Saturday, January 2, 2010

ဒင်း..ငဦး..ငဦး.

ဒင်း…ငဦး..ငဦး


သြ..ကိုချစ်ဖေရယ်.နှစ်သစ်ဦးမှာ မနက်စောစော ဒေါသတွေထွက်နေတာ ဒေါသတွေထွက်နေ
တာ ဒေါသတွေထွက်နေတာကို ဒေါသတွေထွက်နေတယ်လို့ပြန်မှတ်နေရတယ်။ တောက်..ဒေါ
သဆိုတာလဲ ပြန်တွေးမိတိုင်းထွက်နေတတ်တာမျိုး…ဒေါသထွက်ခဲ့ရတာလဲကြာပါပြီ..



ကိုယ်လုပ်ချင်ရင်တောင်မှ အမိရယ် အဖရယ်မှ ဂုဏ်သိက္ခာမထောက်…
တောက်.မိဘတွေလဲမရှိတော့ဘူး ဒီညီမလေးတယောက်ရှိတာ..
ညီမလေးမှာ မိသားစုလေးလေးယောက်ရှိတာ လင်ယောက်ကျားနဲ့သေကွဲ အသုဘရှုတောင်
နောက်ဆုံးခရီးကိုတောင် လိုက်ပါပို့ဆောင်ဖို့ အခွင်မသာခဲ့ရ သားလေးနှစ်ယောက်နဲ့လဲ နှစ်
၂၀ နီးပါးရှင်ကွဲကွဲ။ နောက်လူယုတ်မာတွေ သတ်တာ ကံသီလို့မသေခဲ့တဲ့ညီမ။

အဲ့ဒီညီမကလဲ ဖေတော့မောင်တော့ ဂုဏ်သိက္ခာမဲ့ မိန်းမမျိုးမဟုတ် တကမ္ဘာလုံးက ချစ်ခင်
လေးစားကြသူ ထားပါတော့ တကမ္ဘာလုံးကပဲ အားအားယားယား ဆုတွေပေးကြတယ်ပဲထား
ပါတော့.ဒီညီမလေးမှာ ဒီအိမ်လေးရှိလို့ ဒီအိမ်လေးကို အကြောင်းပြပြီး နေအိမ်အကျယ်ချူပ်ချ
ထားတာမှလား ဒီအိမ်မှမရှိရင် သူမှာနေစရာမရှိလို့ အင်းစိန်ထောင်ထဲမှာ အဆင်သင့်ကြို
ဆောက်ထားရတဲ့ အိမ်မှာထားပေးရပါတယ်ဖြစ်ဦးမယ်.

သြ…အရပ်တကာမှ ကြားလို့မတော် ယိုသူမရှက်မြင်သူရှက်.
ဒင်းနာမည်ကြားတိုင်း မိုးနတ်မင်းကြီးက အဖေနာမည်ဖျက်ဖို့ လွှတ်လိုက်တယ်လို့ ခံစားနေရ
တယ်..မကောင်းပါဘူး.ခုမှ ၂၀၁၀ နှစ်ကူးယုံရှိသေး ကိုချစ်ဖေ ဒေါသတွေထွက်နေရတာ
မင်္ဂလာမရှိပါဘူး ပြောလဲမပြောချင်ပါဘူး မပြောပဲလဲ မနေနိုင်ပါဘူး ဒါ့ကြောင့်ပြောဖြစ်သွား
တာ.

ဘယ်သူသေသေ ငရွှေမာရင်ပြီးရော နိုင်ငံမှာ ငဦးက နှမအိမ်လေး ၀င်ဝင်လု သူမှာလဲစည်းစိမ်
အပြည့်နဲ့ ဟာ..မပြောချင်ပါဘူး..စောစောစီးစီး..

လူမှုရေးလုပ်ငန်းတွေကိုတောင် ထောင်နခမ်းနင်းပြီးလုပ်နေရတဲ့ နိုင်ငံမှာ.ဒီမိုကရေစီ သုံးမတ်
သား ပေးဦးမတဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲတွေလုပ်ပေးဦးမယ်တဲ့..


တောက်..ဒေါသထွက်တယ်..ဒေါသထွက်တယ် ဒေါသထွက်တာကို ဒေါသထွက်နေတယ်လို့
ပြန်မှတ်နေရတိုင်း ဒေါသထွက်နေတယ်..

သြ…ကိုချစ်ဖေ..ကိုချစ်ဖေ.တစ်ရာနဲ့သာဖြေနေရတယ်..ပြောပါတယ်..

8 comments:

Nge Naing January 2, 2010 at 7:58 AM  

နှစ်သစ်မှာ ဒေါသသိပ်မထွက်ပါနဲ့ ကိုချစ်ဖေ။ ကံစီမံရာပေါ့။

မြစ်ကျိုးအင်း January 2, 2010 at 9:30 AM  

သူ့အကြောင်းနဲ့သူ သွားလိမ့်မယ်

ကိုချစ်ဖေ တယောက် နှစ်သစ်မှာ ပျော်ရွှင် အဆင်ပြေပါစေဗျာ

ဒေါသထွက်နေသူကို ပျော်ရွှင်ပါစေပြောရတာ နောက်တယ်တော့ မထင်နဲ့ဗျး)

Ko Toe Gyi ( Multiply Boo Boo Gyi ) January 2, 2010 at 1:11 PM  

ဒေါသ ကို ဒေါသလို့ မှတ်
ခင်ဗှားပြောတဲ့ ဂီးဆောင်ကျောင်း လား အဲလူတွေ ဖိနပ်နဲ့ သွားမပြစ်ကြဘူးလား သူ့ အိမ်သိနေတာဘဲလေ
ဒါမှ မဟုတ် ကျွန်တော်လာပြစ်ပေးမယ် လမ်းစရိတ်ပို့ ပေးလိုက်လေ နော်

ရွှေရတုမှတ်တမ်း January 2, 2010 at 1:16 PM  

ဒေါသတွေလျှော့ချပါဗျာ..သူတို့လဲ အားလုံးက မေတ္တာတုံးလင်မယားလို့ ခေါ်နေကြတာပဲ

ကလူသစ် January 2, 2010 at 6:54 PM  

သူတို့လင်မယားအကြောင်းတွေ ကြားပြီးကထဲက ပါးစပ်ကြီးဟောင်းလောင်းဖြစ်ကျန်ခဲ့တာပဲ။ ဘယ်လိုမှ နားမလည်နိုင်ဘူးဖြစ်နေတာ။

jr.လွင်ဦး January 2, 2010 at 11:20 PM  

လာလည်ပါတယ် ကိုချစ်ဖေ။
ပျော်ရွှင်ဖွယ် ၂၀၁၀ ခုနှစ်ကို ပိုင်ဆိုင်နိုင်ပါစေ။
p.s ရေးစရာနေရာမရှိလို့ ကောမန့်မှာပဲ ၀င်ရေးသွားပါတယ်။း)

ရီမိုးပြည့်  January 3, 2010 at 8:48 PM  

အစ်ကိုရေ...
စိတ်လျှော့  စိတ်လျှော့ ...

kiki January 20, 2010 at 4:32 PM  

အိုး ဟိုးးး
သူ့ တို့ ထိုက် နဲ့  သူတို့ ကံ သွားကြမဲ့ သူတွေ စာရင်းကလည်း တိုးပြီးရင်း တိုးလို့ ပါလား ။
ခွေးသားရေတောင် မလောက်တော့ဘူး ထင်ပါရဲ့ ။
( ကိုယ့်နာမည် မပါအောင် ဂရုစိုက်နေကြရမယ် ..)

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP