Sunday, November 8, 2009

စစ်အစိုးရ အကျဉ်းထောင်အတွင်း ကျနော်ကြုံခဲ့ရသမျှ တစိတ်တဒေသ(၄)










စစ်အစိုးရ အကျဉ်းထောင်အတွင်း ကျနော်ကြုံခဲ့ရသမျှ တစိတ်တဒေသ (၄)


ထောင်ထဲသို့ရောက်လာသော အချူပ်သစ် ထောင်ကျသစ်များကို ထောင်ကျပုံစံခန်း အချူပ်ပုံစံ
ခန်းတို့သို့ အရင်ပို့ပါသည် ထောင်အတွင်းမှာ လိုက်နာရမည့်စည်းကမ်းများကို သင်ကြားပေးရန်
ဖြစ်ပါသည်။ ထောင်ထဲမှာသတ်မှတ်ထားသော လိုက်နာရမည့်စည်းကမ်းများကို ထိုရောက်လာ
သောညမှာ ပုံစံသင်ပါသည်။ပုံစံသင်ကြားမှုသည်စည်းကမ်း လိုက်နာရန်ဖြစ်သော်လည်းထောင်
တွင်းရောက်ရောက်ခြင်းညတွင် အကျဉ်းထောင်ကိုကြောက်ရွံသွားအောင် စတင် ချိုးနှိမ်သော
အလုပ်လည်းဖြစ်ပါသည်။

အသက်ဘယ်လောက်ကြီးကြီး မင်းနာမည် မင်းအသက် မင်းအဖေနာမည် အပြင်မှာနေတုန်းက
ဘာလုပ်စားလဲ စာတတ်လား မှတ်ပုံတင်ရှိလား ဘာမှုဖြစ်လဲ ဘယ်ရဲဖမ်းလဲအရင်ထောင်ကျ
ဘူးလား စသည်တို့ကို နောက်တနေ့ ထောင် အချူပ်ရုံးခန်းသို့ သွားရောက်စဉ် ဖြေကြားနိုင်ရန်
သင်ကြားပေးခြင်းဖြစ်သည်။ သို့သော် ပုံစံသင်သော ဒုတန်းစီး တန်းစီးတို့ကို ပူဇော်ပသခြင်းမရှိ
ပါကမလွယ် ထောင်မှုး ထောင်ပိုင် ညွှန်မှုး သို့ ပိုက်ဆံပေးမထားပါက မလွယ် အပြစ်တခုမ
ဟုတ် တခု ရှာ၍ ရိုက်သည်။

ဥပမာ ဒုတန်းစီး သို့မဟုတ် လက်ထောက်က သင်ပေးသည် ထောင်ထဲမှာ ဘယ်လိုနေရမည်
ဘယ်လိုထိုင်ရမည် ဘယ်လိုလမ်းလျှောက်ရမည် ဘယ်လိုတန်းစီရမည် ဘယ်လိုအိပ်ရမည် ဘယ်
လို အိမ်သာတက်ရမည် ဘယ်လိုခေါ်ဝေါ်ရမည် ဘယ်လိုအရိုအသေပေးရမည် စသည်တို့
ကို သင်ပေးသည်။ စည်းကမ်းပေါင်းမြောက်များစွာ ပုံမှန် အခြေခံပညာမရှိသောသူအဖို့ မလွယ်
ကူ ထောင်ထဲသို့ ၀င်လိုက်ထွက်လိုက်လုပ်နေသောသူများအတွက်တော့ ပြဿနာမရှိ။

ထောင်ထဲရောက်ဖူးသူတယောက်အနေဖြင့် မှတ်မိနိုင်သော်လည်း ချူပ်သစ်တယောက်အနေ
ဖြင့်အကုန်လုံးမှတ်မိရန်မလွယ် ထို့အပြင်သင်ကြားမှုဆိုသော်လည်း ခြိမ်းခြောက်နေခြင်းသာ
ဖြစ်သည်။ ထိုအခြေအနေတွင် တန်းစီး ဒုတန်းစီးတို့ကို လဒ်ထိုးရသည်။ အနည်းဆုံးမိမိမှာပါ
လာသော စားစရာသောက်စရာလေးများကို တန်းစီး ဒုတန်းစီးစားဖို့ လဒ်ထိုးရသည်။ မိမိမှာပါ
လာသော အင်္ကျိပုဆိုးများကို လဒ်ထိုးရသည်။ ထိုသို့ လဒ်မထိုးထားပါက ထိုည ပုံစံသင်ရာတွင်
မလွယ် အပြစ်ရှာ၍ ထုလေမည်။

ထိုသို့မပေးနိုင်သောသူများ ပေးဖို့ မသိသူများ အရိုက်ခံရသည် ထိုအထဲမှာ မယားခိုးမှု မုဒိန်းမှု
အိပ်ယာကျော်နင်းမှု ကာမလိမ်လည်မှု များပါလာပါက အလွန်ဆိုးရွားစွာ အရိုက်ခံရပါတယ်။
သို့သော်လည်း ထောင်မှုးထောင်ပိုင်လာအပ်ထားသော ထိုအမှုသမားများမှာ အရိုက်မခံရတော့
ထိုသို့ ဘာလို့ရိုက်သည် ဆိုတာတော့ အစကမသိ နောက်တော့ကျနော်ခံစားလို့ ရလာသည်။

မှန်းမိလာသည် သဘောပေါက်လာသည်။ နှစ်ကြီးသမားတို့၏ ဇနီးအများစုသည် အိမ်ထောင်
သစ်ထူထောင်သွားကြသည်။ ထိုအခါ မိုက်လှပါသည်ဆိုသော လူမိုက်ကြီးသည်လည်း ထောင်
ဝင်စာအခန်းတွင်းမှ ကွာရှင်းစာချူပ်ကို ကလေးတွေပညာရေးအတွက် ကျမအိမ်ထောင်ပြုရ
တာပါ ရပ်ရွာထဲမှာ အိမ်ထောင်မရှိတဲ့မိန်းမရယ် လူမလေးစား လုပ်လို့လိုရယ် ကျမခုလိုအိုးအိမ်
သစ်ထူထောင်တာကို ခွင့်လွှတ်ပါနော် အငိုမျက်လုံးအပြုံးမျက်နှာ တခါတလေ နင့်နင်းသည်း
သည်း ငိုထားသောမျက်နှာများနှင့် လာတွေကြသည့်အခါ ဘာမှမတတ်နိုင်သော ကိုယ့်ဘ၀အ
နေအရ ခေါင်းငိုက်စိုက်ချ လက်မှတ်ထိုးပေးလိုက်ရသော သာဓကများ အမြောက်အများ။

ထောင် လေးငါးခြောက်နှစ် ခုနှစ်နှစ်ကျလျှင် စောင့်မျှော်နေနိုင်သေးသော်လည်း တသက်တ
ကျွန်းပြစ်ဒါဏ် ထောင်နှစ်ပေါင်းများစွာကျခြင်းအပေါ်တွင် တော့စောင့်မျှော်ရခက်ခဲ့လှသည်။
နောက် ကွာရှင်းလက်မှတ်မှ မထိုးပေးလျှင်ရော ကိုယ်က ဘာများတတ်နိုင်ပါဦးမည်နည်း။ ထို
အခါ ထို လိင်ပိုင်းဆိုင်ရာပြစ်မှုများ မယားခိုးမှုများအတွက် တဖက်ကများ ပြန်ကလဲ့စားချေနေ
ခြင်းလား ၀ိုင်း၍ နည်းပေါင်းစုံ ပယ်ပယ်နယ်နယ် သမကြလေသည်။ အလုပ်ခိုင်းလျှင်လည်း
ပို၍ ဖိနှိပ်သည် မျက်နှာသာမပေး။ မူယစ်ရမ်းကားမှုဖြင့် ထောင်ရက်အနည်းငယ်ကျလာသော
သူများကိုလည်း ကောင်းကောင်းနှိပ်စက်ကြသည်။ သူတို့ကိုယ်တိုင် ဗိုလ်ကျသော်လည်း အ
ခြားသော လူအများပေါ်ဗိုလ်ကျသူများကို နှိပ်ကွက်ပြခြင်းဖြင့် သူတို့၏ သိက္ခာကို ပြန်လည်ထူ
ထောင်နေခြင်းလား ကျနော်သေချာမသိပါ။

ထိုသို့ ပုံစံသင်ကြားရာတွင် ငိုအားထက်ရယ်အားသန်ရတာလည်းရှိသည် လူသစ်သည် လူ
ဟောင်းကိုကြောက်ရသည် မြင်မြင်သမျှ လူများကို လူသတ်မှု ဓားမြမှု ဟုပဲထင်တတ်သည် ခိုး
မှုပင်ဖြစ်စေ ထောင်အတွင်း ကြိမ်လုံးကိုင်ဆောင်ခွင့်ရသော သူများကို အားလုံးကြောက်ရပါ
သည် ထိုသူများသည် ဘာမှုဖြစ်သည်ဆိုတာလည်းမသိ ထောင်အာဏာပိုင်များကိုပိုင်သည်။
မိမိကို ရိုက်နက်နိုင်သည် ဆိုတာကိုပဲ နားလည်ထားသည်။

တကယ်တော့ ထိုသူများသည် နှစ်ကြီးများထဲက ခန့်ထားသောသူများလည်း ဖြစ်တတ်သလို
ပိုက်ဆံပေး၍ လုပ်နိုင်သောသူ လူသစ်များထံမှ ချွတ်ခွာချင်း လုပ်တတ်သောသူများကို ခန့်
ထားခြင်းသာဖြစ်သည် နှစ်ကြီးသမားအများစုက မလုပ်လို။ များသောအားဖြင့်အမှုသေးသမား
များ ဖြစ်သည့် ခိုးမှု ဖေါက်ထွင်းမှု လိမ်လည်မှု ခါးပိုက်နှိုက်မှု တို့သာဖြစ်သည်။ သို့သော်လူသစ်
တို့က အမှုကြီးသမားများထင်၍ ပိုကြောက်သည်။ ထိုအမှုသေးသမားများကသာ အကျဉ်းသား
အခြင်းခြင်းနှိပ်စက်ကြသည် သို့သော် တကယ်လူမိုက်ကြီးများအသွင်ဆောင်ကြသည်။ တ
ကယ့်နှစ်ကြီးလူမိုက်များကိုတော့ သူတို့တကယ်ပဲကြောက်သည်။

ထိုကျသစ် ချူပ်သစ်များကို ပုံစံသင်ပြီး နောက်တပါတ်အတွင်း ရုံးခန်းတွင် ပုံစံတင်ရသည်။
အချူပ်သစ်တာဝန်ခံထောင်မှုး ထောင်ကျသစ်တာဝန်ခံထောင်မှုး တို့ကစစ်ဆေးသည်။ ပုံစံတင
်ရာတွင် ကျနော်နှင့်ရင်းနှီးသော ကျောင်းဆရာတယောက်ပြောပြတာကို ပြောပြချင်ပါသည်။ သူ
လည်းလူသစ်ထောင်ဗဟုသုတများလည်းမရှိပါ နိုင်ငံရေးမှု နှင့်ကျလာခြင်းဖြစ်သည်။

သူပြန်ပြောပြခြင်းဖြစ်သည် သူက မင်းတို့ထောင်ကလည်းကွာ ဘယ်လိုလည်း ငါ့ကို မေးတာငါ
ကုန်ဖြေနိုင်ပါတယ်

မင်းနာမည်- မောင်ဖြူ
မင်းအဖေနာမည်- ဦးနီ
မင်းအမေနာမည်- ဒေါ်ဝါ
မင်းမိန်းမနာမည် -မရှိ
မှတ်ပုံတင်နံပါတ်- ၀၀၀၀၀၀၇
အပြင်မှာနေတုန်းကဘာလုပ်စားလဲ-ကျောင်းဆရာ
စာတတ်လား-တတ်
ဘာမှုဖြစ်လဲ-နိုင်ငံတော်အာဏာနှောက်ယှက်ဖျက်ဆီးမှု
ဘယ်ရဲဖမ်းလဲ-အသည်ကြီးစခန်း အဲ့လိုဖြေရတာလေ.ဖြေပါတယ်

ကျောင်းဆရာပဲကွာ စာတတ်လားလို့ မေးစရာလား တဲ့..ရယ်လိုက်တာ။ တကယ်လို့မှတ်ပုံတင်
ရှိတယ်ဆိုရင်လည်း ရှိပေါ့ မှတ်ပုံတင်နံပါတ်ကို ဆက်ပြောရတယ် မရှိရင် မရှိ ရှိပြီးမှတ်ပုံတင်နံ
ပါတ်မေ့နေရင် ရှိမမှတ်မိ လို့ပြောရတယ်လေ အဲ့ဒီမှာ မှားတာပဲ မိန်းမနာမည် မေးရင် ရှိမမှတ်မိ
မှတ်ပုံတင်နံပါတ် မရှိမသိ လို့ မှားပြောတတ်တယ် ကြောက်ကြောက်နဲ့ဖြေလေမှားလေ အကုန်
လျှောက်မှားကုန်ရော ဘယ်ရဲဖမ်းလဲ ဆို “အရပ်ပုပု အသားနည်းနည်းညို” တို့ဘာတို့ဖြစ်ကုန်
ရော ဘာမှုဖြစ်လည်းဆို “တရပ်ကွက်ထဲနေ ဦးနီ အိမ်မှ ထမင်းအိုးခိုးမှု” အဲ့လိုဖြေရတယ်လေ
ခိုးမှုလို့မဖြေရဘူး အဲ့ဒါ ကို “ကျနော်ကတကယ်ခိုးတာမဟုတ်ပါဘူး ပထမတခါ သူအိမ်က
ကြက်ပျောက်ထဲက ကျနော့်ကို” တို့ဘာတို့ပြောကုန်ရော အဲ့လိုပြောလို့မရဘူးလေ။ ထောင်ထဲ
မှာသုံးတဲ့ အသုံးတွေပါ။

ထိုအချူပ်သစ်တွေက အပ်ထည်မှလွဲ၍ အိမ်သာနှင့်နီးသော နေရာတွင်သာနေရာရသည် တ
ခန်းလုံးဖိနပ်များ စီချွတ်ထားရာနေရာနှင့် နီးရာနေရာမှာ အိပ်ရသည်။ ကျနော်တိုက်ထဲမှာနေ
စဉ်က ညဖက် အဆောင်မှကင်းသမားများ အော်သံကို ကြားရသည်။ ကျနော်တို့တိုက်ထဲတွင်မ
အော်ရ အဆောင်များတွင် ကင်းသမားတယောက်ကို(၂)နာရီ ည(၉)နာရီမှ မနက်(၄)နာရီခွဲ
အိပ်ယာထချိန်အထိ ကင်းစောင့်ရသည် ကင်းသမား(၄)ယောက် အလှည့်ကျစောင့်ရသည်။
ထိုသို့ကင်းလှည့်ကိုမကျအောင်လည်း တန်းစီးကလဒ်စားသည်။

အခန်းထဲမှာ တန်းစီး ဒုတန်းစီးမှလွဲ၍ အကုန်လုံး ကင်းလှည့်ကျသည် ကင်းလှည့်ချလို့ရသည်။
သို့သော် ထောင်ထဲမှာအနေကြာသော နေသားရှိသူများ တန်းစီးပြုတ် ဘုတ်ကိုင်(အလုပ်အဖွဲ့
ခေါင်းဆောင်) ထောင်မှုးအပ်ထည် များကို ကင်းသမား ခေါ် ဘာယာ မချပါ။ ထိုသို့ဘာယာချ
ထားခြင်းကို ဒုတန်းစီးက အစီအစဉ်ချခြင်းဖြစ်သည်။ လူဦးရေအလိုက် အလှည့်ကျချထားသည်
သို့သော် တန်းစီးက ဖယ်ထားသူများ မစောင့်ရ။ ကင်းလှည့်ကို တနေ့(၄) ဦးနှုန်း ချထားသဖြင့်
လူဦးရေ(၁၀၀) ရှိသောအခန်းတွင် လူ (၆၀)က ကင်းလှည့်ကျသည် ဆိုပါစို့ တဦးလျှင်(၁၅)
ရက်တကြိမ် အလှည့်ကျမည် ဖြစ်သည်။ သို့သော်တန်းစီးက နေ့စဉ်(၂) နာရီစောင့်ဆိုပါက
လည်း စောင့်ရမည်သာဖြစ်သည်။

ထိုဘာယာ ခေါ် ကင်းသမား သည် ည(၉)နာရီ အိပ်ချိန်မှစ၍ မိမိအလှည့်ကျနေစဉ်အတွင်း
တန်းစီး ခေါ် အဆောင်မှုးများကိုယ်စား အကျဉ်းသားများကို စောင့်ကြည့်ရသူဖြစ်သည်။ (၁၅)
မီးနစ်တကြိမ် ထောင်ဂိတ်မကြီးမှ သံချောင်းခေါက်သည့်အခါ အဆောင်အမှတ်စဉ်အလိုက် သ
တင်းပို့ရသည်။ ထိုသို့သတင်းပို့ခြင်းကို ဘာယာ အော်သည် လို့အကျဉ်းထောင်စကားဖြင့်ခေါ်
သည်။ အိပ်ဆောင်တဆောင်စီတွင် တာဝန်ကျဝန်ထမ်းတဦးစီရှိသည်။ ထိုဝန်ထမ်းသည် ဘာ
ယာကို စစ်ဆေးရသည်။ ဘာယာသတင်းပို့ ဆိုလျှင်

ကောင်းဗျား
(၁)ဆောင်(၁) ခန်း
အချူပ်အကျဉ်းသား (၁၀၀)ယောက် (သို့) ထောင်ကျအကျဉ်းသား (၁၀၀)ယောက်
အကြောင်းထူးမရှိ
အားလုံးကောင်းပါတယ် ဆရာကြီး

ဟုအော်၍ သတင်းပို့ရသည်။ ပုံမှန်တော့(၁၅)မီးနစ် တကြိမ်အဆောင်အလိုက် တခန်းပြီးတ
ခန်း သတင်းပို့ရသည်။ ထောင်ထဲရောက်ကာစ ဘာယာအော်၍ အိပ်မရ ထိုဘာယာ၏တာဝန်
မှာ အကျဉ်းထောင်ဖေါက်ရန်ကြံစီခြင်း အကျဉ်းသားအချင်းချင်းအိပ်နေစဉ် လုပ်ကြံသတ်ဖြတ်
ရန်ကြံစီခြင်း အကျဉ်းသားအချင်းချင်း လိင်တူဆက်ဆံခြင်း အကျဉ်းသားများ အိမ်သာသို့သွား
ရာတွင် အစီအစဉ်ကျအောင် စီစဉ်ပေးရခြင်း တို့ကို တန်းစီးများ အဆောင်မှုးများကိုယ်စား လုပ်
ကိုင်ပေးရသူဖြစ်သည်။ တစုံတခုပြဿနာတက်လာရင် ထိုဘာယာလည်း အပစ်ပေးခံရတတ်
သည်။

အိမ်သာသို့သွားရာတွင် အကျဉ်းသားများအားလုံးအတွက် ကျင်ကြီးသွားရန် လေးဆယ်ပိဿာ
ဝင်အိုးတလုံး ကျင်ငယ်စွန့်ရန် အိုးတလုံးထားပေးသည် (၉)နာရီအိပ်ချိန်မတိုင်ခင် ကန့်သတ်မှု
မရှိသွားနိုင်သော်လည်း အိပ်ချိန်မှစ၍ ကျင်ကြီးကျင်ငယ်စွန့်လိုလျှင် ဘာယာထံအော်၍ သ
တင်းပို့ရသည်။ ဘာယာကခွင့်ပြုမှသာ သွားခွင့်ရသည်။

ဥပမာ- ကျင်ကြီးစွန့်လိုပါက အိပ်ယာထဲက- ချီးယို ဟုအော်ရသည်။ ဘာယာက- ယို ဆိုမှ ထ
ပြီးသွားခွင့်ရသည်။ ကျင်ငယ်စွန့်လိုပါက-အိပ်ယာထဲက သေးပေါက် ဟုအော်ရသည် ဘာယာ
က- ပေါက် ဆိုမှပေါက်ရသည်။ ဘာယာက နေဦး ဆိုစောင့်ရသည်။ ချီးယိုဟု အော်ပြီး ကျင်
ငယ် စွန့်လို့မရ ကျင်ငယ်စွန့်ရာနေရာတွင် ကျင်ငယ်သွားစွန့်လို့မရ ။အရိုက်ခံရမည်။ ဘာယာက
တန်းစီးကိုတိုင်လျှင် အရိုက်ခံရသည်။ ထို့ကြောင့် တိတိကျကျသတင်းပို့ရသည်။

ကျနော်အဆောင်ရောက်တော့ ကျနော်တို့အခန်းမှာလူဦးရေ (၁၀၀)ခန့် ရှိသည်။ အခန်းမှာတ
ကယ်က လူ (၄၀)ခန့်သာ အလွန်ဆုံးနေလို့ ရသည်။ ထိုကြောင့်အခန်းက ကျပ်သည် ခြေရင်း
ဖက်မှာ ပိုကျပ်သည်။ ခေါင်းရင်းပိုင်း တန်းစီး တန်းစီးနဲ့ပတ်သက်သူတွေ နှစ်ကြီးသမားတွေက
တော့သိပ်မကျပ် ကျနော်ကတော့လူသစ်တွေကို အားနာနေရသည်။ နောက်ညအိပ်ချိန် (၉)နာ
ရီကျော်လျှင် ကျင်ကြီးကျင်ငယ်စွန့်လိုပါက မအော်ရဲ အော်ရမှာ တမျိုးကြီးဖြစ်နေသည်။ ရှက်
နေသည်။

နောက် အိမ်သာဟုသာပြောသော်လည်း အိုးတလုံးပေါ်မှာ သစ်သားခုံတခုကို ရိုက်၍ အိုးအ
ပေါ်တွင် အုပ်စွတ်ထားခြင်းသာဖြစ်သည်။ ဘာမှအကာအရံမရှိ အိမ်သာသွားလျှင် ညစ်ပစ်
မပေစေရ ပေရေမရေ ဘာယာက စစ်သည် ကြည့်သည် ပေကျံလျှင် တန်းစီးရိုက်တာခံရမည်
အကျင့်မရှိခင် လူသစ်များအဖို့ စိတ်ဆင်းရဲစရာအတော်ကောင်းသည်။ နောက်တော့လည်း
အသားကျသွားရသည်။ အကျင့်ဖြစ်သွားသည်။

မနက်မိုးလင်းလင်းချင်း တန်းစီရသည် ညနေတချိန်တန်းစီရသည် တန်းစီလျှင်ငါးယောက်တ
တန်းစီရသည်။ ပုံစံမှာ တပလ္လင်ခွေထိုင်ရသည်။ ခါးကိုမတ်ထားရသည် လက်သီးဆုပ်ကို ဒူး
ပေါ်တင်ထား၍ ရှေ့ကြည့်နေရသည် ထိုင်လျှက်သတိအနေအထား ထိုင်ရခြင်းဖြစ်သည် တန်း
စီးက ရှေ့ကြည့်ဆိုသည်နှင့် ထိုသို့ထိုင်ရသည် ကျန်အချိန်များတွင်တော့ စကားတိုးတိုးပြော၍
သက်သာသလိုနေနိုင်သည်။ သို့သော်ထိုင်နေရသည် ၀န်ထမ်းများလာစစ်လျှင် တန်းစီးက အား
လုံးရှေ့ကြည့် ဆိုပြီး အချူပ်အကျဉ်းသား (……)ယောက် သို့ ထောင်ကျအကျဉ်းသား (……)
ယောက် ဟု စစ်တပ်ပုံစံ သတင်းပို့ရသည် ၀န်ထမ်းကလူဦးရေ ရေတွက်သည်။ တန်းပိတ်သော့
ခတ်သည်။ မနက်ဖက်ဆိုလျှင်တော့ သော့ဖွင့်ထားခဲ့သည်သို့သော်အပြင်သို့မထွက်ရလူစစ်မပြီး
မချင်း လူစစ်ပြီးသံချောင်းမခေါက်မခြင်း ထိုင်နေရသည်။

အချို့နေ့များတွင် ထိုသို့ လူစစ်ပြီး ထောင်ဗူးဝ ထောင်စာရင်းနှင့် မကိုက်မချင်း တန်းမဖြုတ်ရ
တခါတလေ ည အတော်နက်သည် အကြောင်းကြောင်းကြောင့် လူစာရင်းမကိုက်လျှင် ရွာ
လည်ပြီ ထိုသို့တန်းစီသောအချိန်တွင် တချို့က ပုတီးစိတ်သည် တချို့ကတရားထိုင်သည်။ တ
ချို့က အိပ်ငိုက်သည် တချို့က ချည်ထိုးသည် သိုးမွှေးထည်များကို ထိုးသည်။

တချို့က စာခိုးဖတ်သည် စာဖတ်ခွင့်လည်းမရှိပါ ထောင်မှုးထောင်ပိုင်ခွင်ပြုလက်မှတ်ပါမှ
ဖတ်ခွင့်ရသည်။ ထိုသို့ခွင့်ပြုခွင့်ရဖို့ကလည်းမလွယ် ဘာသာရေးစာအုပ်ဆိုပေမဲ့ ခွင့်ပြုမှ
ခွင့်ပြုချက်မရှိသော စာအုပ်ကို ဖတ်လျှင် အရိုက်ခံရမည် တိုက်ပိတ်ခံရမည် စာအုပ်တော်တော်
များများ ကို ခိုးသွင်းပြီးဖတ်ရသည်။ ကျနော်တို့မှာမဂ္ဂဇင်းဟောင်းတအုပ်လောက်ရလျှင်အလွန်
ပျော်နေပြီ ထောင်ဝင်စာလာသောအခါ ဆီစုတ်အောင်ပတ်ထားသော သတင်းစာစက္ကူ ဆေး
လိတ် အစီခံပါ စာ များသည် အလွန်အဖိုးတန်သည်။

တရားဝင်အစိုးရကထုတ်ထားသော စာများကိုပင် ဖတ်ရှု့ခွင့်မရခြင်းကို ကျနော်နားမလည် နိုင်
စာအုပ်စာပေ လူ့မိတ်ဆွေ အလိမ္မာစာမှာရှိ ဘာညာဆိုပြီး ထိုအချိန်ထောင်ထဲမှာ စာဖတ်ခြင်း
စာရေးခြင်းကို ပြင်းပြင်းထန်ထန်နှိပ်ကွပ်ခြင်းကို ကျနော်နားမလည်။ စာရေးခြင်းကို ပိတ်ပင်ခြင်း
ကို နားလည်နိုင်သော်လည်း စာဖဖတ်ရဘူးပိတ်ပင်ထားခြင်းကို ကျနော်နားမလည်ပါ။

ခု တော့ ICRC နိုင်ငံတကာကြက်ခြေနီအသင်း ကောင်းမှုကြောင့် ဖတ်ခွင့်ရပြီဟုလည်းကြားရ
သည်။ သို့သော် စစ်အစိုးရ လက်အောက်မှ အကျဉ်းထောင်ဥပဒေသည် အမိန့်သည်သရေကြိုး
လိုလိုရင်လိုသလို မလိုရင်မလိုသလို ခုရပေမဲ့ နောက်မရ မရဘူးမရဘူးဆို နည်းနည်းရ နည်း
နည်းရရင်း ချက်ခြင်း ဆိုးရွားစွာမရ ပိုဆိုးလျှင်ဆိုးသွား အခြေအနေပေါ်မူတည်သည်။

ထိုတန်းစီလူစစ်ချိန်သည် ညနေ(၅)နာရီမှ (၆)နာရီခွဲ ခန့် မနက် (၅)နာရီမှ(၆)နာရီခွဲ ခန့်ဖြစ်
သည်။ ညနေတန်းပိတ်သံချောင်းခေါက်ချိန်မှ စ၍ ည(၉)နာရီအထိအချိန်လေးမှာတော့ ကိုယ့်
ကိုယ်ပိုင်အချိန်လေး..ရတဲ့သဘော ပါ။ တန်းစီခြင်းသည် ထောင်ထဲမှာအမြဲလုပ်ရသောအလုပ်
လည်းဖြစ်သည်။ မနက်မိုးလင်းထဲက ညနေတန်းပိတ်ချိန်ထိ အဓိကအလုပ်လည်းဖြစ်သည်။
အိပ်ချိန်တွင်ပါ တန်းစီအိပ်ရသေးသည်။

တန်းဖွင့်ချိန် အချူပ်အကျဉ်းသားကို ဥပဒေအရ ခိုင်းခွင့်မရှိဘူးဆိုပေမဲ့ ခိုင်းပါသည်။ တန်းဖွင့်
မောင်းထိုးပြီးပြီဆိုလျှင် တန်းဖြုတ်ရပါသည်။ တန်းမစီခင်ကပင် မိမိ အလုပ်သွားလျှင်ယူသွား
မည့် စားစရာ အသုံးအဆောင်အားလုံးကို ကျွတ်ကျွတ်အိပ်နှင့်ထည့်ထားပြီး အိပ်ယာကို သေ
ချာစွာခေါက်ပြီး ခေါင်းရင်းမှာ လေးထောင့်ပုံ ညီညီညာညာပုံထပ်ထားသည့် အပုံစီသည့်သူကို
သွားပေးထားရပါသည်။

တန်းဖွင့်ပြီးသည်နှင့် ရုံချိန်းထွက်မည့်သူကလွဲ၍လျှင် ကျမ်းမာရေးဆေးခန်းပြမည့်သူက သတ်
သတ် အလုပ်ဆင်းမည့်သူက သတ်သတ် နှစ်ယောက်တွဲတန်းစီရပါသည် တန်းမဖြူတ်ခင်က
တန်းစီးကို စာရင်းပေးရသည်။ ကျမ်းမာရေးဆေးခန်းပြမည့် သူများကို ဆေးခန်းလိုက်မည့်သူ
ရှိလား လို့မေးပြီး ရုံးချိန်းရှိသည့်သူများကို ရုံးထွက်မည့်သူရှိလား လိုမေးပြီးစာရင်းလုပ်ပါတယ်။
ထိုသူများထဲက ဆေးခန်းသမားနှင့် ကျန်သူများက တန်းစီရပါသည်။

ဆေးခန်းပြမည့်သူများကို ထိုအချိန်ကစ၍ ဆရာဝန်ဆေးခန်းရှေ့မှာ ထိုအချိန်ကစ၍ သွားတန်း
စီနေရသည် ဆေးခန်းရှေ့ကနေ ဆရာဝန်မလာမခြင်း တန်းစီစောင့်ရသည်။ ဆရာဝန်က မနက်
(၁၀)နာရီ ၀န်းကျင်မှလာပါသည်။ထိုဆေးခန်း နှင့်ပတ်သက်သည့်များကို ဆက်ရေးသွားပါဦး
မည်။

အလုပ်ဆင်းမည့်သူများကို တာဝန်ကျ ၀န်ထမ်းက သက်ဆိုင်ရာဘုတ်အလိုက်သွားခွင့်ပြုသည်
လူသစ်အချူပ်သမားများကတော့ အထွေထွေထဲထည့်သည် တာဝန်ကျ တပ်ကြပ်ကြီး၏ ယာ
ယီခိုင်းသည့်အလုပ်များကိုလုပ်ရသည်။ အချူပ်ကိုကိုင်သည့် ထောင်မှုး၏ တာဝန်ခွဲဝေမှု ရရှိမှ
သာ အလုပ်ကအတည်ဖြစ်သည်။

ကျနော်အဆောင်သို့ ရောက်ပြီးနောက်တနေ့ မနက်တန်းဖြူတ်ပြီးချိန်တွင် ကျနော်က အချူပ်
သစ်များနှင့်အထွေထွေအလုပ်ချ ခံရရမည့်သူများ နှင့်တန်းစီရသည် အားလုံး အချူပ်သစ်များ
ကျနော်က ထောင်ထဲရောက်တာ(၃)လကျော်ပြီးပေမဲ့ အချူပ်သစ်အဆောင်ကို ခုမှရောက်လာ
သည့်အတွက် ကျနော်က အချူပ်သစ်တွေနဲ့ အတူအလုပ်ချထားခံရခြင်းဖြစ်သည် တကယ်က
အချူပ်အကျဉ်းသားသည် တရားဥပဒေအရ ပြစ်ဒါဏ်ကျမကျ မသိရသေးပေ။ထိုသူများကို အ
လုပ်ကြမ်းလုပ်ခိုင်းခြင်းသည် ဥပဒေချိုးဖေါက်ခြင်းသာဖြစ်သည်။

ထိုသို့ချိုးဖေါက်ခြင်းမှာလည်း သူတို့ စီးပွားရေးအတွက်ဖြစ်သည်။ တကယ်တော့ထောင်ဝန်း
ထမ်းများသည်လည်း သူတပါးထံမှ ညစ်ပတ်၍ အသက်မွေးဝမ်းကြောင်းပြုချင်ကြမည်မဟုတ်
ပါ။ သို့သော်မလောက်ငှသော လစာ နေထိုင်မှုဖြင့် တရိပ်ရိပ်တက်လာသော ကုန်ဈေးနူန်းကို
အံတုဖို့ သာညစ်ပတ်ကြခြင်းလည်းဖြစ်မည်။ ထိုနည်းကလည်းအလွယ်ကူဆုံးဖြစ်နေသည်။
ကြက်ဖကြီးက ကြက်မကြီးကိုနိုင် ကြက်မကြီးကကြက်ကလေးတွေကိုနိုင် ကြက်ကလေးတွေ
က ပိုးကောင်လေးတွေကို နိုင်ဖြစ်နေသည်။ ကျနော်တို့ဘ၀က ပိုးကောင်လေးတွေဘ၀။

အချူပ်အကျဉ်းသားလူသစ်များကို ယာယ်ီအထွေထွေအလုပ်ချခိုင်း စေခြင်းသည်ပင် သူတို့၏
ခွင်တခု စီးပွားရှာနည်းတမျိုးဖြစ်သည်။ ထိုတန်းစီဆောင်ကြောင့် နှစ်ယောက်တတွဲထိုင်နေ
သောကျသစ်များကို အနီးကပ်ခိုင်းမည့်သူမှာ စည်းကမ်းထိမ်းသိမ်းရေး သို့ လူသစ်ဘုတ်ကိုင
်ဖြစ်သည် တာဝန်ခွဲဝေဖို့ အကြံပေးရသည်ကလည်း သူပင်ဖြစ်သည်။ ဘယ်လူသစ်သည် ဖိခိုင်း
လျှင်ပိုက်ဆံရမည် ဘယ်လူသစ်သည် ကျောက်ခဲရေညစ်သလိုဖြစ်မည် ဘယ်သူတွေကိုတော့
ငွေညစ်ဖို့ ခိုင်းရမည် ဘယ်သူတွေကိုတော့ အလုပ်ဖြစ်အောင်ခိုင်းလို့ရမည် ပညာပေးအနေဖြင့်
ခိုင်းလို့ရမည် ကို ထိုယာယီအလုပ်ခွဲ တပ်ကြပ်ကြီးကသိသည်။ လိုအပ်လျှင် တန်းစီး ဘုတ်ကိုင်
များဖြင့်သိသည်။

ထိုသို့ကျောက်ခဲရေညစ်သော်လည်း ငွေမထွက်လာမည့်သူ များကို မိလ္လာဘုတ် အလုပ် ငွေ
ထွက်အောင်ညှစ်မည့်သူများကို ဒင်ဘုတ် အလုပ် အလုပ်ဖြစ်အောင်ခိုင်းဖို့နှင့် ပညာပေးဖို့ အ
တွက် ရေဘုတ် အလုပ် သို့သော်အဆင့်တိုင်းမှာ အစွန်းကုန်ညစ်ပတ်ခြင်းဖြင့် သူတို့ပိုက်ဆံ
အ၀တ်အစား အစားအသောက် အကုန်ညှစ်သည် သို့မဟုတ် ညစ်သည်။

(ဆက်ရေးပါဦးမည်)

4 comments:

Anonymous,  November 8, 2009 at 11:37 PM  

လာဖတ်သွားတယ် အကို ရေ....
ဆက်ရန်ကို မျှော်နေပါသည်... :)

Sein Lyan Tun November 9, 2009 at 3:16 PM  

ထောင်သမားတွေရဲ့ ထောင်တွင်းနေထိုင်မှုဘဝကို ကွက်ကွက်ကွင်းကွင်း မြင်မိပါတယ်...


ဆက်ရေးပါအကိုရေ...

မျှော်နေပါတယ်..

နေကောင်းအောင်လဲ နေပါနော်.

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

ရွှေရတုမှတ်တမ်း November 9, 2009 at 5:47 PM  

သက်ပြင်းများစွာချရပါတယ်ဗျာ..

Ko Toe Gyi ( Multiply Boo Boo Gyi ) November 10, 2009 at 8:04 AM  

ညီလေးလာဖတ်သွားပါတယ်
မိန်းမရှိလား
မရှိ
ဘာလို့ မရှိလည်း (ကျွန်တော်မဖြေတတ်တော့ဘူး ဦးချစ်ဖေကြီးရေ)
ဟဟဟဟဟဟဟဟဟ တော်တော်ဒုခပေးတဲ့ ကောင်တွေ

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP