Sunday, January 10, 2010

ပရုတ်ဆိပ်

ပရုတ်ဆိပ်

ကိုချစ်ဖေ ငယ်ငယ်တုန်းက ဘောလုံးလဲမကန်တတ် စွန်လဲမလွှတ်တတ် ဂျင်လဲမပေါက်တတ်
မြစ်ဝကျွန်းပေါ်သားဖြစ်ပြီး ရေလဲမကူးတတ် ငါးလဲမမျှားတတ် ရှားရှားပါးပါး လေးဂွပဲ ကောင်း
ကောင်းပစ်တတ်တာရှိပါတယ် အမေးအမြန်းကလဲထူသမို့ အမေက ရွှေသွေး တေဇ ရှုမ၀ မြ
ဝတီ မဂ္ဂဇင်းတွေ ဖတ်ခိုင်းပါတယ် နေပူထဲ အပြင်ထွက်ကစားပြီး ဖျားနာမှာ ရေခိုးကူးရင်း ရေ
နစ်မှာ ဘောလုံးကန်ရင် ခြေထောက်ကျိုးမှာ ဂျင်ပေါက်ရင်းခြေထောက်ပေါက်မိမှာ မျက်လုံးကို
လွင့်မှန်မှာ ငါးမျှားရင် ငါးလေးတွေ ပါးစပ်နာမှာ အစုံစုံ စိတ်ပူတော့ ကိုချစ်ဖေကို တခါထဲ စာ
အုပ်နဲ့ မိတ်ဆက်ပေးထားပြီး (အမေ့စကားအတိုင်းဆို ငြိမ်ဆေးကျွေးထားတာ) ကိုချစ်ဖေကလဲ အကြိုက်ပေါ့ သောကြာနေ့ ညနေကနေ တနင်္ဂနွေနေ့မနက်အထိ ဖတ်ချင်တဲ့ကာတွန်း ပုံပြင်
အစုံစုံ တရားဝင်ဖတ်ခွင့်ရပြီ။



ဒီတော့ကာ ကိုချစ်ဖေက စိတ်ထဲစွဲနေတာက သူငယ်ချင်းတွေ မဖတ်ဖြစ်သေးတာမသိသေး
တာတွေကို ကိုချစ်ဖေက သိနေတယ်လို့ ကိုယ့်ကိုကိုယ်အထင်ကြီးနေ စိတ်ကြီးဝင်နေတာ အ
သက်ကြီးတဲ့အထိ။ ဒီတော့ ကိုယ့်ထက်နည်းနည်းငယ်တဲ့ သူငယ်ချင်းလေးတွေ အပေါ် ဆရာ
တတ်ချင်နေတာပေါ့ဗျာ ဒီလိုနဲ့ ဆရာတတ်ဖြစ်သွားတဲ့အကြောင်းလေး ပြောပြဦးမယ်ဗျာ ကို
ချစ်ဖေလဲ နာမည်ကို တွင်ရော။

ကိုချစ်ဖေကို ခင်တဲ့ ကိုယ်ချစ်ဖေကို အထင်ကြီးတဲ့ တယောက်ထဲသော သူငယ်ချင်းလေး တ
ယောက် ကိုချစ်ဖေမှာ ရှိ ပါတယ် သူက ကိုချစ်ဖေထက် ဆယ်နှစ်လောက်ငယ်တော့ ကိုချစ်
ဖေကလဲ ဆရာတတ်လို့ကောင်းသပေါ့..သူ့နာမည်က မောင်ဝင်းအောင် တဲ့ တနေ့တော့ ကိုချစ်
ဖေလဲ ဆရာတတ်ချင်လာတာနဲ့ မောင်ဝင်းအောင်ကို

“မောင်ဝင်းအောင် ညီလေး မင်း ပရုတ်ဆိပ်တွေ အကြောင်းမသိချင်ဘူးလား ငါတော့ပရုပ်
ဆိပ်တွေကို သဘောကြတယ်ကွာ သူတို့က အမြဲတခုခုတော့ လုပ်နေကြ ကြိုးစားနေကြတာပဲ
ညီလည်းညီညွတ်ကြတယ် ရန်ဖြစ်နေကြတာလဲမတွေ့ရဘူးကွာ အဲ့ဒီတော့ ပုရုတ်ဆိပ်တွေကို
အတုယူရရင်ကောင်းမယ် သူတို့အကြောင်းသိရရင်ကောင်းမယ်” လို့ ပြောလိုက်တယ်.

မောင်ဝင်းအောင်က လဲ ကိုချစ်ဖေရဲ့ တဦးတည်းသော သူငယ်ချင်း ကောင်ငယ်လေး ဆိုတော့
ကိုချစ်ဖေပြောသမျှ သေသေချာချာလဲနားထောင်တာပေါ့ နားလဲစွင့်ထားတာပေါ့.အထင်လဲကြီး
တာပေါ့.ပြီးတော့သူက
“ ကိုချစ်ဖေ. ကိုချစ်ဖေပြောတဲ့ ပရုတ်ဆိပ် ဆိုတဲ့အကောင်က ဘယ်လိုအကောင်မျိုးလဲ” လို့
လေးလေးနက်နက် မေးရှာပါတယ်။

ကိုချစ်ဖေကလဲ
“ ဟာကွာ မင်းကလဲ ပရုတ်ဆိပ် ကိုတောင်မသိဘူးလား ပရုတ်ဆိပ်ကွာ အကောင်သေးသေး
လေးတွေကွာ တန်းစီပြီးသွားကြတယ် တွင်းထဲမှာနေကြတယ်ကွာ” ဆိုတော့ သူက “ အ
ကောင်သေးသေးလေးတွေ တန်းစီပြီးသွားတယ် ဘယ်လိုမျိုး အကောင်လဲအကို ပြောတဲ့ ပ
ရုတ်ဆိပ်ဆိုတဲ့အကောင် ကျနော်မသိဘူး အကို” တဲ့ ဒီတော့ ကိုချစ်ဖေကလဲ “ဟာ..ဒီကောင်
ကွာ ဒီအကောင်လေးတွေကိုမသိဘူးလား အများကြီးပဲကွာ အမြဲတမ်းလဲမြင်နေရတယ်ကွာ မင်းကလဲမသိဘူးလား” လို့ ပြောပြီး “ လာကွာ ငါပြမယ်ဆိုပြီး ပရုတ်ဆိပ်တွေကို ရှာပြီးပြလိုက်
တာပေါ့” “ကဲကွာ..ဒီမှာကွာ ငါပြောတဲ့ ပရုတ်ဆိပ် မူလရည်ရွယ်ချက်တောင်ပျောက်သွားတယ်
မင်းကလဲ” ဆိုပြီးပြလိုက်တယ်

သူကလဲတအံ့တသြနဲ့ ကိုချစ်ဖေ ပရုတ်ဆိပ်တွေကိုကြည့်ပြီး.“ အကို..အကို ဒါ ပုရွက်ဆိပ်လေ
အကို ပရုတ်ဆိပ် မဟုတ်ဘူးလေ ကျနော်က အကိုပြောတဲ့ ပရုတ်ဆိပ်အကောင်ကို စဉ်းစားနေ
တာ ဒါက ပုရွက်ဆိပ်လေ အကို” တဲ့

ကိုချစ်ဖေရဲ့ ပရုတ်ဆိပ်သတင်းလဲ တဖြေးဖြေးပြန့်သွားပြီး ကိုချစ်ဖေကို တချို့က ခုထိ “ပရုတ်
ဆိပ်ကြီး” တဲ့.ကိုချစ်ဖေလဲ ဆရာတတ်ချင်တဲ့ စိတ်ကိုလဲ ဘရိတ်အုပ်ပြီးသားလဲ ဖြစ်ကရောပေါ့
ဗျာ..(အမှန်ကတော့ ကလူသစ်ပြောသလို အခြားအရပ်မှာ ပရုတ်ဆိပ်လို့ ခေါ်တယ် မင်းကဘာ
သိလို့လဲ.ဘာညာနဲ့ ဆက်ဖြီးရမှာ.ဟိ)



15 comments:

ဂျူနို January 10, 2010 at 5:57 AM  

ဘာမှ မကစားတတ်တာတော့ ဘလောဂါတယောက်နဲ့ ကွက်တိတူတယ် အက်စတိုးနီးယားငယ် ဆိုလား ကြားဖူးလား။ :)

မအယ်

ကိုချစ်ဖေ January 10, 2010 at 6:28 AM  

ဟုတ်လား.ကျနော်တယောက်ထဲ မကစားတတ်တာလားလို့.အက်စတိုးနီးယားငယ်လဲ ဒီလိုပဲလား..အဲ့လိုမကစားတတ်လို့လားမသိဘူး အထက်တန်းတုန်းက ကဲ လို့ မိဘတွေ ခဏခဏခေါ်ရတာ
ကျောင်းအုပ်ဆရာကြီးက မင်းတို့မရှက်ပေမဲ့ ငါရှက်တယ် တဲ့.ဟဲဟဲ..

Unknown January 10, 2010 at 12:40 PM  

လာဖတ်သွားတယ်ရှင်

Nge Naing January 10, 2010 at 4:23 PM  

ချို့ဒေသကလူတွေ ပရွက်ဆိတ်ကို ပုရုတ်ဆိတ် (သို့) ပရွဆိတ်ခေါ်တာ ကြားဖူးတယ်။

ချစ်ကြည်အေး January 11, 2010 at 4:56 AM  

ကျမသိတာလည်း ပုရွက်ဆိတ် ပဲ....ဒါ အမှန်ဆုံး...ငှင်း..ငှင်း...ငှင်း... (ဆရာမကြီး...လုပ်သွား၏)

ရွှေရတုမှတ်တမ်း January 11, 2010 at 5:34 PM  

ကျနော်ကတော့ ပွက်ဆိတ် လို့ ခေါ်ဖူးတာပဲ..း)

ရီမိုးပြည့်  January 11, 2010 at 11:39 PM  

အဲဒါကြောင့်  ခေါင်းစဉ်ကိုကြည့် ပြီးစဉ်းစားနေတာ... အဲဒါ ဘာကြီးလဲလို့  အဆုံးကြတော့ မှပဲ ရှင်းတော့ တယ်.. အော်.. ပရုတ်ဆိပ် ပရုပ်ဆိပ်.. ဒို့ အစ်ကိုရဲ့  ပုံလေးတောင် ကြည့် ကြပါလား.. ပရုတ်ဆိပ်လေးတန်းစီလို့ ...

jr.လွင်ဦး January 12, 2010 at 7:06 AM  

ငယ်ငယ်က အကိုနဲ့က ၁နှစ်ပဲကွာတော့ မီးကုန်ယမ်းကုန် အကုန်ဆော့ဖူးတယ်။ နယ်ကလူတွေက ကိုယ့်ထက်တောင် ပိုဆော့သလားလို့။ ကိုချစ်ဖေကျမှ။း))
ခင်မင်လျှက်
ဂျူ

ကလူသစ် January 16, 2010 at 12:19 AM  

တခြားအရပ်မှာ ပရုတ်ဆိပ်လို့ခေါ်တယ် ဘာညာဆိုပြီး ဆက်ဆရာတတ်လိုက်တာမဟုတ်ဘူး

k January 16, 2010 at 12:19 AM  

ကိုချစ်ဖေရေ

လိုင်းပေါ်ကိုတက်ဖြစ်တဲ့အခါတိုင်း ခင်ဗျားဘာတွေများ တို့ထားထိထားလဲလို့ ၀င်ဝင်ကြည့်ဖြစ်တယ်။ ပေါ့ပေါ့ပါးပါးနဲ့ ပြောချင်တာလေး ပြောပြောသွားတဲ့အတတ် ကျနော် ရချင်လိုက်တာဗျာ။
ကျနော်ဖြင့် တခုခုဆို ချိန်နေရတာနဲ့ပဲ အမြဲနောက်ကျရ။
အိမ်ထောင်ကျတော့ ဟားဟား ၄၅ လေ။
အဲဒါသာကြည့်။
ခင်ဗျားနဲ့များ စောစောထဲကသိခဲ့ရင် ဒီလိုဖြစ်နိုင်ပေါင်ဗျာ

ကိုလူထွေး January 16, 2010 at 7:06 AM  

နောက်ဆို ကိုပွတ်ဆိတ်လို့ပဲ ခေါ်တော့မယ်...

းဝ)

ကိုချစ်ဖေ January 16, 2010 at 7:56 AM  

ဟော.ကိုခင်လွန်း က အထင်ကြီးနေလိုက်တာ.ကိုချစ်ဖေတို့ နောက်ကျချက်က ခု ၄၆ နှစ်ထဲကို တော်တော်ဝင်နေပြီ
အိမ်ထောင်ကျ ကို ကျဖို့ လမ်းစကို မမြင်သေးဘူး.အထည်ချူပ်စက်ရုံမှာလဲ တော်တော်ကြာလုပ်ခဲ့သေး..
ပြောပြရရင်လဲ ကြော်ငြာထိုးတယ်ထင်မှာ စိုးရသေး.
(ထိုးလဲထိုးတာပါပဲ) နို့ဖိုးကတော့ လွမ်းလောက်ရုံလေး နေခဲ့ရတာ.လက်ဖက်ရည်ဆိုင်တန်လေးရှိသေးလား.ဗျ.

ကိုချစ်ဖေ January 16, 2010 at 7:57 AM  

ခေါ်ချင်သလိုသာ ခေါ်ပေတော့ ကလူထွင်းရေ.

Moe Cho Thinn January 16, 2010 at 1:19 PM  

ကိုပရုတ်ဆိတ်ကြီး
နံမီ (နံမည်) ပြောင်း ကင်ပွန်းတပ် လုပ်မှပေါ့..:))

တောင်ပေါ်သား January 21, 2010 at 1:50 AM  

ကျနော်ကတော့ ပွက်ဆိတ်ပေါ့ အဟေးဟေးးးး အဲ့လိုခေါ်မယ် ဦးပွက်ဆိတ်း)

လေးစားလျက်
တောင်ပေါ်သား

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP