Friday, January 29, 2010

ရင်လွမ်းချိန်




ရင်လွမ်းချိန်

ငါ့ရဲ့သံတူကြောင်းကွဲလေး
ချစ်ခြင်းမှာ သမုဒ္ဒရာဟာ
ခရေတမွှေးစာပဲ ဝေးတာပါ။

တို့လျှောက်မဲ့လမ်းလေးတောင်
စပါယ်တွေ အပြိုင်းအရိုင်းပွင့်လို့ ကောင်မလေးရဲ့။

အဲ့ဒီည..
ညဟာ..ညလိုပဲ
ညကျင့်ညကြံနဲ့ ငါ့ကို
တယောက်ထဲထားခဲ့တယ်
လရောင်တွေ ဖွေးဖွေးလှုပ်တဲ့ အဲ့ဒီည
လှိုင်းခေါင်းဖြူတွေကို
ပေါက်ဓါးတချောင်းစီနဲ့ ပစ်ပေါက်ရင်း
ချစ်ခြင်းမှာ သမုဒ္ဒရာဟာ
ခရေတမွှေးစာပဲဝေးခဲ့ပါတယ် ။ ။

မိုးစဲနေ

(ချစ်ကိုယ်တွေ့ မဟုတ်ပါ သူငယ်ချင်းခံစားချက်ကို ရင်မိတ္တူကူးယူပါသည်)

10 comments:

ဆောင်းယွန်းလ January 29, 2010 at 11:12 AM  

very good poem, bro.
I like it. I think you will win lottery.

kiki January 29, 2010 at 11:25 AM  

ဟဲဟဲ..
ညဟာ..ညလိုပဲ
ညကျင့်ညကြံနဲ့....
ဆိုတာ ဘယ်လိုလည်း ၊
ဘာတွေကျင့်ပြီး ဘာတွေကြံတာပါလည်း ။
ရှင်းလင်းပြစေချင်ပါသည် ကိုချစ်ဖေ ။။
(မည်သူမဆို လွတ်လပ်စွာ လွမ်းပိုင်ခွင့်ရှိပါသည် ..လေ )

ကိုချစ်ဖေ January 29, 2010 at 12:20 PM  

အော်..ဒီဟာက ဒီလိုပါ..(ဟိုဟာက..ဟိုလိုပါ)
ညက အမြဲတမ်း ညသဘာဝအရ မှောင်သလေလေပေါ့
အဲ့ဒီညကပဲ သူ့ကိုအထီးကျန်စေပြန်ရော..
...အဲ့ဒီလို ပြောလိုဟန်ရှိပါတယ်...
ကိုချစ်ဖေက ကြားကနေ ၀င်ဖြေတာပါ အချစ်တွေဘာတွေ သိလို့ရယ်လဲ ဟုတ်ပါဘူး..ဒေါ်ကိရယ်....လွတ်လပ်စွာ လွမ်းချင်လဲလွမ်း တိုးတိုးတိတ်တိတ် လွမ်းချင်လဲလွမ်းဗျား.......
အလွမ်းအတွက် ဒီမိုကရေစီပေးပါတယ်ဗျာ...

ရွှေရတုမှတ်တမ်း January 29, 2010 at 3:42 PM  

အမလေးနော်...သူ့ ကိုယ်တွေ့တွေလားလို့...
မှားပါတယ်..

ချစ်ကြည်အေး January 29, 2010 at 3:50 PM  

ချစ်ခြင်းမှာ သမုဒ္ဒရာဟာ
ခရေတမွှေးစာပဲ ဝေးတာပါ။

အဲဒီ အပိုဒ်လေး ချစ်စရာ ကောင်းလွန်းတယ်....

ရီမိုးပြည့်  January 30, 2010 at 1:08 AM  

ကဗျာလေးက ချစ်စရာလေး..

ကဗျာဦး January 31, 2010 at 6:24 AM  

ကိုယ်တွေ့အောင်းမေ့နေတာ

မြန်မာစာ မြန်မာစကား February 1, 2010 at 4:32 AM  

ကဗျာလေး ကောင်းတယ် အကိုရေ..

မောင်မောင် February 5, 2010 at 8:51 AM  

ကိုချစ်ဖေ ထံသို့ အလည်လာခဲ့ပါသည်။
ကိုကျောက် ထံမှာတွေ့ ၍ ဖြစ်ပါသည်။
ကဗျာလေး လည်း ဖတ်သွားသလို စာလဲ ဖမ်း ( အဲ ဖတ်သွားပါသည်။)
ရွှင်လန်းချမ်းမြေ့ ပါစေ။

မောင်မောင်

ဂျူနို February 7, 2010 at 5:08 AM  

ခရေ တမွှေးစာ တဲ့ လား စကားလုံးက မိုက်တယ်။

ဒါနဲ့ ကိုချစ်ဖေ လူတကာ တမိန်ချွတ်၍ လွတ် ပြိုင်နေကြတာ အားကျပြီး ပေါက်ကရ ပြိုင်ဖို့ မစဉ်းစားပါနဲ့ မချစ်ကြည်အေးက အားလုံးကို ဇောက်ထိုး လိုက်ကြည့်နေတယ်။ ရှက်ရှက်:))

မအယ်

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP