တကယ်ချစ်တာလား
တကယ်ချစ်တာလား
အဲဒီအချိန်တုန်းက စီးပွားရေးကြပ်တည်းမှုက ခုအချိန်ခုအနေလောက်မဆိုးသေး ခုအချိန်
လောက်မဆိုးသေးဆိုသော်လဲ တော်တော်ကြီးတော့ဆိုးဝါးနေပြီ မနက်မိုးလင်းနံနက်စာစားဖို့
လူအများစုက ကလေးတွေအဆာပြေစားနိုင်ဖို့ ထမင်းကြမ်းတောင်မထာားနိုင်ကြတော့ ဒါပေ
မဲ့လဲ ဗမာနည်းဗမာဟန်နဲ့တော့ ဇွဲရှိရှိ ချီတက်နေရတဲ့အချိန်ပါ။
အဲ့ဒီအချိန်မှာ ကိုချစ်ဖေရောက်လေ့ရောက်ထရှိတဲ့ ရွာကနေဈေးတက်ဝယ်လေ့ရှိတဲ့ မြို့လေး
မှာ ငယ်သူငယ်ချင်းတွေလို ရင်းနှီးလှတဲ့သူတွေ ဆရာသမားလိုချစ်ခင်ရတဲ့သူတွေနေတဲ့မြို့
ကိုချစ်ဖေရွာနဲ့ဆို ၉ မိုင် ၆ ဖါလုံ တခါတလေလိုင်းသင်္ဘော မမှီတဲ့အခါ လက်နှိပ်ဓါတ်မီးဆွဲပြီး
ကိုယ်ထူကိုယ်ထ ကားလမ်းတာကြီးအတိုင်းလမ်းလျှောက် ပြန်နေကြမြို့လဲဖြစ်တော့ အိမ်ဦး
နဲ့ကြမ်းပြင် တလတခေါက် ၂ခေါက် ၃ခေါက်ရောက်နေကြမြို့ မြို့ခံတွေကိုယ်တိုင်က ငယ်သူ
ချင်းတွေ လက်ဖက်ရည်ဆိုင်မှာ အချိန်အားကြတဲ့အခါ လူစုနေကြ သူ့အိမ်ကိုယ့်အိမ်ထမင်း
လိုက်စားနေကြတဲ့မြို့ သာရေးနာရေးရှိရင် ၀ိုင်းဝန်းကြတဲ့မြို့လေးလဲဖြစ် ရန်ကုန်ကအသစ်
ထွက်သမျှစာအုပ် မဂ္ဂဇင်းတော်တော်များများ ချက်ချင်းရောက်တဲ့မြို့ ဆိုတော့ ကိုယ်ချစ်ဖေ
လဲ ခဏခဏ အားတဲ့အခါ ဈေးတက်ဝယ်တဲ့အခါ လမ်းကြုံတဲ့အခါ သူငယ်ချင်းတွေရှိရာ ထို
မြို့လေးကို ရောက်ဖြစ်ပါတယ်။
အဲ့ဒီအချိန်ပိုင်းက ကိုချစ်ဖေလဲ မရောက်ဖြစ်တာ တလခွဲ နှစ်လလောက်ကြာသွားတော့ မြို့
လေးနဲ့အဆက်ပြတ်သွားတဲ့အချိန်မှာ ကိုချစ်ဖေရောက်သွားတော့ သူငယ်ချင်းတွေနဲ့လဲ ဆုံ
ဖြစ်တော့ သူငယ်ချင်းတွေက လက်ဖက်ရည်ဆိုင်မှာ ၀မ်းသာအားရ တိုးတိုး တိုးတိုးပြန်ပြော
ပြလို့သိရတာ ၀မ်းသာအားရအဖြစ်အပျက်ကို ဘာလို့ တိုးတိုး တိုးတိုးပြောရတာလဲဆိုတော့
ကိုချစ်ဖေမရောက်လာတဲ့ရက်မှာ ကိုချစ်ဖေဆရာ မြို့လေးရဲ့ ကျောင်းဆရာဟောင်း ကျူရှင်
ဆရာကြီးနဲ့ တပည့်တွေကနေစုပြီး လက်တလော ကိုယ်လုပ်နိုင်တာ လုပ်သင့်တာထဲကနေ
အလှုလုပ်ကြတာပါ။
ဆန်ရေစပါး သားငါးပုဇွန်ပေါတဲ့မြို့လေးမှာ ခုလိုမျိုးအလှုလုပ်ရတယ်ဆိုတော့ ရှေးရှေးတုန်းက
လူကြီးတွေသာ အသက်ပြန်ရှင်လာရင် မင်းတို့ကလဲကွာ ငါတို့မြို့လေးမှာ လူတွေစားနိုင်ပါသေး
တယ်ကွာ အခါကြီးရက်ကြီးကြမှ ကောင်းကောင်းလှုကြတန်းကြပါလားလို့ပြောကြမှာ ဒါပေမဲ့ မ
နေနိုင်တဲ့သူတွေ ကိုယ်ချင်းစာတရားရှိတဲ့သူတွေကတော့ လတ်တလောအခြေအနေမှာ ကိုယ်
လုပ်ပေးနိုင်တာလေးကနေစကြတာပါ။ ဘယ်လိုပဲဖြစ်ဖြစ်မင်္ဂလာလဲရှိပါတယ်။ ၀မ်းသာစရာလဲ
ကောင်းပါတယ် မျှဝေစာနာရာလဲရောက်ပါတယ်။
အဲ့ဒီအလှုကတော့ ကြီးကြီးကျယ်ကျယ်လုပ်နိုင်တာမျိုးတော့လဲမဟုတ်ပါဘူး ဒါပေမဲ့ စစ်အာ
ဏာရှင်တွေကတော့ မကြိုက်ဘူးဗျ လုပ်နိုင်သလောက်ရယ် လုပ်နိုင်တဲ့သူတွေရယ်စုပြီး လုပ်
တဲ့ ဆန်ပြုတ်အလှုပါ ပထမတော့ ကလေးတွေ တော်တော်များများ လာစားကြပါတယ် နောက်
တော့ တဖြေးဖြေး မိုးပြဲဒယ် ၆ လုံး ရလုံးလောက်လဲဖြစ်လာတယ် ဆန်ပြုတ်ကလဲစုံလာတယ်
ဘဲသား ကြက်သား နွားနို့ အုန်းနို့ နဲ့ အစုံချက်နိုင်လာတယ် လာစားတဲ့ လူစုလူဝေးနဲ့အလှုငွေ
ထည့်ဝင်တဲ့သူတွေကလဲရှိလာတယ် လုပ်အားအကူ ငွေအကူ အကြံဥာဏ်အကူအစုံနဲ့လုပ်နိုင်
လာတယ် ဆန်ပြုတ်ဆိုပေမဲ့ကောင်းကောင်းချက်တာပါ ဘုန်းကြီးကျောင်းဘေးကွက်လပ်မှာ
သေသေချာချာကောင်းကောင်းမွန်မွန် ကျွေးမွေးတာပါ အိမ်ကိုပါဆယ်သယ်ချင်တဲ့သူတွေကို
လဲ ထည့်ပေးပါတယ်။ စားနိုင်သောက်နိုင်လှုနိုင်တဲ့အလှုရှင်တွေကိုယ်တိုင်ကလဲ သွားစားသွား
ဝိုင်းကူလုပ်ပေးကြတော့ လာစားတဲ့သူတွေ ပါဆယ်ယူသွားဖို့ တန်းစီတဲ့သူတွေ များလာပါ
တယ်။
အဲ့ဒီတော့ ထုံးစံအတိုင်းပေါ့ဗျာ လူစုစုဖြစ်လာတာကို မြို့နယ်ဗိုလ်ခင်ညွန့်ထောက်လှမ်းရေးအ
ရာရှိတွေက ရွှေစိတ်တော်ညိုလာတာပေါ့ ညိုဆို ရှစ်လေးလုံးအရေးအခင်းကြီးတုန်းက တက်
တက်ကြွကြွပါဝင်ခဲ့တဲ့သူတွေ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ကအလံမလှဲတဲ့သူတွေက ဦး
ဆောင်တာကိုး ဘာပဲဖြစ်ဖြစ် ဘယ်သူပဲလှုလှု မရှိတဲ့သူတွေအဖို့တော့ အဆာတော့ပြေသွား
ရတာပေါ့ဗျာ ဒါပေမဲ့မရဘူးခင်ဗျ ဦးဆောင်တဲ့သူတွေကို ခေါ်ပြီး ခင်ဗျားတို့လှုတာရပ်မလား
ကျနော်တို့ အကြောင်းတခုခုနဲ့ဖမ်းရမလား ဆိုပြီးပြောတော့ ရပ်ပေးလိုက်ရပါတယ်။ အဲ့ဒီအ
လှုမှာ နိုင်ငံရေးနောက်ခံ မရှိတဲ့ ရိုးရိုးစီးပွားရေးသမားတွေ အများကြီးအကူအညီပေးပါတယ်။
တကယ်ဆို သူတို့မလုပ်နိုင်တဲ့အလုပ် ပြည်သူတွေအတွက်လဲ အကျိုးရှိတဲ့အလုပ်ပေမဲ့ သူတို့
အာဏာကို ထိပါးမယ်လို့ယူဆတယ်ဆို သည်းမခံပါဘူး။ ခုတော့ သည်းမခံတဲ့ အာဏာရှင်
ဒေါက်တိုင်တွေလဲ ထောင်နန်းစံရတော့ သဘောတော့ပေါက်တဲ့သူတွေလဲပေါက်ကြမှာပေါ့ဗျာ။
တချို့ကတော့ လူမှုရေးအလုပ်ဆိုတာ သေးသေးမွှားမွှားပါ နိုင်ငံရေးမှ နိုင်ငံရေးအာဏာရမှ အများကြီး ထိထိရောက်ရောက်လုပ်နိုင်မှာပါဆိုပြီး လူမှုရေးအလုပ်တွေကို သိပ်အထင်မကြီး
ကြဘူးဗျ လူမှုရေးဆိုတာ နိုင်ငံရေးရဲ့ လက်အောက်ခံပါ ဘာညာပြောကြသေး ဟုတ်ပါတယ်
နိုင်ငံရေးကတော့ခေါင်ပေါ့ဗျာ ဒါပေမဲ့လဲ နိုင်ငံရေးဆိုတာ လဲကိုယ့်ပြည်သူတွေအတွက်လုပ်
တာပဲမဟုတ်လား များများမလုပ်နိုင်ခင်မှာ နည်းနည်းလုပ်နိုင်သလောက်လုပ်တော့လဲ ကောင်း
တာပါပဲ ကန္တာရကြီးထဲက အိုအေစစ်လေးတွေ များလာရင်လဲ ကန္တာရကြီးဆိုတာ ဘယ်ရှိတော့
မလဲမဟုတ်လား။
နောက်နိုင်ငံရေးအဓိကလုပ်မယ်လို့ အော်နေတဲ့ နိုင်ငံရေးသမားရင့်မကြီးတွေကလဲ လူမှုရေး
အလုပ်သမားလယ်သမားရေးတွေကို သူတို့ဖြစ်ချင်တာဖြစ်ဖို့ လောက်သာစည်းရုံးတာ သူတို့
မဲရရေးအတွက်သာ စည်းရုံးတာဖြစ်ပြီး တကယ်စိတ်ပါဝင်စားပြီးကိုယ်တိုင်ကိုယ်ကြ ကူညီပါ
ဝင်သူတွေက နည်းပါတယ် ရွာမှာဆို အစိုးရပါတီ အတိုက်အခံပါတီ ဘယ်ပါတီပဲလာလာ အိမ်
ကကြက်လေးရိုက်သတ် မရှိရှိတာလေးချက်ကျွေး မစားရ၀ခမန်းနိုင်ငံရေးစကားတွေနားထောင်
ပြီးပြန်သွားကြ မြို့မှာတွေ့တော့ လက်ဖက်ရည်လေးတောင်ပြန်မတိုက်ချင်ကြတဲ့သူတွေများပါ
တယ်။
ကိုချစ်ဖေစဉ်းစားတာကတော့ အဲ့ဒီအလုပ်သမား လယ်သမား ခေါင်းရွက်ဗျတ်ထိုးဈေးသည် ဆိုက်ကားသမား ပွဲစား ကုန်သည် ၀န်ထမ်းအားလုံးက မိုးပေါ်ကကျလာကြတာမဟုတ်ပါဘူး
သူတို့ရဲ့အရေးကို လက်တွေ့ကျကျ ကူညီလုပ်ကိုင်ပေးမှ စည်းရုံးရေးလုပ်မှ သူတို့ကလဲ ကိုယ်နဲ့
အတူပူးပေါင်းပါဝင်လာမှာပါ။ ၁၀ တန်းအောင်ဖို့အဓိကဆိုပေမဲ့ သူငယ်တန်းကနေ စသင်ကြရ
တာပဲ မဟုတ်လား။ ခု စစ်အစိုးရရဲ့ အခြေခံဥပဒေကို သဘောမတူတဲ့ လက်မခံတဲ့ နိုင်ငံရေး
ပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ်ကြီးကနေ လူထုကိုမျက်နှာမူတဲ့ လူထုအကျိုးကို
ရှေးရှု့တဲ့ လူထုကို ကူညီတဲ့ လူထုနဲ့တသားထဲဖြစ်တဲ့ နိုင်ငံရေးကို ဆက်လုပ်ကြမယ် ပါတီရှိရှိ
မရှိရှိ နိုင်ငံရေးတော့ရှိတယ် ဆက်လုပ်နိုင်တာတွေ နက်ဝက်တွေဖွဲ့ စုစည်း ပေါင်းစပ်လုပ်ကြ
မယ်ဆိုတော့ ၀မ်းသာစရာဗျာ။
နို့မို့ နိုင်ငံရေးပါတီဆိုတာဗျာ စစ်အာဏာရှင်တွေ ခွင့်ပြုသလောက်လေးပဲ လုပ်ကြတာပါ ယူနီ
ဖေါင်းလေးဝတ်လမ်းသလား(ဒါတောင်ပြည်တွင်းမှာ မလွယ်ကူဘူးနော တော်ရုံသတ္တိဗျတ္တိနဲ့မ
လုပ်ရဲ) ပြည်ပမှာဆို လက်တော့လေးတွေရှေ့ချ လခရတဲ့သူတွေလဲရကြလို့နောက်လာနောက်
သားတွေက ထင်သွားရင်မခက်လား စစ်ကျွန်ဘ၀က သက်ဆိုးဆက်ရှည်နေရတော့မှာပေါ့။
ကိုချစ်ဖေဥာဏ်လေးနဲ့ ကိုချစ်ဖေထင်တာပြောတာပါ မှားရင်လဲမှားနေမှာပေါ့။
လူထုကို တကယ်ချစ်တဲ့ သူတွေလုပ်တဲ့အနစ်နာခံမှုမျိုးကိုတော့ သူတို့လိုက်မလုပ်နိုင်ကြပါဘူး
ကိုကျော်သူရဲ့ နာရေးကူညီမှုအသင်းလိုမျိုး ကို ကြံဖွံက အံတုလို့မှ မရပဲဗျာ။ လူထုကိုတကယ်
ချစ်တယ်ဆို လုပ်ကြပေါ့နော။ မဟော်သဓါသားတရားစီရင်ခန်းလို အမေအစစ်က ဘယ်သူလဲ
ပြည်သူတွေကိုတကယ်ချစ်တာလား မချစ်ဘူးလားဆိုတာဆိုတာ လက်တွေ့ကပဲ ပြည်သူတွေ
အတွက် အဆုံးအဖြတ်ပေးနိုင်မှာပါ။ ကိုယ့်လူရော သူ့လူရောပေါ့။
14 comments:
“တကယ်ချစ်တာလားး
ချစ်တယ်တအား..
အသက်ကြီးရင် ရော.
ချစ်မှာ ပဲ ..”
ရှေးတုန်းက ကျော်ဟိန်းသီချင်းလေး ရေးတော့မယ် မှတ်တာ ကိုချစ်ဖေ ရယ် ..း)))
တကယ်ချစ်ရင် တကယ်လုပ် .
အဟုတ် ပြုတ် ရ မည် ။။
အဲ့ လေ ။ အဟုတ် ဖြစ်ရမည် ။။
လူတွေသာ ညီဖို့ လိုပါသည် ။။
( အပေါ်က ကော်မန့် တွေ က ဘီလို ဖစ်တာ ဒုံး .. ၃ ခါတိတိ ဖျက်ထားတာ .. ယတြာ ချေ နေ တာလား ဟင် .. )
အပေါ်က ကလူသစ် ကလူထွင်းနဲ့ ကိုကျောက်တို့ကော်မန့်တွေပါ ကိုချစ်ဖေက ပိုစ့်တင်တာတ၀က်ဖြစ်နေလို့ လာပြောကြတဲ့ဟာပါ..ရှုပ်သွားမှာစိုးလို့ ဒေါ်ကိရေ..
ခုမှပဲ အပြည့်အစုံဖတ်ရတော့တယ်...
ကိုချစ်ဖေကြီး...တကယ်ချစ်တာလား..ဆိုပြီးဘယ်သူ့ကိုမေးဖို့ကြံနေတာတုန်း....
ကိုချစ်ဖေ တကယ်ချစ်တာလား ဆိုတော့ ဘယ်သူ့ကိုမေးထားလဲလို့ ကျွန်မလည်း စိတ်ဝင်စားသွားတယ်။ ထင်ထားသလို မဟုတ်ဘဲ ဖြစ်နေတယ်။
ဟာ တကယ်ချစ်တာပါဗျာ တကယ် ချစ်တာပါ၊ ကျနော်တို့ လမ်းတွေဖောက်၊ တံတားတွေဆောက်၊ ဘုရားကျောင်း တန်ဆောင်းပြုပြင်၊ ရေတွင်းရေကန် တွေတူးလို့ ပြည်သူတွေအတွက် အဖက်ဖက်က အဆင်ပြေအောင်လုပ်ပေးနေသမို့လားဗျာ...ဒီတော့ ယူနီဖောင်းလဲဝတ် လို့ ပါတီထောင်ကြတဲ့ ကျနော့် အဖေတူသားကလေးတွေကို မဲပေးကြပါ အပြည့်အဝ ထောက်ခံကြပါ...ကျနော် တကယ် ချစ်တာပါ
မှတ်ချက် : တကယ် နောက်တာ အဟီး :)
မထင်နဲ့ ကိုချစ်ဖေ တော်နေ နာရေးကူညီမှု့အသင်းကို ကြံဖွံက ယူပြီး ကားသမားတွေကို ချောဆွဲ ပြီး ရပ်ကွက်ထဲမှာ တအိမ်တယောက် မလိုက် မနေရ အလောင်းကောက် လိုက်ရမယ် လုပ်နေအုန်းမယ်။ သူတို့ အချစ်ကြမ်းပုံ ရတယ်နော်။
ကိုချစ်ဖေရေးတာ မိုက်တယ်...
“၁၀ တန်းအောင်ဖို့အဓိကဆိုပေမဲ့ သူငယ်တန်းကနေ စသင်ကြရတာပဲ မဟုတ်လား” ဆိုတာတို့...
ကန္တာရနဲ့ အိုအေစစ် ဥပမာတို့...
မဟော်သဓာနဲ့ သားတရား ဥပမာတို့...
ကာယကံရှင်တွေ ရှက်ကြပါစေဗျာ...
းဝ)
ဆင်ဆာဘုတ်ထိထားတဲ့ အရေအတွက်ကြည့်ပြီး တွန့်သွားတာပဲဗျာ၊ အလည်လာတာပါ၊ သိပ်ကြောက်အောင် မချောက်လွတ်ပါနဲ့ဗျ။
အဲ . . ကျုပ်လည်း ချစ်တယ်ဗျ၊ နောက်မှ အချစ်ဋီကာဖွဲ့တော့မယ်ဗျာ၊ သွားပြီဗျို့။
အာ..........တကယ်ချစ်တယ်ဆိုတာ ဘယ်လိုမျိုးကိုခေါ်တာလဲဟင်....။ တကယ်ပါ မသိသေးဘူး ...ဝူး။ :)
ဖတ်ရင်း ဖတ်ရင်း နဲ့ ၈၈ တုန်းက ဆန်ပြုတ်နံ့လေး ရလာပြီး စားချင်လာပြီ
တကယ်ချစ်တာလား ဆိုတာတော့ ပြောလိုက်ချင်ပါတယ် အားလုံးသိကြပါတယ်လို့
စာတွေလာဖတ်တယ် အကိုကြီး၊ အရာရာအဆင်ပြေပါစေ။
Post a Comment