ကိုချစ်ဖေရဲ့ နှင်း
ကိုချစ်ဖေလည်းဗျာ.ရေးစရာမှတ်တမ်းကြီးလည်းရှိရော ရေးချင်နေလိုက်တာ တောင်တောင်အီအီပေါ့
တောအကြောင်းတောင်အကြောင်းပေါ့.ဟဲ.အချစ်အကြောင်းအညစ်အကြောင်းပေါ့ အစုံအစုံ မသောင်း
ညွန့်ကိုလွမ်းကြောင်းပေါ့.ဒီရက်ထဲဆေးလေးသောက် စားချင်တဲ့ ဓါတ်စာလေးစားအေးအေးလူလူနေရ
တာလည်း အကြောင်းတကြောင်းပေါ့ဗျာ.ကိုချစ်ဖေဆေးရုံကဆင်းလာတာ မကြာသေးဘူးလေ (ဆေး
ရုံအတွေ့အကြုံတွေလည်း နောက်တော့ရေးဦးမယ်..ဟီး)
ကိုချစ်ဖေဗျာ သူ့ရွာလေးကနေ အခြားအဝေးကြီးနိုင်ငံတခုကို လမ်းမှားပြီးရောက်လာလာခါစ
တုန်းကပေါ့ဗျာ.(ကိုချစ်ဖေက ခြေရှည်တယ်လေဗျာ ကိုးကျင်းကိုးကျင်းလျှောက်သွားနေခဲ့တာဆိုတော့)
ထားပါတော့ဗျာ ကိုချစ်ဖေရောက်တော့ သြဂုတ်လဆန်းပိုင်း နွေနှောင်းရာသီ နည်းနည်းစအေးလာတဲ့
အချိန်ဗျာ သစ်ပင်တွေကလည်းအေးလာတော့ အရွက်တွေကြွေကာနီးကာလပေါ့ သစ်ပင်ပေါ်မှာ အ
ရွက်တွေက အရောင်စုံလှလိုက်တာဗျာ
ကိုချစ်ဖေလည်း တခါမှမရောက်ဖူးတာဗျာ ဓါတ်ပုံတွေထဲမှာပဲမြင်ခဲ့ဘူးတာ ဆိုတော့မြင်မြင်သ
မျှသဘောကျနေတာပေါ့ဗျာ.သူငယ်ချင်းတွေကလည်းပြောကြတယ် ဒီရာသီကလှတယ်ပေါ့ နောက်စ
နိုးကျတဲ့အချိန်ကြရင်တော့ နှင်းတွေကဖွေးနေတာတဲ့ အော်နှင်းခဲလေးတွေနဲ့သူငယ်ချင်းတွေ တယောက်
နဲ့တယောက်ပစ်ပေါက်ဆော့ကစားရင် ပျော်စရာပဲပေါ့.ကိုချစ်ဖေအဲ့ဒီကိုရောက်တာ အနှစ်နှစ်ဆယ်
လောက်နောက်ကျသွားတယ်ပေါ့ ကိုချစ်ဖေက အဲ့လိုနှင်းတောထဲမှာ ပြေးလွှားဆော့ကစားရတော့မဲ့အ
ရွယ်မှမဟုတ်တော့တာလေ.ဟုတ်ဟုတ်မဟုတ်ဟုတ်ဗျာ ဆော့တော့ဆော့ချင်သေးတာပေါ့ မသောင်း
ညွန့်ကို မသောင်းညွန့်ကို သတိမရပဲနေမလားဗျာ ရှေ့ဆုံးကသတိရတာပေါ့ နှင်းတောထဲမှာအနွေး
ထည်အထူကြီးတွေဝတ် ခေါင်းစွပ်လေးတွေနဲ့ ကုလားကားထဲကလို သီချင်းလေးဆိုပြီး ပြေးလွှား အဲ့မြန်
မာတွေလည်းပြေးတာပဲဟာ အဲ့လိုဗျာ စိတ်ကူးယဉ်ရတာပေါ့
မသောင်းညွန့်ကတော့ “တော်နော်ကျူပ်မပါဘူးဆိုပြီး နီးစပ်ရာနဲ့မဆွဲလိုက်နဲ့”တဲ့ ကိုချစ်ဖေက
လည်းပြောရတာပေါ့ အဝေးရောက်ယောက်ကျားတွေ ထုံးစံအတိုင်းပေါ့ “မသောင်းညွန့်ရယ် ကိုယ်က
မသောင်းညွန့်ကိုပဲ စိတ်ထဲအမြဲရှိနေတာပါ အခြားသူတွေကို လှည့်တောင်မကြည့်ဖြစ်ပါဘူး ကိုယ်တို့
လိုအဖိုးကြီးတွေကိုလည်း စိတ်မ၀င်စားကြပါဘူး” ဘာညာပေါ့ ရှေ့ကလာတဲ့သူလေးတွေပဲကြည့်မိတာပါ တော့
ဘယ်ပြောဖြစ်မလဲဗျာ.ပြောလို့ဖြစ်မလားဗျာ မနောက်ပါနဲ့ ခင်ဗျားတို့လည်းအဲ့လိုပဲ ပြောကျတာပဲဟာ.
ကိုချစ်ဖေရောက်တော့ သင်္ကြန်ပြီးသွားတာမကြာသေးဘူးဗျ. ခင်ဗျားမျက်စေ့လည်သွားပြီထင်
တယ် ကိုချစ်ဖေရောက်တာက သြဂုတ်သင်္ကြန်ပြီးသွားတာက ဇူလိုင်လထဲမှာဆိုတော့သိပ်မကြာသေး
ဘူးပြောရတာ ကိုချစ်ဖေတို့ဆီမှာ ဧပြီလ သင်္ကြန်ကို အနောက်ပိုင်းပြည်နယ်တချိျူ့မှာပဲ သင်္ကြန်ကျကြ
တာ အဲ့ဒီမှာက ကျလိုဖြစ်တယ်လေ ကိုချစ်ဖေတို့ အရှေ့ပိုင်းမှာတော့ ဧပြီဆိုနှင်းကွဲခါစပဲရှိသေးတော့
အေးတုန်းဗျ ရေပက်ကျမယ်ဆို အရိုက်ခံရမယ်..ဒီတော့ဇူလိုင်လထဲမှာ နွေရာသီမှပဲကျရတော့တယ်
နွေရာသီဆိုပေမဲ့လဲ ရန်ကုန်ဆောင်းတွင်းလောက်အေးနေသေးတာဗျ သင်္ကြန်က ကျချင်လွန်းလိုသာ
ကျနေကြရတာ တကယ်တော့အေးသေးတယ်.နေ့လည်ပိုင်းလောက်ပဲနွေးတာလေ ကလေးတွေက
တော့ပျော်ကြတာပေါ့ဗျာ ရေတွေပက် မုန့်လုံးရေပေါ်သွားစား ဈေးတန်းလေးဖက်လမ်းလျှောက်စား
ချင်ရာလေးတွေဝယ်စားပေါ့
အလုပ်ပိတ်ရက်တွေမှာလုပ်ကြတာဆိုတော့ ပန်းခြံတခုခုက ခန်းမကိုငှါးပြီးလုပ်ကြတာလေ အဲ
ပျော်သလား ပျော်သလားဆိုတော့ အပျော်တ၀က် အလွမ်းတ၀က်ကြီးပါဗျာ အဲ့ဒီအချိန်မြန်မာပြည်မှာ
က မိုးတွေသည်းသည်းမဲမဲရွာတဲ့လရောက်နေပြီဗျာ.ကျနော်တို့က အလွမ်းပြေခုမှသင်္ကြန်ကျရတာ
ဘယ်လိုဘ၀မျိုးကြီးပါလိမ့်လို့ တွေးရင်းပေါ့ဗျာ.မြန်မာပြည်ကတကယ်သင်္ကြန်ရက်တွေမှာ ၀က်ဆိုက်
ပေါ်တက်လာတဲ့ ဓါတ်ပုံတွေကြည့်ပြီး အော်ဒို့ဗမာပြည်မှာ အတော်ခေတ်မီဖွံ့ဖြိုးတိုးတက်နေပါလား
မိန်းကလေးတွေလည်း ယောက်ကျားလေးတွေနဲ့ ရင်ဘောင်တန်းနေကြပြီပေါ့.အော.ကိုချစ်ဖေက
မြန်မာမှာတုန်းက ရွာမှာနေတာဆိုတော့ သတင်းစာကိုနောက်နေ့မှဖတ်ရတာလေ သတင်းစာထဲမှာ
မပါတဲ့ ဓါတ်ပုံတွေကိုမတွေ့တော့လည်း ဘယ်သိမလဲဗျာ
ဒီရောက်တော့ ဓါတ်ပုံတွေအစုံတွေ့ရတော့မှ အော်ဒီလိုပါလား ဒို့မြန်မာမှာလည်းဒီလိုတောင်
ယဉ်ကျေးမှုတွေကို ထိမ်းသိမ်းနေကြပီဆိုတာသိရတာ ကိုယ်ချစ်ဖေရဲ့သဘောထားအမှန်ကတော့
ပြဿနာမရှိပါဘူးဗျာ ယဉ်ကျေးမှုဆိုတာလည်းပြောင်းပြောင်းနေတာပဲ အဆင်ပြေမယ်ဆိုရင်လည်း
လုပ်ကြပေါ့ဗျာ.ဟဲ.ကြည့်ရတာတော့ (ကြည့်နေကျမဟုတ်တော့ မျက်စေ့လေးပဲကွက်ရှက်တာ တခု
ပဲ.ဟီး)ကောင်းပါတယ်ဗျာ အမြဲတမ်းကျပ်တည်းနေကြတော့ လွတ်လပ်လို့ရတဲ့အချိန်လေးလွတ်လပ်
ချင်ကြမှာပေါ့ ပေါက်ကွဲချင်ကြမှာပေါ့ နှမနဲ့မောင် အဖေနဲ့သမီးအတူကြည့်လို့ အဆင်ပြေတယ်ဆို
ပြီးတာပါဗျာ.အဲ့ဒီရက်အိမ်မှာ မြန်မာသင်္ကြန်သီချင်းလေးတွေဖွင့် သင်္ကြန်မုန့်လေးတွေလုပ်စား အင်
တာနက်ကနေ တယ်လီဖုန်းထဲကနေဘ၀တူသင်္ကြန် အလွမ်းတွေကို ရင်ဖွင့်ပေါ့ဗျာ ဇူလိုင်လမှလုပ်
တဲ့ သင်္ကြန်ကျမှ ပန်းခြံထဲကငှါးထားတဲ့ ခန်းမမှာ တူးပို့သီချင်းလေးတွေနဲ့အကတိုက်ထားတဲ့ သူငယ်
ချင်းသမီးလေးတွေ တူမလေးတွေက ကကြ ကကြဆိုလည်း မြန်မာမှာလိုလူအများကြီးနဲ့ကလို့ရတာ
မဟုတ်ဘူးလေ လူကမှမရှိတာဆိုတော့ ယိမ်းဆိုပေမဲ့ သေရောကျေရော၆ ယောက်ပေါ့.ဒါတောင်
မနည်းစုထားရတာတဲ့ ကလေးတွေကလည်း အဲ့ဒီမှာမွေးတော့ ထမီဝတ်တတ်ဖို့ ပုဆိုးဝတ်တတ်ဖို့
အိမ်မှာနေရင် ဗမာလိုပြောဖို့ ဗမာစာလေ့ကျင့်ဖို့ ဗမာအစားအသောက် တွေချက်တတ်ဖို့ ဗုဒ္ဓဘာ
သာယဉ်ကျေးမှုသင်တန်းတက်ဖို့ ဗမာအက ဗမာအတီးအမှုတ်တတ်ဖို့ မိဘတွေက ကျိန်းမောင်းဆူပူ
နေရတာ ကလေးတွေလည်းသနားစရာဗျာသူတို့ အဲ့လိုကတတ်တာပဲ မနည်းအံ့သြနေရတာဗျာ.
သင်ပေးတဲ့သူ သင်ပေးရတဲ့သူကလည်းဗျာ သူလည်း သိပ်အကတတ်ကြီး မဟုတ်ပေမဲ့ သူတတ်သ
လောက်သင်ပေးရတာပေါ့ ဘယ်ကလာဗျာ စနစ်ကျပါ့မလဲ ကြည့်တဲ့သူတွေကလည်း မြန်မာအလွမ်းနဲ့ကြည့်
ကတဲ့သူတွေကလည်း မြန်မာလိုကတတ်အောင် မနည်းလုပ်ထားရတာဗျာအကုန်လုံးဘယ်အဆင်ပြေပါ့မလဲ
ကျနော်လည်းနောက်တနှစ်မှ ဇူလိုင်သင်္ကြန်ကို ကျရတာ သိကြားမင်းကတော့ခဏခဏဆင်းပေးရတာပေါ့
ကိုချစ်ဖေတို့အတွက်ပါထပ်ဆင်းပေးနေရတာပေါ့သင်္ကြန်ပွဲအောင်မြင်စွာပြီးဆုံးပြီဆို သီတင်းကျွတ်ပွဲ တန်ဆောင်
တိုင်ကထိန်ပွဲတွေအတွက်ပြင်ကြပေါ့ သီတင်းကျွတ်ပွဲကတော့ အမြဲမဖြစ်ပါဘူး တန်ဆောင်တိုင် ကထိန်ပွဲတွေ
ကတော့လုပ်ဖြစ်ကြပါတယ် ပဒေသာပင်တွေကို အိုးစည်ဒိုးပတ်တွေနဲ့ဘုန်းကြီးကျောင်းတွေသွားပို့ကြတာပေါ့ဗျာ
တခါတလေတော့လည်း လူညီရင် စတိတ်ရှိုးလေးဘာလေးလည်းသွင်းဖြစ်ကြတယ် မြန်မာတွေက
အလွန်ပျော်တတ်ကြတဲ့လူမျိုးလေဗျာ ပွဲတွေအမြဲလုပ်ချင်တာ အပြစ်လားဗျာ လုပ်နိုင်သလောက်
တော့လုပ်ကြတယ်ဗျာ(နောက်အဆင်ပြေရင် သီတင်းကျွတ်ပွဲတွေ တန်ဆောင်တိုင်ပွဲတွေအကြောင်း
ရေးဦးမယ်.ဟဲ)
တန်ဆောင်တိုင်ပွဲတွေပြီးရင်တော့ အတော်အေးလာပီ သစ်ပင်တွေဆိုလည်း တပင်လုံးအ
ရွက်တွေ ကြွေစပြုလာပြီတချို့နှစ်တွေဆို စနိုးစကျလာပြီနိုဝင်ဘာလနှောင်းပိုင်းဆိုရင်တော့ နှင်းတွေ
ကျလာပီ ကိုချစ်ဖေလဲဗျာ နှင်းဆိုလို့ မြစ်ဝကျွန်းပေါ်မှာ ဆောင်းတွင်း ချောင်းတွင်းမြစ်တွင်းပိတ်နေ
အောင်ကျတဲ့နှင်းပဲတွေ့ဘူးတာဆိုတော့ ဖွေးနေအောင်ကျတဲ့နှင်းကိုကြည့်ချင်မိတာပေါ့ နှင်းတွေစ
ကျတဲ့နေကိုပဲ မျှော်နေမိတော့တာ နှင်းတောထဲမှာဘယ်လိုဘယ်ညာ တွေးနေမိတာ။
နှင်းတွေလဲစကျလာရော ပျော်တာပေါ့ဗျာ ကိုချစ်ဖေလည်းအနွေးထည်လေးဝတ် နှင်းလေး
ထဲလမ်းလျှောက် နှင်းကလေးတွေကျလာတာကို လက်ဖ၀ါးလေးဖြန့်ပြီးခံရင်း ဟိုဗျာ ကျနော်တို့ ဗမာ
သီချင်းလေးထဲကလို “တက္ကသိုလ်မှာဝေတဲ့နှင်းရယ် နှင်းကလေးတွေမှ ဟုတ်ရဲ့လား နှင်းကလေးတွေမှ ဟုတ်ပါရဲ့လားကွယ်” သီချင်းလေးညည်းရင်းပေါ့.ပျော်စရာကြည်နူးစရာပေါ့ဗျာ မသောင်းညွန့်နဲ့ကျောင်း
တုန်းက မနက်စောစော နှင်းလေးတွေကျနေတုန်း ကျောင်းကင်န်တင်းကို လက်တွဲပြီးအတူသွားခဲ့ကြ
တာတွေလဲပြန်သတိရကြည်နူးရင်းပေါ့ သစ်ပင်တွေကလည်းရောင်စုံအရွက်တွေက ကျန်နေသေးပေါ့ဗျာ
ဟဲ..နောက်ရက်နှင်းတွေကဆက်တိုက် ဆက်တိုက်ကျလာရော သစ်ပင်တွေလည်းအရွက်တွေ
အကုန်ကြွေ ရိုးတန်ကျဲကျဲ ကျီးကန်းတွေကလည်းရောက်လာ ကိုချစ်ဖေလျှောက်နေကြလမ်းလေးလဲ
ရေခဲတွေဖုံးတော့ လမ်းလျှောက်ရင်မလဲအောင်ထိမ်းလျှောက်ရရောဗျာ မနက်အလုပ်သွားရင်လည်း ကား
ကို စက်ကြိုနိုးထား ကားထဲအပူပေးထား ကားမှန်တွေရေခဲနေတာကို ချမ်းချမ်းစီးစီးထခြစ်လည်းလုပ်ရရော
ကိုချစ်ဖေသူငယ်ချင်းကနောက်တယ်ဗျာ “တက္ကသိုလ်မှာဝေတဲ့နှင်းရယ် နှင်းကလေးတွေဟုတ်ပါသလား
နှင်းကလေးတွေ ဟုတ်ပါတယ်ဗျား”တဲ့ ကိုချစ်ဖေလည်းငြိမ်နေရတယ် ကိုယ်စိတ်ကူးတာက တမျိုးလေ
လမ်းမှာ ကားမတော်တဆမဖြစ်အောင် ဘုရားစာတွေရွတ်မောင်းရတာဗျာ ဘုရားတရားကိုမြဲနေတာ
ပဲလမ်းတွေကရေခဲနဲ့ချောနေတော့ တိုက်ကြတယ် လမ်းဘေးထိုးဆင်းတယ်လေ လမ်းဘေးထိုးဆင်းတဲ့
ကားကိုနောက်ကားကြီးကတက်ဖိလို့ ဆေးရုံရောက်တာသေတာတွေလည်းဖြစ်ကြတယ် မဟုတ်လား
နှင်းတွေကျလွန်းလို့ သစ်ကိုင်းတွေကျိုး ဓါတ်ကြိုးတွေပြတ် အပူပေးစနစ်တွေရပ်သွားလို့ အရေးပေါ်အ
ခြေအနေကျေညာပြီး လူတွေကိုရဲတွေက တခန်းဝင်တခန်းထွက်တအိမ်ဝင်တအိမ်ထွက်လိုက်ခေါ်ပြီး
ဘုရားကျောင်းတွေမှာ ခန်းမကြီးတွေမှာကယ်ဆယ်ရေးစခန်းတွေဖွင့် အပူပေး အစားအသောက် စောင်အနွေး
ထည်ကအစ တချို့နှစ်တွေမှာ အကူအညီလည်းပေးရသေးတာ ကိုချစ်ဖေ မြန်မာပြည်ကရဲတွေကို
တောင်သတိရသေး ကူညီပါရစေတွေကို ဟီး.
ကိုချစ်ဖေကတော့မသိပါဘူးဗျာ အစက“တက္ကသိုလ်မှာဝေတဲ့နှင်းရယ် နှင်းကလေးတွေမှဟုတ်ရဲ့
လားဟုတ်ပါရဲ့လားကွယ်”လုပ်နေတာဗျာ..ဟီးဟီး.အော်..စိတ်ကူးနဲ့လက်တွေ့ လက်တွေ့နဲ့စိတ်ကူး..ဗျာ
ကွာကွာနေတာ.ကျနော်မသောင်းညွန့်ကို ဘယ်လောက်လွမ်းနေမလဲ ဆိုတာဗျာ..ကိုချစ်ဖေတယောက်
ထဲဆိုတော့ အားငယ်တာပေါ့.မသောင်းညွန့်ကတော့ ဘယ်လိုနေမလဲမသိဘူးဗျာ.
0 comments:
Post a Comment