Thursday, November 12, 2009

စစ်အစိုးရ အကျဉ်းထောင်အတွင်း ကျနော်ကြုံခဲ့ရသမျှ တစိတ်တဒေသ(၇)










စစ်အစိုးရ အကျဉ်းထောင်အတွင်း ကျနော်ကြုံခဲ့ရသမျှ တစိတ်တဒေသ(၇)

ထိုပုဆိုးကို လှဌေးဆိုသော ရွာထဲက သူငယ်ချင်းတယောက်က ၀တ်လာသည် ပုဆိုး၏
အောက်နားက မီးပူထိုးရင်း လောင်သွားတဲ့ အမှတ်ကအစ တူနေသည် သို့သော်လှဌေးက နာ
မည်ပျက်မရှိ ဒါဆိုရင် ပုဆိုးကို သူဘယ်လိုရလာလည်း မေးဖြစ်သွားသည် လှဌေးက သူ့အိမ်
ဘေးသို့ပြောင်းလာသောလူသစ် ကိုသံချောင်း ဖဲဝိုင်းမှာ လာရောင်းသွားကြောင်း ဈေးနှုန်းနှင့်
တကွပြောပြသည်။ ခင်ဝင်းအောင်ဒေါသထွက်သည် အစထဲကထင်ထားသည် သို့သော်လက်
ဆုပ်လက်ကိုင်မမိ ခုသက်သေနှင့်တကွမိပြီ မိသောတရားခံကို ရှင်းပုံရှင်းနည်းကတော့ မမှန်
တနေ့လုံး တနုံ့နုံ့ ဖြစ်နေသည်။
ထုံးစံအတိုင်း ညနေဖက် သောက်ပြီးချိန်မှာတော့ မအောင့်အီးနိုင်တော့ သံကောင်းကောင်း နှင့် ကိုယ်တိုင်လုပ် ဓါးမြှောင်တချောင်းခါးထိုး၍ လိုက်ရှာသည် သိပ်မရှာလိုက်ရ ဖဲဒိုင်ခံသော အိမ်
၌ သွားတွေ့သည်။ ကိုသံချောင်းမှာ ဖဲဝိုင်းဘေးမှ ပါလာသော ငွေတိုငွေစလေးများဖြင့် ဖဲဝင်ထိုး
နေသည် သူ့ကိုတွေ့တော့ “ကိုခင်ဝင်းအောင် လာလာ ခု ဒိုင်လျှော်နေတယ် ဘယ်အိမ်က ၀င်
ထိုးထိုး လျှော်နေတာပဲ” ဟုပြောသည်။

ခင်ဝင်းအောင်က “ ကိုသံချောင်း ခင်ဗျားနဲ့ပြောစရာရှိလို့ ခဏဗျာ လို့ပြောတော့” “ ဟုတ် ဟုတ် ညီလေး ခုပဲ ဆင်းလာခဲ့မယ်” လို့ပြောပြီး လျှော်ငွေကို လက်ခံပြီး နောက်က ဆင်းလိုက်
လာခဲ့သည် ခင်ဝင်းအောင်နှင့်တွေ့တော့“ ညီလေး ဘာကိစ္စရှိလို့လဲ” ဟုမေးသည်။ ခင်ဝင်း
အောင်က “ ခင်ဗျား ကျနော့်ပုဆိုးကို ခိုးပြီး ဖဲဝိုင်းမှာ လှဌေးကို ခင်ဗျားရောင်းလိုက်တယ် မ
ဟုတ်လား” ကိုသံချောင်းက ခဏတွေ သွားသည် ပြီးမှ “အေး ညီလေး အကိုခိုးမိပါတယ် အကို
အလျှော်” စကားတောင်မဆုံးလိုက် ခင်ဝင်းအောင်က ဓါးနဲ့ဗိုက်ကို ထိုးလိုက်သည်။

ကိုသံချောင်းက “အမလေးဗျာ” လို့ အော်ပြီးလဲကျသွားသည် ခင်ဝင်းအောင် လှည့်မကြည့်
တော့ မူးနေတာတွေ ဒေါသဖြစ်နေတာတွေ ပျောက်ကုန်ပြီ ဘာဖြစ်ကျန်ခဲ့သလဲ မသိ ဆေးရုံပို့
ဆေးရုံပို့ အသံတွေတော့ ကြားနေရသည်။ သေသလား ရှင်သလားမသိ။ အိမ်ကို အမြန်ပြန်၍
၁၅၀၀ ကျပ်ယူပြီး ဘူတာသို့ ဆင်းလာခဲ့သည်။ ဘူတာရှေ့က အရပ်ပုန်းဆိုင်လေးမှာ တစိတ်ဝင်
ချလိုက်မှ ရင်ထဲမှာ ငြိမ်သွားသည်။ မကြာခင်ပဲ ဟင်္သာတ ရထားဝင်လာ၍ တက်လိုက်လာခဲ့
သည်။ စိတ်ထဲလည်း ဖြစ်ချင်ရာဖြစ် စိတ်ကူးထားလိုက်သည်။ မြကြီးနှင့် သမီးလေး(၂)ယောက်
မျက်နှာပြေးမြင်သည်။

သို့သော်လည်း ကိုယ်လုပ်သောအလုပ်က မှန်သည်ဟု ပဲဖြေတွေးထားရသည်။ တညလုံးတော့
အိပ်မပျော် ဟင်္သတရောက်ပြီး မနက် မိုးလင်းတော့ မဲဇလီကုန်းမြို့လေးကို လိုင်းကားနှင့်ဆက်
လိုက်လာခဲ့သည်။ မဲဇလီကုန်းသည် ခင်ဝင်းအောင်ဇာတိ သူ(၆)တန်းနှစ်အထိ ကျောင်းနေခဲ့
ဘူးသည်။ ခင်ဝင်းအောင် အဒေါ်တွေ ဦးလေးတွေ ရှိသည်။ သူငယ်ချင်းတွေ ရှိသည်။ သူရုတ်
တရက် ရောက်လာတော့ အံ့အားသင့်ကြသည် မြကြီးနှင့်များအဆင်မပြေလို့လား ထင်ကြသည်
သူကလည်း ထိုသို့ပဲပြောသည် အဒေါ်အရင်းက“ ခုစိတ်ဆိုးရင်လည်း နေပေါ့ စိတ်ဆိုးပြေတော့
ပြန်ပေါ့ ဟာ သမီးလေးတွေ မျက်နှာက ရှိသေးတယ် မြကြီးလည်း သဘောကောင်းပါတယ်ဟာ
ဘာဖြစ်ကြတာလဲ အေးအေး နေနေ” ခင်ဝင်းအောင်ကတော့ ကိုယ့်အပူနှင့်ကိုယ် ဘာဆက်
လုပ်ရမည် ဘယ်လိုဖြစ်ကျန်ခဲ့သည် ကို သိချင်နေသည်။

မြကြီးကတော့သိမည် သူဘယ်ကို ထွက်သွားသည်သာ တိတိကျကျ မသိခြင်းသာဖြစ်သည်။ ဘယ်သွားသည် ဆိုတာတော့ ရိပ်မိမည် သို့သော် လက်တလော သူဓါးနှင့်ထိုးလာခဲ့သူ က ဘာ
ဖြစ်သနည်း သေသလား ရှင်သလားမသိ ခုထွက်လာတာ(၂)ညအိပ် ရှိပြီ။ ရွာကို ဖုန်းဆက်လို့
တော့မရ ထိုအကြောင်းကို ဘယ်သူ့ကိုမှလည်း မပြောချင် တခုခုတော့ သူ ဆုံးဖြတ်ချက် ချရ
မည်ဆိုတာတော့ နားလည်သည်။ ထိုသူ သေသည်ဖြစ်စေ မသေသည်ဖြစ်စေ သူကတော့ ရဲ
ဖမ်းခံရမည်။ ခုလည်း အိမ်ရှေ့က ပတ္တရောင်လှည့်သော ရဲများမြင်တိုင်း သူ့ဆီလာသည်ပဲ ခံစား
နေရသည်။ ဘယ်မှလည်း မသွားချင် အိမ်မှာနေသော်လည်း မလုံခြုံ အရက်ဆိုင်သို့လည်း သူမ
သွားချင် ငယ်သူငယ်ချင်းများ တွေ့လျှင် သူလျှောက်လိုက်နေရမည် ဒီနေ့တောင် ရောက်လာ
နိုင်သည်။ သူ့အဒေါ်ကိုလည်း သူရောက်နေသည်ကို သူငယ်ချင်းများ မပြောဖို့ စကားပိတ်မ
ထားရဲ အဒေါ်သိသွားက စိတ်ပူမည်။

ဒီတိုင်းဆက်နေသွားလို့ကလည်း မဖြစ် အသံတခုခုကြားတိုင်း ရဲလာဖမ်းပြီလား ငါ့အကြောင်း
များ ပြောနေကြတာလား ခံစားနေရသည်။ ကိုယ် ဓါးနဲ့ထိုးထားခဲ့သော ကိုသံချောင်းရဲ့ “အမ
လေးဗျ” အော်သံကလည်း နားထဲမှာလာကြားနေသည်။ အရက်ကို ဖိသောက်ပြန်တော့လည်း
လူက ထုံလာသည် မမူးတော့။ အဒေါ်ကတော့ ဘာမှမပြော အိမ်မှာ သူနှင့်ရွယ်တူ ညီမလေး
က အိမ်ထောင်ကျပြီး ယောက်ကျားရှိရာကို လိုက်သွားရသည်။ အဒေါ်နှင့် ဦးလေးသာရှိသည်
ဦးလေးက မြန်အောင်ဖက် ခဏ တက်သွားလို့ အိမ်မှာ အဒေါ်တယောက်တည်း ဖြစ်နေခြင်းဖြစ်
သည်။ အိမ်မှာ ခုလို ထိုင်သောက်နေတာ တွေ့လျှင် အထိုးခံရဦးမည်။ အနည်းဆုံးအဆူခံရမည်
ဦးလေးက မသောက် အဒေါ်ယောက်ကျားဆိုပေမဲ့ ဦးလေးအရင်းလိုချစ်ကြောက်ရသည်။

ထိုနေ့ မနက်မိုးလင်းထဲက တခုခုဆုံးဖြတ်ရဖို့ သူတွေးထားသည်။ အဖမ်းခံလိုက်မည်လား အ
ဖမ်း ခံရလျှင် လူသတ်မှုဆိုပါက အနည်းဆုံး(၇)နှစ် ဘာလုပ်ရမှန်းကို မသိတော့။ ထိုနေ့ နေ့
လည်ဖက်တွင် အဖေနှင့် မြကြီး ရောက်ချလာသည်။ သူဓါးနှင့်ထိုးခဲ့သူမှာ ဆေးရုံပေါ်မှာ ရှိနေ
ကြောင်း သက်သာလာပြီး ရဲစစ်ချက် လာယူသွားကြောင်း သူထိုးသွားသည်ကို တရွာလုံးသိ၍
ကိုသံချောင်း ထွက်ချက်ထဲမှာတော့ မည်သူမည်ဝါ မသိဟု ထွက်ပေးထားကြောင်း ထို့ကြောင့်
အမှုမှာ အခြေအနေကောင်းနေကြောင်း ရင်ဆိုင်ဖြေရှင်း လိုက်ပါက အမှုမကြီးနိုင်ကြောင်း ကို
သံချောင်းထိုသို့ ထွက်နိုင်အောင် မြကြီးနှင့် သူ့မိန်းမ ကျိတ်စီစဉ်ခဲ့ရကြောင်း ဆေးဖိုး ပိုက်ဆံ
၂ သောင်း ပေးထားကြောင်း မြို့သို့တက်၍ ရှေ့နေနှင့် အားချင်းတိုင်ပင်ပြီးလိုက်လာခဲ့ကြောင်း
ပြောပြပါသည်။

သူ ဘယ်ကိုပြေးမည်ကို အဖေသိနေ၍ အံ့သြရသေးသည် တကယ်တော့ အံ့သြစရာမရှိ သူ့မှာ
ဝေးဝေးလံလံ သွားစရာမရှိသည်ကို အဖေသိသည်။ အမေလည်း စိတ်ပူနေသည့် အကြောင်း
သူပါလိုက်လာ ချင်သေး၍ တောင်းပန်ပြီးထားခဲ့ရကြောင်း ပြောပါသည်။ ထို့ကြောင့် သူပြန်၍ အပိုင်ရဲစခန်းမှာ အဖမ်းခံလိုက်သည်။ ထောင်ထဲရောက်ပြီး (၅) ရက်အကြာတွင် ကိုသံချောင်း
ဆုံးသည်။ စဖြစ်သည်နေ့မှ စ၍ (၉) ရက်အကြာတွင် ဆုံးသွားသည်။ ဖြစ်ချင်တော့ ပုဒ်မပြောင်း
သွားသည်။ ပြင်းထန်စွာ နာကျင်စေမှုမှ လူသတ်မှု ဖြစ်သွားသည်။ သူ့ဘ၀မှာ ကြီးစွာ နောင်တ
ရခဲ့ရသည်။ အမှုကို သက်သာအောင် လုပ်ရတော့မည်။ သို့သော် ရဲစခန်းမှာ သူ့ဝန်ခံချက်ကြီး
ကရှိနေသည်။ တထိတ်ထိတ်နှင့် ရဲမြင်တိုင်း ကြောက်နေရခြင်းနှင့် စာလျှင်တော်သေးသည် ဟု
သာ သဘောထား ရတော့သည်။

ထိုခင်ဝင်းအောင် ထိုစိုးဦး တို့နှင့် ကျနော် ထမင်းစားဆောင် အတူသွားဖက် ဆေးလိပ်အတူ ခိုး
သောက်ဖက် ဖြစ်လာသည်။ ထိုခင်ဝင်းအောင်က ဒင်ဘုတ်မှာ ကျသည်။ ဒင်ဘုတ်ဆိုသည်မှာ
(၂) ပေခန့် အမြင့်ရှိသည့် ပျဉ်းကတိုး တုံးကြီးကို ဘေးနှစ်ဖက်မှ လက်ကိုင်တပ်ထားသည် ထို
သစ်သားတုံးကြီးကို အလုပ်မရှိအလုပ်ရှာ လမ်းဟောင်းကို တူးဆွ၍ အုတ်ခဲကျိုး အသစ်များ
ထပ်ထည့်ပြီး မြေသိပ်သွားအောင် မ ထုရသည်။ အလုပ်ကြမ်း အလေ့အကျင့် ရှိသူများ လည်း
မသက်သာ အစထဲက မသက်သာအောင်လုပ်ထားခြင်း လည်းဖြစ်သည်။ ထိုသို့ မသက်သာမှ
လည်း ယာယီအလုပ်ချသော တပ်ကြပ်ကြီးအိပ်ထဲသို့ ငွေဝင်လာမည် ဖြစ်သည်။

အလုပ်သစ် ဘုတ်ကိုင် စည်းကမ်းထိမ်းသိမ်းရေး ၏ အာမခံချက်ဖြင့် မြကြီး ထောင်ဝင်စာလာ
လျှင် ထိုတပ်ကြပ်ကြီး အိမ်သို့သွား၍ ငွေ(၂၀၀) ကျပ်ပေးရမည် ကြားက အာမခံပေးသော ဘုတ်ကိုင် ကို လောလောဆယ် ပါလာသော ပုဆိုးတထည်ပေးရသည်။ ခင်ဝင်းအောင် အလုပ်
ကသက်သာ သွားသည်။ သို့သော် အခန်းထဲ ပြန်နားနေ၍ မရ ဒင်ဘုတ်နားမှာ မယောင်မလည်
လုပ်နေရသည်။ ထိုအချိန် ဥယာဉ်စောင့်အလုပ်ချ ထားသော စိုးဦးနှင့် ခင်သွားသည်။ ထမင်းအ
တူတူ သွားစားသည့် အခါ( ၂)ယောက်တွဲ ကျနော်က တယောက် ထဲ ကြုံရာလူနှင့် တွဲရသည်။

အဆောင် တဆောင်ထဲဖြစ်၍ လူသစ်ချင်းလည်းဖြစ်၍ ထမင်းစားခုံလည်း အတူကျ၍ ခင်မင်
သွားကြသည် သူတို့ ခိုးသွင်းထားသော ဆေးလိပ်ကို တိုက်သည်။ ရုံးအထွက် ကျနော်ခိုးသွင်း
လာသော ပိုက်ဆံဖြင့် မျှသုံးသည်။ ပိုက်ဆံကို တရားဝင်ကိုင်၍ မရ ခိုးကိုင်ရသည် ။ ခိုးကိုင်
သော ပိုက်ဆံမိသွားလျှင် တိုက်ပိတ်ခံရမည် ထို့ကြောင့် မိသောပိုက်ဆံနည်းပါက ကိုယ့်ကိုဖမ်း
သော ၀န်ထမ်းကို တောင်းပန်၍ ပိုက်ဆံထပ်ရှာပေးရသေးသည်။ ကျနော်ကို လည်းငွေညစ်နေ
သည်ကို သိသည် သို့သော်ကျနော်က ပိုက်ဆံ မပေး မပေးချင် နောက် ထိုသို့ လဒ်ပေးပြီး သက်သာအောင်လည်း မလုပ်ချင် ကြုံလာသမျှကို ရင်ဆိုင်မည် ဟုတွေးထားသည်။

သို့သော် အပြစ်ရှာနေကြသော သူများအတွက် ကျနော့်ကို အပြစ်ရှာရတာ လွယ်သည်။ အပြစ်
လည်းတွေ့ ပါသည်။ နေ့လည် ထမင်းစားပြီးချိန် ခဏနား၍ နေ့လည်(၁၂) နာရီအလုပ် ပြန်
ဆင်းရ သည်။ ထိုအချိန်မှာ အလုပ်ပြန်စဖို့ တန်းစီရသည်။ အလုပ်တန်းစီမည်ကို ကျနော်မသိ၍
နောက်ကျသွားသည်။ အားလုံးတန်းစီပြီးပြီ ကျနော်က အလာနောက်ကျနေခြင်းသာ ဖြစ်သည်။
ကျနော် ၀င်တန်းစီသည့် အချိန်တွင် တပ်ကြပ်ကြီးမှ ထလာသည်။ “ မင်းဘာလို့ နောက်ကျနေ
တာလဲ ဒါ မင်း အမေလင်အိမ် မဟုတ်ဘူး” ဟု ပြောသည်။

ကျနော်လည်း တမနက်လုံး တမင်တကာ ညစ်၍ ခိုင်းနေမှန်းလည်း သိသည် ခုလို အပြစ်ယူ
ဖွယ်မဟုတ်သော ကိစ္စလေးကို ပြ၍ တမင်တကာ အနိုင်ကျင့်ပြောသည် ကိုလည်း မခံချင် ထို့
ကြောင့် ကျနော်ခံပြောသည် “ ဆရာကြီး စကားကို ယဉ်ယဉ်ကျေးကျေးပြောပါ ကျနော်မသိလို့
နောက်ကျတာ ကျနော်မလာတာမှ မဟုတ်ပဲ” “ ဟေ့ကောင် မင်းက ငါ့ကို ခံပြောရအောင် မင်း
က ဘာကောင်မို့လို့လဲ” “ ကျနော်ဘာကောင်မှတော့ မဟုတ်ဘူး ဒါပေမဲ့ သိပ်မတရားလာရင်
တော့ မခံဘူး” ဟုပြန်ပြောသည် ကျနော်က မတ်တပ်ရပ်ပြီးပြန်ပြောခြင်း ဖြစ်သည်။

သူပိုက်ဆံယူပြီး အလုပ်မခိုင်းပဲ ချန်ထားသူများ ရှိနေသည်ကို လည်းကျနော် သိနေသည် ထို့
ကြောင့် ဖြစ်ချင်ရာဖြစ်တော့ သူကျနော့်ကို မတရား ရိုက်လျှင် ကျနော်မခံ ကျနော့်ကို မရိုက်နဲ့
ခင်ဗျားအထက်က အရာရှိဆီ ရုံးတင်ပေး ပြောမည်။ ပြောလို့မရလျှင် သူသေကိုယ်သေ ခံချ
မည် ဟုတွေးထားသည်။ ကျနော်နှင့် မသိသော စည်းကမ်းထိမ်းသိမ်းရေး (၂)ယောက် ကျနော့်
ကို ရိုက်ဖို့ တိုးလာသည်။ ကျနော့်အနားမှာလည်း ထိုအချိန်က ဒင်ဘုတ်အတွက် သယ်လာ
သော အုတ်ခဲပိုင်းကျိုးများက ရှိနေသည်။ ကျနော် အုတ်ခဲပုံ ရှေ့ရောက်သွားသည်။

ကျနော် ထိုသို့ ဖြစ်နေချိန် အဆောင်အပေါ်ထပ်မှ တန်းစီး ကိုအောင်ထွေး ဆင်းလာသည်။ ကျ
နော့်ကို ရိုက်ဖို့ ပြင်ဆင်နေသော စည်းကမ်းထိမ်းသိမ်းရေးများကို “ဟေ့ကောင်တွေ မင်းတို့ ဘာ
လဲ ဘာလို့ရိုက်မှာလည်း သူရိုးရိုးနောက်ကျတာပဲ” ၀င်ပြောသည်။ ကျနော်သူ့ကို ကြည့်တော့ ပိန်ပိန်ပါးပါး ဖြူဖြူလေး အနွေးထည်လေး ထပ်ဝတ်ထားသည် ကျမ်းမာပုံမရ ထူးခြားသည်က သူ့ မျက်လုံးများ အလွန်စူးရှသည် အသံကလည်း လူနှင့်မလိုက် အလွန်မာသည် လူက အရပ်
သိပ်မရှည် လူဗလံလေးသာသာ သို့သော်သူဝင်ပြောသည်နှင့် အကုန်ရပ်သွားသည်။ တပ်ကြပ်
ကြီးကလည်း ဘာမှမပြောတော့။ ကျနော်ဖက်က အခြားအကျဉ်းသားများ ပါလာမှာကိုလည်း စိုးရိမ်၍ ဖြစ်မည်။

ကျနော်ကတော့ ဇဝေဇ၀ါဖြစ်သွားသည်။ ထိုစဉ်တုန်းကတော့ ထိုသို့ဝင်ပြောသူသည် ဘာတာ
ဝန်လဲ ဘာမှုလဲ အားလုံးက ဘာလို့ရပ်သွားတာလဲ ကျနော်မသိ ကျနော့်ဖက်က ၀င်ရပ်ပေးခြင်း
ကို ကျေးဇူးတင်သည်။ ထိုသို့ ကျနော်တို့ တန်းစီနေတုန်းမှာပဲ အချူပ်အကျဉ်းသား တာဝန်ခံ
ထောင်မှုးလေး ဦးမြင့်စိုး ၀င်ချလာသည်။ စည်းကမ်းထိမ်းသိမ်းရေးများက ပုံစံ ဟုအော်သည်။ ကျနော်တို့ အကျဉ်းသားများက ခေါင်းငုံထိုင်၍ အရိုအသေပေးရသည်။ ထောင်မှုးလေးက ကျ
နော် သီးခြားတိုက်ထဲတွင် ရှိစဉ်ကပင် ကျနော့်ကို သိနေသည်။ ခုကျနော် အလုပ်လုပ်မည့် သူ
များနှင့် ရောထိုင်နေသည် ကို တွေ့တွေ့ခြင်း ကျနော့်ကို ထခိုင်း၍ အဆောင်ကိုပြန် ခိုင်းသည်။

တပ်ကြပ်ကြီးကိုလည်း ဆူသည် “ဒီလူတွေ အလုပ်မချရဘူးဆိုတာ ခင်ဗျားမသိဘူးလား ပြဿ
နာဖြစ်ရင် ကျနော်ရော ခင်ဗျားရောနာမှာ ခင်ဗျားခက်ပါလား” ဟုပြောသည် ထိုအချိန် ကျနော်
နှင့်က ပြဿနာစတက်နေပြီ ထိုထောင်မှုးကလေး (တပွင့်)က မသိသေး။ ကျနော်အဆောင်ကို
ပြန်သွားရသည်။ ထိုနေ့မှ စ၍ ကျနော် အလုပ်မဆင်းရတော့။ ကျနော်ပြဿနာဖြစ်နေချိန် တွင်
ဆင်းလာ၍ ပြောသူမှာ ကိုအောင်ထွေးဖြစ်ကြောင်း ပထမတကြိမ် ကျေးရွာဥက္ကဌကို သတ်၍
သေဒါဏ်ကျပြီး ထိုသေဒါဏ်မှ နှစ်(၂၀) ပြောင်းပြီးနောက် ပြန်လွတ်သွားသည်။

သူ့ကို သေဒါဏ် ချခဲ့သော မဆလ ခေတ် တရားသူကြီးကို ထောင်က လွတ်ပြီး သွားသတ်
သည်။ သူ့ကို အမိန့် ချခဲ့ချိန်က ပင် “ ကျနော်မသေရင် ခင်ဗျားသေပြီလို့ သာမှတ်” ဟုလက်
ညိုးထိုး၍ ပြန်ပြောခဲ့သူ။ သူလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်ကလွတ်သွားချိန် မဆလပြုတ်
တရားသူကြီးကို လိုက်ရှာသတ်ခဲ့၍ ထောင် နှစ်(၂၀) ထပ်ကျလာသူ မတရားတာ ဘာမှမလုပ်
အကျဉ်းသားများက လေးစားသည်။ နှစ်ကြီးသမားများထဲတွင် အနေအထိုင်ရိုးသားပြီး အတော်
များများက ခင်မင်ကြသည်။

ကျနော်က နောက်မှ ထိုအကြောင်းတွေကို သိရသည်။ ကိုအောင်ထွေး က ကျနော့်ထက် (၂၀) နှစ်ခန့် အသက်ကြီးသည်။ ကျနော်နှင့် ရင်းနှီးသွားချိန်တွင် ကျနော့်ကိုပြောပြသည်“သူ့အဖေက
ရခိုင်ကွန်မြူနစ်ပါတီက ဂျပန်တော်လှန်ရေး နောက် ဖဆပလ အစိုးရကို လက်နက်ကိုင် တော်
လှန်ရင်း စစ်တပ်က အရှင်မိ၍ သတ်ပစ်လိုက်သည်” သူနှင့်သူအမေ ညီ တို့ကရွာမှာ ပြန်နေရ
သည်။

နောက်အဖေ ခိုးပြန်လာချိန် သတင်းပေး၍ သူ့အဖေကိုမိသွား သည်။ သူတို့ ရွာထိပ်မှာ ပင်
သတ်ပစ်လိုက်သည်။ သူကထိုအချိန်က (၈)နှစ်(၉)နှစ်သား အဖေ့ကို တခါတရံမှ တွေ့ရသော်
လည်း သူမမေ့ အဖေသည် သူ့နှင့် သူညီ သူ့အမေကို ချစ်သည်ဟု သူယုံသည်။ သူငယ်ငယ်က
စ၍ အုပ်ချူပ်သူ ဖိနှိပ်သူ များနှင့် သူအစေးမကပ်တော့။ သို့သော် သူဘာလို့ တန်းစီးဖြစ်နေရ
သနည်း တော့မသိ ထောင်တွင်းတွင် နေသားချည်းပဲ နှစ်(၂၀) နီးပါးနေခဲ့သူ ဖြစ်လို့လား အ
ကျဉ်းသားများ၏ လေးစားမှုကို ခံရသူဖြစ်၍ လားမသိနောက် သူ့ရာဇ၀င်ကို ကြောက်လို့လား
မသိ။ အခြေအနေ အားလုံးကြောင့်လည်း ဖြစ်နိုင်ပါသည်။ သူကနိုင်ငံရေးမှု သမားများကို ခင်
မင်သည့်သူ သူသည်နောက်တချိန်တွင် ထောင်တိုက်ပွဲများတွင် ကျနော့်နှင့်ရဲဘော် ရဲဖက်ဖြစ်
လာသည်။

ကျနော် ထောင်ထဲမှာ အလုပ်မရှိနေရသော်လည်း အေးဆေးစွာနေရသည်တော့ မဟုတ် ကျ
နော့်ကို မကျေနပ်သော တပ်ကြပ်ကြီး၏ ဘေးအန္တာရယ်က မသေး သူအပြစ်မရှိ အပြစ်ရှာ၍ ရိုက်နက်ခံရခြင်းမှ လွတ်အောင်ကြည့်နေရသည်။ နောက်ကျနော် တန်းစီး ကိုတင်သောင်းကို
ပြော၍ စိုးဦးနှင့် ခင်ဝင်းအောင်(၂) ယောက် အိပ်ယာနေရာဘေးသို့ ပြောင်းအိပ်သည်။ ညနေ
တန်းပိတ်ချိန်တွင်တော့ အနည်းငယ်လွတ်လပ်သည်။ တန်းမပိတ်မီ ညနေ ထမင်းစားပြီးချိန်
ခဏတဖြုတ် အဆောင်ရှေ့တွင်လမ်းလျှောက်နိုင်သည်။

ထိုအဆောင်မှာ သိပ်ကြာကြာ မနေလိုက်ရ မိန်းဂျေးမှ မီးရှို့ခံရသော အဆောင်များကို တထပ်
ဆောင်များ ပြန်ပြင်ဆောက်ပြီးသွား၍ ကျနော်တို့ အဆောင်ပြောင်းရသည်။ အဆောင်သစ်တွင်
ကျနော် စိုးဦး ခင်ဝင်းအောင် တို့ တခန်းထဲကျ၍ ၀င်းမောင်ကလည်း အဆောင်သို့ပြောင်းလာ
သည်။ သူက ထောင်ကျ ကျနော်တို့က အချူပ် သို့သော် ထောင်က သူ့ကို နေခွင့်ပေးသည်။

ဝင်းမောင် က ကျနော်တို့နှင့်နေချင်၍ တိုက်ထဲမှ အဆောင်ပြောင်းလာခြင်းဖြစ်သည်။ အ
ဆောင်တန်းစီးမှာ ကိုဇော်နိုင် ထို့ကြောင့် ကျနော်တို့လူနှင့် ကျနော်တို့ အနည်းငယ်လွတ်လပ်
သည်။ ခင်ဝင်းအောင်က ဥယာဉ်ဘုတ်တခုသို့ ကျသည် စိုးဦးက နဂိုဥယာဉ်မှ အဆောင်ရှေ့ ဥ
ယာဉ်သို့ပြောင်းလာသည်။ ပြောင်းလို့ရအောင် အချူပ်တာဝန်ခံ ထောင်မှုးကိုတော့ ကန်တော့
ရမည်သာ သို့သော် အဆင်ပြေရေးအတွက် ထောင်မှုးကလည်း ပြဿနာမဖြစ်ရေးအတွက် နေ
ရာရွေ့ပေး သည်။

ကျနော်က ထိုအချိန်တွင် နောက်မှုကပ်ပါသည်။ နောက်မှုမကပ်မီ ကျနော်တို့ အမှုတွဲများကို ဖမ်း ဆီးနေသည့် သတင်းကို ထိုအချိန်က ဧရာဝတီတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ် တိုင်း
စည်းရုံးရေးမှုး လုပ်နေသော ကိုအောင်ဝေး သယ်လာသည်။ ကိုအောင်ဝေးက ထိုအချိန်က က
ဗျာတပုဒ်ကြောင့် နောက် ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီတိုင်း စည်းရုံးရေးခရီးစဉ် ကြောင့်
အမှုရှာ၍ အဖမ်းခံထားရချိန် ထိုအချိန်က ရှစ်လေးလုံးအရေးတော်ပုံ အရှိန်ကြောင့် ထောင်ကျ
ဈေးနူန်းချိုသည်။ ကြမ်းခင်းဈေး(၆)လ (၁)နှစ် နောက်တဖြေးဖြေး တိုးလာသည်။ ၁၉၉၅ ခု ၉၆
ခုတွင် ကြမ်းခင်းဈေးက (၇)နှစ်ဖြစ်လာသည်။ ခုနောက်ပိုင်း (၂၀) ထိ တိုးလာသည်။ (၆၅) နှစ်
ဖြစ်လာသည်။ ထို့ကြောင့် ထိုအချိန်က ကိုအောင်ဝေး သိပ်မကြာလိုက် ပြန်လွတ်သွားသည်။

ခုရွှေဝါရောင် အရေးအခင်းမှာ အပြီးပြေးလာသည် ခု ကျည်ကွယ်မျက်ကွယ်မှာ ပြည်ပြေးကဗျာ
ဆရာ ရွှေ့ပြောင်းကဗျာဆရာ ရွှေ့ပြောင်းအလုပ်သမားပေါ့။ ထိုအချိန်က သူက ကျနော်အဖမ်းခံ
ရသည့် ကိစ္စကို ဂဃနဏ မသိသော်လည်း အကြမ်းဖျင်း ခန့်မှန်းမိသည်။ ထို့ကြောင့် သူရုံးအ
ဝင်မှာ လူလွှတ်ပြီး သူကို ချူပ်ထားရာ ဆေးရုံဆောင်အောက်ထပ်သို့ လာတွေ့ဖို့ အကြောင်း
ကြားသည်။ အရေးကြီးကြောင်းလည်း မှာသည်။ ကျနော်သွားခိုးတွေ့ရသည် သူကအကျိုးအ
ကြောင်းပြောပြသည်။

ကျနော်က လည်းခေါင်းကြီးသွားသည် ကျနော်ထံမှ တဆင့် အမှုကို တည်ဆောက်ဖို့ ခက်ခဲနေ
၍ ကျနော်ထွက်ချက်မှာ လွတ်နေ၍ ထိုအမှုတွဲများကို မဖမ်းခဲ့ခြင်းဖြစ်သည်။ ခုအဖမ်းခံနေရပြီ
ဖြစ်သည် မကြာမီ ကျနော်နှင့် အမှု လာဆက်တော့မည်။ ကျနော်ကို ဘာတွေမေး၍ ကျနော်က ဘာတွေ ဖြောက်ထားနိုင်မည် လည်း စဉ်းစားရတော့သည်။

သိပ်မကြာပါ။ နောက် တရက်နှစ်ရက် အတွင်းထောင်ဗူးဝက လာခေါ်သည်။ ကျနော့်ကို ထောက်လှမ်းရေး က တပ်ကြပ်ကြီးတင်မြင့်ထွန်း (ယခု အခြေခံပညာအဆင့်မြင့်ဦးစီးငှါန) က
မေးသည် ကျနော်က ငြင်းသည် တင်မြင့်ထွန်းဒေါကန်သည် စစ်ကြောရေးကို ပြန်ခေါ်၍ ရိုက်
မည်ဟု ပြောသည်။ နောက် ထောက်လှမ်းရေး(၄) တာဝန်ခံ ဗိုလ်မှုးဗိုလ်ဝင်း (ယခု အခြေခံပ
ညာ အဆင့်မြင့် ဦးစီးဌါန ညွန်ချူပ်) ရောက်လာသည်။

ကျနော်ဆက်ညာ၍ မရတော့ ကျနော့်နောက်ထပ် နာမည်တခုနှင့် လှုပ်ရှားမှုကို သိနေပြီ ထိုနာ
မည်သည် ကျနော်နှင့် အခြားတဦးသာ သိသည့် နာမည် ကျနော့်ကို ၀န်ခံခိုင်းသည်။ ၀န်မခံ
လျှင်လည်း မထူးတော့ အားလုံးသိထားပြီ။ ကျနော်တို့ နှစ်ဦးသာသိသော အမည်ကိုဖေါ်လိုက်
ရခြင်းဖြင့် ကျနော်ဝန်ခံရတော့သည်။ ထိုနာမည်ကြောင့် ကျနော် ထောင်(၅)နှစ် ထပ်ကျသွား
သည်။

ကျနော်စာနာပါသည် တကယ်လို့ ရန်သူ့လက်ထဲရောက်သွားလျှင် ဘာမှ သိမထားခြင်းက အ
ကောင်းဆုံး သိထားသည့်သူအတွက်က နောက်ဆုံးမခံနိုင်သည့်အဆုံးအရေးမကြီးဆုံးကို ဖေါ်
ပေးရမည်။ ထိုအခါ ကျနော်က အရေးသိပ်မကြီးသည့်လူ မဖေါ်၍လည်း မဖြစ်တော့ ထို့ကြောင့်
ဖေါ်လိုက်ရသည်။ ကျနော်ကလည်း ၀န်မခံ၍ မရ ၀န်ခံရသည်။

ကျနော့်ကို ဗိုလ်မှုး ဘိုဝင်းတခုတော့ပြောသွားသည်။ ထိုစကားကို မမေ့“ မင်းတို့ကလည်း တိုင်း
ပြည်အတွက် မင်းတို့ မှန်မယ်ကောင်းမယ် ထင်လို့ လုပ်ခဲ့ကြတယ် ငါတို့ကလည်း မင်းတို့ကို ပု
ဂ္ဂိုလ်ရေး အညိုးမရှိပဲ ဖမ်းသင့်တယ်ထင်လို့ ဖမ်းခဲ့ကြတယ် မင်းတို့ မှန်သလား ငါတို့ မှန်သ
လား ဆိုတာကတော့ သမိုင်းက အဖြေပေးပါလိမ့်မယ်” တဲ့ ကျနော်ကလည်း ပြန်ပြောပါသည်။

“ကျနော်တို့ ခုလိုအဖမ်းခံရနိုင်တယ် ဆိုတာကို သိပါတယ် ဒါပေမဲ့ ကျနော်တို့ ပြည်သူတွေ အ
တွက် ကျနော်တို့ ဒီလိုလုပ်ခဲ့ကြတယ် ဆိုတာ တချိန်မှာ ဗိုလ်မှုးပြောသလို အဖြေထွက်လာမှာ
ကို လက်ခံနိုင်ပါတယ်” လို့ ကျနော်ကို ထပ်ပြောသွားသည် “ မင်းကို ပထမအမှု နဲ့ ပဲထောင်
(၂ )နှစ်ချဖို့ လုပ်ထားပါတယ် ဒါပေမဲ့ မင်းက ဖေါ်ထုတ်တာမဟုတ်ပဲ ငါတို့ ဖေါ်ရတာကို မင်းက
ဝန်ခံတာ ဆိုတော့ မင်းလည်း လွတ်ချင်မှတော့လွတ်မယ် အထက်ကိုတင်ထားပါတယ်” တဲ့
တိုးတိုး မတိုးတိုး အရေးမကြီး အရေးကြီးသည်က ကျနော်တို့ လူတွေ မိကုန်ခြင်းသာ။ မိမှာသာ
စိုးရိမ်နေခဲ့သည်။

ကျနော်က ခု အနှစ်နှစ်ဆယ် ကြာပြီးသည့် အချိန်အထိ ကျနော်တို့ မှားခဲ့သည် လို့ မထင်မြင်မိ
သေး လက်နက်ကိုင်တော်လှန်ရေးအတွက် ပြင်ဆင်ရင်း ဖမ်းမိခံရသည် ကိုလည်း ယူကြုံးမရ
ဖြစ်ရတုန်း ဗိုလ်မှုးဘိုဝင်းနှင့် အေးအေးဆေးဆေး ပြန်တွေ့ရသည့် နေ့တနေ့ ကိုရောက်ချင်ပါ
သည်။ ထိုအချိန်မှာ သူရင်ထဲက ဘာပြောမလဲဆိုတာကိုလည်း နားထောင်ချင်ပါသည်။ ကျနော်
တို့ကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်ပြီးသည့် (၁၅) နှစ်အကြာမှာတော့ ထိုနှိပ်ကွက်ရာ၌ အဓိက ပါ
ဝင်ခဲ့သော တာဝန်အရှိဆုံးဖြစ်သော စစ်အာဏာရှင်စနစ်ကို ကိုယ်စိတ်နှစ်ပါးနှစ်၍ အကာ အ
ကွယ်ပေးခဲ့သောသူ ဖြစ်သည့် ဗိုလ်ချူပ်ကြီးကိုယ်တိုင်ပင်လျှင် အကျဉ်းသား ဖြစ်နေရလေပြီ။

စစ်အာဏာရှင် တို့၏ အာဏာလုပွဲ၌ စစ်အာဏာရှင်စနစ်၏ မတည်ငြိမ် မခိုင်မြဲသည့်အခြေအ
နေအောက်မှာ စတေးခံကြရပြီဖြစ်ပါတယ်။ တကယ်လို့ပြောခွင့်ရှိလျှင် ပြည်သူတရပ်လုံးရှေ့မှာ
ကျနော်တို့ လုပ်ရပ် သူတို့လုပ်ရပ်ကို ချပြချင်ပါသည်။ ပြည်သူတွေရွေးချယ်မှုနဲ့ ကြိုးစင်တက်ပါ
ဆိုလျှင် ကျနော်တို့တက်မည်။ သူတို့သည်ကော…တက်မည်လား။ ဗိုလ်မှုးဘိုဝင်းကိုမေးချင်ပါ
သည်။ သို့သော် စည်းလုံးညီညွတ်သော ငြိမ်းချမ်းသာယာသော အနာဂါတ်ကို ကျနော်တို့ တမ်း
တပါသည်။ ကျနော့်တို့ ခံစားခဲ့ရခြင်းများကို ကျနော်တဦးထဲအနေဖြင့် သင်ပုန်းချေနိုင်ပါသည်။
သင်ပုန်းမချေနိုင်လောက်အောင် ခံစားခဲ့ရသူများ ကိုတော့ ကျနော်တို့ တားဖို့ မသင့်တော်ပါ။
ကျနော်အမြင် ထိုသို့မြင်ပါသည်။

(ဆက်ရေးပါဦးမည်.ဖတ်သည့်သူများ တော်ပါတော့ မရေးပါနှင့်တော့ ဟု မပြောမချင်း)

5 comments:

yawnetthan November 13, 2009 at 1:51 AM  

စောင့်ဖတ်ပါမည်။

pandora November 13, 2009 at 4:19 AM  

မတော်ပါနဲ့ ဆက်ရေးပါ။
ဖတ်နေတယ်

Ko Toe Gyi ( Multiply Boo Boo Gyi ) November 13, 2009 at 1:54 PM  

လာဖတ်သွားပါတယ် ခင်ဗျားတို့  နယ်ထောင်တွေက အပြင်ဘုတ်ထုတ်တယ်လား နှစ်ကွာလို့ ထင်တယ် ကျတော်တို့ တော့ ဘာမှမလုပ်ခိုင်းဘူးဗျ အဆောင်က လူတွေတော့ တောင်ယာ လုပ်၇တယ်လို့ ပြောဘူးတယ်
ကျေးဇူးဘဲနော်

ကိုချစ်ဖေ November 13, 2009 at 3:03 PM  

ကိုတိုးကြီး
အပြင်ဘုတ်ထုတ်တာ ရိုးရိုးအမှုလေ ကျနော်ရဲဘက်တောင်းလိုက်တာလည်း မလိုက်ရဘူး လွတ်နီးတော့ အပြင်ဘုတ်တောင်းလိုက်တာလဲ မလိုက်ရဘူး..၁၇(၁)၅(ည) မို့တဲ့..ရဲဘက်ထည့်ရင်တော့
နောက်ကျတဲ့ခြေထောက် သစ္စာဖေါက်ပဲ.ဟဲ..

ရွှေရတုမှတ်တမ်း November 13, 2009 at 5:43 PM  

မှတ်တမ်း မဟုတ်တော့လို့ဆက်မရေးတာလား

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP