Tuesday, October 27, 2009

တိမ်လျှင်စီးကြောင်းများ

တိမ်လျှင်စီးကြောင်းများ.

ကျနော်ထိုကောင်မလေးကို ကြည့်သောအခါ သူပြုံးသည်။ ဘာကြောင့်ပြုံးသည်ကိုတော့ကျ
နော်တိတိကျကျမသိပါ။ ကျနော်ကြည့်သည်ကို ရယ်စရာပြုံးစရာလို့ သဘောထား၍ ဖြစ်မည်။
သူ့ပါးမှာရေတွင်းတိမ်တိမ်လေးတဖက်စီနှင့်တူသော ပါးချိုင့်လေးများပါသည်။သူက ဥပဒေ
ကျောင်းသူလေးဖြစ်သည်။ဥပဒေကျောင်းသူလေးဟု ခန့်မှန်းရခြင်းဖြစ်သည်။သူတို့အုပ်စုထဲ
တွင် ကျနော်သိသောဥပဒေကျောင်းသူလေတွေအများအပြား ပါနေသောကြောင့်ဖြစ်သည်။
ကျနော်နှင့်တနှစ်ထဲ တတန်းထဲဖြစ်၍ အသက်ခြင်းတူမည်ဟုတော့မထင်သင့်ပါ။ ကျနော်က
(၁၀)တန်းစာမေးပွဲကို အောင်မြင်ရန်အကြာကြီးဖြေဆိုခဲ့ရသောကြောင့်ဖြစ်သည်။

ကျနော်တို့မြို့နယ်ကျောင်းသားများ ကျောင်းပိတ်ရက်စုပေါင်းခရီးထွက်ဖို့ အစည်းအဝေးပွဲမှာ
တွေ့ခြင်းဖြစ်သည်။ထို့နေ့က အစည်းဝေးမှာ ဘာတွေပြောကြလည်းကျနော်မသိတော့ပါ လာ
မည့် စနေနေ့တွင် ကားသုံးစီးဖြင့်ခရီးထွက်ကြမည်။ကျသင့်ငွေကို ကိုဘယ်သူ မဘယ်ဝှါကိုပေး
ရမည်ပဲသိပါသည်။ ကျနော့်လာမည့်မနက်ဖန်တွင် ကျရောက်မည့်စနေနေ့ကို စောင့်နေမိတော့
သည်။စနေနေ့ မနက်(၈)နာရီ စုရပ်နေရာမှကားထွက်မည်။ ပဲခူးရွှေမော်ထောဘုရားနှင့် ပတ်
ဝန်းကျင် ပဲခူးမြို့သို့သွားမည်ဖြစ်သည်။စုပေါင်းစားသောက်ခြင်းနှင့် ကစားပွဲအစီအစဉ်များလည်း
ပါမည်ဖြစ်သည်။ထိုစနေနေ့တွင် ထိုကောင်မလေးကိုထပ်မံတွေရမည်ဖြစ်၍ပျော်နေသည်။မိတ်
သွားဆက်မည်လည်းစဉ်းစားနေသည်။ သူ့ပါးချိုင့်လေးရင်ထဲသို့ အေးမြစွာစီးဝင်လာသည်။

စနေ့နေ့ကျနော်ခေါင်းတွေတအားကိုက်နေသည်။ညကအခန်းဖေါ် သူငယ်ချင်းနှင့်အရက်
သောက်များသွားသည်။ သောက်တုန်းကတော့များသည်မထင်ပါ သိပ်မမူးသေးဘူးဟုသာထင်
နေသည်။ သူကပဲခူးသားဖြစ်၍ ကျနော်တို့ပျော်ပွဲစားခရီးနှင့်လိုက်ပါ၍ သူလည်းမြို့ကိုပြန်မည်။
တနင်္လလာနေ့မနက်သူပြန်လာမည် ကျနော်တို့နွေရာသီကျောင်းပိတ်ရက်လည်းနီးလာပြီဖြစ်
သည်။ သူက အမှတ်တယ အကိုနဲ့ကျနော်အိုပီတူတူသောက်ရအောင်လို့ပြောလာသည်။ကျ
နော်က အိုပီ မသောက်ချင် အိုပီကို ကျနော်က အရက်အဆီလို့သာသိသည်။အိုပီဘယ်လောက်
သောက်ကြမလဲလို့မေးသည်။သူက ပုလင်းကြီးတလုံးကို နှစ်ယောက်အတူသောက်မည်။လို
လျှင်ထပ်မှာမည် ဟုပြောသည်။

ကျနော်က အရက်ဆီကို အဲ့လောက်သောက်ရင်သေမည်ထင်သည်။ သူကသောက်နိုင်သည်
ငြင်းသည်။ကျနော်ကမသောက်နိုင်ငြင်းသည်။နောက်သောက်ကြည့်ရန်ဆုံးဖြတ်ချက်ချကြသည်
ထိုနေ့က သောကြာနေ့ညနေဖြစ်သည်။

ကျနော်တို့(၂)ယောက်ညနေ(၅)နာရီခွဲထဲက တက်ကြွနေသည် အရက်ကိုသောက်ဖူးသော်
လည်း ခုလိုမသောက်တတ်သေး တခါတရံသောက်ခြင်းမျိုးဖြစ်၍ အရက်ကိုသောက်လိုခြင်း
ထက် အတွေ့အကြုံကိုသောက်လိုခြင်းဖြစ်မည်။ကျနော်တို့ မြေနီကုန်းမှတ်တိုင်တွင်ဆင်းသည်
မြေနီကုန်းတွင် အရက်ဆိုင်စားသောက်ဆိုင်အများရှိသည်။ ဘက်ထရီမီးသီးအလင်းရောင်နဲ့
ရောင်းတဲ့လမ်းဘေးဆိုင်လေးတွေလည်းရှိသည်။ ဆိုင်လေးတွေက အမြည်းစုံတယ် အမြည်း
ပိုရတယ် အရက်ပိုစစ်တယ် အလွယ်တကူမော့လို့ရတဲ့ ကောင်းချက်တွေရှိတယ်။ကျနော်တို့က
တခါတလေမှသောက်တဲ့အရက်သမားအတုတွေဆိုတော့ ဆိုင်ထဲမှာ ကျကျနနသောက်ချင်
ခဲ့သည်။

အရက်စမှာတော့ သူကအိုပီတလုံး လို့မှာလိုက်သည်။လာချပေးတော့ အဖြူ ကျနော်ကြောက်
နေသည် အရက်ဆီကို ဒီလောက်သောက်ရင် သေလိမ့်မည်ဟုထင်သည်။ သူကတော့မ
ကြောက် ကျနော်ကိုငှဲ့ပေးသည်။ အမြည်းတပွဲလည်းရောက်လာသည်။ကျနော်ကြောက်
ကြောက်နဲ့သောက်ကြည့်တော့ ဘီအီးတွေဖြစ်သည်။ကျနော်က ဒါဘီအီးလို့ပြောသည်။သူက
အိုပီလို့ပြောသည်။ဆိုင်ပိုင်ရှင်က ကျနော့်သူငယ်ချင်းကို ခင်ဗျားပဲခူးဖက်ကလားမေးသည်။ပဲ
ခူးဖက်မှာ အိုပီလို့ခေါ်သော ဘီအီးဖြစ်ကြောင်းပြောပြသည်။ အိုပီဖြစ်ဖြစ် ဘီအီးဖြစ်ဖြစ်ကျနော်
တို့ နှစ်ယောက်သောက်ကြသည်။

အတော်လေးမူးကုန်သည်။ သို့သော်မူးတယ်မထင်သေး နောက်တစိတ်ပုလင်းနှင့်ဝယ်သွား
သည်။အဆောင်မှာမော့ရန်ဖြစ်သည်။ ကျနော်တို့နှစ်ယောက်ပိုခင်သွားသလိုခံစားရသည်။သူ
ကားပေါ်မှ ပြုတ်ကျမှာစိုးရိမ်၍ ကျနော်ကားပေါ်ကပြုတ်ကျမှာ သူစိုးရိမ်သည်။ထိုည(၁၀.၃.၈၈)
ရက်နေ့ည အဓိပတိလမ်းဘေးမှာ ပါလာသော တစိတ်ကိုထပ်မော့ကြသည်။ဖြတ်သွားသောပါ
မောက္ခ မော်ကွန်းထိန်း မာစဒါဂျစ်ကားများကို ကျနော်တို့မကြောက်တော့။ ကားမီးရောင်
အောက်တွင် ပုလင်းကိုမြောက်ပြပြီးနှုတ်ဆက်သည်။ ကျနော်တို့ကိုယ်ကိုကျနော်တို့ တိုက်ပွဲဝင်
သူရဲကောင်းကြီးတွေလို့လည်းထင်ကြပြန်သည်။

အဆောင်ရောက်တော့ ကျနော်တို့အတော်မူးနေပြီ(အခြားသူငယ်ချင်းပြန်ပြောပြတာပါ)ကျနော်
တို့က မူးသည်မထင်သေး အဆောင်မှုးနှင့်ဟောကျူတာကို မကျေနပ်သမျှ သွားပြောရန်ရဲရင့်
နေကြပီ။ ထိမ်းမရတော့ လမ်းသူရဲဆေးလိပ်(ဆေးခြောက်) သောက်သော သူငယ်ချင်းက ကျ
နော်တို့ကို ဆေးလိပ်တိုက်လိုက်မှ ငြိမ်သွားသည် ကျနော်တို့လည်းပြန်အိပ်ကြသည်။ဘာဆေး
လိပ်လည်းမသိ။နောက်မှသိရသည်။ ဒီနေရာမှာ ဆေးခြောက်ကကောင်းသလိုလိုရှိသည် အ
ကယ်၍များ သွားရမ်းမိလျှင် အမှုကြီးမည်။

စနေနေ့ နိုးလာတော့ ခေါင်းတွေကိုက်နေသည် နာရီကြည့်လိုက်တော့(၁၀)နာခွဲပြီးပြီ ပျော်ပွဲစား
ကားမမှီလိုက်တော့ ခေါင်းကိုက်ကိုက် စိတ်ညစ်ညစ်နှင့်ထပ်အိပ်သည်။နောင်အရက်မသောက်
တော့ဘူးဟုလည်းနောင်တရသည်။ထိုနောင်တသည် အကြိမ်ကြိမ်ရဦးမည်ဖြစ်သောနောင်တ
မှန်းမသိ ထိုစဉ်တုန်းက ခုထိလည်းနောင်တရနေရသေး၍ဖြစ်သည်။ ကောင်မလေးနှင့်နီးစပ်ဖို့
ခွင့်ရေးမရတာကို ပိုနောင်တရနေသည်။

နောက်သူ့ကိုမတွေ့တော့ တွေ့လိုတွေ့ညားဥပဒေသမားတွေထိုင်သော ကင်န်တင်းဖက် အတန်း
တွေဖက် မယောင်မလည်သွားရှာသည် လုံးဝမတွေ့တော့ တမြို့ထဲသားချင်းဖြစ်၍ပြန်တွေ့ဦး
မည် ကြုံးဝါးထားသည်။ မတွေ့ သို့သော်လည်း ပါးချိုင့်လေး(ကျနော်ဘာသာပေးထားသောနာ
မည်)ကို လိုက်ရှာသည်။

တွေ့မည့်တွေ့တော့ ကျနော်တို့ထိုင်နေကျ ကန်န်တင်းမှာ လူတယောက်နှင့်အတူထိုင်၍ ရယ်စ
ရာတွေပြောနေသည်။ရီစရာစကားတွေတော့မကြားရပါ ခန့်မှန်းကြည့်ခြင်းဖြစ်ပါသည်။ထိုလူကို
ဘယ်သူမှန်းမသိသော်လည်း မနာလိုဖြစ်နေသည်။အင်္ကျိအ၀တ်အစားသပ်သပ်ရပ်ရပ်နှင့်ကျော
ပေးထိုင်နေသော သူကိုနေရင်းမကျေနပ်ဖြစ်နေသည် ပါးချိုင့်လေးက ကျနော့်ကိုတွေ့တော့အံ့
သြသွားသည်။သူမှတ်မိနေ၍ ကျနော်ပျော်သည် ပျော်လည်းမပျော်။ပါးချိုင့်လေး လူတယောက်
နှင့်အတူထိုင်နေ၍ဖြစ်သည်။ပျော်ပွဲစားမလိုက်ဖြစ်လိုက်တာကိုနောင်တထပ်ရသည်။

သူတို့ဝိုင်းကိုကျော်သွားပြီးအခြားဝိုင်းလွတ်မှာ ၀င်ထိုင်တော့မှ သူနှင့်အတူထိုင်နေသောသူက
ထလာပြီးနှုတ်ဆက်သည်။ ကျနော့်သူငယ်ချင်း သူငယ်တန်းလေးထဲကအတူကျောင်းသွားဖက်
အိမ်နီးချင်း အတန်းတူသူငယ်ချင်း သူ(၈)တန်းလောက်မှာ ကျနော်တို့မြို့မှ ရန်ကုန်သို့ မိဘများ
နှင့်ပြောင်းသွားသူ ရန်ကုန်ကိုကျနော်ရောက်တဲ့အခါ တခါနှစ်ခါထပ်ဆုံကြသည်။နောက်သူအိမ်
ထောင်အစောကြီးကျသွားသည်။ သူ့မိဘများကသဘောမတူဟုကြားသည်။နောက်သူနိုင်ငံခြား
သင်္ဘောလိုက်သွားသည်ဟုကြားသည်။ မတွေ့တာ(ရ)နှစ်နီးပါး ခုမှကောင်မလေးဘေးမှာပြန်
တွေ့ရသည်။သူနာမည်က မော်ဝင်းအောင်။

သူတို့ဝိုင်းနှင့်လာထိုင်ရန်အတင်းခေါ်၍ သွားထိုင်ရတော့သည်။ သူကကျနော့်ကို “မင်းငယ်ငယ်
တုန်းကလိုပဲ အတန်းထဲမှာ သူပုန်ထတုန်းလား”တဲ့ နောက် ပါးချိုင့်လေးကို “မင်းသူ့ကိုမှတ်မိ
လား” တဲ့ ကျနော်မှတ်မိသလိုလို မမှတ်မိသလိုလို တကယ်က မမှတ်မိတာပါ။

“သူ မိုးမိုး လေးကွာ.တို့လေးတန်းနှစ်က သူကသူငယ်တန်းလေး တက်ကာစ အတန်းထဲမှာအီး
တွေပါချလို့ မင်းနဲ့ငါသွားပြီးသန့်ရှင်းရေးလုပ်နောက်သူ့ကို အိမ်ပြန်ပို့ရတာလေ”တဲ့ ကျနော်မှတ်
မိသွားပြီ ပါချိုင့်လေးက မော်ဝင်းအောင်ရဲ့ ညီမလေး အဲ့ဒီတုန်းက သူကသူငယ်တန်းလေး အ
တန်းစတက်ကာစ သူအတန်းထဲမှာငိုနေတယ် တအားပဲရှိုက်လို့ ကျနော်တို့နှစ်ယောက်က(၄)
တန်းတက်ကာစ နောက်သူ သူ့ညီမလေးကို အိမ်ပြန်ပို့ပေးရသည်။နောက်ကျောင်းမတက်တော့
ပါဘူး လုပ်လို့ မနည်းချော့လိုက်ချောက်လိုက်လုပ်ရသည်။ခုမိုးမိုးက ပါးချိုင့်လေးဖြစ်နေသည်။

ပါးချိုင့်လေးက တော်တော်ရှက်သွားသည် သူကအသားကလည်းဖြူတော့ မျက်နှာကရဲတွက်
နေသည် သူ့အကို ကို“ကိုကြီးကလဲ ကိုကြီးကလ”ဲ နဲ့တော်တော်ရှက်နေသည်။ ကျနော်က ကျ
နော်တို့ မူလတန်းကျောင်းလေးထဲက သူငယ်တန်းလေးအခန်းထဲမှာ ငိုနေတဲ့ကောင်မလေးကို
ပြေးမြင်သည်။ သူလို့လုံးဝမထင်ထားခဲ့။ သူအကိုက မိတ်ဆက်ပေးသည် နောက်သူ့အဆောင်
ကို ကျနော်တို့ နှစ်ယောက်လိုက်ပို့ပေးသည်။သူကအပြင်ဆောင်ကနေကျောင်းတက်သည်။မိ
ဘများက မြို့ထဲမှာနေသည်။

သူ့အကိုက “ညီမလေးက တခါတလေရင်ကြပ်တယ်ကွ အားလည်းငယ်တတ်တယ် အိမ်ကို
လည်းမပြောဘူးအေးလဲတအားအေးတာ ဘာဖြစ်လို့ ရှေ့နေလုပ်ချင်လဲမသိဘူး ဒီ ဥပဒေကိုမ
ယူပါနဲ့ဆိုမရဘူး သူဥပဒေသင်ချင်လို့ ဆိုလို့ ထားရတာ မင်းတခါတလေ အဆောင်ကိုလာတွေ့
ပေးကွာ” တဲ့ ကျနော်က မျက်နှာပိုးသေအောင် မနည်းလုပ်ထားရသည်။နောက်ပါးချိုင့်လေးကို
နှုတ်ဆက်ပြီးပြန်လာခဲ့ကြသည်။ကျနော့်ရင်ထဲမှာ လေပြေလေညှင်းလေးတွေတိုက်နေသည်
အဲ့ဒီနေ့က။

မော်ဝင်းအောင် နှင့်ဘတ်စ်ကားဂိတ်မှာလမ်းခွဲရသည် သူကတနေရာ ကျနော်ကတနေရာ သူ
ရှေ့လထဲ သင်္ဘောပြန်တက်ရမည်ဟု တခါထဲနှုတ်ဆက်သွားသည်။ သူဘတ်စကားပေါ်တက်ခါ
နီး ကျနော်အောင့်ထားရသော စကားလေးတခွန်းကို သူ့ကိုအော်ပြောလိုက်သည်။

“အစစ အရာရာ စိတ်ချပါကွာ ယောက်ဖရာ ငါညနေတိုင်းနီးပါး သွားတွေ့ပါမယ်” လို့ သူရယ်
သွားသည်။တကယ်တော့ ကျနော်ညနေတိုင်းလဲသွားမတွေ့ဖြစ်တော့ တခေါက်မှလည်း ပါးချိုင့်
လေးကိုထပ်မတွေ့တော့။ (၁၉၈၈) ခု (၁၆)ရက်နေ့ တံတာနီအရေးအခင်း (၁၇) ရက်နေ့ ရန်ကုန်
တက္ကသိုလ်ဝင်း ဆန္ဒပြပွဲတွေမှာ ပါဝင်ဖြစ်သွားသည်။နောက်ကျောင်းတွေပိတ်သွားသည်။

နောက်ဇွန်အရေးခင်းထပ်ဖြစ်လာသည်။နောက် (၈.၈.၈၈)ရှစ်လေးလုံးအရေးအခင်း နောက်
ဥပဒေတွင်း တိုက်ပွဲ လက်နက်ကိုင်တော်လှန်ရေးအတွက်ပြင်ဆင်မှုတို့ဖြင့် ကျနော်နိုင်ငံရေးရေ
စီးထဲမျှောပါသွားသည် သို့မဟုတ် ခုန်ဆင်းလိုက်သည်။နောက်ထုံးစံအတိုင်း အများသူငှါလို
ထောင်ကျသွားသည်။

ကျနော့်သူငယ်ချင်း မော်ဝင်းအောင်နှင့် (၂၀၀၄)ခုမှာ တခေါက်ပြန်တွေ့သည်။ပါးချိုင့်လေးအ
ကြောင်းကိုမေးဖြစ်သွားသည်။ သူပြည်နယ်တခုရဲ့တက္ကသိုလ်မှာ လက်ထောက်ကထိက ဥပဒေ
ဌါနမှာ အိမ်ထောင်မကျသေး။ ကျနော်က (၂၀၀၄)မှာ ထိုင်းကိုထွက်ပြေးလာခဲ့သည်။

ပါးချိုင့်လေးကို ထပ်မတွေ့တော့ သို့သော်(၁၀.၃.၈၈)ရက်နေ့ညနေအဆောင်ကိုလိုက်ပို့ပြီး
အပြန်နှုတ်ဆက်ချိန်က ပါးချိုင့်လေးရဲ့ မျက်ဝန်းနက်နက်လေး တစုံကတော့ ကျနော့်ရင်ထဲမှာ
ခုထိသိမ်းထားခဲ့သည်။ကျနော်တို့ မဆုံဖြစ်ကြတော့ပါ။

5 comments:

Ko Toe Gyi ( Multiply Boo Boo Gyi ) October 27, 2009 at 3:06 PM  

ဟုတ် ကိုချစ်ဖေကြီး ဟုတ်
သေချာသိမ်းထား
လွတ်ကျရင်ကွဲတတ်တယ်တဲ့
နှလုံးသားတနေရာမှာ
ပြုံးပျော်ခြင်းများစွာနဲ့
ထာဝယ သိမ်းဆည်းနိုင်ပါစေ----

မယ့်ကိုး October 29, 2009 at 4:48 AM  

စာလေးက ရိုးရိုးလေးနဲ့ ဆွဲဆောင်မှုရှိပါတယ် တကယ်ပါ။
ကောင်မလေးက ဘယ်သူလဲ ဘယ်လိုလဲ ဇာတ်လမ်းဘယ်တော့ စမလဲ ဆိုပြီး ဆွဲခေါ်သွားနိုင်ပါတယ်။
ဒါဟာ တကယ်ဖြစ်ရပ်မှန်လို့ ထင်မိတဲ့အတွက်လည်း စိတ်မကောင်းဖြစ်မိပါတယ်။

မေစု,  October 29, 2009 at 12:38 PM  

ရေတွင်း တိမ်တိမ် ပါးချိုင့်လေး ဆိုတဲ့အရေးအသားလေး အ၇မ်းမိုက်တယ်..
ဆက်ရေးပါအုံးဗျို့ ..
ခင်တဲ့..မေစု

ကိုချစ်ဖေ October 29, 2009 at 11:35 PM  

ရေတွင်းတိမ်တိမ်လေးနဲ့တူတဲ့ပါးချိုင့်လေး စကားလုံးက
ကဗျာဆရာကိုယဉ်နွယ်(သိပ်မသေချာပါ) စကားပါ ကျနော်က ကျနော့်ဖာသာရွေးတာ သူလောက်မလှလို့ ငှါးရမ်းသုံးစွဲခဲ့တာပါ ကိုချစ်ဖေကြိုးစားပါ့မည်။

k2tmaung October 30, 2009 at 12:53 AM  

အဟမ်း... နာမည်ပြောင်းပေးမယ်...
ဘကြီး ကိုချစ်ဖေ (ရှေးဟောင်းနှောင်းဖြစ် ရင်တွင်းဖြစ်) လို့... ဟီး...
အားပေးလျှက်... :)

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP