Wednesday, December 16, 2009

ရည်းစားစာ






















ရည်းစားစာ

ကျနော့်ရဲ့
မခင်သစ်ပင်။

အချစ်ဆိုတာပွဲလမ်းသဘင်ဖြစ်ရင်
ကျနော်နဲ့ မခင်သစ်ပင်ရဲ့ဇာတ်မှာ
ဘယ်သူကန့်လန့်ကာလဲ
တောတောင်လျှိုမြောင်ပိတ်ကားရှေ့
ကျနော်အော်ခေါ်နေတာ
အနှစ်သုံးဆယ်။


မခင်သစ်ပင်။
ဇာတ်လမ်းအရ ငိုချင်လည်းငိုရမယ်
ပျော်ချင်လည်း ပျော်ရမယ်
ကျနော် တယောမထိုးတတ်ဘူး
ရောမမြို့ကြီး မီးလောင်ရင်လည်း
ကြည့်မနေနိုင်ဘူး
ကျနော်ဟာ သာမန်လူဖြစ်ပြီး
ကျနော်ဟာ ချစ်တတ်လို့။

မခင်သစ်ပင်
ကျနော်တို့ နှစ်ယောက်ကြား
ဘာကြောင့် ဘာသာပြန်တယောက်ခေါ်ထားသလဲ
ကျနော်က ချစ်ခြင်းမေတ္တာကို အမှီအခိုကင်းချင်တယ်
ခင်ဗျားက ရင်ခုန်သံကို ဈေးကြီးကြီးရချင်တယ်
မုဆိုးတပိုင်း မိန်းမရိုင်းတွေဘာတွေလဲ
ခေတ်မရှိတော့
အင်ကြင်းပင်ကလည်း ရှာရခက်တယ်

ကျနော့်ရဲ့မခင်သစ်ပင်
မခင်သစ်ပင် ပွင့်ပြမှာလား
ကျနော် ခုတ်ပစ်ရမှာလား
ဒါမှမဟုတ် ဘုရားမှာ လှုမလား
ကျနော်နဲ့ ခင်ဗျားကြားမှာ
ပန်းတပွင့်ခြားနေတယ်။ ။

ဝင်းမြင့်
(ရင်ဝေးကြယ်မှကူးယူဖေါ်ပြပါသည်)

5 comments:

Moe Cho Thinn December 16, 2009 at 3:47 PM  

သူများကဗျာကို ဖော်ပြသလိုလို နဲ့ ဘယ်သူ့ကို ရည်းစားစာ ပေးနေတာလဲ။
အကိုကြီး မရိုးတော့ဘူး။ :)

ရွှေရတုမှတ်တမ်း December 16, 2009 at 4:19 PM  

ကိုချစ်ဖေကြီး..ရည်းစားစာတွေ ရေးနေသလားလို့...း))

ကိုချစ်ဖေ December 16, 2009 at 8:37 PM  

ဟင့်အင်း..ပါးစပ်နဲ့ပြောတာလောက် အားမရလို့ မရေးဘူး
ဟိ..

Nge Naing December 17, 2009 at 3:32 AM  

ကိုချစ်ဖေလည်း အန်ကယ်နိုင်လို လူပျိုကြီးပဲလား။

ရီမိုးပြည့်  December 18, 2009 at 2:44 AM  

ရည်းစားစာတဲ့ အဟိ...

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP