်တင်နိုင်အောင် ကြိုးစားပါ့ မယ်။ အားပေးတဲ့ အတွက်လည်းကျေးဇူးပါ...

ရွှေရတုမှတ်တမ်း December 31, 2009 at 6:16 PM  

ကျနော့အရင်းနှီးဆုံးမိတ်ဆွေကြီးလိုခင်မင်မိတဲ့သူမို့ (လူချင်းတော့..မတွေ့ဘူးသေးဘူး)..နှစ်သစ်မှာ..ကျန်းမာရွှင်လန်းဖို့..ဆုတောင်းပါရဲ့ဗျာ..

နှင်းနဲ့မာယာ January 1, 2010 at 2:42 AM  

မင်္ဂလာနှစ်သစ်ပါ ဦးချစ်ဖေ...

စီပုံးပျောက်နေလို့ လာတိုင်းလဲ နူတ်မဆက်ရဘူး...

ခုတော့ သေသေချာချာ နှုတ်ခွန်းဆက်ပါတယ်...

နှစ်သစ်မှာ ပျော်ရွှင်ပါစေနော်...

Ko Toe Gyi ( Multiply Boo Boo Gyi ) January 1, 2010 at 6:24 AM  

ဟုတ်မယ်ထင်ပါတယ် ဆရာရယ်
ညီလေးလည်း ဆရာ့ကိုအားကျလို့ လေ ဘလော့ခ်လေး သူများလုပ်ခိုင်းလိုက်တာပါ နှစ်သစ်မှာ များများသောက်နိုင်ပါစေ ကုလားမလေး နဲ့ လည်း မြန်မြန်တွေ့ နိုင်ပါစေ

Unknown January 1, 2010 at 8:36 PM  

နှစ်သစ်မှာပျော်ရွှင်ပါစေ

ချစ်ကြည်အေး January 2, 2010 at 6:21 AM  

နှစ်သစ်နဲ့အတူ ကျန်းမာ ပျော်ရွှင်ပါစေ..ကိုချစ်ဖေ....:D

Nge Naing January 2, 2010 at 7:54 AM  

မင်္ဂလာရှိသော နှစ်သစ်နဲ့အတူ ကောင်းကျိုးလိုရာဆန္ဒမှန်သမျှ အစစအရာရာ အဆင်ပြေပါစေ။

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP