သစ္စာပန်းတွေပွင့်မဲ့နွေ
သစ္စာပန်းတွေပွင့်မဲ့နွေ
လူကြမ်းကလူကြမ်းပီသဖို့
ဝံပုလွေမျက်လုံးတွေတပ်
ဇာတ်ဝင်ခန်းမှာ
မင်းသမီးကြောက်လေလေ
ဇာတ်လိုက်အစွမ်းထက်လေလေ။
လူဆိုးနာလေလေ
ပုရိတ်သတ်လက်ခုပ်တီးလေလေ။
တရားဥပဒေက ဇာတ်သိမ်းခန်း
ပွဲအပြီးမှာရောက်ရောက်လာတယ်။
ကျနော့်ကို ကိုယ်ရည်သွေးတီးလုံးတွေနဲ့
လာလာမခြောက်နဲ့
လူကြီးလူကောင်းတွေစကားက
အဘိဓမ္မာဆန်ပြီး
အပေါစားရေမွှေးနံ့ထွက်တယ်။
ဒေါက်တာချေဂွေဗားရားရုပ်ပုံကို
သူတို့ရင်ဘတ်မှာတက်တူးထိုးခဲ့ကြသေးတယ်။
လောကနီတိကို လူထူထူမှာ
အော်ကျယ်အော်ကျယ်ဖတ်ကြတယ်။
ရှင်သန်ခြင်းမှာ၊
“လူဟာလူလောက်ပဲမှန်ခဲ့ပြီး
လူဟာလူလိုပဲမှားခဲ့တယ်”*
သစ္စာပန်းတွေပွင့်မဲ့ နွေခေါင်ခေါင်မှာ
ချော်လဲရင်းရောထိုင်ဖို့တော့
ရင်နဲ့ပျိုးခဲ့ကြတာမဟုတ်။
တချို့သူတွေကို ခင်းကျင်းပြသဖို့ရာ
ကျနော့်မှာ လွမ်းဆွတ်မှုတွေပါမလာခဲ့ပါဘူး။
ဘာပဲဖြစ်ဖြစ်
ကျနော့်ညနေခင်းလေးနဲ့
ခင်ဗျားရဲ့ နံနက်ခင်းလေးကို
ကြိုဆိုခဲ့ပါတယ်။
မိုးစဲနေ
အောက်တိုဘာ ၁၉။ နံနက်ခင်း (၃း၄၄)မီးနစ်။ ၂၀၀၉ခုနှစ်
*ကဗျာဆရာ မိုးမြင့်ချို စကားလုံး
1 comments:
ကဗျာကတော့ လန်ထွက်နေတာပဲ... ရှယ်... :D
တရားဥပဒေက ဇာတ်သိမ်းခန်း
ပွဲအပြီးမှာရောက်ရောက်လာတယ်။
မိုက်တယ်... ဒါပေမယ့် ရုပ်ရှင်တွေထဲမှာတော့ ရဲတွေ သေနတ်ကြီးတွေ ကိုင်ကိုင်ပြီး ရောက်လာကြတာပါ... (ဘာမှမပြောဘူး... ရုပ်ရှင်အကြောင်းပဲ ပြောတာ... :P )
Post a Comment