Sunday, January 24, 2010

ဟေး...........

ဟေး...........

ကျနော်ငယ်ငယ်က ကာတွန်းလေးတွေ တော်တော်ကြိုက်ပါတယ် ငယ်ငယ်က ကာတွန်းလေး
တွေကြိုက်တော့ အသက်ကြီးလာတော့ မကြိုက်တော့ဘူးလို့တော့ မထင်ပါနဲ့ ခုချိန်ထိလဲ ကာ
တွန်း အထူးသဖြင့် မဂ္ဂဇင်း ကာတွန်းတွေ တွေ့ရင် မဖတ်ရမနေနိုင်ပါဘူး။ ခု အားအားနဲ့ ဘ
လော့ ရေးဖြစ်နေတော့လဲ သူငယ်ချင်းတွေထဲမှာ ကာတွန်းလိုပုံလေးတွေ ဆွဲတတ်တဲ့ ကလူ
ထွင်း ကို သဘောကျပါတယ်။ ကျနော်လဲ သူ့လို ရုပ်ပြောင် ကာတွန်းလေးတွေ ဆွဲချင်တာပါ။
မဆွဲတတ်လို့ပါ။

အဲ့ဒါနဲ့ အွန်လိုင်းပေါ်မှာ သူငယ်ချင်း ကဗျာဆရာမ နဲ့ စာအကြောင်း ပေအကြောင်း ရောက်
တတ်ရာရာပြောရင်းနဲ့ ကျနော်တို့ ငယ်ငယ်က ဖတ်ဖူးတဲ့ ကြည့်ဖူးတဲ့ မဂ္ဂဇင်း လေးကွက် ကာ
တွန်းလေးအကြောင်းပြောဖြစ်ပါတယ်။ ဘယ်မဂ္ဂဇင်းမှာ ပါခဲ့လဲ ဆိုတာလဲ မမှတ်မိတော့ပါ။
၁၉၈၄ ၀န်းကျင်လောက်ကပါ။

ကာတွန်းရေးဆွဲသူက (ကို)မြေဇာ လို့ပဲ မှတ်မိပါတယ် မှားရင်လဲပြင်ပေးပါဦး။ ဒီလိုပါ ကာတွန်း
လေးက ပထမအကွက်က ဗလာပါ ဘာမှ မပါပါဘူး၊ ဒုတိယအကွက်က လဲ ဗလာ ပါပဲ ဘာမှ မပါပါဘူး၊ တတိယအကွက်ကျတော့ ထပ်ပြီး ဗလာပါပဲ၊ ဟော…နောက်ဆုံးအကွက်လေးကျမှ၊
စာလေးကို ကွင်းပြီးပါလာတယ် စာလေးကတော့ “ တောက်….နှင်းကလဲမကွဲသေးဘူး” တဲ့ ဆို
ပြီး အဆုံးသတ်ထားတာပါ။ ကာတွန်းခေါင်းစဉ်ကိုတော့ မမှတ်မိတော့ပါဘူး။ကျနော်တော်တော်
သဘောကျခဲ့ပါတယ်။ ခုချိန်ထိပဲဆိုပါတော့။

အဲ့ဒီအကြောင်းကို သူငယ်ချင်း ကဗျာဆရာမကို ပြောပြတော့ သူက သူမကြည့်ဖူးပါဘူး တဲ့ ဒါ
ပေမဲ့ သူကချက်ခြင်းပဲ သူလဲ ခု ကာတွန်းဆွဲချင်တယ်တဲ့ အဲ့ဒီလို လေးကွက်ကာတွန်းတဲ့ သူဆွဲ
ချင်တဲ့ကာတွန်းက ပထမအကွက်က အမဲ တဲ့၊ နောက်ဒုတိယအကွက်ကလဲ အမဲတဲ့၊ တတိယ
အကွက်ကလဲ မဲနက်နေတာပဲတဲ့ အဲ..စတုတ္ထအကွက်ကျမှ အဖြူတဲ့ အဲ…အဲ့ဒီအဖြူကွက်ထဲမှာ
က စာလေးပဲပေါ်လာတယ်တဲ့ စာက “ ဟေး…မီးလာပြီ” တဲ့.

သူက အဲ့လို ပြန်စိတ်ကူးမိသွားတာ သဘောကျမိတယ်။ နောက် “ ဟေး..ရေလာပြီ” တို့ ကိုယ်
ထူကိုယ်ထ ငွေခွဲတမ်းလွတ်သွားတာတို့ ဆန်ဈေး ဆီဆေး နည်းနည်းကျသွားတာတို့ ဘတ်စ်
ကားခ သက်သာသွားတာတို့ ဧည့်စာရင်းတိုင်စရာမလို အစစ်ခံစရာမလိုတော့တာတို့ နဲ့ အခြား
ခြားသောအရာတွေ သူများတွေအတွက် မလိုအပ်ပေမဲ့ ကျနော်တို့ မြန်မာနိုင်ငံသားတွေ အ
တွက်ဝမ်းသာရမှာတွေ များလှပါလားလို့.တွေးမိနေတယ်ဗျာ။ အခြားသောသူများ သူငယ်ချင်း
များနဲ့လဲကျနော်လိုကာတွန်း မဆွဲတတ်ပေမဲ့ ကာတွန်းဝါသနာပါသူတွေနဲ့လဲ စကားစမြည်ပြော
ချင် နေပါတယ်ဗျာ။ တချိန်ထဲမှာလဲ အခက်အခဲ အကြပ်အတည်းတွေကို ရယ်မောနိုင်တဲ့သူ လဲ
ဖြစ်ချင်နေမိပါတယ်။




Type the rest of your post here.

11 comments:

kiki January 24, 2010 at 7:58 AM  

ဟေးးးးးးးး ကိုချစ်ဖေကြီးးးးးးးး ( မှောင်နဲ့  မဲမဲ ထဲမှ လှမ်းခေါ်လိုက်သံ )
နေတတ်၊ တွေးတတ်ရင် ပျော်စရာ တွေချည်းပါပဲ ။
သူတို့ ကို ကြံဖန်ကျေးဇူးတင်လိုက်ကြရအောင်လား ဗျိုးးးးးး

ကိုရင်နော်ခင်လေးငယ် January 24, 2010 at 10:39 AM  

ကိုချစ်ဖေကြီးးး...

ကာတွန်း မဆွဲတတ်လည်း ဆွဲတတ်အောင်ကျင့်ပါလား...။

အင်းးးးးးးးးးး
အကြပ်အတည်းတွေကို ရယ်မောစွာ တကယ်ကို
ဖြတ်ကျော်ချင်မိတာပါ...

ခင်မင်လေးစားချစ်ခြင်းအားဖြင့်..

ဇော်ထွန်း January 24, 2010 at 11:46 AM  

ဟေး ------- ၂၀၁၀ ရောက်ပြီကွ
ခုချိန်ထိ ရီချင်တုန်းဘဲလား ။
ဟေး-------- ဆရာမိုးစဲနေ မိန်းမ မရသေးဘူးကွ
ခုချိန်ထိ ------ ရီချင်နေတုန်းဘဲလား ။
ဟေး ဟေး ဟေး ဆက်ရေးရင် ဆင်ဆာထိမှာ စိုးလို့ 

မေဓာဝီ January 24, 2010 at 11:58 AM  

အကျပ်အတည်းတွေ အခက်အခဲတွေကို ရယ်မောလိုက်ချင်ပါတယ်။
ဒါပေမဲ့ ရယ်ရင်းနဲ့ မောမောလာတော့ ....

ရွှေရတုမှတ်တမ်း January 24, 2010 at 2:02 PM  

ရွာမှာ..တဟေးဟေး..အော်ခဲ့ရတာလွမ်းသဗျာ

Unknown January 25, 2010 at 4:41 AM  

ရေးလည်းရေးတတ်တယ်
အမေပြောတာသတိရသွားတယ်
မီးလာတုံးလေးအမောတကောလျှပ်စစ်ထမင်းအိုး
တယ်လိုက်တာ ထမင်းအိုးဆူကာစ တန်းလန်းကြီးမီးပျက်ကရောတဲ့။
အမေကတော့ လျှပ်စစ်မီးပေးဌာနကိုအမြဲမေတ္တာပို့
နေရတယ်တဲ့။

pandora January 25, 2010 at 8:56 AM  

တော်တော်ဥာဏ်ကောင်းတဲ့ ဆရာမပဲနော်..း)

မယ့်ကိုး January 26, 2010 at 4:26 AM  

ကျွန်မလည်း အဲဒီကာတွန်းလေး မှတ်မိနေတယ်။ ဒါပေမယ့် ဆရာမြေဇာအနေနဲ့တော့ မဟုတ်ဘူး ။တစ်ယောက်ယောက်လို့ ...ကျွန်မ အမှတ်မှားတာလဲ ဖြစ်ပါလိမ့်မယ်.
ကျွန်မလည်း ကာတွန်းပုံ ကူးဆွဲရတာ အရမ်းပျော်တယ်။
ကိုယ်ပိုင်ပုံတော့မဆွဲတတ်ပါဘူး။ :)

ချစ်ကြည်အေး January 26, 2010 at 5:38 AM  

ဟေး...ကိုချစ်ဖေကြီး မမြင်ရတာကြာပြီဗျနော်....
ဟား...မီးပျက်သွားပြီကွာ...

Nge Naing February 11, 2010 at 2:50 AM  

ကိုချစ်ဖေ ပို့စ်မတင်ဘူး ထင်နေတာ ကျွန်မ မဖတ်ရတဲ့ ပို့စ်တွေ အတော်များများ ရှိနေတာပဲ။ ဘယ်တုန်းက လွတ်သွားလည်းမသိဘူး။ ကျွန်မတော့ ငယ်ငယ်က ဖတ်တဲ့ ကာတွနးဆိုရင် ခင်မောင်သိန်းထွန်းဝင်းတခုပဲ မှတ်မိတယ်။ ကျန်တာ မဖတ်ဖြစ်လို့ မသိဘူး။

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP