Tuesday, January 26, 2010

ရှေ့တန်းစခန်းတုန်းက

ဖြောင်းဖြောင်း..ဖြောင်း…

တချို့ လူမျိုးတွေနားထဲမှာ အမျိုးမျိုးကြားနိုင်ပါသေးသည်။

ဘမ်းဘမ်း…ဘမ်း
ဒိုင်းဒိုင်း…..ဒိုင်း

စသည်ဖြင့်ပေါ့..ကျိန်းသေတာကတော့ စစ်သုံးပစ္စတို တလက်ဆီက ထွက်လာတဲ့အသံပါ။ ကိုယ့်
ပါးစပ်ထဲကို သေနပ်ပြောင်းထည့်ပြီး ဆက်တိုက်သုံးချက် ပစ်လိုက်ရာမှ ထွက်ပေါ်လာသော
သေနတ်သံပါ။ သေနတ်ပြောင်းဝက ထွက်လာတဲ့ မီးခိုးနဲ့အတူ ထွေးထုတ်လိုက်တဲ့ကျည်ဆံ
ထိပ်ဖူး ၃ ခုက ကြမ်းပြင်ပေါ် ထွက်ကျလာသည်။

အံသြခြင်း ထူးဆန်းခြင်းကြောင့် ကျက်သေသေပြီး လောလောဆယ်ဘာပြန်ပြောရမှန်းကို မသိ
တော့.တကယ်လား မျက်လှည့်လား သေနတ်သံနဲ့ ကျည်ဆံထိပ်ဖူးလေးသုံးခုကွမ်းသွေးတောင်
ပေနေသေး။ ဘာမှ မဖြစ်ဘူးလား။ ကိုယ်နဲ့အတူအခြား ရဲဘော်သုံးယောက်လဲ ကိုယ့်လိုပဲအံ့သြ
မှုကြောင့် ချက်ချင်း စကားမပြောနိုင်ကြ။

အချိန်ကာလအားဖြင့် ၁၉၉၀-၉၁ ကာလ၊ နေရာကတော့ ကရင့်တပ်မဟာ ၂ နယ်မြေ ညောင်
လေးပင်ခရိုင်ခွင်ထဲမှာ ဖြစ်သည်။ နအဖ စစ်ကြောင်းများနှင့် ကေအန်ယူ အေဘီအက်စ်ဒီ
အက်ဖ် (ကျောင်းသားတပ်မတော်) ပူးတွဲ ဒီအေဘီ စစ်ကြောင်းများ ရောထွေးယှက်တင်နေကြသောအ
ချိန် လက်နက်ကိုင် တိုက်ခိုက်ရေးအင်အား ၈၀၀-၉၀၀။ ဒီအေဘီစစ်ကြောင်း သတင်းကြားပြီး
တော်ရုံ နအဖ စစ်ကြောင်းများမတိုက်ရဲ တချို့ရှောင်သွားကြရသောအချိန်၊ ကျနော်တို့ကျောင်း
သား တပ်မတော်သားများလဲ အလွန်စိတ်ဓါတ်မြင့်မား နေချိန်လဲဖြစ်သည်။

လက်ထဲမှာ သေနတ်ကိုသေသေချာချာဆုတ်ကိုင် ပြည်သူတွေကို အနိုင်ကျင့်နှိပ်စက်နေသော နအဖ စစ်သားများကို များများသုတ်သင်နိုင်မှသာ လူအများရွေးချယ်တင်မြှောက်ထားသော အ
မျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို ဦးဆောင်သော ဒေါ်
အောင်ဆန်းစုကြည်နှင့် နအဖ(န၀တ) စစ်အာဏာရှင်များ အမှန်တကယ် တွေ့ဆုံဆွေးနွေးရေး
စားပွဲဝိုင်းကို တည်ဆောက်နိုင်ပေလိမ့်မည်လို့ ယုံကြည်သည်။ မိမိအင်အားချို့တဲ့ပါက ရန်သူက
လေးစားလိမ့်မည် မဟုတ်ပေ။ ရန်သူကို ရန်သူလို ပြတ်ပြတ်သားသား ထိထိရောက်ရောက်
တိုက်ခိုက်နိုင်မှသာ ရန်သူဒေါက်တိုင် ကြံဖွတ် စွမ်းအားရှင် သတင်းပေးများကို ရှင်းလင်းသုတ်
သင်နိုင်မှသာ တွေ့ဆုံဆွေးနွေး အဖြေရှာမှု စားပွဲဝိုင်းတွင် နအဖက ၀င်ထိုင်ပေလိမ့်မည်လို့ ယုံ
ကြည်ကြသည့်အတိုင်း မိမိတို့သေနတ်ကို ရဲဘော်များက တသသ ငတ်ပြတ်ဆင်းရဲမှုများကို ဂ
ရုမစိုက်နိုင်ကြ မိမိတို့သေနတ်သံသည် ပြည်သူတွေလွတ်မြောက်ရေးအတွက် ၀မ်းသာကြည်နူး
စရာ အသံအဖြစ် ပြောင်းလဲနိုင်မည် ဟုအလေးအနက်ယုံကြည်ကြသည်။

ထိုကာလအတွင်း ရွာလေးတရွာမှာ စစ်ကြောင်း စခန်းချနေချိန် ရွာသူကြီး အိမ်တွင် ခဏ၀င်
ရောက်စကားစမြည်ပြော အနားယူနေကြစဉ် ရွာသူကြီးမှ “ဆရာတို့ ဒါးပီးတယ်ဒုတ်ပီးတယ် ဆို
တာယုံကြည်ပါသလား” ဟုမေးသည်။ ကျနော်တို့က မယုံ “ဒါးပီးတယ်ဒုတ်ပြီးတယ်ဆိုတာမျက်
လှည့်ဆန်ဆန်ကိစ္စတွေ မဟုတ်လား ဦးလေး” လို့ပြန်ပြောကြသည်။

ထိုအခါ ထိုသူကြီးက ဒါဆို ဆရာတို့ သေနတ်ခဏလောက်ပေးပါဆိုပြီး ပါးစပ်ထဲငုံပြီး ခလုပ်ကို
ဆက်တိုက် ဆွဲထည့်လိုက်ခြင်းဖြစ်သည်။ သေနတ်ကို ပေးစဉ်က ထိုသို့ပြုလုပ်လိမ့်မည် မထင်
ပါ။ ထိုသို့စမ်းသတ်ရာမှ သေသွားခဲ့ရင် ကျနော်တို့ အရေးယူခံရမည် မိမိတို့စစ်ကြောင်း နာမည်
ပျက်မည် ထိုကြောင့် အတော်လေး လန့်သွားသည်။ လက်တွေ့ကျကျ မထင်မှတ်ပဲ ပစ်ပြလိုက်
ခြင်းဖြစ်သည်။

ထို့ကြောင့် ကျနော်တို့လဲ စိတ်ဝင်စားသွားသည် ထိုအခါ ဦးလေးကိုမေးကြည့်မိသည်။ “ဦးလေး
ဦးလေးစမ်းသပ်ပြတာကတော့ မယုံနိုင်စရာ လက်တွေ့ပါပဲ ဘာဖြစ်လို့ ခုလို ထူးဆန်းစွာ သေ
နတ်ပီးနေတာလဲ ကျနော်တို့ကို ပြောပြပါဦး” လို့ မေးသောအခါ တော်တော်နှင့် စကားပြန်မရ ကျနော်တို့က လဲ ထိုသို့မပြောလေ သိချင်လာလေ။ ဖြစ်နိုင်ရင် ဘာကြောင့် ထိုသို့စွမ်းနေသလဲ
ဆိုတာ သိချင်နေလို့ ပြောပြဖို့ တောင်းပန်ရလေသည်။

ထိုအခါ ရွာသူကြီးဦးလေးက “ ဆရာတို့ သိပ်သိချင်နေတယ် ဆိုတော့လဲ ကျနော်ပြပါ့မယ်” ဆို
ပြီး ခါး၌ပတ်ထားသည့် အတော်အတန်ကြီးမားသော အ၀တ်အိပ်ညစ်ညစ်တလုံးနှင့် ထည့်ထား
သည့် ဒါးပီးဒုတ်ပီး သေနတ်ပီးသော အရာများကို ကြမ်းပြင်ပေါ်သို့ သွန်ချလိုက်သည် ထိုအ
ထုပ်ထဲမှ ကျောက်သင်ပုန်း အပိုင်းအစအင်းများ လက်ဖွဲ့ခေါ်ငွေပြားလိတ် အခြားအမည်မသိ
နတ်ရုပ်ကလေးများ ကျောက်ခဲလုံးလေးများ ၀က်အစွယ် လက်ဝါးကပ်တိုင် ဗလီပုံငွေချည်ထိုး
သစ်သားအစလေးများ ကျောက်စိမ်းအရောင်ကျောက်လေးများ သင်္ဃန်းစများ ၀ါးခြမ်းလေးများ
အများအပြား တပုံကြီး တွေ့ရလေသည်။

ထို့နောက် ထိုဦးလေးက “ဒါ..ကျနော်ငယ်ငယ်ထဲက စုထားတဲ့ အဆောင်တွေပါ ဒါးပီး ဒုတ်ပီး
သေနတ်ပီးတယ်ဆိုလို့ ရသမျှ အင်းအိုင်လက်ဖွဲ့ မတေ အဆောင်အားလုံးစုထားတာပါ” တဲ့ ခု
ဘယ်တခုက စွမ်းနေတယ်ဆိုတာ မသိတော့လို့ ခုလို အ၀တ်ထုတ်နဲ့ အလေးခံပြီး သယ်နေရ
တာပါ် တခုခုပျောက်သွားလို့ရှိရင် မစွမ်းတော့မှာလဲ စိုးရိမ်တော့ မပျောက်အောင်လဲ သတိထား
ရပါတယ် ဟိုတောင်ပေါ်က သူကြီးလဲ ကျနော့်လိုပဲ သေနတ်ပီးပါတယ် သူ့အထုတ်ကြီးက ကျ
နော်ထက်ပိုကြီးပါတယ် သူလဲ ဘယ်တခုကနေစွမ်းမှန်းမသိတော့ ကျနော့်လိုပဲ သယ်သွားနေရ
တာပါပဲ နအဖ တပ်တွေ ကလဲ ခဏခဏ ရွာတွေဝင်ရင် မဲမဲမြင်ရာ ပစ်တတ်တော့ ဒီအထုတ်
ကြီးကို သယ်သွားနေရတာပါ တဲ့ သူတို့သိသွားလို့ လုသွားရင်လဲ ပါသွားမှာ စိုးပါတယ်ဆရာတို့
မို့ ပြောပြတာပါ တဲ့။

ကျနော်တို့လဲ စစ်ကြောင်းမထွက်သေးခင်အထိ အမျိုးမျိုးတွေးတောနေမိပါတယ် ခုပြန်တွေး
ကြည့်တော့ ထို သူကြီးဖထီးတယောက်ရှိသေးရဲ့လား ထိုဖထီးကွယ်လွန်သွားပြီလား ဒါမှမ
ဟုတ် ထိုအထုတ်ကြီးပဲ အလုခံရဦးမလား။ လုသွားတဲ့လူတွေလဲ ဖထီးလိုပဲ နေရာတကာ အ
လေးခံသယ်သွားနေရဦးမှာလား။ အစုံစုံတွေးနေမိပါတော့တယ်။

(ကိုကြီးကျောက်ကို အားကျပြီး တကယ့် အဖြစ်အပျက် ဂမ္ဘီရဇာတ်လမ်းတခုရေးချင်နေတာ
ကြာပါပြီ ခုတော့ ရေးဖြစ်ပါပြီ သူငယ်ချင်းဒုစစ်ကြောင်းမှုး လုပ်ဖူးခဲ့သူတဦးရဲ့ ကိုယ်တွေ့အဖြစ်
အပျက် ဖြစ်ပါသည် ကိုချစ်ဖေက ပြန်ခံစားတင်ပြပါသည် )






Type the rest of your post here.

13 comments:

yawnetthan January 26, 2010 at 5:57 PM  

စိတ်ဝင်စားစရာ ကောင်းသလို၊ ဖတ်လို့လည်း ကောင်းတယ်။

ရွှေရတုမှတ်တမ်း January 26, 2010 at 6:49 PM  

ကိုချစ်ဖေရေ..
အထုပ်ကြီးနဲ့လာသွားတယ်ဗျို့

ATN January 26, 2010 at 9:18 PM  

တပ်မဟာ -၆ ကြာအင်းဆိုတော့
ကျုပ်လည်း ဆင်းခဲ့ဖူးပါသကော
ဒီအေဘီ-၉ နဲ့
ဘယ်ရွာလဲလို့ သိချင်စမ်းသဗျား...
ဝင်းရွေး မြို့နယ် ထဲကများလား

ကိုချစ်ဖေ January 26, 2010 at 11:01 PM  

ကိုအောင်သာငယ် ကျနော်မှားတာဗျ.ညောင်လေးပင်ခွင်
ထဲက နွားလေးခို ၀န်းကျင်နားက ရွာငယ်လေးမှာ ဖြစ်ခဲ့
တာတဲ့..ဒီအေဘီ ၁ နဲ့သွားခဲ့တုန်းကပါတဲ့..

kiki January 27, 2010 at 12:36 AM  

အဲ့လို အဆောင်မျိုး ရနိုင်ရင် သိပ်ကောင်းမှာပဲနော် ။
အများအကျိုးအတွက် သုံးလို့ ရတဲ့ နေရာရှိတယ် ။
ရမ်ဘို လို ချဲ ပစ်လိုက်ချင်လို့ ပါ ကိုချစ်ဖေ ရေ။။
(စိတ်ကူးယဉ်မိသွားပါကြောင်း )

ချစ်ကြည်အေး January 27, 2010 at 3:45 AM  

စိတ်ဝင်စားစရာကြီးနော်....အင်းလေ လူတွေ ဆေးပေါင်းစုံအောင် ကုပြီးနောက် ပျောက်သွားတဲ့အခါ ဘာဆေးက စွမ်းလို့ စွမ်းမှန်း မသိသလိုပေါ့...:))

ahphyulay January 27, 2010 at 5:12 AM  

မမကီဆီက လိုက်လာမိပါတယ်ဗျာ။
တပ်မတော်နဲ့ ပတ်သက်တဲ့ ပို့ (စ) လေးကို ဖတ်ပြီး
သဘောကျမိပါတယ်။
ဟိုတုံးကပေါ့  ကျွန်တော် ကိုယ်တိုင်ပဲ စံပါယ်ကုံးတွေနဲ့ 
မမှီမကန်းပဲ စစ်ကြောင်းကြီးထဲ အတင်းဝင်ပြီး မှီရာ ရဲဘော်ကို
စွပ်ပေးခဲ့ တာပါ။ သည်ပို့ (စ)လေးဖတ်ပြီးသတိရသွားတာ။
အခုတော့ ..စစ်ဆိုရင် ရေစစ် တောင် မထားချင်တော့ ပါ။
ဟဲဟဲ ရေသန့် သောက်နေလို့ ..။
ခင်မင်စွာဖြင့် ....

Ko Toe Gyi ( Multiply Boo Boo Gyi ) January 27, 2010 at 6:43 AM  

အထုတ်ကြီး နဲ့ ဆရာသမားရေ
မယုံမရှိနဲ့ ဗျာ ကေအန်ယူ မှာအဲဒါတွေအများကြီး တကယ်စွမ်းတယ်လည်းပြောတယ် ကျားအံစွယ်တို့ နောက် ဘာတွေလည်းမခေါ်တတ်ပါဘူး ကေအန်ယူက ရဲဘော်တွေ ပြောပြတာမှ အများကြီး လက်တွေ့  လက်တွေ့ နော် မယုံမရှိနဲ့ တကယ်စွမ်းတာဗျိုး
နို့ နေပါဦးဆရာသမားရဲ့  အပေါ်နားမှာတွေ့ လိုက်သလားလို့ (-----
တိုက်ခိုက်နိုင်မှသာ ရန်သူဒေါက်တိုင် ကြံဖွတ် စွမ်းအားရှင် သတင်းပေးများကို ရှင်းလင်းသုတ်
သင်နိုင်မှသာ တွေ့ဆုံဆွေးနွေး အဖြေရှာမှု စားပွဲဝိုင်းတွင် နအဖက ၀င်ထိုင်ပေလိမ့်မည်လို့ ယုံ
ကြည်ကြသည့်အတိုင်း ----) အဲအချိန်လောက်က ကြံ့ ဖွတ် တို့ စွမ်းအားရှင်တို့ မပေါ်လောက်သေးဘူးထင်ပ မှားသွားရင်ခွင့်လွှတ်နော်

ရီမိုးပြည့်  January 28, 2010 at 2:18 AM  

ဦးချစ်ဖေ ကြီးကော ဒုတ်ပြီးသလား၊ ဓားပြီးသလား ပြောပါဗျို့ ...

ကလူသစ် January 28, 2010 at 5:01 AM  

တကယ်စွမ်းတာတွေ့ခဲ့တယ်ဆိုတော့လဲ ဘာပြောရမှန်းမသိ

ကိုလူထွေး February 6, 2010 at 12:50 PM  

တကယ်ကြုံခဲ့ရတယ်ဆိုတော့လည်း အတော်အဆန်းသားဗျ...

သွားလေရာ အထုပ်ကြီး ထမ်းနေရတာကတော့ မနိပ်ပေါင်ဗျာ...

းဝ)

DGE February 10, 2010 at 7:50 PM  

ကိုချစ်ဖေ ရေ

ကိုချစ်ဖေကြီးရဲ့ အတွေ့အကြုံဆိုတော့ယုံ လိုက်ပါတော့မယ်။ အသစ်အသစ်တွေလည်းဆက် တိုက်တင်ပေးပါအုံး။ မျော်နေပါတယ်ရဲ ဘော်ကြီးရေ့။

လှရွေ

Nge Naing February 11, 2010 at 2:59 AM  

ဘန်း ဘန်း (အေကေသံ)
ဖေါင်း ဖေါင်း (၁၆ သံ)
ဂျိမ်း ဂျိမ်း (G3 G4 သံ)
ပက်ပေါင်း ပက်ပေါင်း (ကာဘိုင်သံ)
ဂျိမ်း..... ဂွမ်း. (၆၀ မမ သံ)
ပုံး ဂျိမ်း (၇၉ သံ)

ကျွန်မတို့ တောင်ပိုင်းက လူတွေက ဒီလိုပဲ ကြားတယ်။

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP