ဒုက္ခပါပဲ သုခရာ
Tuesday, September 15, 2009
ဒုက္ခပါပဲ သုခရာ
ကိုချစ်ဖေလည်း ဗိုလ်အောင်ဒင်လိုသာပြောလိုက်ချင်ပါတော့တယ်“ဒုက္ခပါပဲ သုခရာ”လို့..ကိုချစ်ဖေက လယ်ပဲလုပ်ချင်တာဗျာ.ပင်တော့ပင်ပမ်းတာပေါ့ ဒါပေမဲ့ သန့်သန့်ရှင်းရှင်းလေနဲ့လတ်လတ်ဆပ်ဆပ် အစားအစာတွေ အများကြီးသုံးဆောင်ရတယ်.ပတ်ဝန်းကျင်သေးသေးလေးမှာ ချစ်ခင်ရင်းနှီးသူတွေနဲ့နေရမယ်ဗျာ.ဘ၀မှာဘာလိုသေးလို့လဲ..မသောင်းညွန့်ကလည်းခက်တယ်ဗျာ.မိဘတွေက လယ်တွေအများကြီးလယ်လုပ်သားတွေနဲ့လယ်လုပ်ပြီးကျောင်းထားလာခဲ့တာ မသောင်းညွန့်တို့မောင်နှမတွေ ဘွဲ့ရတာပဲ.အဲ့ဒီလယ်ကိုပြန်မလုပ်ချင်တော့ဘူးတဲ့ ကိုချစ်ဖေနောက်ပဲလိုက်လာချင်တယ်တဲ့ ကိုချစ်ဖေကမတတ်သာလို့သာ မသောင်းညွန့်နဲ့ လယ်တွေကို ထားခဲ့ရတာ လယ်ပဲလုပ်ချင်ပါတယ်ဗျာ..ဟိုထမ်းသမားလိုပေါ့..ဆင်းရဲတဲ့ထမ်းသမားကို နတ်ကသနားတော့ လိုရာဆုတောင်းစေလို့ ပြောတဲ့အခါထမ်းသမားက ထန်းရည်များများထွက်တဲ့ ထန်းတောကြီးတခုဖန်ဆင်းပေးပါလို့ပြောသတဲ့.ကိုချစ်ဖေလဲ အဲ့ဒီထန်းသမားလိုပါပဲဗျာ.လယ်တွေကို မသောင်းညွန့်နဲ့အတူပြန်လုပ်ချင်တာပေါ့ခုတော့ ကိုချစ်ဖေလဲ နေရာမှားရောက်နေရတာငယ်ငယ်တုန်းကတော့ ကျောင်းပြေး နောက်တော့အိမ်ပြေးနောက်တော့ ၀ရမ်းပြေး နောက်တော့ ပြည်ပြေးပေါ့ဗျာ.တပြေးထဲပြေးနေရတာဗျာ ခုထိပါပဲဘ၀တွေကိုကအပြေးကျိန်စာသင့်နေတာ စုန်းကိုက်ခံရတဲ့ဘ၀တွေ ၀မ်းတော့မနည်းတော့ပါဘူးဗျာ.၀မ်းနည်းနေရင်လည်း ကိုချစ်ဖေဗုန်းဗုန်းလဲမယ် ကိုချစ်ဖေလယ်လေးကိုပဲစိတ်ကူးယဉ်ပါတယ် မသောင်းညွန့်ကတော့ သူသင်ထားတဲ့ပညာတွေကို သမျှောမယ်ဆိုရင်လည်း သမျှောမှာပေါ့ဗျာ.ကိုချစ်ဖေကတော့ သူသူငါငါလို လယ်လေးလုပ် သားသမီးတွေကျောင်းထား လယ်ပြန်လုပ်ချင်တဲ့ သားသမီးတယောက်တလေတော့ပါမှာပဲ အဲ့ဒီကလေးကို လယ်ပြန်လုပ်ခိုင်းပြီး ရွာမှာပဲခေါင်းချချင်တယ် အနေဆင်းရဲပေမဲ့ လတ်ဆပ်တဲ့လေလတ်ဆပ်တဲ့အပြုံးတွေနဲ့ အတူနေချင်ပါတယ်ဗျာ.ရွာကသူငယ်ချင်းအပေါင်းအသင်းတွေနဲ့ လက်ပွန်းတတီးနေချင်တယ် ငယ်သူငယ်ချင်းတွေဆိုတော့ဗျာ စိတ်ဆိုးလဲ ဟင်းတခွက် ဟင်းစားတနပ်နဲ့ကျေနပ်သွားကြတာပဲဗျ.ချော့လိုက်ရင် ဘယ်သူမှ စိတ်နာလို့ရတာမျိုးမဟုတ်ဘူးလေဗျာ.ငယ်ငယ်တုန်းက ရေးခိုးကူးလည်းအတူ ဆရာမတွေ အရိုက်ခံရလည်းအတူ လူပျိုလှည့်တော့လည်းအတူဗျာ မိန်းမခိုးတော့လည်းတပြုံကြီး သားသမီးတွေရတော့လည်း သူထိမ်းကိုယ်ထိမ်းနဲ့ ကမ္ဘာမှာအဲ့လိုမျိုး သူငယ်ချင်းတွေနှစ်ပေါင်းများစွာအတူကြီးပြင်းဖို့အခွင့်အရေးဘယ်ရပါ့မလဲဗျာ.ပျော်စရာကြီးဗျာ ခုတော့အဝေးကြီးမှာဗျာ ဖုန်းလဲဆက်လို့မရ သတင်းလေးဘာလေးပဲစောင့်နားထောင်ရတာ.ပြန်တွေ့ကြရတဲ့နေ့မှာတော့ တယောက်နဲ့တယောက်ကြည့်ပြီးဟားကြရဦးမယ် အားလုံးအိုသွားကြပြီကိုးဗျ.မင်းကွာအရွယ်ကျလိုက်တာ ဆံပင်တွေလည်းဖြူလို့တခေါင်းလုံး ထိပ်ကလည်းပြောင်လို့ ဟာ.သွားတွေလည်းကျိုးတဲ့ကောင်ကကျိုးလို့ ဘယ်သူကတော့ဖြင့်သေပြီကွာ ဟားဟားဟား..အဲ့လိုလျှောက်ပြောနေကြမှာ သားအကြီးကောင်က မွေးတဲ့မြေးလေကွာ သမီးကလည်းမွေးပြီ စီးပွါးရေးကတော့ဒီလိုပေါ့ကွာ ခုတော့ဗျာ ကိုချစ်ဖေလည်းရှိတဲ့ သူငယ်ချင်းလေးတွေနဲ့စုပြီးအလွမ်းဖြေရတာပေါ့.ခုအနားမှာရှိတဲ့သူငယ်ချင်းတွေကလည်း ထောင်ကျဖက်တွေ တောထဲကအတူလာတဲ့သေဖေါ်သေဖက်တွေ ရဲဘော်ရဲဘက်တွေဆိုတော့လည်း ချစ်ကြတာပါပဲဗျာ အဲသောက်ဖေါ်သောက်ဖက်ဆိုလည်းမှန်သပေါ့.ရွာမှာလိုတော့ မီးတောက်ကောက်ညှင်းထန်းညက်စစ်စစ်မသောက်ရဘူးပေါ့ဗျာ.ကောက်ညှင်းအရက်ပူပူလေးမှုတ်သောက်ရတာပြန်သတိရနေမိတော့တယ်.ခေတ်ပေါ်ကဗျာဆရာတယောက်(တာရာမင်းဝေ)ရေးသလိုတေလေမီးတောက်ဆောင်းဦးပေါက်အရက်တအိုးမြူခိုးဝေေ၀ညများနဲ့ကျနော်လွယ်ချင်တဲ့ ဓါးတလက်ကြောင်းလိုပေါ့ဗျာ.ကျနော်ထွန်ချင်တဲ့လယ်တွေအကြောင်းပါဗျာ..ခုတော့ ဗိုလ်အောင်ဒင်ပြောသလို.ဒုက္ခပါပဲ သုခ ရာ..လို့သာပြောချင်ပါတော့တယ်ဗျာ..
Posted by ကိုချစ်ဖေ ၏ မှတ်တမ်းကြီး at 5:25 PM 0 comments
0 comments:
Post a Comment