Wednesday, September 16, 2009

ကိုချစ်ဖေ သဘောကျနှစ်သက်တဲ့ အသင်း

ကိုချစ်ဖေကို လွန်ခဲ့တဲ့တပတ်က သူငယ်ချင်းတယောက်က လင့်တခုပေးလာပါတယ် သွားကြည့်လိုက်ပါ

ဆိုလို့သွားကြည့်ဖြစ်ပါတယ် သူကအဲ့ဒီအဖွဲ့မှာအဖွဲ့ဝင် သူတို့အဖွဲ့ တနိုင်တပိုင်အလှုလေးတွေလိုက်လုပ်နေ

ကြတာတဲ့ နောက်သူတို့သိကျွမ်းကြတာကလည်း ၀က်ဆိုက်ပေါ်ကတဲ့ တယောက်နဲ့တယောက်ခေါ်ကြတာ

ကိုက nick name ပဲခေါ်ကြတာတဲ့ အဲ့ဒါနဲ့ကိုချစ်ဖေလည်း ထုံးစံအတိုင်းဟိုစပ်စပ်ဒီစပ်စပ်သိချင်နေတာနဲ့

ရယ်စိတ်ဝင်စားတာရယ်ကြောင့်ရယ် သွားပြီးအဖွဲ့ဝင်ဖြစ်သွားတယ် အဲ.ဟိုရောက်တော့ ကိုချစ်ဖေသူ

ငယ်ချင်းလေး ယောင်ချာချာကိုကို ကို အရင်စတွေ့ပါတယ် ၀မ်းသာသွားပါတယ်

ကိုယ်ကလူသစ်ဆိုတော့ အသိသူငယ်ချင်းလေးတွေ့တော့ ၀မ်းသာအားရဖြစ်သွားတာပေါ့ အဲ့ဒါနဲ့

ကိုချစ်ဖေလည်း နှုတ်ဆက်ပေါ့ ကိုကိုကလည်းပြန်နှုတ်ဆက်တာပေါ့ဗျာ.ကျနော်တို့ရွှေမြန်မာအုပ်စုက သူ

ူငယ်ချင်းအရင်းနဲ့တွေ့ရတော့ ၀မ်းသာတာပေါ့ဗျာ.ကိုကိုရော ဂျိုကာကိုရော ကျနော်က ကလေးလေးတွေလို

ချစ်တာကိုးဗျ.သူငယ်ချင်းလိုလဲ ချစ်ရတာကိုးဗျာ

သူတို့အသင်းက စနစ်တကျ ဥက္ကဌ အတွင်းရေးမှုး ဘဏ္ဍာရေးမှုး စာရင်းစစ် အမှုဆောင်တွေနဲ့ဖွဲ့

စည်းထားပြီး လူမှုရေးလုပ်ငန်းတွေ ပညာရေးလုပ်ငန်းတွေကိုလုပ်နေတဲ့ မြန်မာဘုန်းတော်ကြီးကျောင်းတွေ

သီလရှင်ဆရာလေးကျောင်းတွေကို လိုက်ပြီးသူတို့တနိုင်လှုဒါန်းနေတဲ့အဖွဲ့လေးပါ ဓါတ်ပုံလေးတွေလည်းတင်

ထားပြီး သူတို့အလှုမှတ်တမ်းလေး လုပ်ထားတာကိုလည်းတွေ့ရပါတယ် ကြည်နှုးစရာ ၀မ်းနည်းစရာဖြစ်ရပါ

တယ် ကြည်နှုးစရာဆိုတာက သွားရောက်ကူညီလှုတန်းသူတွေရဲ့ဆောင်ပုဒ် “Let's Care Actively" အတိုင်း

သူတို့တတွေ ရဲ့တက်တက်ကြွကြွဆောင်ရွက်ကူညီပေးနေတာတွေ့ရသလို သွားရောက်ကူညီခဲ့တဲ့ ကျောင်း

တွေက ကလေးလေးတွေ ကိုရင်လေးတွေ သီလရှင်လေးတွေ မိဘမဲ့ကလေးလေးတွေကို သနားကြင်နာ

ဖွယ်ရာတွေ့ရလို့ပါပဲ။

ထူးခြားတာကတော့ ကျနော့်ကို အဲ့ဒီဆိုက်လေးနဲ့ မိတ်ဆက်ပေးခဲ့တဲ့သူငယ်ချင်းလေးကိုယ်တိုင်က

ငွေရေးကြေးရေးပြည်စုံတတ်နိုင်သူမဟုတ်ပါဘူး သူမှာစိတ်ဓါတ်လေးပဲရှိတာပါ လှုစရာတောင်မရှိရှာပါဘူး

အလှုကိုသွားတဲ့ အသွားအပြန်ကားခလေးပဲ ပါသွားတာပါ ဒါပေမဲ့ကိုယ်ချင်းစာနာစိတ်လေးနဲ့ သူလုပ်အား

အလှုလေးဝင်ပေးတာပါ ကျန်တဲ့အဖွဲ့ဝင်တွေရဲ့လှုဒါန်းပါဝင်နိုင်မှုနဲ့ ဓနအင်အားကိုတော့မသိပါဘူး အဲ့ဒီသူ

ငယ်ချင်းလေးပြောတာတော့ သူတို့တတ်နိုင်သလောက်လေးလှုကြတာပါတဲ့ လှုသင့်တယ်ထင်လို့ သူတို့

တတ်နိုင်တာလေး အလှုလုပ်ကြတာပါ မွန်မြတ်လိုက်တာ မြန်မာပီသလိုက်ကြတာလို့ ကိုချစ်ဖေ ခံစားရပါ

တယ်.ကိုချစ်ဖေကိုတိုင်လည်း ခုလပိုင်းငွေကြေးရှားပါးနေတော့ လက်တွေ့မကူညီနိုင်သေးပါ.ဒါပေမဲ့ လှုဒါန်း

ချင်တဲ့ လှုတန်းနိုင်တဲ့ သူငယ်ချင်းတွေကိုတော့ မလှုဖြစ်သေးလဲ ၀မ်းမြောက်ဝမ်းသာဖြစ်နိုင်အောင်ပြောပြ

ချင်လို့ ကိုချစ်ဖေ စာရေးပြီးပြောတာပါ.သူငယ်ချင်းတွေအားတဲ့အခါ အလည်သွားနိုင်အောင်လည်း လင့်ကို

ပေးပါမယ်။

နောက်သူတို့ ၀က်ဆိုက်မှာရေးထားတာလေးတွေကလည်း ကြည်နူးဖွယ်ရာပါပဲ “တူညီသောလက်

ကူသောလက်ဖြင့် လိုအပ်နေရာ အလင်းပေးကာ စိတ်ချမ်းသာဖို့ဆောင်ရွက်နေတာ M.A.C.Family ပရဟိ

တလူငယ်လေးတွေပါ” တဲ့ သူတို့အသင်းလေး ရေရှည်တည်တံ့ပြန့်ပွားပါစေ ကူညီနိုင်သူတွေလည်းကူညီနိုင်

သလောက်ကူညီနိုင်ပါစေလို့ဆုတောင်းဖြစ်ပါတယ်

ကျိန်းသေတာတခုကတော့ အစစအရာရာ ရှားပါးနေတဲ့ခေတ်ကြီးမှာ သူတို့တွေတတ်နိုင်သလောက်

အခြားလိုအပ်နေသူတွေကို ကိုယ်ချင်းစာနာစိတ်နဲ့ ပြန်လည်ကူညီဖေးမနေတာကို မင်္ဂလာရှိစွာတွေ့ရတာပါ

ကျနော်တို့ မြန်မာတွေက တဦးနဲ့တဦးနူတ်ဆက်ကြတဲ့အခါ “မင်္ဂလာပါခင်ဗျား-မင်္ဂလာပါရှင်”လို့နှုတ်ဆက်ကြ

တာ မင်္ဂလာရှိပါစေ မင်္ဂလာရှိပါပေတယ် တွေ့ဆုံကြတဲ့အခါ နူတ်ဆက်ကြတာကို လက်တွေ့အကောင်အထည်

ဖေါ်နေကြသူတွေပါပဲ ဘယ်လိုအခက်အခဲတွေရှိရှိ ကိုယ်စားတဲ့ကိုယ်သုံးတဲ့အထဲက မျှဝေပေးနိုင်ဖို့ ကြိုးစား

ကြ အကောင်အထည်ဖေါ်နေကြတာကို သွားရောက်ကြည့်ရှုအားပေးနိုင်ပါတယ် ပူးပေါင်းဆောင်ရွက်နိုင်သ

လောက်လဲ ဆောင်ရွက်ပေးကြပါလို့ အဲ့ဒီအသင်းလေးရဲ့ကိုယ်စား ဖိတ်ခေါ်အပ်ပါတယ်

အဲ့ဒီ M.A.C.Family အသင်းကို http://myanmaractivecaringfamily.ning.com/ မှာကြည့်ရှု

လေ့လာနိုင်ပါကြောင်း ကိုချစ်ဖေသတင်းကောင်းပါလိုက်ပါတယ်.

0 comments:

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP