Friday, December 4, 2009

ကျနော်ချစ်ရတဲ့ အဖွားအဖိုးနှင့် ဦးလေး

ကျနော်ချစ်ရတဲ့ အဖွားအဖိုးနှင့် ဦးလေး

အဖွားက မောင်နှမတွေ အားလုံးထဲမှာ အငယ်ဆုံးညီမလေးတဲ့ ခေတ်ကောင်းတုန်းက ရွှေ
လက်ကောက်တွေ အများကြီးဝတ် စပါးပြီးချိန်ဆို နွားလည်းနဲ့ တရွာနဲ့တရွာအလည်သွားကြ
အလှုမင်္ဂလာဆောင်သွားကြနဲ့ပျော်စရာကြီးတဲ့ သားလေးကြိုက်တဲ့ ပဲကောက်ညှင်းထုတ် တ
တောင်လောက်ကြီးမှတပဲ ။“အဖွားတပဲ ကဘာလဲ” ဆို အဖွားက တကျပ်မှာ ၁၆ ပဲရှိတယ်လေ
ကျနော်က ပြား တရာပါ အဖွား။ အဖွားပဲနဲ့ ကျနော်ပြား တန်ဘိုးကို ညှိရပြီ အမေးအမြန်းထူ
တဲ့ ကျနော်နဲ့ မေ့နေတဲ့ အဖွားနဲ့ ပိုက်ဆံတန်ဘိုးက အမြဲညှိနေကြ အဲ့ဒီအချိန်ဆို အဖွားက
အမေတို့ အဒေါ်တို့ကို ခေါ်ပြီ မေးပြီ အဖွားရှင်းပြတာလည်း သေချာနားလည်လို့တော့မဟုတ်။




အဖွားနဲ့ ကျနော်က အမြဲမခွဲအတူ မို့ အဖွားက ကျနော့်ကို ထိန်းရင်း ချစ်သူမို့ နောက် ကျနော်
က အဖွားရဲ့ စကားပြောဖေါ် ကျနော်မသိသည်များကို အဖွားကရှင်းပြပေးခဲ့သူ ကျနော့် အဘိ
ဓါန် လဲ ဟုတ်ပါသည်။ အဖွားနဲ့ စကားပြောတိုင်း ပြဿနာဖြစ်ရသည် က ခေတ်ကောင်းတုန်း
ကနဲ့ တပဲ တမူး ရွှေတကျပ်သား စပါးတရာ ထိုစကားလုံးများပင် ကျနော်က အဖွားပြောတဲ့
ခေတ်ကောင်းတုန်းက စကားကို နားမလည် အဖွားပြောတာက အင်္ဂလိပ်မင်းအုပ်ချူပ်တဲ့ ခေတ်
ကျနော်တို့က မဆလခေတ်မှာ မွေးသူတွေ မူလတန်းကျောင်းမှာ သင်ကြားရတာတွေက နယ်
ချဲ့ အင်္ဂလိပ် ဓနရှင် ငွေရှင် ချစ်တီး စတီးဘုရားသား စတာတွေက ဗီလိန်တွေ။ အဖွားပြောတာ
နဲ့ ဆန့်ကျင်ဖက် ကျောင်းက သင်ကြားတာက အင်္ဂလိပ်နယ်ချဲ့က မကောင်း အဖွားပြောတော့
ခေတ်ကောင်းတုန်းက တဲ့ အဖွားကိုမေးတော့ အဖွားကလည်း ရှင်းမပြတတ်။ အဖွားတို့က ကျိ
ကျိတက်ချမ်းသာသော လယ်ပိုင်ရှင်လူတန်းစားများလည်း မဟုတ် သာမာန် လယ်ပိုင်ရှိသော
လယ်သမား များသာ သို့သော် ထိုအချိန်က ငွေပိုလျှံသည်။

ကျနော်တို့ မြေးအဖွားကြားမှာ နားမရှင်းခဲ့သော စကားလုံးများပါ။ နားမရှင်းခဲ့ပေမဲ့ အဖွားနဲ့ ကျ
နော်က ချစ်သည် တဂိုဏ်းထဲသမား ကျနော့်ကို အမေတို့ သဘောမကျရှိလို့ ရိုက်ချင်ပေမဲ့ မ
ရိုက်ရဲ ကျနော်က အဖွားဆီရောက်အောင်ပြေးသည် ကျနော်ကို အမေတို့ ရိုက်ရင် အဖွားကို ကျနော် တိုင်ပြောသည်။ အဖွားက စိတ်ကြီးသည် အဖွားကို ကျနော်တိုင်ပြောလျှင် အဖွားက ထမီတိုတိုဝတ်ပြီး အိမ်ရှေ့ကနေ ကရင်လိုအော်ဆဲတော့သည်။ အမေနဲ့ အဒေါ် ညီအမက မိဘ
တွေ နဲ့ နီးနီး နှစ်အိမ့်တအိမ် နေကြသည်။ အဖွားနဲ့ အဖိုးက အဒေါ်တို့နဲ့ အတူနေသည်။ အိမ်
ခြင်းက ကပ်လျှက် ထိုကြောင့် ကျနော်တို့ မြေးသုံးယောက်က အိမ်နှစ်အိမ်ကို ခွစားသည်။ ခွ
နေသည်။ အဒေါ်မှာ ကျနော်နှင့် (၇)လငယ်သော သမီးလေးတယောက်သာ ရှိသည်။ ကျနော်
ကျနော့်ညီမလေးအရင်း အားလုံး အဒေါ်အိမ်မှာ အနေများကြသည်။ ညီမလေးက အဒေါ့်ကို အမေ လို့ပဲခေါ်သည်။ ဦးလေးကိုလည်း အဖေလို့ပဲခေါ်သည်။ ကျနော်ကသာ ဦးလေး အဒေါ်
လို့ခေါ်သည်။

ကျနော်က အဖွားနှင့်အတူအိပ်၍ ညီမလေးက အဒေါ်နှင့်သွားအိပ်သည်။ အဖေနဲ့ ဦးလေးက ကျနော်တို့ မြစ်ဝကျွန်းပေါ် သွားသင်္ဘော စာရေးတွေ မို့ အိမ်မှာသိပ်မရှိ အမေက တဦးထဲ နေ
တာများသည် ကျနော်ကိုရိုက်လျှင် အဖွားက အမေ့ကို အိမ်ရှေ့မှ ထိုသို့သွားဆဲခြင်းပါ။ အဖွား
က ဗမာအများစု နေရာရပ်ကွက်မှာမို့ ကရင်လိုဆဲခြင်းလဲ ဖြစ်မည်ထင်သည်။ အမေက တုတ်
တုတ်မှ မလှုပ် ခံမပြောဝံ့ အစုံပဲ ကျနော်က အဖွားဆဲတာကို နားမလည်လို့မေးလျှင် ပြန်ရှင်းပြ
တတ်သေးသည်။ နေမကောင်းလို့ ကျနော်ထမင်းမစားရလျှင်လဲ အဖွားကခိုးကျွေးသည်။ အပူ
ပြန်တက်လျှင်တော့ အဖွားကို အမေက ပွစိပွစိလုပ်သည် အဲ့ဒီအခါမျိုးမှာတော့ အဖွားကတိတ်
ဆိပ်သူ သူ့အပြစ်နှင့်သူ ကျနော်က ထိုအခါမျိုးမှာ အားကိုးရာမဲ့။ အဖွားက ကျနော့်ခံတပ်လေ။

အဖွားက အသက်ကြီးပေမဲ့ အမြဲသန့်ပျံ့အောင် မွှေးနေအောင်နေတတ်သူပါ နေ့စဉ် ရေမိုးချိုး
နံ့သာဖြူ သနပ်ခါးကို ခြေဆုံးခေါင်းဆုံးလိမ်းလေ့ရှိတဲ့ အဖွားက အသားထဲထိ မွှေးနေသူ ပါ
အဖွားကို ကျနော်က ချွဲတဲ့အခါတိုင်း အဖွားကိုယ်ပေါ်တက်ထိုင် အဖွားကို နို့တိုက်ခိုင်း အဖွားက
လည်း သူ့နို့ပိန်လေးကို ထုတ်တိုက်ပါတယ် ကျနော်အတော်ကြီးတဲ့အထိပါ။ အဖွားကိုယ်က နံ့
သာဖြူနံ့နဲ့ ရောနေတဲ့ အနံ့လေးသပ်သပ်ရှိသည်။

နောက်ပိုင်း အမေတို့က ကျနော့်ကို ဆုံးမချင်ရင် အဖွားနဲ့ညှိနှိုင်းပြီးမှ ဆုံးမနိုင်သည် ထိုအခါ ကျ
နော့်ကို အမေက သဘောမတွေ့လျှင် မရိုက်တော့ ဗိုက်ခေါက်လိမ်သည် နင့်အဖွားနဲ့ ပြန်တိုင်ဦး
မလား မေးသည် ကျနော်က ထိုအချိန် နီးရာဓါးကိုလည်း ကြောက်ရသည်။ အမေ စိတ်တအား
ဆိုးမှာကိုလည်း ကြောက်ရသည် ထို့ကြောင့် အဖွားကို ပြန်မတိုင်ရဲတော့။ အဖွားရဲ့ အိပ်ယာဝင် ပုံပြင်များကတော့ ထိုခေတ်ကောင်းတုန်းက အကြောင်းတွေ။ စပါးရောင်းရငွေကို ကျောက်ပြင်
ပေါ်မှာ တစေ့ချင်း အသံမြည်အောင် ရိုက်ပြီးမှ ယူတဲ့အကြောင်း စပါးတခါသွားရောင်းလျှင် ငွေ
ထုတ်ကြီးတင် မနည်းလေးကြောင်း ထိုခေတ်က ကျပ်စေ့ငွေဒင်္ဂါးများအကြောင်း ကျနော်က အ
ဖွားတို့ ခေတ်က စက္ကူမပေါ်သေးလို့ လား ဆိုတော့ အဖွားမရှင်းပြတတ်တော့ စက္ကူတော့ ပေါ်
နေပြီ။ ဂျပန်ခေတ် (အဖွားအသံထွက်က ဂျပန့်ခေတ် ဖြစ်သည်) ကျမှ ငွေစက္ကူ သုံးကြောင်း။
ကောက်ညှင်းထုတ်တထုတ် ၅ ထောင်ပေးရကြောင်း ဂျပန်တွေက ပိုက်ဆံရိုက်တဲ့ စက်တွေ ပါ
လာကြောင်း ဈေးတွေ အကုန်တက်ကုန်ကြောင်းလည်းပြောပြသေးသည်။

(ခုခေတ်နဲ့ တူတယ်နော်..ခုက ဂျပန်ထက်ပိုတာက နယ်စပ်မှာဆို မုဒိန်းကျင့်လူသတ်ရုံတင်မက
ရွာလေးတွေပါ မီးရှို့သွားသေးသည် မြို့လည်ခေါင်မှာ ရဟန်းသံဃာတွေ ရိုက်နက်ရဲတာ ဖမ်းဆီး
ထောင်ချသေးတာ တခုပဲပိုသည်.ဤကား ကြေငြာထိုးခြင်းမဟုတ် လက်တွေ့ ဓါတ်ရှင်များရှိပါ
သည် ကြည့်ရမည်လည်း ထင်ပါသည်)

အဖွားက သူ့အိမ်မှာ အငယ်ဆုံးပါ အဖွားငယ်ငယ်တုန်းက ဓါတ်ပုံရိုက်ထားတာ မရှိလို့ ငယ်ငယ်
တုန်းက ချောမချောတော့ မသိပါ အဖွားက မျက်လုံးဝိုင်းဝိုင်း နှာတံပေါ်ပေါ် နှုတ်ခမ်းပါးပါး နဲ့မို့
ငယ်ငယ်တုန်းက အသားဖြူဖြူချောချော ကရင်မလေးတယောက် ဖြစ်မည်ထင်ပါသည်။ အဖွား
က အငယ်ဆုံး မိဘများကလည်း ငယ်စဉ်ထဲက ဆုံးပါးသွားလို့ အကိုကြီးအမကြီးများက ထိမ်းခဲ့
ကြရသည်ဟုလဲ ပြောပြပါသည်။ အငယ်ဆုံးဖြစ်လို့ အဖွားက ရွာဘုန်းတော်ကြီးကျောင်းမှာ ပ
ရိတ်ကြီး ကုန်သည်အထိတော့ သင်ခဲ့ဘူးသည်။ အကိုကြီးများ အမကြီးများက သေစာ ရှင်စာ ဖတ် တတ်ဖို့ ကျောင်းထားခြင်းပါ။

ထို့ကြောင့် အကိုကြီး အမကြီးများက အလိုလိုက်သော ချစ်ကြသော ညီမ အငယ်ဆုံးလေး သည် စပါးပေါ်ပြီးချိန် အလှုပွဲလန်းသဘင်များသို့ သွားသောအခါ အခြားရွာများကို အလည်အ
ပတ် ထွက်သည့်အခါ တိုင်း အဖွား ပါမည်လို့ မှန်းကြည့်မိသည် ထိုခေတ်က လူငယ် လုလင်ပျို
လုံမပျိုတို့က စပါးရိတ်သိမ်း ရောင်းချ ၀မ်းစာစပါး စပါးကျီထဲသွင်းပြီး ချိန်ကစပြီး မိုးမကျခင် အ
ထိ လယ်လုပ်ငန်းမစမီ အထိ အားလပ်ကြပါသည်။ စပါးဈေးနှင့် အခြားကုန်ဈေး ခြားနားမှု
ကြောင့်လည်း ငွေပိုငွေလျှံရှိသူ များကြသည်။ ငွေသုံးစွဲနိုင်ကြသည်။

အဖွားက ပွဲကြိုက်ခင်ပါ ရွာနီးအနားသို့ ရုံသွင်းသောပွဲတိုင်း မလွတ်တန်းကြည့်သည်တဲ့ ဘယ်
ဇာတ်ပဲလာလာ လူစုပြီး အဖွားတို့ ညီအမတွေ သွားကြည့်ကြသည်တဲ့ ထိုသို့ပွဲသွားကြည့်ရင်း အလှုမင်္ဂလာဆောင်သွားရင်း ကာလသားအဖိုး စအောင်ပွဲနှင့် အဖွား နန့်အေးသင်တို့ ချစ်ကျွမ်း
ဝင်ကြ အဖွားအကိုအမများထံ တောင်းရမ်းလက်ထပ်ကြပြီး အဖွားက အဖိုးတို့ရွာကို လိုက်ပါ
သွားသည်။

သားအကြီး ၆ နှစ်သား သမီးငယ် ၃နှစ် အရွယ်မှာ ခင်ပွန်းသည် စအောင်ပွဲ ၀မ်းရောဂါနှင့်ရုတ်
ရက်ဆုံးသွားသည် ထိုအချိန်ကာလက ကျောက်ရောဂါ ပုလိပ်ရောဂါ ၀မ်းရောဂါများကကြောက်
မက်ဖွယ်ရာ ရွာလုံးကျွတ် သေဆုံးပျောက်ပျက်ချိန် အဖိုးဆုံးတော့ အဖွားက ၃၀ နှစ် ကလေးအ
ငယ်များ နှင့်မို့ ယောက္ခမများက အဖွားကို အဖွားရွာကို ပြန်ပို့ပေးကြသည်။

အဖိုးကရက်မလည်သေး အဖွားက မျက်ရည်စက်လက်နှင့် လှေနှင့်ပြန်လာရသည်။မိုးတွင်းကာ
လ လှည်းလဲမပေါက်တော့ ထိုအချိန် သားအကြီးက ၀မ်းပျော့ပျော့ သွားလာသည်။ အဖွားက
ထိုစဉ်က သားကြီးသေလျှင်တော့ သူ ရေထဲကိုသာ ခုန်ချလိုက်တော့မည် လို့ခံစားရကြောင်း
ပြောပြသည်။ အဖွားက မြစ်ဝကျွန်းပေါ်သူ ဆိုပေမဲ့ ရေကူးမတတ် ။ အဖွားက အဖိုးနဲ့ အိမ်
ထောင်ကျတော့ ထူထောင်ထားသည့်လယ် အိမ် အိမ်ထောင် ပရိဘောဂ အားလုံးကို ထားခဲ့ ရ
သည်။ ယောက်ကျားကို ရက်လည်ဆွမ်းလေးတောင် မသွပ်လိုက်ရပဲ ပြန်လာရသည်။ ကလေး
များကို ၀မ်းရောဂါကူးစက်မည် စိုးသောကြောင့်ပါ။

ရွာနှစ် ရွာ ကသိပ်အဝေးကြီးတော့ မဟုတ် လှေနှင့် ၃ နာရီ ခရီး။ သို့သော် အဖွား ထိုရွာကို ပြန်
မသွားတော့ အဖွားက သူငယ်ချစ်လင်ယောက်ကျားကို သတိပြန်ရလာလို့ မသွားချင်တော့တာ
ဖြစ်မည်။ ဒါက ကျနော့်ဖြည့်တွေးတာပါ အဲ့ဒီတုန်းကတော့ အဖွားက အဲ့လိုမပြောပါဘူး။နောက်
သုံးနှစ်လောက်ကြာတော့ တရုတ်ပြည် ဟူနယ်နယ်က အလုပ်လာလုပ်သော ကျနော့်အဖိုး နှင့်
အဖွားကို အကိုတွေ အမတွေက ပေးစားလိုက်သည်။ အဖိုးက ဗမာလို ရော ကရင်လိုပါ မ
တတ် အဖွားကိုတော့ အတော်ချစ်သည်။ ကျနော်တို့မြေးများရှေ့တွင်ပင် အဖိုးက အဖွားကိုကြင်
ကြင်နာနာ အမြဲဆက်ဆံသည်။ အဖိုးက အဖွားထက်အသက် ၁၆နှစ်ကြီးသည် အဖွားက အမြဲ
နိုင်သည်။ ဘာဖြစ်လို့လဲတော့မသိပါဘူး အဖွားက စွာလို့လားမသိ။ အဖိုးကတော့ အမြဲပြုံးနေ
တတ်သည်။ နားမကြားတာလဲဖြစ်မည် ထင်သည်။

အဖွားကမြစ်ဝကျွန်းပေါ်သူ ဖြစ်သော်လည်း ရေမကူးတတ် ကျနော်တို့ မြစ်ဝကျွန်းပေါ်သား က
လေးများအတွက် ချောင်းများ မြစ်များသည် ကစားစရာကွင်းများလဲ ဖြစ်သည် ထိုကြောင့် က
လေးတိုင်းလိုလို သဘာဝအလျှောက် ရေကူးတတ်ကြသည်။ အဖွားက ကျနော်သိသ၍ ဘယ်
သောအခါမှ သင်္ဘောမစီး သင်္ဘောကမြန်သည် ထို့ကြောင့်တခုခုနှင့် တိုက်မိပြီးမြှုတ်မှာ စိုး၍
ဘယ်သောအခါမှ သင်္ဘောမစီး။ သို့သော်အဖွားသင်္ဘောစီး၍ သရက်ထောင်သို့ ထောင်ဝင်စာ
လိုက်တွေ့ ရန် အဖြစ် တခုပေါ်လာသည်။

သင်္ဘောစီးရန်ကြောက်သော အဖွားသည် ပြည်တွင်းစစ်မီးကြီး တဟုန်းဟုန်းတောက်လောင်
နေချိန် သင်္ဘောပြန်ပေးဆွဲခြင်း ဆက်ကြေးမပေးသော သင်္ဘောကို ပစ်ခတ်ခြင်း စသည်တို့ မြစ်ဝကျွန်းပေါ် နေရာအနှံ့ ဖြစ်နေချိန် အဖွား၏ သားအကြီး ဦးလေး၏ စာရောက်လာသော
ကြောင့် မြောင်းမြ မှ ရန်ကုန် ရန်ကုန်မှ ပြည်သို့ မီးရထားစီးသွား၍ ဦးလေးကို ထောင်ဝင်စာ
လိုက်တွေ့ သည်။ မြောင်းမြမြို့ပေါ်က လွဲလို့ ဘယ်မှ မရောက်ဘူးသော အဖွားရဲ့တကယ့်စွန့်စား
ခန်း သားကိုချစ်သည့်ဇော။ နောင်တွင်လဲပေပေတေတေနေသော သားနှင့် သနားစရာချွေးမ
မြေးများ အားလုံးကို အမြဲချစ်ခင်စောင့်ရှောက်သည်။တောင်းဆိုးပလုံးဆိုးကြီး ကျနော့်ဦးလေး
ကို အမြဲယုယသည်။ အသက် ရ၀ ကျော်အမေက အသက် ၅၀ ကျော်သားကို “သားလေးလိ
မ္မာတော့နော်” လို့ အမြဲချော့ပြောရှာသည်။ ကျနော့်ဦးလေးက မြေးပင် မနည်းကြီးနေပြီ။

အဖွားရဲ့ သားအကြီးဆုံး ကျနော့်ဦးလေးက အငယ်ဆုံးအမေ့ထက် အသက် ၁၅ နှစ် ကြီးသည်။
ဦးလေးက ငယ်ငယ်အသက် ၁၁ နှစ် ၁၂ လောက်မှာ ဒုတိယကမ္ဘာစစ်ကြီးစသည် ဦးလေးက ရွာ ဘုန်းတော်ကြီးကျောင်း တက်သည် ဘုန်းတော်ကြီးကျောင်းတက်နေစဉ် ကရင်ဗမာထိကရုံး
အင်္ဂလိပ်အစိုးရဆုတ်ခွာသွားမှု ဂျပန်နှင့်ဘီအိုင်အေတပ်များ ၀င်ရောက်လာမှုများ နှင့် ကျီးလန့်
စာစား အခြေအနေများ ကြောင့်ပဲလားတော့မသိ။ စစ်တိုက်ခိုက်လိုစိတ်အရမ်းများသည် ဦးလေးက စစ်ကြီးမပြီးဆုံးစေဖို့ အမြဲ ဆုတောင်းခဲ့သည် တဲ့သူ“မြန်မြန်အသက်ကြီးပါတော့ စစ်
ကြီးရယ်မပြီးပါနဲ့ဦး”လို့ အဖွားက ချော့ပြောသော်လည်း နားမ၀င်။

အမေ့ကို မွေးပြီး ၂ နှစ်အရွယ် ဦးလေး အသက် ၁၈ နှစ် လောက်မှာ အဖွားက မြို့ကိုဈေးဝယ်
လွတ်ရင်း ဦးလေးပြန်မလာတော့ ဗမာ့တပ်မတော်ထဲသို့ ၀င်သွားသည်။ မြန်မာပြည် လွတ်လပ်
ရေးမရခင် ဦးလေးတို့တပ်သားသစ် သင်တန်းပြီး မကြာမီ ဗိုလ်ချူပ်တို့ လုပ်ကြံခံရသည်။ သူတို့
ရဲဘော်များ အရာရှိများ တပ်ကြပ်ဆရာကြီးများ အားလုံး စစ်သားကြီးများပေမဲ့ အကုန် သတင်း
ရ ရခြင်း ငိုကြသည်။ သေနတ်ဆွဲသူက ဆွဲကြသည်။ မြန်မာပြည်လွတ်လပ်ရေးအတွက် လွတ်
လပ်ရေးရရန် ပြင်ဆင်နေကြချိန် သူတို့တပ်သားသစ် သင်တန်းဆင်းများလည်း ငိုကြသည်။ သူ
ကတော့မငို ဦးလေးပြန်ပြောပြခဲ့သည်က သူက ဗိုလ်ချူပ်တို့ သခင်မြတို့ ကိုကြားဖူးသည်။ သို့
သော် လူကြီးများ အဖြစ်လေးစားသည်က လွဲလို့ သူက စစ်တိုက်ချင်လို့ တပ်ထဲဝင်လာသူ ဖြစ်
တဲ့ သူ့အဖို့ အထူးတလည်တော့ မခံစားရပါ တဲ့ ။

ဗိုလ်ချူပ်တို့ ရုပ်ကလပ်ပြင်ဆင်ထားရာ ဂျူဗလီဟောမှာလည်း သူတို့တပ်သားသစ်တွေ တာဝန်
ကျကြသေးသည်။ ထောင်နှင့်ချီသော လူများက အသုဘရှု့လာရင်း ငိုနေကြသည်။ ဗိုလ်ချူပ်တို့
ထက် အသက်အများကြီးကြီးသော လူကြီးများသည်ပင် ငိုပြီးကန်တော့သော သူများကို သူမြင်
ခဲ့သည်။ ဦးလေးအဖို့တော့ ထိုမျှသောလူအများကြီး လာရောက် ကန်တော့ကြ ၀မ်းနည်းပူဆွေး
ကြသည်ကို ရွာဘုန်းကြီးပျံများ၌ ပင်သူမမြင်ဘူးခဲ့။ နောက်သူတို့ကို တပ်ရင်းတွေခွဲပို့တော့ သူ
ကျသည့် တပ်ရင်းက တပ်ရင်း(၃) တပ်ရင်းမှုးက ဗိုလ်မှုးဇေယျ ရဲဘော်သုံးကျိတ်ဝင် နောက်
ရင်း(၃) ကို ရှေ့တန်းထွက်ရမည် ဆို၍ သူတို့ ရှေ့တန်းရောက်သည်။ သူ့စစ်သက်(၃)နှစ်ကျော်
အတွင်း မော်တာပစ် ထူးချွန်ခြင်း စစ်စည်းကမ်းကောင်းခြင်းတို့ ကြောင့် တပ်ကြပ် နှစ်ရစ်ရလာ
သည်။

ရှေ့တန်းရောက်တော့ တပ်ရင်းမှုးဗိုလ်မှုးဇေယျက “ရဲဘော်တို့ ခု ငါတို့ တပ်ရင်းက ရှေ့တန်းစစ်
မြေပြင်ကို ထွက်လာခဲ့တာတော့ ဟုတ်တယ် ဒါပေမဲ့ ဖေါက်ပြန်တဲ့ ဖဆပလ အစိုးရကို လက်
နက်ကိုင်တော်လှန်ဖို့ ထွက်လာခဲ့တာဖြစ်တယ် ဒါကြောင့် သဘောမတူသူတွေလည်း အစိုးရဆီ
ကို ကိုယ့်လက်နက်နဲ့ ကိုယ်ပြန်နိုင်တယ်” လို့ ခွင့်ပြုလိုက်သည် ဦးလေးက စဉ်းစားသည်သူပုန်
လုပ်ရင်လည်း စစ်တိုက်ရမည် အစိုးရတပ်ဆိုလျှင်လည်း စစ်တိုက်ရမည် ထို့ကြောင့် ပုဂ္ဂိုလ်ရေး
လေးစား ယုံကြည်သောဗိုလ်မှုးဇေယျ နှင့် လိုက်သွား သည်။ သူ့အတွက်စစ်တိုက်ရလျှင် ပြီးရော။

ဗမာပြည်ကွန်မြူနစ်ပါတီ ၏ လက်နက်ကိုင်တပ်သား ဖြစ်သွားသည်။ အချို့သောရဲဘော်များက ကိုယ့်သေနတ်နှင့် ကိုယ်ပြန်သွားကြသည်ဦးလေးတို့ သဘောတရားရေးသင်တန်း မက်ခ် လီနင် မော်စီတုန်း အနုပဋိလောမရုပ်ဝါဒ ပစ္စည်းမဲ့အာဏာရှင် မြေယာတော်လှန်ရေး လူတန်း
စားအမြင် စသည်တို့ သိလာသည်။ တကယ်က သူက ကြက်တူရွေးစာအံ့ သလိုသာ သင်တန်း
တွေ သဘောတရားတွေထက် ရှေ့တန်းမှာ စစ်တိုက်ရတာသာ ပျော်သည်။

သို့သော် ကျနော်တို့ကို နောက်နှစ်ပေါင်းများစွာအထိ အလွတ်ရွတ်ပြနေခဲ့တုန်း ၁၉၅၄ လောက်
တွင် သရက်မြို့နယ် ရွာတရွာတွင် သူ့တပ်စိတ်နှင့်အတူ ထန်းရည် အမူးလွန်ပြီး အိပ်ပျော်နေစဉ်
အစိုးရ တပ်သားများက ရိုက်နက်ဖမ်းဆီးလိုက်သည်။ သူတို့ကို စစ်ခုံရုံးက နိုင်ငံတော်ပုန်ကန်မှု
ဖြင့် ထောင် (၅)နှစ် ချလိုက်သည်။ ဈေးချိုလေစွ။ ဦးလေးထောင်က ပြန်လွတ်လာမှ အငယ်
ဆုံးအမေက အကိုကြီးကိုတွေ့ဘူးသည်။ ဦးလေးက ညီမ သုံးယောက်ထဲမှာ အငယ်ဆုံးညီမ အ
မေ့ကို ပိုချစ်သည်။ ဦးလေး အရက်မူးနေတုန်း အိမ်လာလျှင် အမေကတံခါးဖွင့်မပေး ဦးလေးက “ ငါ့ညီမလေးက ငါ့ကိုတောင် တံခါးဖွင့်မပေးတော့ဘူး ” လို့ပြောပြီး စိတ်မဆိုး အခြားညီမတွေ
ကို ဆိုရမ်းမည်။ သို့သော် သူတို့အကိုကြီး အရက်ဖြတ်လိုက်ပြီ ဆိုသည်နှင့် စားစရာ အ၀တ်အ
စား ငွေကြေးလှုကြတော့သည်။ သို့သော် အမေတို့ အကိုကြီးက ၂ လလျှင် ၁ ခါလောက် အ
ရက် ဖြတ်သည်။ တကယ်တော့ နားနားပြီးသောက်ခြင်းသာ အရက်နှင့် သေခန်းမပြတ်။

ထိုဦးလေးက အဖွားဆုံးအပြီး ၁၅ နှစ်အကြာ အသက် ၆၇ နှစ်မှာ ကွယ်လွန်သွားသည်။ မ
ကွယ်လွန်မှီ တနှစ် လေမဖြတ်ခင်အထိ အရက်သောက်သည်။ ကျနော်ကို ပြောတော့ အေး
အေးဆေးဆေး “ငါခုအရွယ် ထိသောက်လာပြီးမှ ဆက်မသောက်တော့လျှင် အသက်ကြီးမှ
သေခါနီးမှ ကြောက်ကြောက်လန့်လန့် နဲ့ အရက်ကို အပြီးဖြတ်လိုက်တာလို့ သူများတွေက ကဲ့
ရဲ့တော့မယ်တဲ့” ဗျား..ဦးလေးက အရက်မူးလျှင်သွေးဆိုးသော်လဲ လေးပါးသီလတော့လုံပါ
သည်။ အမူးပြေချိန်နှင့် အရက်ဖြတ်ချိန်များတွင် အလွန်ချစ်ခင်နှစ်သက်ဖွယ်ကောင်းသည်။ သူ
ထောင်ကလွတ်လာပြီးနောက်ပိုင်း စစ်ကို မုန်းသွားသည်။ အခြင်းခြင်းသတ်ဖြတ်နေရခြင်းကို မုန်းသွားသည်။ စစ်တိုက်ခြင်းကို သံယောစဉ်ပြတ်သွားသည်။

ဦးလေးဆုံးခါနီး ရက်ပိုင်းအလို အဖွားကို မြှုတ်နှံထားရာ ရွာသုဿန်သို့သွားသည် အဖွားအုတ်
ဂူဘေး ဘယ်ဖက်မြေနေရာမှာ သူ့ကို သူသေဆုံးလျှင် မြှုတ်နှံပေးဖို့ပြောထားခဲ့သည်။ ကျနော်တို့ရွာတွင် ဦးလေးနှင့် အဖွားတို့ အုတ်ဂူရှိနေသည်။


ကျနော့်မေမေ ရဲ့ အဖေ တရုတ်လူမျိုးအဖိုးက သူမြန်မာပြည်မှာပဲနေတော့မည်ဟုဆုံးဖြတ်
လိုက်လို့ အဖွားနှင့် အိမ်ထောင်ပြုလိုက်ခြင်းဖြစ်သည် အဖိုးက တရုပ်ပြည်မှာ မိန်းမ သားတ
ယောက် သမီးတယောက် ကျန်ခဲ့သည်။

ထိုအချိန်က ၁၉၃၁ ခုနှစ်ဝန်းကျင်လောက်ဖြစ်မည် ထင်သည်။ အဖိုးက မြန်မာပြည်ကို အလုပ်
လာလုပ်ပြီး မိန်းမနဲ့ကလေးတွေဆီ ချွေတာပြီးငွေပို့ပေးသည်။ မြန်မာပြည်မှာ ရရာအလုပ်လုပ်
သည်။ ရာသီဥတုကောင်းမွန်သော စားရေ ရိက္ခာပေါများသော မြန်မာပြည်မှာ မိသားစုကို ပြန်
ခေါ်ပြီး အခြေချနေထိုင်ဖို့ စိတ်ကူးထားသည်။ တကယ့်အဖြစ်အပျက်ပါ။ ခုတော့ဗြောင်းပြန်ဖြစ်
သွားရပြီ။

တရုတ်ပြည်မှာ ကျန်ရစ်ခဲ့သော မိန်းမနှင့်ကလေးကို လူကြုံကောင်းရှာ၍ ငွေပို့သည် မိန်းမဆီ
ကို စာရေး၍ ဆက်သွယ်ရသည် မိန်းမက ငွေလက်ခံရရှိကြောင်း ကလေးများ နေကောင်း
ကြောင်း ယောက်ကျားကို ဘယ်လိုလွမ်းကြောင်း ကလေးတွေက ဘယ်လိုတတ်ကြောင်း လိ
မ္မာကြောင်းများ စာပြန်လိမ့်မည် ဟုတွေးမိသည်။ ဟုတ်မဟုတ် ကျနော်လည်းမသိပါ မှန်းဆ
ကြည့်ရခြင်းပါ ခုခေတ်လို အင်တာနက်ဆိုတဲ့ ဟာကြီးကလည်း မပေါ်သေးတော့လေ။ ငွေပို့
သောအခါမှသာ စာပို့ပေးနိုင်ပြီး ငွေပို့ပေးသူပြန်လာတော့မှသာ စာပြန်ပါလာခြင်းဖြစ်သည်။

ခြောက်လတခါ တနှစ်တခါတော့ ငွေစုပြီးပြန်ပြန်ပို့သည် ထိုကဲ့သို့ ငွေပို့ပေးနေသည်မှာလည်း
လေးငါးနှစ် အဖိုးကငွေမစုမိသေး ထို့ကြောင့် မိသားစုကို မခေါ်နိုင် ခုခေတ်လို ပတ်စ်ပို့တွေ ဗီ
ဇာတွေ မလိုသော်လည်း တခါသွားလျှင် လနှင်ချီကြာသည်။ လမ်းခရီးက ခက်ခဲသည်။ တရုပ်
ပြည်တွင်း ရွာအထိရောက်အောင် မနည်းသွားရသည်။ လမ်းကရီးက ကြမ်းသောကြောင့်ခ
လေးတွေကို ခေါ်လာဖို့ ခက်ခဲတာလဲ အဓိကဖြစ်မည်ထင်သည်။ လေးငါးနှစ် ကြာသောအခါ။

အဖိုးက ထိုသို့ငွေပို့ပေးနေသော်လည်း မိန်းမဆီက စာပြန်မလာ မိန်းမဆီကို လူကြုံငွေပြန်ပို့
ပေးသူက အဖိုးမိန်းမရဲ့ ဦးလေး အဖိုးကို မြန်မာပြည်ကို လမ်းပြခေါ်ဆောင်လာသူ ယုံကြည်စိတ်
ချရသူ သူပြန်လာတိုင်း အဖိုးကလည်း စာကိုမျှော် ပါလိမ့်မည်။ သို့သော် စာပြန်မလာ။ ပိုက်ဆံ
ကိုတော့ ယူထားလိုက်ကြောင်း စာတော့ ရေးမပေးလိုက်ကြောင်း နောက်တခါငွေစု၍ ခြောက်
လလောက်ကြာတော့ ငွေ တခါပို့ပေးပြန်သည်။ ထိုအခါမှာလည်း စာပြန်မလာ ဦးလေးလဲ ပြန်မ
လာ ရွာကို ရောက်သွားတာကတော့ သတင်းရသည်။

နောက် လူကြုံနှင့် ခြောက်လလောက်အကြာ စာပြန်လာသည်။ စာက “ ဟုတ်ကျန်နင်ဗမာ
ပြည်မှာ တောင်းစားနေရလို့ ငါတို့ဆီကိုငွေ မပို့ နိုင်ရင်လည်း မပို့ပါနဲ့တော့ နင့်ပို့တဲ့ငွေ နည်း
နည်းလေးနဲ့ ငါနဲ့ ကလေးတွေ မစားလောက်ပါဘူး” စာပြန်လာသည်။ အဖိုးကလည်း သူရှာ
လို့ရသလောက် ပို့ပေးခဲ့သည် သူပေးတဲ့ငွေကလည်း စားလောက်သည့်ငွေ သစ္စာရှိရှိ ကြင်
ကြင်နာနာလဲပေါင်းခဲ့သည် မြန်မာပြည်အထိပင် ကုန်းကြောင်းလာ၍ အလုပ် လုပ်ခဲ့သည်။ သူ့
ကို ထိုသို့အပြောခံရတာ စိတ်နာသွားသည် သူမပြန်တော့ဟု အပြီး ဆုံးဖြတ်လိုက်တော့သည်။

အဆက်အသွယ်လည်း မလုပ်တော့ သူမြန်မာပြည်မှာ ဗမာစကားလည်း မပြောတတ် ကရင်စ
ကားလည်း မပြောတတ်ပါပဲ မပြောတတ်ပြောတတ် မပီကလာ ပီကလာဖြင့် ချိုးချိုးခြံခြံ ငွေစု၍
ပို့ပေးခဲ့သည်မှာ လေးငါးနှစ် ငွေပိုငွေလျှံလေးများပင် စုမိနေပြီ မိန်းမကို ငွေအကုန်ပို့ပေးပြီး စု
ထားစေခဲ့သည်။ မိမိပို့ပေးသောငွေမှာ မများသော်လည်း မနည်းခဲ့ သူ့ဆီက နောက်ဆုံးငွေ ပို့
ပေးသည့်ငွေမှာ နည်းပါးသည်ထားဦး သူပထမပို့ထားသည့် ငွေကမနည်း သူ့ကို ထိုသို့ မပြော
သင့်ဟု စိတ်နာသွားသည်။ နောက်သုံးနှစ်အကြာမှာ အဖွားအကိုအမများက အဖွားနှင့်ပေးစား
၍ အဖိုးက ယူလိုက်သည်။ တရုတ်ပြည်ကိုလည်း သူမပြန်တော့ နှစ်လည်းမကူးတော့ သူမြန်မာ
ပြည်မှာနေလျှင် မြန်မာပဲဟု ခံယူလိုက်သည်။ မြန်မာပြည်လွတ်လပ်ရေးရတော့ မြန်မာ မှတ်ပုံ
တင် လုပ်လိုက်သည်။

နောက် အဒေါ်နှင့် အမေ့ကို အဖွားနှင့်မွေး ခဲ့သည်။ အဖိုးက တရုတ်ပြည်မှာ ကျန်ခဲ့သောသားနဲ့
သမီးကိုလွမ်းစိတ်ကြောင့် ထင်ပါရဲ့ အဖွားရဲ့သား နဲ့သမီး ကျနော့်ဦးလေးနဲ့ အဒေါ်ကို အတော်
ချစ်သည်။ ဦးလေးနဲ့ အဒေါ်ကလည်း အပါ့ ပဲခေါ်သည်။ အဖိုးက တရုတ်လိုလည်း အမေတို့ကို
မသင်တော့ အခေါ်အဝေါ်များသာ တရုတ်လို ခေါ်တော့သည်။ ယဉ်ကျေးမှု ဓလေ့ထုံးစံများ ကို
လဲ မသင်ပေးတော့ တခါတလေ စိတ်ရမှ တရုတ်ပြည် က အကြောင်းတွေ ပြောပြသည်။

နောက်မှ အဖိုးကပြန်သိရသည်က အဖိုးငွေလူကြုံထည့်ပေးသော အဖိုးဇနီးရဲ့ ဦးလေးက အဖိုး
ငွေတွေကို လောင်းကစားလုပ်ရင်း ရှုံးသွားသည်။ နောက်တခေါက်တော့ တူမဖြစ်သူကိုအနည်း
အကျင်း လောက်ပေးခဲ့သည် ထို့ကြောင့် အဖိုးရဲ့ ဇနီးက ထိုသို့စာရေးခဲ့ခြင်းဖြစ်မည် ကျနော်သိ
ရသလောက်တော့ ထိုမျှသာ။ ထိုအချိန်က ကမ္ဘာကြီး မပြားသေးသောကြောင့်လည်း ဖြစ်မည်
ထင်ပါသည် ဆက်သွယ်ရေး မကောင်းမွန်သောကြောင့် ခုလို ကြေကွဲစရာဖြစ်ခဲ့ခြင်းလည်းဖြစ်
မည် ဆက်သွယ်ရေးကောင်းမွန်သောကြောင့် အသဲကွဲရသော အဖြစ်များလည်း ရှိကောင်းရှိနိုင်
ပါသည် သို့သော် ကျနော့် မကြုံဘူးသောကြောင့် မသိခဲ့ပါ။ ထိုသူများမကျေနပ်မှာ စိုး၍ ထည့်
ပြောခြင်းမျှသာ။
အဖိုး အသက်(၉၄)နှစ်အရွယ် ၁၉၈၁ ခုနှစ်တွင် ကွယ်လွန်ပြီး အဖွား(ရ၈) နှစ်အရွယ်
၁၉၈၂ ခုနှစ်တွင် ကွယ်လွန်သွားပါသည်။ အဖွားကွယ်လွန် ခဲ့သည်မှာပင် နှစ်ပေါင်း ၃၀ နီးပါး
ကျနော့်အတွက်တော့ ချစ်တတ်ကြင်နာတတ်သော အဖွားရင်ခွင်ထဲ ၀င်ပုပြီး အိပ်ယာဝင်ပုံပြင်
တွေကို နားထောင်ခဲ့ရ သည်မှာ မနေ့တနေ့က ကဲ့သို့ပင် ခုတော့ အဖွားအုတ်ဂူလေးဆီကိုပင်မ
ရောက်ဖြစ်ခဲ့တာ နှစ်ပေါင်းမနည်းတော့ ကျနော်တခါတုန်းကတော့ အိပ်မက် မက်သည်။ အိပ်
မက်ထဲမှာ အဖွားက သနပ်ခါးနံ့လေးနှင့်မွှေးနေသည် ကျနော့်ကို စိတ်ဆိုးချင်ယောင်ဆောင်နေ
သည် “သွား..နင်လည်း ငါ့ကို မေ့ထားတယ်..တကယ်လဲ မချစ်ပဲနဲ့” လို့ပြောခဲ့သည်။ တကယ်
တော့ အဖွားကို ကျနော်မမေ့ပါ လူ့ဘ၀ရေးရာများနှင့် ရုန်းရကန်ရ နေ့ခဲ့ရလို့ပါ။


3 comments:

ရွှေရတုမှတ်တမ်း December 6, 2009 at 6:12 PM  

ကျနော်တို့ နှစ်ယောက်က အဖိုးအဖွားတွေနဲနေခဲ့ရတာလဲတူသကိုး

Nge Naing December 8, 2009 at 11:08 AM  

ကိုချစ်ဖေရေ ဖတ်ပြီး ရွာဓလေ့တွေကို သတိရသွားတယ်။ ဒီပို့စ်ကို အရင်မတွေ့ဘူး။ မျက်စိရှန်းသွားတယ်ထင်တယ်။ ငွေးစက္ကူအကြောင်း၊ မြန်မာပြည်မှာ အရင်က အိမ်နီးနားချင်းနိုင်ငံတွေက လာလုပ်စားရလောက်အောင် အဆင်ပြေတဲ့အကြောင်း message တွေ အများကြီးပါတယ်။ ကျွန်မတို့ငယ်ငယ်က "ဂျပန်ခေတ်က ပိုက်ဆံကို ဂုံနီအိတ်နဲ့ ထည့်ရတယ်” ဆိုတာကို လူကြီးတွေက ပြောပြရင် တော်တော်ချမ်းသာကြတယ် တာ တန်ဖိုးမရှိလို့ ဆိုမှ ကျွန်မတို့က ရီလိုက်ရတာ။ အခုတော့ ၀ဋ်လည်နေပြီ။

jr.လွင်ဦး December 8, 2009 at 6:01 PM  

ရေးချင်တဲ့နေရာမှာ ရေး ဆိုလို့ .. ဒီပို့စ်လေးမှာ ရေးခဲ့ပါတယ်။ လာလည်ပြီး စာတွေ ဖတ်ပေးသွားတာ ကျေးဇူးပါ။
ဂျူက အဖိုးတွေ အဖွားတွေနဲ့ မနေခဲ့ရပေမယ့် အဖိုး အဖွားတွေဆို ချစ်တယ်။ တူတူလည်း နေချင်ခဲ့တယ်။ သူတို့ပြောတဲ့ ဟိုးတုန်းက အတွေ့အကြုံတွေကို အိပ်ရာဝင်ပုံပြင်လို နားထောင်ချင်ခဲ့ဘူးတယ်။ မျှဝေပေးတာ ကျေးဇူးပါ။
ခင်မင်လျှက်
ဂျူ

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP