Sunday, November 15, 2009

စစ်အစိုးရ အကျဉ်းထောင်အတွင်း ကျနော်ကြုံခဲ့ရသမျှ တစိတ်တဒေသ(၈)









စစ်အစိုးရ အကျဉ်းထောင်အတွင် ကျနော်ကြုံခဲ့ရသမျှ တစိတ်တဒေသ(၈)

ကျနော့်ကို လာရောက်စစ်ဆေးပြီး သိပ်မကြာ နှစ်ပါတ်အတွင်း ကျနော့်အမှုတွဲများ အများကြီး
ရောက်လာသည်။ ထိုအချိန်က ငါတော့အဖေါ်ရပြီ ကိုယ်ခေါ်တာ မဟုတ်ပဲ သူတို့ဘာသာ
ရောက်လာသည့် အပေါ် လူစုံတက်စုံ ပြန်ဆုံရတာမို့ ၀မ်းသာနေသည်။ ကျနော် နှင့်မသိသည့်
သူ မပါ (၄)ဦးပဲ မသိ ကျန်သူတွေကို တနည်းနည်းနှင့် သိထားသည်။ ထိုအခါမှ အော.ဒီလူ
တွေက ဒီလိုပါလားဟု ကျနော်သိသည်။

တရားဝင် ကျနော် သိသည်က (၄)ယောက် ထဲသာ တကယ်ရောက်လာတော့ လူ(၂၀)ကျော်
ဝမ်းသာစရာ မဟုတ်ပေမဲ့ ငြင်းမရတဲ့ဘ၀မှာ ခုလို တမြို့ထဲသားခြင်း ၀ါသနာတူသူခြင်း ဆုံကြ
ရတာ ၀မ်းသာသည် ကျနော့်နှင့်ကျောင်းနေဖက် သူငယ်ချင်း(၂)ယောက်ပါသည် အိမ်နီးချင်း
အကို တယောက်ပါသည် ကျနော် အကိုလို ဆရာလို ချစ်ခင်ရသူများပါသည် ကျနော်ဘကြီးလို
အဘလို လေးစားရသူများပါသည်။ ၀ါတော်(၄၀)ရှိ ဆရာတော်တပါး ပါသည်။ ကျိမ်းသေတာ
က ကျနော်ခေါ်ခြင်းမဟုတ်။

ကျနော်က ဘာမှမသိ ထိုလောက်လူအင်အား များများ အဖမ်းခံရခြင်းအပေါ် အံ့သြနေသည်။ သို့သော် ဗိုလ်ခင်ညွန့်ပြော သလိုပင် လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့ ပြင်နေသူများ သောင်းကျန်းသူနှင့် ဆက်သွယ်နေသူများမှာ သူငယ်ချင်းများ မကင်းရာမကင်းကြောင်းများ ဆ
ရာတပည့်များ သာဖြစ်သည် ပုဂ္ဂိုလ်ရေး အစုအဖွဲ့လေးများသာ ဖြစ်သည် ဟုသတင်းစာ ရှင်းလင်းပွဲ ၌ပြောခဲ့သည်။ ကျနော်တို့က လည်း သူငယ်ချင်းများ ယုံကြည်ရာတူ သူငယ်ချင်း
များ စုဖွဲ့လှုပ်ရှားခဲ့ကြခြင်းဖြစ်သည် သူပြောသည်မှာလည်း မှန်သည်။ ကျနော့်တို့ယုံကြည်ချက်
တူညီသူများသည် သူငယ်ချင်းများလည်း ဖြစ်နိုင်သည် မိဘဆွေမျိုး ဦးကြီးများလည်း ဖြစ်နိုင်
သည် ထိုသို့မဖြစ်ရဘူးလား ဖြစ်ခွင့်မရှိဘူးလား။

ကျနော့် ငယ်သူငယ်ချင်း နှင့် ရဲဘော်များရောက်လာတော့ တွေ့ချင်သည်။ စကားပြောခွင့်ရချင်
သည်။ သို့သော်မတွေ့ရ စကားပြောခွင့်မရ ကျနော်ကလည်း ဘယ်လိုအဖမ်းခံရသည်။ ထောက်လှမ်းရေးမှာ ဘာတွေထွက်ခဲ့သည် ကိုသိချင်နေသည်။ သုံးရက်ခန့်အကြာမှာတော့ ကျ
နော် တွေ့နိုင်ဖို့ လမ်းစပေါ်လာသည်။ ဆံပင်ညှပ်ဘုတ်မှ ဘုတ်ကိုင် ကိုသန်းသည် ကျနော်တို့ နှင့်တဆောင်ထဲ တခန်းထဲ ကိုသန်းကို အကူအညီတောင်းရသည် “ကိုသန်း လွန်ခဲ့တဲ့ တရက်
နှစ်ရက်က ရောက်လာတဲ့ ၅(ည)တွေက ကျနော်တို့မြို့က သူငယ်ချင်းတွေပါ ကိုသန်းဆံပင်
သွား ညှပ်ရရင် ကျနော့်ကိုပါ ခေါ်ပါ” လို့ပြောထား ခွင့်တောင်းထားသည်။

တကယ် သွားခွင့်ရသောနေ့တွင် ကျနော့်ကိုခေါ်သည် ကျနော်က ဆံပင်ညှပ်ဆရာ ဘုတ်ကိုင်ရဲ့
တပည့် ဆံပင်ညှပ်အကူ တာဝန်ဖြင့်လိုက်ခွင့်ရသည်။ ကျနော့်သူငယ်ချင်းကို လက်ပါးတိုက်ခေါ်
အရေပြားရောဂါသည်များ ယခင်ထားရာတိုက် သို့ နေရာချထားပေးသည်။ ထိုတိုက်ခန်းသို့ ကျ
နော် လိုက်ပါခွင့်ရသည် ။ ကျနော့် သူငယ်ချင်းမှာ စစ်ကြောရေး စခန်းမှာ အတော်လေး ထု
ထောင်းခံခဲ့ရသည် ထင်သည်။ လူကဖြူပတ်ဖြူရော် ဆံပင်ကညှင်းသိုးသိုး မုတ်ဆိပ်မွေးများနှင့်
သူနှင့် စကားပြောရင်း ကျနော်က အကြမ်းညှပ်ပေးရသည်။ အကြမ်းညှပ်မပေးပဲ ထိုင်လေပန်း
နေလျှင် မိသွားပါက အမှုကြီးသွားနိုင်သည်။

ကျနော့်ကို ကိုသန်းက အကျဉ်းထောင်အတွင်း ထားရသည့် ရှေ့တလက်မ နောက်ပြောင် ပုံစံ
ဆံပင်အတွက် အကြမ်းဆံပင်သားများကို စက်ကပ်ကြေးဖြင့် ထိုးချခိုင်းသည် ထိုသို့ ထိုးချရင်း
ကျနော် စကားပြောရသည် အခြေအနေအားလုံး သိနိုင်ရင်မေးရသည်။ နောက်ကျန်သည့်သူ
များနှင့် အဆက်သွယ်ရပါက ဆက်သွယ်နိုင်ရန် စီစဉ်ရသည်။ ကျနော်ဖွက်ယူသွားသော ဆေး
လိပ်တချို့က အသုံးတည့်သွားသည်။

ကျနော်အဖမ်းခံရ ပြီးချိန်မှစ၍ (၆)လအကြာတွင် သူတို့ကို ဖမ်းမိခြင်းဖြစ်သည်။ ကျနော်နှင့်ပြန်
ဆုံတော့ (၇)လခန့် ရှိနေပြီဖြစ်သည်။ နောက်သူတို့ကို ထောင်ဗူးဝတွင် ရုံးချိန်းပေးသည်။ တရားသူကြီးတဦးက လာ၍ ရမာန်ယူရုံးချိန်းပေးသည်။ မိသားစုများနှင့် ထောင်ဝင်စာတွေ့ခွင့်
ရသည်။ ထို့သို့ ရုံးချိန်းရမာန်ယူ ပြီး (၃)ပတ်မြောက် ၁၉၈၉ ခုနှစ် ဒီဇင်ဘာလ(၅) ရက်နေ့တွင်
မနက်စောစော ကျနော့်နာမည်ကို ခေါ်၍ ဗူးဝကြီးသို့လာရန် ပြောပါသည်။ ကျနော်ရောက်သွား
သောအခါ ကျနော်တို့အမှုတွဲများ အားလုံးရောက်နေလေပြီ။

ထိုနေ့ ကျနော်တို့ကို တရားရုံးမှ အမှုပြန်ရုတ်သိမ်း ကြောင်းပြောသည် ထိုသို့ အမှုပြန်ရုတ်သိမ်း
လျှင် ကျနော်တို့ လွတ်ပြီပေါ့ သို့သော်မလွတ် ကျနော်ကတော့ ထားပါတော့ ကျန်သူတွေက မ
လွတ် မလွတ်သော်လည်း ရီစရာပြောနိုင်ကြသည်။ ရဲသတင်းတပ်ဖွဲ့(SB)က ကျနော်တို့ ရဲ့ တ
ရားလို ဖြစ်သည်။ ကျနော်တို့ လွတ်နေပြီလေဗျာ လို့ သူတို့ကို ပြန်ပြောနိုင်သည်။ သူတို့က
တော့ မအီမလည် မျက်နှာများနှင့်ပေါ့ တကယ်ကတော့ သူတို့ စိတ်ထဲမှာလည်း သိနိုင်သည်။
သူတို့ မတရားတာ ကို သို့သော် ကျနော်တို့က တကယ်မလွတ်ဘူး ဆိုတာလည်း သိသိ နှင့်စ
နိုင် နောက်နိုင် နေကြသည်။ ပျော်သလိုလို တောင်ရှိသည်။ ကျနော်တို့က အခြားတာဝန် ယူစ
ရာ ဘာမှ မရှိတဲ့ ပုဂ္ဂိလိကဘ၀တွေမို့ ပျော်နိုင်တာလည်း ဖြစ်နိုင်သည်။

ကျနော်တို့ မနက် ထမင်းစားပြီးချိန်တွင် တခါ ထပ်လာပြီးခေါ်သည် ထိုစဉ်မတိုင်ခင်ထဲက ကျ
နော့်ကို ရုံးထုတ်စဉ်ကပင် နောက်မှုကပ်ပြီ ဆိုတာသိပါသည်။ ဘယ်လောက်ကျမည် ဆိုတာ
တော့လည်း မသိ။ ကျချင်သလောက်သာကျ ပါစေတော့ တွေးမိသည်။ စိတ်ထဲမှာ အားလုံး
ကင်းကင်း လွတ်လွတ်သိတာ ကောင်းသည်။ ထောင်ထဲမှာလည်း ပြောလေ့ ပြောထရှိသည် ထို
သို့ ထောင်ကျသွားလျှင် လွတ်ရက်သိသွားတာပေါ့ ဟုပြောကြသည်။ ထိုစကားသည် မဆိုး ကျ
မည် မကျမည်ကို မသိရသော အခြေအနေကြီးထက် ပိုကောင်းသည်။

ထမင်းစားပြီးချိန် ရုံးထွက်ရသည်ကတော့ ထောင်ဗူးဝရှိ စာကြည့်တိုက်အမည်ခံ အဆောက်အ
ဦထဲတွင် ဖြစ်သည်။ ကျနော်တို့ကို နှစ်ယောက်တွဲ လက်ထိပ်ခတ်သည်။ ရဲ အစောင့် သေနတ်
နှင့် ဘေး ကအဆင်သင့် လိုက်ပါသည်။ ဗူးဝနှင့် စာကြည့်တိုက်က အလွန်ဆုံးဝေးမှ ကိုက် (၂၀) ၀န်းကျင် ကျနော်တို့ နှစ်ယောက်တတွဲ ထွက်တိုင်း ရဲအစောင့် (၂) ယောက်ကဘေးက
သေနတ်တွေ ကျည်ဘောက်တွေနဲ့ ကျောပိုးအိပ်ပါရင် ရှေ့တန်းထွက်လို့ရပြီ။ ထောင်ရှေ့ကို ၀င်
တဲ့ လမ်းတွေကိုလည်း သံဆူးကြိုးတွေချ ဘယ်သူမှ အ၀င်မခံ။

ကျနော်တို့လည်း ထွက်ပြေးမှာ မဟုတ် ကျနော်တို့ကလည်း စစ်ခုံရုံးဆိုတာ ကြားပဲကြားဖူးတာ
ခုလို အတည်ပေါက်ကြီး အရေးတကြီးလုပ်နေတော့ အမှုကတော့ကြီးနေပြီ ဆိုတာသိနေတယ်။
ကျနော်တို့ ကို စစ်ခုံရုံးနဲ့ ရုံးမထုတ်ခင် ကျနော်တို့ရှေ့က ပန်းတနော်ချဲ ဒိုင်ကို စစ်ခုံရုံးကနေ ထောင်ချလိုက်တာ နှစ်(၂၀)နဲ့ (၁၇)နှစ်ချည်းပဲ မ၀တ ဥက္ကဌ အတွင်းရေးမှုး ရဲမြို့နယ်မှုး အကုန်
နှစ်ကြီး အနည်းဆုံး (၈) နှစ် တိုင်းမှုးကြီး ဗိုလ်ချူပ်မြင့်အောင်ရဲ့ အမိန့် လဒ်ပေးလဒ်ယူ တို့ရန်သူ
တကယ်တော့ အတွင်းစကားပြန်သိရတာက တိုင်းမှုးကို အဲ့ဒီခေတ်က ငွေ သိန်း(၂၀) ပေးရ
သည်။ ထောက်လှမ်းရေး စစ်ချက်မှာ ထွက်ပေမဲ့ မ၀တ ဥက္ကဌ အထိပဲ အရေးယူခံရသည်။

မ၀တ ဥက္ကဌက တစ်နှစ် အတွင်းရေးမှုးက သုံးနှစ် သူတို့က ဗိုလ်မှုးနဲ့ ဗိုလ်ကြီးလေ။ တိုင်းမှုးကို
တက်ပေးတာလည်း သူတို့(၂)ယောက်ထဲက တယောက်။ ဒါပေမဲ့လေ သိတယ်မဟုတ်လား။ ဥ
ပဒေဆိုတာ ကျိန်းသေတာကတော့ ပေးသည်။ အဲ့ဒီအမှု့ကို စစ်ခုံရုံးနှင့် ချပြီးသည်မှာ တပါတ်မ
ပြည့်သေး ထို့ကြောင့် ကျနော်တို့ကို ရုံးထုတ်တော့ ကိုင်းတော့ကြီးပြီ နှစ်တော့ကြီးပြီ ဟု ထင်
ထား သည်။

ရုံးထုတ်ပြီး တရားသူကြီး ခ၀တ မ၀တ ဗိုလ်မှုးများမလာခင် ရဲသတင်းတပ်ဖွဲ့က ပြောသည်။ ခုအမှုမှာ ကျနော့်ကို နှစ်လျှော့ထားသည် ပထမအမှု့ကို (၂)နှစ်ထား မည် ခုအမှုကိုတော့ မကြာ
မီသိရပါလိမ့်မည် ပေါ့ တရားသူကြီးက မလာသေးခင်ကပင် ကျနော်ကျမည့်နှစ်က တခုသိနေရ
ပြီ တရားသူကြီးများ လာရောက်သည့် အခါမှာတော့ ကျနော်တို့ အပြစ်ရှိကြောင်း ရဲသတင်း
တပ်ဖွဲ့က စွဲချက်တင် သည်။ ထိုစွဲချက်မှာ နားထောင်နေရသော ကာယကံရှင် သည်ပင် သူတို့
အပြစ်တင်သလောက် မလုပ်ခဲ့ သူတို့စွဲချက်သည် ပြင်းထန်သည်။ ကျနော်တို့ရှေ့က ချဲဒိုင်များ
သည်ပင်လျှင် နှစ် (၂၀) ပြစ်ဒါဏ်ကျသေးသည် ဆိုလျှင် ကျနော်တို့မှာ သေဒါဏ် သို့ တသက်
တကျွန်း အနှစ်နှစ်ဆယ် တခုခု ကျတော့မည်။ သေချာနေသည်။

ကျနော်တို့က လူကြီးများ ဆန္ဒအတိုင်း အပြစ်ရှိကြောင်း ၀န်ခံရသည် အပြစ်မရှိပါဟု ၀န်မခံ
သော သူများလည်း ရှိသည်။ သို့သော် မရ။ တကယ့်ပြစ်ဒါဏ် ကျခံရန် အမိန့် မချမှတ်မှီ ကျ
နော်တို့ အကုန် ထောင်ထဲပြန်ဝင်ရသည်။

ထောင်ထဲမှ စစ်ခုံရုံးသို့ ပထမတစ် တရားခံနှင့် နှစ်တရားခံ နှစ်ယောက်ကို ခေါ်ထုတ်သွားသည်
(၁၅) မီးနစ်ခန့်ကြာတော့ ပြန်ဝင်လာသည်။ တဦးလျှင် ထောင်ဒါဏ်(၁၀)နှစ် ကျနော်တို့ ၀မ်း
သာ သွားသည်။ သူတို့(၂) ဦးတော့ သေဒါဏ်ကျလိမ့်မည် မှတ်နေသည်။ သူတို့သေဒါဏ်ကျပါ
က ကျနော်တို့လည်း သိပ်မကွာလှ အတူတူလည်းဖြစ်နိုင်သည် စွဲချက်တင်တုန်းက ကိုယ့်ကို
အပြစ်ရှိကြောင်းပြော သည်မှာ ကိုယ်တောင် ထိုကဲ့သို့ လုပ်လာခဲ့သည် ဟုပင်မထင်။ ထို့
ကြောင့် (၁၀) နှစ်ဆိုသော ပြစ်ဒါဏ်သည် ကျနော်တို့ အတွက်မများတော့။ နောက်ထပ် တတွဲ
(၈)နှစ် နောက်ထပ် တတွဲ (၇)နှစ် ကျနော်တို့ အလှည့် နှစ်ယောက်က ကျနော့်ငယ်သူငယ်ချင်း
ကျန်တဲ့ တယောက်က အိမ်နီးချင်းအကို နောက်တယောက်က လည်း ထိုအကို့ သူငယ်ချင်း
ကျနော်တို့ အလှည့်ရောက်တော့ ကျနော်တို့ ထောင်အပြင်သို့ ပြန်ထွက်ရသည်။

ကျနော်တို့ကို တရားသူကြီး ဗိုလ်မှုး သုံးဦးက စောင့်နေသည်။ ကျနော်တို့ကို နာမည်ခေါ်ပြီး မတ်တပ် ရပ်ခိုင်းသည်။ အားလုံးစုံသည့်အခါမှာတော့ စားပွဲပေါ်က စာအိပ်ကို ဖေါက်၍ တဦးချင်း စီ အပြစ်ထင်ရှားကြောင်း ထို့ကြောင့် အလုပ်ကြမ်းနှင့် ထောင်ဒါဏ်(၅)နှစ် ချမှတ်ကြောင်း တရားသူကြီးက ဖတ်ပြသည်။ (၅)ဦးကို တပြိုင်တည်း အမိန့်စာအိပ်ဖွင့်၍ တခါ
ထဲအမိန့်ချ မှတ်လိုက်သည်။ အမိန့်စာကို ဖြောင့်ဖြူးစွာ မဖတ်နိုင် သူတို့ရေးထားပုံလည်းမရ။ ဖြေးဖြေး ချင်းစီဖတ်နေရသည်။

ကျနော်တို့ကတော့ အစဉ်အတိုင်းဆို နှစ်မကြီးတော့ပြီ ကိုသိ၍ စိတ်ထဲတွင် ဘာမှမဖြစ် တရား
သူကြီး အမည်ခံပြီး သူများရေးပေးသော စာကိုဖတ်နေရသည့် တရားသူကြီးများကို ရယ်ချင်နေ
သည်။ ကျနော်တို့ အခြင်းခြင်းလက်တို့ပြီး ကမ္ဘာကျော်လျှောက်လဲချက်များထဲက ဖီဒယ်ကပ်စ
ထရို၏ လက်ညိုးထောင်၍ လျှောက်လဲနေသလို ပြန်လျှောက်ရမည် ဟု ရယ်စရာ ပြောသော
ကြောင့် ပိုဆိုးသည်။ ရယ်ချင်နေကြသည်။ တရားသူကြီးများကို ဘာမှပြန်မပြောနိုင်လျှင်တောင်
ခင်ဗျားတို့ဟာ ဗိုလ်မှုးကြီးတွေ စစ်သားရင့်မကြီးတွေ ဖြစ်ပြီး တရားသူကြီးယောင်ဆောင်ပြီး သူ
များရေးပေးတာ ဖတ်နေရတာ သနားပါတယ်ဗျာ လို့ အဓိပါယ်ပါတဲ့ မျက်နှာပေးနှင့်တော့ ကျ
နော် တို့ အားလုံး ကြည့်နေမိသည်။

သူတို့လည်းသိပါသည် တရားသူကြီးခုံပေါ်က အမြန်ပြန်ဆင်းသွားကြသည်။ ဘာပဲဖြစ်ဖြစ် ကျ
နော် က ၅(ည) မှုနှင့် ထောင်(၅)နှစ်တော့ ကျသွားပါသည်။ ကျနော်တို့နောက် ထွက်သူတွေက
(၄)နှစ် အနည်းဆုံးက (၃)နှစ်။ ထိုနှစ်ကာလ အပိုင်းအခြားသည် ကျနော်တို့အတွက် ဘာမှမ
ဖြစ် ခဲ့သော်လည်း ဖြစ်သည့်သူတွေ အတွက် အများကြီးဖြစ်သွားခဲ့သည်။ လူမသိသူမသိ ဖြစ်
ရပ်များ ကျနော်တို့ အမှုထောင်ချပြီး သိပ်မကြာခင်မှာ ပုသိမ်၌ တိုင်းမှုးဗိုလ်ချူပ်မြင့်အောင်
ဘုရား ရွာသားကောင်းမှု ဘုရားထီးတင်ပွဲ ပြုလုပ်သည်။

ထိုဘုရားထီးတင်ပွဲသို့ ရပ်ကွက် ကျေးရွာ ဥက္ကဌများမှ တာဝန်ခံ၍ ငွေ တသိန်းစီ အလှုငွေ မ
ထည့်မနေရ ထည့်ရသည်။ ထိုထည့်ဝင်မှုအလိုက် ဘုရားပွဲတွင် လောင်းကစားပွဲများ ပြုလုပ်၍
ရပ်ကွက် ကျေးရွာ ဥက္ကဌများမှ ရန်ပုံငွေ ပြန်ရှာခွင့်ရသည်။ ရပ်ကွက် ဥက္ကဌများမှ တဆင့်
လောင်းကစားဒိုင်များက ကစားခွင့်ပြန်ရသည် ထို ဘုရားထီးတော်တင်ပွဲ ဘုရားပွဲတွင် တိုင်းမှုး
ကိုယ်တိုင် တိုင်းရဲမင်းကြီးကို အမိန့်ပေး၍ တိုင်းရဲ အင်အားဖြင့် ထိုလောင်းကစားဝိုင်းများကို ဖမ်းခိုင်း သည်။

တိုင်းရဲမင်းကြီး က ဖမ်းဆီးမည့် ရဲမှုးအား ရှောင်တခင်ဝင်ရောက်ဖမ်းဆီးရန် မြို့နယ်ရဲစခန်းများ မပေါက်ကြားရန် စစ်ဆင်ရေးတခုကဲ့သို့ ၀င်ရောက်ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးချိန်တွင် အများအ
ပြား ထွက်ပြေးကြပါသည်။ ထိုအထဲကမှ မပြေးနိုင်သော သက်ကြီးရွယ်အိုများ ကလေးငယ်များ
ပါမကျန် လူလေးဆယ်တိတိ ကို ဖမ်းမိလာပါသည်။ ဖမ်းဆီးပုံမှာလည်း ထိုလောင်းကစားဝိုင်း
များရှေ့လာ၍ တွေ့သမျှလူကို အကုန်ဖမ်းဆီးခြင်းသာဖြစ်သည်။

ထိုသို့ဖမ်းခြင်းတွင်လည်း လူရည်လည်သော ပြေးနိုင်လွှားနိုင်သော သူများ အကုန် လွတ်ပါ
သည် သို့သော် ပွဲဈေးတွင် ဗူစီဗောင်းရောင်းရင်း မုန်လေပွေရောင်းရင်း မပြေးပဲ မိလာခဲ့သူများ
လည်းပါ ပါသည်။ ဖမ်းမိပြီး နောက်တရက်တွင် ခြောက်ကောင် ကစားသဖြင့်ဆိုကာ အကုန်လုံး
ကို ထောင် (၆)နှစ်ချလိုက်သည်။ စစ်ခုံရုံးမှ ပြန်သွင်းလာချိန်တွင် အကုန် ငိုတဲ့သူငို မမျှော်လင့်
ပဲ ထောင်ဒါဏ် (၆)နှစ်ချခံလိုက်ရခြင်းကို တောက်ခေါက်သူခေါက် ဖြစ်ကုန်ပါသည်။ တကယ်
ဝင်ထိုးနေသောသူ ခြောက်ကောင်ဒိုင်လုပ်သောသူများလည်း ပါ ပါသည်။

သို့သော် မြင်လေရာ အကုန်ဖမ်းခြင်းဖြင့် ဖြေရှင်းလိုက်သောအခါ မိသားစု အတော်များများ ဆင်းရဲ ဒုက္ခရောက်ရလေသည်။ ကျနော်နှင့် ထိုခြောက်ကောင်အဖွဲ့မှ ဗူစီဗောင်းရောင်းရင်း အ
ဖမ်းခံရသော ဦးလေးတယောက်နှင့် ခင်ပါသည်။ သူ့မှာ သားအကြီးဆုံးကမှ (၁၅)နှစ် ကလေး
(၆)ယောက် မိန်းမက နေမကောင်း ပန်းနာသည်။ သူက ဗူစီဗောင်းရောင်းခြင်း ဂတ်စ် မီးချစ်ဆီ
ဖြည့်ခြင်း ရေထမ်းခြင်း အုန်းပင်တက်ခြင်း အကုန်ရရာအလုပ်လုပ်သူ ကလေးတွေလည်း မုန့်
သည်လေးတွေဖြစ် ကျောင်းက ဘာမှအသုံးမတည့်ပါဘူးဆိုသော ပညာရေးမှာ လေးတန်း
တောင် အနိုင်နိုင် ကလေးအငယ်ဆုံးက (၅)နှစ် သူအဖမ်းခံရတော့ အကုန် ဒုက္ခတွင်း ပိုနက်
သွားသည်။

သူမှာ ထူးခြားချက်ကတော့ စိတ်ဘယ်လောက်ညစ်ညစ် ရယ်ရယ်မောမောနေသည် ပြုံးပြုံး ပြုံးပြုံးနေသည်။ ကျနော်တောင် မရယ်နိုင် နောက် သူ သိပ်မကြာ ရဲဘက်ပါသွား သည်။ ရဲဘက်မှ လေးလလောက် အကြာ သူသေဆုံးသည့် သတင်းထောင်သို့ ရောက်လာသည်။ သူ့
ကို လူသိများသည် ဗူစီဗေါင်းရောင်းရင်း အဖမ်းခံရသူအဖြစ် အားလုံးသိကြသည်။ လောင်းက
စား ဆိုလို့ အောင်ဘာလေထီတောင် မထိုး ။ အဖမ်းခံရတုန်းက သူဗူးစီဗေါင်း ရောင်းတဲ့ စင်
လေးကိုင်လို့ ရဲက ထားခဲ့ဆိုလို့ ထားခဲ့ရသည်။

ကျနော် ကုလားကား လို ဇာတ်နာအောင် ဇာတ်မနာနာအောင် ပြောနေခြင်းမဟုတ်ပါ တချိန်အ
ခွင့်အရေးပေးလို့ မတရားရား ဖမ်းဆီးခံရသူများ စာရင်းကို ပြန်အစဖေါ်လို့ ရနိုင်ပါသည်။ အစိုး
ရကို မုန်းတီး၍ မကောင်းမြင်ဖက်က ပြောနေခြင်းလည်း မဟုတ်ပါ။ လူမသိသူမသိ မတရားဖိ
နှိပ်မှုကြောင့် အပြစ်မဲ့ သေဆုံးရသော ပြည်သူများထဲက တချို့ကို ကျနော်သိသ၍ ပြောနေခြင်း
သာ ဖြစ်ပါသည်။ ထိုအဖြစ်အပျက်များသည် ကျနော်ကိုယ်တိုင် မြင်တွေ့ရသော ဘ၀တချို့များ
သာဖြစ်ပါသည်။ သို့သော် မှားယွင်းမှုမရှိ မှန်ကန်ကြောင်း အာမခံနိုင်ပါသည်။ ခုတော့ အနှစ်နှစ်
ဆယ်ကြာခဲ့ပါပြီ ကျနော်ကတော့ မမေ့သေး ကျနော်တို့က သူ့ကို ကိုဗူစီဗောင်း ဟုခေါ်သည် သူက ပြုံးပြုံး ပြုံးပြုံး ကျနော်ကို အဲ့လိုခေါ်ရင် နာမည်တွေ အားကြီးပဲဗျ ဟုပြောတာပြေး မြင်
သည်။

သူ့ကလေးတွေနှင့် မိန်းမကော ဘယ်လိုဖြစ်သွားသလဲ မသိရတော့ပါ ကျနော် တို့ထောင်ကျ
တာက တန်သည်ဟု ပြောလို့ရသည် ကျနော်တို့ ယုံကြည်ရာကို ကျနော်တို့ လုပ်၍ ကျနော်တို့ ခံရခြင်းကို ကျေနပ်သည် ထောင်ကျလည်း ဖြစ်သည် ၀မ်းနည်းစရာမရှိပါ။ ကျနော့်မိသားစု ထိ
ခိုက်မှုက ထိုသူများလောက် မကြီးမား။ သေဒါဏ်ကျ သောသူများကို မသတ်တော့သဖြင့် သေ
ဒါဏ်ကျသော သူများက မသေနိုင် သို့သော် ထောင်သုံးလကျ၍ ရဲဘက်ပါသွားပြီး အိမ်ပြန် မ
ရောက်လာသော သူများ အများအပြား တရားဝင် စာရင်းကောက်ခံခွင့် ပြုရဲသလား။ ရဲဘက်စ
ခန်းတွေမှာ သေဆုံးမှုများက ကြောက်ခမန်းလိလိ။

ကျနော် ထောင်ကျနေစဉ် ကာလအတွင်း မြစ်ကြီးနား ပူတာအို ကားလမ်း ရှမ်းပြည်တောင်ပိုင်း
နမ့်စမ်လေယဉ်ကွင်း မုဒုံ ကျောက်ထုတ်လုပ်ရေးစခန်း ကော့သောင်းဆီအုန်း စိုက်ခင်း။ ရန်ကုန်
မန္တလေး အဝေးပြေးကားလမ်း။ ရွှေတွင်းတူးရဲဘက်စခန်း တူမြောင်းကျောက်ထုတ်လုပ်ရေး စ
ခန်း နှင့်အခြား ရဲဘက်စခန်းများ ရဲဘက်စခန်းများမှ တဆင့် ရှေ့တန်းစစ်မြေပြင် ပေါ်တာ များ
သေဆုံးခဲ့သူများ အများအပြား။
(ဆက်ပါဦးမည်.ဗျို့)

2 comments:

yawnetthan November 16, 2009 at 12:11 AM  

လာရောက်ဖတ်ရူသွားပါတယ်။

Taw Lu Thit November 16, 2009 at 2:57 PM  

ကိုချစ်ဖေကြီး ခင်ဗျားက ရေးတုန်းကရေးပြီး ခုမရေးပြန်ဘူးလား.ခင်ဗျားကို ကျနော်စောင့်ကြည့်နေတယ်.

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP