Friday, November 6, 2009

ဆောင်းအသေလက်နဲ့ ချူပ်နှောင် ခံထားရတဲ့ ခံတပ်မြို့လေးမှာ









ဆောင်းအသေလက်နဲ့ ချူပ်နှောင် ခံထားရတဲ့ ခံတပ်မြို့လေးမှာ

နိမ့်နိမ့်ကျကျအချိန်မှာ
ကျောကုန်းပေါ်တင်သွေးခဲ့တဲ့
ဓါးတလက်ကို
ကျေးဇူးတင်ပါတယ်။

လူငယ်လေးဘ၀မှာ
ဖတ်ခဲ့ရတဲ့
အဖေ့စာအုပ်သေတ္တာ အဟောင်းလေးကို
ကျေးဇူးတင်ပါတယ်။

မူလတန်းပြ ညီမလေးရဲ့
ချို့ချို့ငဲ့ငဲ့
ထောင်ဝင်စာထုတ်ကလေးကို
ကျေးဇူးတင်ပါတယ်။

မရေမရာ ဘ၀ထဲမှာ
ရေရေရာရာ ချစ်ခဲ့ခြင်းများကို
ကျေးဇူးတင်ပါတယ်။

အိပ်တန်းပြန် ညဥ့်ငှက်လေးရဲ့
နံနက်ခင်း အနမ်းလေးကို
ကျေးဇူးတင်ပါတယ်။

မိုးဖျက်တဲ့ပွဲခင်းလေးထဲ
ခေတ်ကြီးတခေတ်စာလုံး က ခဲ့တဲ့
မင်းသမီးလေးကို
ကျေးဇူးတင်ပါတယ်။

ဒုက္ခသည်လက်မှတ်နဲ့လှဲခဲ့တဲ့
အလုပ်သမားလျှောက်လွှာတစောင်ကို
ကျေးဇူးတင်ပါတယ်။

ကျနော်တို့ရဲ့ အရှုံးတချို့ကို
ရင်နဲ့ရင်းပြီးကြိုခဲ့တဲ့
ခံတပ်မြို့လေးကို
ကျေးဇူးတင်ပါတယ်။

ကျေးဇူးတင်ပါတယ်။
ကျေးဇူးတင်ပါတယ်။
ကျေးဇူးတင်ပါတယ်။
ကျေးဇူးတင်စရာတွေရှိခဲ့တဲ့ ဘ၀လေးကိုလည်း
ကျေးဇူးတင်ပါတယ်။

မိုးစဲနေ

4 comments:

Anonymous,  November 6, 2009 at 6:59 PM  

ကဗျာကောင်းလေးတွေ ဖတ်ခွင့်ရတဲ့ အတွက်
ကျေးဇူးတင်ပါတယ်...။
ကဗျာရေးတဲ့ ဦးချစ်ဖေကြီးကိုလည်း
ကျေးဇူးတင်ပါတယ်...။
အခုလို စာပေလေးတွေ ဝေမျှခံစားခွင့်ပေးတဲ့
blog spot ကိုလည်း
ကျေးဇူးတင်ပါတယ်...။
ကျေးဇူးတင်စရာတွေရှိခဲ့တဲ့ ဘ၀လေးကိုလည်း
ကျေးဇူးတင်တင်ပါတယ်။

pandora November 7, 2009 at 1:11 AM  

ဒီကဗျာထွက်လာဖို့အတွက်
ဆောင်းအသေအောက်မှာ ပူနွေးတုန်ခါနေဆဲဖြစ်တဲ့
ခင်ဗျားရဲ့ နှလုံးသားကိုလည်း
ကျေးဇူးတင်သင့်တယ်။

Ko Toe Gyi ( Multiply Boo Boo Gyi ) November 7, 2009 at 4:15 AM  

လာဖတ်သွားတယ် ဦးချစ်ဖေ
ရင်ဘတ်ကြီးထည်းက ကဗျာကောင်းကောင်းလေးတွေ များများထွက်ပါစေ

ATN November 10, 2009 at 10:13 AM  

ခုမှပဲ ရောက်ဖူးတော့တယ်... ကိုချစ်ဖေ... ကဗျာတွေ များများ ဖတ်ချင်ပါတယ်...

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP