Monday, November 30, 2009

ကျွန်တော်ကွင်းပြင်ကျယ်ကြီးတွေဆီထွက်လာခဲ့သည်။ ကျနော်ကွင်းပြင်ကျယ်ကြီးတွေဆီ ကို
ထွက်လာခြင်း က ထူးထူးဆန်းဆန်းရယ်တော့လဲ မဟုတ်ပါဘူး.ကွင်းပြင်ကျယ်ကြီးတွေဆီကို
ကျနော်က လာနေကြမို့ လာခဲ့ခြင်းပါ.

ထိုကွင်းပြင်ကျယ်ကြီးတွေဆီလာတဲ့အခါတိုင်း လမ်းဘေးက တောပန်းလေးတွေ အလေ့ ကျ
ပေါက်နေတဲ့ မြက်တွေနဲ့ ကွင်းပြင်ကြီးပေါ်ကကျော်ဖြတ်လာတဲ့ လေပြေ အားလုံးကို ကျနော်
နှုတ်ဆက်နိုင်ပါတယ်.ကျနော်ကနှုတ်မဆက်သော်လည်း သူတို့အားလုံးက ညိုညင်မှုတော့မရှိ
ပါ.

ထိုကွင်းပြင်ကြီးဆီကို ကျနော်ထွက်လာတယ်ဆိုတိုင်း ကျနော်တယောက်ထဲ အထီးကျန် ဆန်
လှတယ်လို့တော့လဲ မတွေးစေချင်ပါ ကွင်းပြင်ကြီးရဲ့တဘက် တောတန်းလေးအနီးမှ စမ်းချောင်း
လေးရစ်ခွေစီးဆင်းသွားသော တောင်ကုန်းလေးပေါ်က တောရကျောင်း သင်္ဃန်းလေးဆီကို
သွားကြတဲ့လူတချို့ ကွင်းပြင်ကြီးအလည်က လယ်တောအစု အိမ်လေးများနဲ့နေသာတဲ့နေ့
ရက်များမှာ စွန်လွှတ်နေကြသူ တချို့လည်းရှိနေခဲ့ပါတယ်.


ဆည်းဆာပျိုရဲ့ လှပခြင်းတွေကို ခိုးယူနမ်းရှိုက်ဖို့ စောင့်နေသောတချို့သော သူများလည်း ရှိနေ
နိုင်ပါသည်။ ကွင်းပြင်ကြီးပေါ်က ဖြတ်ပျံလာတဲ့ အိပ်တန်းပြန် ငှက်ကလေးများနှင့် ကွင်းပြင်ကြီး
ကိုဖြတ်စီးသွားတဲ့ ရေကြည်တဲ့ စမ်းချောင်းလေးမှာ ငါးမြားထွက်သူတွေလဲ ရှိနေနိုင်ပါသေး
သည်။ ဘာပဲဖြစ်ဖြစ် ကျနော်ခုလို ပြောပြနေခြင်းမှာ ကျနော်ကို အထီးကျန်ဆန်သည်လို့ မထင်
မှတ်စေချင်လို့ ပြောပြနေခြင်းလဲ ဖြစ်နိုင်ပါသည်။

အကယ်၍ ကျနော့်ကို အထီးကျန်ဆန်လှသည်ဟုထင်မှတ်သူများ လဲ ရှိနေနိုင်ပါသေးသည် ထို
သို့ ထင်မှတ်နေနိုင်ခွင့်လဲ ရှိပါသည်။ သူ့ထင်မြင်ယူဆမှုများကို ကျနော်က တန်းဘိုးထားစွာ ကွဲ
လွဲခွင့်ရှိပေးခဲ့သလို သူကလဲ သူ့၏ အထီးကျန် မဆန်ခြင်းကိုလဲ အတုယူ အားကြဖွယ် ပြောပြ
သွားနိုင်ပါသေးသည်။ ဘာပဲဖြစ်ဖြစ် နေရောင်ခြည်တောက်သောနေ့ မိုးဖွဲဖွဲလေးရွာနေသောနေ့
များ၌ လဲ ကွင်းပြင်ကြီးပေါ်မှာ ရောင်စုံသက်တန့်ကြီးတခု ပေါက်နေနိုင်ပါသေးသည်။

ကျနော် ထိုသို့ကွင်းပြင်ကျယ်ကြီးဆီကို အားလပ်သည့်အခါတိုင်း ထွက်ခွာလာတတ်သည် မှာ
ဆယ်စုနှစ်တစ်ခုသော အချိန်ကာလ သို့ ရောက်လာခဲ့ပါသည်။ ကျနော်ကဲ့သို့ မဟုတ်သည့်
တိုင် တနင်္ဂနွေတိုင်း ငါးလာမြှားတတ်သော မြက်ဦးထုတ်ဆောင်းထားတတ်သည့် အဖိုးကို ခု
နွေဦးရာသီ၌ မတွေ့တော့ပါ။ ကွင်းပြင်ကြီးအလယ် လယ်တောစုလေးမှ ကျောင်းလာတက် ကြ
သော ကျောင်းသားလေးများ သည်လည်း ကွင်းပြင်ကြီးထဲမှာ တချို့လုပ်ငန်းခွင် ၀င်နေကြပါပြီ
လယ်တောစုလေးသည်လဲ ယခင်ကကဲ့သို့ တဲစုသေးသာမက အိမ်ခြေအတော်များများ တိုးလာ
ပါပြီ။

ထူးခြားသော ပြောင်းလဲမှုများဖြင့် ပြောင်းလဲသွားခဲ့သည် တော့လဲ မဟုတ်ပါ ကျနော် ရပ်ကြည့်
ငေးမောရာ ပိတောက်ပင်ကြီးသည်လဲ ထူးထူးခြားခြားပြောင်းလဲမသွားသေးပါ ကျနော်မြင်တွေ့
နေကြလူတချို့ ပျောက်ကွယ်သွားကြပြီး ကျနော်မမြင်ဘူးသေးသော လူတချို့ရောက် လာကြပါ
သည်။

ကျနော့်ကို အထီးကျန်ဆန်လှသည် ပြောခဲ့သောသူများသည်ပင် ထိုမြို့လေး၌ ကြီးပွားတိုးတက်
ရာလမ်း မရှိဟု အထီးကျန်စွာခံစားပြီး ပြောင်းရွေ့သွားကြပါပြီ ကျနော်ကတော့ ကျနော့်စိတ်တွေ
နောက်ကျိလာတဲ့အခါ လေးလံတွဲလျ လာတဲ့အခါ အမျိုးအမည်ဖေါ်ပြလို့မရတဲ့ လွမ်းဆွတ်မှု ခ
ံစားလာရတဲ့အခါ ကွင်းပြင်ကြီးဖက်ကို ပိုရောက်ဖြစ်ပါတယ် ကွင်းပြင်ကြီး ပေါ်အေးဆေးလွတ်လပ်
စွာဖြတ်ပျံလာတဲ့ ငှက်ကလေးတွေရဲ့ လွတ်လပ်မှုကို အားကျပါတယ် တိမ်တွေ အဆုပ်လိုက် ရွေ့
လျားသွားခဲ့တာတွေကို သဘောကျပါတယ် ဘာပဲဖြစ်ဖြစ် ကျနော် ကတော့ ထိုမြို့ကလေး ကနေ
မရွေ့သွားချင်ပါ။

စာကူးသူစကား။ ။ ထို ကွင်းပြင်ကျယ်ကြီးဆီကို လာနေကျ ဦးလေး ထူးဆန်းစွာပျောက်
ဆုံးသွား ခဲ့သည်မှာ နှစ်ဆယ့် တစ်နှစ်ရှိခဲ့ပါပြီ် ကျနော်က ထိုလယ်တောစုလေးမှာ မွေးဖွား၍
ကျနော်တို့ ကျောင်းပြန်ချိန် ကောက်စိုက်ချိန် ကောက်လှိုင်းသိမ်းချိန် များတွင် ထိုဦးလေးကို တ
ချို့ရက်များမှာ တွေ့နေကျဖြစ်ပါသည်။ စကားပြောလေ့ပြောထ မရှိသော်လဲ ကျနော်တို့ အပေါ်
အပြုံးဖြင့်နွေးထွေးစွာ နှုတ်ဆက်တတ်သော ထိုဦးလေးကို ကျနော်တို့က ခင်မင်ပါသည်။

ကျနော်တို့ နေထိုင်ရာ လယ်တောစုသို့ အလည်ဖိတ်ခေါ်သောအခါ ကျေးဇူးတင်၍ ၀မ်းသာ
ကြောင်းပြောသော်လဲ ငြင်းပယ်လေ့လဲ ရှိပါသည်။ ထိုဦးလေးသည် တပတ်လျှင် နှစ်ကြိမ်ခန့်
ကျနော်တို့မိသားစု အိမ်စုလေးရှိရာ ကွင်းပြင်ကြီး တွေဖက်ကို ရောက်လာနေကျ မိုးဖွဲဖွဲရွာလျှင်
ပိတောက်ပင်ကြီးအောက် တခါတရံ ကတ္တရာလမ်းဘေး ရပ်တံ့ရင်း ဘယ်သူ့ကိုမှလည်း စကား
ပြောလေ့မရှိသော ထိုကွင်းငေးသူ ဦးလေး သူထိုင်နေကျနေရာ ပိတောက်ပင်ကြီးအောက်မှ
ရရှိသော သူရေးထားပုံရသော ဗလာစာအုပ်ထဲမှ ခွင့်မတောင်းပဲ( ခွင့်တောင်းခွင့်မရရှိပဲ) ကူးယူ
ဖေါ်ပြပါသည်။ ထိုစာရေးသူဦးလေးက ဘာအမည်မှမပေးလို့ ကျနော်လဲ ကူးရေးစရာမရှိတော့ပါ
ထိုဦးလေးနာမည်ကိုလည်း မသိပါ ။

ထိုဦးလေးကြီးက သေဆုံးသွားတာလဲ ဖြစ်နိုင်ပါတယ် ဒါမှမဟုတ် သူယုံကြည်ခြင်းတခု ပေါ်မှာ
နှစ်မြှုတ်သွားတာလဲဖြစ်မယ်ထင်တယ်ဗျ.ဒါမှမဟုတ် သူကိုယ်တိုင်လည်း ကွင်းပြင်ကြီးဖြစ်သွား
တာလား.ဒါမှမဟုတ် ကွင်းပြင်ကြီးက ယူငင်သောက်သုံးနေကျ စမ်းချောင်းလေးပဲဖြစ်သွား
လား ကိုချစ်ဖေလည်း မသိတော့ပါ။






6 comments:

Nge Naing December 1, 2009 at 12:23 AM  

ကိုချစ်ဖေရေ
လာဖတ်သွားပါတယ်။ နာမည်တော့ ပေးလို့မတတ်ဘူး စာကူးသူနေရာဝင်ပြီး ကွင်းပြင်ကြီးဆီ အမြဲလာပြီး ပျောက်သွားတဲ့ ထိုသူကို လွမ်းဆွတ်တသ မိပါတယ်။ ဒီစာကို ဖတ်ပြီး ကျွန်မတို့ တချိန်က ဖြတ်သန်းသွားလာနေကျ ရွာတွေတွေမှာ ကျွန်မတို့ကိုလည်း ဒီလိုလွမ်းဆွတ်နေသူတွေ ရှိနေလိမ့်မယ်လို့ အခုမှ တွေးနေမိတယ်။

ကိုလူထွေး December 1, 2009 at 1:54 PM  

ဖတ်ရတာ ဟာတာတာကြီး ဖြစ်ကျန်ရစ်တယ် ကိုချစ်ဖေရေ...

ပြီးတော့ ပဟေဠိဆန်လွန်းလှတယ်...

ကဗျာဦး December 1, 2009 at 2:42 PM  

ကိုချစ်ဖေကြီး
စာကြွေးတွေလာဖတ်သွားတယ်

ရွှေရတုမှတ်တမ်း December 1, 2009 at 6:07 PM  

ကိုချစ်ဖေကြီးကတော့ ဒီတခါ ပဟေဠိလုပ်သွားပြီ

ဆောင်းယွန်းလ December 2, 2009 at 2:31 PM  

ထိုဦးလေးကြီးသည်ကား....
ကိုချစ်ဖေလည်းဇြစ်၏။ ကိုချစ်ဖေကဲ့သို့ တခြားတခြားသော ဦးလေးကြီးတယောက်လည်း ဖြစ်၏။
ဦးလေးကြီးရေ ကွင်းပြင်ကြီးဆီကို ဘယ်တော့ ပြန်လာမလဲဗျာ...ပျောက်သွားတာ အတော်တောင်ကြာလှပေါ့....

ကိုချစ်ဖေ December 2, 2009 at 9:28 PM  

ကိုချစ်ဖေတော့ ဟုတ်မယ်မထင်ဘူးကိုဆောင်ယွန်းလ ရ
ဘာလို့ဆိုတော့ ဦးလေးကြီးက အရက်မသောက်တတ်ဘူး တဲ့..အဲ့ဒီမြို့လေးထဲက သူ့ကို သိတဲ့သူတွေပြောတာပဲ.ဗျာ..ဒါမှမဟုတ်.ခွက်ပုန်းချတာလည်းဖြစ်ချင်ဖြစ်မယ်.ကိုယ်ချစ်ဖေတို့ လယ်တောမှာ စကားပေါ်ချိန် လယ်ကြွက်ကင်နဲ့ ဓနိရည်
ကောင်းညှင်းစစ်စစ် အရက် ဦးလေးကြီးကို တိုက်ချင်ပါရဲ့
ဗျာ...နောက် ကဗျာတွေလည်း ရွတ်ကြတာပေါ့.

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP