Showing posts with label ဘ၀ဒိုင်ယာယီ- ပရုတ်ဆိပ်. Show all posts
Showing posts with label ဘ၀ဒိုင်ယာယီ- ပရုတ်ဆိပ်. Show all posts

Sunday, January 10, 2010

ပရုတ်ဆိပ်

ပရုတ်ဆိပ်

ကိုချစ်ဖေ ငယ်ငယ်တုန်းက ဘောလုံးလဲမကန်တတ် စွန်လဲမလွှတ်တတ် ဂျင်လဲမပေါက်တတ်
မြစ်ဝကျွန်းပေါ်သားဖြစ်ပြီး ရေလဲမကူးတတ် ငါးလဲမမျှားတတ် ရှားရှားပါးပါး လေးဂွပဲ ကောင်း
ကောင်းပစ်တတ်တာရှိပါတယ် အမေးအမြန်းကလဲထူသမို့ အမေက ရွှေသွေး တေဇ ရှုမ၀ မြ
ဝတီ မဂ္ဂဇင်းတွေ ဖတ်ခိုင်းပါတယ် နေပူထဲ အပြင်ထွက်ကစားပြီး ဖျားနာမှာ ရေခိုးကူးရင်း ရေ
နစ်မှာ ဘောလုံးကန်ရင် ခြေထောက်ကျိုးမှာ ဂျင်ပေါက်ရင်းခြေထောက်ပေါက်မိမှာ မျက်လုံးကို
လွင့်မှန်မှာ ငါးမျှားရင် ငါးလေးတွေ ပါးစပ်နာမှာ အစုံစုံ စိတ်ပူတော့ ကိုချစ်ဖေကို တခါထဲ စာ
အုပ်နဲ့ မိတ်ဆက်ပေးထားပြီး (အမေ့စကားအတိုင်းဆို ငြိမ်ဆေးကျွေးထားတာ) ကိုချစ်ဖေကလဲ အကြိုက်ပေါ့ သောကြာနေ့ ညနေကနေ တနင်္ဂနွေနေ့မနက်အထိ ဖတ်ချင်တဲ့ကာတွန်း ပုံပြင်
အစုံစုံ တရားဝင်ဖတ်ခွင့်ရပြီ။



ဒီတော့ကာ ကိုချစ်ဖေက စိတ်ထဲစွဲနေတာက သူငယ်ချင်းတွေ မဖတ်ဖြစ်သေးတာမသိသေး
တာတွေကို ကိုချစ်ဖေက သိနေတယ်လို့ ကိုယ့်ကိုကိုယ်အထင်ကြီးနေ စိတ်ကြီးဝင်နေတာ အ
သက်ကြီးတဲ့အထိ။ ဒီတော့ ကိုယ့်ထက်နည်းနည်းငယ်တဲ့ သူငယ်ချင်းလေးတွေ အပေါ် ဆရာ
တတ်ချင်နေတာပေါ့ဗျာ ဒီလိုနဲ့ ဆရာတတ်ဖြစ်သွားတဲ့အကြောင်းလေး ပြောပြဦးမယ်ဗျာ ကို
ချစ်ဖေလဲ နာမည်ကို တွင်ရော။

ကိုချစ်ဖေကို ခင်တဲ့ ကိုယ်ချစ်ဖေကို အထင်ကြီးတဲ့ တယောက်ထဲသော သူငယ်ချင်းလေး တ
ယောက် ကိုချစ်ဖေမှာ ရှိ ပါတယ် သူက ကိုချစ်ဖေထက် ဆယ်နှစ်လောက်ငယ်တော့ ကိုချစ်
ဖေကလဲ ဆရာတတ်လို့ကောင်းသပေါ့..သူ့နာမည်က မောင်ဝင်းအောင် တဲ့ တနေ့တော့ ကိုချစ်
ဖေလဲ ဆရာတတ်ချင်လာတာနဲ့ မောင်ဝင်းအောင်ကို

“မောင်ဝင်းအောင် ညီလေး မင်း ပရုတ်ဆိပ်တွေ အကြောင်းမသိချင်ဘူးလား ငါတော့ပရုပ်
ဆိပ်တွေကို သဘောကြတယ်ကွာ သူတို့က အမြဲတခုခုတော့ လုပ်နေကြ ကြိုးစားနေကြတာပဲ
ညီလည်းညီညွတ်ကြတယ် ရန်ဖြစ်နေကြတာလဲမတွေ့ရဘူးကွာ အဲ့ဒီတော့ ပုရုတ်ဆိပ်တွေကို
အတုယူရရင်ကောင်းမယ် သူတို့အကြောင်းသိရရင်ကောင်းမယ်” လို့ ပြောလိုက်တယ်.

မောင်ဝင်းအောင်က လဲ ကိုချစ်ဖေရဲ့ တဦးတည်းသော သူငယ်ချင်း ကောင်ငယ်လေး ဆိုတော့
ကိုချစ်ဖေပြောသမျှ သေသေချာချာလဲနားထောင်တာပေါ့ နားလဲစွင့်ထားတာပေါ့.အထင်လဲကြီး
တာပေါ့.ပြီးတော့သူက
“ ကိုချစ်ဖေ. ကိုချစ်ဖေပြောတဲ့ ပရုတ်ဆိပ် ဆိုတဲ့အကောင်က ဘယ်လိုအကောင်မျိုးလဲ” လို့
လေးလေးနက်နက် မေးရှာပါတယ်။

ကိုချစ်ဖေကလဲ
“ ဟာကွာ မင်းကလဲ ပရုတ်ဆိပ် ကိုတောင်မသိဘူးလား ပရုတ်ဆိပ်ကွာ အကောင်သေးသေး
လေးတွေကွာ တန်းစီပြီးသွားကြတယ် တွင်းထဲမှာနေကြတယ်ကွာ” ဆိုတော့ သူက “ အ
ကောင်သေးသေးလေးတွေ တန်းစီပြီးသွားတယ် ဘယ်လိုမျိုး အကောင်လဲအကို ပြောတဲ့ ပ
ရုတ်ဆိပ်ဆိုတဲ့အကောင် ကျနော်မသိဘူး အကို” တဲ့ ဒီတော့ ကိုချစ်ဖေကလဲ “ဟာ..ဒီကောင်
ကွာ ဒီအကောင်လေးတွေကိုမသိဘူးလား အများကြီးပဲကွာ အမြဲတမ်းလဲမြင်နေရတယ်ကွာ မင်းကလဲမသိဘူးလား” လို့ ပြောပြီး “ လာကွာ ငါပြမယ်ဆိုပြီး ပရုတ်ဆိပ်တွေကို ရှာပြီးပြလိုက်
တာပေါ့” “ကဲကွာ..ဒီမှာကွာ ငါပြောတဲ့ ပရုတ်ဆိပ် မူလရည်ရွယ်ချက်တောင်ပျောက်သွားတယ်
မင်းကလဲ” ဆိုပြီးပြလိုက်တယ်

သူကလဲတအံ့တသြနဲ့ ကိုချစ်ဖေ ပရုတ်ဆိပ်တွေကိုကြည့်ပြီး.“ အကို..အကို ဒါ ပုရွက်ဆိပ်လေ
အကို ပရုတ်ဆိပ် မဟုတ်ဘူးလေ ကျနော်က အကိုပြောတဲ့ ပရုတ်ဆိပ်အကောင်ကို စဉ်းစားနေ
တာ ဒါက ပုရွက်ဆိပ်လေ အကို” တဲ့

ကိုချစ်ဖေရဲ့ ပရုတ်ဆိပ်သတင်းလဲ တဖြေးဖြေးပြန့်သွားပြီး ကိုချစ်ဖေကို တချို့က ခုထိ “ပရုတ်
ဆိပ်ကြီး” တဲ့.ကိုချစ်ဖေလဲ ဆရာတတ်ချင်တဲ့ စိတ်ကိုလဲ ဘရိတ်အုပ်ပြီးသားလဲ ဖြစ်ကရောပေါ့
ဗျာ..(အမှန်ကတော့ ကလူသစ်ပြောသလို အခြားအရပ်မှာ ပရုတ်ဆိပ်လို့ ခေါ်တယ် မင်းကဘာ
သိလို့လဲ.ဘာညာနဲ့ ဆက်ဖြီးရမှာ.ဟိ)



Read more...

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP